Baby Boo Myanmar
အရည်အသွေးကောင်းမွန်သော ကလေးအဝတ်အထည်များကိုသာ ချိုသာသောစျေးနှုန်းဖြင့်ရောင်းချပေးပါသည်၊၊
ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ် နှင့် ရှန်းယန်တို့မှ အရည်အသွေးကောင်းမွန်သော ကလေးအဝတ်အထည်များကို ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပါသည်။
📦 Delivery Information
🚚 Order တင်ပြီး 1-3 ရက်အတွင်း ပို့ဆောင်ပေးပါသည်။
📍 ရန်ကုန်မြို့တွင်း – အိမ်အရောက် ပို့ဆောင်ပေးပါသည်။
📍 နယ်မြို့အများစု – အိမ်အရောက်ငွေချေ (Cash on Delivery) ဖြင့် ပို့ဆောင်ပေးပါသည်။
📍 အိမ်အရောက်ငွေချေ မရနိုင်သော နယ်မြို့အချို့အတွက် – ငွေလွှဲဝင်ပြီးနောက် ကားဂိတ် သို့မဟုတ် အရောက်ပို့ဝန်ဆောင်မှုဖြင့် ပို့ဆောင်ပေးပါသည်။
📩 Order မှာယူလိုပါက Page Messenger မှ တစ်ဆင့် ဆက်သွယ်မှာယူနိုင်ပါသည်။
🙏 ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ရှင် 💕
31/05/2026
Customers Reviews 💬💖
မေမေတို့ရဲ့ ယုံကြည်အားပေးမှုနဲ့ အဖိုးတန် Review လေးတွေက ကျွန်မတို့အတွက် အားအင်တစ်ခုပါရှင် 🙏💕
အထည်အရည်အသွေးကောင်းမွန်မှု၊ ဒီဇိုင်းလှပမှုနဲ့ ဝန်ဆောင်မှုအပေါ် စိတ်ကျေနပ်ပြီး Review လေးတွေ ပေးထားတဲ့ Customer တစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🥰
⭐ Quality ကောင်း
⭐ ချည်သားနူးညံ့
⭐ Design လှ
⭐ စျေးနှုန်းသင့်တင့်
မေမေတို့ရဲ့ အားပေးမှုတိုင်းကို တန်ဖိုးထားပါတယ်ရှင် 💕
နောက်ထပ် Review လေးတွေကိုလည်း အမြဲကြိုဆိုလျက်ပါ 🥰✨
💖
31/05/2026
🌿 ဝါးသားလက်ရှည် ဘီရှည် Set 🌿
နူးညံ့ပျော့ပြောင်းတဲ့ ဝါးသားချည်သားဖြင့် ချုပ်လုပ်ထားပြီး ကလေးများ နေ့စဉ်ဝတ်ဆင်ရန် အဆင်ပြေတဲ့ လက်ရှည် ဘီရှည် Set လေးပါရှင် 💕
✅ ဝါးသားချည်သား
✅ ပေါ့ပါးပြီး ဝတ်ရအေးမြ
✅ အသားအရေကို နူးညံ့သက်သာစေ
✅ အိပ်ဝတ်၊ အိမ်နေရင်းဝတ် အဆင်ပြေ
📩 Size - 110cm to 160cm (3yr to 11 yrs)
Price - 🎄15000/-Ks
Size ရင်အကျယ် ဘီအရှည် အသက်ခန့်
120 13" 23.5” 5 - 6 yrs
130 14” 26” 7 - 8 yrs
150 16.5" 30" 9 - 10yrs
မြို့အနှံ့များစွာ အိမ်ရောက်ငွေချေရပါတယ်ရှင့်။ အိမ်ရောက်ငွေချေမရသောမြို့များကတော့ ငွေကြိုလွှဲ ဂိတ်ချစနစ်ပါ။ တန်ဆာခကို ဝယ်သူမှ ရှင်းပေးရပါမယ်ရှင့်။
31/05/2026
⚠️ ကလေးငယ်များ ကျောင်းအိတ်ထဲ အမြဲပါလာတတ်တဲ့ အလှအပဖြည့်စွက်ဂျယ်လီ (Beauty Jelly) ထုပ်များနှင့် ပတ်သက်၍ မိဘများ သတိပြုရန်
မင်္ဂလာပါ မိဘများခင်ဗျာ...
လတ်တလော ကျောင်းမှာ ကလေးတော်တော်များများရဲ့ မုန့်စားချိန် ကျောင်းအိတ်တွေကို သတိထားကြည့်မိတဲ့အခါ စုပ်သောက်ရတဲ့ ဂျယ်လီအထုပ်လေးတွေ အမြဲလိုလို ပါလာတာကို တွေ့ရပါတယ်။
အရောင်အသွေးစုံပြီး အရသာလည်းရှိ၊ ကလေးတွေလည်း ကြိုက်ကြသလို မိဘတွေအနေနဲ့လည်း အလွယ်တကူ ဝယ်တိုက်လို့ရတာကြောင့် ထည့်ပေးလိုက်ကြတာ ဖြစ်မှာပါ။
ဒါပေမဲ့ ဒီဂျယ်လီအထုပ် အများစုဟာ ကလေးတွေအတွက် ထုတ်ထားတဲ့ မုန့်မဟုတ်ဘဲ လူကြီးတွေရဲ့ အလှအပနဲ့ ကိုယ်အလေးချိန် ထိန်းညှိဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ အလှအပရေးရာ ဖြည့်စွက်ဂျယ်လီ (Beauty Jelly) တွေ ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် ကလေးတွေရဲ့ ကျန်းမာရေးအတွက် ရေရှည်မှာ ထိခိုက်မှုတွေ ရှိလာနိုင်လို့ မိဘတွေ သိထားသင့်တဲ့ အချက်အချို့ကို မျှဝေပေးချင်ပါတယ်။🙏🏻
ဘာကြောင့် (၅) နှစ်အောက် ကလေးငယ်တွေကို လုံးဝမတိုက်သင့်တာလဲ။🙅🏻
⚠️ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ပြင်းထန်ဓာတ်များ ပါဝင်ခြင်း
⚠️Collagen (ကော်လာဂျင်):လူကြီးတွေ အရေပြားအတွက် သောက်တာဖြစ်ပြီး ကလေးအစာအိမ်က ကောင်းကောင်းမချေဖျက်နိုင်သလို၊ အရေပြားအတွက်လည်း လုံးဝမလိုအပ်သေးပါဘူး။
⚠️L-Glutathione (ဂလူတာ):အသားဖြူဖို့ သုံးတဲ့ဓာတ်ဖြစ်ပြီး ကလေးတွေရဲ့ နုနယ်တဲ့ အသည်းနဲ့ ကျောက်ကပ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။
⚠️L-Carnitine (ကာနီတင်း):လူကြီးတွေ ဝိတ်ချ၊ ကြွက်သားတက်ဖို့ သုံးတာမို့ ကလေးငယ်တွေရဲ့ သဘာဝအတိုင်း ဖွံ့ဖြိုးမှုစနစ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။
⚠️ဗီတာမင် ပမာဏ အလွန်အကျွံဖြစ်ခြင်း:လူကြီးတစ်ယောက်စာ တစ်နေ့တာလိုအပ်ချက် (ဥပမာ- Vitamin C 200%) အထိ ပါဝင်နေတတ်လို့ ကလေးငယ်တွေမှာ ဗီတာမင်အဆိပ်သင့်ပြီး ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။
⚠️ကလေးရဲ့ ကျောက်ကပ်နဲ့ အသည်းကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေခြင်း
ကလေးတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေဟာ အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။ လူကြီးတွေအတွက် တွက်ချက်ထားတဲ့ ပြင်းထန်ဓာတ်တွေနဲ့ ဗီတာမင် ပမာဏ အလွန်အကျွံကို ကလေးရဲ့ ကိုယ်တွင်းစနစ်က စစ်ထုတ်ရတဲ့အခါ ကျောက်ကပ်နဲ့ အသည်းကို အဆမတန် အလုပ်လုပ်ရစေပြီး ထိခိုက်ပျက်စီးလွယ်စေပါတယ်။
🚫သကြားတု (Artificial Sweeteners) အန္တရာယ်
လူကြီးတွေ ဝိတ်မတက်စေဖို့ ကယ်လိုရီ လျှော့ချထားတဲ့ ဒီဂျယ်လီတွေမှာ သကြားတုတွေကို သုံးလေ့ရှိပါတယ်။ သကြားတုတွေဟာ ကလေးတွေရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားတွေကို ပျက်စီးစေပြီး အစာမကြေတာ၊ ဗိုက်ခဏခဏနာတာနဲ့ ဝမ်းပျက်ဝမ်းလျောတာတွေကို ဖြစ်စေနိုင်ပါတယ်။
🚫မတော်တဆ နင်ခြင်း၊ သီးခြင်း ဖြစ်နိုင်ခြင်း
ဒီလိုဂျယ်လီမျိုးဟာ စေးကပ်မှုရှိတဲ့အပြင် အထုပ်ကို စုပ်သောက်ရတဲ့ ပုံစံမျိုး ဖြစ်တာကြောင့် (၅) နှစ်အောက် ကလေးငယ်တွေ မုန့်စားရင်း မတော်တဆ အသက်ရှူလမ်းကြောင်းထဲ ဝင်သွားပြီး နင်တာ၊ အသက်ရှူကျပ်တာမျိုးအထိ အန္တရာယ်ရှိနိုင်ပါတယ်။
💡 မိဘများသို့ မေတ္တာရပ်ခံချက်
ကလေးတွေကို မုန့်ဝယ်ကျွေးတော့မယ်၊ ကျောင်းအိတ်ထဲ ထည့်ပေးလိုက်တော့မယ်ဆိုရင် အထုပ်ပေါ်မှာ Collagen, Glutathione, L-Carnitineစတဲ့ စာသားတွေ ပါ၊ မပါ အမြဲ သတိထား ကြည့်ပေးကြပါ🙏🏻
ကလေးတွေ ဂျယ်လီစားချင်တယ်ဆိုရင် သဘာဝ သစ်သီးဖျော်ရည် စစ်စစ်လေးတွေကို ကျောက်ကျောမှုန့် (Agar-Agar) နဲ့ အိမ်မှာ ကိုယ်တိုင် ကျိုကျွေးတာက အန္တရာယ်လည်းကင်းပြီး အာဟာရလည်း ပိုရစေပါတယ်။
ကလေးငယ်လေးများ ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးထွားဖွံ့ဖြိုးလာနိုင်ဖို့ မိဘများအားလုံး အတူတူ ဂရုစိုက်ပေးကြပါစို့💖
Credit
Kindergarten
30/05/2026
ပြောရဆိုရအခက်ဆုံး (၂)နှစ် (၄)နှစ်ကြားအရွယ်
အသက် ၂ နှစ်ကနေ ၄ နှစ်ကြားအရွယ်ဆိုတာ တကယ်ကို စိတ်ရှည်သည်းခံမှု အစမ်းသပ်ခံရဆုံး အချိန်ပါပဲ။
ရိုက်တာ၊ ပြေးတာ၊ အော်ဟစ်တာတွေ ကြုံလာရတဲ့အခါ "ငါ့ကလေးက ဘာလို့ ဒီလောက်တောင် ဆိုးနေရတာလဲ" လို့ တွေးပြီး စိတ်ညစ်နေမိလား?
