Swa
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Swa, Digital creator, Thingangyun , Bawa Myint, Yangon.
09/03/2026
နိုင်ငံခြားကနေ ( စလုံး ၊မလေး၊ထိုင်း)
မြန်မာ Sim နဲ့ Kpay သုံးနေတဲ့ သူတွေ
အပိတ်မခံရအောင်ပါ ။
IMEI ကို * #06 # နိပ်ပါ
IMEI ကျလာရင် copy ယူပါ
https://ceir.gov.mm/main/check-status
Link ထဲ ဝင် IMEI ထည့်စစ်ပါ
Unpaid ပြနေရင် မရပါဘူး
♻️Unpaid ဖြေရှင်းရန် ♻️
ပထမဆုံး ကိုယ်သုံးနေတဲ့ SIM card တိုင်တက်နေဖို့ အရေးကြီးပါတယ် bill ဖြည့်ပါ ပြီးရင် မြန်မာပြည်က နံပါတ် တစ်ခုကို အပြင် call နဲ့ ခေါ်ပါ
Home country နဲ့ roaming country ဆိုပြီး
ပေါ်ပါမယ် home country နဲ့ 09နဲ့ ပဲခံခေါ်ပါ
MPT နဲ့ ခေါ်တာ ဝင်ပါတယ် ဟိုဘက်က
ကိုင်ရင် ချလိုက်ပါ
ပြီးတာနဲ့ link ထဲကခိုင်းတာတွေ ဆက်လုပ်ပါ
Pay ဆိုတာ နိပ်ပါ
IMEI ပြန်ထည့်ခိုင်းပါတယ်
Dual SIM ဆို 1/2 ၂ခါ ထည့်ရပါတယ် ပြီးတာနဲ့
ကိုယ့်ဖုန်းအမျိုးစား ပေါ်လာပါမယ် Oppo ,Vivo , Samsung စသဖြင့် Next နဲ့ ဆက်သွားပါ
နောက်တဆင့်ခိုင်းတာတွေ နာမည် / လိပ်စာ မှတ်ပုံတင် email ဖုန်းနံပါတ် အာ့တွေ ဆက်ဖြည့်ပါ
အကုန်ပြီးလို့ next လို့ နိပ်ရင် အမှန်ခြစ်နဲ့
Whitelist ဖြစ်ကြောင်း Tax ဆောင်စရာ မလိုကြောင်း ပေါ်လာရင် ရပါပြီ ။
#မူရင်း Crd ပေးပါတယ် ။
#ဆရာကြီး/ ဆရာမကြီးများတော့ ကျော်သွားပါ
မသိသေးသူအတွက် သီးသန့်ပါ
08/03/2026
page တစ်ခုမှာ Message Response Rate (စာပြန်နှုန်း) မြန်ဆန်ခြင်းဟာ အွန်လိုင်းစျေးကွက်၊ အထူးသဖြင့် Facebook ကို အဓိကသုံးတဲ့ မြန်မာနိုင်ငံလို နေရာမျိုးမှာ အရောင်းတက်ဖို့နဲ့ နာမည်ကောင်းရဖို့အတွက် အလွန်အရေးကြီးပါတယ်။
Message မြန်မြန်ပြန်ခြင်းကြောင့် ရရှိမယ့် အဓိကကောင်းကျိုး (၅) ချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
၁။ "Very Responsive" Badge ရရှိခြင်း
သင်ဟာ Message တွေကို ၁၅ မိနစ်အတွင်း ပြန်လည်ဖြေကြားပြီး Response Rate ၉၀% နှင့်အထက် ရှိတယ်ဆိုရင် Facebook က သင့် Page ကို "Very Responsive to Messages" (စာပြန်နှုန်း အလွန်မြန်သည်) ဆိုတဲ့ Badge လေး ပေးပါတယ်။ ဒါဟာ သင့်လုပ်ငန်းကို ပိုမိုခိုင်မာပြီး ယုံကြည်စိတ်ချရကြောင်း သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
၂။ ဝယ်သူ၏ ယုံကြည်မှုကို တိုးစေခြင်း (Builds Trust)
မြန်မာနိုင်ငံက ဝယ်သူအများစုဟာ ပစ္စည်းတစ်ခုကို စိတ်ဝင်စားရင် တန်းမဝယ်ဘဲ မေးခွန်းတွေ အရင်မေးလေ့ရှိပါတယ်။ မေးလိုက်တဲ့အချိန်မှာ ချက်ချင်းစာပြန်ပေးတာဟာ ဝယ်သူကို "ငါ့ကို ဂရုစိုက်တယ်" ဆိုတဲ့ ခံစားချက်ပေးစွမ်းနိုင်ပြီး အခြားဆိုင်ထက် သင့်ဆိုင်မှာ ဝယ်ဖို့ ဆုံးဖြတ်ချက်ကို ပိုမြန်စေပါတယ်။
၃။ အရောင်းရနိုင်ခြေ ပိုများခြင်း (Higher Conversion)
ဝယ်သူတစ်ယောက်ဟာ စိတ်ဝင်စားလို့ မေးလိုက်တဲ့အချိန်ဟာ သူဝယ်ချင်စိတ် အရှိန်တက်နေတဲ့ အချိန်ဖြစ်ပါတယ်။ အချိန်ဆွဲပြီးမှ ပြန်ဖြေရင် သူဝယ်ချင်စိတ် လျော့သွားတာမျိုး ဒါမှမဟုတ် တခြား Page တစ်ခုဆီ ရောက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ မြန်မြန်ပြန်လေ၊ အရောင်းရနိုင်ခြေ (Sales Closing) ပိုမြင့်လေပါပဲ။
၄။ Facebook Algorithm တွင် အကျိုးရှိခြင်း
Facebook ဟာ သုံးစွဲသူတွေကို အကောင်းဆုံး Service ပေးတဲ့ Page တွေကို ပိုဦးစားပေးလေ့ရှိပါတယ်။ Message ပြန်နှုန်းမြန်ပြီး Engagement ကောင်းတဲ့ Page တွေဟာ Organic Reach (လူမြင်နှုန်း) ပိုကောင်းဖို့ အထောက်အကူပြုပါတယ်။
၅။ ကောင်းမွန်သော ဝန်ဆောင်မှု ပုံရိပ် (Brand Image)
Response Rate မြန်တာဟာ Professional ကျတဲ့ Brand တစ်ခုအဖြစ် ပုံဖော်ပေးပါတယ်။ "ဒီဆိုင်က ဝန်ဆောင်မှု တကယ်ကောင်းတယ်" ဆိုတဲ့ Review တွေ၊ Feedback တွေ ရလာစေပြီး နောက်ထပ် ဝယ်သူအသစ်တွေကို ဆွဲဆောင်နိုင်ပါတယ်။
ပိုမြန်အောင် ဘယ်လိုလုပ်မလဲ?
Response Rate ကို ထိန်းထားဖို့အတွက် ဒီနည်းလမ်းလေးတွေ သုံးကြည့်လို့ရပါတယ်။
* Instant Reply: မေးလိုက်တာနဲ့ ချက်ချင်းစာပြန်သွားမယ့် Automated Message ကို Meta Business Suite မှာ သတ်မှတ်ထားပါ။
* FAQs: ခဏခဏမေးလေ့ရှိတဲ့ မေးခွန်းတွေကို (Auto-reply) အဖြစ် ကြိုတင်ပြင်ဆင်ထားပါ။
* Away Message: သင် အိပ်ချိန် ဒါမှမဟုတ် အားလပ်ချိန်တွေမှာ "Away Mode" ကို ဖွင့်ထားပါ။ ဒါဆိုရင်တော့ Response Rate ကို မထိခိုက်စေပါဘူး
07/03/2026
စျေးရောင်းကောင်းဖို့ဆိုတာ ပစ္စည်းကောင်းရုံနဲ့တင်မရဘဲ Customer ရဲ့ စိတ်ကိုဘယ်လိုဖမ်းစားမလဲဆိုတဲ့ Marketing Strategy နဲ့ Service ပေါ်မှာ အများကြီးမူတည်ပါတယ်။ စျေးရောင်းပိုကောင်းလာစေဖို့ Content ဖန်တီးရာမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကို အပိုင်း ၃ ပိုင်းခွဲပြီး ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
၁။ Customer ယုံကြည်မှုရအောင် တည်ဆောက်ခြင်း (Trust Building)
လူတွေက မယုံကြည်ရင် ပိုက်ဆံမထုတ်ကြပါဘူး။ ဒါကြောင့် အရင်ဆုံး ယုံကြည်မှုရအောင် လုပ်ရပါမယ်။
* Review နဲ့ Feedback များ ပြသပါ: ဝယ်ယူဖူးသူတွေရဲ့ တကယ့်အသံ (Screenshots များ၊ Video Review များ) ကို ပုံမှန်တင်ပေးပါ။
* ပစ္စည်းအကြောင်း အသေးစိတ်ရှင်းပြပါ: ဓာတ်ပုံလှလှလေးတွေတင်ရုံတင်မကဘဲ အသားအမျိုးအစား၊ အရွယ်အစားနဲ့ အသုံးပြုပုံတွေကို ရှင်းရှင်းလင်းလင်း ရေးပေးပါ။
* Behind the Scenes: ပါဆယ်ထုတ်နေတာတွေ၊ ပစ္စည်းအသစ်ရောက်တာတွေကို Video တိုလေးတွေ ရိုက်ပြပါ။ "တကယ်ရောင်းနေတာပါလား" ဆိုတဲ့ အသိက ယုံကြည်မှုကို တိုးစေပါတယ်။
၂။ Content ရေးသားနည်း ဗျူဟာ (Content Strategy)
အရောင်းအဝယ်တင်မကဘဲ Customer အတွက် အကျိုးရှိတာလေးတွေပါ မျှဝေပေးရပါမယ်။
* Problem & Solution: Customer ရဲ့ အခက်အခဲကို အရင်ထောက်ပြပြီး သင့်ပစ္စည်းက ဘယ်လိုဖြေရှင်းပေးနိုင်မလဲဆိုတာကို ရေးပါ။ (ဥပမာ- "ဝက်ခြံကြောင့် စိတ်ညစ်နေလား? ဒီ Serum လေးက ၅ ရက်အတွင်း သက်သာစေတယ်")
* Educational Content: သင့်ပစ္စည်းနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေပေးပါ။ (ဥပမာ- အင်္ကျီရောင်းရင် "ဒီအသားကို အရောင်မကျအောင် ဘယ်လိုလျှော်မလဲ")
* Engagement Post: Customer တွေ ပြန်မန့်ရမယ့် မေးခွန်းလေးတွေ မေးပါ။ "ဘယ်အရောင်ကို ပိုကြိုက်လဲ?" "A လား B လား?" စသဖြင့် မေးတာမျိုးက Page ရဲ့ Reach ကို တက်စေပါတယ်။
၃။ ဝန်ဆောင်မှုနဲ့ စျေးကွက်ထိုးဖောက်ခြင်း (Service & Tactics)
အရောင်းအဝယ်ဖြစ်သွားဖို့ နောက်ဆုံးပိတ် တွန်းအားပေးတဲ့အချက်တွေပါ။
* Fast Response: ဖုန်းဆက်တာဖြစ်ဖြစ်၊ Messenger ကမေးတာဖြစ်ဖြစ် မြန်မြန်ပြန်ဖြေပေးပါ။ လူက စိတ်ပါတုန်း မဖြေနိုင်ရင် စိတ်ကူးပြောင်းသွားတတ်ပါတယ်။
* Promotion & Urgency: "ဒီနေ့ည ၁၂ နာရီအထိပဲ Discount ရှိမယ်" ဆိုတဲ့ Limited Time Offer မျိုးက လူတွေကို ချက်ချင်းဝယ်ချင်စိတ် ဖြစ်ပေါ်စေပါတယ်။
* Call to Action (CTA): Content တိုင်းရဲ့ အဆုံးမှာ ဘာလုပ်ရမလဲဆိုတာ ထည့်ပြောပါ။ "အသေးစိတ်သိချင်ရင် CB ကို လာခဲ့ပါ" (သို့) "အခုပဲ Order တင်လိုက်ပါ" ဆိုတာမျိုးပါ။
အကြံပြုချက် (Tip)
အခုခေတ်မှာ စာဖတ်တာထက် Video (Reels/TikTok) ကြည့်တာကို လူတွေ ပိုအားသန်ကြပါတယ်။ ဒါကြောင့် ပစ္စည်းအကြောင်းကို ၁ မိနစ်စာ Video အတိုလေးတွေ ပိုလုပ်ပေးဖို့ အကြံပြုချင်ပါတယ်ဗျာ။
05/03/2026
မိမိလက်ရှိကိုင်သုံးနေတဲ့ ဖုန်းဟန်းဆက်က C.E.I.R ထဲမှာ
correct / paid / allowed ဖြစ်နေပြီလားဆိုတာ စစ်နိုင်တဲ့ တရားဝင် website လေးပါ။
( ပုံထဲကအတိုင်း အကုန်လုံးစိမ်းနေမှသာ March 31 နောက်ပိုင်းမှာ မိမိတို့ ဟန်းဆက်က SIM အားလုံးနဲ့ ဆက်လက်အသုံးပြုလို့၇နေမှာဖြစ်ပါတယ်။ )
အခု website ထဲကိုဝင်ပြီးတော့
မိမိတို့ ဖုန်းဟန်းဆက်ရဲ့ IMEI ကို
( * #06 # ကို ဖုန်းခေါ်တဲ့နေရာမှာ ရိုက်ထည့်လိုက်ရင် IMEI ကြည့်လို့ရပါတယ် )
ထည့်ပြီးတော့ စစ်ကြည့်နိုင်ပါတယ်။
ပုံထဲကအတိုင်း Correct / Paid / Allowed ဖြစ်နေရင်တော့
မြန်မာက SIM Card အားလုံးနဲ့ ဆက်လက်အသုံးပြုလို့ရနေမှာဖြစ်ပါတယ်။
Website Link ကို comment မှာ တင်ပေးထားပါတယ်။
------------
ဘာကြောင့်စစ်ကြည့်ဖို့လိုတာလဲဆိုတာကတော့
https://www.facebook.com/share/p/16XkPbKXHi/ မှာကြည့်နိုင်ပါသည်။
----------
တစ်ချို့ နားလည်မှုလွဲနေတာတွေ့ရပါတယ်။
အဓိကစစ်တာက ဟန်းဆက်ပါ။
ဟန်းစက်မှာပါတဲ့ IMEI က ခွင့်ပြုစာရင်းထဲမှာ မရှိထားရင်
ဘယ် sim card ထည့်ထည့် အဲ့ဒီဟန်းဆက်က လိုင်းတက်မှာမဟုတ်ပါဘူး။
Sim Card Register က သီးသန့်သပ်သပ်ပါ။
အခုဟာနဲ့ မဆိုင်ပါဘူး။
---------
အခုလိုစစ်တာက စာထုတ်လာတဲ့အတိုင်းစစ်လို့ရတယ်ပြောလို့ စစ်လို့ရအောင်လေးတင်ပေးလိုက်တာပါ။
စာထဲမှာ သေချာမရှင်းသေးလို့ လက်ရှိမှာ အကုန်စိမ်းတယ်ဆိုရင်တော့
အဆင်ပြေပြီလို့ထင်ပါတယ်။
နောက်ဆက်တွဲစဉ်းစားစရာတွေကျန်ပါသေးတယ်။
အဲ့ဒီဖုန်းက all sim ရသွားမှာလား၊
ဒါမှမဟုတ် ကိုယ်ထည့်ထားတဲ့ sim နဲ့ပဲ allow ဝင်သွားမှာလားတွေပေါ့။
သေချာထပ်သိရရင် ထပ်တင်ပေးပါမည်။
21/02/2026
Boost လုပ်ဖို့ ရွေးချယ်စရာ (၃) မျိုး
-------------------------------------------------------------------------
(၁) Promote Page( page boost )
Promote Pageကို အသုံးပြုရင် Main Page Like တက်ပါမယ်။ Page performance တွေကောင်းပြီး post တွေ တင်လိုက်တဲ့အခါ (လူများများဆီပြပေးတဲ့) organic reachတွေ များများရောက်ပါတယ်👍👍📈
(၂) Boost Post(engagement)
(Like, Share and Comment များပါတယ်) post reach and engagement များများရောက်ပါတယ်👍👍📈
(၃) Boost Post(message conversation)
(Like, Share and Commentနည်းပါတယ်)
Customer Conversation (၀ယ်သူရဲ့ message တွေ cb ဆီ တိုက်ရိုက်၀င်ရောက်လာစေပါတယ်) 💬💬 📈
ကာကာတို့ အဆင်ပြေမယ့် ကြိုက်နှစ်သက်ရာတစ်ခုကို ရွေးချယ်လိုက်ပါ။
(၃ မျိုးစလုံးရွေးချယ်လည်းရပါတယ်😀😀)
- [ ]
Boost လုပ်တာ ပိုက်ဆံကုန်ရုံပဲလား? Swa နဲ့ဆိုရင်တော့ ရလဒ်က စကားပြောပါလိမ့်မယ်။😊
"အစ်ကို/အစ်မတို့ လုပ်ငန်းတွေမှာ Content တွေ ကောင်းနေပါလျက်နဲ့ ဘာလို့ အရောင်းမတက်တာလဲ? အဖြေကတော့ Strategy မမှန်လို့ပါ။
Boost လုပ်တယ်ဆိုတာ 'Boost' ခလုတ်လေးကို နှိပ်လိုက်ရုံနဲ့ မပြီးပါဘူး။😊
• ဘယ်အချိန်မှာ တင်မလဲ?
• ဘယ်သူတွေဆီ ရောက်အောင် ပို့မလဲ?
• Audience က တကယ်ရော ဝယ်နိုင်စွမ်း ရှိရဲ့လား?
ဒီအချက်တွေကို Swa က အသေးစိတ် တွက်ချက်ပြီးမှ အလုပ်စပါတယ်။ ကျွန်တော်တို့ဆီမှာ အပ်နှံတဲ့အခါ 'Reach' များရုံတင်မကဘဲ 'Real Customers' တွေ ရရှိဖို့ကိုပဲ အဓိကထားပါတယ်။😊
“Swa - လုပ်ငန်းရှင်တိုင်းအတွက် စိတ်ချရတဲ့ Marketing လက်တွဲဖော်။"😊
သူငယ်ချင်းလိုပဲ့နေပါ ဖွင့်ပြောရင်သူစိမ်းဖြစ်သွားလိမ့်မယ် 😊
12/12/2023
သူတောင် လိမ္မာသွားပြီး ဘုရားနဲ့ တရားနဲ့ဖြစ်နေပြီ😅
10/12/2023
မတတ်နိုင်ဘူး ဆီလိုချင်တော့ မီးစက်လည်း ဆိုက်ကားစီးလာရတာပဲ🤭
photo
09/12/2023
ဝမ်းသာကြတော့
ဆီဈေး ရုတ်တရက်ပြုတ်ကျသွားပါပြီ🤭
Photo crd.
အရမ်းအရေးကြီးနေရင် မနေ့ကတည်းက သွားကြပါလား🤭
သူပြောသွားတာလေး သဘောကျလို့😊
Video crd.
15/08/2023
သူများနိုင်ငံမှာ သစ်ပင်ကအစ စည်းကမ်းရှိတာ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Thingangyun , Bawa Myint
Yangon
95