Show Time - Private Mini Cinema
.
မေ့နေကြပီလား 😗
30/05/2026
Salmokji: Whispering Water (2026)
IMDb Rating (6.5)
2003 ခုနှစ်ထွက် A Tale of Two Sisters ရဲ့ ၂၃ နှစ်ကြာ record ကို ကျော်ပြီး ကိုးရီးယားရုပ်ရှင် သမိုင်းတစ်လျှောက်မှာ လူကြည့်အများဆုံး Horror ရုပ်ရှင်အဖြစ် စံချိန်တင်သွားတဲ့ ရုံတင်သရဲကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။
နာမည်ကြီး Midnight Horror Story အစီအစဉ်မှာလည်း ထည့်သွင်းဖော်ပြခံရဖူးသလို သရဲခြောက်တဲ့နေရာအဖြစ် နာမည်ကြီးတဲ့ "ဆားလ်မို့ဂျီ ရေလှောင်ကန်"အကြောင်းကို နောက်ခံထား ရိုက်ကူးထားပြီး Lovely Runner ထဲက မင်းသမီး Kim Hye-Yoon, Knight Flower ထဲက မင်းသား Lee Jong-Won, Good Partner ထဲက မင်းသား Kim Jun-Han, Pyramid Game ထဲက မင်းသမီး Jang Da-A တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
- ဇာတ်လမ်းအကျဉ်း -
ထူးဆန်းတဲ့ ကောလာဟလတွေ မပြတ်ထွက်နေပြီး လူသူအပျောက် အရမ်းများတဲ့ ဆားလ်မို့ဂျီ ရေလှောင်ကန်ရဲ့ လမ်းမြင်ကွင်းမှာ ရိုက်ကူးဖူးခြင်းမရှိဘဲ ပေါ်လာတဲ့ ကြက်သီးထဖွယ် ပုံရိပ်တစ်ခု...
ဖြစ်ချင်တော့ ရိုက်ကူးရေးတာဝန်ခံ (Kim Jun-Han) ကလည်း ဆားလ်မို့ဂျီကနေ ပြန်ရောက်လာပြီးတဲ့နောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပြီး ဒီနေ့အတွင်း လမ်းမြင်ကွင်းကို update လုပ်နိုင်ဖို့အတွက် ပြန်လည် ရိုက်ကူးလာဖို့လည်း မဖြစ်မနေ လိုအပ်နေတာကြောင့်
On Road Media ကုမ္ပဏီက ပီဒီ ဟန်ဆူအင်း (Kim Hye-Yoon) ဦးဆောင်တဲ့ ရိုက်ကူးရေးအဖွဲ့က ဆားလ်မို့ဂျီ ရေလှောင်ကန်ဆီ ဦးတည် ထွက်ခွာလာခဲ့ရာမှောင်မည်းနက်ရှိုင်းတဲ့ ရေအောက်မှာ ပုန်းအောင်းနေတဲ့ တစ်စုံတစ်ရာက သူတို့ကို စောင့်ကြိုနေတဲ့အခါမှာတော့....
လူကို အရမ်း ဖမ်းစားတတ်တယ်ဆိုတဲ့ ရေသရဲရှိနေတဲ့ နေရာကိုမှ ခြေချမိသွားကြတဲ့ ဆူအင်းတို့အဖွဲ့ကတကယ်ပဲ ရိုက်ကူးရေးကို ချောချောမွေ့မွေ့ အပြီးသတ်ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို အခုပဲ ကြည့်ရှုလိုက်ကြပါဦး။
30/05/2026
Lee Cronin's The Mummy (2026)
"Evil Dead Rise" ကားကို ရို-က်ခဲ့တဲ့ ဒါရို-က်တာ Lee Cronin ရဲ့ ၂၀၂၆ ထွက် Horror ကားအသစ် "Lee Cronin's The Mummy" ရပါပြီ။
ဒီကားက ရှေးဟောင်းအီဂျစ်ဂူတွေထဲက Mummy ဇာတ်လမ်းတွေနဲ့ မတူဘဲ မိသားစုအရေးနဲ့ သည်-းထိ-တ်ရ-င်ဖိုကို ပေါင်းစပ်ထားတဲ့ ပုံစံမျိုးလေးပါ။
ဇာတ်လမ်းအကျဉ်း
++++++++
ဇာတ်လမ်းကတော့ သတင်းထော-က်တစ်ယောက်ရဲ့ သမီးငယ်လေး သဲ-က-န္တာ-ရထဲမှာ သဲ-လွ-န်စ-မရှိဘဲ ပျော-က်သွားရာကနေ စထားတယ်။
၈ နှစ်လောက်ကြာတော့ မိသားစုလည်း စိ-တ်ပျ-က်လ-က်ပျ-က် ဖြစ်နေပြီပေါ့။
ဒါပေမဲ့ တစ်နေ့ကျတော့ အဲဒီကောင်မလေး ရု-တ်တ-ရ-က် ပြန်ရောက်လာတဲ့အတွက် အကုန်လုံး အံ့-ဩသွားကြတယ်။
တကယ်ဆိုရင် သမီးလေး ပြန်တွေ့တဲ့အတွက် ပျော်စရာ တွေဖြစ်သင့်ပေမဲ့ အဲဒီလို မဟုတ်ဘဲ အိပ်မက်ဆို-းကြီးတစ်ခုလို ကြော-က်စရာကောင်းတဲ့
ကိစ္စတွေ ဆ-က်တို-က် ဖြစ်လာပါတော့တယ်။
ဘာတွေ ဆက်ဖြစ်မလဲ၊ သဲ-က-န္တာ-ရထဲမှာ ၈ နှစ်လောက် ဘာတွေ-ကြုံ-ခဲ့ရလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားပါ။
Horror နဲ့ Mystery ခပ်မို-က်မို-က် ကြိုက်တဲ့သူတွေ သဘောကျမယ့် ကားလေးမို့ ကြည့်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။
21/05/2026
Village of the Dead (2025) IMDb Rating (6.1) Sumala 2024 တို့၊ Take me to hell 2025 တို့လိုပြည်တွင်း ဟော်ရာ ပရိသတ်တွေကြားမှာ နာမည်ကျော်တဲ့ ဇာတ်ကားတွေရဲ့ဖန်တီးရှင် ဒါရိုက်တာ Rizal Mantovani ရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာလည်း မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့ကျတ်ရွာအယူအဆကိုအမြင်သစ်တစ်မျိုးနဲ့တွေ့မြင်ကြရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အာယို၊နီတာ၊ ရာကာနဲ့ယွန်းနီဆိုတဲ့ ကျောင်းစာမေးပွဲအပြီး အပန်းဖြေခရီးအနေနဲ့နယ်မြေကြမ်းတယ်လို့ နာမည်ကြီးတဲ့ ဝီလီယန်းတောင်တွေအပေါ်ကို တောင်တက်ခရီးထွက်ခဲ့ကြတဲ့ သူငယ်ချင်းလေးယောက်ကိုအခြေခံပါတယ်။ တောင်ခြေစခန်းမှာကတည်းက ဒေသခံတွေက တောင်တွေပေါ်မှာ အစောင့်အရှောက်တွေရှိတဲ့အတွက်၊ မလေးမခန့်မလုပ်မိဖို့၊ ပါးစပ်မသရမ်းဖို့၊ လူသွားလမ်းပေါ်က သွေဖည်မသွားဖို့တွေကို အထပ်ထပ်မှာလိုက်ပေမယ် ခေတ်လူငယ်တွေထုံးစံ အလေးအနက်မထားတဲ့ သူတို့တစ်သိုက်ဟာ မျက်စိလည်လမ်းပျောက်ရာကနေ တောင်စောင့်နတ်ဖမ်းစားခံရပြီး ညဘက်ဆီမီးထွန်းချိန်မှ လူတွေအပြင်ထွက်တတ်တဲ့ ရွာကြီးတစ်ရွာကို ရောက်သွားခဲ့ပြီး ယဇ်ပူဇော်ဖို့သားကောင်ရှာနေတဲ့ ရွာသားတွေရဲ့အန္တရာယ်နဲ့ရင်ဆိုင်ရပါတော့တယ်။ တကယ်ပဲ ဒီရွာကြီးကိုရောက်လာတဲ့သူတွေဟာ လွတ်လမ်းမရှိဘူးလား? အာရုံတက်ချိန်အထိ ဒီကနေ ထွက်ခွာမသွားနိုင်ရင် သူတို့ကိုယ်တိုင်ပါ ဒီရွာသားတွေဖြစ်လာတော့မယ်ဆိုတာ အမှန်လား? ဘာမှမသိနားမလည်ပဲဒေသခံနဲ့ရိုးရာတွေကို စော်ကားမိခဲ့တဲ့ သူတို့အဖွဲ့အတွက် ကယ်တင်ရှင်ရှိနိုင်ပါဦးမလား? ဇာတ်ကားထဲမှာဆက်လက်ရှုစားကြပါ။ ဝီလီယန်း တောင်ပေါ်မှာ အမှန်တကယ်ပျောက်ဆုံးသေဆုံးသွားခဲ့သူတွေရဲ့ကိုယ်တွေ့ဖြစ်ရပ်မှန်တွေကိုအခြေပြုတယ်လို့ဆိုထားလို့ရင်တထိတ်ထိတ်နဲ့ရှုစားရမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။