Parenting စာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့ “Tiny Humans, Big Emotions" မှာတော့ ဒါဟာ ဆိုးသွမ်းတဲ့ အပြုအမူ (Bad Behavior) မဟုတ်ဘဲ ကလေးဘဝရဲ့ သဘာဝကျတဲ့ ဖွံ့ဖြိုးမှုအဆင့်တစ်ခုသာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
၁။ သူတို့မှာ "ဘရိတ်စနစ် (Brake System)" မရှိသေးပါဘူး။
ဒီအရွယ်ကလေးတွေရဲ့ ဦးနှောက်ဟာ စိတ်ခံစားချက်ကို ထိန်းချုပ်ပေးတဲ့ "ဘရိတ်" မပါသေးတဲ့ ကားတစ်စီးနဲ့ တူပါတယ်။ သူတို့ တစ်ခုခုကို အရမ်းလိုချင်တဲ့အခါ၊ ဒါမှမဟုတ် စိတ်တိုတဲ့အခါ ဦးနှောက်က ချက်ချင်း တုံ့ပြန်ဖို့ပဲ သိပါတယ်။ ဒါကြောင့် ရိုက်မိတာ၊ အော်မိတာတွေဟာ တမင်သက်သက် ရိုင်းစိုင်းတာမဟုတ်ဘဲ သူတို့ရဲ့ Impulse Control (စိတ်ကိုထိန်းချုပ်နိုင်စွမ်း) မဖွံ့ဖြိုးသေးလို့ ဖြစ်ပါတယ်။
၂။ ဒါဟာ "Early Childhood" ရဲ့ သဘာဝပါ
ကလေးတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို စကားလုံးနဲ့ ဘယ်လိုဖော်ပြရမလဲ မသိသေးပါဘူး။ သူတို့မှာ ရှိသမျှ ခံစားချက်အလုံးအရင်း (Big Emotions) တွေကို အပြုအမူနဲ့ပဲ ထုတ်ဖော်တတ်ကြတာပါ။ ဒါကြောင့် ဒါကို "အကျင့်မကောင်းတာ" လို့ မမြင်ဘဲ "သင်ယူနေဆဲ အဆင့်" လို့ မြင်ပေးဖို့ အရေးကြီးပါတယ်။
၃။ မေမေတို့ ဘာလုပ်ပေးနိုင်မလဲ?
ကိုယ့်ဘက်က တည်ငြိမ်ပေးပါ: ကလေးက စိတ်လှုပ်ရှားနေချိန်မှာ ကိုယ်ကပါ လိုက်ပြီး စိတ်လှုပ်ရှားရင် အခြေအနေက ပိုဆိုးလာပါလိမ့်မယ်။ မေမေက သူတို့အတွက် တည်ငြိမ်တဲ့ "ကျောက်ဆူး" တစ်ခု ဖြစ်ပေးလိုက်ပါ။
၄။ခံစားချက်ကို နာမည်တပ်ပေးပါ: “သား/သမီး အခု ဒေါသထွက်နေတာလား၊ စိတ်ဆိုးနေတာလား" လို့ မေးပေးခြင်းဖြင့် သူတို့ရဲ့ ခံစားချက်ကို နားလည်အောင် ကူညီပေးပါ။
၅။ဘေးကင်းအောင် ထိန်းပေးပါ: "ရိုက်တာကိုတော့ မေမေ ခွင့်မပြုဘူး၊ ဒါပေမဲ့ သား စိတ်ဆိုးနေတာကိုတော့ မေမေ နားလည်တယ်" ဆိုပြီး နယ်နိမိတ် (Boundaries) ကို အေးအေးဆေးဆေး သတ်မှတ်ပေးပါ။
30/05/2026
2-3နှစ်ဆိုဒ် 🎉လက်ကျန်ဖြတ်🎉 P5
လက်ရှည်ဘီရှည် 2ရောင်စပ်အမိုက်စားဒီဇိုင်းလေး S size onlyပဲကျန်လို့ 1စုံ ဲ့သာယူပါရှင်။
29/05/2026
သားသားမီးမီးတို့အတွက် Quality ကောင်းပြီး Design လှတဲ့ Fashion Set လေးတွေပါရှင် 💕
