Nyeinchan Pyae

Nyeinchan Pyae

Share

I suppose that how successful I'm depends on how I've done supporting other people.

10/05/2026

မိန်းမတွေက ကြင်နာတတ်ကြတယ်သာ ပြောတာ တကယ်တမ်းကျ ယောကျ်ားတွေ(အကုန်နီးပါး)ချစ်တတ်တာကို မမီကြဘူး.ဆားလေးကျတော့ ငန်လို့ ထန်းလျက်လေးကျတော့ ချိုလို့ သံပုရာသီးလေးကျ ချဉ်လို့ဆိုပြီး သဘာဝအလျောက်ဖြစ်နေကြတာကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး သူတို့စိတ်ကြည်နေရင် ချစ်ပြကြလိမ့်မယ်.အရမ်း....ကြည်နေတဲ့အချိန်ကျရင်လည်း ကျီးကန်းထုံးသုတ်ပြီး ဗျိုင်းဖြစ်သယောင် တမင်ကြည်ဖြူပြကြလိမ့်မယ်.မကြည်ဖြူတော့တဲ့အခါကျရင်လည်း ဒီမိန်းမ တော်လွန်းထက်လွန်းလွှမ်းမိုးချင်လို့ တုံးအရိုးအလွန်းလို့ မောက်မာလို့ ဖော်ရွေလို့ ရုပ်လှလို့ ရုပ်ကြည့်မကောင်းလို့..အကြောင်းပြချက်မျိုးစုံနဲ့ ပြစ်တင်ရှုတ်ချကြလိမ့်မယ်.စကားပုံ ခပ်ကြမ်းကြမ်းနဲ့နှိုင်းရရင် 'ခိုးချင်လိုက်တာလည်းပြာ လက်နှေးလိုက်တာလည်း ချာ'ဆိုသလို သူတို့လောက် အားကိုးဂရုစိုက်ခံချင်ကြတာလည်း သူတို့ပဲ ကိုယ်တိုင်ကဖြင့် ရေသန့်ဘူးကြီးတစ်ဘူးနိုငိအောင် မထမ်းနိုင်ရင်သာရှိမယ်😏 မိန်းမရှာဖွေစာ စားသောက်ရရင် ကျိန်စာစူးနေကြသလို ပုံစံမျိုးတွေနဲ့.ချိုမိုင်မိုင်လောက်တော့ နိုင်အောင်ကပါဦး .တံခွန်မရှိတဲ့ဘုရား... ယောကျ်ားမရှိတဲ့မိန်းမ ဘာ...ညာ..နဲ့ သူတို့ကိုယ်သူတို့ ကြီးမြတ်တဲ့မဟာကရုဏာရှင်ကြီးတွေပုံစံ ဖမ်းပြကြလိမ့်မယ်.စုတ်တံဆေးချက်အတိုင်း လိုက်ပါပုံဖော်ပေးရတဲ့ ပန်းချီကားလိုမျိုး ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးရုပ်လိုမျိုး မိန်းမတွေကိုသဘောထားလို့မရဘူး.
တစ်ခွန်းတည်းပဲ ပြောလိုက်မယ်
#ကျားစော်နံ ပြန်လိုက်ဦး
(ဘာအနံ့ရယ်တော့ အခုအထိ တိတိကျကျ မဝေခွဲတတ်သေး😁)
' တစ်ကိုယ်တော်မအောင်ရင်'ဇာတ်လမ်း နားထောင်ပြီး
တွေးမိလို့ရေးချလိုက်တာပါ
PS:
ကျမ အကြောက်လွန်တတ်ပါတယ်
စိတ်ဆိုးရဘူးနော် ခို/မှောင်တို့😁
ချစ်နှမ@DNCP😜

