Xoit Fashion
Your Personal Stylist
23/08/2023
06/01/2022
😱
💁♀️💗
05/01/2022
hoddie အလန်းလေးတွေပါနော်....
ဒီဇိုင်းအမျိူးမျိူးနဲ့ လန်ထွက်နေမှာနော် ပုံမှန် အပြင်ရောင်းနေတဲ့ ပုံစံမျိူးတွေမဟုတ်ဘဲ စျေးသက်သာပေးပြီး ဝယ်ဝတ်လို့ရပါတယ်နော်..
တစ်လဘဲဝတ်အုန်း တန်နေတဲ့စျေးလေးနဲ့ ရောင်းပေးမှာပါနော်...
04/01/2022
ပိုက်ဆံရှိတဲ့သူတွေပဲ ဝတ်လေ့ရှိတဲ့
Vintage (မြန်မာအခေါ် ဘေထုတ်)💁♀️
ဘေထုတ်လို့ပြောတာနဲ့ အယူအဆမှားနေတဲ့
လူတချို့က ဟင်ခနဲဆိုဖြစ်ပါတယ် 🙅🏻
တကယ်တော့ နိုင်ငံတကာမှာ ✈
Vintage ခေါ် ဘေ အဝတ်အထည်များကို
သာမာန်အဝတ်အထည်များထက်ပိုပြီး😱
စိတ်ဝင်စားလေ့ရှိပါတယ် 👨🏻💼
ဘာကြောင့်လဲဆိုတော့ 🤔
နံမည်ကြီးအမှတ်တံဆိပ်တွေမှ 🏷
အသစ်ထပ်မံ 🤷🏻♀️ ထုတ်လုပ်ခြင်းမရှိတော့တဲ့
အဝတ်အထည်တွေကို 💁🏻
တစ်ခုတည်းသောရရှိနိုင်တဲ့ နေရာက
Vintage (ဘေ) ဆိုင်တွေမှာပဲ ဖြစ်ပါတယ်😱
ဒါ့အပြင်
✅ ဒီဇိုင်းအသစ်တွေ
✅ ဘဝမှာ တစ်ခါမှ မမြင်ဘူးတဲ့ ပုံစံတွေ
✅မြန်မာနိုင်ငံထုတ်မဟုတ်ပဲ နိုင်ငံခြားက ထုတ်တဲ့ အဝတ်အထည်တွေ ကို
✅💰 စျေးနှုန်းသက်သာစွာနဲ့ ရ ရှိနိုင်တဲ့
အခွင့်အရေးကို မရွေးချယ်မိဘူးဆိုရင်တော့
သင်ဟာ အရမ်းခေတ်နောက်ကျနေပါပြီ 🤷🏻♀️
01/01/2022
Vintage clothing (သို့) ဘေထုပ် (Bale)
Vintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothings (thrift clothings) တနည်းအားဖြင့် တပတ်ရစ် အဝတ်အစားတွေပေါ့ (၂ ပတ် ၃ ပတ် မကလည်း ရစ်နိုင်ပါတယ်)
Bale ဆိုတာ English လို အစီး
ကြီး အထုပ်ကြီးလို့ ခေါ်ပါတယ်။
အဲဒီ အဝတ်အစားတွေဟာ Bale ဆိုတဲ့ အထုပ်ကြီး အစည်းကြီးတွေနဲ့လာတော့ ရွှေမြန်မာတွေ အခေါ် ဘေထုပ်ဖြစ်သွားတာပေါ့နော်...
ဒီ Bale အထုပ်တွေထဲမှာ Brand စုံ အရောင်စုံ ဒီဇိုင်းစုံ ဆိုဒ်စုံ ထုတ်လုပ်တဲ့ နိုင်ငံ အစုံ(made in China, Japan, USA) ကလာတဲ့ အဝတ်အစား အမျိုးးအစား အစုံပါပါတယ်... ပစ္စည်း အ
သန့်တွေ တံဆိပ်တောင် မဖြုတ်ရသေးတဲ့ အသစ်တွေ Store
ဆိုင်တွေက Sale ချလိုက်တဲ့ lot နံပါတ်အလိုက် အသစ်စက်စက်တွေက အစ... ဟောင်းနွမ်းစုတ်ပြတ် ပေါက်ပြဲနေတဲ့ အထည်တွေ ပစ္စည်းတွေ အထိပါပါတယ်...
နာမည်ကြီး Brand တွေရဲ့ quality နဲ့ စျေးကတော့ ဝယ်ဖူးသူတွေ ဝတ်ဖူးသူတွေ ပိုသိပါတယ်။ ဒီနေ့ခေတ်မှာ မဝယ်ဖူး မဝတ်ဖူးတောင် Facebook ပေါ် လိုင်းပေါ်ကနေ brand တော်တော်များများကို မြင်ဖူးကြားဖူးကြမှာပါ...
Branded ဝယ်ဝတ်ချင်ပေမယ့် စျေးနှုန်းမြင်ရင် လက်တွန့်နေတာ
အဲတော့ စျေးအသင့်အတင့်နဲ့
ကွာလတီကောင်းကောင်း Brand တွေ ကံကောင်းရင် Limited Edition တွေ တောင် ရနိုင်ပါသေးတယ်...
နိုင်ငံတကာမှာ Vintage Store တွေ Thrift Shop/Thrift Market တွေ အများကြီး ရှိပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဆို Weekend Thrift Market အကြီးကြီးဖြစ်တဲ့ ChauktuChauk ရှိပါတယ်...လူစည်ချက်ကတော့ မျက်စိလည်.... မူးတောင်သွားမယ်။
ထိုင်း၊ ကမ္ဘောဒီးယား နယ်စပ်မှာလည်း ဘေထုပ်ဒိုင်စျေးကြီး Rong Khruea Market ရှိပါတယ်..
မြဝတီ-မဲဆောက်ဘက်မှာလည်း Vintage Stores တွေရှိပါတယ်..
အက်ဒမင်ရောက်ဖူးတဲ့ Europe က နိုင်ငံတော်တော်များများမှာလည်း Thrift Store တွေ Vintage Clothings Shop တွေ ရှိပါတယ်... မြန်မာပြည်မှာလို လေဟာပြင်စျေးတန်းတွေသာမက Ocean လို Super Market နဲ့ကို second hand, good quality တွေရောင်းတာနော်....အဲ့မှာဆိုရင် ကိုယ်လို Vintage ဝတ်ရတာ...ရှာရတာ
ကြိုက်တဲ့ နိုင်ငြံခားသားတွေ...ခရီးသွားတွေ...ပိုက်ဆံခြွေတာချင်တဲ့ သူတွေ... ဒုနဲ့ဒေး..
(.မြန်မာနိုင်ငံမှာပဲ ဘေထုပ်စျေး
ကွက် ရှိနေတယ်ထင်နေမှာ စိုးလို့..)
သူတို့ဆီက တချို့ thrift store ဆိုင်တွေက အဝတ်အထည်ကို အလေးချိန် ဂရမ်အလိုက်ရောင်းပါတယ်... Admin ကိုယ်တိုင် ကြုံဖူးပါတယ် Paris က Vintage Store တစ်ခုမှာပါ ... ဒီဇီုင်း ကာလာ made in ဘာညာ အနေအထား မကြည့်ပါ ကပ်စျေးမရှိပါ.... ဒါပေမယ့် အထည်ပစ္စည်းမှာ အသုံးပြုထားတဲ့ ပိတ်စ အမျိုးအစားပေါ်မူတည်ပြီး အလေးချိန်ကတ္တားပေါ် ကိုယ် ကိုယ်တိုင် သွားချိန်ကြည့်ရပါတယ် (ဥပမာ ချည်သားဆို စျေးတစ်မျိုး၊ ဂျင်းသားဆို တစ်မျိုးပေါ့).... Admin ကတော့ သိပ်မကြိုက် ...ကိုယ်ဝယ်တဲ့ ပစ္စည်းက ဒီဇိုင်းလှပေမယ့် အလေးချိန်အရမ်းစီးနေရင် စျေးအများကြီးပေးနေရမှာ...ဒါပေမယ့့် လူတကိုယ် အကြိုက်တမျိုးကိုး....သူ့ဟာသူတော့ အလုပ်ဖြစ်နေတာပဲ.
ဘေထုပ် vintage wears တွေကို ဆင်းရဲသားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ဝတ်တယ်လို့ ဘယ်သူပြောလဲ......နိုင်ငံတကာမှာ နာမည်ကြီး Celebrities တွေကိုယ်တိုင် Vintage Wears တွေကို သေချာ ရှာဝတ်ပါတယ်...ဘယ်သူနဲ့မှကို မတူချင်တဲ့ သူတို့ စတိုင် Inspiration တွေက Vintage wears တွေမှာ ရှာတွေ့နိုင်လို့ပါပဲ..(တချို့တွေကို customize ဖြတ် ညှပ် ကပ် ပြန်ပြင်ပါတယ်)..... နာမည်ကြီး အဆိုတော် Taylor Swift , fashion မမ Kylie Janner , လူမည်းအဆိုတော် Chris Brown, Rihana, ခိုခို Justin Bieber အဆုံး Hollywood က ကြယ်ပွင့်တော်တော်များများကို vintage wears တွေနဲ့ ထသွားထလာတွေရော ပွဲတက်လာတာတွေရော တွေ့နိုင်ပါတယ်။
အဆိုတော် Macklemore တောင် Thrifting ဘေထုပ်နှိုက်တဲ့ အကြောင်း သီချင်းတောင် စပ်ဆိုထားသေးတယ်.... အဲသီချင်းများ နာမည်ကြီးချက်...song title ကိုက ‘Thrift Shop’... တော်တော်များများ သိပြီးကြမှာပါ.... မသိသေးရင် သူ့ရဲ့ Music Video ကို Download လုပ်ပြီး နားထောင်ကြည့်လိုက်ပါဦး...
ကိုယ်တွေက အဲ့သီချင်းပေါ်ခါစကဆို အဲ့သီချင်းဆိုပြီးတော့ကို ဘေထုပ်နှိုက်ခဲ့တာ...ကိုယ့်ကိုယ် ဘေဆရာကြီးပေါ့လေ....
ဘေထုပ်ကို ဝတ်ဖူးသူတိုင်းကြိုက်ကြတယ်ဆိုတာက......
✅၁ အချက်.....သူ့ရဲ့ ကွာလတီ( branded တွေလေ အရည်အသွေးမြင့် QC passed တွေကိုး)...တရုတ် နဲ့ ယိုးဒယားက.လာတဲ့ စျေးချုပ်ထည်တွေနဲ့ အကွာကြီးကွာ....
✅၂ အချက်💲 စျေးနှုန်း.....တစ်ခါဝတ်ပြီးရင် အရောင်မှိန် ဆေးသားပြယ် ချုပ်ရိုးပြေ သွားတဲ့ စျေးချုပ်ထည်ထက်တောင် စျေးသက်သာပါသေးတယ်....( ဘေရှယ်ဂေါင်ထည် အသန့် ✔️Limited Edition စျေး တွေကတော့ ချွင်းချက်ပေါ့ရှင် ဒါပေမယ့် ရောင်းတဲ့သူက ဘယ်တော့မှ အသစ်စျေးမတောင်းသလို ဝယ်သူကလည်း အဟောင်းစျေးဘဲ ပေးတာပါပဲ )
✅၃ အချက်...brand တွေကို ပေါပေါလောလော အထည်များ အယားပြေ ဝတ်နိုင်ခြင်း...brand အသစ်စက်စက်တထည်စျေးဟာ ဘေထုပ်ထဲက အလားတူ brand မျိုးအထည်ရေ ၃/၄ ထည်လောက်ပေါင်း စျေး နဲ့ တူနေမှတော့ အသစ်ကို.... ထည့်မစဉ်းစားတော့တာ အဆန်းလားနော့
တစ်ခုတော့ ရှိတာပေါ့ ဘေထုပ်ထဲမှာ ကိုယ်အရမ်းလိုချင်နေတဲ့ ဒီဇိုင်း ဆိုဒ်ကို မရနိုင်ဘူး ထင်ရင်တော့ အသစ်က စျေးကြီးလည်းဝယ်ရမှာပဲ...ကိုယ်မှ ဘေထဲမှာ ရှာမရနိုင်တာကိုး...
✅၄ အချက်...ဘေထုပ်နှိုက်ခြင်း အနုပညာ..
ဘေထုပ်နှိုက်တဲ့ အခါမှာ ပညာသားပါပါတယ်...မျက်စိလျင်ရမယ်... Fashion ရေစီးကြောင်း ကို သိရမယ် brand နာမည်တွေ made in ဘာညာတွေ သိရမယ် ကိုယ်ပြောခဲ့သလို ဘေထုပ်ဟာ အလန်းတွေ အကောင်းတွေ အဟောင်းတွေ အစုတ်တွေ ရောသဗွန်း ပါတာမို့.... ရွေးတတ်မှ ရမယ် အချိန်ပေးမှ ရမယ်...အိမ်ရောက်လို့ ပြန်ကြည့် brand တော့မိုက်ပါရဲ့..
မရွေးတတ်တဲ့သူတွေ အတွက် ဘေထုပ်တန်းဟာ အဟောင်း အစုတ်တွေပေါ့ ... ရွေးတတ်တဲ့သူတွေ အတွက်တော့ ဘေထုပ်ထဲက ရတဲ့ အထည်ဟာ ရွှေထက် တန်ဖိုးရှိတယ်လို့.....ပိုက်ဆံရှိရင် ရွှေဆိုင်မှာ ရွှေကို အချိန်မရွေးသွားဝယ်လို့ ရပေမယ့် ဘေဆိုင်မှာတော့ အဲလိုမရပါဘူး.... ကိုယ်ကြွေတဲ့ Brand Design ရှာမတွေခဲ့ရင် ခြေတို အချိန်ကုန် တပ်ခေါက်ပြန်လာရမှာပါ....
ဒီလို အချိန်မပေးနိုင် ဘေထုပ်နှိုက်ခြင်း အနုပညာ မတတ်တဲ့သူတွေအတွက် Admin တို့လို ဘေသရဲ၊ ဘေခရေဇီ တွေက သေချာ ဂေါင်ထည်အသန့် ရွေးချယ်ပြီး ပြန်လည်ရောင်းပေးနေတဲ့ page တွေ group တွေရှိပါတယ်....စျေးကတော့ အပုံစျေးနဲ့တော့ မယှဉ်နဲ့ပေါ့ရှင်.... ပညာရှင်ကြေးတော့ ပေးရတာပါ့...
ကဲ.... ဒီလောက်ဆို ဘေထုပ်ဆိုတာ ဘာ... ဘယ်လို...ဘယ်သူတွေ... ဘာကြောင့်ဝတ်လဲဆိုတာ တစေ့တစောင်း သိလိုက်ပြီမို့ ဘေဝယ်ချင် ဝတ်ချင်စိတ် ဖြစ်ရင် နီးစပ်ရာ ဘေစျေးကိုသွား.... အချိန်မပေးနိုင်ရင်.....
Branded အမှန်တွေပဲ ဝတ်တဲ့ Admin ဘေမမ
#ဘေဝတ်တာ ရှက်စရာမဟုတ်
#အလန်းလွန်အလွန်လန်းဖို့ဘေဝတ်ကြစို့
clothings
Vantage by PHOO page လေးကနေ ကြိုဆိုပါတယ်ရှင်🙏🙏
ဒီpageလေးရဲ့ အဓိကရည်ရွယ်ချက်လေးတွေ
ပြောပြပေးပါ့မယ်နော်
စျေးနှုန်းချိူသာစွာဖြင့် အရည်အသွေးကောင်းသော အထည်များကို တစ်နေရာတည်းမှာ
လက်လီ၊လက်ကား ရရှိနိုင်ဖို့အတွက် အဓိထားပါတယ်
မည်သည့် မြို့နယ်မဆို ကားဂိတ်အရောက်ပို့ပေးခြင်း၊ဆိုဒ်စုံ၊ကျားဝတ်၊မဝတ်၊အနွေးထည်အမျိူးမျိူး၊ဆွယ်တာအမျိူးမျိူး၊hoddies၊ရှပ်လက်ရှည်(တို)၊ဂါဝန်....... ပစ္စည်းအမျိူးအစားပေါင်းများစွာကို လက်လီ(ကား)ဝယ်ယူနိုင်ပါတယ်ရှင့်
အထည်တွေဘဲရောင်းပေးတာမလို့ customerများအနေနဲ့ မကောင်းမှာကို စိုးရိမ်စရာမလိုတော့ဘူးပေါ့
Live Sale ရှိတဲ့နေ့လေးတွေဆိုလည်း Give away planလေးတွေရှိနေသေးတယ်နော်
စျေးနှုန်းလည်းတန်၊စိတ်ချ အရည်သွေးမှန်ရဖို့ Vp pageကနေ အစဥ်တစိုက်ကြိုဆိုနေပါတယ်ရှင်🙏🙏
31/12/2021
Welcome To 2022 .........🙏🙏🙏
Click here to claim your Sponsored Listing.
Category
Website
Address
Yangon