POE Design Co.

POE Design Co.

Share

𝙔𝙤𝙪𝙧 𝙎𝙈𝙀𝙨 𝘿𝙚𝙨𝙞𝙜𝙣 𝙋𝙖𝙧𝙩𝙣𝙚𝙧 !

25/06/2023

မင်္ဂလာပါရှင့်💜
ဒီကနေ့ ဝေမျှပေးသွားချင်တဲ့အကြောင်းရာလေးက ရဲ့ Social Media Marketing မှာ ဘာကြောင့်အရေးပါလဲဆိုတာလေးပါ ။

▪️ယနေ့ Digital ခေတ်မှာ ကိုယ်ရဲ့နေထိုင်မှုပတ်၀န်းကျင်မှာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ချင်သော်လည်ကောင်း ၊
တစ်ခုခုကို မျှဝေပေးချင်တဲ့အခါသော်လည်ကောင်း ဆိုရှယ်မီဒီယာက အရေးပါတဲ့ အစိတ်ပိုင်းတစ်ခုဖြစ်လာပါတယ်။
ဒါကြောင့် ဆိုရှယ်မီဒီယာ ကိုအသုံးပြုရုံနဲ့ မလုံလောက်တော့ပါဘူး။ ဆိုရှယ်မီဒီယာ က ရတဲ့အားသာချက်တွေနဲ့ သူ့ကိုဘယ်လို အသုံးချလို့ရတယ်ဆိုတဲ့ အချက်တွေသိထားဖို့လိုပါတယ်။

❗️အဲဒီအချက်တွေထဲက အရေးပါတဲ့
အကြောင်းလေးကို ဒီနေ့မှာ မျှဝေပေးချင်ပါတယ်။

ဟာ Social Media ပေါ်မှ တဆင့် တစ်ခုခုကို ရှာချင်တဲ့အခါမျိုးမှာ ဆိုရင်လည်း Essential Tools ဖြစ်ပါတယ်။

မိမိရဲ့ ဆိုရှယ်မီဒီယာ ပို့စ်များတွင် များကို ဗျူဟာကျကျထည့်သွင်းခြင်းဖြင့် မိမိရဲ့ Brand နဲ့ ကိုက်ညီတဲ့ Audience တွေက မိမိ Content ကို အလွယ်တကူရှာဖွေတွေ့ရှိဖို့ ကူညီပေးမှာဖြစ်ပြီး
Audience တွေနဲ့ပိုမို ထိတွေ့နိုင်သောကြောင့် Reach, Visibility and Engagement များ တိုးမြင့်ရရှိစေပါတယ်။

ဥပမာအနေနဲ့ ပြောရရင်———
ကိုယ်က ကို # ရှေ့မှာခံပြီး ပို့စ်တင်လိုက်တယ်။
ကိုယ့်ပို့စ်ကို ကြည့်တဲ့သူ က ကိုနှိတ်လိုက်တာနဲ့
တူညီသော hashtag ဖြင့် စုစည်းထားတဲ့ နှင့်သက်ဆိုင်တဲ့အကြောင်းအရာအားလုံးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

ရေးပုံရေးနည်း
# ရေးပြီးတာနဲ့ စာတန်းရေးရပါတယ်
Space ခြားလို့မရပါဘူး။
space ခြားလိုက်ရင် # ကအလုပ်မလုပ်တာ့ပါဘူး။
အင်္ဂလိပ်စာလုံးတွေကျ space မခြားပဲဘယ်လိုရေးမလဲ ဆိုတော့ အကြီးအသေးနဲ့ရေးလို့ရပါတယ်။ ဥပမာ လို့ ရေးလို့ရပါတယ်။
နောက်ပြီး underscore နဲ့လည်း ရေးလို့ရပါသေးတယ်။ ဥပမာ ပေါ့။
# မှာ . (Full stop) ပါလို့မရပါဘူး။
။တကယ်လို့ ပါလို့မရတဲ့ စာလုံး တခုခုပါသွားတာနဲ့ hashtag လေးက bold မဖြစ်တော့ပါဘူး။

❗️ဒီနေ့ကျွန်မ ဝေမျှပေးခဲ့တာလေးကို
သဘောကျတယ်ဆိုရင်တော့
Like & Share လုပ်သွားနိုင်ပါတယ်။အားလုံးကိုကျေးဇူးအထူးပါနော် ။

POE Design Co.
Your SMEs Design Partner!
📞09977969970 , 09 771236769

18/06/2023

မင်္ဂလာပါ။ 🙋‍♀️
Design Co. မှပြန်လည်ကြိုဆိုပါတယ်။💜

💁🏻‍♀️ဒီနေ့ မျှဝေပေးချင်တဲ့အကြောင်းအရာလေးက
Content Marketing က လုပ်ငန်းတိုင်းအတွက်မရှိမဖြစ်
ဘာကြောင့်အရေးပါလဲဆိုတာလေးပါ။

ပထမဆုံးအနေနဲ့ Content Marketing ဆိုတာဘာလဲ ❓
🔷ယနေ့ခေတ်မှာ လုပ်ငန်းအများစုဟာ Social Media Platform များကိုအသုံးပြုပြီး Digital Marketing ကို Strategy မျိုးစုံနဲ့ အပြိုင်အဆိုင် လုပ်ကိုင်လာကျပါတယ်။
ဒီအတွက် မိမိလုပ်ငန်းက ပြိုင်ဘက်လုပ်ငန်းတွေထက် ခြေတစ်လှမ်းသာနေစေဖို့ဆိုရင်သမရိုးကျ နည်းလမ်းတွေဖြစ်တဲ့ Boost လုပ်တာတွေ ၊ ကြော်ငြာ Post တွေ နေ့စဉ် တင်တာတွေလုပ်နေလို့မရတော့ပါဘူး၊

✔️ပထမဆုံး ပြောပြပေးချင်တဲ့အကြောင်းအရာလေးက
Content Marketing ဆိုတာဘာလဲ ❓
👑”Content is king 👑 ဆိုတဲ့စကားလေးကြားဖူးမယ်ထင်ပါတယ်။�🔷Audience ကိုဆွဲဆောင်စေနိုင်တဲ့ Creative Visual Design တွေ ၊Video တွေ၊ Audience ဘက်က ဝယ်ယူချင်စိတ်ပေါ်ပေါက်လာအောင် ဆွဲဆောင်နိုင်မယ့် Content တွေနဲ့ ပိုက်ဆံမကုန်ပဲ Engagement အများကြီးတက်သွားအောင်ပြုလုပ်လို့ရပါတယ်။
�🔷Customer engagement အများကြီးတက်သွားအောင် လုပ်နိုင်တဲ့ ထိရောက်တဲ့နည်းလမ်းတစ်ခုကတာ့ Content Marketing ပါ။

🔷Content Marketing ဆိုတာ ကိုယ်ရည်ရွယ်ထားတဲ့ Customer တွေက အာရုံစိုက်ပြီး စိတ်ဝင်စားမှုရရှိစေရန် ၊ သဘောကျနှစ်ခြိုက်ပြီးဝယ်ယူချင်စိတ်ပေါ်ပေါက်လာအောင် လုပ်ပေးနိုင်တဲ့ Digital ဗျူဟာ တစ်ခုဖြစ်ပါတယ် ။

✔️ အောက်ပါအချက်များက
Content Marketing ဖြင့် မိမိBrand ကို အောင်မြင်အောင်လုပ်နိုင်ပါတယ်။�🎯ကိုယ်ဖန်တီးတဲ့ Content ဟာ မည်သည့် Audience ကို Focus ထားလဲဆိုတာကို Target ထားပေးပါ။
�🎯Target သေချာပြီးဆိုရင်တော့ Content ဖန်တီးဖို့အတွက် ကိုယ့်ရဲ့ Product နဲ့ပတ်သက်တဲ့ အားသာချက်တွေကို Research လုပ်ပါ။
🎯ပြီးရင် Target Audience ကို ဝယ်ယူချင်စိတ်ပေါ်ပေါက်လာအောင်ရေးသားနိုင်တဲ့ content တွေဖန်တီးပါ။
🎯Audience နဲ့ ယုံကြည်မှုတည်ဆောက်နိုင်ပြီး Audience အတွက်အကျိုးရှိစေပြီး တခြားသူတွေကိုပါ ပြန်လည်ဝေမျှချင်အောင် Knowledge Sharing Content တွေဖန်တီးပါ။

🚩လူကြီးမင်းတို့ရဲ့ စီးပွါးရေးလုပ်ငန်းများကို နောက်တဆင့်သို့တက်လှမ်းရန် ကြိုးစားနေတယ်ဆိုရင်တော့
Content Marketing ကလူကြီးမင်းတို့ မဖြစ်မနေသွားရမယ့် လမ်းဖြစ်ပါတယ်။

ဒါကြောင့် Content Marketing က Businesses လုပ်ငန်းတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်လို့
ဒီနေ့မျှဝေပေးခဲ့တဲ့ အကြောင်းအရာလေးကို သိရှိသွားမယ်လို့မျှော်လင့်ပါတယ်။

💬နောက်ထပ် ဘယ်လိုအကြောင်းအရာလေးတွေမျှဝေပေးသွားအုန်းမလဲဆိုတာကို
Design Co. Page ကို Like & Follow လုပ်ပေးထားပါအုန်းနော်။ 💜💜

POE Design Co.
Your SMEs Design Partner!
📞09977969970 , 09 771236769
📧[email protected]

14/06/2023

အားလုံးပဲ မင်္ဂလာပါရှင်။
POE Design Co. မှ ကြိုဆိုလိုက်ပါတယ်။
__________________________

မြန်မာနိုင်ငံက လုပ်ငန်းတွေရဲ့ ၈၀%ခန့်က
SME လုပ်ငန်းတွေပါ။
ဒါကြောင့် ဒီနေ့ဝေမျှပေးချင်တဲ့ အကြောင်းအရာလေးက———

💢ပြည်တွင်းရှိအသေးစား အလတ်စား Local SMEs စီးပွါးရေးလုပ်ငန်းတွေအတွက်
‼️Social Media Marketing က ဘာကြောင့်အရေးပါလဲ ဆိုတာပဲဖြစ်ပါတယ်။

☑️Increased Brand Awareness
Social Media Platforms များဟာ SMEs လုပ်ငန်းတွေ တိုးတက်ဖို့ အတွက် အထိရောက်ဆုံး Tool တွေပဲဖြစ်ပြီး
Social Media Platform များတွင် ကြေငြာခြင်းက
🎯မိမိ Brand ရဲ့ Target Audience များထံအလျင်မြန်ဆုံးရောက်ရှိစေပြီး အချိန်တိုအတွင်းမှာပဲ
နေ့စဉ် Customer အသစ် သန်းပေါင်းများစွာကို ဆွဲဆောင်နိုင်ပြီး
ရှိပြီးသား Customer များနှင့်လည်း တိုက်ရိုက်ထိတွေ့မှုရှိသည့်အပြင် မိမိ Brand ရဲ့ သဘာနှင့် ဂုဏ်သတင်းကို တိုးတက်စေနိုင်မှာပဲဖြစ်ပါတယ်။
ဒါ့အပြင်ဆွဲဆောင်မှုရှိသော Creative Design တွေ ၊ ထိမိတဲ့ Content တွေဖန်တီးပြီး ထိရောက်စွာကြေငြာခြင်းကလည်း
ပြည်တွင်း SMEs လုပ်ငန်းများအတွက် ၎င်းတို့၏ လုပ်ငန်းကို အလားအလာရှိသော ဖောက်သည်များထံမှ အာရုံစိုက်မှုရရှိစေနိုင်မှာပဲဖြစ်ပါတယ်။

☑️Targeted Advertising
Social Media Platform များဟာ
စီးပွါးရေးလုပ်ငန်းများအတွက်
လူဦးရေစာရင်း၊ စိတ်ဝင်စားမှုနှင့် တည်နေရာတို့အပေါ် အခြေခံ၍ ၎င်းတို့၏ Target Audience ကို ပိုမိုတိကျတဲ့ ပစ်မှတ်ရွေးချယ်စရာများကို ပံ့ပိုးပေးပါတယ်။
ပြည်တွင်း SMEs လုပ်ငန်းများအတွက်လည်း ၎င်းတို့၏ Target Audience များ ရဲ့တည်ရှိရာ နေရာဒေသအလိုက် စျေးကွက်ရှာဖွေရေး ကြိုးပမ်းမှုများကို အာရုံစိုက်စေပြီး ကြော်ငြာဘတ်ဂျက်၏ အကျိုးသက်ရောက်မှုကို အမြင့်ဆုံးဖြစ်စေပါတယ်။

☑️Cost-effective Marketing
သမားရိုးကျနည်းလမ်းဖြင့် ကြော်ငြာခြင်း နှင့် နှိုင်းယှဉ်မယ်ဆိုရင်
Social media စျေးကွက်ရှာဖွေခြင်းဟာ
ပြည်တွင်း SMEs လုပ်ငန်းများအတွက် များစွာ တွက်ခြေကိုက်နိုင်ပါတယ်။
Social media platform များတွင် ကြေငြာခြင်းနည်းလမ်းက
Printing သို့မဟုတ် TV Advertising တို့လို ကြော်ငြာခြင်းရဲ့ ကုန်ကျစရိတ်တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်တဲ့အတွက်
SMEs လုပ်ငန်းများကို များစွာသော Target Audience တွေထံရောက်ရှိဖို့
တတ်နိုင်သော ကြော်ငြာရွေးချယ်ခွင့်များကို ပေးစွမ်းနိုင်စေပါတယ်။
�☑️Engaging with the Customers�Social Media Platform များဟာ�SMEs လုပ်ငန်းများအတွက် ဖောက်သည်များနှင့် Relationship တည်ဆောက်ရန်အတွက် ကောင်းမွန်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
မိမိBrand နှင့်ပက်သက်ပြီး တန်ဖိုးရှိသော အကြောင်းအရာများကို Customer နှင့် မျှဝေပြီး
ဆွေးနွေးမှုများတွင်လည်း ပါဝင်နိုင်သလို
Comment များ
Message များဖြင့်လည်း Customer နဲ့ အပြန်အလှန် တုံ့ပြန်လို့ရပါတယ်။
ဒါကြောင့် Customer နှင့် ခိုင်မာတဲ့ Relationship ကိုတည်ဆောက်နိုင်ပြီး Customer များက မိမိBrand အပေါ်
စွဲမြဲစွာ အားပေးခြင်းကိုလည်း ရရှိစေနိုင်မှာဖြစ်ပါတယ်။

☑️Customer Insights and Feedback
Social Media ပေါ်မှ
သုံးစွဲသူများရဲ့ အပြုအမူ၊
သုံးစွဲသူများရဲ့ နှစ်သက်မှုများနှင့် ပက်သက်သော အချက်အလက်များကို သိရှိနိုင်ပါတယ်။
Social Media ပေါ်မှလှုပ်ရှားမှုကို စောင့်ကြည့်ခြင်းဖြင့်၊
ပြည်တွင်း SME လုပ်ငန်းများဟာ
သုံးစွဲသူများထံမှ တုံ့ပြန်ချက်၊
သုံးသပ်ချက်များနှင့် မှတ်ချက်များကို စုဆောင်းနိုင်ပြီး
၎င်းတို့၏ Target Audience ကို ပိုမို နားလည်နိုင်စေပြီး လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချနိုင်မှာပဲဖြစ်ပါတယ်။

☑️Competitor Analysis
Social Media ဟာ ပြည်တွင်း SMEs လုပ်ငန်းများအတွက် ၎င်းတို့၏ ပြိုင်ဘက်များကို စောင့်ကြည့်ရန် အခွင့်အလမ်းတစ်ခုလည်းဖြစ်နေပါတယ်။

ပြိုင်ဖက်များ၏ Social media တည်ရှိမှုကို စောင့်ကြည့်ခြင်းဖြင့် စီးပွါးရေးလုပ်ငန်းများဟာ ၎င်းတို့၏ Marketing Strategy များ၊ Promotion များနှင့်
Customer များနှင့်
ထိတွေ့ဆက်ဆံမှုတို့ကို ပိုမိုသိရှိကာ ၎င်းတို့အား စျေးကွက်ယှဉ်ပြိုင်မှု အပိုင်းတွင် များစွာ အကျိုးရှိစေမှာပဲဖြစ်ပါတယ်။
———————
ဒီနေ့မျှဝေပေးခဲ့တဲ့ Local SMEs စီးပွါးရေးလုပ်ငန်းတွေအတွက်
Social Media Marketing က ဘာကြောင့်အရေးပါလဲ ဆိုတဲ့ အဓိကအချက်တွေကို
နားလည်သွားမယ်လို့မျှော်လင့်ပါတယ်။
နောက်ထပ် ဘယ်လိုအကြောင်းအရာလေးတွေမျှဝေပေးသွားအုန်းမလဲဆိုတာကို
POE Design Co. Page ကို Like & Follow လုပ်ပေးထားပါအုန်းနော်။

POE Design Co.
Your SMEs Design Partner!
📞09977969970 , 09 771236769
📧[email protected]

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon