Computer Knowledge Bank

Computer Knowledge Bank

Share

Computer Training & Service Center

27/01/2024

😇😇😇 အားလုံးပဲမင်္ဂလာပါခင်ဗျာ။ 😇😇😇
__
🙏 မြန်မာပြည်သူပြည်သားအားလုံး ယခုကြုံတွေ့နေရသော အခက်အခဲများမှ အမြန်ဆုံးကျော်လွှားနိုင်ပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။
🙏🦯🦯 ဒီတစ်ခါမှာတော့ အမြင်အာရုံမသန်စွမ်းသူများအတွက်သာမက ကွန်ပျူတာပညာကိုလေ့လာလိုသော မည်သူမဆိုတက်ရောက်နိုင်ရန် 🏫 Computer Knowledge Bank (CKB) မှ ဖေဖော်ဝါရီလအတွက် 💻computer အသုံးပြုနည်းပညာသင်တန်း တန်းခွဲအသစ်ကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်‌ကြောင်းသတင်းကောင်းလေးပေးပါရစေခင်ဗျာ။ ဒီတစ်ခါမှာတော့ Intermediate Class တစ်ခုတည်းကိုသာ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ သင်တန်းအချိန်များ ပြည့်နေသောကြောင့် Basic အတန်းခွဲသစ်ကို မဖွင့်လှစ်နိုင်သေးတဲ့အတွက်လည်း ကြိုတင်တောင်းပန်ပါတယ်ခင်ဗျာ။
💻 ဤသင်တန်းအား တက်ရောက်သင့်သူများ
မိမိ၏ ICT scale ကို အသုံးချပြီး သူတစ်ပါးအား မှီခိုမှုကို လျော့ချလိုသောသူများ၊
💻 ပြင်ပနည်းပညာသင်တန်းများကို တက်ရောက်လေ့လာရန် အခက်အခဲဖြစ်နေသော သူများ၊
💻 ICT နည်းပညာကို အသုံးချ၍ အသက်မွေးဝမ်းကြောင်းပြုလိုသောသူများ။
📖လေ့လာရမည့် သင်ခန်းစာများ 📒📒
🖥Computer Intermediate တွင်
1️⃣ application installation
2️⃣ Common applications
3️⃣ Microsoft Word
4️⃣ Microsoft PowerPoint
5️⃣ Microsoft Excel
6️⃣ Maintaining
7️⃣ Disk Management
8️⃣ Web browsing
9️⃣ Social media
🔟 Google Cloud storageတို့ဖြစ်ပါတယ်ခင်ဗျာ။
📅📅သင်တန်းကာလ၊ နေ့ရက်နှင့် သင်ကြားမည့်ပုံစံ
📅Intermediate class အချိန်ဇယား
ဤအတန်းမှာ ၂လတတ်ရောက်ရမှာဖြစ်ပြီး
သင်တန်းချိန်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်၍ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသာပတေးနေ့ ညနေ 🕖 (၇:၀၀) နာရီတွင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
သင်တန်းကို Zoom applicationကို အသုံးပြုပြီး Online ကနေ တိုက်ရိုက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
®️သင်တန်းတက်ရောက်လိုသူများသည် အမည်၊ ဖုန်းနံပါတ်၊ E-mail လိပ်စာ၊ တတ်ရောက်လိုသည့်အတန်းတို့ကို phone 09792822674၊ 09252258771၊ 09778408933 သို့ဖုန်းဆက်၍ ဖြစ်စေ၊ Page messenger မှဖြစ်စေ၊ Viber Phone 09252258771 မှဖြစ်စေ ဇန်နဝါရီလ ၃၁ရက် ဗုဒ္ဓဟူးနေ့ နောက်ဆုံးထား၍ ®️စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။
📦သင်တန်းဝင်ကြေး
သင်တန်းတက်ရောက်လိုသူများသည် Intermediate 📦အတွက် တစ်ဦးချင်း အပ်လျှင် သင်တန်းကြေး 40000 ကျပ် ပေးသွင်းရမှာဖြစ်ပြီး၊ (၅)ဦး စု၍အပ်လျှင် စုစုပေါင်း 185000 ကျပ်သာ ပေးသွင်းရမှာဖြစ်ပါတယ်ခင်ဗျာ။
သင်တန်းကြေးကို 09252258771 သို့ Wave Pay မှဖြစ်စေ၊ KBZ Pay မှဖြစ်စေ ပေးသွင်းနိုင်ပါတယ်ခင်ဗျာ။
💻📦တစ်ဦးချင်း တက်ယောက်လိုသည့် သင်တန်းသူ၊ သင်တန်းသားများအနေနှင့်လည်း တက်ရောက်နိုင်ပါတယ်ခင်ဗျာ။ တစ်ဦးချင်းတက်ရောက်လိုပါက Phone: 09792822674, 09778408933, 09252258771 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။
အသေးစိတ်သိရှိလိုပါက အထက်တွင်ဖော်ပြထားသော Phone၊ Viber၊ Page messenger သို့ တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 🥰 🥰 🥰

23/05/2023

😇😇😇 အားလုံးပဲမင်္ဂလာပါခင်ဗျာ။ 😇😇😇
__
🙏 မြန်မာပြည်သူပြည်သားအားလုံး ယခုကြုံတွေ့နေရသော အခက်အခဲများမှ အမြန်ဆုံးကျော်လွှားနိုင်ပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။🙏🦯🦯အမြင်အာရုံ မသန်စွမ်း ညီအစ်ကို မောင်နှမများနှင့် အကြောင်းအမျိုးမျိုးကြောင့်အမြင်အာရုံချို့ယွင်း/အားနည်းသွားကြသော ညီအစ်ကိုမောင်နှမများအတွက် ရည်ရွယ်၍ 🏫 Computer Knowledge Bank (CKB) မှ ဇွန်လအတွက် 💻computer အသုံးပြုနည်းပညာသင်တန်း တန်းခွဲအသစ်ကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်‌ကြောင်းသတင်းကောင်းလေးပေးပါရစေခင်ဗျာ။ ဒီတစ်ခါမှာတော့ Intermediate Class တစ်ခုတည်းကိုသာ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ သင်တန်းအချိန်များ ပြည့်နေသောကြောင့် Basic အတန်းခွဲသစ်ကို မဖွင့်လှစ်နိုင်သေးတဲ့အတွက်လည်း ကြိုတင်တောင်းပန်ပါတယ်ခင်ဗျာ။
💻 ဤသင်တန်းအား တက်ရောက်သင့်သူများ
မိမိ၏ ICT Skills ကို အသုံးချပြီး သူတစ်ပါးအား မှီခိုမှုကို လျော့ချလိုသော အမြင်အာရုံမသန်စွမ်းသူများ၊
💻 ပြင်ပနည်းပညာသင်တန်းများကို တက်ရောက်လေ့လာရန် အခက်အခဲဖြစ်နေသော အမြင်အာရုံမသန်စွမ်းသူများ၊
💻 computer ကို အခြေခံမှစကာ စနစ်တကျလေ့လာလိုသော အမြင်အာရုံမသန်စွမ်းသူများ၊
💻 ICT နည်းပညာကို အသုံးချ၍ အသက်မွေးဝမ်းကြောင်းပြုလိုသော အမြင်အာရုံမသန်စွမ်းသူများ။
📖လေ့လာရမည့် သင်ခန်းစာများ 📒📒
🖥Computer Intermediate တွင်
1️⃣ application installation
2️⃣ Common applications
3️⃣ Microsoft Word
4️⃣ Microsoft PowerPoint
5️⃣ Microsoft Excel
6️⃣ Maintaining
7️⃣ Disk Management
8️⃣ Web browsing
9️⃣ Social media
🔟 Google Cloud storageတို့ဖြစ်ပါတယ်ခင်ဗျာ။
📅📅သင်တန်းကာလ၊ နေ့ရက်နှင့် သင်ကြားမည့်ပုံစံ
📅Intermediate class အချိန်ဇယား
ဤအတန်းမှာ ၂လတတ်ရောက်ရမှာဖြစ်ပြီး
သင်တန်းချိန်မှာ ဇွန်လ ၃ရက်နေ့မှစတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေ၊ တနင်္လာနှင့် အင်္ဂါနေ့ ညနေ 🕖 (၇:၀၀) နာရီတွင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
သင်တန်းကို Zoom applicationကို အသုံးပြုပြီး Online ကနေ တိုက်ရိုက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
®️သင်တန်းတက်ရောက်လိုသူများသည် အမည်၊ ဖုန်းနံပါတ်၊ E-mail လိပ်စာ၊ တတ်ရောက်လိုသည့်အတန်းတို့ကို phone 09792822674၊ 09252258771၊ 09778408933 သို့ဖုန်းဆက်၍ ဖြစ်စေ၊ Page messenger မှဖြစ်စေ၊ Viber Phone 09252258771 မှဖြစ်စေ မေလ ၃၁ရက် ဗုဒ္ဓဟူးနေ့ နောက်ဆုံးထား၍ ®️စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။
📦သင်တန်းဝင်ကြေး
သင်တန်းတက်ရောက်လိုသူများသည် Intermediate 📦အတွက် တစ်ဦးချင်း အပ်လျှင် သင်တန်းကြေး 40000 ကျပ် ပေးသွင်းရမှာဖြစ်ပြီး၊ (၅)ဦး စု၍အပ်လျှင် စုစုပေါင်း 185000 ကျပ်သာ ပေးသွင်းရမှာဖြစ်ပါတယ်ခင်ဗျာ။
သင်တန်းကြေးကို 09252258771 သို့ Wave Pay မှဖြစ်စေ၊ KBZ Pay မှဖြစ်စေ ပေးသွင်းနိုင်ပါတယ်ခင်ဗျာ။
💻📦တစ်ဦးချင်း တက်ယောက်လိုသည့် သင်တန်းသူ၊ သင်တန်းသားများအနေနှင့်လည်း တက်ရောက်နိုင်ပါတယ်ခင်ဗျာ။ တစ်ဦးချင်းတက်ရောက်လိုပါက Phone: 09792822674, 09778408933, 09252258771 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။
အသေးစိတ်သိရှိလိုပါက အထက်တွင်ဖော်ပြထားသော Phone၊ Viber၊ Page messenger သို့ တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 🥰 🥰 🥰

26/03/2023

😇😇😇 အားလုံးပဲမင်္ဂလာပါခင်ဗျာ။ 😇😇😇
__

🙏 မြန်မာပြည်သူပြည်သားအားလုံး ယခုကြုံတွေ့နေရသော အခက်အခဲများမှ အမြန်ဆုံးကျော်လွှားနိုင်ပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။🙏 ယခုကာလမှာ Zoom software ကို ဝယ်ယူတဲ့နေရာမှာ အခက်အခဲများစွာ တွေ့ကြုံနေရပါတယ်။
ယခင်လို Member License ဝယ်ယူ၍ မရတော့ပါ။ ဝယ်ယူလျှင်လည်း zoom company မှ တရားဝင်ခွင့်ပြုထားတာ မဟုတ်တဲ့အတွက် account disable ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် Owner License တွေ ဝယ်ယူနေရပါတယ်။ ဒီလိုဝယ် ယူတဲ့အခါ Dollar ဈေးနှုန်းတွေ များနေတာ၊ ဝယ်ယူရန် visa card တွေ အခက်အခဲ ဖြစ်နေတာ မျိုးတွေ ရှိနေပါတယ်။ ဒီလိုမျိုး အခက်အခဲတွေ မဖြစ်အောင်လို့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Zoom account မှ ကျွန်တော်တို့ သင်တန်းများနဲ့ လွတ်တဲ့ အချိန်မှာ အနည်းငယ်သော ဝန်ဆောင်ခကို ယူ၍ လူဦးရေ အကန့်အသတ်ဖြင့် ငှားရမ်း ပေးသွားပါမယ်ခင်ဗျာ။
ဝန်ဆောင်ခ အနေနှင့် တစ်ရက်စာ၊ အစီအစဉ်တစ်ခုစာ၊ ကို (၁၀၀၀၀) ကျပ်ဖြစ်ပါတယ်ခင်ဗျာ။ တစ်ရက်စာပဲ အသုံးပြုလိုတဲ့ မိတ်ဆွေတို့အတွက် အလွန်အဆင်ပြေပါတယ် ခင်ဗျာ။ တစ်လစာ ငှားရမ်း အသုံးပြုလိုတဲ့ မိတ်ဆွေများအတွက် (၂၅၀၀၀)ကျပ် ဖြစ်ပါတယ်ခင်ဗျာ။ Account Host အကန့်အသတ် ရှိတဲ့ အတွက် မိမိ အသုံးပြုလိုတဲ့ အချိန်ကို ကြိုတင်ညှိနှိုင်းဖို့တော့ လိုပါတယ်ခင်ဗျာ။
အသေးစိတ်သိရှိလိုပါက၊(သို့မဟုတ်) ဝန်ဆောင်မှုကို ရယူလိုပါက 09792822674, 09252258771 သို့ ဖုန်းဆက်၍သော်လည်းကောင်း page messenger မှ စာပို့၍သော် လည်းကောင်း ဆက်သွယ် နိုင်ပါတယ်ခင်ဗျာ။

01/02/2023

😇 အားလုံးပဲမင်္ဂလာပါခင်ဗျာ။ 😇😇😇
__
🙏 မြန်မာပြည်သူပြည်သားအားလုံး ယခုကြုံတွေ့နေရသော အခက်အခဲများမှ အမြန်ဆုံးကျော်လွှားနိုင်ပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။🙏🙏🙏
🦯🦯အမြင်အာရုံ မသန်စွမ်း ညီအစ်ကို မောင်နှမများနှင့် အကြောင်းအမျိုးမျိုးကြောင့်အမြင်အာရုံချို့ယွင်း/အားနည်းသွားကြသော ညီအစ်ကိုမောင်နှမများအတွက် ရည်ရွယ်၍ 🏫 Computer Knowledge Bank (CKB) မှ
Window Movie Maker အသုံးပြု၍ video edit ပြုလုပ်နည်း သင်တန်းအား ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်‌ကြောင်းသတင်းကောင်းလေးပေးပါရစေခင်ဗျာ။

အချိန်ဇယား

📅သင်တန်းကာလ၊ ၁လခွဲ။

📅အချိန်၊ နေ့လည် (၁:၀၀)🕐နာရီ။

📅သင်တန်းစမည့်ရက်၊ ဖေဖော်ဝါရီလ ၁၈ ရက်၊ စနေနေ့မှစ၍ အပတ်စဉ် စနေ၊ တနင်္ဂနွေ တစ်ပတ် ၂ရက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

📅သင်တန်းကြေး
Window Movie maker video editing class အတွက် 15000ကျပ်ကြသင့်မှာဖြစ်ပါတယ် ခင်ဗျာ။

သင်တန်းကို Zoom Meeting Software အသုံးပြုပြီး Online ကနေ တိုက်ရိုက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

®️သင်တန်းတက်ရောက်လိုသူများသည်
အမည်၊
ဖုန်းနံပါတ်၊
E-mail လိပ်စာ၊
တတ်ရောက်လိုသည့်အတန်းတို့ကို
phone -
09792822674 09252258771 09778408933 (သို့မဟုတ်) Page messenge
Viber Phone 09778408933 မှဖြစ်စေ ဖေဖော်ဝါရီလ ၁၅ ဗုဒ္ဓဟူးနေ့ နောက်ဆုံးထား၍ ®️စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။

📦သင်တန်းကြေးပေးသွင်းရန်၊
09252258771 သို့ Wave Pay မှဖြစ်စေ၊ KBZ Pay မှဖြစ်စေ ပေးသွင်းနိုင်ပါတယ်ခင်ဗျာ။

အသေးစိတ်သိရှိလိုပါက အထက်တွင်ဖော်ပြထားသော Phone၊ Viber၊ Page messenger သို့ တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 🥰 🥰 🥰

31/10/2022

Computer မှာ cleaning software တင်စရာမလိုဘဲ runbox history ကို ရှင်းလင်းနည်း။
ပထမအဆင့်အနေနှင့် Windows registry editor ကို ဖွင့်ရန် runbox ကို win+r ဖြင့်ခေါ်ပါ။ runbox ပေါ်လာပါက regedit ဟုရိုက်ထည့်ပြီး enter ခေါက်ပါ။
ဒုတိယအဆင့်အနေဖြင့်အောက်တွင်ဖော်ပြထားသည့် လမ်းကြောင်းအတိုင်း အဆင့်ဆင့်သွားပါ။
HKEY_CURRENT_USER> SOFTWARE> Microsoft> Windows> CurrentVersion> Explorer> RunMRU အထိသွားပါ။
တတိယအဆင့်အနေဖြင့် RunMRU အပေါ်သို့ရောက်ပါက tab key ကို တစ်ချက်နှိပ်၍ list ကိုသွားပါ။
List တွင် မိမိရိုက်ခဲ့သော run commands များကို အက္ခရာစဉ်အလိုက် ဖော်ပြနေပါလိမ့်မည်။ ထိုနေရာတွင် မိမိဖြတ်လိုသော run commands အက္ခရာစဉ်ပေါ်သို့သွား၍ delete key ဖြင့် ဖြတ်နိုင်ပါသည်။
ဥပမာ run box တွင် ရိုက်၍ အသုံးပြုခဲ့သော recent ကို ဖြတ်လိုပါက r ဖြင့်စထားသော အက္ခရာဆဉ်ပေါ်သို့သွား၍ delete key နှိပ်၍ ဖြတ်ပါ။
Run commands အားလုံးကို ဖြတ်လိုပါက RunMRU ပေါ်သို့ ရောက်လျှင် tab key အသုံးပြုစရာမလိုတော့ဘဲ RunMRU ပေါ်တွင် right click (သို့မဟုတ်) application key နှိပ်၍
Delete ကို down arrow အသုံးပြုပြီး ရှာပါ။
Delete d ကို တွေ့ပါက enter ခေါက်၍ ဖြတ်နိုင်ပါသည်။
ကျွန်တော်တို့ CKB computer knowledge bank မှ အမြင်အာရုံမသန်စွမ်းသူများအတွက်သာမက
ဤpost အားဖတ်ရှူ့သူများအားလုံးအတွက် computer နည်းပညာ နှင့်ပတ်သပ်သောအသိပညာၑဗဟုသုတများကို မျှဝေသွားမှာ ဖြစ်တဲ့အတွက် like, share and follow လေးလုပ်သွားဖို့ မမေ့ပါနဲ့နော် ။ မိမိတို့ သိချင်သော အကြောင်းအရာများကိုလည်း comment box မှ တစ်ဆင့် မေးမြန်းနိုင်ပါတယ်။ မေးမြန်းသော အကြောင်းအရာများနှင့်ပတ်သပ်၍လည်း အလျင်းသ့်သလို ပြန်လည် ဖြေကြားပေးသွားမှာဖြစ်ပါတယ်။

Photos from Computer Knowledge Bank's post 29/09/2022

😇😇😇 အားလုံးပဲမင်္ဂလာပါခင်ဗျာ။ 😇😇😇
__
🙏 မြန်မာပြည်သူပြည်သားအားလုံး ယခုကြုံတွေ့နေရသော အခက်အခဲများမှ အမြန်ဆုံးကျော်လွှားနိုင်ပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။🙏🦯🦯အမြင်အာရုံ မသန်စွမ်း ညီအစ်ကို မောင်နှမများ၊ အကြောင်းအမျိုးမျိုးကြောင့်အမြင်အာရုံချို့ယွင်း/အားနည်းသွားကြသော ညီအစ်ကိုမောင်နှမများ မိမိဖွင့်လှစ်ထားသော ကွန်ပျူတာ သင်တန်းများတွင် အမြင်အာရုံ မသန်စွမ်းသူများပါ ထည့်သွင်းသင်ကြားပေးနိုင်ရန်အတွက် စီစဉ်နေသော ဆရာ/မများ အတွက်ရည်ရွယ်၍ 🏫 Computer Knowledge Bank (CKB) မှ NVDA screen reader အသုံးပြုနည်းသင်တန်းအား အခမဲ့ ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။ ဤသင်တန်းတွင် NVDA screen reader အား အခြေခံမှစ၍ အဆင့်မြင့် အသုံးပြုနိုင်သည့်အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ သင်တန်းကို NVDA Expert 2022 လက်မှတ်ရရှိထားသော သူများမှ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
သင်တန်းကို တက်ရောက်လိုသူများအနေနှင့် computer အခြေခံအသုံးပြုနည်းကို တက်မြောက်ထားသူဖြစ်ရပါမယ်။ သင်တန်းကို အချိန်ပြည့် တက်ရောက်နိုင်သူ ဖြစ်ရပါမယ်။
ရရှိနိုင်သော အကျိုးကျေးဇူးများ
သင်တန်းတက်မြောက်ပြီးပါက NVDA Screen Reader ကို စနစ်တကျ အသုံးပြုလာနိုင်ခြင်း
NVDA Expert 2022 exam အား ဝင်ရောက်ဖြေဆိုလိုပါက များစွာအထောက်အကူပြုခြင်း
NVDA Community Add-ons အကြောင်း ကောင်းစွာသိရှိလာပြီး အသုံးပြုလာနိုင်ခြင်း
အမြင်အာရုံမသန်စွမ်းသူများကို ပြန်လည် သင်ကြားပေးနိုင်ခြင်း/ အမြင်အာရုံသန်စွမ်းသူများကိုလည်း NVDA အသုံးပြု၍ မိမိ၏ အခက်အခဲများကို လျှင်မြန်တိကျစွာ ကြည့်ရှုပေးနိုင်ရန် အထောက်အကူပြုခြင်း
အမြင်အာရုံသန်စွမ်းသူများကို မိမိတက်မြောက်ထားသော computer ပညာရပ်များကို ပြန်လည်မျှဝေလာနိုင်ခြင်း
NVDA Add-On များကို အသုံးခြပြီး computer service ပေးနိုင်ခြင်း
NVDA Add-On များကို Develop လုပ်နိုင်ရန် အထောက်အကူပြုခြင်း
📅📅သင်တန်းကာလ၊ နေ့ရက်နှင့် သင်ကြားမည့်ပုံစံ
သင်တန်းမှာ ၁၀ရက် ကြာမြင့်မှာ ဖြစ်ပြီး
သင်တန်းအချိန်မှာ အောက်တိုဘာလ ၅ရက်နေ့မှစ၍ နံနက် (၁၀:၀၀) နာရီမှ ၁၁:၀၀ နာရီအထိ နေ့စဉ် တစ်နေ့လျှင် တစ်နာရီခန့်ဖြင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ သင်တန်းကို Zoom meeting software အသုံးပြုပြီး Online ကနေ တိုက်ရိုက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
®️သင်တန်းတက်ရောက်လိုသူများသည် အမည်၊ ဖုန်းနံပါတ်၊ E-mail လိပ်စာ၊ တို့ကို phone 09792822674၊ 09252258771၊ 09778408933 သို့ဖုန်းဆက်၍ ဖြစ်စေ၊ Page messenger မှဖြစ်စေ၊ အောက်တိုဘာလ ၃ရက် တနင်္လာနေ့ နောက်ဆုံးထား၍ ®️စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။

28/09/2022

😇😇😇 အားလုံးပဲမင်္ဂလာပါခင်ဗျာ။ 😇😇😇
__
🙏 မြန်မာပြည်သူပြည်သားအားလုံး ယခုကြုံတွေ့နေရသော အခက်အခဲများမှ အမြန်ဆုံးကျော်လွှားနိုင်ပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။🙏🦯🦯အမြင်အာရုံ မသန်စွမ်း ညီအစ်ကို မောင်နှမများ၊ အကြောင်းအမျိုးမျိုးကြောင့်အမြင်အာရုံချို့ယွင်း/အားနည်းသွားကြသော ညီအစ်ကိုမောင်နှမများ မိမိဖွင့်လှစ်ထားသော ကွန်ပျူတာ သင်တန်းများတွင် အမြင်အာရုံ မသန်စွမ်းသူများပါ ထည့်သွင်းသင်ကြားပေးနိုင်ရန်အတွက် စီစဉ်နေသော ဆရာ/မများ အတွက်ရည်ရွယ်၍ 🏫 Computer Knowledge Bank (CKB) မှ NVDA screen reader အသုံးပြုနည်းသင်တန်းအား အခမဲ့ ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။ ဤသင်တန်းတွင် NVDA screen reader အား အခြေခံမှစ၍ အဆင့်မြင့် အသုံးပြုနိုင်သည့်အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
သင်တန်းကို တက်ရောက်လိုသူများအနေနှင့် computer အခြေခံအသုံးပြုနည်းကို တက်မြောက်ထားသူဖြစ်ရပါမယ်။ သင်တန်းကို အချိန်ပြည့် တက်ရောက်နိုင်သူ ဖြစ်ရပါမယ်။
📅📅သင်တန်းကာလ၊ နေ့ရက်နှင့် သင်ကြားမည့်ပုံစံ
သင်တန်းမှာ ၁၀ရက် ကြာမြင့်မှာ ဖြစ်ပြီး
သင်တန်းအချိန်မှာ အောက်တိုဘာလ ၅ရက်နေ့မှစ၍ နံနက် (၁၀:၀၀) နာရီမှ ၁၁:၀၀ နာရီအထိ နေ့စဉ် တစ်နေ့လျှင် တစ်နာရီခန့်ဖြင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ သင်တန်းကို Zoom meeting software အသုံးပြုပြီး Online ကနေ တိုက်ရိုက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
®️သင်တန်းတက်ရောက်လိုသူများသည် အမည်၊ ဖုန်းနံပါတ်၊ E-mail လိပ်စာ၊ တို့ကို phone 09792822674၊ 09252258771၊ 09778408933 သို့ဖုန်းဆက်၍ ဖြစ်စေ၊ Page messenger မှဖြစ်စေ၊ အောက်တိုဘာလ ၃ရက် တနင်္လာနေ့ နောက်ဆုံးထား၍ ®️စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။

10/07/2022

😇😇😇 အားလုံးပဲမင်္ဂလာပါခင်ဗျာ။ 😇😇😇
__
🙏 မြန်မာပြည်သူပြည်သားအားလုံး ယခုကြုံတွေ့နေရသော အခက်အခဲများမှ အမြန်ဆုံးကျော်လွှားနိုင်ပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။🙏🦯🦯အမြင်အာရုံ မသန်စွမ်း ညီအစ်ကို မောင်နှမများနှင့် အကြောင်းအမျိုးမျိုးကြောင့်အမြင်အာရုံချို့ယွင်း/အားနည်းသွားကြသောညီအစ်ကိုမောင်နှမများအတွက် ရည်ရွယ်၍ 🏫 Computer Knowledge Bank (CKB) မှ ဩဂုတ်လအတွက် 💻computer အသုံးပြုနည်းပညာသင်တန်း တန်းခွဲအသစ်ကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်‌ကြောင်းသတင်းကောင်းလေးပေးပါရစေခင်ဗျာ။ ဤသင်တန်းကို Basic class နှင့် Intermediate classဟူ၍ နှစ်တန်းခွဲပြီး ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
💻 ဤသင်တန်းအား တက်ရောက်သင့်သူများ
မိမိ၏ ICT scale ကို အသုံးချပြီး သူတစ်ပါးအား မှီခိုမှုကို လျော့ချလိုသော အမြင်အာရုံမသန်စွမ်းသူများ၊
💻 ပြင်ပနည်းပညာသင်တန်းများကို တက်ရောက်လေ့လာရန် အခက်အခဲဖြစ်နေသော အမြင်အာရုံမသန်စွမ်းသူများ၊
💻 computer ကို အခြေခံမှစကာ စနစ်တကျလေ့လာလိုသော အမြင်အာရုံမသန်စွမ်းသူများ၊
💻 ICT နည်းပညာကို အသုံးချ၍ အသက်မွေးဝမ်းကြောင်းပြုလိုသော အမြင်အာရုံမသန်စွမ်းသူများ။
📖လေ့လာရမည့် သင်ခန်းစာများ 📒📒
🖥 Computer Basic တွင်
1️⃣ Introduction Of computer
2️⃣ Keyboard and Mouse
3️⃣ Window Screen
4️⃣ Desktop and Start Menu
5️⃣ task bar, And Notification or system tray
6️⃣ Using Run box
7️⃣ File explorer
8️⃣ NVDA screen reader
9️⃣ Document editing
🔟 Audio editing
1️⃣1️⃣ Maintaining
1️⃣2️⃣ Using internet, Web browsing and using E-mail
တို့ဖြစ်ပြီး
🖥Computer Intermediate တွင်
1️⃣ application installation
2️⃣ Common applications
3️⃣ Microsoft Word
4️⃣ Microsoft PowerPoint
5️⃣ Microsoft Excel
6️⃣ Maintaining
7️⃣ Disk Management
8️⃣ Web browsing
9️⃣ Social media
🔟 Cloud storage တို့ဖြစ်ပါတယ်ခင်ဗျာ။
📅📅သင်တန်းကာလ၊ နေ့ရက်နှင့် သင်ကြားမည့်ပုံစံ
📅Basic class အချိန်ဇယား
သင်တန်းမှာ ၂လခွဲ ကြာမြင့်မှာ ဖြစ်ပြီး
သင်တန်းအချိန်မှာ သြဂုတ်လ ၁ရက် နေ့မှစ၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ နေ့ ညနေ 🕖
(၇:၀၀) နာရီတွင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
📅Intermediate class အချိန်ဇယား
ဤအတန်းမှာလည်း ၂လခွဲ တတ်ရောက်ရမှာဖြစ်ပြီး
သင်တန်းချိန်မှာ သြဂုတ်လ ၂ရက်နေ့မှစတင်၍ အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့ ညနေ 🕖
(၇:၀၀) နာရီတွင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
သင်တန်းကို Zoom meeting software အသုံးပြုပြီး Online ကနေ တိုက်ရိုက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
®️သင်တန်းတက်ရောက်လိုသူများသည် အမည်၊ ဖုန်းနံပါတ်၊ E-mail လိပ်စာ၊ တတ်ရောက်လိုသည့်အတန်းတို့ကို phone 09792822674၊ 09252258771 သို့ဖုန်းဆက်၍ ဖြစ်စေ၊ Page messenger မှဖြစ်စေ၊ Viber Phone 09252258771 မှဖြစ်စေ ဇူလိုင်လ၂၅ရက် တနင်္လာနေ့ ညနေ 🕖 ၇နာရီနောက်ဆုံးထား၍ ®️စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။
📦သင်တန်းဝင်ကြေး
သင်တန်းတက်ရောက်လိုသူများသည် Basic 📦 အတွက် တစ်ဦးချင်းအပ်လျှင် သင်တန်းကြေး 20000 ကျပ် ပေးသွင်းရမှာဖြစ်ပြီး (၅)ဦး စု၍အပ်လျှင် စုစုပေါင်း 90000 ကျပ်သာ ပေးသွင်းရမှာ ဖြစ်ပါတယ်ခင်ဗျာ။
Intermediate 📦အတွက် တစ်ဦးချင်း အပ်လျှင် သင်တန်းကြေး 25000 ကျပ် ပေးသွင်းရမှာဖြစ်ပြီး၊ (၅)ဦး စု၍အပ်လျှင် စုစုပေါင်း 115000 ကျပ်သာ ပေးသွင်းရမှာဖြစ်ပါတယ်ခင်ဗျာ။
သင်တန်းကြေးကို 09252258771 သို့ Wave Pay မှဖြစ်စေ၊ KBZ Pay မှဖြစ်စေ ပေးသွင်းနိုင်ပါတယ်ခင်ဗျာ။
အသေးစိတ်သိရှိလိုပါက အထက်တွင်ဖော်ပြထားသောPhone၊ Viber၊ Page messenger သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 🥰 🥰 🥰

03/06/2022

Computer Performance Maintaining (Part2)

ကွန်ပျူတာအသုံးပြုသူများသည် မိမိ ကွန်ပျူတာအား ပုံမှန်သန့်ရှင်းရေးလုပ်ရန် လိုအပ်ပါတယ်။ ထိုသို့ လုပ်ရာတွင် ပထမအဆင့်အနေနှင့် သန့်ရှင်းရေးလုပ်ရမည့် နည်းလမ်းများကို ပထမပိုင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ မိမိကွန်ပျူတာအား ပုံမှန်သန့်ရှင်းရေးမလုပ်ပါက Windows တက်ရာတွင် ကြာခြင်း၊ ကွန်ပျူတာအသုံးပြုရာတွင် လေးလန်လာခြင်းတို့ ဖြစ်တက်ပါတယ်။ ဒီတစ်ခါမှာတော့ မိမိကွန်ပျူတာတွင် disk cleanup ပြုလုပ်နည်း အဆင့်ဆင့်အား ပြောပြပေးသွားမှာဖြစ်ပါတယ်။ ပြောပြတဲ့ အကြောင်းအရာများဟာ မိမိတို့အတွက် အထောက်အကူပြုတယ်ဆိုရင် ကျွန်တော်တို့ page လေးကို like, Follow and share လုပ်ပေးသွားဖို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ။

Disk cleanup ပြုလုပ်မယ်ဆိုရင်
ပထမအဆင့်အနေနှင့် runbox ကို win+R ဖြင့်ခေါ်ပါ။
Run dialog ကျလာပါက cleanmgr ဟုရေး၍ enter ခေါက်ပါ။

ဒုတိယအဆင့်အနေနှင့် Drives: combo box OS (C:) collapsed Alt+d နေရာတွင် မိမိ လုပ်လိုသော Drive column အား ရွေးပါ။
ထို့နောက် Ok ကို ရှာ၍ Enter ခေါက်ပါ။

တတိယအဆင့်အနေနှင့် Files to delete: list focused Alt+f နေရာတွင် မိမိ ဖျတ်လိုသော နေရာများပေါ်တွင် အမှန်ခြစ် လုပ်ပါ။
ထို့နောက် OK button ကို ရှာ၍ Enter ခေါက်ပါ။
System files များပါရှင်းလိုလျှင် Clean up system files button Alt+s ကို Ok မပေးမှိတွင် နှိပ်၍ ခဏစောင့်ပါ။
ထို့နောက် Drive column ရွေးသည့် နေရာသို့ ပြန်ရောက်လာပါလိမ့်မည်။ ထိုနေရာသို့ရောက်လျှင်ဒုတိယ အဆင့်ပုံစံမျိုးအတိုင်း လုပ်ဆောင်ပါ။
ထို့နောက် Ok ပေးပြီး တတိယ အဆင့်အတိုင်း ထပ်မံလုပ်ဆောင်ပါ။ ထို့နောက် Ok ပေးပါ။
စတုတ္ထအဆင့်တွင် Are you sure you want to permanently delete these files? ဆိုသည့် dialog ကျလာပါလိမ့်မည်။ ထိုအခါ OK button ကို နှိပ်ပါက သန့်ရှင်းရေးလုပ်သွားပါမည်။ Cancel button အားနှိပ်ပါက သန့်ရှင်းရေးမလုပ်တော့ပဲ software ထဲမှ ပြန်လည် ထွက်သွားမည်ဖြစ်သည်။

မြန်မာပြည်သူ/သားအးလုံး ယခုကြုံနေရသော အခက်အခဲများမှ အမြန်ဆုံး ကျော်လွှားနိုင်ပြီး အစစအရာရာ အဆင်ပြေကြပါစေ။

06/05/2022

Making Partation for PC
window key + r ဖြင့် runbox သို့သွားပါ။ ပြီးလျှင် diskmgmt.msc ကိုရေးပြီး enter ကိုနှိပ်ပါ။
ပြီးလျှင် tab key ဖြင့် list view ကိုရှာပါ။
ပြီးလျှင် partation လုပ်လိုသည့် volume သို့မဟုတ် column ကို downarrow key ဖြင့်ရှာပါ။
ပြီးလျှင် right click သို့မဟုတ် application key ကိုနှိပ်ပြီး shrink volume ကို up arrow key ဖြင့်ရှာ၍ enter ကိုနှိပ်ပါ။
ပြီးလျှင် amount of shrink MB ဆိုပြီး edit box ကိုတွေ့ရပါမယ်။
ထို box တွင် partation လုပ်လိုသည့် amount ကို MB ဖြင့်ရေးပါ။
ဥပမာ 1Gb ကို ထားလိုလျှင် 1024 သို့မဟုတ် 1000 ဟု အနီးဆုံးယူ၍ တွက်နိုင်ပါသည်။
ပြီးလျှင် tab key ဖြင့် shrink button ကိုရှာပြီး enter ကိုနှိပ်ပါ။
ထို့နောက် tab key ဖြင့် graphical view table သို့သွားပါ။
ပြီးလျှင် arrow key များသုံးပြီး Disk 0 list item Capacity: ကိုရှာပါ။
ပြီးလျှင် shrink လုပ်ခဲ့သည့် column ကို right arrow ဖြင့်ရှာပါ။

ပြီးလျှင် right arrow key တစ်ချက်ထက်နှိပ်ပြီး right click နှိပ်၍ new simple volume ကို up (or) down arrow key ဖြင့်ရှာပါ။
ထို့နောက် enter ကိုနှိပ်ပြီး tab key ဖြင့် next ကိုရှာပြီး space ကိုနှိပ်ပါ။
နောက်အဆင့်တွင်လည်းထိုသို့ next ပေးပါ။
ပြီးလျှင် drive letter တွင် ထားလိုသည့် letter ကို up (or) down arrow key ဖြင့်ရွေးပါ။
ပြီးလျှင် next ဆက်ပေးပါ။
ထို့နောက် volume label တွင် ပေးလိုသည့် name ကိုပေးပြီး next ဆက်ပေးပါ။
နောက်အဆင့်များတွင်လည်း next ဆက်ပေးပြီး next မရှိတော့လျှင် finish ကိုပေးပါက partation ရပါပြီခင်ဗျာ။
shrink လုပ်ပြီးမှမလုပ်လိုလျှင်လည်း extend လုပ်ပြီးပြန်ပေါင်းနိုင်ပါတယ်။
extend ပြုလုပ်နည်းကို နောက်ပို့စ်မှာ ဆက်လက်တင်ပေးသွားပါမယ်ခင်ဗျာ။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00