22 Auto Car Service Center

22 Auto Car Service Center

Share

ကားအောက်ပိုင်းသီးသန့်ပြုပြင်မှု ကားအလိုင်းမင်း ကားဆေးဘော်ဒီ
📞09 443 947 136
📞09 448 915 902

14/05/2026

3D အလိုင်းမန့်ချိန်ခြင်း (3D alignment) ရဲ့ကောင်းကျိုးများ.

1. တိကျမှုမြင့်မားခြင်း: 3D alignment ဟာ မိမိကားမော်ဒယ်ကိုကွန်ပျုတာနဲ့System ထည့်ပြီးချိန်တာဖြစ်လို့ကားရဲ့official အချိန်အဆတိုင်းအတိအကျချိန်ပေးနိုင်ပါတယ်။
2. အချိန်ကုန်သက်သာခြင်း: 3D alignment နည်းစနစ်တွေက တိုးတက်နေတဲ့ နည်းပညာကိုအသုံးပြုပြီး အလိုအလျောက် ပြုပြင်ခွင့်ပြုပြီး အချိန်ကိုထိရောက်စွာသက်သာစေပါတယ်။
3. ကုန်ကျစရိတ်လျော့ချခြင်း:
စက်နဲ့အတိအကျချိန်တာဖြစ်လို့ မလိုအပ်တဲ့အစိတ်အပိုင်းကိုလဲစရာမလိုတဲ့အတွက်ကုန်ကျစရိတ်အများကြီးသက်သာစေပါတယ်။
4. အခြားကုန်ကျစရိတ်သက်သာခြင်း
3D aligment ကိုပုံမှန်စစ်ဆေးပေးခြင်းဖြင့် တာယာမလိုအပ်ပဲလဲစရာမလိုအောင်ကာကွယ်ပေးပါတယ်။
5. Safety
အမြဲသုံးနေတဲ့ယာဥ်အနေနဲ့ (2) လတစ်ကြိမ်စစ်ဆေးပေးခြင်းဖြင့်တစ်ခြားမလိုအပ်တဲ့ကုန်ကျစရတ်သက်သာစေတဲ့အပြင် ပြင်ဆင်မှုကြီးကြီးမားမားလည်းမလိုအပ်တော့ဘူး။အန္တရာယ်လည်းကင်းပါတယ်

22 Auto Car Service Center မှာ 3D Computer Alignment ချိန်နိုင်သလို တခါထဲအချိန်ကုန်သက်သာစွာပြုပြင်လို့ရပါမယ်

📞09 443 947 136

Location - သမိန်ဘရမ်းလမ်း ကြက်ဘဲစျေးအနီး ပုသိမ်ညွန့်၆လမ်းရှေ့ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်

Photos from 22 Auto Car Service Center's post 03/10/2025

မိမိကားကို စွမ်းဆောင်ရည်မြှင့်တင်ချင်တယ်ဆိုရင် Engine Tuning လုပ်ဖို့မမေ့ပါနဲ့🤩

Engine Tuning လုပ်ရင် ဘာတွေကောင်းသွားမလဲ???

ဟုတ်ကဲ့ပါ Engine Tuning Process က

🔷 ဆီလိုင်း မီးလိုင်း လေလိုင်း ရေလိုင်း ကိုစစ်ဆေးသန့်ရှင်းဆေးကြောပေးတာဖြစ်ပါတယ်

ဆီလိုင်းဆိုရင် - ဆီပန့် ဆီFilter injector

မီးလိုင်းမှာ Plug - Plug Coil တွေ ကောင်းမကောင်းစက်နဲ့စစ်ဆေးပေးပါတယ်

လေလိုင်းဆိုရင် - လေတံခါးဆေးပေးတယ် AirFlow တွေ ပိုက်တွေ Leak ဖြစ်မဖြစ် အကုန်စစ်ဆေးပေးပါတယ်

ရေလိုင်းပိုက်တွေပေါက်နေလား Cooling System တွေ မှန်ရဲ့လား အကုန်စစ်ဆေးပြုပြင်ပေးတာဖြစ်တဲ့အတွက် ပုံမှန် maintenance လုပ်ပေးခြင်းနဲ့ သင့်ကားကို စွမ်းဆောင်ရည်တွေမြှင့်တင်နိုင်ပါတယ် Engine တုန်တာ RPM မငြိမ်တာ ပြသနာတွေကိုတခါထဲဖြေရှင်းပြီးဖြစ်ပါမယ်

Engine Tuning လုပ်မယ်ဆိုရင် ကြာချိန် ၄ နာရီပါ

စျေးနှုန်း 80000 ကနေ 180000 ကြားမှာ ကုန်ကျပါတယ် ကားအမျိုးအစား Engine Power ပေါ်မူတည်ပါတယ်

Hot Line - 09 443 947 136

Location - သမိန်ဘရမ်းလမ်း ကြက်ဘဲစျေးအနီး ပုသိမ်ညွန့်၆လမ်းရှေ့ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်

Photos from 22 Auto Car Service Center's post 30/09/2025

22 Auto ရဲ့ အကောင်းဆုံးဝန်ဆောင်မှုဖြစ်တဲ့ Suzuki အောက်ပိုင်းပြုပြင်မှုနဲ့

Volkswagen လေး Error စစ်ဆေးပေးလိုက်ပါတယ်

အောက်ပိုင်းပြုပြင်ရင် Warranty 6 Month နဲ့ Quality မြင့်တဲ့ ပစ္စည်းများသာအသုံးပြုပေးပါတယ်

Hot Line - 09 443 947 136

Location - သမိန်ဘရမ်းလမ်းမကြီးပေါ် ကြက်ဘဲစျေးအနီး ပုသိမ်ညွန့်၆လမ်းရှေ့ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်



#အောက်ပိုင်းပြုပြင်
#ကားအောက်ပိုင်း

Photos from 22 Auto Car Service Center's post 29/09/2025

Dongfeng လေး Gear Box ချ ကလပ်ဘရိတ်ပြုပြင်လဲလှယ် အောက်ပိုင်း Steering Gun ပြင်

Brake ပိုင်းအသံမြည်လို့လာစစ်ဆေးတဲ့ Axio လေး အောက်ပိုင်း Bush တွေ Link တွေ ပျက်နေလို့ တခါထဲလဲလှယ်ပေးလိုက်ပါတယ်

အောက်ပိုင်း Spare Parts အားလုံး Quality မြင့်တဲ့ ပစ္စည်းတွေသာအသုံးပြုပြုပြင်ပေးပါတယ်

ကားအောက်ပိုင်းပြုပြင်ချင်ရင် ကျွမ်းကျင် Mechanic များနဲ့ ပြုပြင်ပေးတဲ့ 22 Auto Car Service Center ကို လှမ်းခဲ့လိုက်ပါ

အောက်ပိုင်းပြုပြင်ရင် 3D Computer Alignment FOC

Car Wash FOC Service ပေးပါတယ်

Hot Line - 09 443 947 136

- 09 448 915 902

Location - သမိန်ဘရမ်းလမ်းမကြီးပေါ် ကြက်ဘဲစျေးအနီး ပုသိမ်ညွန့်၆လမ်းရှေ့ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်

Photos from 22 Auto Car Service Center's post 27/09/2025

ဒီရက်ထဲ Engine အတင်အချတွေများနေလို့ ရှုပ်ပွနေတယ် 🤩

အိပ်ဇောဆေးတဲ့ Harrier ရယ်
အောက်ပိုင်းဖြုတ်တပ်ပြုပြင် Probox
Gear 4Wd Transfer ပြုပြင်တဲ့ Prado ရယ်

အောက်ပိုင်းပြုပြင်မလား Engine Gear Box ချိန်းမလား ကားနဲ့ပတ်သက်ရင် ဘာပျက်ပျက် 22 Auto Car Service Center ကို လာခဲ့လိုက်ပါ

ကျွမ်းကျင်ပညာရှင်များနဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးနေတာ 22 Auto ပါ

📞09 443 947 136

📞09 448 915 902

Location - သမိန်ဘရမ်းလမ်းမကြီးပေါ် ကြက်ဘဲစျေးအနီး ပုသိမ်ညွန့်၆လမ်းရှေ့ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်

Photos from 22 Auto Car Service Center's post 25/09/2025

Toyota Rush အောက်ပိုင်းပြုပြင်မှုလေး

ကားအောက်ပိုင်းပြုပြင်မှုများကို Warranty 6 Month ပစ္စည်းဖိုး လက်ခ အခမဲ့နဲ့ပြုပြင်ပေးပါတယ်

Engine Gear Box ကားအောက်ပိုင်း ပြုပြင်မှုမျိုးစုံကို တနေရာထဲ အချိန်မကုန်အောင်ဆောင်ရွက်ချင်ရင် 22 Auto Car Service Center ကို လာခဲ့လိုက်ပါ

📞09 443 947 136

📞09 448 915 902

Location - သမိန်ဘရမ်းလမ်းမကြီးပေါ် ကြက်ဘဲစျေးအနီး ပုသိမ်ညွန့်၆လမ်းရှေ့ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်

Photos from 22 Auto Car Service Center's post 24/09/2025

22 Auto Car Service Center မှာ အောက်ပိုင်း Suspension ဆိုရင် မရဘူးဆိုတဲ့ကားမရှိအောင်အတက်နိုင်ဆုံးဝန်ဆောင်မှုပေးနေပါတယ်

ဘယ်မှာပြင်ပြင်အသံမပျောက်တာပဲဖြစ်ဖြစ် အောက်ပိုင်းကို အာမခံအပြည့်နဲ့ သေချာအသေးစိတ်လုပ်ပေးတာကိုလိူချင်ရင် 22 Auto Car Service Center ကို လှမ်းလာခဲ့လိုက်ပါ

📞 09 443 947 136

📞 09 448 915 902

Location - သမိန်ဘရမ်းလမ်း ကြက်ဘဲစျေးအနီး ပုသိမ်ညွန့်၆လမ်းရှေ့ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်

Photos from 22 Auto Car Service Center's post 07/05/2025

Sold Out

22 Auto မှ Suzuki Ciaz ကားကောင်းတစီးကို တာဝန်ယူမှုအပြည့်နဲ့ရောင်းချပေးပါမယ်

🔵 အရစ်ကျ ကနဦး 40 % Downpayment နဲ့ 4 နှစ်အထိ Bank အရစ်ကျ ရပါမယ်

🔷 Model - 2018

🔷 Engine Power - 1.4

🔷 Licences - 2027 အသစ်ရပါမယ်

🔷 ကညန ယာဉ်စစ်ဆေးပြီး

🔷 Original Kilo မလျော့ထား - 72000

🔷 Original Floormat

🔷 Original ထိုင်ခုံစွပ်

🔷 Price - 855 သိန်း

📞09 443 947 136

📞09 448 915 902

Location - သမိန်ဘရမ်းလမ်း ကြက်ဘဲစျေးအနီး ပုသိမ်ညွန့်၆လမ်းရှေ့ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်

28/03/2025

ကားတစ်စီးဝယ်တော့မယ်ဆိုရင် ဘာတွေ ကြည့်ရမလဲ။

⃣ မကျွမ်းကျင်သေးတဲ့သူတွေ အတွက် အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်း ခေါ်သွားရင်း
ကိုယ်လည်း ဒါလေးတွေစစ်ကြည့်ပါ။

⃣ ကားမှာအရေးအကြီးဆုံးက အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကားဖြစ်ဖို့ပါ။
အုံနာဘုတ် ဝှီးတပ် မှန် / မမှန်
ချက်စီ (Chassis) ဘောင် နှင့် မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလား ဆိုတာ သေချာအောင် ကညနရုံးမှာ ကားမဝယ်ခင် သွားစစ်ပါ။ မှတ်ပုံတင်ပြပြီး တရားဝင်စစ်တာ ငွေငါးထောင်ပေးရပါတယ်။ ကားမှာ အလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်မှာပါ။
ဒါကတော့ ကားကိုကြည့်ပြီး အားလုံးကြိုက်လို့ စျေးပါတည့်ပြီးမှ final အနေနှင့် လုပ်ရမှာပါ။

⃣ ကားတစ်စီးဝယ်ဖို့ သွားကြည့်ရင်

☑ ၁။ အင်ဂျင်ခန်း ကြည့်မယ် ။
ကားရဲ့အရိုးအစစ်လို့ခေါ်တဲ့ အဓိက တန်းတွေ Frame တွေကြည့်ပါမယ်။
ရေတိုင်ကီတန်းတွေ ဘေးဘောင်တွေ ရှော့ဘားဘောင်တွေ သေသပ်ရမယ်။
အင်ဂျင် ဂီယာဘောက်စ် အားလုံးကြည့်ကောင်း နေရမယ်။
အင်ဂျင်ခန်းက အော်ဆေးဖြစ်ရမယ်။
Original Spot တွေ ချိတ်တွေဖြစ်ရမယ် ။
ဘောနပ်အောက်က ချိတ်တွေ ဆေးတွေ မှန်ရမယ်။
(Original ဟုတ်မဟုတ်သိရန် နားလည်တဲ့သူလိုပါသည်)

☑ ၂။ စက်နှိုးမယ် ။ AC ဖွင့်မယ်။
အင်ဂျင်သံနားထောင်မည်။ အသံကောင်းလား ငြိမ်လား။ လီဗာဖြေးဖြေးနင်းကြည့်မယ် RPM တက်တာမှန်လား။
AC အေးလားကြည့်မယ် ။
ပါဝင်တဲ့ စနစ်တွေအလုပ်လုပ်လား စမ်းမယ်
( ဥပမာ Auto Swing )
အင်ဂျင်ဝိုင်တိုင်းတဲ့အတံကို ဆွဲကြည့်မယ်။
အင်ဂျင်ဝိုင်ထည့်တဲ့အဖုံး ဖွင့်ကြည့်မယ်။ အင်ဂျင်ဝိုင် ဂျိုးတွေရှိနေမယ်ဆို အင်ဂျင် cleaning လုပ်ရမှာ။

☑ ၃။ ကားတစ်စီးလုံး ပတ်လည် အော်ဆေးလား လိုက်ကြည့်မယ်။ တံခါးတွေဖွင့်ပြီး တံခါးဘောင်တွေ အချိုးတွေ အရိုးအစစ်တွေ သပ်ရပ်လား ကြည့်မယ်။ အော်ဆေးလားသိဖို့က ခက်ပါသည်။ သို့သော် ဆေးသားအရောင်လွဲတာ မညီတာ လှိုင်းတွေလိုမျိုး ဖြစ်နေတာ အရိုးအစစ် တွေမညီတာတွေက သေချာကြည့်ရင် မြင်ရပါသည်။ ကားတစ်စီးလုံးမှာ ချိတ်တွေ spot တွေရှိပါတယ်။ အဲဒါတွေက ထိခိုက်မိရင် အော်အတိုင်း ပြန်လုပ်ဖို့မလွယ်ပါဘူး။ တစ်ခုခုကို သံသယရှိတယ်ဆိုရင်
ဘယ်ဘက်နဲ့ညာဘက် တစ်ဖက်နဲ့တစ်ဖက် တူလားကြည့်ပါ။ တံခါးတွေဆေးပြန်မှုတ်ထားတယ်ထင်ရင် ခေါက်ကြည့်ပါ။ သံပြားအသံလား ပတ်တီး အသံလား နားထောင်ပါ။

☑ ၄။ နောက်ဖုံးဖွင့်မယ်။ ချိတ်တွေမှန်ရမယ်။ အတွင်းခန်း အော်ဆေးဖြစ်ရမယ်။

☑ ၅။ အောက်ပိုင်းကြည့်မယ်။ သံချေးအဆွေးရှိလား။
ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။ ကွိုင်စပရိန်တွေ ရှော့ဘားတွေကြည့်မယ်။

☑ ၆။ မီးလုံးတွေ original အမှန်တွေလား။ မှန်တွေလိုက်စစ်မယ် ။ အော်မှန်တွေလား ။ ပြန်ထည့်လား။ မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ဟာတွေလား။ မှန်ဘေးလိုင်နာတွေ သေသပ်လား။ မှန်အကွဲ အက်ရာရှိလား။

☑ ၇။ အတွင်းခန်းကြည့်မယ်။ စီလင် ဒက်ရ်ှဘုတ် ထိုင်ခုံ ဘေးကာဗာတွေ အခြေအနေ။ စတီရာရင် ဂီယာ အမှန်လား။ ကားမှာပါတာတွေ အကုန်စစ် ( TV ထိုင်ခုံမော်တာ seat-heater seat-memory TRC ECO )

☑ ၈။ Original Alloy လား။ ပြန်ထည့်လား။
တာယာတွေကောင်းသေးလား။ လဲရတော့မလား။

☑ ၉။ Model Year ကို internet မှာစစ်ပါ။
https://jpcenter.ru/month
ကား color code ကိုမှန်လား google မှာရှာပြီးစစ်ပါ။
( တစ်စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့ )
ပြောထားတဲ့ ကား Grade ပြည့်လား။
Grade change ထားလား။
( ဥပမာ Wish 2003 XS ဆိုပြီး အနောက်ဘရိတ်က Drum ဖြစ်နေတာမျိုး )

☑ ၁၀။ ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့်မယ်။ AC ဖွင့်ထားမယ်။ အင်ဂျင်အသံ အောက်ပိုင်းအသံ နားထောင်မယ်။ ချိုင့်အသေးလေးတွေကျရင် ဘယ်လိုလဲ။ ရှော့ဘားတွေ ဘွတ်တွေကောင်းလား။ ဘရိတ်ကောင်းလား စမ်းမယ်။ မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မှာ computer ထိုးစစ်မယ် ( ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာကြောက်ရင် )

ကားများသည် brand new ကားများမဟုတ်လို့ အနည်းအများ ပြစ်ချက်ရှိမှာပါ။ စျေးပေါ်မူတည်ပြီး ဝယ်သင့် မဝယ်သင့်ဆုံးဖြတ်ပါ။ အချို့လူများသည် ကားအားလုံးကောင်းပြီး စျေးတန်သော်လည်း ဘန်ဘာ တွင်အဆင်းရာများရှိ၍ မကြိုက်ဟုပြောသည်။ ထို့နောက် အရှေ့ရော အနောက်ပါ တိုက်ထားပြီး ဆေး body ပြန်လုပ်ထားသောကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို ကြားဖူးသည်။
kilo 120000 ကားကို ကီလိုများသည်ဟု kilo 180000 ကို ကီလို 70000 ပြောင်းထားသော ကားကိုဝယ်သည်။ ကီလိုအနည်းအများ အရေးကြီး သော်လည်း အင်ဂျင် ဂီယာဘောက်စ် အောက်ပိုင်း ပိုကောင်းတဲ့ကားကို ယူရပါမည်။
ကီလိုနည်းပြီး ကားကောင်းရင်တော့ အကောင်းဆုံး ပေါ့။

🇲🇲 သိသလောက် မှတ်သလောက် လေးတွေ
တင်ပေးလိုက်ပါသည်။ ကျန်ခဲ့တာတွေလည်းရှိမှာပါ။
ကားဝယ်သူတိုင်း ကားကောင်းရကြပါစေ။

Original uploader
ပြန်လည်မျှဝေပေးခြင်းပါ

Photos from 22 Auto Car Service Center's post 20/03/2025

ဒီ ၂ စီးထပ်ရောက်ပါမယ် ရှယ်လေးတွေ

Swift 2011 XG Grade Push start Digital - 5**

Ciaz 2018 - 8**

📞09 443 947 136

Location - သမိန်ဘရမ်းလမ်း ကြက်ဘဲစျေးအနီး ပုသိမ်ညွန့်၆လမ်းရှေ့ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Ta Main Bayan Street Near Patheinyunt6 Bus Stop
Yangon