MYT Delivery
China Supplier and delivery service
04/01/2021
မင်္ဂလာရှိသောညချမ်းလေးပါ🤗🤗
Online shopping အလုပ်တွေများလာတဲ့ အချိန် delivery service ဆိုတဲ့ အခန်း ကဏ္ဏက အရေးပါတဲ့ နေရာတစ်ခုကနေ နေရာရလာပါတယ်🚚🚚
OS သမားတွေအတွက်ကော ဝယ်ယူတဲ့ customer တွေအတွက်ပါ စျေးသင့်တော်ပီးအချိန် မြန်ဆန် တဲ့ delivery service ဆိုတာ အားလုံးမျော်လင့်နေကြတာပါ 🤔🤔
အဲ့လို အိပ်မက် ၂ ခုလုံးကို အပြည့်အဝ ပေးစွမ်းနိုင်တာကတော့ ဝေးဝေးပြေးရှာမနေနဲ့ ဒီ သဘောကောင်းမနေကောင်းး MYT ရှိတယ်နော် လို့ လက်တို့ လိုက်ပါရစေ 😎😎😎
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျာ ကြိုရှင်းပါပါသေးတာနော် OS သမားလည်း deli လိမ်မှာ စိတ်ပူစရာမလို တော့ဘူးလေ 😇😇😇
Food order ကော ပို့ဦးမလား ခုယူခုပို့ service နော် 🤓🤓🤓
အော် ဒါနဲ့ ကြော်ငြာလေးတစ်ခုလည်း ထပ်ဝင်ဦးမယ် ။ကျနော်တို့ MYT ကနေ OS လုပ်နေတဲ့ သူတွေအတွက်ကော ခုမှ OS စလုပ်ချင်တဲ့သူတွေအတွက်ပါ China direct supplier လုပ်ပေးဦးမှာပါဗျားး 😍😍😍
Taobaoလို့ လူသိများတဲ့ China shopping page လေးက စျေးအတန် ဆုံးလေးတွေကို percentage နည္းည္းတန်ဆာခ နည်းနည်း န့ဲ အိမ်အရောက် ဝန်ဆောင်မှုပါပေးနေပီနော် 😚😚😚
App မသုံးတတ်ဘူးလား ရသေးတယ်။ပညာဒါန သင်ပေးဦးမှာပါဗျားး 😍😍😍
ကဲ အမြန် လာ Cb သို့ ကြွလှမ်းခဲ့ကြပါ 📢📢📢📢📢
နှစ်သစ် မှာ ကိုယ်ရောစိတ်ပါ ကျန်းမာ ရွှင်လန်းကြပါစေကြောင်း MYT Delivery Service မှ မိဘပြည်သူများကို ဆုမွန်ကောင်းပါးအပ်ပါတယ် ခင်ဗျာ 🤗🤗🤗♥♥
01/12/2020
Online မှ စီးပွားရေး လုပ်နေတဲ့ လုပ်ငန်းရှင်များ စိတ်ချရတဲ့ စျေးနှုန်းမှန်ကန်တဲ့ Delivery service ရှာနေတယ်ဆိုရင်တော့
MYT delivery service လေးနဲ့ မိတ်ဆက်ပေးပရစေ
*Saving your time is our goal * ဆိုတဲ့ စောင်ပုဒ်နှင့်အညီ လူကြီးမင်းတို့ရဲ့ တန်ဖိုးအရှိဆုံးအချိန်ကို မဆုံးရှုံးရအောင် ကျွန်တော်တို့ MYT မှ မြန်ဆန်စိတ်ချရဆုံး delivery ဝန်ဆောင်မှုပေးနေပါပြီ
🙋 တကယ်ရောမြန်ဆန်စိတ်ချရရဲ့လား?
ဟုတ်ကဲ့ ကျွန်တော်တို့ delivery team က လူကြီးမင်းတို့ဆီ မပို့ဆောင်ခင်ကတည်းက way တွေကို သေချာရေးဆွဲထားလို့ပါ
ဒါပဲလားဆို မဟုတ်ပါဘူး order တွေကို ကျွန်တော်တို့ limit တစ်ခုနဲ့ လက်ခံတဲ့အတွက်ကြောင့် မနိုင်မနင်းမဖြစ်ပဲ အချိန်မှီပို့နိုင်လို့ပါပဲ
🙋 ဘာကြောင့် ရွေးချယ်သင့်တာလဲ ?
ကျွန်တော်တို့ service က မြန်ဆန်မှုကြီးပဲ မဟုတ်ပဲ စိတ်ချရမှုကိုပါ တန်ဖိုးထားလို့ ပါပဲ
💡ဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်းတွေ ကိုမသယ်ဆောင်ခြင်း
💡ယခု ဖြစ်ပွားနေတဲ့ covid 19 ကပ်ရောဂါ မှကင်းဝေးအောင် delivery car ကို အမြဲဆေးကျောထားခြင်း
💡ပို့ဆောင်ပေးသော delivery ဝန်ထမ်းများ mask faceshield ဝတ်ခြင်း hand hygiene လက်ဆေးခြင်းတွေလိုက်နာခြင်း
💡ကွဲရှနိုင်သော ပစ္စည်းများအား သေချာစွာ ဂရုစိုက် သယ်ဆောင်ခြင်း
စသဖြင့် delivery အပ်သူရော လက်ခံရရှိသူရော စိတ်ချရအောင် စီမံဆောင်ရွက်ထားပါတယ်
🙋 ဘယ်လို ဆက်သွယ်ရမလဲ ?
ကျွန်တော်တို့ MYT delivery service team မှ hotline နှင့်ရော CB မှရော ၂၄ နာရီဝန်ဆောင်မှုရှိပါသည်
📞09 785 074 624
📞09 789 546 340
👮 MYT delivery service အား သုံးစွဲသူ လုပ်ငန်းရှင်များ customer များ တစ်ယောက်ဆီတိုင်းကို ကျေးဇူးတင်ရှိပါသည်
🙏🙏🙏 covid ကပ်ရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေ
😷 mask တပ်ပါ၊ လက်ခနခနဆေးပါ၊ ၆ ပေကွာနေပါ
Delivery ပို့ချင်းနှင့် Covid 19😅😅😅
Crd - Thoe Htein
(Deli) "ဟယ်လို ... အစ်ကိုရေ မှာထားတဲ့ပစ္စည်းလေး လာပို့ချင်လို့ .. အစ်ကို့အိမ် လမ်းညွှန်ပေးပါခင်ဗျ"
(နုပ်) "ညီ ဘယ်ဖက်ကနေလာမှာလဲ"
(Deli) "ကျွန်တော် ဗလီထိပ်မီးပွိုင့်နားကခင်ဗျ"
(နုပ်) "အိုကေ ... ဒါဆို ရှေ့ကိုဆက်လာလိုက် ... မြောင်းကြီးကျော်ရင် တရားရုံးရှိတဲ့လမ်းကို ဝင်လိုက် ... Lockdown ချထားတဲ့ တိုက်ကို ကျော်လာလိုက် ... ရှေ့လမ်းကျ ဘယ်ချိုး ... နောက်ထပ် Lockdown ကျနေတဲ့တိုက် ရှိတဲ့လမ်းကို မဝင်နဲ့ .. ကျော်လိုက် ... နောက်တစ်လမ်းကိုလည်း မဝင်နဲ့ .. အဲဒီ့လမ်းလဲ Lockdown ကျနေတဲ့တိုက် ရှိတယ် ... နောက်တစ်လမ်းက အစ်ကို့လမ်း ... ကျော်မသွားနဲ့နော် ... ကျော်သွားရင် နောက်လမ်းတွေမှာလည်း Lockdown ကျနေတဲ့တိုက်တွေရှိတယ် ..."
(Deli) "ဒါဆို အစ်ကို့လမ်းက Lockdown မရှိဘူးပေါ့နော်"
(နုပ်) "အင်း ... ဝင်လာလိုက်လေ ... လမ်းထိပ်က ဆွမ်းလောင်းရုံကျော်ရင် ဒုတိယတိုက် ... "
(Deli) 'အဲဒီ့တိုက်လားဟင်"
(နုပ်) "မဟုတ်ဘူး ... အဲဒီ့တိုက်က Lockdown ကျနေတာ ... အဲဒီ့တိုက် တစ်တိုက်ကျော်က အစ်ကို့နေရာပဲ ... 😏 ကြောက်ပြီး ရထားလမ်းဖက်က ဝင်မလာနဲ့နော် ... အဲဒီ့ဖက်ထိပ်မှာ Lockdown ကျနေတဲ့ တိုက်ရှိတယ် ..."
(Deli) "ဗျာ ... ဟုတ်ဟုတ် ... ခု မြန်မြန်လာမယ်နော်"
(နုပ်) "အေးအေး ... ည ၈ နာရီမကျော်စေနဲ့"
(Deli) "ဗျာ ... ဘာလို့လဲ"
(နုပ်) "ည ၈ နာရီ သတင်းတက်ပြီးတာနဲ့ ဘာမှမသေချာတော့ဘူး ... တော်ကြာ မင်းပါ ပစ္စည်းမရောင်းရဘဲ Lockdown ဖြစ်သွားမှာစိုးလို့"
(Deli) "ငင် 🥴🥴🥴"
(မှတ်ချက် ... ဟာသအမြင်သက်သက်ဖြင့်သာဖတ်ရှုပါရန် ... မွန်းကျပ်နေသော စိတ်တွေအတွက် ထွက်ပေါက်အနေဖြင့် ...
Lockdown ပတ်လည်ဝိုင်းနေတဲ့ ကိုယ်တို့ရဲ့ ရပ်ကွက်လေး 🥴🥴🥴)
03/09/2020
Covid second wave နှင့် Delivery service
Delivery service ( အိမ်အရောက် ပစ္စည်းပို့ ဝန်ဆောင်မှု) ဟာ covid ကာလမှာ အလွန်တွင်ကျယ်လာပါတယ် အထူးသဖြင့် covid ဒုတိယလှိုင်းမှာ ပိုပြီးတွင်ကျယ်လာပါတယ်
တွင်ကျယ်လာမှုနဲ့အမျှ သုံးစွဲသူများလာသလို စိုးရိမ်သူတွေလဲရှိလာပါတယ်
ဘယ်လိုစိုးရိမ်မှုတွေရှိနေပြီလဲ 🤔🤔
အမေးအများဆုံးမေးခွန်းတွေနဲ့ ကာကွယ်မှုလေးတွေ တင်ပေးလိုက်ပါတယ်
- Delivery နဲ့ကရော ပိုးမကူးမှာ စိတ်ချရလား
- Delivery ပို့တဲ့လူကနေ ကူးရင်ရော
- ကူးနိုင်ခြေရှိရင်တော့ ကိုယ်တိုင်ပဲသွားဝယ်မှာပေါ့
- လာပို့တယ့်သူကို အဖျားတိုင်းပြီးမှ ပစ္စည်းလက်ခံရမှာလား
ဒီေမးခွန်ေတွအတွက်ကတော့ ၂ ဦး ၂ ဖက်လုံးကာကွယ် ရမှာပါ
Delivery ပို့သူ Bike rider ပဲဖြစ်ဖြစ် ကားနဲ့ပို့သူပဲဖြစ်ဖြစ် covid prevention ကာကွယ်မှုတွေစနစ်တကျလိုက်နာရမှာပါ
အဖျားရှိနေရင် လုံးဝပို့လို့မရပါဘူး
ချောင်းဆိုးမောကျပ်နေရင် မရပါဘူး
Mask တပ် လက်ကို ပစ္စည်း သို့မဟုတ် အစားအသောက် မယူခင် နှင့် ပို့ပြီးမှာ စက္ကန့် ၂၀ ကြာအောင် ဆေးရမှာဖြစ်ပါတယ်
Face shield တပ်နိုင်ရင်ပိုကောင်းပါတယ်
Customer သုံးစွဲသူ မှာယူသူကလဲ ပစ္စည်းလက်ခံပြီး ငွေရှင်းပြီးရင် လက်ကို စက္ကန့် ၂၀ ဆေးရပါမယ်
လက်ခံရရှိသည့္အချိန်မှာ Mask တပ်ထားဖို့လိုပါမယ်
ဒါတွေ ၂ ဦး ၂ ဖက်လုပ်နိုင်ရင် ရောဂါကူးစက်မှာကာကွယ်နိုင်ပါတယ်
Delivery service အသုံးပြုခြင်းဟာ ကိုယ်တိုင်သွားရောက် ဝယ်ယူခြင်းထက် ပိုပြီး safe ဖြစ်ပါတယ် ( ချွင်းချက် - စနစ်ကျပြီး စည်းကမ်းလိုက်နာတယ့် delivery service ဖြစ်ရပါမယ်)
Contact ထိတွေ့ချိန် အရမ်းနဲတဲ့အတွက်
ရောဂါကူးဆက်နိုင်ခြေအရမ်းနည်းပါတယ်
Crowded area လူများတယ့်နေရာတွေ သွားစရာမလိုတဲ့ အတွက် ရောဂါကူးဆက်နိုင်ခြေအရမ်းနည်းပါတယ်
Delivery service သုံးစွဲခြင်းဖြင့် စိုးရိမ်ပူပန်မှုမရှိအောင် ကြိုတင်ကာကွယ်နိုင်အောင် Best and safe delivery service ကိုရွေးချယ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11221