BizAid
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BizAid, Software Company, 262, 05-02 Bargaya Road, Myaynigone Sanchaung Township, Yangon.
13/07/2024
Power Virtual Agents ဆိုတာဘာလဲ?
Power Virtual Agents ဆိုတာက Microsoft Power Platform ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး CHATBOTS တွေကို CODING မလိုအပ်ဘဲ ဖန်တီးနိုင်စေတဲ့ TOOL တစ်ခုဖြစ်ပါတယ်။ ဒါဟာ လုပ်ငန်းတစ်ခုရဲ့ စားသုံးသူများနဲ့ အလုပ်သမားများအတွက် AUTOMATED CHATBOTS များကို အသုံးပြုနိုင်စေပြီး ဖန်တီးခြင်း၊ စီမံခန့်ခွဲခြင်း၊ ပြောင်းလဲခြင်းနဲ့ အဆင်ပြေစွာ အသုံးချနိုင်စေပါသည်။
Power Virtual Agents ရဲ့ အကျိုးကျေးဇူးများ
1. Coding မလိုအပ်ခြင်း
o Technical knowledge မရှိရင်တောင် drag-and-drop interface ကို အသုံးပြုပြီး chatbots များ ဖန်တီးနိုင်သည်။
2. လုပ်ငန်းစဉ်များ အလိုအလျောက် လုပ်ဆောင်ပေးခြင်း
o Customer support နှင့် Internal processes များအတွက် chatbots များကို အလိုအလျောက် အလုပ်လုပ်စေပြီး အချိန်ကုန်သက်သာစေသည်။
3. လုပ်ငန်းပိုင်းဆိုင်ရာ ထိရောက်မှု တိုးတက်စေခြင်း
o Chatbots များက 24/7 အလုပ်လုပ်နိုင်သဖြင့် အရင်းအမြစ်များကို အလေအလွင့် နည်းနိုင်သမျှနည်းအောင် စီမံခန့်ခွဲနိုင်စေပြီး လုပ်ငန်းစဥ်များ တိုးတက်လာမည်။
4. အဆင်ပြေစွာ အပြန်အလှန် ဆက်သွယ်နိုင်ခြင်း
o Natural Language Processing (NLP) အသုံးပြုသောကြောင့် USER INPUT များကို အလွယ်တကူ နားလည်ပြီး ပြန်လည်ဖြေဆိုနိုင်စေသည်။
5. Integration အလွယ်တကူ ပြုလုပ်နိုင်ခြင်း
o Microsoft 365, Dynamics 365, Power Automate နှင့် အခြား third-party services များနှင့် အလွယ်တကူ ချိတ်ဆက်နိုင်သည်။
6. အချိန်နဲ့ ငွေကုန်ကျစရိတ် လျှော့ချနိုင်ခြင်း
o Automated chatbots အသုံးပြုခြင်းဖြင့် Customer service တိုးတက်စေပြီး ဝန်ထမ်းစရိတ်များကို အတိုင်းအတာတစ်ခု လျှော့ချနိုင်ပြီး အချိန်ကုန်သက်သာစေသည်။ န
7. စီမံခန့်ခွဲမှု အထောက်အကူပြုခြင်း
o Chatbots performance နှင့် USER INTERACTIONS များကို သုံးသပ်၍ မိမိလုပ်ငန်းများအတွက် အကောင်းဆုံး အကြံဉာဏ်များရယူနိုင်သည်။
8. Multi-channel Support
o Chatbots များကို Websites, Mobile apps, Facebook Messenger, Microsoft Teams စသည့် channels များအတွက် အသုံးပြုနိုင်သည်။
Power Virtual Agents ဟာ လုပ်ငန်းများအတွက် chatbots များကို အလွယ်တကူ ဖန်တီးပြီး အလုပ်အဆင်ပြေစေတဲ့ အကူအညီ tool တစ်ခုဖြစ်ပါတယ်။ Customer support, Internal operations များအတွက် အချိန်နှင့် စရိတ်အလွယ်တကူ ထိရောက်စွာ စီမံခန့်ခွဲနိုင်စေသည်။
Power Platform နှင့် ပါဝင် အစိတ်အပိုင်းများကသင့်လုပ်ငန်းရဲ့ ထုတ်လုပ်မှုစွမ်းအားကို ဘယ်လို အထေက်အကူပြုပေးပြီး မြင့်တင်ပေးနိုင်သလဲဆိုတာ ဆွေးနွေးလိုပါ ဆက်သွယ်ရန် Email - [email protected] ၊ Phone - 09780299033
Viber Channel - https://invite.viber.com/?g2=AQA4c2eVpWlGvFFGjtl02PM71QnjwdjGALVIkyd1zhNhif51PZDuZEtuUdgCne8b
Telegram Channel - https://t.me/bizaidproductivity
Microsoft Power Platform နှင့် ပါဝင် အစိတ်အပိုင်းများ အတွက် သင်တန်းများကိုလဲမကြာမှီကာလာအတွင် ဖွင့်လစ်သင်ကြားသွားပေးမည်ဖြစ်ပါသည်။
13/07/2024
Power BI ဆိုတာဘာလဲ?
Power BI ဆိုတာက Microsoft Power Platform ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒေတာတွေကို INFORMATION အဖြစ်ပြောင်းလဲကာ RESULT များကို အလွယ်တကူ ကြည့်ရှုနိုင်တဲ့ Business Analytics Tool တစ်ခုဖြစ်ပါတယ်။ Power BI သည် Interactive Visualizations နှင့် Business Intelligence Capabilities များကို ပေးစွမ်းနိုင်ပြီးပြီး မိမိရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ဒေတာများကို အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်စေပါတယ်။
Power BI ရဲ့ အကျိုးကျေးဇူးများ
1. ဒေတာအချက်အလက်များကို ရှင်းလင်းစွာ မြင်နိုင်ခြင်း
o ဒေတာများကို ရှင်းလင်းတဲ့ Graph များ၊ Chart များ၊ Map များဖြင့် အလွယ်တကူ ကြည့်ရှုနိုင်သည်။
2. ဒေတာများကို အလွယ်တကူ ဆန်းစစ်နိုင်ခြင်း
o ဒေတာများကို နှိပ်ကြည့်လို့ ရပြီး၊ လိုသလိုရလဒ်များကို ပြောင်းလဲပြီး အချိန်နည်းနည်းအတွင်း သိရှိနိုင်သည်။
3. အရည်အသွေးမြင့် ဒေတာကို အချိန်နဲ့တပြေးညီ အသုံးပြုနိုင်ခြင်း
o Real-time Dashboard များနှင့် Reports များကို အသုံးပြုကာ မိမိလုပ်ငန်း၏ အချက်အလက်များကို အချိန်နဲ့တပြေးညီ သိရှိနိုင်သည်။
4. အချက်အလက်များကို စိစစ်ရန် အစီရင်ခံစာများ ရရှိနိုင်ခြင်း
o Business Intelligence Reports များကို ထုတ်ပေးနိုင်ပြီး Decision Making မှာ ကူညီပေးသည်။
5. Integration အလွယ်တကူ ပြုလုပ်နိုင်ခြင်း
o Excel, SharePoint, SQL Server, Dynamics 365, Azure, နှင့် အခြား third-party services များနှင့် ချိတ်ဆက်အသုံးပြုနိုင်သည်။
6. Mobile Device များတွင်လည်း အသုံးပြုနိုင်ခြင်း
o မိမိ၏ Dashboard များနှင့် Reports များကို မိုဘိုင်းပေါ်မှ ရှင်းလင်းစွာ ကြည့်ရှုနိုင်သည်။
7. မိမိလိုအပ်သော Visualization များ ဖန်တီးနိုင်ခြင်း
o Custom Visualizations များ ဖန်တီး၍ မိမိရဲ့ လုပ်ငန်းတွင် သုံးနေသော ဒေတာများကို ထိရောက်စွာ အရည်အသွေးမြင့်စွာ ဖော်ပြနိုင်သည်။
8. အချိန်ကုန်သက်သာစေခြင်း
o မိမိဒေတာများကို Data Modeling နှင့် Data Analysis ပြုလုပ်ကာ Report များကို အချိန်နည်းနည်းအတွင်း ရယူနိုင်သည်။
Power BI ကို အသုံးပြုပြီး မိမိလုပ်ငန်း၏ DATA များကို INFORMATION အဖြစ်ပြောင်းလဲပေးပြီ SUMMARIZED RESULT များကို ကြည့်ရှုကာ လုပ်ငန်းဆောင်ရွက်မှုများကို အားကောင်းစေခြင်း၊ အချိန်ကုန်သက်သာစေခြင်း၊ နှင့် Decision Making မှာ တိုးတက်မှုပေးစွမ်းနိုင်သည်။
Power Platform နှင့် ပါဝင် အစိတ်အပိုင်းများကသင့်လုပ်ငန်းရဲ့ ထုတ်လုပ်မှုစွမ်းအားကို ဘယ်လို အထေက်အကူပြုပေးပြီး မြင့်တင်ပေးနိုင်သလဲဆိုတာ ဆွေးနွေးလိုပါ ဆက်သွယ်ရန် Email - [email protected] ၊ Phone - 09780299033
Viber Channel - https://invite.viber.com/?g2=AQA4c2eVpWlGvFFGjtl02PM71QnjwdjGALVIkyd1zhNhif51PZDuZEtuUdgCne8b
Telegram Channel - https://t.me/bizaidproductivity
Microsoft Power Platform နှင့် ပါဝင် အစိတ်အပိုင်းများ အတွက် သင်တန်းများကိုလဲမကြာမှီကာလာအတွင် ဖွင့်လစ်သင်ကြားသွားပေးမည်ဖြစ်ပါသည်။
13/07/2024
Power Automate ဆိုတာဘာလဲ?
Power Automate (ယခင် Microsoft Flow) ဆိုတာက Microsoft Power Platform ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လုပ်ငန်းစဉ်များနှင့် အလုပ်လုပ်ဆောင်မှုများကို အလိုအလျောက် စီမံခန့်ခွဲနိုင်စေတဲ့ အကူအညီပေးတဲ့ tool တစ်ခုဖြစ်ပါတယ်။
Power Automate က အလုပ်များကို အလိုအလျောက် လုပ်ဆောင်နိုင်အောင် workflow များဖန်တီးခြင်းဖြင့် ရိုးရှင်းသော အလုပ်များမှ စ၍ ရှုပ်ထွေးသော လုပ်ငန်းစဉ်များအထိ အလိုအလျောက် ပြုလုပ်ပေးနိုင်ပါတယ်။
Power Automate ရဲ့ အကျိုးကျေးဇူးများ
1. အချိန်ကုန်သက်သာစေခြင်း
o မိမိရဲ့ လုပ်ငန်းစဉ်များကို အလိုအလျောက် လုပ်ဆောင်ခြင်းဖြင့် အလုပ်များကို လျှော့ချပြီး အချိန်ကုန်သက်သာစေသည်။
2. လုပ်ငန်းစဉ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်း
o သေးငယ်သော အလုပ်များမှ စ၍ ကြီးမားသော လုပ်ငန်းစဉ်များအထိ အလိုအလျောက် ပြုလုပ်ပေးနိုင်သောကြောင့် လုပ်ငန်းစဉ်များကို ပိုမိုကျစ်လစ်စေသည်။
3. ကောင်းမွန်သော အလုပ်လုပ်ဆောင်မှု
o အလိုအလျောက် လုပ်ဆောင်မှုများကြောင့် အလုပ်လုပ်ဆောင်မှုတွင် Human Error များကို လျော့ချပေးသည်။
4. Integration အလွယ်တကူ ပြုလုပ်နိုင်ခြင်း
o Microsoft 365, Dynamics 365, Azure နှင့် အခြား third-party services များနှင့် အလွယ်တကူ ချိတ်ဆက်နိုင်သည်။
5. Template များအများကြီး ပါဝင်ခြင်း
o ပုံသေ Template များစွာ ပါဝင်သောကြောင့် မိမိအလိုရှိသည့် workflow များကို လွယ်ကူစွာ ဖန်တီးနိုင်သည်။
6. ဝန်ထမ်းဖောင်ပွမှုများ သက်သာစေခြင်း
o Automation ပြုလုပ်ခြင်းဖြင့် ဝန်ထမ်းများအတွက် တတ်နိုင်သမျှ အလုပ်များကို လျှော့ချကာ ဝန်ထမ်းများ၏ လုပ်ငန်းများကိုပံပိုးမှု အားကောင်းစေသည်။
7. Business Process များကို တိကျစွာလုပ်ဆောင်နိုင်ခြင်
o မိမိစီမံထားသည့် အချိန်များအလိုက် လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးသည်။
Power Automate က မိမိရဲ့ လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူပြီး သက်သာစေသည့် အပြင် အလုပ်များကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်စေပြီး Digital Transformation လုပ်ငန်းစဉ်ကို မြန်ဆန်စေသည်။
Power Platform နှင့် ပါဝင် အစိတ်အပိုင်းများကသင့်လုပ်ငန်းရဲ့ ထုတ်လုပ်မှုစွမ်းအားကို ဘယ်လို အထေက်အကူပြုပေးပြီး မြင့်တင်ပေးနိုင်သလဲဆိုတာ ဆွေးနွေးလိုပါ ဆက်သွယ်ရန် Email - [email protected] ၊ Phone - 09780299033
Viber Channel - https://invite.viber.com/?g2=AQA4c2eVpWlGvFFGjtl02PM71QnjwdjGALVIkyd1zhNhif51PZDuZEtuUdgCne8b
Telegram Channel - https://t.me/bizaidproductivity
Microsoft Power Platform နှင့် ပါဝင် အစိတ်အပိုင်းများ အတွက် သင်တန်းများကိုလဲမကြာမှီကာလာအတွင် ဖွင့်လစ်သင်ကြားသွားပေးမည်ဖြစ်ပါသည်။
13/07/2024
Power Apps ဆိုတာဘာလဲ?
Power Apps ဆိုတာက Microsoft Power Platform ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လုပ်ငန်းသုံး aPP များကို CODING နည်းနည်းနဲ့ (သို့) လုံးဝမပါဘဲ ဖန်တီးနိုင်တဲ့ DEVELOPMENT ENVIRONMENT တစ်ခုဖြစ်ပါတယ်။ ဒါဟာလည်း DRAG-AND-DROP INTERFACE ကို အသုံးပြုသဖြင့် CODING အတတ်ပညာမရှိရင်တောင် APP များကို အလွယ်တကူ ဖန်တီးနိုင်ပါတယ်။
Power Apps ရဲ့ အကျိုးကျေးဇူးများ
1. လွယ်ကူစွာ ဖန်တီးနိုင်ခြင်း
o Coding အတတ်ပညာနည်းနည်းပဲရှိရင်လည်း Custom Apps များကို ဖန်တီးနိုင်ပါတယ်။
2. အချိန်ကုန်သက်သာစေခြင်း
o ရိုးရှင်းတဲ့ interface များကြောင့် App များကို အချိန်တိုအတွင်း ဖန်တီးပြီး အသုံးပြုနိုင်ပါတယ်။
3. လုပ်ငန်းလုပ်ဆောင်မှု လွယ်ကူခြင်း
o Business Process များကို ပိုမိုထိရောက်စေပြီး Human Error များလျှော့စေမှာဖြစ်ပါတယ်။
4. အဆင်ပြေစွာ ချိတ်ဆက်နိုင်ခြင်း
o Power Apps များသည် Microsoft 365, Dynamics 365, Azure စသည့် Platform များနှင့် အဆင်ပြေစွာ အလုပ်လုပ်နိုင်ပါတယ်။
5. မိုဘိုင်းနှင့် Web အတွက် အထူးပြုစီမံထားခြင်း
o ဖန်တီးထားသော Apps များကို မိုဘိုင်းပေါ်မှာပဲဖြစ်ဖြစ်၊ Web Browser တွင်ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။
6. အလုပ်လုပ်မှုပိုင်းအတွက် စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေခြင်း
o Automation တွေကို ထည့်သွင်းအသုံးပြုနိုင်သောကြောင့် လုပ်ငန်းစဉ်များကို ပိုမိုကျစ်လစ်စေသည်။
7. ငွေကုန်ကျစရိတ် လျှော့ချနိုင်ခြင်း
o App Development အတွက် Developer အများကြီးမလိုအပ်တော့ဘဲ ကိုယ်တိုင်အလွယ်တကူဖန်တီးနိုင်တာကြောင့် ငွေကုန်ကျစရိတ် လျှော့ချနိုင်ပါတယ်။
Power Apps ကို အသုံးပြုပြီး လုပ်ငန်းလုပ်ဆောင်မှုများကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ပြီး Digital Transformation လုပ်ငန်းစဉ်ကို မြန်ဆန်စေသည်။
Power Platform နှင့် ပါဝင် အစိတ်အပိုင်းများကသင့်လုပ်ငန်းရဲ့ ထုတ်လုပ်မှုစွမ်းအားကို ဘယ်လို အထေက်အကူပြုပေးပြီး မြင့်တင်ပေးနိုင်သလဲဆိုတာ ဆွေးနွေးလိုပါ ဆက်သွယ်ရန် Email - [email protected] ၊ Phone - 09780299033
Viber Channel - https://invite.viber.com/?g2=AQA4c2eVpWlGvFFGjtl02PM71QnjwdjGALVIkyd1zhNhif51PZDuZEtuUdgCne8b
Telegram Channel - https://t.me/bizaidproductivity
Microsoft Power Platform နှင့် ပါဝင် အစိတ်အပိုင်းများ အတွက် သင်တန်းများကိုလဲမကြာမှီကာလာအတွင် ဖွင့်လစ်သင်ကြားသွားပေးမည်ဖြစ်ပါသည်။
10/07/2024
Power Platform ဆိုတာ
Microsoft 365 ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
🔹 လုပ်ငန်းသုံး Application ပိုင်းဆိုင်ရာများကို Coding နည်းနည်းနဲ့ (ဒါမှမဟုတ်) လုံးဝမပါဝင်ဘဲနဲ့ ဖန်တီးရနိုင်တဲ့ အစိတ်အပိုင်းတစ်ခုလို့ဆိုရပါမယ်။
▫ Coding တွေ အများကြီးမလုပ်ချင်ဘူး ၊ အလုပ်တွေရဲ့လုပ်ဆောင်မှုမှာ ရှုပ်မထွေးချင်ဘူးဆိုရင်တော့ Power Platform က အသုံးပြုလို့အသင့်တော်ဆုံးဖြစ်ပါတယ်။
🎯 Microsoft Power Platform............................................
• Power Apps
• Power BI
• Power Automate
• Power Virtual Agents
📌 အထက်ဖော်ပြပါအချက်အလက်တွေက မိုဘိုင်းဒေတာရှိတာနဲ့ Mobile Device တွေမှာ အလွယ်တကူအသုံးပြုလို့ရနိုင်ပါပြီ။
💯 နည်းပညာတိုးတက်ပြောင်းလဲလာတဲ့ခေတ်မှာ လုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့ အသုံးများလာတာကိုတွေ့ရမှာပါ။ Automation System တွေကို အသုံးပြုပြီး အချိန်ကုန်သက်သာစေကာ လုပ်ငန်းတိုးတက်စေဖို့အတွက် Power Platform က အရေးပါလာပါတယ်။
🌐 Power Platform အနေနဲ့ လုပ်ငန်းအဖွဲ့အစည်းများရဲ့ Digital Transformation ဖြစ်လာအောင်ဆောင်ရွက်ပေးနိုင်တဲ့ Platform တစ်ခုပါ။
🔎 Professional Developer သမားတစ်ယောက်မဟုတ်ရင်တောင် Power Platform ကို အသုံးချပြီး Application တည်ဆောက်ခြင်း ၊ Chatbots ၊ Integrations နဲ့ Automation လုပ်ဆောင်မှုတွေမှာ IT ပိုင်းဆိုင်ရာ အကူအညီမပါဝင်ဘဲ အချိန်အနည်းငယ်အတွင်းမှာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Power Platform ကသင့်လုပ်ငန်းရဲ့ ထုတ်လုပ်မှုစွမ်းအားကို ဘယ်လို အထေက်အကူပြုပေးပြီး မြင့်တင်ပေးနိုင်သလဲဆိုတာ ဆွေးနွေးလိုပါ ဆက်သွယ်ရန် Email - [email protected] ၊ Phone - 09780299033
Viber Channel - https://invite.viber.com/?g2=AQA4c2eVpWlGvFFGjtl02PM71QnjwdjGALVIkyd1zhNhif51PZDuZEtuUdgCne8b
Telegram Channel - https://t.me/bizaidproductivity
Microsoft Power Platform အတွက် သင်တန်းများကိုလဲမကြာမှီကာလာအတွင် ဖွင့်လစ်သင်ကြားသွားပေးမည်ဖြစ်ပါသည်။
Hello All…
Something exciting is coming!!!
မျှော်….
BizAid - Helping Businesses To Achieve More
Click here to claim your Sponsored Listing.
Category
Website
Address
262, 05-02 Bargaya Road, Myaynigone Sanchaung Township
Yangon
11111
Opening Hours
| Tuesday | 08:30 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |