Pretty Woman

Pretty Woman

Share

အမျိုးသမီးများအတွက် အလှအပရေးရာ အရေ?

02/06/2026

🌹ထိန်းချုပ်နိုင်စွမ်း…။🌹

လွန်းထားထား(ဆေးတက္ကသိုလ်)

ဘဝမှာ ပြဿနာတော်တော်များများဟာ…စိတ်ခံစားမှုတွေကို မထိန်းချုပ်နိုင်ဘဲ စိတ်အလိုဆန္ဒနောက် လိုက်ပါမိတတ်တာကြောင့်ဖြစ်ပါတယ်…။ ကိုယ့်စိတ်မှာ ဒေါသတွေဖြစ်လာရင် ဖြစ်လာတဲ့အလျောက် ပေါက်ကွဲအော်ဟစ်မယ်…။ တစ်ဖက်သားကို နစ်နစ်နာနာ ထိခိုက်
နာကျင်အောင်ပြောမယ်..။ ပြောပြီးမှနောင်တတွေရမယ်..။ ကိုယ့်စိတ်ထဲမှာ ဝမ်းနည်းကြေကွဲစရာတွေခံစားရတဲ့အခါ…လူသိရှင်ကြား ငိုကြွေးနာကျင်ပြမယ်..။ ကိုယ့်ရဲ့နာကျင်မှုအပေါ် တကယ်ကိုယ်ချင်းစာနာပြီး ကြင်နာဖေးမအားပေးတဲ့သူ အနည်းငယ်ရှိသလို..ပွဲတစ်ပွဲလို ကျေနပ်အားရစွာစောင့်ကြည့်တတ်သူတွေလည်းရှိနေနိုင်ပါတယ်..။ ကိုယ့်ဘဝ အစစအရာရာ အဆင်ပြေပြည့်စုံကြွယ်ဝနေတဲ့အခါ..ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ…ပြည့်စုံခမ်းနားမှုတွေကို လူတိုင်းသိသာမြင်သာအောင် ပြသမိတဲ့အခါ…ကိုယ့်ရဲ့အဆင်ပြေမှုအပေါ် မုဒိတာပွါးနိုင်တဲ့သူ အနည်းငယ်ရှိသလို..မနာလိုမရှုစိမ့်နိုင်သူတွေလည်း ရှိနိုင်ပါတယ်…။

တကယ်တော့ လူတစ်ယောက်ရဲ့ ရင့်ကျက်တည်ငြိမ်မှု..ပါးနပ်လိမ္မာမှုဆိုတာ…သူ့ရဲ့စိတ်ခံစားမှုတွေကို သူဘယ်လောက်ထိန်းချုပ်နိုင်စွမ်းရှိသလဲဆိုတာနဲ့ တိုင်းတာလို့ရနိုင်ပါတယ်..။ လူတိုင်း စိတ်ဆိုးဒေါသထွက်တတ်ပါတယ်..။ အော်ဟစ်ပေါက်ကွဲဖို့လွယ်ပါတယ်..။ ဒါပေမယ့် စိတ်ဆိုးတိုင်း ကိုယ့်ရဲ့ဒေါသကို အတိုင်းအဆမရှိ လွှတ်ပေးလိုက်တာက အမှားများစွာကို ဖိတ်ခေါ်လိုက်သလိုပါပဲ…။ စိတ်ဆိုးဒေါသထွက်နေချိန်မှာ အမှားကျူးလွန်မိဖို့ အလွယ်ကူဆုံးပါပဲ..။ အဲ့ဒီအချိန်ကလေးမှာ…ကိုယ့်ရဲ့စိတ်ခံစားမှုနောက်ကို မလိုက်ဘဲ…သတိကလေးနဲ့ ထိန်းချုပ်နိုင်ဖို့ အရေးကြီးပါတယ်..။ ငါဒေါသထွက်နေတယ်…လို့ ကိုယ့်ကိုယ်ကိုယ် သတိလေးပေးပြီး ဒေါသစိတ်လေးကို မြင်အာင်ကြည့်တတ်ဖို့လိုပါတယ်…။ ဘာကြောင့် ဒေါသထွက်ရတာလဲ…ဆိုတဲ့အကြောင်းရင်းကို မတွေးပါနဲ့…။ သူက ငါ့ကို ဒီလိုပြောလို့…လိမ်ညာသွားလို့…စော်ကားသွားလို့…စတဲ့အကြောင်းရင်းကို တွေးရင်​ ဒေါသဖြစ်ကြောပိုရှည်ပါလိမ့်မယ်…။ ဒေါသထွက်နေတဲ့အချိန်မှာ.. အသက်ရှုသံမြန်နေတာ…မျက်နှာပြင်ပေါ်က အသားစိုင်တွေ လှုပ်ခတ်နေတာ…ထူပူနေတာ…နားထင်ကြောတွေ တင်းလာတာ…နှုတ်ခမ်းတွေတဆတ်ဆတ်တုန်လာတာ..သွေးခုန်နှုန်းတွေမြန်လာတာ..ရင်ဘတ်ထဲမှာ နှလုံးခုန်သံမြန်လာတာ..စတဲ့ ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေကို အသေးစိတ် စောင့်ကြည့်နိုင်ရင်…ဖြစ်နေတဲ့ ဒေါသက တဖြည်းဖြည်း အားလျော့လာတာကိုပါ သတိထားမိပါလိမ့်မယ်…။

