Your Trusted Tutor

Your Trusted Tutor

Share

Nearby schools & colleges

Kumon
Kumon
1589 W El Camino Avenue

We help you prepare TOEFL, SAT, ACT, and GED.

10/31/2025

Career စကားဝိုင်း အပိုင်း- ၁
________________________

Conference တခုသွားတက်တုန်း
Mentor တယောက်နဲ့ စကားပြောဖြစ်တော့
သူပြောသွားတာလေး သဘောကျလို့
sharing ပြန်လုပ်ပါရစေ။

လမ်းပျောက်နေတဲ့
ကျောင်းသားတယောက်က သူ့ကိုမေးတယ်

အလုပ်ကောင်းကောင်းရဖို့
Computer science major ယူရမလား
Data science ဖက်သွားရမလား
ဒီဖက်ခေတ်မှာ ခေတ်စားနေတဲ့ AI ဖက်ကိုပဲ သွားရမလားတဲ့။

ကျနော့် mentor က ပြောတယ်။

လက်ရှိအခြေအနေက အရင်ခေတ်လို မဟုတ်ဘူး။

အရင်ကဆို UC Berkeley ကနေ
ဘွဲ့ရပြီးပြီးချင်းဆိုတာနဲ့

Job offer ၅ခု လောက်က auto ရောက်လာပြီ

အလုပ်ရှင်တွေက အလုပ်ပေးဖို့ စောင့်နေကြပြီ။

အခုခေတ်မှာတော့ ကျောင်းပြီးလို့
ဘွဲ့ရသမားအသစ်စက်စက်တယောက်
Job offer တခုရဖို့ကို
အသည်းအသန်လိုက်နေရတယ်တဲ့။

တဖက်မှာလည်း layoff တွေတအားများနေတယ်။

Job market ကြီးက အဲလိုပြောင်းနေပြီ။

Change is inevitable ပဲ

အပြောင်းအလဲကို မပြောင်းပါနဲ့လို့
တားလို့မရဘူး။

အပြောင်းအလဲကြားမှာ ဆက်ရှင်သန်မလား

နောက်ကျကျန်ခဲ့မလား ရွေးပဲ။

အပြောင်းအလဲ လှိုင်းလုံးကြီးကို

ကြောက်မနေဘဲ လိုက်ပါစီးမြောနိုင်ဖို့ဆိုရင်

You’d better know more things.

တနေရာတည်းမှာပဲ ကျွမ်းကျင်နေတာထက်

interdisciplinary skills တွေ
cross platform knowledge တွေရှိဖို့
ပိုလိုလာပြီ။

ဥပမာ web developer တွေဆိုရင်

front end ပဲလုပ်တတ်တဲ့သူနဲ့
backend ရော data analysis ရောပါ အကျွမ်းတဝင်ရှိတဲ့သူ ယှဉ်လာရင်

အလုပ်ရှင်က ဘယ်သူ့ကို ဦးစားပေးမလဲဆိုတာ သိသာပါတယ်။

အလုပ်တခုကို လူ ၅ ယောက်ပြိုင်
လျှောက်လာတယ်။

ကိုယ်က ကျန်တဲ့လေးယောက်ထက် ဘာပိုသာလဲ။

သူတို့နဲ့ မတူဘဲ
why I am unique compared to them
ဆိုတာမျိုး တွေးဖို့ ချပြနိုင်ဖို့လိုမယ်။

အလုပ်ရှင်တိုင်းက တူညီတဲ့မေးခွန်းကိုပဲ မေးလိမ့်မယ်။

What can you bring to the table?

What makes you stand out?

အခုခေတ်ဆို AI tools တွေက

powerful ဖြစ်လာတာနဲ့အမျှ အလုပ်ရှင်ဖက်က perspective ပြောင်းသွားပြီ။

လူဆယ်ယောက်ကို လစာပေးခန့်မလား။

AI ကိုပဲ အလုပ်ပေးပြီး
တကယ်တတ်တဲ့သူ ၃ ယောက်လောက်ကိုပဲ

AI ကို cross check လုပ်ဖို့ ကြီးကြပ်ဖို့ ခန့်မလား။

ဘယ်ဟာကို အလုပ်ရှင်အတွက် profit ပိုကျန်မလဲ တွေးလာကြပြီ။

သင်သာ ကျောင်းသားတယောက်
ဒါမှမဟုတ်

အလုပ်ရှာနေတဲ့
Internship ရဖို့ ကြိုးစားနေတဲ့
လူငယ်တယောက်ဆိုရင်

ဒီနေရာမှာ ပေးချင်တဲ့ message က

တနေရာတည်းကိုပဲ focus နေလို့မရတော့ဘူး။

များသောအားဖြင့် industry ထဲမှာ

မြဲနေတဲ့သူတွေက

They know more than one focus of study.

