DSV KINGS
နောက်ဆုံးရအားကစားသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်
23/06/2023
"မက်ဆီက ထာ၀ရအကောင်းဆုံးကစားသမားပါ၊ ကျနော်က ပီလီ၊ ဇီကို၊ မာရာဒိုနာတို့နဲ့ မတွေ့ဆုံခဲ့ဖူးပါဘူး၊ ရော်နယ်ဒို၊ အက်ဒရီယာနို၊ ဆီးဒေါ့ဖ်တို့နဲ့ ကျနော်ကစားဖူးတယ်၊ ဒါပေမယ့် မက်ဆီနဲ့ မတူဘူး၊ ခင်ဗျား သူနဲ့ပတ်သက််ပြီးတော့ ဘယ်လိုပဲလေ့လာထား၊ လေ့လာထား၊ သူလုပ်နိုင်တဲ့ ကွဲပြားခြားနားမှုတွေ၊ သူ့မှာရှိတဲ့ အရည်အသွေးတွေကို ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး"
- သီယာဂိုဆေးလ်ဗား
13/06/2023
၂၀၁၀ နိုဝင်ဘာလက ကစားခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲမှာ ဘာကာက ရီးရဲလ်ကို ၅-၀ နဲ့ အပြတ်တီးခဲ့ပါတယ်။ အဲဒီပွဲမှာ ဘာကာကစားသမား ပက်ဒရို နဲ့ ရီးရဲလ်က ရော်နယ်ဒိုတို့ အချင်းများခဲ့ပါတယ်။
ပွဲချိန်အတွင်း လက်ပစ်ဘောဖြစ်သွားချိန်မှာ ဂွာဒီယိုလာက ဘောလုံးကို ကောက်ကိုင်ပြီး သူ့ဆီရောက်လာတဲ့ ရော်နယ်ဒိုကို ပေးမလိုလုပ်ခဲ့ပြီးမှ လွှတ်ချခဲ့တာပါ။ ဒီအချိန်မှာ ရော်နယ်ဒိုက ဒေါသထွက်ခဲ့ပြီး ဂွာဒီယိုလာကို ဘေးကို တွန်းဖယ်ပစ်လိုက်ပါတယ်။
ဒီအချိန်မှာ ဘာကာကစားသမားအများအပြားက ကြားဝင်လာခဲ့ပြီး အဲဒီထဲမှာ ပက်ဒရိုက ရှေ့ဆုံးကပါ။ "မင်းက ဘယ်သူလဲ" ဆိုပြီး ရော်နယ်ဒိုက မေးခဲ့ချိန်မှာ ပက်ဒရိုက "ငါက ကမ္ဘာ့ချန်ပီယံတယောက်ပဲ" ဆိုပြီး စပိန်နဲ့အတူ သူ ကမ္ဘာ့ဖလားရထားတာကို ပြောဆိုကာ တုံ့ပြန်သွားခဲ့ပါတယ်။ ရော်နယ်ဒိုတယောက် အဲဒီအခိုက်အတန့်မှာတော့ အရေးနိမ့်ခဲ့ရပါတော့တယ်။
Crd
10/06/2023
Breaking News!!!
အက်စ်တွန်ဗီလာက တန်းဆင်းသွားတဲ့ လက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ တိုင်လီမန်းစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။
အက်စ်တွန်ဗီလာက တိုင်လီမန်းစ်ကို ၃နှစ် + အပို ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး တိုင်လီမန်းစ်က မကြာခင်မှာပဲ အက်စ်တွန်ဗီလာနဲ့ ဆေးစစ်ပါတော့မယ်။
ယူရိုပါ ကွန်းဖရန့်လိဂ်ဝင်ခွင့် ရထားတဲ့ ဗီလာက တိုင်လီမန်းစ် အတွက် အသင့်တော်ဆုံးအသင်းပါပဲ။
Crd
03/06/2023
မန်စီးတီး ၁:၀ မန်ယူနိုက်တက် ( FA ဗိုလ်လုပွဲ)
ပွဲစစချင်း ၁၅ စက္ကန့် မှာဘဲ မန်စီးတီးက တစ်ဂိုးစရသွားပါပြီ
02/06/2023
"ကျနော့်အတွက်တော့ ရော်နယ်ဒိုက မက်ဆီထက် သာပါတယ်၊ သူက အောက်ဆုံးကနေ အမြင့်ဆုံးအဆင့်ကို တက်လှမ်းပြခဲ့တာပါ၊ သူက ဒီနေ့ထိ လီယိုမက်ဆီ မချိုးဖျက်နိုင်သေးတဲ့ စံချိန်မှတ်တမ်းတွေ အများကြီးကိုလည်း ချိုးဖျက်ခဲ့ပြီးပါပြီ၊ သူ အသက်ကြီးနေပြီဆိုတာ အားလုံးလည်း မြင်တွေ့နိုင်မှာပါ၊ ဒါပေမယ့် သူကတော့ အရင်အတိုင်း ကြံ့ခိုင်မှုပြည့်၀နေပြီး ကစားပြနေတုန်းပါ"
- ယာအိုဖိလစ်
11/04/2023
အီလန်ဂါကိုရောင်းချပြီး အိုင်ယာလန်ကြယ်ပွင့်ကိုခေါ်ယူချင်နေတဲ့
#ယူနိုက်တက်
အီလန်ဂါကိုရောင်းချပြီး အိုင်ယာလန်ကြယ်ပွင့်ကိုခေါ်ယူချင်နေတဲ့ ယူနိုက်တက် – DAILY SPORTS MEDIA အီလန်ဂါကိုရောင်းချပြီး အိုင်ယာလန်ကြယ်ပွင့်ကိုခေါ်ယူချင်နေတဲ့ ယူနိုက်တက် Leave a Comment / Man U, Permier Leauge, sport / By DAILY SPORTS MEDIA FacebookTwitterပ....
11/04/2023
မင်းကြောင့် အိပ်ရေးပျက်တာများနေပြီ
---------------*----------------
ဘိုင်ယန်မြူးနစ်နည်းပြ သောမက်စ်တူချယ်က မန်စီးတီးနဲ့ပွဲမတိုင်ခင် အိပ်ရေးပျက်ရတဲ့ ညတွေများနေပြီဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ယနေ့ညမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။
တူချယ်ဟာ ၂၀၂၁ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချဲလ်ဆီးနည်းပြအဖြစ် မန်စီးတီးကို ရင်ဆိုင်ခဲ့ဖူးပြီး အဆိုပါအချိန်က နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တူချယ် ချဲလ်ဆီးက မထွက်ခင် မန်စီးတီးအသင်းဟာ ချဲလ်ဆီးကို နှစ်ကြိမ်တိုင် အနိုင်ယူပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ယခု ဂွါဒီယိုလာနဲ့ ပြန်မတွေ့ခင် အိပ်ရေးပျက်ရတဲ့ညတွေများနေပြီလို့ တူချယ်က ပြောကြားသွားခဲ့တာပါ။
တူချယ်က “ကျွန်တော် စောစောအိပ်ယာဝင်နိုင်ဖို့ ကြိုးစားပါမယ်။ ကျွန်တော် အိပ်ပျော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အကောင်းဆုံးပြင်ဆင်မှုက အိပ်တာဖြစ်ပေမယ့် တစ်ခါတစ်လေ စဉ်းစားရတာအလွန်များတဲ့အခါ အိပ်ပျော်ဖို့ ခက်ပါတယ်” “ဒီမနက်လည်း ကျွန်တော် အစောကြီးနိုးနေပြီး ပြန်မအိပ်နိုင်တော့တာကြောင့် လေ့ကျင့်ရေးကွင်းကိုသားဖို့ ဆုံးဖြတ်ပြီး ပွဲအကြောင်းပဲ ထိုင်စဉ်းစားနေလိုက်ပါတယ်”လို့ ပြောခဲ့ပါတယ်။
DSV KINGS
11/04/2023
မဟုတ်မမှန်သတင်းထွက်လာတဲ့အပေါ် စိတ်ပျက်နေတဲ့ #ရပ်ရှ်ဖို့ဒ်
မဟုတ်မမှန်သတင်းထွက်လာတဲ့အပေါ် စိတ်ပျက်နေတဲ့ ရပ်ရှ်ဖို့ဒ် – DAILY SPORTS MEDIA မဟုတ်မမှန်သတင်းထွက်လာတဲ့အပေါ် စိတ်ပျက်နေတဲ့ ရပ်ရှ်ဖို့ဒ် Leave a Comment / Man U, Permier Leauge, sport / By DAILY SPORTS MEDIA FacebookTwitterမန်ချက်စတာယူနိုက....
11/04/2023
မန်စီးတီးတို့ ချန်ပီယံလိဂ်အတွက် ဟာလန်းကိုခေါ်ယူခဲ့တာလား... ?
မန်စီးတီးတို့ ချန်ပီယံလိဂ်အတွက် ဟာလန်းကိုခေါ်ယူခဲ့တာလား… ? – DAILY SPORTS MEDIA မန်စီးတီးတို့ ချန်ပီယံလိဂ်အတွက် ဟာလန်းကိုခေါ်ယူခဲ့တာလား… ? Leave a Comment / Man City, sport / By DAILY SPORTS MEDIA FacebookTwitterဘိုင်ယန်မြူးနစ် နဲ့ မ....