ဒေါသထွက်နေချိန်မှာ…ဘယ်သူနဲ့မှ စကားမပြောဘဲနေခြင်းဟာ…အမှားမကျူးလွန်မိအောင် ထိန်းသိမ်းခြင်းပါပဲ…။ အနည်းဆုံးတော့ စကားမမှားတော့ဘူးပေါ့…။ စိတ်ဆိုးဒေါသထွက်နေချိန်မှာ…ဆိုရှယ်မီဒီယာပေါ်တက်ပြီး ပေါက်ကွဲတာမျိုးဟာလည်း အမှားတွေပြောမိဖို့ လွယ်ကူပါတယ်…။ ဒေါသအလျောက် မပြောသင့်တာတွေပြောမိနိုင်ပါတယ်..။ ဒါကြောင့်စိတ်ဆိုးဒေါသထွက်နေချိန်မှာ…ဆိုရှယ်မီဒီယာကနေ ခဏလောက်အနားယူဖို့လိုပါတယ်…။ ဆိုရှယ်မီဒီယာဟာ…ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို အရှိအတိုင်း ထုတ်ဖော်ပြသရမယ့် စင်မြင့်ပလက်ဖောင်းတစ်ခုမဟုတ်ပါဘူး…။ လူတွေရဲ့မျက်လုံးများစွာအောက်မှာ…ကိုယ့်ကိုယ်ကိုယ် ချမကျွေးမိဖို့အရေးကြီးပါတယ်…။

စိတ်ဆိုးဒေါသထွက်နေချိန်မှာ…ဘာကိုမှမတွေးဘဲ…မပြောဘဲ..တိတ်တိတ်ကလေးနေနိုင်ရင်အကောင်းဆုံးပါပဲ…။ ကိုယ့်ကို စိတ်မဆိုးဆိုးအောင်…ဒေါသမထွက်ထွက်အောင်…မဖြေရှင်းဖြေရှင်းရအောင်…မဟုတ်တမ်းတရားစွပ်စွဲစော်ကားတာမျိုး…ရန်စထိုးနှက်တိုက်ခိုက်တာမျိုးတွေ ရှိလာခဲ့ရင်တောင် ရင်ဆိုင်ဖြေရှင်းဖို့ မထိုက်တန်ပါဘူး…။ တစ်ဖက်က ရန်လိုထိုးနှက်နေသမျှအပေါ်… ဘာတုံ့ပြန်မှုမှမလုပ်ဘဲ…တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် နေပြနိုင်ခြင်းဟာ…ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို ကိုယ်ဘယ်လောက်ထိန်းချုပ်နိုင်စွမ်းရှိသလဲဆိုတာကို ပြသခြင်းဖြစ်ပါတယ်…။ ကိုယ့်ဘက်က ငြိမ်သက်လေ…တစ်ဖက်က ဆူပွက်လေပါပဲ…။ငြိမ်သက်နေခြင်းဟာ အရှုံးပေးခြင်းမဟုတ်ပါဘူး..။ ကိုယ့်ရဲ့ထိန်းချုပ်နိုင်စွမ်းမြင့်မားမှုကို ပြသနေခြင်းဖြစ်ပါတယ်…။ ကိုယ့်ရဲ့ရင့်ကျက်ပါးနပ်မှုကို သက်သေပြနေခြင်းဖြစ်ပါတယ်…။ ဖြေရှင်းဖို့မထိုက်တန်တဲ့အခါ..ဖြေရှင်းပြမနေဘဲ…ကိုယ့်ရဲ့စိတ်ကလေးကို အငြိမ်းဓါတ်အကြည်ဓါတ် မပျက်စေရဘဲ…ရန်လိုတိုက်ခိုက်စော်ကားနေသူကို ဥပေက္ခာစိတ်လေးနဲ့ လျစ်လျူရှုထားလိုက်ရုံပါပဲ…။ ဘာမှမတုံ့ပြန်ခြင်းဟာ အကောင်းဆုံးတုံ့ပြန်ခြင်းပါပဲ…။

အလားတူပါပဲ…။ ကိုယ်နာကျင်ဝမ်းနည်းကြေကွဲရတဲ့အချိန်မျိုးမှာ…ကိုယ့်ရဲ့မျက်ရည်တွေ…စိတ်ဒဏ်ရာတွေကို လူတကာသိမြင်ရအောင် အထိန်းအကွပ်မဲ့…ဖွင့်ဟပြသဖို့ မလိုအပ်ပါဘူး…။ ကိုယ်တစ်ယောက်တည်း တိတ်တိတ်ကလေး ငိုချင်ငိုမယ်…။ ဒါမှမဟုတ်…ကိုယ်ယုံကြည်အားကိုးရသူတစ်ယောက်ယောက်ရဲ့ ပခုံးထက်မှာ ငိုချင်ငိုမယ်…။ ရင်ဖွင့်ချင်ဖွင့်မယ်…။ ဒါမှမဟုတ် ကိုယ်နာကျင်ခံစားရသမျှကို စာအုပ်ထဲမှာ ချရေးချင်ရေးထားမယ်…။ ဝမ်းနည်းကြေကွဲနေတဲ့စိတ်ကိုလက်ခံမယ်…။ အသိအမှတ်ပြုမယ်…။ သူ့ကို ဒီအတိုင်းလေးပဲ လေ့လာနေမယ်…။ ဝမ်းနည်းနေတဲ့စိတ်ဟာ…ကောင်းကင်ပေါ်က တိမ်လိပ်တွေလိုပဲ…တရွေ့ရွေ့ပြောင်းလဲနေတဲ့ စိတ်ခံစားမှုတစ်ခုပဲ…။ သူက အမြဲတမ်းရှိနေမှာ မဟုတ်ဘူး…။ ခဏလေးပဲဆိုတာကို နားလည်လက်ခံလိုက်တဲ့အခါ….ဝမ်းနည်းစိတ်ထိခိုက်နေခြင်းဟာ…ကိုယ့်ဆီမှာ အကြာကြီးနေမယ့် အိမ်ရှင်မဟုတ်ဘဲ….ခဏလေးရောက်လာတဲ့ ဧည့်သည်ပဲဆိုတာကို သဘောပေါက်လာပါလိမ့်မယ်…။

ဒီလိုပါပဲ…။ ကိုယ့်ဘဝက အစစအရာရာ အဆင်ပြေအောင်မြင်ပြီး…ပျော်ရွှင်စရာတွေပြည့်နေတဲ့အခါမျိုးမှာလည်း …သိုသိုသိပ်သိပ်
ကလေးပျော်ရွှင်နိုင်ခြင်းဟာ…ကိုယ့်ရဲ့ ထိန်းချုပ်နိုင်စွမ်းကို ပြသတာပါပဲ…။ လူတိုင်းသိအောင် ကြွားဝါခံစားပြနေဖို့ မလိုအပ်ပါဘူး..။ ကိုယ်နဲ့အရင်းနှီးဆုံးသူ…ကိုယ့်ရဲ့အောင်မြင်မှု..ပျော်ရွှင်မှုတွေကို ကိုယ်နဲ့ထပ်တူ မျှဝေခံစားပေးနိုင်မယ့်….မိတ်ဆွေသူငယ်ချင်း အနည်းငယ်လောက်ရှိရင် ပြည့်စုံပါတယ်…။ ဒီပျော်ရွှင်မှုဆိုတဲ့ ခံစားမှုဟာလည်း ကိုယ့်ဆီမှာ အမြဲနေမယ့် အိမ်ရှင်မဟုတ်ပါဘူး..။ ခဏတဖြုတ်အလည်လာတဲ့ စိတ်ခံစားမှု တစ်ခုသာဖြစ်ပါတယ်…။ပျော်စရာရှိရင်လည်း အရမ်းကြီး စိတ်လွတ်ကိုယ်လွတ်မပျော်ဘဲ…သတိလေးထားပြီး ထိန်းချုပ်နိုင်စွမ်းရှိမယ်ဆိုရင်…ကိုယ့်ဘဝရဲ့ အတက်အကျ အနိမ့်အမြင့်လှိုင်းတွေအပေါ် လိုက်ပြီး စီးမျောမခံစားတာ့ဘဲ…တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စွမ်းရှိလာပါလိမ့်မယ်….။

ထိန်းချုပ်နိုင်စွမ်းမြင့်မားလေလေ..ကိုယ့်ဘဝကို ကိုယ်စိတ်တိုင်းကျ အကောင်းဆုံး ပုံဖော်တည်ဆောက်နိုင်လေပဲဖြစ်ပါတယ်…။ လှိုင်းထန်တဲ့ပင်လယ်ပြင်ထက်….တည်ငြိမ်တဲ့ ကျောက်စိုင်ကျောက်သားတွေက ပိုပြီးခိုင်မာမြဲမြံမှုရှိပါတယ်….။

woman

03/05/2026

woman

03/04/2026

"ပိုင်ဆိုင်ထားတဲ့အရာကို တန်ဖိုးထားပါလို့
တစ်ခုတော့ ပြောပြချင်ပါတယ်…" 🍀

ဘဝထဲမှာ လူအများစု လိုက်ရှာနေကြတဲ့
အရာကြီးတွေ၊ အောင်မြင်မှုကြီးတွေ၊
တန်ဖိုးကြီးတဲ့ ပစ္စည်းတွေထက်…
တကယ်တမ်း အရေးကြီးတာတွေက
အမြဲတမ်း တိတ်တဆိတ်ပဲ ရှိနေတာမျိုးပါ။

တစ်ခါတလေ မင်း မသိမိလိုက်ဘဲ
မင်းဘဝထဲမှာ ရှိပြီးသား အလှတရားတွေကို
လက်လွတ်သွားကြဘူးပါတယ်။

ဥပမာ…
မင်း အရမ်းပင်ပန်းပြီး ဘယ်သူနဲ့မှ မပြောချင်တဲ့အချိန်မှာ
တစ်ယောက်ယောက်က မင်းဘေးမှာ နေပြီး
ဘာမှ မပြောဘဲတောင် မင်းကို မထားခဲ့တာ…
အဲဒါက စကားတစ်ခွန်းထက်တောင် ပိုတန်ဖိုးရှိပါတယ်။

နောက်တစ်ခုက…
မင်းအဆင်မပြေနေတဲ့ နေ့တွေမှာတောင်
မင်းကို မဝေးကွာဘဲ ဆက်နေသေးတဲ့ သူတစ်ယောက်ရှိရင်…
အဲဒါက ချစ်ခြင်းမေတ္တာရဲ့ တိတ်တဆိတ် အမှန်တရားတစ်ခုပဲ မဟုက်လား။

ပြီးတော့ ...
မိသားစုနဲ့ အတူတူ ထိုင်ပြီး
ရိုးရိုးအစားအစာတစ်ပွဲကို မျှဝေစားသောက်နေရတဲ့ အချိန်လေးတောင်မှ…
အဲ့ဒီတစ်နေ့တာကို ပြန်မရနိုင်တော့တဲ့
အဖိုးတန်အချိန်တွေပါပဲ။

တခါတလေ မင်း ရယ်လိုက်တဲ့ အချိန်လေးတစ်ခုက
မင်းစိတ်ထဲမှာ ရှိနေတဲ့ အလေးချိန်တွေကို
တိတ်တဆိတ် လျော့ချပေးနိုင်ပါတယ်။

ပြီးတော့…
ညတစ်ညမှာ စိတ်အေးချမ်းစွာ အိပ်ပျော်နိုင်တာကလည်း
ဘဝက မင်းကို ပေးထားတဲ့ သေးငယ်ပေမယ့်
အလွန်တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခု မဟုက်ဘူးလား။

အဲဒီလို အရာလေးတွေက…
အသံမထွက်ဘူး…
မြင်ရအောင်လည်း မဟုတ်ဘူး…
ဒါပေမယ့် မခံစားတတ်ရင်
လွယ်လွယ်နဲ့ ပျောက်ကွယ်သွားကြလိမ့်မယ်။

လူတွေက များသောအားဖြင့်
မရှိသေးတဲ့အရာတွေကိုပဲ ကြည့်နေကြပြီး
ရှိပြီးသား အရာတွေကိုတော့
အလွယ်တကူ မေ့လျော့နေကြတာ။

ဒါကြောင့်မို့…
ခဏလေး ရပ်ပြီး မင်းဘဝကို ကြည့်လိုက်ပါ…
မင်းမှာ ရှိနေတဲ့ အရာတွေကို နားလည်ကြည့်ပါ…

မင်းကို ချစ်တဲ့သူတွေ ရှိနေသေးတယ်ဆိုတာ…
မင်းကို နားထောင်ပေးမယ့်သူတွေ ရှိနေသေးတယ်ဆိုတာ…
မင်းအတွက် ရယ်မောနိုင်တဲ့ အချိန်လေးတွေ ရှိနေသေးတယ်ဆိုတာ…

အဲဒါတွေကပဲမင်းဘဝကို တကယ် အဓိပ္ပါယ်ရှိစေတဲ့ အရာတွေပါ။

ဒါကြောင့်…
အဝေးကြီးကို အမြဲတမ်း မကြည့်ပါနဲ့…
အနီးမှာ ရှိနေတဲ့ အလင်းလေးတွေကိုလည်း တိတ်တဆိတ် ခံစားကြည့်ပါအုံး…

ပိုပြီး ချစ်ပါ…
ပိုပြီး တန်ဖိုးထားပါ…
ပိုပြီး မလွတ်အောင် ကိုင်ထားပါ…

ဘာလို့လဲဆိုတော့…
ဘဝရဲ့ အကောင်းဆုံးအရာတွေကအခမဲ့ပဲ ဖြစ်နေတတ်ပေမယ့်…
မေ့လျော့သွားတဲ့အချိန်မှာတော့ ပြန်မရနိုင်တော့တဲ့ အဖိုးတန်အရာတွေမို့ပါပဲ…

ချစ်ခြင်းများစွာဖြင့်။
Prof. Dr. Sai Naw Jar
"ပိုင်ဆိုင်ရာကိုတန်ဖိုးထားပါ။"

woman

31/03/2026

ဘယ်လို ပေါင်းသင်းဆက်ဆံရေးမျိုး မဆို
ကိုယ့်အတွက် ငွေကုန်ကြေးကျလိုစိတ် ရှိသူကို
အမြဲ အမှတ်ရပါ တဲ့။

ပိုက်ဆံဆိုတဲ့ဒီအရာကို လုံလောက်ပြီး ပိုနေတယ်လို့ ဘယ်သူမှ မထင်ပါဘူး။

ကိုယ့်အတွက် ငွေကုန်ကြေးကျ ခံလိုစိတ်ရှိသူက သိပ်တုံးနေလို့ ဒါမှမဟုတ် သိပ်ချမ်းသာနေလို့ မဟုတ်ဘဲ ကိုယ်က ပိုက်ဆံထက် ပိုအရေးပါတယ်လို့ သူထင်လို့ပါ။

အရွယ်ရောက်သူရဲ့ ကမ္ဘာမှာ
တစ်စုံတစ်ယောက်အတွက်
ပိုက်ဆံနဲ့ အချိန်ကို ကုန်ကျဖို့ ဆန္ဒရှိတာဟာ
ခြွင်းချက်မရှိတဲ့ ချစ်ခြင်းမေတ္တာရဲ့ အရိုးရှင်းဆုံး ဖော်ပြမှုပဲ ဖြစ်ပါတယ်။


💌
နိုင်းနိုင်းစနေ

woman

19/02/2026

တစ်စုံတစ်ယောက်ရဲ့ ဇနီး၊ မိခင်၊
လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ်
သူငယ်ချင်း မဖြစ်ခင်
ကျေးဇူးပြုပြီး...
ကိုယ်ကိုယ်တိုင် လေးစားအားကျတဲ့ အမျိုးသမီးမျိုး ဖြစ်အောင်လုပ်ပါ။

ဘဝက ပြီးပြည့်စုံမယ် မဆိုနိုင်ပေမယ့်
ကိုယ့်ရဲ့ အောင်ပွဲခံကတ်က
အမြဲတမ်း ကိုယ် ကိုယ်တိုင်ပါပဲ။


💐
#နိုင်းနိုင်းစနေ
woman

11/01/2026

အေးချမ်းသာယာရှိကြပါစေ.......✅♥

woman

26/12/2025

ကောင်းသော နံနက်ခင်းလေးမှစလို့ ကျန်းမာ ချမ်းသာ
လိုရာပြည့်ဝကြပါစေသော်..💗💚

woman

19/12/2025

ဆောင်းကို လက်ဖဝါးထဲ...
ကိုယ် ဆုပ်ထားလိုက်တယ်။
မင်းကို နှင်းပွင့်လေးတွေ လက်ဆောင်ပေးမလို့.....

💞နိုင်းနိုင်းစနေ

woman
💚💛🩵💗🍀🌷☘️

13/12/2025

Good Morning...... 💗

woman

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon