Win Digital Learning Hub

Win Digital Learning Hub

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win Digital Learning Hub, School, အမှတ် ၈, စကားဝါခြံ၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။, Yangon.

21/05/2026

သင်တန်းတွေအများကြီးထဲမှ 𝐖𝐢𝐧 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐇𝐮𝐛 သင်တန်းကို ဘာလို့ရွေးချယ်သင့်တာလဲ❓

ဒီနေ့လို ခေတ်ကြီးထဲမှာ ကျောင်းတွေ သင်တန်းတွေကလဲများတာကြောင့် သားသားမီးမီးတို့အတွက် တကယ် Effective ဖြစ်မယ့် ကျောင်းတွေသင်တန်းတွေ ရှာရတာလဲ ခေါင်းကိုက်စရာကိစ္စတစ်ခုပါပဲ။ အသိတွေ မိတ်ဆွေတွေကနေ တစ်ဆင့် ဒီလိုပဲ လိုက်စုံစမ်းရင်း ဟိုအသိကဟိုကျောင်းညွှန် ဒီမိတ်ဆွေက ဒီသင်တန်းတွေညွှန်နဲ့ ဘယ်သင်တန်းထားလို့ထားရမှန်းမသိဖြစ်နေတက်ပါတယ်။

အဲ့အတွက် စိတ်ပူမနေပါနဲ့တော့.....
ဖေဖေမေမေတို့ရဲ့ ခေါင်းကိုက်စရာ သင်တန်းရှာပုံတော်ခရီးကို ဒီမှာတင်ပြီးပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ Win Digital Learning Hub သင်တန်းလေးက ဖေဖေမေမေတို့ရဲ့ သားသားမီးမီးတို့ အနာဂတ်ပညာရေးတွေဖြစ်တဲ့ အဓိက Courses တွေအနေနဲ့ ICT, Coding နဲ့ Robotics Course တွေကို သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

သင်တန်းတွေအများကြီးထဲမှ 𝐖𝐢𝐧 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐇𝐮𝐛 သင်တန်းကို ဘာလို့ရွေးချယ်သင့်တာလဲဆိုတာရယ် သင်တန်းအသေးစိတ်‌တွေကို ပြောပြပေးသွားပါမယ်။

၁) Online နဲ့အဓိက သင်ပေးမှာဖြစ်ပြီး (၂)ပတ်နေမှ Campus ကိုလာရမှာဖြစ်လို့ ကလေးအနေနဲ့ သက်သောင့်သက်သာနဲ့ သင်ကြားနိုင်မှာပဲဖြစ်ပါတယ်။

၂) Course Ware တွေအနေနဲ့လဲ Greece နိုင်ငံအခြေစိုက် နိုင်ငံပေါင်း (၁၃၉) နိုင်ငံသို့ Courseware တွေကိုဖြန့်ဖြူးနေတဲ့ Binary ကထုတ်ဝေတဲ့ Courseware တွေနဲ့ သင်ကြားပေးမှာပဲ ဖြစ်ပါတယ်။

၃) သားသားမီးမီးတို့ကိုလဲ သင်တန်းပြီးသွားတိုင်း Certificate တွေပေးသွားမှာဖြစ်ပြီး Lvl များအားလုံးပြီးဆုံးသွားရင်လဲ နိုင်ငံတကာ အသိအမှတ်ပြု IC3 , ECDL , ICDL နဲ့ Microsoft က Exam တွေကို ဖြေဆိုပြီး Certificate တွေကိုပါ ထပ်မံ ရယူနိုင်မှာပဲ ဖြစ်ပါတယ်။

📚 သင်တန်းတွင် ပါဝင်မည့် အဓိက Course များအနေနဲ့

🔹ICT

🔹Coding

🔹Robotics Course တွေကို သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

သင်တန်းသားအနေနဲ့ အသက် ၅ နှစ် မှစတင်ပြီး တက်ရောက်နိုင်မှာဖြစ်ပြီး ပျော်ရွင်စရာကောင်းတဲ့ ဂိမ်းများ ၊ ပုံပြင်များ ဖြင့် Coding အခြေခံကို စတင်ထိတွေ့ခွင့်ရရှိမှာပဲဖြစ်ပါတယ်

သားသားမီးမီးတို့အတွက် ခိုင်ခံတဲ့ နည်းပညာအခြေခံကို တည်ဆောက်ပေးဖို့ အခုပဲ Win Digital Learning Hub မှာလာရောက် အပ်နှံလိုက်ပါ။

📍 Win Digital Learning Hub

အမှတ် (၈)၊ စကားဝါခြံ၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ 09 977 221 703

✉️ Messenger http://m.me/104842592706983

✨ ကလေးတို့ရဲ့ နည်းပညာအနာဂတ်အတွက် 𝗪𝗶𝗻 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗛𝘂𝗯 ✨

20/05/2026

သားသားမီးမီးတို့ရေ Robotics Project တွေမှာ သုံးတဲ့ Bee Bot နဲ့ M Bot လေးမှာ ဘယ် Robot လေးနဲ့ သင်ရတာပိုသဘောကျကြလဲ။

Command ပေးပြီး ရှေ့တိုးဘယ်ကွေ့ညာကွေ့ Bee Bot လေးလား ဒါမှမဟုတ် Censor လေးနဲ့ သွားတဲ့ M Bot လေးလား 🤖

ဘယ် Robot လေးနဲ့ သင်ရတာ ပိုကြိုက်လဲ❓

1) Bee Bot
2) MBot

📍 Win Digital Learning Hub
အမှတ် (၈)၊ စကားဝါခြံ၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ 09 977 221 703

✉️ Messenger http://m.me/104842592706983

✨ ကလေးတို့ရဲ့ နည်းပညာအနာဂတ်အတွက် 𝗪𝗶𝗻 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗛𝘂𝗯 ✨

13/05/2026

သင်္ချာဆိုတာနဲ့ ပျင်းနေတဲ့ကလေးတွေအတွက် Coding က ဘယ်လို "မှော်တုတ်ချောင်းလေး" ဖြစ်လာနိုင်မလဲ ❓ ✨

ဒီနေ့မှာတော့ သင်္ချာဆိုတာနဲ့ အိပ်ချင်နေတဲ့ သားသားမီးမီးတို့အတွက် Coding က ပေးနိုင်တဲ့ ပျော်စရာ "သင်္ချာကမ္ဘာ" အကြောင်းကို အချက်လေး (၄)ချက်နဲ့ ပြောပြပေးပါမယ်။

၁။ "အဖြေမှန်" ထက် "ဖန်တီးမှု" ကို အရင်တွေ့စေခြင်း (Creation over Calculation) 🎨

သင်္ချာပုစ္ဆာတွက်ရတာ ပျင်းဖို့ကောင်းတာက အဖြေတစ်ခုရဖို့ ဂဏန်းတွေကိုပဲ လုံးပန်းနေရလို့ပါ။ Coding မှာတော့ ကလေးတွေက "ငါ တွက်ချက်လိုက်တဲ့ ဂဏန်းတွေက Game ထဲက ဇာတ်ကောင်ကို ခုန်တက်သွားစေတာပဲ!" ဆိုတဲ့ ရလဒ်ကို ချက်ချင်းမြင်ရပါတယ်။ သင်္ချာကို ပုစ္ဆာအဖြစ်မဟုတ်ဘဲ သူတို့ဖန်တီးချင်တဲ့ Game ရဲ့ "စွမ်းအင်" အဖြစ် မြင်သွားတဲ့အခါ သင်္ချာဟာ ပျော်စရာကြီး ဖြစ်လာပါတယ်။

၂။ Geometry (ဂျီဩမေတြီ) ကို ကစားစရာဖြစ်စေခြင်း 📐

စက်ဝိုင်း၊ စတုရန်း၊ တြိဂံတွေရဲ့ ထောင့်ဒီဂရီတွေကို ကျက်ခိုင်းမယ့်အစား Coding မှာ "စတုရန်းပုံစံ လမ်းလျှောက်မယ့် စက်ရုပ်" ကို ကိုယ်တိုင် Program ရေးခိုင်းကြည့်ပါ။ 90° လှည့်မှ စတုရန်းဖြစ်မယ်ဆိုတာကို လက်တွေ့စမ်းသပ်ရင်း သိသွားတဲ့ကလေးဟာ Geometry ကို ဘယ်တော့မှ မမေ့တော့သလို၊ သင်ယူရတာကိုလည်း စိတ်လှုပ်ရှားလာပါတယ်။

၃။ အမှားလုပ်မိမှာကို မကြောက်တော့ခြင်း (The Joy of Debugging) 🐞

သင်္ချာတွက်လို့ မှားရင် အမှတ်လျှော့ခံရတာ၊ ဆူခံရတာမျိုး ကလေးတွေ ကြောက်တတ်ပါတယ်။ Coding မှာတော့ အမှား (Bug) ဆိုတာ ပြုပြင်ဖို့ အခွင့်အရေးတစ်ခုပါ။ "ဘာလို့ ငါ့စက်ရုပ်က ရှေ့မသွားတာလဲ" ဆိုတာကို ပြန်စစ်ဆေးရင်းနဲ့ ကလေးတွေဟာ Logical Thinking ကို မသိမသာ လေ့ကျင့်ပြီးသား ဖြစ်သွားပါတယ်။ အမှားရှာရတာဟာ "စုံထောက်ကစားနည်း" တစ်ခုလို ဖြစ်လာတဲ့အတွက် စဉ်းစားတွေးခေါ်ရမှာကို မပျင်းတော့ပါဘူး။

၄။ Variable တွေကို မျက်လှည့်ပြခြင်း 🎩

X တို့ Y တို့ဆိုတာ ဘာမှန်းမသိဘဲ ရှာခိုင်းရင် ကလေးတွေ စိတ်ညစ်ပါတယ်။ ဒါပေမဲ့ Coding မှာ "မင်းရဲ့ Game Score က X ဖြစ်တယ်၊ ရန်သူကို ထိရင် X ထဲကို ၁၀ ပေါင်းမယ်" လို့ သင်ပေးလိုက်တဲ့အခါ Variable ဆိုတာဟာ တကယ်အသုံးဝင်တဲ့အရာမှန်း သူတို့ နားလည်သွားပါတယ်။

ကလေးတစ်ယောက် သင်္ချာညံ့တာဟာ ဉာဏ်မကောင်းလို့မဟုတ်ဘဲ သင်ယူပုံနည်းလမ်း (Method) မမှန်လို့ ဖြစ်နိုင်ပါတယ်။ Coding နဲ့ Robotics ဟာ သင်္ချာကို ဖတ်စာအုပ်ထဲကနေ ဆွဲထုတ်ပြီး လက်တွေ့ကမ္ဘာထဲကို ခေါ်ဆောင်လာပေးတဲ့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

သင့်ကလေးကရော သင်္ချာဆို ပျင်းနေပြီလား? ဒါဆိုရင်တော့ သူတို့ကို Coding ဆိုတဲ့ ကစားကွင်းထဲကို လွှတ်ပေးလိုက်ဖို့ အချိန်တန်ပါပြီ။ 🚀💻

📍 Win Digital Learning Hub
အမှတ် ၈၊ စကားဝါခြံ၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ 09 977 221 703

✉️ Messenger http://m.me/104842592706983

✨ ကလေးတို့ရဲ့ နည်းပညာအနာဂတ်အတွက် 𝗪𝗶𝗻 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗛𝘂𝗯 ✨

13/05/2026

ကလေးတို့ရဲ့ Logic စွမ်းရည်ကို မြှင့်တင်ပေးမယ့် Bee-Bot 🐝✨

ဒီနေ့ခေတ် Digital ခေတ်မှာ ကလေးငယ်တွေအတွက် Coding နဲ့ Logic ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတွေ ဖြစ်လာပါပြီ။ ဒါပေမဲ့ ကလေးတွေကို စာအုပ်ကြီးတွေ၊ Screen တွေနဲ့ပဲ ပျင်းစရာကောင်းအောင် သင်ပေးမှာလား❓ 🤔

Win Digital Learning Hub မှာတော့ ကလေးတို့ရဲ့ အချစ်တော် Bee-Bot လေးတွေရှိပါတယ်။

🐝 ကလေးတွေ ဘာကြောင့် Bee-Bot ကို သဘောကျကြတာလဲဆိုတာသိလား❓

Bee-Bot လေးရဲ့ ဝါဝါဝင်းဝင်း ခန္ဓာကိုယ်နဲ့ ချစ်စရာကောင်းတဲ့ ပုံစံဟာ ကလေးငယ်တွေကို မြင်မြင်ချင်း ဆွဲဆောင်နိုင်ပါတယ်။ ကစားစရာအရုပ်လေးတစ်ခုလို ထိတွေ့ကိုင်တွယ်လို့ရတဲ့အတွက် သင်ယူမှုဆိုတာထက် ကစားနေရသလို ခံစားချက်မျိုးကို ပေးစွမ်းနိုင်လို့ ကလေးတွေက သင်ယူရမှာကို မကြောက်တော့ဘဲ သင်ယူဖို့ကို စိတ်အားထက်သန်လာကြပါတယ်။

🕹️ Programming ရဲ့ အခြေခံ "Logic" ကို လက်တွေ့သင်ယူခြင်း

Bee-Bot ရဲ့ ကျောကုန်းပေါ်မှာ အရိုးရှင်းဆုံး Directional Keys (ရှေ့၊ နောက်၊ ဘယ်၊ ညာ) လေးတွေ ပါဝင်ပါတယ်။

"Bee-Bot လေး ပန်းတိုင်ရောက်ဖို့ ဘယ်နှချက်နှိပ်ရမလဲ?" ဆိုတဲ့ မေးခွန်းကနေစပြီး ကလေးတွေဟာ -
🔹 အစီအစဉ်တကျ စဉ်းစားတတ်လာခြင်း (Sequencing)
🔹 ဦးတည်ချက်တွေကို နားလည်သဘောပေါက်လာခြင်း (ဘယ်၊ညာ၊ရှေ့၊နောက်)
🔹 Computational Thinking ကို တိုးတက်စေခြင်း (တွက်ချက်စဉ်းစားမှုစွမ်းရည်)
🔹 အမှားတွေကိုမကြောင်တော့ပဲ အမှန်ပြင်နိုင်လာခြင်းနှင့် ပြသာနာဖြေရှင်းနိုင်ခြင်း (Debugging) (Problem Solving)
🔹 Programming ရဲ့ အခြေခံသဘောတရားတွေကို Coding မရေးတတ်ခင်ကတည်းက လက်တွေ့ကျကျ သိရှိလာစေပါတယ်။

🌟 Win Digital Learning Hub ရဲ့ ICT, Coding & Robotics သင်တန်းတွေမှာ Bee-Bot လေးတွေနဲ့အတူ ကလေးတို့ရဲ့ အနာဂတ်အတွက် လိုအပ်တဲ့ Logic စွမ်းရည်တွေကို အကောင်းဆုံး ပျိုးထောင်ပေးနေပါပြီ။

မိမိတို့ရဲ့ ရင်သွေးငယ်တွေကို နည်းပညာနဲ့ ရင်းနှီးပြီး စဉ်းစားတွေးခေါ်မှု အားကောင်းတဲ့ ကလေးငယ်များအဖြစ် ပြုစုပျိုးထောင်ချင်တယ်ဆိုရင်တော့...
📩 Win Digital Learning Hub ရဲ့ Messenger မှာ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

📍 Win Digital Learning Hub
အမှတ် ၈၊ စကားဝါခြံ၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ 09 977 221 703

✉️ Messenger http://m.me/104842592706983

✨ ကလေးတို့ရဲ့ နည်းပညာအနာဂတ်အတွက် 𝗪𝗶𝗻 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗛𝘂𝗯 ✨

11/05/2026

Win Digital Learning Hub သင်တန်းလေးရဲ့ May Batch အတန်းလေးစဖို့ (5)ရက်ပဲလိုတော့တယ်နော် 📢

ဖေဖေမေမေတို့ရဲ့ သားသားမီးမီးတို့ အနာဂတ်အတွက် စိတ်ချရမယ့် သင်တန်းရှာနေပါသလား❓
ဒါဆို သင်တန်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ...

Win Digital Learning Hub May Batch အတန်းလေးကို Weekend ဖြစ်တဲ့ စနေ၊တနင်္ဂနွေရက်မှာ ဖွင့်လှစ်ထားတာကြောင့် သားသားမီးမီးတို့အတွက် ကျောင်းစာကို မထိခိုက်စေဘဲ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်မှာပါ။

Win Digital Learning Hub သင်တန်းလေးမှာသင်ကြားပေးမယ့် ဘာသာရပ်တွေကတော့

🔹ခေတ်သစ်ပညာရေးစနစ်တွင် မရှိမဖြစ်လိုအပ်သော ICT အခြေခံနှင့် အဆင့်မြင့် နည်းပညာရပ်များ

🔹အနာဂတ်မှာ Third Language တစ်ခုဖြစ်လာမယ့် Coding ဘာသာရပ်များ

🔹ကိုယ်တိုင်ဖန်တီးနိုင်သည့် နည်းပညာရှင် (Creator) တစ်ဦးအတွက် လိုအပ်သည့် အခြေခံအကျဆုံးသော Robotics ဘာသာရပ်တွေကို သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

သင်တန်းအသေးစိတ်ကို အောက်တွင်ဆက်လက်ကြည့်ရှုနိုင်ပါသည်။

🗓️ 𝐃𝐚𝐭𝐞 & 𝐓𝐢𝐦𝐞

Batch Start Date : May 16, 2026 (Saturday)
Class Days : Every Saturday and Sunday (Weekend Class)
Class Time : 01:00 PM – 03:00 PM

ဖေဖေမေမေတို့ရဲ့ သားသားမီးမီးတွေ အနာဂတ်မှာ ထွန်းလင်းတောက်ပတဲ့ နည်းပညာရှင်တွေဖြစ်လာဖို့ အခုပဲ Win Digital Learning Hub ရဲ့ ICT, Coding & Robotics May Batch အတန်းလေးကို လာအပ်ထားလိုက်တော့နော်....

ဪ ဒါနဲ့ Early Bird Discount 20% လေးလဲရှိတာမို့မြန်မြန်လေး စာရင်းလာပေးလိုက်တော့နော်...

📍 Win Digital Learning Hub
အမှတ် (၈)၊ စကားဝါခြံ၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ 09 977 221 703

✉️ Messenger http://m.me/104842592706983

✨ ကလေးတို့ရဲ့ နည်းပညာအနာဂတ်အတွက် 𝗪𝗶𝗻 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗛𝘂𝗯 ✨

11/05/2026

🚀 𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 𝟐𝟎% 𝐎𝐅𝐅 🎉

Win Digital Learning Hub ရဲ့ ICT, Coding & Robotics May Batch အတန်းလေးဟာ မကြာခင်ဖွင့်လှစ်တော့မှာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက် May Batch အတန်းလေးမှာဆိုရင်တော့ Early Bird Discount လေးလဲရှိပြီး ( 𝟏𝟑.𝟓.𝟐𝟎𝟐𝟔 ) မတိုင်မီ စာရင်းပေးသွင်းအပ်နှံသူများကတော့ ( 𝟐𝟎% ) Off နှင့် အပ်နှံနိုင်မှာပဲဖြစ်ပါတယ်။

ဒါကြောင့် Early Bird Discount လေးမလွှတ်သွားအောင် သားသားမီးမီးတို့အတွက် သင်တန်းလေးကို အမြန်ဆုံးလေး လာအပ်နှံထားလိုက်တော့နော်......

🗓️ 𝐃𝐚𝐭𝐞 & 𝐓𝐢𝐦𝐞

Batch Start Date : May 16, 2026 (Saturday)
Class Days : Every Saturday and Sunday (Weekend Class)
Class Time : 01:00 PM – 03:00 PM

📍 Win Digital Learning Hub
အမှတ် (၈)၊ စကားဝါခြံ၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ 09 977 221 703

✉️ Messenger http://m.me/104842592706983

✨ ကလေးတို့ရဲ့ နည်းပညာအနာဂတ်အတွက် 𝗪𝗶𝗻 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗛𝘂𝗯 ✨

10/05/2026

"𝐌𝐁𝐨𝐭 လေးနဲ့သင်ယူခြင်းဖြင့် သားသားမီးမီးတို့ ရရှိလာမယ့် 𝐒𝐤𝐢𝐥𝐥 (၅)ခု" ✨

Win Digital Learning Hub ရဲ့ ICT, Coding & Robotics Class အတန်းလေးမှာဆို သားသားမီးမီးတို့ စိတ်ဝင်တစားနဲ့ လက်တွေ့ကျကျသင်ယူနိုင်အောင် Robot လေးတွေနဲ့ သင်ကြားပေးတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင်တန်းထဲက Robot တွေထဲက တစ်ခုဖြစ်တဲ့ Mbot လေးနဲ့ သင်ယူခြင်းဖြင့် သားသားမီးမီးတို့ ကျွမ်းကျင်လာနိုင်တဲ့ Skill (၅)ခုကို ပြောပြပေးပါမယ်။

၁။ အခြေခံ Coding နှင့် Algorithm ဆိုင်ရာ ကျွမ်းကျင်မှု

လုပ်ငန်းစဉ်တစ်ခုကို အဆင့်ဆင့် စနစ်တကျ စဉ်းစားတွေးခေါ်တတ်လာမယ်။
ကုဒ်တွေကို ရိုက်စရာမလိုဘဲ Block လေးတွေ ဆွဲဆက်ရုံနဲ့ Program တွေကို တည်ဆောက်တတ်လာမယ်။ စက်ရုပ်တစ်ရုပ် ရှေ့သွားဖို့၊ ကွေ့ဖို့အတွက် လိုအပ်တဲ့ ညွှန်ကြားချက်တွေကို အစီအစဉ်တကျ ရေးသားတတ်လာမှာပဲဖြစ်ပါတယ်။

၂။ STEM (Science, Technology, Engineering, Math)

စက်ရုပ်တစ်ရုပ်မှာ ပါဝင်တဲ့ Sensor တွေ၊ Motor တွေနဲ့ Mainboard တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို လက်တွေ့ သိရှိလာမှာပဲဖြစ်ပါတယ်။ စက်ရုပ်ကို ကိုယ်တိုင် တပ်ဆင် ရတာဖြစ်လို့ Mechanical အခြေခံတွေကို နားလည်လာမယ်။ အကွာအဝေး၊ အမြန်နှုန်းနဲ့ ထောင့် (Angle) တွက်ချက်မှုတွေကို စက်ရုပ်မောင်းနှင်ရင်း လက်တွေ့ အသုံးချတတ်လာမှာပဲဖြစ်ပါတယ်။

၃။ ပြဿနာ ဖြေရှင်းနိုင်စွမ်း (Problem-Solving Skills)

ကုဒ်ရေးလိုက်လို့ စက်ရုပ်က ကိုယ်ဖြစ်စေချင်သလို မလုပ်တဲ့အခါ ဘယ်နေရာမှာ မှားနေလဲဆိုတာကို ရှာဖွေပြီး ပြန်ပြင်တတ်လာမှာပဲဖြစ်ပါတယ်။

၄။ တီထွင်ဖန်တီးနိုင်စွမ်း (Creativity & Innovation)

mBot ကို အခြေခံပြီး ကိုယ်ပိုင် Idea သစ်တွေ (ဥပမာ- ဘောလုံးကန်တဲ့စက်ရုပ်၊ လမ်းပြစက်ရုပ်) အဖြစ် ပြောင်းလဲဖန်တီးနိုင်လာပြီး ကိုယ်ပိုင် Project တစ်ခုကို အစမှ အဆုံး တည်ဆောက်ပြီး စိတ်ကူးတွေကို လက်တွေ့ အကောင်အထည်ဖော်လာနိုင်မှာပါ။

၅။ စိတ်ရှည်သည်းခံမှုနှင့် အာရုံစူးစိုက်မှု (Focus & Patience)

စက်ရုပ်တပ်ဆင်တာကနေ ကုဒ်ရေးတာအထိ အဆင့်တိုင်းမှာ အသေးစိတ် ဂရုစိုက်ရတာကြောင့် ကလေးတွေရဲ့ အာရုံစူးစိုက်မှုအား (Attention Span) ပိုကောင်းလာစေပါတယ်။

➖➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖

ICT, Coding & Robotics နည်းပညာတွေက အနာဂတ်မှာ ပိုမိုကျယ်ပြန့်လာမှာဖြစ်တာကြောင့်
သားသားမီးမီးတို့ ငယ်စဥ်ကတည်းက နည်းပညာနဲ့ မစိမ်းအောင် ပြုလုပ်ပေးထားသင့်ပါတယ်။
ဖေဖေမေမေတို့ရဲ့ သားသားမီးမီးတို့ရဲ့ အနာဂတ်မှာ နည်းပညာနဲ့ပက်သက်ပြီး ထူးချွန်စေချင်တယ်ဆို
Win Digital Learning Hub အတန်းလေးကို လာရောက်အပ်နှံထားလိုက်ပါနော်.....

📍 Win Digital Learning Hub
အမှတ် (၈)၊ စကားဝါခြံ၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ 09 977 221 703

✉️ Messenger http://m.me/104842592706983

✨ ကလေးတို့ရဲ့ နည်းပညာအနာဂတ်အတွက် 𝗪𝗶𝗻 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗛𝘂𝗯 ✨

07/05/2026

"ICT, Coding & Robotics Online Class May Batch သင်တန်းအသေးစိတ်"

ဒီနေ့ခေတ်မှာ ဖေဖေမေမေတို့ရဲ့ သားသားမီးမီးအတွက် ICT, Coding & Robotics ဟာ အနာဂတ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အတက်ပညာတစ်ခု ဖြစ်လာပါပြီ။ သားသားမီးမီးတို့ရဲ့ အချိန်ကိုအကျိုးရှိဆုံး အသုံးချနိုင်ဖို့နဲ့ အနာဂတ်အတွက် လိုအပ်တဲ့ Skill တွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ Win Digital Learning Hub မှ May Batch အသစ်ကို ဖွင့်လှစ်လိုက်ပါပြီ။

Win Digital Learning Hub သင်တန်းရဲ့ ဘာသာရပ်တွေနဲ့ သင်တန်းအသေးစိတ်ကို ဆက်လက်ပြီးပြောပြပါရစေ။

📚 သင်တန်းတွင် ပါဝင်မည့် အဓိကဘာသာရပ်များအနေနဲ့

ICT Basics: Computer Fundamentals, Internet Safety နဲ့ ရုံးသုံး Software များအခြေခံ။

Coding (Scratch/Blockly): ကိုယ်ပိုင် Game များ၊ Animation များ ဖန်တီးရင်း Programming Logic ကို ပျော်ပျော်ရွှင်ရွှင် လေ့လာခြင်း။

Robotics Concepts: Robot များ အလုပ်လုပ်ပုံအခြေခံနှင့် Hardware/Software ဆက်သွယ်ပုံများကို သင်ယူရမှာပဲဖြစ်ပါတယ်။

သင်တန်းသားအနေနဲ့ အသက် ၅ နှစ် မှစတင်ပြီး တက်ရောက်နိုင်မှာဖြစ်ပြီး ပျော်ရွင်စရာကောင်းတဲ့ ဂိမ်းများ ၊ ပုံပြင်များ ဖြင့် Coding အခြေခံကို စတင်ထိတွေ့ခွင့်ရရှိမှာပဲဖြစ်ပါတယ်

🗓️ Date & Time

Batch Start Date : May 16, 2026 (Saturday)

Class Days : Every Saturday and Sunday (Weekend Class)

Class Time : 01:00 PM – 03:00 PM

ပညာရေးကို တန်ဖိုးထားတဲ့ မိဘများအနေနဲ့ မိမိတို့ရင်သွေးငယ်တွေရဲ့ အနာဂတ်အတွက် အကောင်းဆုံးသင်တန်းကိုရှာနေတာဆိုရင် Win Digital Learning Hub ကိုလှမ်းလာခဲ့ပါနော်.....

⚠️သင်တန်းသားဦးရေ ကန့်သတ်ထားသဖြင့် ရှေ့တစ်ခေါက်ကလိုမျိုး မမှီတာမဖြစ်ရလေအောင် မြန်မြန်လေးစာရင်းလာသွင်းလိုက်တော့နော်....

သင်တန်းနှင့်ပက်သက်ပြီး အသေးစိတ်ဆက်သွယ်စုံစမ်းလိုလျှင်

✉️ Messenger http://m.me/104842592706983 နှင့် ဖုန်းနံပါတ် ☎️ 09 977 221 703 တို့မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

📍 Win Digital Learning Hub

အမှတ် (၈)၊ စကားဝါခြံ၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ 09 977 221 703

✨ ကလေးတို့ရဲ့ နည်းပညာအနာဂတ်အတွက် 𝗪𝗶𝗻 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗛𝘂𝗯 ✨

04/05/2026

ရှေ့ Batch တုန်းက မမှီလိုက်တဲ့ သားသားမီးမီးတို့အတွက် May လ အတန်းသစ်လေးလာပါပြီ ✨📢

Win Digital Learnign Hub ရဲ့ ICT, Coding & Robotics အတန်းသစ်လေးကို လာမယ့် မေလ (၁၆)ရက်နေ့မှာ ထပ်မံဖွင့်လှစ်တော့မှာပဲဖြစ်ပါတယ်။

ဖေဖေမေမေတို့ရဲ့ တောင်းဆိုမှုတွေကြောင့် March လ အတန်းကို မမှီလိုက်တဲ့ သားသားမီးမီးတို့အတွက် ပုံမှန် June မှဖွင့်မယ့်အတန်းလေးကို အခုဆိုရင် May လထဲက စတင်ပြီး ဖွင့်လှစ်ပေးတော့မှာပဲဖြစ်ပါတယ်။ ✨

⚙️ယနေ့ခေတ် Digital ကမ္ဘာကြီးမှာ ရှင်သန်မယ့် သားသားမီးမီးတို့အတွက် နည်းပညာတွေက အလွန် အရေးပါလာတာကြောင့် ICT, Coding & Robotics စတဲ့ Skill တွေကို သင်ယူထားဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ဖေဖေမေမေတို့ရဲ့ သားသားမီးမီးလေးတွေအတွက် ICT, Coding & Robotics ကို တစ်နေရာထဲမှာ သင်ယူနိုင်မယ့် သင်တန်းမျိုးလေးတွေရှာနေတာဆိုရင်တော့ ဒီ ICT, Coding and Robotic All in One Class လေးက အသင့်တော်ဆုံးပါပဲ။

အတန်းလေးကိုတော့ စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာ အိမ်ကနေ Zoom နဲ့ Join ကာ သင်ယူရမှာဖြစ်ပြီး Robotics Project တွေအတွက်က (၂)ပတ်လျှင် တစ်ရက်သာ Campus ကို လာရောက်ရမှာပဲဖြစ်ပါတယ်။

သင်တန်းလေးကိုတော့ Level 1 ( Kids ) နဲ့ Level 2 ( Adults/Teens ) ဆိုပြီးဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။

Level 1️⃣ ( Kids ) မှာဆိုရင်တော့ အသက် (၆-၁၀) နှစ်သားသားမီးမီးတို့အတွက် ICT, Coding & Robotics ရဲ့ Basic အခြေခံတွေကို ပျော်ရွင်စရာကောင်းတဲ့ ကစားနည်းလေးတွေနဲ့ သင်ကြားရမှာပဲဖြစ်ပါတယ်။

Level 2️⃣ ( Adult/Teen ) မှာကတော့ အသက် (၁၀)နှစ်မှစပြီး Python Coding , Website Developing Course တွေ Robotics ပိုင်းတွေကို Advance lvl အထိ သင်ကြားရမှာပဲဖြစ်ပါတယ်။

တန်းခွဲတစ်ခုချင်းဆီမှာလဲ သင်တန်းသားဦးရေ ကန့်သတ်ထားတာကြောင့် ရှေ့အတန်းကလို မမှီလိုက်ရတာမျိုး မဖြစ်ရလေအောင် မြန်မြန်လေး လာရောက် အပ်နှံလိုက်တော့နော် 📢

ဪ ဒါနဲ့ Early Bird Discount လေးလဲရှိတာမို့ အမြန်အပ်ဖို့တော့ လိုပါလိမ့်မယ် ❤️👋🏻

📍 Win Digital Learning Hub
အမှတ် (၈)၊ စကားဝါခြံ၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ 09 977 221 703

✨ ကလေးတို့ရဲ့ နည်းပညာအနာဂတ်အတွက် 𝗪𝗶𝗻 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗛𝘂𝗯 ✨

01/05/2026

"အလုပ်သမားနေ့"

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အား ကြိုဆိုပါသည်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


အမှတ် ၈, စကားဝါခြံ၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
Yangon
11062