Red Devil - Myanmar
သရဲနီဖန်များအတွက် သီးသန့်နေရာ
03/05/2026
ဆွဲခေါ်လာပြီး ရိုက်ချလိုက်တာ အရသာရှိလိုက်တာကွာ
ကိုယ့်ကောင်တွေသာ မဖြုန်းရင် ဒီထက်ပိုပြီး ဂိုးပြတ်...
18/04/2026
မျှော်လင့်ချက်တွေ မထားတာဘဲ ကောင်းတယ်ဗျာ
ဒီ U 17 က အာဆီယံမှာတော့ အကောင်းဆုံး အသင်း ဖြစ်မယ်လို့ ယုံကြည်ထားတာ....🇲🇲🇲🇲🇲🇲
04/03/2026
ကျေးဇူးတွေလည်း အထူး တင်ပါတယ်....
04/03/2026
အရှုံးဆိုတာ ဘာလဲ သိအောင် သေချာပြသွားခဲ့ပြီ....
10 ယောက် 11 ယောက် နဲ့ ကန်ရတာလည်း မနိုင်ခဲ့တဲ့ အပြင် ကွင်းလယ်ကော နောက်တန်းကော လိုအပ်ချက်အပြည့်နဲ့ ဖိပြီး မကစားနိုင်ခဲ့တဲ့အပြင် အရန်အင်အားလုံး၀မရှိတဲ့အခြေအနေကိုလည်း မြင်တွေ့ခဲ့ရပါတယ် ။
ဒဏ်ရာရ ကစားသမားတွေရှိခဲ့ပြီး ပရီးမီးယားလိဂ်ပွဲဘဲ ကစားနေရတဲ့အသင်းဖြစ်လို့ နားချိန် အပြည့်အဝ့ရမှာ ဖြစ်တဲ့အတွက် အကောင်းဆုံး ပုံစံတစ်ခုနဲ့သာ ပြန်လာဖို့ မျှော်လင့်ရင်း
နယူးကာဆယ် 2 - 1 ယူနိုက်တက် (ပွဲပြီးရလဒ်)
04/03/2026
ယူနိုက်တက်အတွက် ကျောနံပါတ်က အဓိကမဟုတ်ဘဲ စွမ်းဆောင်ရည်နဲ့ သက်သေပြမယ့် ဆက်စ်ကို.....
ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး ဆက်စ်ကိုအား ကျောနံပါတ် 9 ကို ၀တ်ဆင်ခွင့်ပေးခဲ့ပေမယ့် အသင်းမှာ ရှိနေတဲ့ တိုက်စစ်မှူး ဟွိုက်လန်းကို လေးစားမှုပေးတဲ့ သဘောနဲ့ ယူဖို့ ငြင်းဆိုခဲ့ပါတယ် ။
ဟွိုက်လန်းမရှိတဲ့အချိန်မှာလည်း ပေးဖို့ စီစဉ်ပေမယ့် ဆက်စ်ကို ကတော့ ဆဲလ်ဘက်အသင်းမှာတည်းက ဝတ်ဆင်ခဲ့တဲ့ကျောနံပါတ် 30 ကိုပဲ ၀တ်ဆင်ခဲ့ပါတယ် ။
04/03/2026
သရဲနီတို့ အဆင့် 3 နေရာနှင့် ထိုက်တန်ကြောင်း သက်သေပြရမယ့်ပွဲ....