✅ Sets လေးတွေရဲ့ ထူးခြားချက်
✨ 𝐀𝐜𝐭𝐢𝐯𝐞 𝐖𝐞𝐚𝐫 ကစားရတာ ဝါသနာပါတဲ့ ကလေးတွေအတွက် လှုပ်ရှားရတာ ပေါ့ပါးပြီး Comfortable ဖြစ်စေပါတယ်။
✨ 𝐃𝐮𝐫𝐚𝐛𝐢𝐥𝐢𝐭𝐲 အကြိမ်ကြိမ်လျှော်ပေမယ့် အသားမပျက် / အရောင်မကျတဲ့ Quality 💯
✨ Fabric quality ကောင်းပြီး ဆွဲသားလေးအနည်းငယ်ပါတာမို့ကလေးတွေဝတ်ရတာ သက်တောင့်သက်သာရှိစေမှာပါရှင် 💖
✅ 100% Guarantee ပေးရတဲ့စျေးနဲ့ ပြန်ရတဲ့ Quality က မေမေတို့ စိတ်ကျေနပ်ရစေမယ်လို့ Baby Boo လေးက 100% အာမခံပါတယ်ရှင် ✨
💰 (၃)စုံစျေး (၁)စုံနှုန်း
• 90-100-110cm : 21000/-Ks
• 120-130-140cm : 23500/-Ks
• 150-155-160cm : 26000/-Ks
Special Request : လက်လီစျေးလေးက တစ်စုံကို 1500/- ပိုပါတယ်ရှင်
💎 𝐏𝐨𝐩𝐮𝐥𝐚𝐫 𝐃𝐞𝐬𝐢𝐠𝐧 တွေက မြန်မြန်ကုန်တတ်လို့ -
"Design + Size" လေးကို Messenger မှာ အမြန်ဆုံးလေးလာပြောပေးပါနော်
🚚 ရန်ကုန်နဲ့ နယ်မြို့အများစု အိမ်အရောက် ငွေချေရပါတယ်ရှင်
📲 09250735563 (Viber Available)
Quality Price
#100%Guarantee
28/05/2026
တရုတ်နိုင်ငံမှာ လူပြောများတဲ့ စကားတစ်ခုရှိပါတယ်…
“ငါတို့ အသက်ကြီးသွားတဲ့အခါ ကိုယ့်နားမှာ ရှိနေမှာက ပြုစုစောင့်ရှောက်ရေးဝန်ထမ်းတွေ ဒါမှမဟုတ် စက်ရုပ်တွေပဲ ဖြစ်ဖို့များတယ်။ အရည်အချင်းရှိတဲ့ ကလေးတွေကတော့ ကိုယ့်အနားမှာ ရှိနေမှာမဟုတ်ဘူး" တဲ့။
ဒါကြောင့် ကလေးမွေးတယ်ဆိုတာ အိုဇာတာ ကောင်းဖို့အတွက်တင်မဟုတ်သလို မျိုးရိုးဆက်ခံဖို့ ဒါမှမဟုတ် အိမ်မှာ ဆက်ခံမယ့် အမွေရှိလို့လည်း မဟုတ်ပါဘူး။ ဒါဆိုရင် ကလေးတစ်ယောက်ကို မွေးမြူရခြင်းရဲ့ အကောင်းဆုံး အဓိပ္ပာယ်က ဘာလဲဆိုရင်…
“သက်ရှိတစ်ခုရဲ့ ကြီးထွားလာမှုကို ကိုယ်တိုင် မြင်တွေ့ခွင့်ရပြီး ဘေးကနေ အဖော်ပြုပေးခွင့်ရခြင်း" ပဲ ဖြစ်ပါတယ်။
🩷မျှော်လင့်ချက်တွေနဲ့ မိခင်ဘဝ🩷
ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်တုန်းကတော့ "ဒီကလေးလေး ကျန်းမာပျော်ရွှင်ရင် ရပြီ" လို့ပဲ တွေးခဲ့တာ။ ဒါပေမဲ့ ကလေးမွေးလာပြီး ကြီးလာတော့ "ငါ့ကလေးလေးက ရုပ်ချောရင် ကောင်းမှာပဲ" လို့ ထပ်တွေးမိပြန်ရော။ ကလေး စကားပြောတတ်လာပြန်တော့လည်း "သူ ဉာဏ်ကောင်းရင် ကောင်းမှာပဲ" လို့ လိုချင်မိပြန်တယ်။ ကလေး ကျောပိုးအိတ်လေးလွယ်ပြီး ကျောင်းတက်ရတဲ့အခါကျတော့လည်း "ငါ့သားလေး (သမီးလေး) စာတော်တဲ့သူ ဖြစ်ပါ့မလား" ဆိုပြီး တွေးမိပြန်ရော။
ကျွန်မတို့တွေက ကလေးအပေါ်မှာ မျှော်လင့်ချက်တွေ၊ တောင်းဆိုမှုတွေ အများကြီး ရှိခဲ့ကြပေမယ့်၊ ကလေးကတော့ ကျွန်မတို့ကို သူ့ရဲ့မိဘအဖြစ် မျှော်လင့်ချက်မထားပဲရွေးချယ်ခဲ့တာပါ။
🩵ကောင်းကင်ဘုံက ကလေးငယ်များ🩵
စိတ်လှုပ်ရှားစရာ ပုံပြင်လေးတစ်ပုဒ် ရှိပါတယ်။
“ကလေးတွေဆိုတာ ကောင်းကင်ဘုံက နတ်သမီး/နတ်သားလေးတွေပေါ့။ သူတို့က ကောင်းကင်ပေါ်ကနေ အောက်ကမေမေတွေကို လှမ်းရှာကြတာ။ ပြီးတော့မှ ကိုယ်သဘောကျတဲ့ မေမေတစ်ယောက်ကို ရွေးချယ်လိုက်ကြတာ။ သူတို့က မေမေ ရုပ်ချောလား၊ ဉာဏ်ကောင်းလား၊ ပိုက်ဆံချမ်းသာလားဆိုတာတွေကို လုံးဝ မရွေးချယ်ခဲ့ကြဘူး” တဲ့။
အချိန်တွေ ကုန်ဆုံးသွားတဲ့အခါ…
မျက်စိတစ်မှိတ်အတွင်းမှာပဲ ကလေးက အရွယ်ရောက်သွားပါပြီ။ ငယ်ငယ်တုန်းကတော့ ကိုယ့်အပေါ် အရမ်းကပ်ပြီး ချစ်ခဲ့ပေမယ့် ကြီးလာတဲ့အခါ ကိုယ်က စကားတစ်ခွန်းပြောရင် သူက ပြန်တောင် မပြောချင်တော့ဘူး။ ကိုယ်က စကားစရှာပြီး လှမ်းပြောရင်တောင် ကိုယ့်ကို ခေတ်နောက်ကျလိုက်တာဆိုပြီး စကား ဆက်မပြောချင်ကြတော့ပါဘူး။
တကယ်တော့ ကိုယ့်နားမှာ ကလေးရှိနေမယ့် အချိန်ဆိုတာ အရမ်းကို တိုတောင်းလှပါတယ်။ ဒါကြောင့် ကလေးနဲ့အတူ ရှိနေပေးရမယ့် အချိန်တွေကို တန်ဖိုးထားပါ။ ကလေး ကြီးပြင်းလာမှုကို စောင့်ကြည့်ပေးရမယ့် အချိန်တွေကို နှမြောပါ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက လူငယ်တစ်ယောက် ဖြစ်သွားပြီး၊ ကျွန်မတို့ခေါင်းပေါ်မှာလည်း ဆံပင်ဖြူတွေ အပြည့် ဖြစ်နေပါလိမ့်မယ်။ အတိတ်ကို ပြန်လှည့်ကြည့်ပြီး လွမ်းစရာဆိုလို့အဲဒီ လှပတဲ့ အချိန်လေးတွေပဲ ကျန်ရှိတော့မှာပါ။
ဒါကြောင့် ကလေးတစ်ယောက်ကို မွေးမြူခြင်းရဲ့ အဓိပ္ပာယ်ဟာ”သက်ရှိတစ်ခုရဲ့ ကြီးထွားလာမှုကို ကိုယ်တိုင် မြင်တွေ့ခွင့်ရပြီး ဘေးကနေ အဖော်ပြုပေးခွင့်ရခြင်း" ပဲ ဖြစ်ပါတယ်။
#မျှဝေခြင်း
Credit:
28/05/2026
🦸🕷️🕸️🦇🦹 Heroes မှ ကြိုက်တဲ့ သားသားတို့အတွက် Ko Ko Sets. Made in Thailand.💯cotton😍Limited Stock.
Size : S & XL
Price: (3) စုံစျေး - (1) စုံ - 19500/-Ks
14/07/2025
BKK made, C32 တံဆိပ် လက်ရှည်ဘီရှည်လေးပြန်ရောက်ပါပီ😍
📦⏰⏰
လက်ဝယ်ရောက်လာတာနဲ့ပေးရတဲ့စျေးနဲ့တန်လိုက်တာဆိုတဲ့ feeling vibe လေးကို ရရှိစေမှာ100%ပါပဲရှင့်။
👶👧
ကလေးတိုင်းကြိုက်ကြတာမို့ best sellerဖြစ်နေတော့ဝယ်ကိုဝယ်ထားသင့်တဲ့ Qualityမြင့်ပစ္စည်းလေးတမျိုးပါနော်။
#2နှစ်မှ14နှစ်ထိတော်ပါမယ်ရှင့်။ #ဆိုဒ်လေးတိုင်းပီးတော့မှာယူပေးဖို့ကိုတော့အကြံပြုပါရစေနော်😘။
🧼🧽🪣🧺ရေလျှော်ခံလို့ ရွဲခြင်း/အသီးထခြင်းမရှိ
ဒါ့အပြင် 🇹🇭 Thailand Madeဖြစ်တဲ့အတွက်Quality လုံးဝစိတ်ချလို့ရပါတယ်ရှင်😘။
✅✅📍📍📍လက္ကားစျေးလေးတွေနဲ့မို့ အရောင်အတိကျရွေးလို့မရပါဘူးရှင့်✅✅📍📍📍
၃၀/၅၀/၁၀၀ယူသူများ လက်ကားစျေး သီးသန့်ရှိပါတယ်ရှင်
S to Xl 3စုံဈေး1စုံ #19000/-Ks
5စုံဈေး 1စုံ #18500/-Ks
2xl 3စုံဈေး 1စုံ #20700/-Ks
5စုံဈေး 1စုံ #20200/-Ks
3xl 3စုံစျေး 1စုံ
5စုံစျေး 1စုံ
(S) ရင်အကျယ်12”/ခါးအရှည်15”ခွဲ/ဘီအရှည် 19“ခွဲ
(M) ရင်အကျယ်13"ခွဲ/ခါးအရှည်17”/ဘီရှည်22"
(L) ရင်အကျယ်14“/ခါးအရှည်18”/ဘီရှည်25“
(Xl) ရင်အကျယ်16”/ခါးအရှည်20”ခွဲဘီရှည်28”
(2Xl) ရင်အကျယ်17"ခွဲ/ခါးအရှည်22”/ဘီရှည်31“
(3Xl)ရင်အကျယ် 18”/ခါးအရှည်24” /ဘီအရှည်35”
3စုံအောက်ဆို 1စုံကို ိုပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon