Capacity Building and Personal Development Institute
"Build your capacity, upgrade your competency, perform your skill, lead your life."
23/06/2025
Admin Special Certificate Course
သင်တန်း အမှတ်တရ...
ဆက်လက်ကြိုးစားရင်း
အောင်မြင်မှုတွေ ရရှိနိုင်
ကြပါစေ ...
Capacity Building and Personal Development Institute
08/06/2025
**HRM & Leadership Batch - 2 (MKN) ရဲ့ အမှတ်တရ
နေထူး ရက်မြတ်လေးပါ။
အားလုံး ခရီးအဆုံးထိ
ရောက်နိုင်ကြပါစေ ..
ကျန်းမာ
ဘေးကင်း
အောင်မြင်နိုင်ကြပါစေ ..
07/06/2025
" "
Photo Credit : Growth Force.
01/08/2024
" ါနော်"
" #ကျနော်တို့တကယ်ကောင်းတဲ့အကြောင်းတရားကိုလိပ်ပြာပြာလုံလုံနဲ့ချစ်ခင်သူတွေဆီကိုမျှဝေပေးခြင်းပါ။"
ဘိုင်- ဂျိုနသန်ဗေဒါ
"Win Win Win"
ဒီသီအိုရီကို
တကယ်ချစ်တယ်။
သဘောကျတယ်။
သုံးဖက်မြင်အခြေအနေတွေမှာ ရလာဒ်ကောင်းတွေထွက်
ေအာင် ဆောင်ရွက်နိုင်ခြင်းအဓိပ္ပါယ်ပါ။
ကျနော့် မိတ်ဆွေတွေကို ကျနော်က
အာမခံအကြောင်းမိတ်ဆက်၊ အာမခံပွဲတွေဖိတ်တော့ သူတို့တွေကို တခုသတိထားမိလိုက်တာက တီေကာင်ကို ဆားနဲ့ထိလိုက်လို့ တွန့်လိမ်သွားကြတဲ့ ခံစားချက်များ ကျနော်ခံစားရမိတယ်။
ကျနော်က "ဆား"ဖြစ်သွားတယ်ထင်တာပဲ။
(စတာပါနော်😀)
တကယ်တော့
ကျနော်တို့ အားလုံးဟာ အာမခံစနစ်ရဲ့
လုပ်ငန်းသဘောသဘာဝတွေ၊ အကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီး ယဉ်ပါးမှုအားနဲကြသလို၊ အလေ့အကျင့်အထိအတွေလည်းနည်းပါးကြပါတယ်။
အသိနောက်လည်းနောက်ကျကြပါတယ်။
အာမခံလို့ အသံကြားတာနဲ့
မိမိတို့ဆီကနေ..
ငွေပိုထွက်စေတဲ့အလုပ်။
မလိုအပ်ဘူးလို့ထင်တဲ့ အပိုအလုပ်။
အဲလိုပဲတွေးထင်နေကြတာပါ။
တကယ်တော့
အာမခံဆိုတာ
#ကတိသစ္စာကိုရောင်းချပေးတာပါ။
#ယုံကြည်မှုတွေရောင်းချပေးခြင်းပါ။
#ကျနော်တို့အနာဂါတ်တွေကိုရောင်းချပေးတာပါ။
#စာချုပ်တခုထက်ပိုတဲ့ ဂုဏ်သတ္တိတွေအာမခံမှာအများကြီးပါနေပါတယ်။
#နံပါတ်တစ်_Win
အာမခံဟာ
ပေါ်လစီကိုရယူထားသူအတွက် အကျိုးေကျးဇူးေတွများစေတယ်။
အကာအကွယ်ရစေတယ်။ အနာဂါတ်ကိုတွက်ချက်ပြင်ဆင်ထားတာကြောင့် "Peace of Mind" တကယ်ဖြစ်စေတယ်။
ကိုယ့်မိသားစုအတွက် ကိုယ်တတ်နိုင်တာကိုဖန်တီးပေးခဲ့တာကြောင့်လည်း "Peace of Mind" ဖြစ်စေတယ်။
ငွေကိုစည်းကမ်းတကျစုဖြစ်စေတယ်။
ဒါကြောင့် တကယ် Win ဖြစ်ပါတယ်။
#နံပါတ်နှစ်_Win
အာမခံကုမ္ပဏီအတွက်၊
အာမခံထားသူတွေကို
ပိုမိုများပြားစွာအကာအကွယ်ေပးခွင့်ရခြင်းဟာ ကုမ္ပဏီရဲ့လုပ်ငန်းရည်မှန်းချက်ဖြစ်တဲ့
အတွက်ကြောင့် အာမခံထားသူများစွာကို အကာအကွယ်ပေးနိုင်ခြင်းဟာ ကုမ္ပဏီအတွက် Win ဖြစ်ခြင်းပါ။
#နံပါတ်သုံး_Win
အာမခံကိုယ်စားလှယ် Financial Advisor တွေအတွက်လည်း ကိုယ့်မိသားစု၊ကိုယ့်မိတ်ဆွေအတွက် အကာအကွယ်ပေးနိုင်ဖို့ကြိုးစားရင်း တဖက်တလမ်းက အပိုဝင်ငွေရလမ်းဖြစ်ေစတယ်။
ဒါ့အပြင် ..
ကိုယ်ကျိုးနဲနဲ၊
သူ့အကျိုးများများဖြစ်တဲ့
လုပ်ငန်းသဘာဝကြောင့်
ပရဟိတလုပ်ငန်းလည်း ဆန်ပါတယ်။
ဒါကြောင့်ကုသိုလ်လည်းရ၊
ဝမ်းလည်းဝပါတယ်။ ဒါကြောင့် ဒါကလည်း Win ပါပဲ။
ဒီလို Win Win Win မျိုးဖြစ်တဲ့ လုပ်ငန်းသဘာဝကို
မိသားစုနဲ့ ကျနော့်မိတ်ဆွေတွေကို
မိတ်ဆက်ပြောဆိုပေးရတဲ့အတွက်၊ ကျနော်အနေနဲ့တော့
တကယ်လည်းတက်ကြွမိတယ်။ ဝမ်းလည်းသာမိတယ်။ လိပ်ပြာလည်းလုံပါတယ်။
ဒါကြောင့်
ကျနော့်မိတ်ဆွေတို့
တီကောင်လေး
ဆားကြောက်သလို
အာမခံအကြောင်းပြောတာနဲ့၊
အာမခံပွဲကို ဖိတ်တာနဲ့၊ တွန့်လိမ်မနေကြပါနဲ့တော့လို့။
အနဲဆုံးအနေနဲ့ ဗဟုသုတအဖြစ်ေလးေတာ့လေ့လာထားသင့်ပါတယ်လို့ ..။
" #ကျနော်တို့တကယ်ကောင်းတဲ့အကြောင်းတရားကိုလိပ်ပြာပြာလုံလုံနဲ့ချစ်ခင်သူတွေဆီကိုမျှဝေပေးခြင်းပါ။"
#ကျန်းမာချိန်မှာအာမခံထားပါ။
#မကျန်းမာချိန်မှဆိုရင် အာမခံထားဖို့ခက်ခဲနိုင်ပါတယ်။
#အလုပ်လုပ်နိုင်ချိန်မှာ အာမခံထားပါ။
#အလုပ်မလုပ်နိုင်ချိန်မှ အာမခံထားမယ်ဆိုရင်
ခက်ခဲနိုင်ပါတယ်။
#မအိုချိန်မနာချိန်မှာ အာမခံထားပါ။
#အိုချိန်နာချိန်မှအာမခံထားမယ်ဆိုရင် ခက်ခဲနိုင်ပါတယ်။
#မိသားစုနဲ့သားသားမီးမီးတို့ပညာေရး၊အမွေပေးရေးနဲ့နောင်ရေးများအတွက်အာမခံထားပါ။
#ဒါမှမိမိအသက်အရွယ်ကြီးချိန်မှာနောင်တတရားနဲပါးစွာ နဲ့အေးချမ်းနိုင်မှာဖြစ်ပါတယ်။
မိမိတို့နဲ့မိသားစုနောင်ရေးအတွက်စိတ်အေးရဖို့အနာဂါတ်အတွက်ပြင်ဆင်ကြပါလို့ မိတ်ဆွေတို့ကိုချစ်ခင်စွာနဲ့အလေးအနက်ထားတိုက်တွန်းပါရစေ။...
By ဂျိုနသန်ဗေဒါ
#အာမခံ
#အနာဂါတ်
26/07/2024
" ိုတာဘာလဲ"
Risk ဆိုတာ
ိုတဲ့
မရေရာမသေချာမှုတွေ။
(အလုပ်ဆုံးရှုံး၊ အလုပ်ပြုတ်၊ စီးပွါးရေးပျက်စီး)
ိုတဲ့ကြိုတင်မမြင်နိုင်တဲ့အရာတွေ။
(ကပ်ရောဂါ၊ ငလျင်)
ိုတဲ့ထိခိုက်နိုင်မှုအန္တရာယ်တွေ။
(လုပ်ငန်းခွင်ထိခိုက်မှု၊ အက်ဆီးဒင့်)
ိုတဲ့ကြိုတင်ခန့်မှန်းရခက်တဲ့ဘေးအန္တရာယ်တွေ။
(မုန်တိုင်း၊ ရေကြီး၊ တောင်ပြို)
ဒါတွေဟာ Risk တွေပါပဲ။
ဒီ Risk တွေကြောင့် ကျနော်တို့ဘာတွေဖြစ်နိုင်သလဲ။
ပစ္စည်းဥစ္စာ၊ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးနိုင်ပါတယ်။ ဆုံးရှုံးနိုင်ပါတယ်။ လျော့ပါးနိုင်ပါတယ်။
ပျောက်ကွယ်သွားနိုင်ပါတယ်။
ဒီ Risk တေွကို ကျနော်တို့
တားဆီးနိုင်သလား။
ကာကွယ်နိုင်သလား။
ရှောင်လွှဲနိုင်သလား။
ကြိုတင်မသိနိုင်၊ ကြိုတင်မမြင်နိုင်တဲ့အရာတွေအတွက်
ကျနော်တို့ တားဆီးနိုင်ဖို့၊ ရှောင်လွှဲနိုင်ဖို့ဆိုတာ တကယ်လက်တွေ့မှာ မလွယ်ကူပါဘူး။
( #ဒါဆိုရင်ဘယ်လိုလုပ်လို့ရမလဲ ..)
" လုပ်ကြမယ်"
Risk တွေကို ကျနော်တို့အနေနဲ့ တားဆီး၊ ကာကွယ်၊ ရှောင်လွှဲဖို့ ခက်ခဲပါတယ်။
မလွယ်ကူပါဘူး။
ဒါပေမယ့်ပေါ့ ....
ဒီ Risk တွေကြောင့်ဖြစ်လာတဲ့ ေနာက်ဆက်တွဲထိခိုက်မှုေတွ၊ အကျိုးဆက်တွေကို
ေတာ့ကျနော်တို့မှာ စီမံထားနိုင်ဖို့ အခွင့်အလမ်းရှိေနပါတယ်။
ဒါကို ကျနော်တို့က
( #ထိခုိက်ဆုံးရှုံးမှုများကိုလွှဲပြောင်းခြင်း) လုပ်တယ်လို့ခေါ်ပါတယ်။
ဒီလို Risk တွေကို ဘယ်သူတွေဆီကို Transfer လုပ်လို့ရသလဲဆိုရင် Insurers တွေဆီကို လွှဲပြောင်းထားပြီး အကာအကွယ်ယူလို့ရပါတယ်။
Insurer တွေဟာ ဖော်ပြထားတဲ့ Risk တွေကို ကာကွယ်ပေးခြင်း၊ ရှောင်လွှဲနိုင်ေစခြင်း၊ တားဆီးပေးခြင်းဆိုတာမျိုးတွေကိုတော့ မလုပ်နိုင်ဘူး။
ဒါပေမယ့်
ဒီလိုကြီးမားပြီး
မမျှော်လင့်ထားတဲ့၊
ထိခိုက်ဆံုးရှံုးမှုအန္တရာယ်
ေတွကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်ဖြစ်တဲ့၊ ငွေကြေးဆိုင်ရာပြဿနာများအတွက် အကာအကွယ်ေတွပေးထားနိုင်ပါတယ်။
ဒီ Risk တွေကြောင့်
ကျနော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ .....
ကျနော်တို့ချစ်ခင်သူတွေ၊ ကျနော်တို့မိတ်ေဆွတွေ၊ ကျနော်တို့မိဘတွေ၊
ကျနော်တို့မောင်နှစ်မသားချင်းေတွ၊
ကျနော်တို့ရင်နှစ်သည်းချာသားသားမီးမီးတွေဟာ....
ပြင်းထန်စွာထိခိုက်နာကျင်မှု၊
အဆိုးဆံုးဖြစ်တဲ့
အသက်ဆုံးရှုံးမှု....
စတဲ့ မျှော်မှန်းမထားမိ၊ တွက်ချက် မထားမိတဲ့အန္တရာယ်ဆိုးတွေ ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် ...
ကျနော်တို့စဉ်းစားသင့်တာက
ဒါကို ကျနော်ဘယ်လို စီမံထားသင့်သလဲဆိုတာပါ။
ကျနော်တို့ဟာ
ဘဝတွေမှာနေထိုင်ရင်း
သူများတွေ ထီပေါက်ရင်
ငါလည်းပေါက်နိုင်မလား ဆိုတဲ့ စဉ်းစားမှုမျိုးကို လူတိုင်းနှစ်သက်ကြပါတယ်။
ဒါပေမယ့်
သူများတွေ မတော်တဆကြုံတွေမှုမျိုး၊
"ငါတို့ကြုံခဲ့ရင် ရော" ဆိုတဲ့.. စဉ်းစားမှုမျိုးကြတော့ လူအတော်များများဟာရှောင်လွှဲစဉ်းစားကြပါတယ်။
ဒါဟာ ကျနော်တို့ ကိုယ့်ကိုယ်ကို ညှာတာစဉ်းစားခြင်းပဲဖြစ်တယ် လို့ ကျနော့်အနေနဲ့တော့
ဒီလိုပဲ သုံးသပ်မိပါတယ်။
ဒါကြောင့်လည်း
ကျနော်တို့
ကျနော်တို့အနာဂါတ်အတွက်၊
မိသားစုအနာဂါတ်အတွက်၊
ကျနော်တို့အသက်အရွယ်ကြီးရင့်ချိန်ကာလအတွက်၊
ကျနော်တို့အလုပ်လက်မဲ့ချိန်ကာလတွေအတွက်
သေချာကြိုတင်ပြင်ဆင်မှုပြုလုပ်ထားဖို့ မလိုအပ်ဖူးလို့ ထင်မိတတ်ကြပါတယ်။
ဒါဟာ ကျနော်တို့ကို တကယ့် Risk တွေ မကြုံခင်အချိန်ထိမှန်နေပါသေးတယ်။
ကျနော်တို့ ဝင်ငွေကို ရှာဖွေနိုင်ချိန်ထိမှန်နေပါသေးတယ်။
ကျနော်တို့မှာ အခက်အခဲမရှိချိန်ထိလည်း မှန်ေနအုန်းမှာပါ။
ဒါပေမယ့်
ကျနော်တို့ ဘဝအတွက် ပြင်ဆင်ထားဖို့ Planning ကောင်းကောင်းတခု
တကယ်ပဲရိှထားသင့်ပါတယ်။
ကျနော်တို့ကိုယ်တိုင်နဲ့
ကိုယ့်ရဲ့မိသားစုအတွက်
#ရေရှည်မှာအကျိုးကျေးဇူးတကယ်သာရှိမယ်ဆိုရင်ဒါကိုကျနော်တို့ဘာလို့ကြိုတင်မပြင်ရဲရမှာလဲ!!!
#ဘာလို့ကြိုတင်မပြင်ဆင်ထားဘဲနေရမှာလဲ !!!
ဒါကကျနော့်ရဲ့သုံးသပ်မှု အမြင်ေတွထဲတခုပါ။
တနေ့တာအသုံးစရိတ်ထဲက ငွေကျပ်(၂၀၀၀)လောက် လေးကို အသုံးပြုပြီးကိုယ့် ဘဝရှေ့ရေးအတွက်ပြင်ဆင်ဖို့ဟာ ကျနော်တို့အတွက် တကယ်ပဲ ခက်ခဲပင်ပန်းလှတဲ့ အလုပ်ဖြစ်နေမလား???
ဒါမှမဟုတ်
ဒါဟာ မလိုအပ်ဘဲ အပိုသုံး အပိုဖြုန်းတဲ့ အလုပ်တခုလို့ ကျနော်တို့ တွေးထင်နေကြတာလား!!!
ကျနော်တို့ဟာ
စားသောက်ဆိုင်၊ အဖျော်ယမကာဆိုင်၊
ရှောပင်းမော ဒါတွေအတွက် သုံးလိုက်ဖို့ ဘယ်တုန်းကမှ နှမြောတွန့်တိုခြင်း မရှိကြပါဘူး။
ဒါပေမယ့်.
ကိုယ်နဲ့ ကိုယ့်ရဲ့မိသားစုအနာဂါတ်အတွက် အင်မတန်မှ
နဲပါးလှတဲ့ငွေကြေးပမာဏ လေးကို ခဲွတမ်းအဖြစ်သုံးစွဲဖို့ကြတော့ အတော်လေးကို တွန့်တိုကြတာ သထိထားမိပါတယ်။
ကျနော်တို့လူတွေက
ဘယ်လို အကြောင်းပြကြသလဲဆိုရင် ..
#တချို့ကလိုမှမလုိတာတဲ့ ..
#တချို့ကကြတော့ဝင်ငွေမလောက်ငှလို့တဲ့ ..
#တချို့ကကြတော့အဲလောက်အကြာကြီးစိတ်မရှည်နိုင်ဘူးတဲ့ ..
#တချို့ကကြတော့နောက်နှစ်တွေအတွက်စိတ်ပူလို့တဲ့ ..
#တချို့ကကြတော့ငယ်သေးလို့တဲ့ ...
#တချို့ကကြတော့မယုံလို့တဲ့ ...
#တချို့ကကြတော့နိုင်ငံရေးအခြေအနေမကောင်းလို့တဲ့..
#တချို့ကကြတော့စိတ်မဝင်စားလို့တဲ့ ..
ကျနော်တို့အမျိုးမျိုးသော အကြောင်းပြချက်တွေကိုပေးနေသံကို ကျယ်ကျယ်လောင်လောင်ကိုကြားေနရပါတယ်။
ကြားဖူးတာလေးပါ။
"Reason after reasons"
အကြောင်းပြချက်တွေနောက်မှာ အကြောင်းပြချက်
တွေပဲ ရှိနေတတ်တယ်တဲ့။
ကျနော်တို့တွေဟာ
ဘဝကို တရက်တည်းနဲ့ ပြီးဆုံးသွားကြမှာမဟုတ်ဘူးဆိုတာ အားလုံးလက်ခံထားကြပါတယ်။
ဘဝဆိုတာ
အကြာကြီးလျှောက်ရတာပါ။
အသက် (၆၅)နှစ်ကို ရက်နဲ့တွက်ရင်တောင် ရက်ပေါင်း (၂၃၇၀၀) လောက် ရှင်သန်ကြရမှာပါ။
ဒါကြောင့်
ဒီ Risk တွေကိုဒဏ်က
ကြုံများကြုံခဲ့ရင်ဆိုတဲ့ စဉ်းစားမှုမျိုးနဲ့ အကာအကွယ်ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားလို့ရနေပါတယ်။
မိမိတို့ရဲ့စိတ်ဆန္ဒကသာ အဓိကကျနေပါတယ်။
အနာဂါတ်ဆိုတာ ကြိုမသိနိုင်တဲ့ အရာပါ။
ဒီအတွက်
ကျနော်တို့ ဟာ
ကြိုတင်ပြင်ဆင်ထားကြဖို့၊
အစီအစဉ်ချထားကြဖို့ပဲ
လိုတာပါနော် ..
ဒါကြောင့်
မိတ်ဆွေတို့အနေနဲ့ ကြိုတင်
အကာအကွယ်ရယူထားခြင်းဖြင့် မိမိနဲ့ မိသားစုရဲ့
အနာဂါတ်အတွက် ငွေကြေးဆိုင်ရာလုံခြုံမှုများရယူနိုင်ကြပါစေလို့ အကြံပြုတိုက်တွန်းပါရစေခင်ဗျာ။
#ကျန်းမာချိန်မှာပဲ အာမခံထားပါ။
မကျန်းမာချိန်မှ.. ဆိုရင် အာမခံထားဖို့ခက်ခဲနိုင်ပါတယ်။
#အလုပ်လုပ်နိုင်ချိန်မှာ အာမခံထားပါ။
#အလုပ်မလုပ်နိုင်ချိန်မှ .. အာမခံထားမယ်ဆိုရင်
ခက်ခဲနိုင်ပါတယ်။
#မအိုချိန်မနာချိန်မှာ အာမခံထားပါ။
#အိုချိန်နာချိန်မှ..
အာမခံထားမယ်ဆိုရင်
ခက်ခဲနိုင်ပါတယ်။
#မိသားစုနဲ့သားသားမီးမီးတို့နောင်ရေးအတွက်အာမခံထားပါ။
ဒါမှမိမိအသက်အရွယ်ကြီးချိန်မှာနောင်တတရားကင်းဝေးမှာဖြစ်ပါတယ်။
နောင်ရေးအတွက်စိတ်အေးရဖို့အနာဂါတ်အတွက်ပြင်ဆင်ကြပါလို့ မိတ်ဆွေတို့ကိုချစ်ခင်စွာနဲ့အလေးအနက်ထားတိုက်တွန်းပါရစေ။...
By ဂျိုနသန်ဗေဒါ
#အာမခံ
#အနာဂါတ်
24/07/2024
" ာထူးအတွက်ခေါ်ယူခြင်း"
လိုင်စင်ရအသက်အာမခံကိုယ်စားလှယ်တယောက်အဖြစ် တရားဝင်လုပ်ကိုင်နိုင်လိုသူများအတွက်
Chubb Life Myanmar မှ
အပတ်စဥ် သင်တန်းများ
အခမဲ့ပို့ချပေးနေပါသည်။
" #လိုအပ်သည့်အရည်အချင်း"
✓ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ
✓အများအကျိုးအတွက် အာမခံအကာအကွယ် အကျိုးကျေးဇူးများကို
စိတ်အားထက်သန်စွာရှင်းပြလိုသူ၊
✓Service အရောင်းပိုင်းကိုစိတ်ဝင်စားသူ
✓စဉ်ဆက်မပြတ်လေ့လာသင်ယူလိုစိတ်ရှိသူ
✓မိမိကိုယ်ကို တိုးတက်ရန်ကြိုးစားလိုသူ
" #အကျိုးကျေးဇူးများ"
✓ကြိုးစားသလောက် ရာထူးတိုးခံစားခွင့်ရိှခြင်း၊
✓လက်ရှိဝင်ငွေထက် ပိုမိုတိုးပွါးနိုင်သည့်အခွင့်လမ်းများရှိခြင်း၊
✓မိမိတို့၏လက်ရှိအလုပ်ကို မထိခိုက်ေစဘဲလုပ်နိုင်ခြင်း
✓အချိန်အကန့်အသတ်မရှိလုပ်နိုင်ခြင်း၊ အပိုဝင်ငွေရှာနိုင်ခြင်း
✓အများအကျိုးအတွက် အထောက်အကူပြုနိုင်ခြင်း
စသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။
" #ဘာတွေလိုပါသလဲ"
FA ရာထူးေလျှာက်ထားရန်
အောက်ဖော်ပါအချက်များလိုအပ်ပါသည်။
၁။ လိုင်စင်ဓာတ်ပုံ (၄) ပုံ (နောက်ခံအဖြူရောင်)
၂။ သန်းခေါင်စာရင်းမိတ္တူ
၃။ မှတ်ပုံတင်မိတ္တူ
၄။ (၁၀) တန်းအောင် (or) မြန်မာနိုင်ငံတက္ကသိုလ်တခုခုမှအသိအမှတ်ပြု ဘွဲလက် မှတ်မိတ္တူ
၅။ AYA Bank ရဲ့ ရှေ့စာမျက်နှာ (Normal saving account)
၆။ Personal Gmail Account တခု
Financial Advisor တယောက်ဖြစ်ဖို့အတွက်
ပထမအဆင့်
Onboarding Training (၂)ရက် မဖြစ်မနေ လူကိုယ်တိုင် တက်ဖို့လိုပါသည်။
ရန်ကုန် ရုံးချုပ် မြန်မာစင်တာ တာဝါ (၂) (၁၈) လွှာမှာ တက်ရမှာဖြစ်ပါသည်။
အသက်အာမခံကိုယ်စားလှယ်အဖြစ်တဖက်တလမ်းမှ အပိုဝင်ငွေရှာလို
ေသာဆန္ဒရှိသူ မည်သူမဆို အသေးစိပ်သိရှိလိုပါက ..
အောက်ဖော်ပြ ဖုန်းနံပါတ်သို့ ဆက်သွယ်၍ဖြစ်ေစ၊
Viber ဖြင့်ဖြစ်စေ
CB မှဖြစ်စေ ဆက်သွယ်စံုစမ်း၍ စာရင်းပေးသွင်းနိုင်ပါသည်။
Aung Moe Naing
09799866166 (Viber also)
22/07/2024
" #ပြင်းပြသောဆန္ဒသည် အောင်မြင်ခြင်း၏လျှို့ဝှက်ချက်ဖြစ်သည်"
တရက်မှာပေါ့နော် ...
လူငယ်တယောက်ဟာ
ဆိုကရေးတီးဆီကို ရောက်လာ
ပြီး ခုလိုမေးပါတယ်။ "အောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်ဟာ ဘာပါလဲခင်ဗျာ" လို့ မေးပါတယ်။
ဆိုကရေးတီးက လူငယ်ကို "တကယ်ပဲ ဒီလျှို့ချက်ကို မင်းသိချင်တယ်ဆိုရင် မနက်ဖြန်မြစ်ကမ်းဘေးလာခဲ့ပါ၊ မင့်ကိုငါပြန်ဖြေပေးပါ့မယ်လို့ " ပြောပြီး ချိန်းဆိုလိုက်ပါတယ်။
နောက်နေ့မနက်မှာ ဆိုကရေးတီးနဲ့ လူငယ်တို့ မြစ်ကမ်းအနီးမှာဆံုကြတယ်။
ဆိုကရေးတီးက လူငယ်ကို
သူနှင့်အတူ မြစ်ထဲကို အတူတူ
ဆင်းေလျှာက်ေစပါတယ်။
မြစ်ရဲ့ရေပြင်ဟာ သူတို့လည်ပင်းနားအနီး ရောက်ချိန်မှာတော့ ဆိုကရေးတီးက လူငယ်ရဲ့ဦးေခါင်းကို ရုတ်တရက်ဆွဲချပြီး ရေထဲကို နှစ်လိုက်ေတာ့တယ်။ ကောင်လေးခမြာ သူ့မျက်နှာ ရေပြင်ပေါ် ပြန်ေပါ်နိုင်ဖို့ အပြင်းအထန်ရုန်းကန်ပါတယ်။
အဲ့လိုရုန်းပေမယ့် ဆိုကရေးတီးရဲ့ ကြံ့ခိုင်သန်မာတဲ့လက်ထဲက
ဘယ်လိုမှ ရုန်းထွက်လို့ မရရှာပါဘူး။
ဆိုကရေးတီးဟာ ကောင်လေးကို အသက်ရှူရပ်လုနီးပါးချိန်ထိ ရေထဲမှာ ဆွဲနှစ်ထားပါတယ်။
အချိန်အနဲငယ်ကြာပြီးနောက်မှာတော့ ..
ဆိုကရေးတီးဟာ ကောင်လေးရဲ့ဦးခေါင်းကို ရေထဲမှ ပြန်ဆွဲထုတ်လိုက်ပါတယ်။
လူငယ်ဟာ အသက်ကို အငမ်းမရ ပြင်းပြစွာရှူရိှုက်ေနပါတယ်။
ဆိုကရေးတီးက
"မင်း ရေထဲမှာ အနှစ်ခံရတုန်းက ဘာကို အလိုချင်အတမ်းတဆုံးလဲကွ"။
ကောင်လေးဟာ
"လေ" ဟု မောဟိုက်စွာနဲ့ ချက်ချင်းပြန်ဖြေပါတယ်။
ဆိုကရေးတီးက
“အဲ့ဒါ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပဲကွ” ဟု လူငယ့်ကိုပြောလိုက်တယ်။
"ဘဝမှာကွာ အောင်မြင်မှုကို တကယ်လိုချင်ရင် မင်းအနေနဲ့ ခုနက ရေထဲမှာ မင်းနစ်နေတုန်းအချိန်၊ လေကို အငမ်းမရလိုချင်တမ်းတ ပြင်းပြတဲ့ဆန္ဒမျိုးရိှမယ်ဆိုရင် မင်းအနေနဲ့ အဲဒါကို ရလိမ့်မယ်ကွ”
"အခြားလျှို့ဝှက်ချက်တော့ မရှိဘူးကွ"
လို့ပြောလိုက်ပါတယ်။
ကျနော်တို့ဘဝမှာ
အောင်မြင်ဖို့အတွက်ဆိုရင်တကယ်ပြင်းပြတဲ့ဆန္ဒဟာ တကယ်ပြီးမြောက်အောင်မြင်စေခြင်းရဲ့ အစမှတ်ဖြစ်တယ်ဆိုတာ ဒီပုံပြင်လေးက ပြတ်သားစွာ လမ်းညွှန်ပေးထားပါတယ်။
လောကဆိုရိုးတခုမှတ်သားဖူးပါတယ်။
"သေးငယ်တဲ့မီးဟာ အပူများစွာကို မပေးနိုင်သကဲ့သို့၊
အားနည်းတဲ့စိတ်ဆန္ဒဟာလည်း ရလဒ်ကောင်းများကို မပေးနိုင်ပါဘူး" တဲ့ ..
By- ဂျိုနသန်ဗေဒါ
Refer to: ApkBuilder
20/07/2024
" #လျှောက်ပါလှမ်းပါရွေ့ပါ"
"The journey of a thousand miles begins with single step."
(Lao Tzu)
မိုင်တထောင်ခရီးရဲ့ပန်းတိုင်
ေရာက်ဖို့ဟာ ခြေတလှမ်းချင်းနဲ့စခဲ့လို့ပါ။ စခဲ့တာပါ။
ဘဝရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့ဆိုတာ
ကျနော်တို့ရဲ့
ခြေတလှမ်းချင်း တလှမ်းချင်းနဲ့ အားမလျော့၊
ဇွဲမလျှော့ဘဲ လျှောက်နေဖို့က အရေးကြီးဆံုးပါ။
အောင်မြင်ခြင်းဆိုတာ
ကျရှုံးမှုတွေစုပေါင်းထားခြင်းရဲ့ရလာဒ်ပါ။
အောင်မြင်ခြင်းဆိုတာ
ဇွဲ၊ လုံ့လ၊ ဝီရိယတွေစုပေါင်းထားခြင်းပါ။
အောင်မြင်ခြင်းဆိုတာ
နာကျင်မှုတွေစုပေါင်းထားခြင်းပါ။
အောင်မြင်ခြင်းဆိုတာ
အကြောက်တရားတွေကို တွန်းလှန်ထားခြင်းပါ။
အောင်မြင်ခြင်းဆိုတာ
မဆုပ်မနစ်အားစိုက်ထားမှုတွေ စုပေါင်းထားခြင်းပါ။
အောင်မြင်ခြင်းဆိုတာ
မရပ်မနားကြိုးစားမှုတွေစုပေါင်းထားခြင်းပါ။
အောင်မြင်ခြင်းဆိုတာ
ကောက်ရိုးမီးမဟုတ်ဘဲ၊
တသမတ်တည်းလှုပ်ရှားရုန်းကန်နေမှုေတွ စုပေါင်းထားခြင်းပါ။
အောင်မြင်မှုမှာဖြတ်လမ်းမရှိပါဘူး။
အောင်မြင်မှုမှာ တပွဲထိုးမရှိပါဘူး။
#ကျနော်တို့ဟာမိုင်တထောင်ကိုရောက်ဖို့ခြေတလှမ်းတိုင်းကိုတကယ်ဂရုစိုက်ဖို့လိုပါတယ်ေလ။
By ဂျိုနသန်ဗေဒါ
Credit: mosalesvsbest
20/07/2024
" #ရေကန်ဖြစ်ပါစေ"
By-
တနေ့၌ ပညာရိှအဘိုးအိုတဦးဟာမပျော်မရွှင်ဖြစ်နေတဲ့ တပည့်လူငယ်တယောက်အား ရေတခွက်ထဲကို ဆားလက်တဆုပ်စာခန့် ထည့်ခိုင်းလိုက်တယ်။
ပြီးရင် ဆားထည့်ထားတဲ့ခွက်ထဲကရေကို လူငယ်အား သောက်ခိုင်းလိုက်တယ်။
သောက်ပြီးနောက် ..
အဘိုးအိုက ..
"အရသာက ဘယ်လိုလဲကွ"
"ဆိုးပါတယ်။ ငံတယ်ခင်ဗျ" လို့ လူငယ်က ပြန်ဖြေပါတယ်။
လူငယ့်အဖြေကြားရတဲ့ ပညာရိှအဘိုးအိုဟာ ဟက်ဟက်ပက်ပက်ရယ်မောပါတယ်။
ပြီးနောက် ပညာရှိကြီးဟာ အနီးအနားမှာရှိတဲ့ ရေကန်တခုဆီကို လူငယ်ကိုေခါ်ခဲ့ပြီးတိတ်တဆိတ်လမ်းလျှောက်လာခဲ့တယ်။
ရေကန်ဆီကို ရောက်တဲ့အခါ
အဘိုးအိုဟာ လူငယ်အား
နောက်ထပ်ဆားလက်တဆုပ်စာကို ရေကန်ထဲကို ထည့်ေစပြန်တယ်။
အဘိုးအိုက ..
သူ့တပည်လူငယ်ကို..
“အခု ရေကန်ထဲက ရေကို သောက်ကြည့်ပါအုန်းကွ” လို့ ေြပာလိုက်တယ်။
လူငယ်ရဲ့ မေးစေ့ေပါ်ရေများ ကျဆင်းလာပြီးတဲ့နောက်၊
ပညာရှိအဘိုးအိုက ..
“အရသာဘယ်လိုလဲေဟ့” လို့ မေးပြန်တယ်။
"ကောင်းပါတယ်၊ မဆိုးပါဘူးခင်ဗျ" လို့ပြန်ပြောတယ်။
"ဆားအရသာရှိေသးလား" လို့ ပညာရှိကြီးက ဆက်ပြီး မေးတယ်။
“မရိှပါဘူးဆရာ” လို့ လူငယ်က ပြန်ဖြေပါတယ်။
ပညာရှိအဘိုးအိုက မပျော်မရွှင်ဖြစ်နေတဲ့ သူ့တပည့်
လူငယ့်အနားမှာ ထိုင်လိုက်တယ်။
ဆရာကြီးဟာလူငယ့်လက်ကိုကြင်ကြင်နာနာဆုပ်ကိုင်ရင်း..
"ချစ်တပည့်၊ ဘဝမှာ နာကျင်မှုဆိုတာ ခုနက မင်းဆုပ်ကိုင်ခဲ့တဲ့ဆားတဆုပ်လိုပဲ၊
ပိုလည်းမပိုဘူး၊ လျော့လည်းမလျော့ဘူး၊ နာကျင်မှုအားလုံးဟာ အတူတူပါပဲ"
"ဒါပေမယ့်ကွ အဲဒီ 'နာကျင်မှု' တွေအားလုံးဟာ မင်းအနေနဲ့ ဘယ်လိုခွက်နဲ့လက်ခံထည့်မှာလဲ၊ မင်းရဲ့စိတ်နှလံုးမှာဘယ်လိုလက်ခံထားသလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးပြောင်းလဲ သွားတာပါပဲ"
"ဒါကြောင့် ချစ်တပည့်နာကျင်ရတဲ့အခါ၊ မင်းအနေနဲ့ မင်းစွမ်းနိုင်သလောက် မင်းရဲ့ ခံစားချက်တွေကို အတတ်နိုင်ဆုံး အကျယ်ပျံ့ဆုံးအထိဖြန့်ကျက်ချဲ့ပစ်လိုက်ပါ"။
" #ရေခွက်လိုမဖြစ်ပါနဲ့"
" #ရေကန်လိုပဲဖြစ်ပါချစ်တပည့်" ............
×××××××××××××××××××××××
ကျနော်တို့ဘဝတေွမှာ
ခွက်ပဲလုပ်မလား။
ရေကန်ပဲဖြစ်မလားဆိုတာ
မိမိတို့ကိုယ်တိုင်ပဲဆုံးဖြတ်ကြတာပါ။
ကျနော်တို့ဟာ
ဘဝမှာ နာကျင်မှုတွေခံစားရတိုင်း ရေကန်လို ဖြန့်ကျက်နိုင်တဲ့ အစွမ်းနဲ့ ကျင့်ကြံနိုင်ကြပါစေလို့ ...။
ဘိုင်- #ဂျိုနသန်ဗေဒါ
Refer to :: ApkBuilder
Photo Credit::
15/07/2024
" "
Insurance is a financial , helping you and your loved ones recover after something bad happens.
" #အာမခံဆိုတာဘာလဲ"
အာမခံဆိုတာ သင်နဲ့ သင်ချစ်ရသူတဦးဦးအတွက် တစုံတခုသောဆိုးရွားမှု အဖြစ်မပျက်နဲ့ကြုံရပြီးတဲ့အခါ၊
သင့်ေလျာ်ပြီး အထောက်အပံ့ဖြစ်စေတဲ့ငွေရေးကြေးရေးဆိုင်ရာအကူအညီပေးနိုင်စေတဲ့ အကာအကွယ်ယူမှုတခုဖြစ်ပါတယ်။
Photo : B & P.
Refer :: grangeinsurance
22/11/2022
"Life Long Learn"
1. Build your capacity,
2. Upgrade your competency,
3. Perform your skill
4. Lead your life
"ဘဝတလျှောက်လုံး သင်ယူပါ"
1. သင်၏စွမ်းရည်ကိုတည်ဆောက်ပါ၊
2. သင်၏အရည်အချင်းကို မြှင့်တင်ပါ၊
3. သင်၏ကျွမ်းကျင်မှုကိုအသုံးပြုပါ။
4. သင့်ဘဝကို ဦးဆောင်ပါ။
Photo: Gg
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Online
Yangon
11601
Opening Hours
| Monday | 07:00 - 21:00 |
| Tuesday | 07:00 - 21:00 |
| Wednesday | 07:00 - 21:00 |
| Thursday | 07:00 - 21:00 |
| Friday | 07:00 - 21:00 |
| Saturday | 09:00 - 23:00 |
| Sunday | 07:00 - 21:00 |