22/04/2026

ဒီလိုပဲ ခေါင်းထဲပေါ်လာတဲ့အတွေးလေး
ရေးလိုက်ဦးမယ် ၂၀ ရယ်မှ ၇ ဆိုတဲ့ အသက်အရွယ်ကိုရောက်လာပြန်တော့လည်း တချို့က မေးကြပြီပေါ့
အိမ်ထောင်မပြုတော့ဘူးလားတဲ့ တချို့က အပျိုကြီးလို့ ခေါ်ရတော့မှာလားတဲ့ တချို့က ထင်ကြေးပေးကြတယ် မာနကြီးတယ်တဲ့
တချို့က အပြောဆိုးတယ်တဲ့ မိဘတွေ
အဖွားတွေကလည်း သြဝါဒပေးတယ်
မြန်မြန်ယူတဲ့ မသေခင် အိမ်ထောင်ပြုတာ
တွေ့ချင်တယ်တဲ့ ကိုယ်နဲ့သက်တူရွယ်တူတင်မက ငယ်တဲ့သူတွေကိုပါ ကိုယ်ကယောက္ခမလို့
ခေါ်ရမလိုဖြစ်နေတော့ သယ်ရင်းတွေကလည်းပြောတယ် သောက်သုံးကျဘူးတဲ့ အေးလေ
ရုပ်လေးကလည်း မထင်ရက်စရာကိုး ဟီး ကိုယ်ကလည်း အေးဆေးနေတတ်တာပါ ဘာရယ်တော့ဟုတ်ဘူး ဝါတော်ခြောက်ဆယ်ဒီဇိုင်း
ဖမ်းကြည့်တာ heavy တွေမတွေးဘူး စိတ်ရှုပ်လို့ ခုခေတ်ယောက်ျားတော်တော်များများကလည်း ရေတောင် သံဆုံနဲ့ထောင်းတိုက်ရမယ့်ပုံ
ဖြစ်နေတော့ ကိုယ့်စိတ်နဲ့ဆို
အိမ်ထောင်မှု=လူသတ်မှုဖြစ်သွားနိုင်တယ်(ယောက်ျားအားလုံးကို မဆိုလိုပါ)
အဲဒီတော့လည်း ကြံဖန်ပြောရရင်
အိမ်ထောင်မပြုခြင်းဖြင့် ကုသိုလ်ယူပါ၏ပေါ့ ဝိုင်းဝန်းထောပနာပြုသံများ မကြာခင် ကြားရတော့မည်ထင်၏
#2017 အရေးအသားများနဲ့ memo
သရော်တော်တော်😏😛

19/04/2026

ပြီးတော့လည်း ပြီးတာပါပဲ...
ဆရာကြီးမင်းသိင်္ခရဲ့ဇာတ်ကောင်
ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား
လက်သုံးစကား အစပြုရာမှ....
အတော်အတန်နားလည်သိရှိခံစားမိသွားခြင်း🤔
တစ်လလုံး အနားယူတော့လည်း လွတ်လပ်ခြင်း vibe ပေါ့
လုပ်ငန်းပြန်စတော့မယ့်အခါကျတော့လည်း တစ်ဖန်ပြန်လည်စတင်ခြင်း vibe ပေါ့
အမြဲလုပ်ဆောင်ခြင်းသာ ရိုးသွားစတမ်းဆိုရင် အချစ်စစ်လို့ ဘယ်ခေါ်လိမ့်မလဲ အလဲ့ !
(နှစ်သက်မြတ်နိုးရတဲ့ သင်ယူ/ကြား မျှဝေတဲ့လုပ်ငန်းကို(ဆရာမ ..ဆိုတာထက် ပိုပါတယ်😌))
အမြဲရင်ခုန် ကျေနပ်မိနေတာပါပဲ

15/04/2026

🙂

10/04/2026

လူတစ်ကိုယ်အကြိုက်တစ်မျိုးစီပဲ
(တစ်မျိုးထက်မကလည်း ရှိနိုင်တယ်😌)
ကော်ဖီတစ်ခွက်နဲ့နမူနာပေးရရင်...
Sunday နှပ်ဖျော် sponsored post
မဟုတ်ရပါ😁
နှပ်ဖျော်ကြိုက်သူလည်းရှိမယ်
strong taste ကြိုက်သူလည်းရှိမယ်
creamy ကြိုက်သူလည်းရှိမယ်
(ကော်ဖီမှုန့် diary creamer နို့ဆီအနည်းငယ်နဲ့ instant coffee mix အနည်းငယ် အချိုးကျ
ရောဖျော်လိုက်ရင် ကျမတို့မြောက်ဥက္ကလာမှာ နာမည်အတော်ရတဲ့ Breeze က signature
တစ်ခွက်အရသာနဲ့ သိပ်မခြားအောင် ကျမအကြိုက် လက်ရာကောင်းတစ်ခွက် ကျမဘာသာ ဖျော်စပ်နိုင်တယ်😌)
တကယ်တမ်း....ကော်ဖီအမှုန့်သီးသန့်ဆိုရင်လည်း ကော်ဖီတကယ်ကြိုက်သူအဖို့ နှစ်သက်တတ်နေရမယ်😏
ဆိုလိုချင်တာက...
ဂိုဏ်းထဲမထည့်ရုံတမယ် youတို့
ဦးထိပ်ထားနေတဲ့ 1500 ဆိုတဲ့အချစ်ကြီးက သီချင်းတွေထဲကလို ပေးဆပ်ခြင်းတွေလား
ရယူခြင်းတွေလား ''1500+528' ဘစိုင်းဆိုထားတဲ့သီချင်းလိုလား ငါ့ရည်းစားသူများနဲ့ညားပြီကွယ်' သီချင်းလုပ်ဆိုရလောက်အောင် လွမ်းနာကျနေစေနိုင်လား😏
ချစ်နေရုံနဲ့မလုံလောက်နိုင်ဘူးလား!!!!
အချစ်ဆိုတိုင်း 1500 ပဲ ခေါင်းစဉ်တပ်ကြတော့မှာလား🤔
မေးခွန်းပေါင်းချုပ်/ရင်တုန်ကင်းဝေး
ဆိမ့်သက်လေးမို့ လူတိုင်းရင်မှာ 'Gold Roast'ပါ
ဆိုင်ဆိုင်မဆိုင်ဆိုင်😛

Photos from Nyeinchan Pyae's post 21/02/2026

စိတ်အကြည်ဓာတ်ခံရှိနေတုန်း အရွက်ကြွေတဲ့ အပင်ငုတ်တိုတွေ အညာမှာကြည့်ရတာတောင် မျက်ဝန်းထဲတစ်မျိုးလှနေတာ တကယ်လည်း
လှတယ်ခေါ်ထိုက်တယ် အမှန်အတိုင်းဆို ဒီခရီးက. Fashion ဆန်လို့စိတ်သိပ်မလုံဘူး freelancer မို့ အချိန်ခဏရတုန်း အခြေအနေကြည့်ပြီးစီစဉ်ရတဲ့ခရီးဖြစ်တာကြောင့်လည်းပါတယ် ညဘက်ခရီးကိူ အိပ်ရင်း express ပေါ် ကုန်ဆုံးရတာ ပိုသဘာဝ
ကျတယ်ထင်တယ် နေ့ဘက်တစ်ရက်တည်း တစ်ယောက်တည်းဘတ်ဂျတ်ခရီးဆိုတော့ လိုအပ်ချက်အနည်းငယ်လည်းရှိတယ်
သူငယ်ချင်းက အရေးကြီးကိစ္စနဲ့တိုက်ဆိုင်လို့
လိုက်ချင်ပေမယ့်မလိုက်ရတာပါ ဂရုစိုက်နော်တဲ့
မှာရှာတယ် ဘာမဆိုတတ်နိုင်တာ အကောင်းဆုံးလုပ်ဆောင်တယ် ဘယ်သူ့မှတားလည်းမတား
နှင်လည်းမနှင်ဘူး I'm always OK ပဲ
ဒါ ကျမလက်သုံးစကားပဲ

Express ပေါ်ရောက်တော့ ဘေးခုံက
တစ်ယောက် ကျမထက်နောက်ကျမှ ရောက်လာပြီး Excuse me! ဆိုလို့ ဘေးခဏဖယ်ပေးလိုက်တယ် ယဉ်ကျေးမှုနားလည်သားပဲလို့ စိတ်ထဲ
တွေးလိုက်တယ်
Chinese(ဖြစ်ဖို့များ):So..Is Yangon to Began ,right!
I didn't check my passport'
(သူ့အသံကြီးက လျှာလိပ်သံကြီးနဲ့🤨)
Me:Hmm.normally each one has to show their own national registration cards.If so...you can talk to them'
ပြန်ဖြေလိုက်တော့ ခေါင်းတစ်ချက် ဆတ်ခနဲ
ညိတ်ပြတယ်သန်းခေါင်ရောက်တော့ တစ်ရေးအနိုး ဘယ်နေရာမှန်းသေချာ ကြည့်နေတုန်း တခြား Chinese တစ်ယောက်ကသူ့အကူအညီလိုတယ်
ထင်ပြီး ရှူဆေးရှူလက်စကို ကျမဆီကမ်းပေးဖို့
လုပ်နေလို့
'It's OK thanks' လို့ပြောတော့ ပြုံးပြရှာတယ်
အဲဒီတစ်ယောက်ရုပ်တော့ကြည့်ကောင်းသား
(အကြမ်းဖျဉ်း အကဲခတ်ခြင်းနဲ့ မဆိုစလောက်
ဖွန်ဗီဇကြောင့် ခဏဖြစ်မိတဲ့ သုံးသပ်ချက်ပါ🤨) အကူအညီပေးချင်လောက်အောင် ဒီကလည်း
ရူပါလန်းလန်း စတိုင်လန်းလန်းနဲ့😏
(တီရှပ်ခပ်ကြီးကြီး ဂျင်းဘောင်းဘီအရှည်
ဒဲ့မပွတပွကို ကတ္တီပါသားလည်ရှည်ဘွတ်ဖိနပ်(ရေးတတ်သလိုရေးတယ်)နဲ့လေ😜) ပြောချင်တာ
သကောင့်သားက အခြေခံကူညီချင်စိတ်
ရှိတယ်ဆိုတာကိုပါ😜
ကားကွင်းရောက်တော့လည်း သူ့ခမျာ သံယောဇဉ်လက်ကျန် ဆက်ရန် အနည်းငယ် ရှိလာသေးတယ်
Chinese no.2:
'Hey! Where're you going'?
Me:'I'm thinking what I should do.I won't spend one night here why I have no enough time.And I need to wait for someone who can share for hiring tuk tuk. Because I should save my money'
Chinese no.2:Hmm!
ကျမက တရစပ် ပြန်ပြောလိုက်တော့ သူ
ဒါပဲ ပြန်ပြောနိုင်တယ်
Me:So..where're you going'?
Chinese no.2:'New Bagan'
သူ ပြန်ဖြေနေတုန်း taxi သမားက ကျမကိုပါ
လွန်စွာမှခမ်းနာတဲ့ E skillတွေနဲ့ တစ်လုံးနှစ်လုံး
မှုတ်ပြီးမှ ကပြားရုပ်ထွက်နေတဲ့ ဗမာမပီတပီတဲ့
ကျမကို အမရော ဘယ်သွားမှာလဲတဲ့ မေးရှာတယ်
အထက်ပါအတိုင်း ဖြေလိုက်တော့မှ သူတို့နဲ့အတူ ကျွန်တော့်ကားနဲ့ လိုက်ခဲ့ပေါ့ ညောင်ဦးဈေးအထိ ရောကိမှ tuk tuk ဆီပို့ပေးမယ်တဲ့ budget ဘာမှန်းမသိရင် အဆင်မပြေမှာစိုးတယ် ပြောတော့မှ
ညောင်ဦးဈေးအထိ (10000) ပဲပေးဖို့ပြောပြီး အတင်းလိုက်ဖို့ခေါ်တယ် ဟိုနှစ်ယောက်လည်း ရေးကြီးသုတ်ပျာ လိုက်သွားရှာတယ်.ရိုက်စား
လုပ်ချင်စိတ်ရှိကြောင်း ရိပ်မိလို့အံံဩမိတယ် မြန်မာချင်းဆို ဆရာအထာဖမ်းပြီး foreigner ဆို ရိုက်စားလုပ်မယ် ဒီအထာတွေရိုးနေတာ
ရှက်ဖို့လည်းကောင်းတယ် ရန်ကုန်သူက
မလည်ပေမယ့် ငနုံငအတော့ မဟုတ်ဘူးနော် ခဏနေတော့ ဆိုင်ကယ်သမားနဲ့တိုင်ပင်ပြီး
အချိန်ရသလောက် လည်ပတ်ဖို့ဆုံးဖြတ်လိုက်တယ်😌
မရောက်ဖြစ်ခင်ကတည်းက စာအုပ်ထဲမှာ
ဖတ်ခဲ့ရတဲ့ဆရာကြီးတွေရေးထားခဲ့တဲ့သမိုင်းကြောင်းပုံရိပ်တွေ ကျန်စစ်သားမင်းနဲ့ မထီးတူမ သမ္ဘူလအကြောင်းပဲ ဖတ်ရတာများတော့ 'အပယ်ရတနာ'နဲ့ရော ရသဇာတ်လမ်းမရှိဘူးလားလို့တွေးမိတယ် 'မဏိစန္ဒာ'အကြောင်းကိုတော့ သီချင်းထဲမှာပဲကြားဖူးတာမို့ ချစ်တတ်လွန်း အချစ်တွေ
ပေါလွန်းတဲ့ 'ကျန်စစ်မင်း'ကြီးပါလားလို့ ခနဲ့တဲ့တဲ့တွေးမိတယ်
မှတ်ချက်:ယောကျ်ားကောင်း မိန်းမတစ်ထောင်
ဆိုတာ စကားပုံဖြစ်ရုံမျှသာဖြစ်ပါသည်😏
အနော်ရထာမင်းက သာသနာကိုလည်း
ပိုင်စိုးချင်ဇောနဲ့ မနုဟာမင်းကို အကျဉ်းချတာ အချည်းနှီးဖြစ်ကြောင်း တွေးမိသွားတယ် တစ်နည်းအားဖြင့်လက်ရုံးရည်အရ နိုင်ပေမယ့် နှလုံးရည်မှာတော့ မနူဟာမင်းကို မနိုင်ကြောင်း
မှတ်သားဖူးတယ် တစ်ဖက်ပြည်နယ်က
သူလျှိုမ,လေးနဲ့ တစ်ဖက်ပြည်က စစ်ရေးကျွမ်းသူ ချစ်ကျွမ်းဝင်ခဲ့ကြပေမယ့် နိုင်ငံအတွက်ဆို အချစ်ရော အသက်ကိုပါမငဲ့ဘဲ ထမ်းရွက်တတ်တဲ့
သူလျှိုမ,လေးအကြောင်း စစ်သည်လေးနဲ့ရခဲ့တဲ့ရင်သွေးက သီလရှင်ဝတ်တဲ့အခါကျမှ သမီးဖြစ်သူအကြင်နာကို သူလျှိုဘဝနဲ့မရဘဲ သာသနာ့နယ်ဝင်မှ ရနိုင်မယ့်အကြောင်းမှတ်သားစရာတွေကို
ဆရာမင်းသိင်္ခရဲ့ 'မြင်းကပါအကျဉ်းသား'မှာ ရေးသားထားတယ်.
ပုဂံရဲ့ယဉ်ကျေးမှုထိန်းသိမ်းပုံ ဓလေ့ ထွက်ကုန် အသက်အရွယ်ကွာတဲ့ ကောင်မလေးနဲ့ကောင်လေးတို့ရဲ့ အချစ်ထက်မကတဲ့သံယောဇဉ်ခိုင်မာပုံကို ဆရာမပုညခင်ရဲ့ 'လက်ကျန်လရောင်'မှာလည်း ဖတ်ရတယ်(ဖတ်တာကြာလို့ မေ့တာများပြီ) အရွက်သုပ်တွေစားကြည့်ချင်စိတ်ဖြစ်မိတာတော့ အမှနိပဲ အညာပုန်းရည်ကြီးကတော့ စာနဲ့ဖွဲ့မပြနိုင်အောင်ကောင်းတဲ့ ရန်ကုန်ကproduct နဲ့အတော့်ကိုကွာတဲ့ တကယ့် signature တစ်ခုပါပဲ ထမင်းဝိုင်းမှာ
အရံဟင်းပုန်းရည်ကြီး ထပ်တောင်းတဲ့အခါ တစ်ဖက်ဝိုင်းကဦးဇင်းတွေ မထိတထိ
လှောင်ပြောင်တာခံရပုံ ဓာတ်ပုံရိုက်ပေးတာတော်တဲ့ကလေးတွေကို ဂိုက်အဖြစ်ဘုရားမှာ
လက်မခံချင်ပုံတွေ ပြန်လည်ကြားသိရလို့ တလွဲတွေအဖြစ် အံ့ဩမိတယ်.😌
အရမ်းထိတ်လနိ့ဖွယ်ကောင်းတဲ့ 'မင်းနန်သူ'ကျိန်စာအကြောင်းလည်း စာတိုလေးမှာဖတ်ဖူးတယ်
ပုဂံအကြောင်းဦးစားပေး ကောင်းကြောင်းပြောလို့ မဟာရန်ကုန်ရွှေမြို့တော်ကြီးကိုလည်း
အချစ်မပျက်သေးပါဘူး.
ကျန်စစ်သားမင်း အချစ်တွေ ပေါသလိုပဲပေါ့😏
#သမိုင်းပုံရိပ်ချစ်မြတ်နိုးသူ

29/01/2026

'လင်ထိပ်ထားစံ' ဆိုတာ ယောင်ယောင်မျှသာ ကြားဖူးပြီး ဆိုလိုရင်း နက်နက်ရှိုင်းရှိုင်း
မသိသေးတော့ တိကျအောင် အဘိဓာန်မှာ
ရှာရမလား (သို့) AI မှာ check ရမလားပေါ့🤔
ဒီရက် ခွေးလေးတွေရဲ့စိတ်မကောင်းတဲ့သတင်းကြောင့် စိတ်အပန်းဖြေသဖွယ်ပေါ့😬
ကိုလည်း role မြှင့်ပေးတာ
သို့သော်ငြား.....
စံစရာ လင်ရယ်က မရှိသေး😁
မိဘပြည်သူများရှင်!!!!!!
😛
@ဝေါဟာရရှာဖွေခြင်း

25/01/2026

😭

လှူပေးသူမရှိသေးတဲ့ နံရိုးအပြိုင်းပြိုင်းနဲ့ကားတိုက်ခံရတဲ့ကလေးအတွက်ဆေးဖိုးလေးတွေကူညီပေးကြပါဦးခင်ဗျ

https://www.facebook.com/share/r/17VgNveQ3H/?mibextid=wwXIfr

23/01/2026

I'll never regret the thing I did which weren't burden to the other.And one more thing,take the example of having no food I like in menu when I order I won't choose anything instead of it.On the other hand,I'm not gonna eat I want again why I had no chance at that moment. I need to concetrate on the thing
l like and I'm doing in the current situation I won't have backward steps in my future.Even though I'm emotional, I should control and check my tamper as my entire life leads me
to be as I mentioned above.Until I can build my mind ,I'm always winner in everything.
😌

Photos from Nyeinchan Pyae's post 21/01/2026

တကယ်ပါ.....
ဘဝမှာ လေးစားအားကျရသူက
ဘယ်လိုလူမျိုးလဲ ပြောပါဆိုရင် စာနာစိတ်ရှိသူ အထူးသဖြင့် အားနည်းသူ/တိလေးတွေကို ကြင်နာစောင့်ရှောက်ပေးနိုင်သူတွေမှသာ စံပြလူတွေပဲလို့ အဖြမှန် ရွေးမိလိမ့်မယ်
ဟိုး...အရက်တုန်းက အနုပညာရှငိတွေ ပညာတတ်ဘွဲ့ရတွေ ငွေကြေးတောင့်တင်းအောင်မြင်သူတွေကိုအားကျရမယ်ထင်ခဲ့တာ အခုတော့ အဲဒီလို လုံးဝမဟုတ်တော့ဘူး
'ခဏလေးပါ သဲရယ် ဟိုကလေးအကြောင်းဖတ်ပြီး ငါတော်တော်ကြေကွဲနေလို့ပါ'
ဖုန်းခဏသုံးနေတုန်း လက်ထဲကနေ သူငယ်ချင်း ဆတ်ခနဲဆွဲလုတာခံလိုက်ရလို့ ကျမက
ပြန်ပြောလိုက်တာပါ.
(သူငယ်ချင်းတွေ တစ်ခါတလေ ဆုံတုန်း
ဖုန်းမသုံးရလို့ သတ်မှတ်ထားကြတာမို့ပါ)
'ဪ!!!!
အေးပါ သဲရယ် ဘယ်ကလေးအကြောင်းလဲ'
ဖြစ်ရပ်ကို ပြောပြလိုက်တော့ သူငယ်ချင်းလည်း သိတ်မကောင်းဖြစ်သွားတယ်
'စိတ်မကောင်းရက် မကြည့်တော့တဲ့လေ သဲ'
သန္တာက ပြောတော့ ကျန်နှစ်ယောက်ကလည်း
ဆက်မကြည့်ဖို့ ပြောကြတယ်
'အေးပါ ဒီပုံလေးကို တမင် ရင်နင့်အောင်
ကြည့်ထားတာ နောက် မပြည့်တော့ဘူး နှိပ်စက်တဲ့အယုတ်တမာကောင်တွေကို ငါ နိုင်သလောက် လက်တုံ့ပြန်သွားမယ်'
ဓားရှတဲ့ဒဏ်ရာလောက်ပါပဲလေ ကလေးလည်း သက်သာစ ပြုနေပြီပဲ စိတ်ထဲမှာ အကြိမ်ကြိမ် ကြိတ်ပြီး ဝမ်းနည်းမှုကို ဖြေသိမ့်နေရပေမယ့် မျက်ရည်မလွယ်တာတောင်
ခေါင်းတွေကိုက်လာတယ်
'သဲ မုန့်ဟင်းခါးကြိုက်တယ်မလား ငါ ဟင်းရည်ဆမ်းပေးမယ် ဆီချက်က ဒီမှာ ငရုတ်သီးမှုန့်ရော ထည့်ဦးမလား စိတ်ညစ်စရာမတွေးနဲ့တော့
ဗိုက်ဆာနေပြီမလား စားလိုက်နော် သဲလေး'
အချစ်ဆုံးထဲက တစ်ယောက်ဖြစ်တဲ့ 'တင်ဇာ' က ချစ်သူတစ်ယောက် ယုယပေးတာမျိူးထက် ပိုတဲ့ တကယ့်ကြင်နာမှုအစစ်နဲ့ ကျမကို ကြင်နာပေးတတ်သူပါ အထျင်းချင်း roလွန်းလို့ သူ့တူမ
ဖြစ်သူကတောင် သမီးတီလေးကို ဘာလို့
သဲလေးလို့ ခေါ်တာလဲ တီလေးကလည်း သမီးတစ်ယောက်တည်းကိုပဲ ချစ်ရမယ် အန်တီပြည့်ကို သဲလေးလို့ ပြန်မခေါ်နဲ့ဆိုပြီး ဂျီကျလို့
ချော့မော့ရတာကို အမှတ်ရမိတယ်
ဒါက ကြားဖြတ်ရေးတာဖြစ်သလို
ဒီအကြောင်းအရာနဲ့လည်း နည်းနည်းဆိုင်လို့
ရေးတာဖြစ်တယ်😌
ကျမသူငယ်ချင်းတွေအမြင်မှာတောင် self-love များသူ confidence အရမ်းများနေသူ serious
ဖြစ်သူ ပွင့်လင်းလွန်းသူအဖြစ် သတ်မှတ်ခံထားရတာ ဒီခွေးလေးအတွက် စိတ်ကြေကွဲနေတာကို
သိပ်သဘာဝမကျဘူး တွေးနေကြပုံပေါ်တယ်😌
*******
ဆိုလိုချင်တာ ဒီလိုလူလည်း တိလေးတွေကို အထူးသဖြင့် ပိုင်ရှင်မဲ့ခွေးလေးတွေကို
အသနားပိုပြီး ရင်နဲ့အမျှချစ်တတ်ပါတယ်လို့
'ညည်းမွေးနေ့မှာ ကြာဆံချက် ချက်ပြီး ဘုရားမှာ လှူပေးရမလား'
'မချက်ပါနဲ့ မေမေ အိမ်ဘုရားမှာ ရှိခိုးမယ်
သမီးအစား မေမေကုသိုလ်ရအောင် ငှက်စာ
ကျွေးပေး မနေ့ကတည်းက ပိုင်ရှင်မဲ့ခွေးလေးတွေအတွက် အာဟာရဒါန သမီးတတ်နိုင်တာ လှူပြီးပြီ'
ကျမအမေ အမေးကို ကျမ ပြန်ဖြေလိုက်တာပါ
မွေးနေ့ going out plan အတိုချုပ်ပြောရရင် လှည်းကူးကိုသွားပြီး အပြန်မှာ အမှတ်(2)လမ်းမကြီး
တစ်ခု အကြောင်းပြုပြီး မြို့တွင်း/ပြင် အချိန်
သိပ်မကုန်ဘဲ မြင်ကွင်လေးတွေ
လိုက်ပြပေးတယ်ပေါ့
(နောက်မှ ဒီအကြောင်း အသေးစိတ် ရေးမယ်)
လှည်းကူးဈေးမှာ ကြက်ဒိုင်တစ်ခုရှေ့ရောက်​ေတာ့ ကြက်တွေကို ကြိုးချည်လျက်တွေ့လိုက်ရတာ
ရင်ထဲဆို့နင့်သွားတယ်
(သားငါးစားသူတွေကို မဝေဖန်လိုပါဘူး စိတ်နှလုံးသွင်းမှန်ဖို့ ပိုအရေးကြီးပါတယ် ကိုယ်တိုင်က အယူမသည်းသလို ငါး/ပုစွန် အခုအထိ စားပေမယ့် ကြက်/ဝက်/အမဲ/ဆိတ် အဲဒီလိုအသားတွေ
သိပ်မကြိုက်တာရော မစားတာလည်း နှစိအတော်ကြာပြီရောမို့ ဘယ်တော့မှလည်း ပြန်စားမှာ
မဟုတ်ပါ)
စားသူရှိလို့ သတ်သူရှိတာပါလား မြင်ရင်
မြင်တယ်လို့မှတ် ငြိမ်းချမ်းပြည့်ရေ နင်လည်း ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး တစ်ကိုယ်တည်း
ရေရွတ်နေတာ အမေက ကြားဖြစ်အောင်
ကြားသွားတော့ ညည်းက
ခံစားလွယ်လိုက်တာအေ...တဲ့
တကယ်ပါ....
သင်္ချာနည်းနဲ့ တွက်ချက်အချိုးချရရင် 10% က မိသားစုကိုချစ်မယ်ဆို ကျန်တဲ 90% နွေးထွေးကြင်နာတဲ့အချစ်တွေက အားနည်းတဲ့မျက်နာမွဲ
ခွေးလေးတွေအတွက်ပါပဲဆိုတာ ကျိန်ဆိုဝံ့တယ်😌
ရင်ထဲမှာ နာတာရှည်စွဲသလို ကြေကွဲနေမိပြီ
ကလေးရေ!!!
😥😥😥😥😥😥
အမြဲ ဘေးကင်းကျန်းမာဖို့
ဆုတောင်းပေးနေပါတယ်🙏
#မွေးနေ့မှာ ကြုံရတဲ့အဖြစိပါရေးထားပါတယ်

Photos from Nyeinchan Pyae's post 21/01/2026

#ပုံလေးတွေ ယူသုံးခွင့်ပြုပါ
😭😭😭😭😭😭
တကယ်ရင်ကွဲရတယ် ကလေးရယ်😭

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon