Ak 47
Arakan and World News
၂.၂.၂၀၂၅
လှည်တန်းမှာ နေ့ခင်းကြောင်တောင် ပေါ်တာလိုက်ဆွဲရုပ်သံ
အထူးဂရုစိုက်ကြပါ
12/02/2024
အားမငယ်ပါနဲ့ ကိစ္ဆာပ ပြန်ဆောက်လို့ရတယ်
AA ရဲဘော်တွေ လိုင်ဇာ(ကချင်ပြည်) ကနေ ရက္ခိုင်ပြည်ကို ဘယ်လို ခရီးနှင်ခဲ့ကြလဲ(2014/15)
မြင်ဖူးအောင်တွက် တင်ပေးလိုက်ပါတယ်
Respect AA🙇♂️🙇♂️
27/10/2022
မုန်တိုင်းကြောင့် ပင်လယ်ထဲ လှေမှောက်နစ်မြုပ်မျောပါလာသည့် မူဆလင် ၂ ဦးကို ရခိုင်ရွာသားများ ကယ်တင်ခဲ့
အောက်တိုဘာ ၂၇ ရက်
အောက်တိုဘာ ၂၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် စီထရံ မုန်တိုင်း ဒဏ်ကြောင့် ပင်လယ်ထဲ လှေ မှောက်ပြီး မျောပါလာသည့် မူဆလင် ၂ ဦးကို ရခိုင်ရွာသားများက ကယ်တင်ခဲ့ကြပြီး နေရပ် စစ်တွေသို့ ပြန်ပို့ပေးခဲ့ကြကြောင်း ရွာသားများ၏ပြောပြချက်အရသိရသည်။
မုန်တိုင်းဒဏ်သင့်ခဲ့ကြသည့် မူဆလင် ၂ ဦးမှာ စစ်တွေမြို့နယ် ပလ္လင်ပြင်အုပ်စု အုန်းတောကြီးရွာ ကယ်ဆယ်ရေးစခန်းမှ ဦးမာမောက်ယာဆိမ်း အသက် ၄၄ နှစ် နှင့် ဘောဒူဗ ကယ်ဆယ်ရေးစခန်းမှ ဦးဇာလာမောက် အသက် ၂၅ နှစ်တို့ ဖြစ်ကြသည်။
၎င်းမူဆလင်အမျိုးသား ၂ ဦးအနက် ဦးမာမောက်ယာဆိမ်းကို ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ရွာအနီးပင်လယ်ပြင်တွင် မျောပါနေသည်ကို ဒုံးပိုက်ရွာသားများက တွေ့ရှိ၍ ကယ်ဆည်ခဲ့ကြသည်။
နောက်တစ်ဦးဖြစ်သည့် ဦးဇာလာမောက်ကိုမူ မောင်တောမြို့နယ် အင်းဒင်ရွာအနီးပင်လယ်ပြင်တွင်တွေ့ရှိ အင်းဒင်ရွာသားများက ကယ်ဆည်ခဲ့ကြသည်။
သူတို့ ၂ ဦးကို သူတို့၏ နေရပ် ကယ်ဆယ်ရေးစခန်းအသီးသီးသို့ ရွာသားများက အောက်တိုဘာ ၂၅ ရက်နေ့က ပို့ပေးလိုက်ကြပြီဖြစ်သည်။
ထိုမူဆလင် ငါးဖဖ်းသမား မူဆလင် ၂ ဦးသည် အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့နယ် ပလ္လင်ပြင်ရွာ အနောက်ဖက် ပင်လယ်ပြင်တွင် ငါးဖမ်းပိုက် ဖော်ရန် လှေတစ်စီးဖြင့် သွားကြစဉ် စီထရံ မုန်တိုင်းမိ၍ နစ်မြုပ်မျောပါသွားခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင်များ၏ ပြောကြားချက်အရသိရသည်။
#မူဆလင်
တနိုင်ငံလုံးနဲ့ တယောက် ဖိုက်ခဲ့စဉ်တုန်းက
ဗိုလ်ချုပ်ဘာပြောခဲ့လဲ
23/09/2022
ရခိုင်လူမျိုးရဲတပ်ဖွဲ့ဝင်ကိုးဦးကို အရေးယူထားတဲ့အမ်းမှာ ဒုတိုင်းမှူးကိုယ်တိုင်ပြန်စည်းရုံးနေရ
BNA(ဓာတ်ပုံသတင်း)
အမ်း၊စက်တင်ဘာ ၂၁။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာအမ်းမြို့ခရိုင်မှ ရဲအရာရှိတချို့အပါအဝင်ရခိုင်လူမျိုးရဲအရာရှိကိုးဦးကို အရေးယူထားတဲ့အတွက် ရဲတပ်ဖွဲ့နဲ့စစ်တပ်ကြား ယုံကြည့်မှုပျက်ပြားသွားကြပြီးမို့ အ နောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးကိုယ် တိုင် ပြန်လည်စည်းရုံးနေရတယ်လို့ တပ်မတော်အရာရှိကြီးတချို့က အတည်ပြုပြောပါတယ်။
အဲဒီအမ်းမြို့ပေါ်ရှိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမမှာ စက်တင်ဘာလ ၂၁ ရက်၊ဒီနေ့နံနက်က အမ်းခရိုင်ရဲတပ်ဖွဲ့ရှိ ရဲတပ်ဖွဲ့ဝင်နှင့်မိသားစုများအားစားသောက် ကုန် ပစ္စည်းများထောက်ပံ့ပေးအပ်ဆိုပြီးစည်းရုံးရေးပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန် ကြီးနှင့်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထောက်ပံပေးအပ်တဲ့ စားသောက်ကုန်ပစ္စည်းတွေကိုအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်ကျော်မင်းက အမ်းခရိုင်ရဲတပ်ဖွဲ့ရှိ ရဲတပ်ဖွဲ့ဝင်များအတွက် ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး၊ရဲမှူးဇော်မင်းဦးဆီသို့ ပေးအပ်ခဲ့တာလို့ သိရပါတယ်။
အဲဒီအမ်းမြို့မရဲစခန်းက ရဲအုပ်သက်လှိုင်ကို ရဲစခန်းအချုပ်ထဲမှာဖမ်းထားပြီးနယ်ထိန်းခေါင်းဆောင်၊တပ်ကြပ်ကြီးအဆင့်အပါ ရခိုင်လူမျိုး ရဲတပ်ဖွဲ့ဝင်ကိုးဦးကို နယ်ဝေးပြောင်းရွေ့အမိန့်အဖြစ်အရေးယူထားတာမို့ ရဲနဲ့စစ်တပ်ကြားယုံကြည်မှုပျက်ပြားသွားတာလို့တပ်မတော်တပ်မတော်အရာရှိကြီးတချို့က ဆိုပါတယ်။
အဲဒီရခိုင်လူမျိုးရဲတပ်ဖွဲ့ဝင်ကိုးဦးဟာမိသားစုအရ၊လူမှုရေးအရ ရက္ခိုင့်တပ်တော်(AA)နဲ့ဆက်စပ်နေတယ်လို့ စွပ်စွဲပြောဆိုပြီးအရေးယူလိုက်တာလို့ ရဲအသိုင်းအဝိုင်းက ဆိုပါတယ်။
(နောက်ဆက်တွဲသတင်းအပြည့်အစုံကိုဆက်လက် ဖော်ပြပါမယ်။)
#အမ်း #ရဲ #စစ်တပ် #စစ်ကောင်စီ #အရေးယူ # ယုံကြည်မှု #ဒုတိုင်းမှူး #
(ဓာတ်ပုံ -အမ်းမြို့ပေါ်ရှိမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမမှာ ဒီနေ့ပြုလုပ်ခဲ့တဲ့စည်းရုံးရေးပွဲ/BNA)
AA နဲ့ပတ်သက်ပီး လျှို့ဝှက်သတင်း ပေါက်ကြားလို့ ထင်လက်ဦး ပျားတုတ်ခံနေရပီ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
95