21/05/2026
Mri=thy+unj-ay (2026) "သတင်းထောက် ဂျေး"
IMDb - 7/10
လူစည်ကားရာ အသုဘပွဲတိုင်းမှာ ဂျေးတယောက်ကို တွေ့ရတတ်တယ်။အသုဘလာသမျှ လူတွေဆီက ဆုံးသွားတဲ့လူအကြောင်းတွေကို အရင်ဆုံးနားထောင်၊ပြီးရင် လူစည်စည်ရှေ့မှာ ဆုံးသွားတဲ့သူရဲ့ ကောင်းကြောင်းတွေ ရွေးကောက်အော်ညည်းရင်းလူအများအာရုံစိုက်လာအောင် လုပ်တတ်တဲ့ ဂျေး။သူက သတင်းစာတိုက်မှာ မှုခင်းသတင်းထောက်ဖြစ်ချင်တဲ့သူ။ ဖြစ်နေတာက နာရေးသတင်းကြော်ငြာများများတက်အောင် ဖန်တီးပေးနေရတဲ့လူတယောက်ပေါ့။တနေ့တော့ ဓာတ်လိုက်ပြီး ဆုံးသွားတဲ့သူတယောက်ရဲ့ နာရေးနဲ့ မိုးကြိုးထိမှန်ပြီး ဆုံးသွားတဲ့လူရဲ့နာရေးကိုတက်ပြီးတဲ့အချိန် နာရေးနှစ်ခုရဲ့ တိုက်ဆိုင်မှုတွေက နောက်ကွယ်မှာ ကိစ္စကြီးတခုရှိမယ်လို ခန့်မှန်းမိသွားရာကစသတင်းထောက်ဖြစ်ချင်တဲ့ ဂျေး အဖြစ်မှန်ကို ဖော်ထုတ်ဖို ကြိုးစားပါတော့တယ်။
Ayyyy🕺🏼💃
ထိုက်မှ နားထောင်ရတာ ပါ😖
06/05/2026
Hoppers (2026) +++++++++++ IMDb Rating (7.4) / Rotten Tomatoes (94%) ဒီနေ့တော့ ၂၀၂၆ ခုနှစ်မှာ အသစ်ထွက်ထားတဲ့ Pixar ရဲ့ အန်နီမေးရှင်းကားသစ်လေး Hoppers တင်ပေးထားပါတယ်။ ဒီကားကို ဒါရိုက်တာ ဒယ်နီယယ် ချောင်း က ရိုက်ကူးထားပြီး အဓိက အသံသရုပ်ဆောင်တွေကတော့ ပိုက်ပါ ကာဒါ၊ ဘော်ဘီ မွိုင်နီဟန် နဲ့ ဂျွန် ဟမ်း တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ++++++++++ မေဘယ်လ် ဆိုတဲ့ အသက် ၁၉ နှစ်အရွယ် တိရစ္ဆာန်ချစ်တဲ့ ကောလိပ်ကျောင်းသူလေး အကြောင်းပါ။ သူ့အဖွားနဲ့ အတူနေခဲ့တဲ့ တောအုပ်လေးကို မြို့တော်ဝန် ဂျယ်ရီ က ဖျက်ဆီးပြီး အဝေးပြေးလမ်းမ ဖောက်ဖို့ လုပ်လာတဲ့အခါ မေဘယ်လ် တစ်ယောက် အဲဒီတောအုပ်လေးကို ကာကွယ်ဖို့ ကြိုးစားပါတော့တယ်။ အဲဒီအချိန်မှာပဲ လူတွေရဲ့ စိတ်ကို စက်ရုပ်တိရစ္ဆာန်တွေဆီ ပြောင်းထည့်လို့ရတဲ့ နည်းပညာအသစ် တစ်ခုကို သူ တွေ့သွားတယ်။ ဒါနဲ့ မေဘယ်လ် လည်း သူ့စိတ်ကို ဗီဗာစက်ရုပ်လေးဆီ ပြောင်းထည့်ပြီး တိရစ္ဆာန်လောကထဲကို ဝင်သွားခဲ့တယ်။ အဲဒီမှာ ဗီဗာဘုရင် ဂျော့ချ် အပါအဝင် တခြား တိရစ္ဆာန်တွေနဲ့ မိတ်ဆွေဖြစ်သွားပြီး သူတို့ရဲ့ နေရာလေးကို ကာကွယ်ဖို့ လူတွေကို ဘယ်လို ပြန်ရင်ဆိုင်မလဲ ဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတာပါ။ အန်နီမေးရှင်းဆိုပေမယ့် ဟာသတွေ၊ အက်ရှင်တွေ အပြင် သိပ္ပံရုပ်ရှင်ဆန်ဆန် စိတ်လှုပ်ရှားစရာ အခန်းတွေလည်း အများကြီး ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ အသိပေးတာတွေလည်း ပါသလို မိသားစု သံယောဇဉ်ကိုလည်း သေသေချာချာ ပုံဖော်ပေးထားတယ်။ Pixar ကားပီပီ ရုပ်ထွက်ကလည်း အရမ်းလှပြီး ကြည့်ရတာ တကယ်ကို တန်စေရမယ်။ တိရစ္ဆာန်လေးတွေအကြောင်းကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ချင်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ ကားကောင်းလေး တစ်ကားပါပဲ။
06/05/2026
ခုတလော လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ကားလေး
Swapped (2026)
ဇာတ်လမ်းက The Valley လို့ခေါ်တဲ့ တိရစ္ဆာန်ကမ္ဘာလေးထဲမှာ အခြေတည်ထားတာပါ။
အဲဒီမှာ Ollie (Michael B. Jordan အသံသရုပ်ဆောင်ထားတဲ့ Pookoo လို့ခေါ်တဲ့ ဖျံနဲ့တူတဲ့ တောတွင်းနို့တိုက်သတ္တဝါလေး) နဲ့
Ivy (Juno Temple အသံသရုပ်ဆောင်ထားတဲ့ Javan လို့ခေါ်တဲ့ တဲ့ ငှက်ကြီး) တို့က သဘာဝအရ ရန်သူတွေပေါ့။
ထူးခြားတာက ဒီကားထဲက တိရစ္ဆာန်တွေက တစ်ကောင်နဲ့ တစ်ကောင် ဘာသာစကားချင်း မတူကြလို့ ဆက်သွယ်လို့ မရကြဘူး။
တစ်နေ့ကျတော့ သူတို့နှစ်ကောင် မှော်အပင်တစ်ပင်နဲ့ တိုက်မိပြီး မထင်မှတ်ဘဲ ခန္ဓာကိုယ်ချင်း လဲသွားကြရော။
အဲဒီတော့မှ ရန်သူတွေဖြစ်တဲ့ သူတို့နှစ်ကောင်ဟာ မတတ်သာဘဲ ပူးပေါင်းပြီး အသက်ရှင်ဖို့အတွက် အခက်အခဲတွေကို အတူတူ ဖြတ်ကျော်ရင်း ဘယ်လိုကံကြမ္မာမျိုးတွေနဲ့ ထပ်ကြုံရဦးမလဲဆိုတာကတော့...
Review-crd
05/05/2026
🎬The King's Warden (2026)
၁၄၅၇ ခုနှစ်၊ ချောင်လျောင်ပု (Cheongnyeongpo) ဒေသရဲ့ သမိုင်းစာမျက်နှာတွေထဲမှာ ဖုံးကွယ်နေခဲ့တဲ့ ဖြစ်ရပ်မှန် သမိုင်းကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ၂၀၂၆ ခုနှစ်ရဲ့ အကောင်းဆုံး နန်းတွင်းရုပ်ရှင်ကားကြီး ရောက်ရှိလာပါပြီ။
ဇာတ်လမ်းအကျဉ်း🎥
နန်းကျဘုရင်လေးတစ်ပါးနဲ့ ရိုးသားဖြူစင်တဲ့ ကျေးလက်သားကြီးတစ်ယောက်... သူတို့နှစ်ဦးကြားက ထူးခြားတဲ့ သံယောဇဉ်နဲ့ သမိုင်းထဲမှာ ပျောက်ကွယ်သွားခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို ခံစားမှုအပြည့်နဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။ သမိုင်းဝင် အဖြစ်အပျက်တွေကို အခြေခံထားတာမို့ ရင်ခုန်စရာ၊ ဝမ်းနည်းစရာ အလှည့်အပြောင်းတွေနဲ့အတူ ပရိသတ်ကို ဆွဲဆောင်သွားမယ့် ကားကောင်းတစ်ကားပါ။
လက်ရှိမှာ ကြည့်ရှုသူ ၁၆.၇ သန်းကျော် စံချိန်တင်ထားပြီး၊ ကိုရီးယားရုပ်ရှင်သမိုင်းမှာ ဝင်ငွေအကောင်းဆုံး နံပါတ် (၁) နဲ့ ရုံတင်အားပေးသူ အများဆုံး နံပါတ် (၂) နေရာမှာ ရပ်တည်နေတဲ့ ရုပ်ရှင်ကားကြီး။
နန်းတွင်းကား ကြိုက်သူများအတွက်သာမက၊ ဖြစ်ရပ်မှန် သမိုင်းအကြောင်းအရာတွေကို စိတ်ဝင်စားသူတိုင်း လက်မလွှတ်သင့်တဲ့ ၂၀၂၆ ရဲ့ အထူးခြားဆုံး လက်ရာတစ်ခုပါ။
Crd.
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon