YY Bio Ball
Media Filter
(ရေမိလ္လာကန်သုံးဘောလုံး ဖြန့်ချီရေး)
08/08/2026
#၃ထပ်နှင့်အထက် အဆောက်အဦး #ရေမိလ္လာကန်စနစ်(septic tank)အတွက်
Septic tank သုံး bio media filter ball များ ကို စျေးနူန်းသက်သာစွာ ဖြင့် လိုသလောက်ဆက်သွယ်မှာယူ နိုင်ပါသည်
09420111157,09960837704
🤩🤩🤩
02/08/2026
အရောင်လေးတွေရဲ့အခေါ်အဝေါ်လေးတွေ လိုအပ်ရင် save ထားကြနော် 😊
29/07/2026
ဝါဆိုလပြည့်နေ့ မြင့်မြတ်သော သာသနာ့နေ့ထူးနေ့မြတ်မှာ ပြုလုပ်နိုင်မယ့် ကုသိုလ်ကောင်းမှု ကံဇာတာမြှင့် အလှူ (၉) မျိုးအကြောင်း အသေးစိတ် မျှဝေပေးမှုအတွက် ကျေးဇူးအထူးတင်ပါတယ်။
စေတနာ၊ သဒ္ဒါတရား ထက်သန်စွာနဲ့ ပြုလုပ်ပူဇော်ကြတဲ့သူတိုင်း မိသားစုအလိုက် စိတ်အေးချမ်းသာရှိပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်မြင့်မားကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
မျှဝေပေးသူလည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး စေတနာအကျိုးကြောင့် စီးပွားလာဘ်လာဘများ အဆမတန် တိုးပွားပါစေ။ 🙏
ရန်ကုန်မြို့မှာစျေးဝယ်မယ်ဆိုရင် ဒီလမ်းညွန်းလေးကအသုံးဝင်မှာမို့ မှတ်ထားကြနော် (Useful Guide)
👟 ဖိနပ်အမျိုးစုံ – ၂၉ လမ်း
💊 ပရဆေး/ဆေးပစ္စည်းများ – ကုန်ဈေးတန်း
🧸 မွှေးပွအရုပ်၊ ကော်ရုပ်၊ ကလေးကစားစရာ – ၂၄ လမ်း အပေါ်ဘလောက်
👓 မျက်မှန် – ရွှေဘုံသာ အလယ်
💰 ရွှေအတိုအစကနေ ရွှေတုံးအထိ – ရွှေဘုံသာ အောက်ဘလောက်
🧴 ဆိုးဆေး၊ ဆပ်ပြာ၊ အနံ့အရသာပစ္စည်းများ – ၂၇ လမ်း
📦 စက္ကူ၊ ဂျပ်ပုံး၊ box မျိုးစုံ – ၂၈ လမ်း အပေါ်
🔌 လျှပ်စစ်ပစ္စည်းများ – ၃၀ လမ်း အလယ်
✏️ စာရေးကရိယာများ – ၃၁ လမ်း အလယ်
🐟 ငါးကင်အရသာကောင်း – လှည်းတန်း
🦐 ပင်လယ်စာ အကင်အစုံ – ၁၈ လမ်း အပေါ်ထိပ် (ရွှေငါးမောင်မောင်)
🌸 စပါယ်ပန်း၊ ခရေပန်းကုံးများ – လှိုင်ဘတ္တာ
🔧 အီလက်ထရောနစ် (transistor, micro parts) – မောင်ခိုင်လမ်း အပေါ်ဘလောက်
👜 ဘေထုပ် (Branded) ဈေးချိုချို – ကြည့်မြင်တိုင် ညဈေး
🛕 ဘုရားတည်၊ စေတီတည်ပစ္စည်းများ – ပန်းဒင်းတန်း (ကြည့်မြင်တိုင်)
🎟️ အောင်ဘာလေထီ (လက္ကား/လက်လီ) – ၂၇ လမ်း အပေါ်ဘလောက်
💻 ကွန်ပျူတာပစ္စည်းများ – ဆိပ်ကမ်းသာ အလယ်ဘလောက်
🏮 သီတင်းကျွတ် မီးပုံး/ဆီမီးပစ္စည်းများ – မဟာဗန္ဓုလလမ်း (၂၃–၂၄ ကြား)
⸻
သူငယ်ချင်းတို့သိတာလေးတွေလည်းမန့်သွားကြပါအုံးလား☺️
22/07/2026
😊😊😊
ဒီအချက်လေးတွေသိထား Save ထားရင် မိမိတို့အိမ်ရဲ့ အိမ်သာနှင့် ရေချိုးခန်းသုံး ရေဆိုးထုတ်စနစ်နှင့် လေဝင်လေထွက်ပိုက်လိုင်း (Plumbing & Ventilation System) ၏ အစိတ်အပိုင်းများ ထားသိုထားပုံကိုကောင်းကောင်းနားလည်ပြီပေါ့
အဓိက အစိတ်အပိုင်းများလုပ်ဆောင်ချက်များကတော့
၁။ ရေဆိုးထုတ်စနစ် (Drainage System) (၄ လက်မ PVC အဓိကရေဆိုးပိုက်လိုင်း):အိမ်သာ၊ ဘေစင် နှင့် ရေချိုးခန်းတို့မှ ထွက်လာသမျှ ရေဆိုးအားလုံးကို စုစည်းပြီး အပြင်ဘက်သို့ စွန့်ထုတ်ပေးသည့် အဓိက ပိုက်လိုင်းကြီး ဖြစ်ပါသည်။
Slope 2% Recommended (၂ ရာခိုင်နှုန်း အစောင်းဒီဂရီ):ရေဆိုးနှင့် အညစ်ကြေးများ သဘာဝအတိုင်း အဆင်ပြေပြေ စီးဆင်းသွားစေရန် ပိုက်လိုင်းကို ၂% အစောင်း (Slope) ဖြင့် တပ်ဆင်ထားတာကောင်းပါတယ်
Public Sewer Connection (အများပိုင် မိလ္လာလိုင်း ဆက်ကြောင်း): အိမ်မှ ထွက်လာသော ရေဆိုးများကို မြို့နယ် အများပိုင် မိလ္လာပိုက်လိုင်း သို့မဟုတ် မိလ္လာကန် (Septic Tank) ဆီသို့ သွားရောက်ဆက်သွယ်ပေးသည့်လိုင်း ဖြစ်ပါသည်။
Drain Branch (ရေဆိုးထုတ် ခွဲဖြာပိုက်):
ရေချိုးခန်း (Shower Area) မှ စီးဆင်းလာသော ရေများကို မိန်းပိုက်လိုင်းကြီးထဲသို့ ပို့ဆောင်ပေးသည့် ပိုက်လိုင်း ဖြစ်ပါသည်။
၂။ အနံ့ဆိုးကာကွယ်ရေးနှင့် လေဝင်လေထွက်စနစ် (Ventilation System) P-Trap / Siphon (P-သဏ္ဌာန် ရေထိန်းပိုက်): လက်ဆေးဘေစင် အောက်တွင် တပ်ဆင်ထားသော P ပုံသဏ္ဌာန် ပိုက်ကွေး ဖြစ်ပါသည်။ ယင်း ပိုက်ကွေးအတွင်း ရေအနည်းငယ် အမြဲကျန်ရှိနေခြင်းဖြင့် အောက်ခြေ ပိုက်လိုင်းမှ အနံ့ဆိုးများနှင့် ပိုးမွှားများ အခန်းတွင်းသို့ ပြန်တက်မလာအောင် ကာကွယ်ပေးပါသည်။
Wax Seal (ဖယောင်းကွင်း / အလုံပိတ်ကွင်း):အိမ်သာအိုးနှင့် ရေဆိုးပိုက်လိုင်း ထိစပ်သည့် နေရာတွင် တပ်ဆင်ရသည့် ဖယောင်းကွင်း ဖြစ်သည်။ ရေနှင့် အနံ့ဆိုးများ ဘေးသို့ မယိုစိမ့်စေရန် အလုံပိတ်ပေးထားခြင်း ဖြစ်ပါသည်။
Vent Pipe (လေပြွန်ပိုက်):
မိန်းပိုက်လိုင်းမှ အထက်သို့ အမိုးပေါ်အထိ စူထွက်နေသော လေပိုက် ဖြစ်ပါသည်။ရေဆိုးများ စီးဆင်းသည့်အခါ လေဖိအား မှန်ကန်စေပြီး ရေဆိုးစီးဆင်းမှု မြန်ဆန်စေသည်။မိလ္လာလိုင်းမှ ထွက်လာသော အနံ့ဆိုးများကို အမိုးပေါ်သို့ စွန့်ထုတ်ပေးသည်။
Outdoor Vent Outlet (အပြင်ဘက် လေထွက်ပေါက်): အမိုးပေါ်တွင် တပ်
ဆင်ထားသော လေထွက်ပေါက်ဖြစ်ပြီးအနံဆိုးများကိုအပြင်သို့ထုတ်ပေးပါသည်...😊😊😊
ဖြစ်ပြီး အနံ့ဆိုးများကို
ဒီတစ်ပါတ် Project အသစ်လေးအတွက် Site အရောက်ပို့ဖြင့်ဝယ်ယူအားပေးသွားသော ဆောက်လုပ်ရေး Company ကြီးအားအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
19/07/2026
ဒီညလုကြမဲ့ ကမ္ဘာ့ဖလားရဲ့ ရွှေချိန် ပိဿာနဲ့ဆိုဘယ်လောက်ဖြစ်မယ်
ထင်လည်း ???
သူငယ်ချင်းတို့ ☺️ရွှေစျေးနဲ့ တွက်ကြည့်ကြမယ်နော်...😃
19/07/2026
ဖုန်းထဲမှာဒီဟာလေးသိမ်းထားရင် ကိုယ့်ကျန်းမာရေးဘာဖြစ်နေနိုင်လည်းဆိုတာ အလွယ်တကူခံမှန်းပြီး နီးစပ်ရာဆရာဝန်နဲ့တိုင်ပင်နိုင်ပြီပေါ့☺️
19/07/2026
၂၀၂၆ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့
"(၇၉)ကြိမ်မြောက်အာဇာနည်နေ့"
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
အာဇာနည် ခေါင်းဆောင်ကြီးများအား
အစဉ်အမြဲ လေးစားစွာဖြင့်
(၇၉) ကြိမ်မြောက်အာဇာနည်နေ့အား
ဂါရဝပြုအပ်ပါသည်။
#အာဇာနည်နေ့
Category
Contact the business
Telephone
Address
Alerts
Be the first to know and let us send you an email when YY Bio Ball posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.