အက်စတွန်ဗီလာနဲ့ ချဲလ်ဆီး တို့ တွေ့ဆုံမှုတွေ ရှိနေတဲ့ အချိန်မှာ အခွင့်ကောင်းယူပြီး ယူနိုက်တက်တို့အနေနဲ့ စိန့် ဂျိမ်းပက်ခ်ကွင်းကြီးမှာ နယူးကာဆယ်ကို မဖြစ်မနေအနိုင်ယူရမယ့် ပွဲပါ ။
ဒီပွဲပြီးရင် တခြားအသင်းကြီးတွေ FA Cup နဲ့ ဥရောပ ပြိုင်ပွဲတွေ ကစားရမယ့်အချိန်မှာ ယူနိုက်တက်ပွဲတွေကို ဆယ်ရက်လောက်အထိ ဝေးကွာရမယ့် အနေအထားမှာ ဖြစ်ပါတယ် ။
အသင်းရဲ့ အမြင့်ဆုံးကို ရောက်နေတဲ့ စိတ်ဓာတ်ပိုင်းနဲ့အတူ ပရိတ်သတ်တွေအတွက် အနိုင် ရလဒ်ကိုဘဲ ရယူမယ်လို့ ယုံကြည်ပါတယ် ။
COME ON UNITED 🔴
နယူးကာဆယ် VS ယူနိုက်တက်
ယနေ့ည - 2 နာရီ 45 မိနစ် ။
01/03/2026
သွင်းဂိုးတွေအတွက်ဆိုရင် "ဆက်စ်ကို"ကို သတိရပေးပါ
ပဲလေ့စ်နဲ့ ပွဲမှာ အဖိုးတန် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဆက်စ်ကိုဟာ ယူနိုက်တက်အတွက် နောက်ဆုံး 8 ပွဲမှာ 7 ဂိုးအထိ သွင်းယူထားပါတယ် ။
01/03/2026
အဆင့် 3 အတွက် တိုက်ပွဲ၀င်ရမယ့် ယူနိုက်တက်...
ယူနိုက်တက်ဟာ ဒီညမှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နှင့် ပွဲစဉ်ကို အနိုင်ရခဲ့မယ်ဆိုရင် အက်စတွန်ဗီလာနဲ့ အမှတ်တူ အနေအထားကို ရောက်ရှိမှာပါ ။
နောက်ထပ် မဖြစ်မနေအနိုင်ရမယ့် အခြေအနေတစ်ခုလည်း ရှိနေပါတယ် ။
ဒါကတော့ ကျွန်တော်တို့ အသင်းက တစ်ပတ်တစ်ပွဲလောက်ဘဲ ကစားနေရချိန် ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်အသင်းဆိုရင် ကွန်ဖရန့်လိဂ်တောင် ကစားထားပါတယ်။
အိမ်ကွင်း အိုးလ်ထရတ်ဖိုဒ့်ရဲ့ ပရိတ်သတ်အားနဲ့အတူ အနိုင် သုံးမှတ် ရယူရမယ့် ပွဲစဉ်တစ်ပွဲပါ ။
ယူနိုက်တက် VS ခရစ္စတယ်ပဲလေ့စ်
ယနေ့ည 8 နာရီ 30 မိနစ် ။
COME ON UNITED 🔴
28/02/2026
အထာကိုင်ချင်တဲ့ ဘာကာ...
ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး မားကပ်စ် ရက်ဖိုဒ့်ကို နောက်ရာသီအထိ အသင်းမှာ ဆက်ထားဖို့အတွက် ကစားသမားနှင့် သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
ယူနိုက်တက်အသင်းထံမှ ယူရို သန်း 30 နှင့် အပြီးသတ် ၀ယ်ယူခွင့် ရှိပေမယ့် ဘာစီလိုနာဘက်က ယူရို 10 သန်းနှင့် ( 3 ) အရစ်ကျ ပေးချေဖို့ ဆန္ဒရှိနေပါတယ် ။
24/02/2026
ဘောလုံးပွဲလား နပမ်းပွဲလား မိုင်နူးမေးပါပြီ 👀
ဟိုအသင်း စတင်ခဲ့တဲ့ Set Piece နည်းစနစ်ကြီးပေါ့...
23/02/2026
ဘရာဇီးသားတွေရဲ့ ဟန်ကတော့ တစ်စက်မှ မလျော့ဘူး
ကွန်ညာဟာ အနိုင်ဂိုးမှာလည်း ပါ၀င်ပတ်သက်ခဲ့သလို နောက်တန်းမှာလည်း ပါ၀င်ကူညီမှုပေါင်း 11 ကြိမ်အထိ ရှိခဲ့ပါတယ် 🔴🇧🇷
Click here to claim your Sponsored Listing.
Category
Website
Address
Yangon