IWA - Yangon Initiative

IWA - Yangon Initiative

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from IWA - Yangon Initiative, Nonprofit Organization, Yangon.

Federica Montseny durante el 1 de mayo de 1986 en Barcelona 13/02/2026

Federica Montseny durante el 1 de mayo de 1986 en Barcelona Compartimos un discurso de la histórica militante de la CNT-AIT Federica Montseny en los actos del primero de mayo del año 1986 en el parque Joan Miró de Bar...

18/05/2024

https://www.instagram.com/p/C6_bNqFqvoQ/

Hoy llega a el carguero Borkum dirigido al puerto de Ashdod en Israel, con decenas de toneladas de motores de cohetes, diferentes sustancias explosivas, propulsores de cañón (...).

Compañeros de diferentes organizaciones han protestado durante toda la mañana en el Puerto y en la Asamblea Regional de en Cartagena para exigir:

-Retener el carguero a su entrada a puerto.
-Inspección de la carga que transporta.
-Impedir salida del buque del puerto.
-Detener el comercio de armas.

Estamos a tiempo de pararlo.
https://t.me/cnt_ait

Concentración frente al puerto en la Plaza de Héroes de Cavite, Cartagena: https://twitter.com/cntaitcartagena/status/1790720931817545859

iwa-ait · Solidarity Federation · Zväz Priama akcia · Związek Syndykalistów Polski Workers Solidarity Alliance · Workers Solidarity Federation · CNT-AIT Toulouse · ULET AIT Oficial Unión Libertaria Estudiantil y del Trabajo · Solidaridad Obrera · Anarkosyndikalisternas Flygande Cirkus · Asia Pacific IWA · ASF-IWA · IWA - Yangon Initiative · IWA Singapore Initiative · Cnt-Ait Sindicato de Oficios Varios, Madrid. · Organise: anarcho-syndicalists in Ireland · · CNT-AIT Granada · Spanish Utopia · Anarquismos · LaHaine Contrainfo · CNT AIT Cartagena · Boycott, Divestment and Sanctions (BDS) Movement · Portal Libertario OACA

01/05/2024

မေဒေးအလွန် : အစဉ်လာမှသည် တော်လှန်ရေးသို့

Beyond May Day: From Ritual to Resistance

မြောက်အမေရိကားတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် မေဒေးလှုပ်ရှားမှုအချို့မှလွဲ၍ အတော်များများတွင် တက်ကြွလှုပ်ရှားသူလူနည်းစုတို့နှင့် ပိုမိုကျယ်ပြန့်သော အလုပ်သမားလူတန်းစား အခြေခံလူတန်းစားတို့ကြား ခြားနားကွာဟချက်များအား မီးမောင်းထိုးပြထားသည်။ မေဒေးသည် အလုပ်သမားလူတန်းစား၏ တော်လှန်လှုပ်ရှားမှု၌သန္ဓေတည်ခဲ့ပြီး ၁၉၃၀ကာလများ၏လူထုလှုပ်ရှားမှုများထဲ ပဲ့တင်သံရိုက်ခက်ခဲ့သော်လည်း မျက်မှောက်ကာလ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့တွင်မူ အသိုင်းဝိုင်းအချို့ကြား သမိုင်းဆိုင်ရာအထိမ်းမှတ်ပွဲထက်အနည်းငယ်မျှသာပိုကာ အလံနက်များတဖန်ဖြန့်လွှင့်ရန်နှင့် လက်ကမ်းစာစောင်များအား များသောအားဖြင့်၎င်းတို့အသိုင်းဝိုင်းကြားတွင် ဖြန့်ဝေရန် အခွင့်ရေးသာဖြစ်သည်။ မေဒေးလှုပ်ရှားမှု အများစုသည် လက်ဝဲများအတွက် ရိုးရာအစဉ်လာတရပ်ထက် အနည်းငယ်မျှသာပိုသည့် လေးနက်သောအမှတ်သင်္ကတနှင့် အောက်မေ့ခြင်း တို့ပါဝင်သည့်လှုပ်ရှားမှုသာဖြစ်သည်။

လူတန်းစားတိုက်ပွဲသမိုင်း တော်လှန်ရေးအမြင် နှင့် အပြောင်းလဲများအား ကျယ်ကျယ်ပြန့်ပြန့်ဝေမျှနိုင်သည့် အခိုက်တန့်များရှိသော်ငြားလည်း အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့ရှိ မေဒေးအထိန်းမှတ်ပွဲများသည်မအောင်မြင်ခဲ့ပေ။ ထိုပွဲများတွင် ထုံးစံအတိုင်း ၎င်းအသိုင်းဝိုင်းနှင့် အဆက်သွယ်ရှိသောသူများ သို့မဟုတ် တော်လှန်ရေးသမိုင်းများအား စိတ်ဝင်စားသောသူများသာ ပါဝင်ဆင်နွှဲကြသည်။ ထိုအုပ်စု၏ စီတန်းလှည့်လည်မှုများအား သာမန်ပြည်သူများက နားပင်မလည်ကြ။ ဖြတ်သွား၍ ခဏတာငေးမောကြည့်ရုံမျှသာကြည့်ကြသည် သို့တည်းမဟုတ် သတိပင်မမူကြချေ။

မေဒေး သမိုင်းအစဉ်လာသည် အထူးသဖြင့် ဥရောပနှင့်လက်တင်အမေရိကားတို့၏ အလုပ်သမားလူတန်းစားတို့ကြား အသိမှတ်ပြု ချီးမွမ်းမှုတစုံတရာရှိကြသော်ငြားလည်း မြောက်အမေရိကားရှိ မေဒေးလှုပ်ရှားတို့အားခြုံကြည့်ရာ အလုပ်သမားနှင့် အဖိနှိပ်ခံလူတန်းစားတို့အားစိုးစဉ်းမျှကိုယ်စားမပြုကြပါ။

‘Occupy Movement’ ၏အရှိန်ကြောင့် ယခုနှစ် မေဒေးနေ့တွင် အထွေထွေသပိတ်မှောက်ကြရန် ကောလ်ခေါ်လာကြသည်။ ၎င်းသည် မျှော်လင့်ချက်အသစ်ပေါ်ပေါက်လာခြင်းတော့မဟုတ် ယခင်တုန်းကလည်း လက်တွေ့လုပ်ဆောင်နိုင်စွမ်း သို့မဟုတ် ဖြစ်မြောက်ရန်အလားလာမရှိပဲ ဆော်ဩမှုများရှိခဲ့ကြဖူးသည်။ ပူပူနွေးနွေးခေါ်ထားခဲ့သော သပိတ်ကောလ်သည်လည်း မြေပြင်၌ တော်လှန်ရေးအတွက် စုဖွဲ့တည်ဆောက်မှုများ တိုးချဲ့တည်ဆောက်မှုများထက် အထိမ်းအမှတ်များ စီတန်းလှည့်လည်မှုများဖက်သို့သာယိမ်းသည်။ မေဒေးသည် ဆူဆူညံညံစီတန်းလှည့်လည်မှုများ အဓိကရုဏ်းများထက်ပိုသည့်အခွင့်လမ်းတခုဖြစ်လာရေးအားမျှော်လင့်သည်။

ကိုယ်တိုင် နှစ်ပေါင်း ၂၀ ဝန်းကျင် ကနေဒါတဝန်း၌ မေဒေးအားပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုများစွာပြုလုပ်ခဲ့ကာ ဒီနှစ်တွင်လည်း ဒေသတွင်း မေဒေးလှုပ်ရှားမှုများ ထပ်မံစီစဉ်ရန်လုပ်ဆောင်ခဲ့သည်။ မျက်မှောက်ခေတ် လက်ဝဲလှုပ်ရှားမှုများတွင်ကြီးစိုးထားသော အလံနက်ချီတက်ပွဲများ ဂိုဏ်းဂဏဆန်ဆန်လှုပ်ရှားမှုများသည် အမှတ်သညာဝါဒနှင့်ဒဏ္ဍာရီတို့မှအသွင်ပြောင်းလာသည်ကို ကိုယ်တိုင်မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်။

မေဒေးအလွန် လိုအပ်သည်မှာ အင်အားစုများအား ရိုးရိုးသားသား မှန်မှန်ကန်ကန် ဆန်းစစ်ရန်ဖြစ်သည်။ ထိုဆန်းစစ်ချက်မှတဆင့် အထွေထွေသပိတ်အား စိတ်ကူးယဉ်တမ်းတယုံမဟုတ်ပဲ လက်တွေ့အကောင်ထည်ဖော်နိုင်ရန် ဗျူဟာများချမှတ်ရမည်ဖြစ်သည်။ မဝေးတော့တယ့်အနာဂတ်တွင် မေးဒေး နှိုးဆော်မှုသည် အခြေခံလူတန်းစားအခြေပြုတော်လှန်ရေးလုပ်ဆောင်ချက်များအတွက်အောင်ပွဲခံပြီး ၎င်းတို့၏ နေထိုင်ရာပတ်ဝန်းကျင်နှင့်လုပ်ငန်းခွင်တို့၌ ချိတ်ဆက်ဆောင်ရွက်ခြင်းတို့အား မြေပြင်တွင် လက်တွေ့တိုးချဲ့ လာနိုင်ကောင်းလာနိုင်လိမ့်မည်ဖြစ်သည်။

တိုက်ပွဲနှင့်ထုဆစ်ထားသောသမိုင်း

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ မေဒေး သည် စက်မှုတော်လှန်ရေးကာလဝန်းကျင် လူတန်းစားတိုက်ပွဲ၏ အရှိန်ကောင်းသောကာလတွင်ပေါ်ပေါက်လာခဲ့သည်။ အလုပ်သမားထုသည် ပိုမိုကောင်းမွန်သည့် လုပ်ငန်းခွင်နှင့်လူနေမှုအခြေနေများအတွက်ကြိုးစားလာကြပြီး ဩဇာကြီးမားသည့် စက်ရုံလုပ်ငန်းရှင်များအား အစိုးရနှင့်တရားရေးအဆောက်အုံများမှ ကျောထောက်နောက်ခံပြုပေးပြီး လူ့မလိုင်တို့၏ အကျိုးမြတ်နှင့် ပိုင်ဆိုင်မှုများအားအကာကွယ်ပြုပေးကြသည်။ လူတန်းစားတိုက်ပွဲသည် အလုပ်ရုံများတွင်းသာရှိမနေတက်ပဲ ရံဖန်ရံခါအပြင်ထိပါလာတက်ပြီး ရံဖန်ရံခါပြင်းထန်လာတက်သည်။ အလုပ်သမားထုသည် အလုပ်ရှင်တို့၏ဂုတ်သွေးစုပ်နေမှုတို့အား သတိပြုမိလာကာစည်းရုံးလာကြပြီး ၎င်းတို့၏ဘဝများပိုမိုကောင်းမွန်လာစေရေးနှင့် လုပ်အားခေါင်းပုံဖြတ်သည့်စနစ်မှ လွတ်မြောက်ရန်အတွက် လုပ်ငန်းခွင်အခြေနေများတိုးတက်ရေးတင်မကပဲ ၎င်းတို့လုပ်ကိုင်နေသောစက်ရုံများ၌၎င်းတို့ကိုယ်တိုင် ထိန်းချုပ်နိုင်ရေးအထိနှိုးဆော်ခဲ့ကြသည်။

ချီကာဂိုမြို့သည် နိုင်ငံတော်၏လက်ကိုင်ထုတ်များဖြစ်ကြသည့် ရဲနှင့်စစ်တပ်တို့မှ အလုပ်သမားသမဂ္ဂများနှင့်အလုပ်သမားထု၏စည်းရုံးမှုများအား ရက်စက်စွာနှိမ်နှင်းခဲ့သောနေရာဖြစ်သည်။ တရက်အလုပ်ချိန် ၈နာရီအတွက် ပထမဆုံးဦးဆုံးတိုက်ပွဲစတင်ခဲ့သည့်နေရာသည်လည်း ချီကာဂိုတွင်ဖြစ်သည်။ ထိုတိုက်ပွဲများသည် ရံဖန်ရံခါ အုတ်အော်သောင်းတင်း သွေးထွက်သံယိုဖြစ်သည်။ ၁၈၈၆ခုနှစ် Haymarket Square (ဟေးမားကတ် စကွဲ)၌ပြုလုပ်ခဲ့သော တရက်အလုပ်ချိန်၈နာရီအတွက် ဆန္ဒဖော်ထုတ်ပွဲတွင် အမည်မသိလူတဦးမှ လူအုပ်ကြားထဲသို့ ဒိုင်းနမိုက်ဗုံးပစ်ထည့်လေသည်။ Haymarket Massacre (ဟေးမားကတ် လူသတ်ပွဲ)လို့အမည်တွင်သွားပြီး လူပေါင်းများစွာသေဆုံးခဲ့ရသည် ရဲအများစုမှာ အခြင်းခြင်းမှားယွင်းစွာပစ်ခက်မှုကြောင့်သေဆုံးခဲ့ရသည်။ ထိုမှတဆင့် အလုပ်သမားနှင့် ကွန်မြူနတီတွင်းရှိ စည်းရုံးရေးမှူးများနှင့် သမဂ္ဂဝင်များအပေါ် အကြမ်းဖက်များမှုတလှိုင်းပြီးတလှိုင်းသုံးကာ ဖိနှိပ်ခဲ့ကြသည်။ အလုပ်သမားထုတို့အား စည်းရုံးရေးလုပ်သည့် မင်းမဲ့ဝါဒီရှစ်ဦး ( George Enzel, Samuel Fielden, Adolph Fischer, Louis Lingg, Oscar Neebe, Albert Parsons, Michael Schwab and August Spies) တို့အား တရားရုံးထုတ်ခဲ့သည်။ လေးဦးသည်သေဒဏ်ချမှတ်ခံခဲ့ရပြီး ပဥ္စမမြောက်တဦးမှာ အကျဉ်းထောင်ထဲ၌အဆုံးစီရင်ခဲ့သည်။ တရားပြိုင်များသည် တကယ်ဗုံးပစ်ပါသည်ဟုတယောက်မှမဝင်ခံခဲ့ဘူးဟု တရားလိုဘက်မှဝန်ခံခဲ့သော်လည်း ထိုသို့ဖြစ်ခဲ့ကြသည်။

ထိုသူတို့သည် ၎င်းတို့၏နိုင်ငံရေးအမြင် နှင့် လုပ်သားထုအား ခေါင်းပုံဖြတ်သောစီးပွါးရေးသမားများထံမှအကာကွယ်ပေးသည့်အတွက် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ကော်ပိုရိတ် ပိုင်ဆိုင်မှုနှင့်အကျိုးမြတ်တို့အား အမှန်တကယ်ခြိမ်းခြောက်ခြင်း သို့မဟုတ် ခြိမ်းခြောက်သည်ဟုယူဆသောကြောင့်အမဲခံရသည်။ မင်းမဲ့ဝါဒီ အလုပ်သမားအရေးစည်းရုံးလှုံဆော်သူများဖြစ်သည့်အပြင် ငါးဦးမှာမူဂျာမဏီမှရွှေ့ပြောင်းအခြေချသူများဖြစ်ပြီး နောက်တဦးမှာ ဂျာမန်မျိုးရိုးမှဖြစ်သည်။ နောက်ထက်တဦးမှာ အင်္ဂလန်မှရွှေ့ပြောင်းအခြေချသူဖြစ်သည်။ တရားစွဲဆိုမှုတွင် လူတန်းစားရေးရာအပြင် လူမျိုးရေးကြောင့်ဆိုသည်မှာသိသာထင်ရှားသည်။ ထိုကာလတွင် အုပ်ချုပ်သူလူတန်းစားတို့သည့် ရွှေ့ပြောင်းအခြေချလာသည့် ရာဒီကယ်များသယ်လာသော မင်းမဲ့ဝါဒနှင့် ဆိုရှယ်လစ်ဝါဒတို့ဖြင့် ပြည်တွင်းလုပ်သားထုအပေါ် အဆိပ်တောက်ဖြန့်နေသည် လူသိရှင်ကြား၎င်းတို့၏ စိုးရိမ်မှုများအားထုတ်ဖော်ပြောကြာကြသည်။ ထိုစွပ်စွဲချက်များသည် အမေရိကန်ပြည်ထောင်စုသမိုင်းတလျှောက်ရှိခဲ့ပြီး ကနေဒါတွင် အလုပ်သမားနှင့် လူထုရေးရာစည်းရုံးလှုံ့ဆော်သူတို့နှင့် ၎င်းတို့၏အယူဆများအား အပြင်လူ သူစိမ်းများဟူ၍ သိက္ခာချကြသည်။

Haymarket Martyrs (ဟေးမားကတ် အာဇာနည်များ) သည် ပြစ်မှုကျူးလွန်ထားခြင်းမရှိဘူးဟူ၍ တရားရေးမှသိရှိချိန်တွင် ငါးဦးသည်၎င်းတို့အသက်အားပေးဆပ်ခဲ့ရပြီးလေပြီ။ အလုပ်သမားရေးရာစည်းရုံးလှုံ့ဆော်သူများနှင့် ဆင်းရဲသား နင်းပြားများ အလုပ်သမားလူတန်းစား၏တရားမျှတမှု သာတူညီမျှမှုတို့အတွက် တိုက်ပွဲမဖော်ဆောင်ရန်တို့အတွက် နိုင်ငံတော်မှာ စီးပွါးရေးလုပ်ငန်းရှင်များကိုယ်စား သတိပေးရန် ထောင်ဖမ်းခြင်းဖြစ်သည်။ ဟေးမားကတ် အာဇာနည်များ အသတ်ခံရမှုမှာ ၎င်းတို့၏ လူတန်းစားမညီမျှမှုနှင့် တရားမျှတမှုမရှိခြင်းတို့အပေါ်ရာဒီကယ်အမြင်များရှိခြင်း မင်းမဲ့နှင့် မာ့က်စ်ဝါဒအမြင်များရှိခြင်းကြောင့်အသက်ခံရခြင်းဖြစ်သည်။ ၎င်းတို့အမြင်သည်ရာဒီကယ်ကျသည်ဟုပြောရာတွင် ရာဒီကယ်ဆိုသည့်ဝေါဟာရ ဇာစ်မြစ်ကိုကြည့်ပါက ၎င်းတို့သည်အပေါ်ယံဖြေရှင်းချက်များကျော်လွန်ကာ ပြဿနာ၏ဇာစ်မြစ်ဆီသို့သွားခြင်းဖြစ်သည်။

ဟေးမားကတ် အာဇာနည်များအား အမှုဆင်မှုများ၊ ဇာတ်တိုက်ထားတဲ့ တရားစီရင်ရေးများနှင့် သေဒဏ်ပေးမှုများမှာ အတွေးခေါ်အယူဆများအပေါ် အာဏာ၏အခန်းကဏ္ဍသည် ရွေးထုတ်ခြင်း ဖြန့်ဖြူးခြင်း နှင့်လိုင်းတင်ပေးခြင်းတို့အား လုပ်ဆောင်
နိုင်သည်ဆိုတာကိုထပ်မံသတိပေးလိုက်ခြင်းပဲဖြစ်သည်။ ၎င်းဖြစ်ရပ်သည် အချို့အတွေးခေါ်များအား တခြားသောအတွေးခေါ်များထက်လွှမ်းမိုးမှုရှိအောင် အာဏာရှိအစုဖွဲ့များ စီပွါးရေးနှင့် နိုင်ငံရေး အီလိများ၏အခန်းခဏ္ဍကိုလည်း ပုံဖော်ပြသထားသည်။ မျှတမှုမရှိသည့် လူ့အဖွဲ့စည်းတွင်း အာဏာ နှင့် အချုပ်အခြာ ကိုထိပါးလာသည့် အတွေးခေါ် များသည် လူထု၏နားထဲသို့မရောက်ရေးအတွက် ပိတ်ပင်မှုမျိုးစုံနှင့် ကြုံအောင်ဖန်တီးထားသည့်အပြင် အသက်အန္တရယ်အထိကြုံလာနိုင်သည်ဆိုတာကို ပြသလိုက်ခြင်းလည်းဖြစ်သည်။ အရင်းရှင်စနစ်အောက်ရှိ လူ့အဖွဲ့စည်း၏သမိုင်းမှာ ဟေးမားကတ် အာဇာနည်များကဲ့သို့ အလားသဏ္ဌာန် တူသည့်ဖြစ်ရပ်များနှင့်ပြည့်နှက်နေသည်။ ဖိနှိပ်မှုနှင့် ခေါင်းပုံဖြတ်မှုတို့အား ဆန့်ကျင်သည့် လုပ်သားထုနှင့် ဆင်းရဲသားများအား ဖမ်းစီးမှု အသရေဖျက်မှု နှင့် ကွပ်မျက်မှုတို့သည် လုပ်ရိုးလုပ်စဉ်ပင်ဖြစ်သည်။ ၎င်းသည် အမေရိကန် နှင့် ကနေဒါနိုင်ငံတို့ အပါဝင် လူမှုအလွှာအသီးသီးဖြင့်တည်ဆောက်ထားသောလူ့အဖွဲ့စည်း၌ရှိသော “မတရားဥပဒေ”၏သတိမမူကြသည့်ကိစ္စရပ်ပင်ဖြစ်ပေသည်။

ယနေ့ထိတိုင် ကမ္ဘာတဝန်းမှ မေဒေးကျင်းပမှုများသည် ဟေးမားကတ် အာဇာနည်များအတွက်အောက်မေ့ဖွယ်ရာအခန်းနားဖြစ်သလို တော်လှန်သော အလုပ်သမားလူတန်းစားတိုက်ပွဲ အားအများပြည်သူမှအာရုံစိုက်လာစေရန်လုပ်ဆောင်ခြင်းလည်းဖြစ်သည်။ မေဒေးသည် အလုပ်သမားတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်မှရရှိလာသောအောင်ပွဲဖြစ်ပြီး အလုပ်သမားလူတန်းစား၏ကိုယ်ပိုင်ယဉ်ကျေးမှုဆိုင်ရာမှတ်ကျောက် အဖြစ်ရှိနေသင့်သည်။

၁၈၈၉ခုနှစ်တွင် ‘ဒုတိယ အင်တာနေရှင်နယ်’ ၏ ပထမညီလာခံမှ ၁၉၉၀ တွင်ကျရောက်မည်ဖြစ်သော ချီကာဂို ဆန္ဒပြပွဲ၏နှစ်ပတ်လည်အတွက် ကမ္ဘာတဝန်းတွင်ဆန္ဒပြပွဲပြုလုပ်ရန်နှိုးဆော်ခဲ့သည်။ ၁၈၉၁ခုနှစ် တွင်ကျင်းပခဲ့သည့် ဒုတိယအင်တာနေရှင်နယ်၏ညီလာခံတွင် မေဒေးအားအပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အဖြစ်သတ်မှတ်ခဲ့သည်။ မေဒေး နေ့များတွင်အမေရိကန်၌အုံကြွမှုများ ပေါ်ပေါက်နေဆဲဖြစ်သည်။ ထင်ရှားသောဖြစ်ရပ်များမှာ ၁၈၉၄ နှင့် ၁၉၁၉ ကလိဗ်လန်း (Cleveland) ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့်အုံကြွမှုတို့ဖြစ်သည်။ မေဒေးသည် အထွေထွေသပိတ်၏စတင်ခြင်းအဖြစ် အစဉ်မပြတ်နှိုးဆော်မှုများရှိသည်။ နိုင်ငံအတော်များများတွင် မေဒေးသည်ရုံးပိတ်ရက်အဖြစ်အသိမှတ်ပြုခံရသည်။ အမေရိကန်နှင့်ကနေဒါတွင် ထိုကဲ့သို့မဟုတ်ပဲ စက်တင်ဘာ၏ပထမအပတ်ထဲတွင် အလုပ်သမားနေ့အဖြစ်သတ်မှတ်ပြီးရုံးပိတ်ရက်အဖြစ်ပြဌာန်းထားသည်။ ထိုနေ့တွင်သတ်မှတ်ထားမှုမှာ သမ္မတ ဂရိုဗာ ကလိဗ်လန်း (Grover Cleveland) ၏အစိုးရအဖွဲ့မှ ဟေးမားကတ်ဖြစ်ရပ်အထိန်းမှတ်အား ရှောင်ရန်နှင့် အုံကြွမှုများ ဖြစ်ပေါ်နိုင်ခြေများအားလျှော့ချရန်ဖြစ်သည်။ မေဒေးနေ့တွင် အလုပ်သမားလူတန်းစားမှ ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးအတွက် မကြာခဏတောင်းဆိုကြသော်လည်း နိုင်ငံတော်အရင်းရှင်စနစ်ကျင့်သုံးသော ဆိုဗီယက်ယူနီယံ၊ တရုတ် နှင့် ကျူးဘားတို့လိုနိုင်ငံများသည် မေဒေးအား စစ်ရေးပြအခန်းနားကြီးများဖြင့် ၎င်းတို့ စစ်ဝါဒအားပြသရန် အသုံးချကြသည်။

ယနေ့ခေတ် အမေရိကန်နှင့် ကနေဒါတွင် မေဒေး အားအဓိကအာရုံစိုက်ကြသည်မှာ မင်းမဲ့များ ကွန်မြူနစ်များ ဆိုရှယ်လစ်များ နှင့်အချို့သောအလုပ်သမားရေးတက်ကြွလှုပ်ရှားသူတို့ဖြစ်ကြသည်။ မေဒေးသည် အလုပ်သမားထုထံတွင်ရှိနေသည်မှာပိုမိုအဓိပ္ပယ်ရှိလှသည်။ ထိုသို့ဖြစ်လာရန်မှာ စီတန်းလှည့်လည်မှုများထက်ပိုသည့်အားစိုက်ထုတ်မှုများလိုအပ်သည်။ မေဒေးအား နင်းပြားတို့၏တိုက်ပွဲများအတွက်အောင်ပွဲခံသောအထိန်းမှတ်ဆီသို့ ပြန်လည်ရောက်ရှိခြင်းမှာလွန်စွာလေးနက်လှပါသည်။

အစဉ်လာတခု၏အလွန်

အခြားသောမတူညီသည့်တိုက်ပွဲနည်းနာများထက် လမ်းမပေါ်ထွက်ဆန္ဒပြခြင်းနှင့် ဆန္ဒထုတ်ဖော်ခြင်းတို့ကိုသာ အစဉ်လာတခုအဖြစ်ပုံသေလုပ်ဆောင်ကြသည်။ တိုက်ပွဲစည်းရုံးလှုပ်ရှားမှုအတွက် မည်သည့်လက်တွေ့အခြေခံကျသော အခြေခံအဆောက်အုံများမပါဝင်ပဲ ဆန္ဒဖော်ထုတ်ပွဲများမှ သီးခြားလူပုဂ္ဂိုလ်များအားတနေရာထဲစုစည်းထားမှုသည် လက်တွေ့အကျိုးသက်ရောက်မှုသိပ်မရှိပေ။ James Herod သည်အောက်ပါကဲ့သို့အကြံပြုသည် :

“အတိုက်ခံလှုပ်ရှားမှုများက အဲ့လိုလှုပ်ရှားမှုမျိုးကိုပဲ အဖန်တလဲလဲပြုလုပ်ကြတယ်။ ငါတို့ကတော့ ‘လမ်းမပေါ်ထွက်တယ်’ လို့ခေါ်တယ်။ ငါတို့က လူ့ဘောင်အသစ်ကို လမ်းမပေါ်မှာထည်ဆောက်နေလို့မရဘူး။ ငါတို့ရန်သူက အစိုးရတွေ ကော်ပိုရိတ်တွေ ရဲတွေလို အခိုင်မာအဖွဲ့စည်းတွေနဲ့လှုပ်ရှားနေချိန် ငါတို့က လမ်းမပေါ်မှာတင်ရှိနေရင် ငါတို့ မျက်ရည်ယိုဗုံးတွေ ရော်ဘာကျည်တွေ မြောက်အမေရိကား နဲ့ဥရောပကလွဲလို့ တခြားနေရာတွေမှာဆို ကျည်အစစ်တွေ မီးလောင်ဗုံးတွေ အဆိပ်တွေ နဲ့ ဗုံးတွေရဲ့ ဒဏ်ကိုအမြဲခံနေရမှာပဲ။”

၁၉၉၁ ခုနှစ် ဆီယတလ်(Seattle) မှ ၂၀၁၁ ကနေအခုထိရှိနေသော Occupy လှုပ်ရှားမှုတို့လို အထင်ကရဆန္ဒပြမှုများသည် လက်တွေ့ချိတ်ဆက်မှုတည်ဆောက်ရေး နှင့် အလုပ်ရုံနှင့် ကိုယ်နေထိုင်ရာပတ်ဝန်းကျင်အားထိန်းချုပ်နိုင်ရေးတိုက်ပွဲဆီသို့မသွားနိုင်လျင် အရှိန်များလျှော့ကျကာ ပြန်လည်ပြင်ဆင်ရေးဆီသို့သွေဖီသွားပါလိမ့်မည်။ လက်ရှိ အက်တီဗစ်များ၏လှုပ်ရှားမှုတို့သည် အလုပ်ရုံများ ရပ်ကွက်များ နှင့် အိမ်ထောင်စုများအား ပြောင်းလဲခြင်းတိုက်ပွဲအတွက်တည်နေရာများအဖြစ် မျက်ကွယ်ပြု စွန့်ပစ်ခြင်းတို့ကိုခံထားရသည်။ ရှိနေသည့်အလုပ်ရုံတွင်းတိုက်ပွဲများမှာ ပင်မရေစီးကြောင်းပေါ်ရှိ ဗျူရိုကရက်ဆန်သည့်သမဂ္ဂများမှ အလုပ်ရှင်များနှင့် ညှိနှိုင်းအပေးယူလုပ်ဆောင်နေခြင်းတို့သာဖြစ်သည်။ အိမ်တွင်းစည်းရုံးရေးကိုလည်း ရာဒီကယ်အက်တိဗစ်များမှမသိကျိုးကျွန်ပြုထားသည်။

တော်လှန်ရေး၏ အခြေခံအဆောက်အုံများတည်ဆောက်ခြင်း

မင်းမဲ့များသည် နိုင်ငံတော်အရင်းရှင်စနစ်အလွန် ကမ္ဘာကြီးအတွက်တိုက်ပွဲဝင်ရာတွင် တပြိုင်နက်ထဲလုပ်ဆောင်စရာနှစ်ရှိသည်ဆိုတာကို လက်ခံရမည် (သို့မဟုတ်) လက်ခံသင့်သည်။ ၎င်းတို့သည် နိုင်ငံတော်နှင့် အရင်းရှင်စနစ်အားဖြိုချနိုင်စွမ်းရှိရမည်ဖြစ်သလို အနာဂတ်လူ့ဘောင်အတွက် အခြေခံအုပ်မြစ်ကိုယခုထဲကတည်ဆောက်ထားရမည်။ ဒုတိယအချက်သည် နိုင်ငံတော်နှင့်အရင်းရှင်စနစ်အား ဖြိုချရန်အတွက်အခြေခံကျသည့်အချက်ဖြစ်သည်။

တော်လှန်ရေးလှုပ်ရှားမှု၏အခြေခံအဆောက်အုံများမှတဆင့် နည်းလမ်းအသစ်များကိုတည်ဆောက်သွားနိုင်မည်ဖြစ်သလို ပေါ်ထွန်းလာမည်ဖြစ်သော လူ့ဘောင်အသစ်အားကာကွယ်နိုင်စွမ်းရှိရန်သည်လည်းအရေးကြီးလှသည်။ ၎င်းတော်လှန်ရေး၏အဆောက်အုံတို့သည် နိုင်ငံတော်အရင်းရှင်စနစ်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်မှုများအား ခုခံနိုင်ရန်လိုအပ်သည်။ အခရာကျသည့် အယူဆမှာ အုပ်ချုပ်သူများချမှတ်ထားသောပေါ်လစီများအပေါ်တုံ့ပြန်ခြင်း နှင့်အတိုက်ခံသဘောထားများကျင့်သုံးခြင်း ပေးစွမ်းခြင်း သကဲ့သို့ ခံစစ်အနေထားဖြင့် အရင်းရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲအားဆင်နွှဲ နေရာကနေ အုပ်ချုပ်သူတို့၏ဖွဲ့စည်းပုံအားစိန်ခေါ်ခြင်းနှင့် အလုပ်ဖြစ်နိုင်သောနည်းလမ်းသစ်များပေးစွမ်းခြင်းကဲ့သို့ တိုက်စစ်ပုံစံ အသွင်ပြောင်းရန်လိုအပ်သည်။

အစိုးရဗျူရိုကရေစီများ လွှတ်တော်များ နှင့်ကော်ပိုရိတ် ဒါရိုက်တာအဖွဲ့များမှ ဆုံးဖြတ်ချက်များချမှတ်သည့်စနစ်မှသည် အလုပ်သမား နင်းပြားများ၏ညီလာခံများ မှနေ၍ ဆုံးဖြတ်ချက်ချမှတ်နိုင်သည့်စနစ်ထံသို့ ပြောင်းလဲရန်အမှန်တကယ်လိုအပ်သည်။ တက်ကြွလှုပ်ရှားများ၌လည်း ဆန္ဒပြပွဲများထက် နေ့စဉ်ကြုံတွေ့နေရသော အလုပ်သမားလူတန်းစား၏လူမှုဘဝထံသို့ အခြေခံရမည်။

ထိုသို့ဖြင့် လက်တွေ့လိုအပ်ချက်များဖြစ်သော နေစရာ ပညာရေး ကျန်းမာရေး နှင့်သာယာဝပြောရေး တို့ကိုဖြည့်စည်းပေးနိုင်လိမ့်မည့်အပြင် အလားလာအသစ်များ နည်းလမ်းအသစ်များ၏လမ်းစများကိုဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။

တော်လှန်ရေး၏အခြေခံအဆောက်အုံများတည်ဆောက်ခြင်းမှာ လှုပ်ရှားမှုများအပေါ်သို့ လက်တွေ့အရရော အတွေးအမြင်အရပါတိုက်ရိုက် အကျိုးသက်ရောက်မှုရှိစေမည်။ နည်းဗျူဟာများနှင့် စည်းရုံးလှုပ်ရှားမှုများအတွက် အလားလာအသစ်များပေါ် ပေါက်လာနိုင်မည်ဖြစ်သည်။

Herod သည်အောက်ပါကဲ့သို့အကြံပြုသည် :

“အလုပ်ရုံ အိမ်ထောင်စု နှင့် ရပ်ကွက်များတွင်း အင်အားရယူရန်တိုက်ပွဲဝင်လျင် အုပ်ချုပ်သူလူတန်းစား၏ နီယိုလစ်ဘရယ်လစ်ဇင် ထိုးစစ်အားရပ်တန့်ရန် ခြေကုပ်ရှိမည်ဖြစ်သည်။ ထိုမှတဆင့် လမ်းမပေါ်တက်ဆန္ဒပြလျင် အုပ်ချုပ်သူလူတန်းစားမှ အဖက်မလုပ်သည့် သီးခြားဖြစ်နေသည့်ပေါ်ပင်ပွဲမျိုးထက်ပို၍ ခြိမ်းခြောက်မှုမျိုးပေးနိုင်လိမ့်မည်ဖြစ်သည်။
အုပ်ချုပ်သူတို့အား ဆန္ဒပြနေရုံတင်မက တန်ပြန်နိုင်လိမ့်မည်။ ၎င်းသည် နီးစပ်ရာအဖွဲ့စည်းများ NGO များနှင့် တသီးပုဂ္ဂလများ နှစ်စဉ်တွေ့ဆုံပွဲတွေမှာ အုပ်ချုပ်သူလူတန်းစားကိုဆန္ဒပြနေရုံဖြင့် မဖြစ်နိုင်ပါ။ လက်တွေ့သာမန်နေ့စဉ် ဖြတ်သန်းမှုဘဝမျိုး၌ မြစ်ဖျားခံလာသော အနှောင်ဖွဲ့ကင်းသည့်အစုဖွဲ့များသာလျင်လုပ်နိုင်မည်။”

ပြောင်းလဲရေးသည် ကုန်ထုတ်လုပ်မှုနည်းလမ်းအားချုပ်ကိုင်နိုင်ရန် အာရုံစိုက်ရမည်ဖြစ်သည်။ အလုပ်သမားများ ၏ထိန်ချုပ်မှုတခုထဲအပေါ်သာအာရုံစိုက်မှုသည် ဒေသတွင်းရှိလူထုများမှ ပိုမိုကျယ်ပြန့်သည့်လူမှုနှင့်ပတ်ဝန်းကျင်၏လိုအပ်ချက်များအပေါ် အချိန်တိုတိုနှင့်ထိထိရောက်ရောက် ခွဲဝေနိုင်မည်
မဟုတ်ပါ။ တချိန်ထဲတွင် ဒေသတွင်း၌ပြည်သူများမှကိုယ်ပိုင်အုပ်ချုပ်နိုင်သော်လည်း ကုန်ထုတ်လုပ်မှုနည်းလမ်းအားမချုပ်ကိုင်နိုင်လျင် အချည်းနှီးဖြစ်သွားမည့် စိတ်ကူးယဉ်မှုသာဖြစ်လိမ့်မည်။ ထို့အပြင် အိမ်ထောင်စုများအား သီးခြားအစုအဖြစ်သတ်မှတ်ထားပါက မညီမျှသည့် လိင်အခြေပြု အလုပ်ခွဲဝေမှုကိုတွန်းအားပေးခြင်းဖြစ်သွားလိမ့်မည်။

လူ့ဘောင်လောကအသစ်ဟာ သုညကနေစဆောက်လို့မရပါဘူး။ လိုလဲမလိုအပ်ပါ။ Mutual aid ဆက်ဆံရေးများနှင့် လူထုမှ ၎င်းတို့အလြပ်ခွင်အတွင်း သို့မဟုတ်ပုဂ္ဂလိကအကျိုးစီးပွါးအရ စည်းရုံးဖွဲ့စည်းထားသော အသင်းဖွဲ့များသည်လိုအပ်သော အရင်းမြစ်များပေးစွမ်းနိုင်သည်။ တချိန်ထဲမှာပင် မျက်မှောက်ခေတ်၌လည်း အလုပ်သမားလူတန်းစားနှင့်ကျောမွဲတို့သည် ၎င်းတို့အလုပ်ခွင်ထဲ ခိုင်မာမှုမရှိသည့်သာမန်ဆက်ဆံရေးမျိုးသာရှိသည့်အတွက် ရပ်ကွက်နှင့်အိမ်ထောင်စုများအတွင်း ထိုအခြေခံအဆောက်အုံများစွာလိုအပ်ပါသည်။ ဆင်ခြေဖုံရပ်ကွက်များတွင် အိမ်ထောင်စုများသည် ကိုယ်တိုင်ကိုယ်ကျပါဝင်သောညီလာခံများအတွင်း ချိတ်ဆက်ကာ ခွဲဝေမျှထားသောအရင်းမြစ်များအားစီမံခန့်ခွဲနိုင်သည်။ ဥပမာအားဖြင့် ချက်ပြုတ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ၊ အဝတ်ထည်လျှော်ဖွတ်ခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ မီးဖွားခန်း နှင့် အပန်းဖြေရန်နေရာပစ္စည်းအထောက်ပံ့တို့ပါဝင်နိုင်သည်။

တော်လှန်ရေး အခြေခံအဆောက်အုံများတည်ဆောက်ခြင်းသည် တော်လှန်သောပြောင်းလည်းရေးအတွက် အမြင်သစ်များပေါ်ပေါက်လာရန်တွန်းအားဖြစ်သည်။ ရင်းနှီးပြီးသားဖြစ်နေသော လမ်းပေါ်စီတန်းလမ်းလျှောက်မှုများထက် ‘Constructive anarchists’ နည်းလမ်းများထဲတွင် လုပ်ဆောင်ချက်သည် စည်းရုံးစုစည်းခြင်းတွင်သာရှိသည်။ အခြေခံအဆောက်အုံများရှိနှင့်ပြီးဖြစ်ရန်လိုသည် မဟုတ်ပါက တော်လှန်သော သို့မဟုတ်ရာဒီကယ်ပြောင်းလဲရေးသည် ဖြစ်နိုင်ချေမရှိ စိုးစိုးရွားရွားအခြေနေဆီအထိရောက်သွားနိုင်သည်။ အခြေခံအဆောက်အုံများ ရှိနှင့်ထားရန်အတွက် Herod ကအောက်ပါအတိုင်းအကြံပြုသည် :

“အလုပ်ရုံတွင်းရှိအစည်းရုံးများသည် နှစ်ရှည်အမြဲတမ်းတည်ရှိရမည့်အဖွဲ့စည်းမျိုးဖြစ်သည်။ အောင်မြင်မှုရရန် အစည်းရုံးများသည်အတွေ့ကြုံများစွာရှိနှင့်ရန်လိုသည်။ အင်အားကြီးသည့်အစိုးရနှင့် ၎င်းအောက်မှာရှိနေသည့် စစ်တပ်ဖွဲ့တွေကြောင့် ဖွဲ့စည်းပြီးမကြာခင်ပဲ အရေးခင်းထဲပစ်ဝင်ခြင်း အထွေထွေသပိတ်ကာလအလယ်တွင်ပါဝင်လာခြင်းတို့လုပ်လို့မရပါဘူး။”

ထပ်တူကျစွာပဲ အခြေခံအဆောက်အုံများမရှိပဲသထွေထွေသပိတ်များသည် အဓိပ္ပယ်ရှိမည်မဟုတ်ပါ။ Herod သည်ယခုလိုမှတ်ချက်ပေးထားသည်။

“အထွေထွေသပိတ်များသည်အရင်းရှင်စနစ်ကိုမဖြိုချနိုင်ပါ။ ၎င်းတို့တောင့်ခံနိုင်သည်မှာအလွန်ဆုံး ခြောက်ပတ်ပဲရှိပါသည်။ ထိုကာလအလွန်လူ့အဖွဲ့စည်းသည်အစိပ်စိပ်အမွှာမွှာစတင်ပြိုကွဲမည်ဖြစ်သည်။ အထွေထွေသပိတ်သမားများသည် လူ့ဘောင်တရပ်တည်ဆောက်ဖို့မဆိုနှင့်ဦး အခြားသောရွေးချယ်စရာလူမှုအစီစဉ်များဖြင့် လူ့အဖွဲ့စည်းအားပြန်လည်တည်ဆောက်ရန်အစီစဉ်မရှိသည့်အတွက် ၎င်းတို့အသက်ရှင်ရပ်တည်ရန် အလုပ်ခွင်ထဲပြန်ဝင်ရန်အတင်းကျပ်စေခိုင်းခံခဲ့ရသည်။ အစိုးရသည်အချိန်တခုအထိစောင့်လိုက်ခြင်းသို့မဟုတ် လူထုအားဖျောင်းဖျရန်ဖြေလျော့မှုအနည်းငယ်လုပ်ပေးရုံပါပဲ။ ထိုနည်းလမ်းအား Charles de Gaulle သည် ၁၉၆၈ခုနှစ် ပြင်သစ်နိုင်ငံတွင်အသုံးပြုခဲ့သည်။”

အထွေထွေသပိတ်ကာလတွင် အခြေခံသုံးကုန်နှင့်ဝန်ဆောင်မှုများ ပြတ်လတ်မည်ဖြစ်သည်။ အစားထိုးစရာ အစည်းရုံးများသို့မဟုတ် လူသားအခြေခံလိုအပ်ချက်အတွက် အလုပ်ရုံများအား ဝင်ရောက်စီးနင်း မောင်းနှင် နိုင်စွမ်းမရှိလျင် ရေ၊ဓာတ်အား၊ စားသောက်ကုန် နှင့် ဆေးဝါးဝန်ဆောင်မှုတို့အားရနိုင်မည်မဟုတ်ပါ။ ထိုကဲ့သို့၎င်းတို့ကိုယ်တိုင်ဝင်ရောက်ကာလွှဲပြောင်းလုပ်နိုင်ရန်မှာ အခြေခံအဆောက်အုံများရှိနှင့်ရန်လိုအပ်သည်။”

သမဂ္ဂများ

အစားထိုးနည်းလမ်းများတကယ်လိုအပ်သည့် အခြေခံအဆောက်အုံတခုမှာ အလုပ်သမားသမဂ္ဂများဖြစ်သည်။ သမဂ္ဂများသည် မေဒေးနှင့် အလုပ်သမားလူတန်းစားတို့၏တိုက်ပွဲ များ၏နှလုံးအိမ်တွင်း၌ရှိသည်။ ဆင်ဒီကိတ် သမဂ္ဂများဖြစ်သော CNT သို့မဟုတ် မြောက်အမေရိကားရှိ IWW တို့မှာလွဲ၍ မင်းမဲ့အများစုအဖို့ သမဂ္ဂများသည်အရင်းရှင်စနစ်အောက်မှလွတ်မြောက်ရန်မကြိုးပမ်းခဲ့ပါ။

အမေရိကန်နှင့်ကနေဒါရှိ စက်ရုံများတွင်သမဂ္ဂဖွဲ့စည်းခြင်းအရေအတွက်မှာ မပြောပလောက်သည့်အနေထားထိထိုးကျသွားသည့်အတွက် သမဂ္ဂများ၏တော်လှန်နိုင်စွမ်းသည် တနည်းအားဖြင့်မေးခွန်းထုတ်ဖွယ်ရာဖြစ်လာသည်။ အမေရိကန်၌လက်ရှိအချိန်တွင် ပုဂ္ဂလိကအလုပ်ရုံများတွင် သမဂ္ဂဖွဲ့မှုနှုန်းသည် ၈%သာရှိသည်။ ယခင်တုန်းကလို သမဂ္ဂလှုပ်ရှားမှုမျိုးများပြန်လည်ပေါ်ပေါက်လာဖွယ်ရာအလားလာမျိုးမရှိပါ။ Herod သည်ယခုကဲ့သို့ မှတ်ချက်ပေးသည် :

“အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများသည် ယခင်တုန်းကရှိခဲ့သည့်သမဂ္ဂများကဲ့သို့ ပြန်လည်တည်ဆောက်နိုင်လျင်တောင် ပြန်လည်ဖွဲ့စည်းထားသည့်သမဂ္ဂများသည် ယခင်ကထက်အောင်မြင်မှုပိုရနိုင်ပါ့မလား။ သမဂ္ဂ၏အရှိန်အကောင်းဆုံးကာလများတွက် အလုပ်သမားလှုပ်ရှားမှုများဟာလည်းအားကောင်းခဲ့တယ်။ ကွန်မြူနစ်၊ ဆိုရှယ်လစ် နှင့် အနာခစ် အလုပ်သမားယဉ်ကျေးမှုတို့ကိုအခြေခံသည့်လှုပ်ရှားမှု အားဖျက်စီးလိုက်ပြီးချိန်တွင် ယခင်ထက်အောင်မြင်မှုပိုရဖို့မှာခဲယဉ်းလှသည်။”

အလုပ်သမားအစည်းရုံးသို့မဟုတ် အဖွဲ့စည်းများပေါ်ပေါက်လာရန် တံခါးများဖွင့်လျက်ရှိနေသော်လည်း လိုအပ်နေသည့်ကွက်လပ်အားဖြည့်ရန် မြေစမ်းခရမ်းပျိုးများနှင့်ရပ်သွားသူများသာရှိသည်။ အချို့မှာ စမ်းတဝါးဝါးဖြစ်နေသော်လည်း အချို့မှာအလားလာကောင်းများရှိသည်။ အလားလာကောင်းရှိသူများသည် အလုပ်သမားနှင့် တက်ကြွလှုပ်ရှားသူတို့အဖွဲ့ဝင်များအဖြစ်စုစည်းထားကြသည်။

သမဂ္ဂများသည် လုပ်သားနှင့်လုပ်ခလစာတို့ကြားဆက်ဆံရေးကို ထိန်းကျောင်းကြသည်။ ၎င်းတို့မဆန့်ကျင်ကြ။ အလုပ်ရုံတွင်း ဒီမိုကရေစီကျကျ အလုပ်သမားများလွတ်လပ်စွာဖွဲ့စည်းထားသည်မဟုတ်ပဲ အလုပ်ရုံပြင်ပ၌တည်ရှိနေသည့် ဗျူရိုကရက် အဖွဲ့စည်းများဖြစ်သည်။ ပင်မရေစီးကြောင်းရှိသမဂ္ဂများသည် ထိုအစည်းရုံးများအား ဖျက်သိမ်းခြင်း ဖြိုခွဲခြင်းတို့လုပ်လေ့ရှိကြပြီး မောင်ပိုင်စီးလေ့ရှိသည်။

သမဂ္ဂများသည် အခြင်းခြင်းပြန်လည်ရွေးမြောက်ပြီး အလယ်လတ်အဆင့်ရှိသော မန်နေဂျာများထက်အနည်းငယ်သာသည့် အကျိုးခံစားခွင့်များရယူကြသည်။ သမဂ္ဂဝင်များ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်ပြုလုပ်ကြသောလှုပ်ရှားမှုများအပေါ် စည်းကမ်းထိန်းသိမ်းရေး ကိုယ်စားလှယ်များအဖြစ်ရပ်တည်လာကြသည်။ သပိတ်များ အုံကြွခြင်းများ အလုပ်ခွင်အားသိမ်းပိုက်ခြင်းများအား တားမြစ်ခြင်းများလုပ်ဆောင်ကြသည်။ လုပ်ငန်းပျက်ကွက်မှုများအပေါ် ဆန့်ကျင်ကြသည်။ လုပ်ငန်းခွင်တွင်းစည်းရုံးစုစည်းမှုမရှိပါက လေးနက်သည့်လုပ်ငန်းခွင်သပိတ်များမပေါ်ပေါက်လာနိုင်ပါ။ နိုးကြားထကြွသည့် စည်းရုံးမှုသဏ္ဍာန်မျိုးအတွက် အဖွဲ့ဝင်များကြား လုပ်ငန်းအဖွဲ့များ အလုပ်သမားလှုပ်ရှားမှုရှိလာပါကတနေရာမှတနေရာသို့လျင်လျင်မြန်မြန် အင်အားဖြည့်နိုင်သည့်အဖွဲ့များနှင့် တိုက်ရိုက်လှုပ်ရှားမှုမျိုးဆောင်ရိုက်မည့်အဖွဲ့များလိုအပ်ပါသည်။

နိဂုံး

မင်းမဲ့တော်လှန်ရေးသမားများအနေဖြင့် အရင်းရှင်များပပျောက်ရေးအတွက်၊ လမ်းမများ နှင့် မြို့ပြလယ်မှ ဆန္ဒပြပွဲများထပ် ပိုသစ်၍ ပိုကြီးမားသော မြေပြင်အနေအထားပြောင်းလဲရွှေ့ပြောင်းခြင်းများ လုပ်ကိုလုပ်ဆောင်ကြရပါမယ်။ Herod နဲ့တခြား Constructive Anarchist တွေကတော့ မင်းမဲ့များအတွက် အဓိကလှုပ်ရှားမှုနေရာ သုံးခုရှိတယ်ဆိုပါတယ်။ အဲ့တာတွေကတော့ ရပ်ကွက်၊ အလုပ်နေရာများနှင့်၊ အိမ်ထောင်စုများပဲဖြစ်ပါတယ်။ ဤနေရာတွေမှာ အောင်မြင်စွာစုဖွဲ့လှုပ်ရှားခြင်းအားဖြင့် ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံတော်နှင့်အရင်းရှင်စနစ်ကို ကမ္ဘာသစ်တည်ထောင်ရင်း အနိုင်တိုက်ဖို့ဖြစ်ပြီး အရင်းရှင်စနစ်နောက်ပိုင်းအနာဂတ်ကို မျှော်မှန်းနေရုံသက်သက် မဟုတ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုနေပါတယ်။ ဒီအရွေ့မှာ ခုခံမှုရော ထိုးစစ်စင်မှု နည်းစနစ်တွေပါ ပါဝင်ရမှာဖြစ်ပါတယ်။

အချိန်အတော်အကြာ လှုပ်ရှားမှုတွေဟာ ခုခံမှုနဲ့ တုန့်ပြန်မှု နည်းစနစ်တွေနဲ့ပဲ မကြာခဏ နစ်နာစေတဲ့ဥပဒေတွေ၊ လူထုမူဝါဒချိုးဖျက်ရေးတွေ ဒါမှမဟုတ် အစိုးရ (သို့) ကော်ပိုရိတ် တစ်ခုခုရဲ့ အစဉ်အလာတွေကို ဆန့်ကျင်တာမျိုးတွေ ပြုလုပ်လေ့ရှိခဲ့ကြပါတယ်။ ဒီလို နည်းစနစ်တွေကို လိုက်စားခြင်းဟာ လှုပ်ရှားမှုနဲ့လှုပ်ရှားသူတွေရဲ့ ရည်ရွယ်ချက်တွေကို ကမ္ဘာ့မြောက်ပိုင်း (Global North) မှာ လွှမ်းမိုးလာခဲ့ပါတယ်။ အဲ့ကနေပြီးတော့ ဒီအကြံဉာဏ်ဟောင်းတွေ၊ အလွတ်ကျက်ထားသလို ထပ်တလဲလဲဖြစ်နေတဲ့ လမ်းစဉ်တွေဟာ လူအများကို မလှုံ့ဆော်နိုင်တဲ့အပြင် ဒေါသနဲ့အားငယ်မှုတွေကိုပါဖြစ်လာစေပါတယ်။ အတွင်းသိ သို့မဟုတ် စစ်မှန်ပြီးအသစ်ဖြစ်တဲ့ လူထုကိုတိုက်ရိုက်ပါဝင်ပတ်သက်စေတဲ့လှုပ်ရှားမှုတွေနည်းလာတာနဲ့အမျှ လူတွေဟာ စိတ်ညစ်လာကြပါတယ်။ ဒီလိုဖြစ်ရစေမယ့်အစား လှုပ်ရှားမှုတွေဟာ ပိုမိုကောင်းမွန်သော ကမ္ဘာအတွက် ကိုယ်ပိုင်ဆန္ဒနှင့် ရည်ရွယ်ချက်တွေကို အခိုင်အမာ သတ်မှတ်ဖို့လိုအပ်ပါတယ်။

ဒါ့အပြင်၊ လမ်းပေါ်ကလှုပ်ရှားမှုလမ်းစဉ်တွေဟာ အနည်းကနေအများအထိ အင်အားနဲ့ မညီမျှမှုတွေကို စိန်ခေါ်ရပါမယ်။ များသောအားဖြင့် သူတို့တွေဟာ သာမန် လစ်ဘရယ် ဒီမိုကရေစီ ကခွင့်ပြုသလောက် သဘောထားအယူအဆ ကွဲလွဲမှုတွေ ဖော်ပြတာကို နားလည်သလို ဝင်အားပေးထောက်ခံကြတာဖြစ်ပါတယ်။ တချို့တွေကတော့ ဒီလို ကိစ္စသေးတစ်ခုအတွက် ကမ်ပိန်းတွေ၊ လမ်းငယ်တွေထဲကဆန္ဒပြမှုတွေ၊ အများပိုင်နေရာတွေမှာစခန်းချဆန္ဒပြမှုတွေရဲ့ လုပ်နိုင်စွမ်းအင်အား၊လူအား နဲ့ အချိန်အားကို မေးခွန်းထုတ်နိုင်ပါလိမ့်မယ်။ အွန်တာရီးယို (Ontario) ၏လက်ယာဝန်ကြီးဟောင်းတဦးနှိမ်ချခဲ့သလိုဆိုရင် လမ်းငယ်တွေထဲကဆန္ဒပြမှုတွေဟာ “ငါဆန္ဒပြတာမျိုးမလုပ်ဘူး” ဆိုတဲ့သဘောပါလို့ခနဲ့ခဲ့ပါတယ်။

သို့သော်ငြားလည်း လက်ဖျားခါလောက်တဲ့ သရုပ်ဖော်မှုတွေ၊ ဆန္ဒပြပွဲတွေကတော့ လှုပ်ရှားသူတွေရဲ့ စိတ်ကူးများနဲ့ အဖွဲ့အစည်း ရည်ရွယ်ချက်များကို လွှမ်းမိုးထားနိုင်စဲဖြစ်ပါတယ်။ ဒီလို တသတ်မတ်တည်းဖြစ်နေတဲ့ သရုပ်ဖော်မှုတွေဟာ လစ်ဘရယ် ဒီမိုကရေစီ စနစ်အောက်မှာ လူမှုလှုပ်ရှားမှုတွေအပေါ်အစဉ်အဆက် အတားအဆီးဖြစ်နေခဲ့စေပါတယ်။ အခုလက်ရှိကာလဟာ အရင်းရှင်စနစ်နဲ့ နိုင်ငံတော်အပေါ်တော်လှန်ရေး အတွက် ပိုမိုသစ်လွင်သော၊ တက်ကြွစေသော၊ အခွင့်အရေးများစွာ ရှိတဲ့ ပြတင်းတံခါးကို ဖွင့်ပေးထားလျက်ရှိပါတယ်။ ဒီအခွင့်အရေးတွေကို ကောင်းစွာအသုံးချနိုင်ဖို့ရာ လှုပ်ရှားမှုများအပေါ်စိုးမိုးချယ်လှယ်ထားသည့် အရိုးစွဲနေသော အစဉ်လာများအား သေသေချာချာသုံးသပ်ကြည့်ရန်လိုအပ်ပါတယ် အထူသဖြင့်စည်းရုံးလှုပ်ရှားမှုမရှိသည့်ကာလများ၏အကြွင်းကျန်များအားဖြစ်ပါတယ်။

Original Author : Jeff Shantz
Translated by : Kay Tee

Photo from CNT-AIT website

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Address


Yangon
11051