08/04/2023
အာဆင်နယ်နဲ့ပွဲစဉ်အတွက် အန်ဖီးပရိတ်သတ်တွေကို အကူအညီ တောင်းလိုက်တဲ့ #ကလော့
===============================
ယာဂန်ကလော့က လာမည့် တနင်္ဂနွေနေ့ ပရီးမီးယားလိဂ် leaders အာဆင်နယ်တို့ အန်ဖီးမှာ လာရောက် ကစားရမယ့် ပွဲစဉ်မှာ လီဗာပူး အနေနဲ့ ပရိတ်သတ်ရဲ့ အကူအညီကို လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။ ဂန်းနားတို့ဟာ အကောင်းဆုံးပုံစံနဲ့ အန်ဖီးကို လာရောက်မှာ ဖြစ်ပြီး အာတီတာရဲ့ အသင်းဟာ နောက်ဆုံး လိဂ်ပွဲစဉ် ၇ ပွဲဆက် နိုင်ထားခဲ့ပြီး ဇယားထိပ်မှာ ၈ မှတ်အသာနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။
လီဗာပူးကတော့ ဒီရာသီမှာ အဝေးကွင်းရလဒ်တွေ အတော်လေး ဆိုးရွားနေပေမယ့်လည်း အိမ်ကွင်း ရလဒ်မှာတော့ ပရီးမီးယားလိဂ်ရဲ့ တတိယအကောင်းဆုံး အသင်း ဖြစ်နေပါတယ်။ ကလော့က လာမည့် တနင်္ဂနွေနေ့မှာ အန်ဖီးရဲ့ atmosphere ဟာ ဘယ်လောက်တောင် အရေးပါသလဲဆိုတာ ကောင်းကောင်း သိနေပြီး အိမ်ကွင်း ပရိတ်သတ်ဟာ အသင်းရဲ့ ရလဒ်အတွက် တစ်စိတ်တစ်ပိုင်း ပါ၀င်လာနိုင်တယ်ဆိုတာ လျို့ဝှက်ချက် မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
ဂျာမန် နည်းပြ “ကျနော်တို့ကွင်း ကျနော်တို့ ပရိတ်သတ်တွေနဲ့ ကောင်လေးတွေရဲ့ ပေါင်းစပ်မှုဟာ တကယ်ကို ကောင်းမွန်ပါတယ်။ ကျနော်တို့ သူတို့ကို ပါ၀င်လာအောင် လုပ်သွားရမှာပါ။ ဒါပေမယ့် ဒီအပေါ် မှီခိုသွားမှာတော့ မဟုတ်ပါဘူး။ ကျနော်တို့ ရထားကို အတူ တွန်းရမှာပါ။ ဒီအချိန်မှာတော့ ကျနော်တို့ လုပ်နိုင်မယ်ဆိုတဲ့ ခံစားချက်ကောင်းကို ရနေပါတယ်။”
ဆက်လက်ပြီး ကလော့က “ဒါဟာ အိမ်ကွင်းပွဲစဉ်ပါ။ ပရိတ်သတ်ဟာ ကျနော်တို့ အတွက် ကြီးမားတဲ့ အင်အား ဖြစ်နိုင်ပါတယ်။ challenge တွေ ၊ လျှောထိုးဖျက်ထုတ်တွေနဲ့ ပြိုင်ဘက်ရဲ့ ပေးပို့မှုက ဘေးထွက်တာတွေ ဖြစ်ခဲ့မယ်ဆိုရင် သူတို့ အောင်ပွဲခံကြမှာပါ။ ဒီကနေ အားလုံး စတင်တာပါပဲ။ ဒီလို သေးငယ်တဲ့ အောင်ပွဲတွေကနေ တည်ဆောက်သွားရမှာပါ။ အဲဒီနောက် ရုတ်တရက် ဆိုသလို ယုံကြည်မှုအကြောင်းကို ဘယ်ကောင်လေးမှ တွေးဖြစ်တော့မှာ မဟုတ်ပါဘူး။ သူတို့ အရင်လို ပြန်ဖြစ်သွားမှာပါ။” လို့ ဆိုခဲ့ပါတယ်။
08/04/2023
Son Hundred Min !
စပါး တောင်ပံ ကစားသမား ဆွန်ဟောင်မင် ဟာ ပရီးမီးယားလိဂ် ဂိုး ၁၀၀ ပြည့်တဲ့ ပထမဆုံး အာရှသား ဖြစ်လာခဲ့ပါပြီ ။
Congratulations Sonny 👏👏🥳
07/04/2023
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဥ်အတွက် အသင်းဟောင်းကို သတိပေးလိုက်တဲ့ #ကန်ဆယ်လို
#မန်စီးတီး
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဥ်အတွက် အသင်းဟောင်းကို သတိပေးလိုက်တဲ့ ကန်ဆယ်လို – DAILY SPORTS MEDIA ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဥ်အတွက် အသင်းဟောင်းကို သတိပေးလိုက်တဲ့ ကန်ဆယ်လို Leave a Comment / Man City, sport / By DAILY SPORTS MEDIA FacebookTwitterန....
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Anawyahta
Yangon