အဲလိုသိဖို့ဆိုတာကလည်း

We need to keep learning and are willing to do so.

ကျောင်းပြီးဘွဲ့ရတဲ့ အဆင့်က အစပဲရှိသေးတာ။

ကျောင်းကသင်ပေးလိုက်တာက လုပ်ငန်းခွင်မှာလိုအပ်တာနဲ့ မိုးနဲ့မြေလို ကွာနေမှာပဲ။

ဘွဲ့ရရုံနဲ့ မပြီးသေးဘူး တကယ်က အဲဒါမှ တကယ်တော့ စလုံးရေ စ ပဲ ရှိသေးတာ။

ကျောင်းက သင်ပေးလိုက်တာတွေကို သုံးပြီး
how to learn and keep learning ကို ဆက်သွားရမှာ။

အချုပ်ပြောရရင်

ကိုယ်သိတာလေးနဲ့ ကျေနပ်ရောင့်ရဲနေလို့မရ

တခြား related skills တွေ knowledge တွေ ဝမ်းစာဖြည့်ထားနိုင်မှ တော်ရုံကျမယ်

AI ကြောင့် တချို့အလုပ်တွေ ပျောက်သွားမှာသေချာသလို

AI ကြောင့်ပဲ အလုပ်အကိုင် အသစ်တွေ possibilities အသစ်တွေ ပေါ်လာမှာမို့

ကိုယ်က ဒီ AI tool တွေကို သုံးဖို့ အသင့်ဖြစ်နေရမယ် စသဖြင့်ပေါ့။

ဒီနေရာမှာ တခုရှိတာက ကျောင်းစာပဲ ကုန်းပြီးလုပ်နေလို့လည်း မထူးပြန်ဘူးတဲ့

GPA 4.0 ရတိုင်း
Grade A ရတိုင်း လက်တွေ့မှာ အလုပ်ခန့်ခံချင်မှ ခန့်ခံရတာတဲ့

လူရဲ့ psychology အရ ကိုယ်နဲ့ သိတဲ့သူ
ကိုယ်နဲ့ အလုပ်တွဲလုပ်ရတာ အဆင်ပြေတဲ့သူကိုပဲ ရွေးခန့်တတ်တဲ့ သဘောရှိပါတယ်။

အလုပ်လျှောက်သူ ၅ ယောက်မှာ အရည်အချင်း skill ချင်း မတိမ်းမယိမ်းဆိုရင်

အလုပ်ရှင်နဲ့ မျက်မှန်းတန်းမိထားတဲ့သူ၊

အနည်းဆုံး industry ထဲမှာ

ကြုံဖူးဆုံဖူးသူဆိုရင် အလုပ်ပေးခံရဖို့

chance က ပိုများသတဲ့။

ဒီတော့ လိုလာတာက Networking skill ပါပဲ။

ပညာသင်ကာလ ကျောင်းသားဘဝကတည်းက ကိုယ်သွားမဲ့လမ်းကြောင်းပေါ်မှာ

ဘယ်သူတွေက ဘယ်လိုအနေအထားရှိတယ်၊ ဘယ်သူတွေနဲ့ မိတ်ဖွဲ့ထားမယ်၊

ဘယ်သူတွေနဲ့ keep in touch လုပ်ထားမယ်

စသဖြင့် လုပ်ထားနိုင်တဲ့သူက ခြေတလှမ်း

အမြဲသာနေပါလိမ့်မယ်။

ကျောင်းတက်နေတုန်း စာမှစာပဲ
ကျောင်းပြီးလို့ အလုပ်လျှောက်မယ်လည်း လုပ်တော့

ကိုယ့်မှာ network မရှိ၊ connection မရှိ၊ အခုကျမှ ထလုပ်တော့လည်း ခုရေတွင်းတူး ခုရေကြည်သောက်ဖို့က
မလွယ်တော့ စတာတွေက တွေးစရာတွေပါ။

Internship ဆင်းတာတွေ
Volunteer လုပ်တာတွေ
Conference သွားတာတွေ
Program တွေ လိုက်လေ့လာတာတွေအကုန်လုံးက Expanding your network ဖြစ်ဖို့ လိုပါတယ်။

အပိုင်း- ၂ ဆက်ရန်။

03/31/2025

ပမာဏအ​နေနဲ့ မများပေမဲ့

ကျနော့် channel ကို

support ပေးတဲ့အနေနဲ့

ကျောင်းသားတွေ မိဘတွေ

နည်းနည်းစီ လာပို့ပေးထားတာတွေ

ငလျင်အတွက် အကုန်လှူလိုက်တာမို့

အားလုံးရဲ့ အလှူပါပဲ။

ဒီငလျင်ရဲ့ နောက်ဆက်တွဲ​တွေက

အချိန်တခုအထိ ကျန်​နေဦးမှာမို့

သွေးပူတုန်း ဝိုင်းလှူကြ ကူကြတာအပြင်

နောက်​နောင်​တွေမှာလည်း

ကူအား လှူအား မ​လျော့သွားဖို့

လိုပါတယ်။

အခု မလှူနိုင်​သေးတဲ့သူ​တွေလည်း

နောက်ကျ လိုအပ်လာရင်

လှူနိုင်​အောင် ကူနိုင်​အောင်

ပြင်ဆင်ထားကြပါစို့။

Stay safe everyone!

01/25/2025

ကျောင်းသားတစ်ယောက်က GED ကို မြန်မာလိုရေးထားတဲ့

ဒီစာအုပ်လေး ဖတ်နေတယ်ဆိုပြီး လာပြလို့ ကြည့်လိုက်တာ

:3 ဟ.... ကိုယ်အရင်က ရေးထားတဲ့ post တွေ၊ ပုံတွေ၊

Vocabulary meaning တွေ အကုန်စု‌ထားတဲ့ pdf file လေးဖြစ်နေတယ်။

ကိုယ့်ဘာသာကိုယ်တောင် အဲလောက်စုံအောင် ပြန်မစုနိုင်တော့ဘူး။

လုပ်ထားတာလေးက PowerPoint လုပ်ပြီး သပ်သပ်ရပ်ရပ်လေးနဲ့

PDF file ပြန်ပြောင်းထားတော့

အိတ်ဆောင် pocket book လိုပဲ ဖုန်းထဲမှာ save ထားပြီး

အချိန်မရွေးဖွင့်ဖတ်လို့ရတယ်။

ဘယ်သူအချိန်ပေးပြီး လုပ်ထားလည်းမသိပေမဲ့

တော်တော်လေး အချိန်ကုန်ခံပြီး လုပ်ရမှာပါ။

အဲလိုစုရတာတောင် အချိန်တော်တော်ကုန်မယ်ဆိုရင်

မူရင်းရေးတဲ့ ကျနော်ဆိုရင် ဘယ်လောက် အချိန်ပေးပြီး

ရှာဖွေပြုစုထားရလည်းဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။

File ထဲမှာ ယူသုံးထားတဲ့ ကျနော့် page နာမည်ကိုများ

credit ပေးထားမလားလို့ ရှာကြည့်ပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ မတွေ့ပါဘူး။

ဒါတွေကို နည်းနည်းလေးကြိုမြင်လို့

ပုံတွေမှာ Your Trusted Tutor ဆိုတဲ့နာမည်ကို

Watermark ထည့်ထားတာရယ်၊

အရင်က သုံးခဲ့တဲ့ logo အဟောင်းလေးရယ် ထည့်ထားမိပေလို့ပဲ

ကိုယ့်ဟာတွေဆိုတာ ရဲရဲပြောလို့ရတယ်။

ဒီ post ကိုတင်ရတာက မကျေနပ်လို့တင်တာမဟုတ်ပါဘူး။

ကျေနပ်လို့တင်တာပါ။

အခုလို သေချာလေးစုစည်းပြီး လုပ်‌ထားတယ်ဆိုကတည်းကိုက

ကျနော့်စာတွေက တခုခု အသုံးဝင်လို့ပါ။

အသုံးမဝင်တဲ့အရာတွေကို ဘယ်သူမှ အဖတ်မလုပ်ပါဘူး။

သွယ်ဝိုက်သောအားဖြင့် ကျောင်းသားတွေကို တခုခု

အကျိုးရှိစေတယ်လို့ ခံယူပါတယ်။

ကျနော်သိထားတာ‌တွေကို

လွတ်လပ်စွာ မျှဝေလေ့လာစေချင်လို့ပဲ

စာတွေရေးဖြစ်ခဲ့တယ်၊ video တွေလုပ်ဖြစ်ခဲ့တယ်။

အဲအချိန်တုန်းက online class တွေသင်ရင်း

ကျောင်းသား zoom meeting ဝင်လာမှာကို ထိုင်စောင့်ရတဲ့အချိန်၊

ကျောင်းသား အိမ်သာသွားတာတို့၊ delivery သွားယူတာတို့၊ စတဲ့

ကြားအချိန်လေးတွေမှာ အားတာနဲ့ ဖုန်းတလုံးကိုင်ပြီး ရေးခဲ့တာပါ။

အခုတော့ စာလည်းမသင်တော့ဘူးဆိုတော့ အဲလောက် မရေးနိုင်တော့ပါဘူး။

ဗမာပြည်မှာ ပညာရေးကို စုတ်ပြတ်အောင် ဖျက်ဆီးခံထားရပါတယ်။

ပညာရေးကို အသက်နဲ့ရင်းပြီး သင်နေရတဲ့နေရာတွေ၊

နိုင်ငံတကာပညာရေးကို လက်လှမ်းမမီတဲ့ ကျောင်းသားတွေ

အများကြီးရှိပါတယ်။

ဒီခေတ်လူငယ်တွေက (ကျနော်တို့ အပါအဝင်ပါပဲ)

Internet ရရင်၊ အားလပ်ချိန်လေးရရင်

Facebook, TikTok, Instagram မှာပဲ အချိန် ကုန်ကုန်သွားကြတာများတော့

စာလုပ်ချင်စိတ်လေးများ ဖျက်ခနဲ ပေါ်လာရင်

စာတွေထပ်ရှာနေရတာနဲ့ မရှိတဲ့ အချိန်တွေ ထပ်မကုန်အောင်

လေ့လာစရာတွေ မျှဝေပေးနေပါဦးမယ်။

PDF file ပြုစုသူကိုလည်း အမည်မသိပေမဲ့

ဒီနေရာကပဲ ကျေးဇူးတင်လိုက်ပါတယ်။

သေချာစုပေးထားတဲ့ အားထုတ်မှုကို အသိအမှတ်ပြုပါတယ်။

အဲဒီ file လေးကိုလည်း ထပ်ဆင့်မျှဝေခွင့်ပြုပါလို့

တခါတည်း ခွင့်တောင်းလိုက်ပါတယ်။

Keep learning guys!

အောက်က link မှာ ဝင် down လို့ရပါတယ်။

https://drive.google.com/file/d/1hNdHK91lRN-qo4ukl01q0K5stBn7jdzc/view?usp=drivesdk

YouTube channel ကိုလည်း subscribe မလုပ်ရသေးရင် ဝင်လုပ်ပေးသွားပါဦး!

https://youtube.com/?si=30R6pnb1u1tHJg0y

11/06/2024

နောင်လေးနှစ်တာ ကမ္ဘာ့အနာဂတ်ကို အဆုံးအဖြတ်ပေးမဲ့ပွဲ

မဲရေတွက်တာတွေ စနေပါပြီ။ You can watch live counting on Google!

Popular Votes Vs Electoral Votes!

Winner Takes All!

ဘယ်သူနိုင်မလဲ?

10/29/2024

အရင်ကဆိုရင် GED မှာ Perfect score ရတဲ့သူက တော်တော်လေးကို ရှားပါတယ်။

၂လ ၃လ လောက်နေရင်တောင်

ရှာမှရှား တစ်ယောက်လောက်ပဲ မြင်ရတွေ့ရတာမျိုးပါ။

အခုဆိုရင် သင်တန်းတိုင်းကလိုလို နေ့တိုင်းလိုလို

Perfect score ရတဲ့သူတွေဆိုပြီး

ကြေညာ (ကြော်ငြာ) ကြတာ မနည်းဘူး။

Post တခုနဲ့တခု အပေါ်အောက်ထပ်ပြီးတော့ကို ကျောင်းသားတွေ

အပြိုင်အဆိုင် Perfect score ရကြတာတွေ မြင်ရပါတယ်။

ကျောင်းသားတွေပဲ ရုတ်တရက် တအား ထူးချွန်လာတာလား။

တကယ်ပဲ တော်တဲ့သူတွေ များလာတာလည်း ဖြစ်တော့ဖြစ်နိုင်ပါတယ်။

GED ဖက်ကလည်း Score record တွေကြည့်လိုက်ရင်

ဒီ Region ဖက်က ဖြေတဲ့သူတွေ

အချိန်တိုအတွင်းမှာ အမှတ်ပြည့်တွေ အဲလောက်များလာတာ တခုခုပဲလို့

မတွေးဘဲ မနေဘူးလို့တော့ ထင်ပါတယ်။

10/29/2024

ဘယ်စာမေးပွဲကိုမဆို ရိုးသားစွာ ဖြေဖို့ အမြဲသတိပေးခဲ့ပါတယ်။

ကိုယ်တိုင်မလုပ်ပေမဲ့ လုပ်တဲ့သူတွေများလာရင်

အတူတူပဲလို့ အထင်ခံရတတ်ပါတယ်။

အလွယ်လမ်းလိုက်ကြရင်း နစ်သထက်နစ်ကြလေဦးမယ်။

ပညာမပါတဲ့ အမှတ်ပြည့်တွေကို လိုချင်နေကြတုန်းပါပဲလား။

Photos from Your Trusted Tutor's post 08/22/2024

Counting, Permutation, Combination အတွက် Video အသစ်တင်ပေးထားပါတယ်။ မေးတတ်တဲ့ ပုံစံတွေကိုပဲ တွက်ပြပေးထားလို့
စာမေးပွဲအတွက် ဖြစ်ဖြစ်၊ Learning အတွက်ဖြစ်ဖြစ်
နှစ်ပုဒ်လုံးကို ကြည့်ထားသင့်ပါတယ်။

08/20/2024

GED အတွက် လိုသလောက်ကို နမူနာပုစ္ဆာတွေနဲ့ ရှင်းပြထားပါတယ်။

Comment မှာ Link ရှိပါတယ်။

Please share this post if you find it helpful.

03/16/2024

No caption is needed. 😓

02/29/2024

YouTube Viewer ၁၀ယောက်မှာ ၃ယောက်လောက် က
subscribe မလုပ်ထားဘဲ အမြဲကြည့်နေတယ်ဆိုတာ
တွေ့ရပါတယ်။

အပန်းမကြီးရင်
Subscribe လုပ်ထားပေးနိုင်ပါတယ်။

ရှာရခက်တဲ့ GED book အသစ်တွေထဲက Practice Test တွေဆက်တင်ပေးဖို့ လုပ်နေပါတယ်။

https://youtube.com/?si=zylM1MBKpQ1tVgp7

Your Trusted Tutor - YouTube 02/21/2024

စာသင်နားထားတာ ၆လ ကျော်ပါပြီ။
အတန်းသစ်တွေ မရှိတော့ပါဘူး။
မအားတော့တာမို့ YouTube ကိုပါ နားဖို့စဥ်းစားထားပေမဲ့
အခုအခြေအနေတွေကြောင့် self study လုပ်နေရတဲ့ကျောင်းသားတွေကို တဖက်တလမ်းကနေ
ကူညီရာရောက်အောင် ဆက်ပြီးတင်ပေးဖို့လုပ်နေပါတယ်။
Stay tuned for more videos....

https://youtube.com/?si=HsY7y1KSYQsMhNPV

Your Trusted Tutor - YouTube Give your time...Take my knowledge...GED/SAT/ACT/TOEFL education video များကို တင်ပေးသွားမှာ ဖြစ်ပါတယ်။page မှာ ဆက်သွယ်နိုင်ပါတယ်။https://www.facebo...

Want your school to be the top-listed School/college in Sacramento?
Click here to claim your Sponsored Listing.

Category

Address

Sacramento, CA

Opening Hours

Monday 9am - 9pm
Tuesday 9am - 9pm
Wednesday 9am - 9pm
Thursday 9am - 9pm
Friday 9am - 9pm
Saturday 9am - 9pm
Sunday 9am - 9pm

Alerts

Be the first to know and let us send you an email when Your Trusted Tutor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Sacramento.