Polygon Design Creation

Polygon Design Creation

Share

Polygon is a Yangon based Graphic Design House, composed of professional graphic designers.

We can make your business look more professional with our creative design.

“ To get more successful business with us...”

09/06/2022

Polygon ရဲ့ Facebook စာမျက်နှာအသစ်

ယခုလက်ရှိအသုံးပြုနေတဲ့ Polygon ရဲ့ page ဟာ နည်းပညာအခက်အခဲ အနည်းငယ်ရှိနေတာကြောင့် အောက်ဖော်ပြပါ page ကိုပြောင်းလဲအသုံးပြုသွားတော့မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဟောင်းမိတ်သစ် Customer များအနေနဲ့ Polygon design creation ကိုဆက်သွယ်ချင်တယ်ဆိုရင် အောက်ဖော်ပြပါ page ကနေတဆင့်ပဲ ကျေးဇူးပြုပြီး ဆက်သွယ်ပေးကြပါနော် 🙋🏻

https://www.facebook.com/polygoninfo/

Polygon DesignCreation Polygon is a Yangon based Graphic Design House, composed of professional graphic designers. We can m

04/06/2022

ဟန်ချက်ညီဖို့လိုတယ်။

လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုရင် အရာရာဟာဟန်ချက်ညီနေဖို့ လိုအပ်ပါတယ်။ လုပ်ငန်းတစ်ခုမှာပါဝင်ပတ်သတ်နေတဲ့ အရာရာတိုင်းဟာ လုပ်ငန်းအောင်မြင်ဖို့အတွက် သော့ချက်တွေပါပဲ။ သော့ချက်တွေ အများကြီးရှိတဲ့အထဲကမှ သော့ချက်တချို့ကိုပဲရွေးဖွင့်လို့ အောင်မြင်မှုပန်းတိုင်ဆိုတဲ့ တခါးကြီးက ပွင့်မသွားနိုင်ပါဘူး။ ထုတ်ကုန်ကြီးပဲအရမ်းကောင်းနေပြီး ကြော်ငြာအားကမကောင်းဘူးဆိုရင်လည်း ဈေးကွက်ထဲမရောက်နိုင်သလို ကြော်ငြာအားလည်းကောင်း ထုတ်ကုန်လည်းကောင်းနေပေမယ့် Branding မကောင်းနေဘူးဆိုရင်လည်း လုပ်ငန်းကရေရှည်ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ အစရှိသဖြင့် လုပ်ငန်းအောင်မြင်ဖို့အတွက် အများကြီးလုပ်ဖို့ လိုအပ်နေတဲ့အထဲကမှ Branding ဆိုတဲ့သော့ချက်ကိုတော့ လူကြီးမင်းတို့နဲ့အတူ Polygon က ဝိုင်းကူဖွင့်ပေးနိုင်ပါတယ်။ Polygon Design Creation မှာ လူကြီးမင်းတို့ရဲ့လုပ်ငန်းတွေအတွက် Logo, Social design, Business card, Letter head, Voucher နဲ့ Content ဝန်ဆောင်မှုတွေကိုရရှိနိုင်တာကြောင့် ကျွန်တော်တို့နဲ့အတူလက်တွဲပြီး အောင်မြင်မှုတွေကိုအခုပဲ ရယူလိုက်ပါနော် 🤜🤛

“ To get more successful business with us...”
📞 09 988 344810
📧 [email protected]
https://www.instagram.com/polygondesigncreation/

29/05/2022

“ Logo ဘာလို့လို ”

စီးပွားရေးလုပ်ငန်းတွေမှာ Logo ဘာလို့လိုတာလဲ။ ဒီမေးခွန်းကိုမဖြေခင် နောက်ထပ်မေးခွန်းတစ်ခုထပ်မေးဖို့ လိုပါလိမ့်မယ်။ ကျွန်ုပ်တို့ လူသားတွေကရော ဘာလို့မတူညီတဲ့ မျက်နှာတွေ ပိုင်ဆိုင်ထားကြတာလဲ။ အဖြေကတော့ ရှင်းပါတယ်။ သန်းပေါင်းများစွာသော လူတွေကြားထဲမှာ တစ်ယောက်နဲ့တစ်ယောက် မှတ်မိနေဖို့အတွက် မတူညီတဲ့မျက်နှာတွေကို ပိုင်ဆိုင်ထားကြရတာပါပဲ။

ဒီလိုပါပဲ စီးပွားရေးလုပ်ငန်းတွေ များစွာရှိတဲ့အထဲကမှ ကိုယ့်ရဲ့လုပ်ငန်းကို Customer တွေလွယ်ကူစွာမှတ်မိနေဖို့အတွက် Logo တွေက လိုအပ်နေတာပါ။ များစွာသော လုပ်ငန်းတွေကြားထဲကမှ ကိုယ့်ရဲ့လုပ်ငန်းကိုပဲ မှတ်မိနေဖို့အတွက်ဆိုရင် Logo က ပြည့်စုံလှပပြီး ပေါ်လွင်နေဖို့လည်းလိုပါတယ်။ လူတစ်ယောက်ရဲ့မျက်နှာလို အရေးပါလှတဲ့ Logo တစ်ခု ပြီးပြည့်စုံစွာ ထွက်ပေါ်လာဖို့အတွက် Polygon ကတာဝန်ယူပေးနိုင်ပါတယ်။

“ To get more successful business with us...”
📞 09 988 344810
📧 [email protected]
https://www.instagram.com/polygondesigncreation/

Photos from Polygon Design Creation's post 22/05/2022

Logo for Sunshine Mall

Sunshine Mall ဆိုတဲ့ Online shop ဆိုင်လေးအတွက် သစ်လွင်ပြီးတောက်ပနေတဲ့ Logo လေးတစ်ခု ဖန်တီးပေးဖြစ်ခဲ့ပါတယ်။ လုပ်ငန်းရဲ့အမည်နဲ့လည်းလိုက်ဖက်အောင် လုပ်ငန်းအမျိူအစားနဲ့လည်းလိုက်ဖက်အောင် အထူးဂရုစိုက်ဖန်တီးပေးဖြစ်ခဲ့ပါတယ်။ သစ်လွင်တောက်ပတဲ့အရောင်တွေကို အသုံးပြုထားပြီး လုပ်ငန်းအပေါ်ယုံကြည်စိတ်ချမှုရှိစေရန် Font တွေကိုလည်း သေချာရွေးချယ်အသုံးပြုပေးထားပါတယ်။ ဒီလိုမျိုးအသေးစိတ်စဉ်းစားပြီး ဖန်တီးပေးခဲ့တာကြောင့် လုပ်ငန်းပိုင်ရှင်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီပြီး ကြိုက်နှစ်သက်မှုကို ရရှိစေခဲ့တဲ့ Logo လေးတစ်ခုလည်း ဖြစ်ပါတယ်။ လူကြီးမင်းတို့ရဲ့လုပ်ငန်းတွေအတွက် လူကြီးမင်းတို့ရဲ့လိုအပ်ချက်တွေကို Polygon ကကောင်းစွာသိရှိပြီး ဖန်တီးပေးနိုင်တာကြောင့် Logo တစ်ခုလိုအပ်လာပြီဆိုရင် polygon ကိုသာဆက်သွယ်လိုက်ပါနော် 🤝

“ To get more successful business with us...”
📞 09 988 344810
📧 [email protected]
https://www.instagram.com/polygondesigncreation/

14/05/2022

“ ဖွားမြင်၊ ပွင့်၊ စံ၊ ဗျာဒိတ်ခံ မှတ်ရန်ကဆုန်လ ”

ယနေ့ကျရောက်သော ကဆုန်လပြည့်နေ့ နေ့ထူးနေ့မြတ်အခါသမယမှာ မိတ်ဟောင်း၊ မိတ်သစ် customer များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေကြောင်း Polygon Design Creation မှဆုတောင်းမေတ္တာ ပိုသအပ်ပါသည်။

Photos from Polygon Design Creation's post 07/05/2022

“ Polygon မှာဘယ်လို ဝန်ဆောင်မှုတွေရနိုင်လဲ ”

လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် Graphic Design ဝန်ဆောင်မှုမျိုးစုံကို Polygon Design Creation မှာရရှိနိုင်ပါတယ်။ လုပ်ငန်းအတွက် အဓိကအရေးပါလှတဲ့ Logo Design ဝန်ဆောင်မှု၊ ဖျတ်ကနဲမြင်လိုက်တာနဲ့ သေချာကြည့်ချင်လောက်အောင် ဆွဲဆောင်နိုင်မယ့် Social Design ဝန်ဆောင်မှု၊ ပထမဆုံးတွေ့ဆုံမှုမှာတင် ကိုယ့်လုပ်ငန်းရဲ့ဂုဏ်ကို ထိုးတက်စေမယ့် Business Card Design ဝန်ဆောင်မှု၊ လုပ်ငန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ Invoice Design, Letter Head Design ဝန်ဆောင်မှုတွေအပြင် Facebook Cover Photo Design, Sticker Design ဝန်ဆောင်မှုတွေကိုပါ ဈေးနှုန်းသင့်တင့်စွာနဲ့ Polygon မှာရရှိနိုင်ပါတယ်။ ဒီလို Graphic Design ဝန်ဆောင်မှုတွေတင်မကဘဲ လုပ်ငန်းရဲ့အသံဖြစ်စေမယ့် Content writing ဝန်ဆောင်မှုလည်း ရရှိနိုင်ပါသေးတယ်နော်။

စုံလင်လှတဲ့ ဒီလိုဝန်ဆောင်မှုတွေကို လူကြီးမင်းတို့စိတ်တိုင်းကျတဲ့အထိ ကျွမ်းကျင်တဲ့ Professional Designer တွေ၊ Content writer တွေက Polygon Design Creationနဲ့အတူ ဝန်ဆောင်မှုပေးနေပါတယ်။ ဒါကြောင့် ခေတ်မှီပြီးဆန်းသစ်လှပတဲ့ Graphic Design တွေကိုလိုအပ်နေတယ်ဆိုရင်တော့ Polygon Design Creation ကိုသာအခုပဲဆက်သွယ်လိုက်ပါနော်။

“ To get more successful business with us...”
📞 09 988 344810
📧 [email protected]
https://www.instagram.com/polygondesigncreation/

01/05/2022

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား Polygon Design Creation မှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

Photos from Polygon Design Creation's post 23/04/2022

Logo for Yadanar Hlaing Jewelry

ဆန်းသစ်တဲ့အမြင်နဲ့ ထူးခြားတဲ့ Logo တစ်ခုကို Polygon က ဖန်တီးပေးလိုက်ပြန်ပါပြီ။ ရွှေဆိုင်လုပ်ငန်းဖြစ်တာကြောင့် ခမ်းနားထည်ဝါမှုတွေလည်းပါဝင်အောင် ဆန်းသစ်မှုလည်းရှိအောင် ကြိုးစားဖန်တီးဖြစ်ခဲ့ပါတယ်။ အရောင်တွေ စာလုံးဖောင့်တွေကို အထူးဂရုစိုက်ထားပြီး Logo ကိုမြင်လိုက်တာနဲ့ လုပ်ငန်းနဲ့တွဲမြင်မိအောင်လည်း လိုအပ်တာတွေကို ထည့်သွင်းထားပါတယ်။ ဒါကြောင့် ဒီ Logo လေးဟာ Traditional ပဲသုံးသုံး၊ Digital ပဲသုံးသုံး၊ Luxury ပဲသုံးသုံး အဆင်ပြေနေမှာ ဖြစ်ပါတယ်။ လူကြီးမင်းတို့လုပ်ငန်းအတွက်လည်း အခုလိုထူးခြားဆန်းသစ်တဲ့ Logo မျိုးတွေလိုအပ်နေတယ်ဆိုရင်တော့ အခုပဲဆက်သွယ်လိုက်ပါနော် 🤝

“ To get more successful business with us...”
📞 09 988 344810
📧 [email protected]
https://www.instagram.com/polygondesigncreation/

17/04/2022

အတာမစားတဲ့ နှစ်သစ်ဖြစ်ပါစေ။

ခက်ခဲကြမ်းတမ်းတဲ့ကာလတွေလည်း ရှည်ကြာခဲ့ပါပြီ၊ ပေးဆပ်ခဲ့ရတာတွေလည်း များလှပါပြီ၊ ကျော်ခဲ့ရတဲ့သင်္ကြန်တွေလည်း လွမ်းလှပါပြီ။ လာမယ့်နှစ်သစ်မှာ‌တော့ အစစအရာရာအဆင်ပြေပြီး ပြည်သူတွေမျှော်လင့်နေတဲ့ နှစ်သစ်တစ်ခု၊ ပေးဆပ်မှုတွေမရှိတော့တဲ့ နှစ်သစ်တစ်ခု၊ အတာမစားတဲ့ နှစ်သစ်တစ်ခု ဖြစ်ပါစေကြောင်း Polygon Design Creation မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

14/04/2022

အလွမ်းပို သင်္ကြန်...

သင်္ကြန်ဆိုတာ မြန်မာနိုင်ငံနဲ့ဘယ်လိုမှခွဲမရတဲ့ ပွဲတော်တစ်ခုဖြစ်တဲ့အပြင် သင်္ကြန်နားနီးလာပြီဆိုရင်လည်း မြန်မာပြည်သူ၊ ပြည်သားအားလုံးဟာ ခံစားချက်ကိုယ်စီနဲ့ ပျော်ရွှင်ကြရပါတယ်။ ငယ်ငယ်တုန်းကတော့ သင်္ကြန်မကျင်းပတဲ့နှစ်ရယ်လို့ မရှိလောက်ဘူးလို့ ထင်ခဲ့ဖူးပေမယ့် အခုတော့ သင်္ကြန်မကျင်းပရတာ ၂ နှစ်တောင်ရှိခဲ့ပါပြီ။ ၃ နှစ်မြောက်လာတဲ့ ဒီနှစ်မှာလည်း သင်္ကြန်ကို မရေရာမသေချာနဲ့ ဖြတ်သန်းနေရတာမို့ မြန်မာပြည်သူ၊ ပြည်သားတွေအဖို့ အလွမ်းပိုစရာပွဲတော်တစ်ခု ဖြစ်နေပါတယ်။

ဘယ်လိုပဲဖြစ်နေပါစေ သင်္ကြန်ဟာ ပိတောက်တွေ ပွင့်နေစဲ၊ သီချင်းသံတွေလွှင့်ပျံနေစဲ၊ သံချပ်တွေထိုးနေစဲ၊ မုန်လုံးရေပေါ်တွေလုံးနေစဲပါ။ ဒီလိုခံစားချက်‌တွေပေါင်းစုံနဲ့ပြည့်နှက်နေတဲ့ သင်္ကြန်အခါသမယမှာ Polygon ရဲ့မိတ်ဟောင်းမိတ်သစ် Customer များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးကင်းလုံခြုံစွာ ဖြတ်သန်းရပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

“ To get more successful business with us...”
📞 09 988 344810
📧 [email protected]
https://www.instagram.com/polygondesigncreation/

Photos from Polygon Design Creation's post 07/04/2022

Logo for Hein Htoo San

လုပ်ငန်းနဲ့လိုက်ဖက်ပြီး အမြင်တင့်တယ်စေတဲ့ Logo တစ်ခုကို Polygon ကဖန်တီးဖြစ်ခဲ့ပါတယ်။
စက်ယန္တရားလုပ်ငန်းတစ်ခုဖြစ်တာကြောင့် တောင့်တင်းခိုင်မာတဲ့ အရောင်တွေ၊ စာလုံးဖောင့်တွေကို အသုံးပြုထားပြီး လုပ်ငန်းနဲ့သက်ဆိုင်တဲ့ စက်ပစ္စည်းကိုပါ လှပသေသပ်စွာ ပေါင်းစပ်ထားတဲ့ Logo တစ်ခုဖြစ်ပါတယ်။ Logo ကိုမြင်လိုက်တာနဲ့ Customer တွေရဲ့စိတ်ကိုဆွဲဆောင်နိုင်‌စေရန်၊
ယုံကြည်မှုရ‌စေရန်၊ ထင်သာမြင်သာရှိစေရန် ရည်ရွယ်ပြီး ကြိုးစားဖန်တီးထားကြောင့် အမြင်တင့်တယ်ပြီး ပြည့်စုံလှပတဲ့ Logo တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလို ကိုယ့်ရဲ့လုပ်ငန်းအကြောင်းကို ဖော်ပြနိုင်ပြီး ပြည့်စုံတင့့်တယ်တဲ့ Logo မျိုးလိုအပ်နေတယ်ဆိုရင်တော့ Polygon design creation ကိုသာ ဆက်သွယ်လိုက်ပါနော် 😁

“ To get more successful business with us...”
📞 09 988 344810
📧 [email protected]
https://www.instagram.com/polygondesigncreation/

02/04/2022

သင်္ကြန် ပရိုမိုးရှင်း 💦

သင်္ကြန်နားနီးပြီဆိုတာနဲ့ သင်္ကြန်သီချင်းသံလေးတွေကလည်း ခပ်သဲ့သဲ့ကြားနေရပြီမို့ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြရတဲ့ သင်္ကြန်တွေကို လွမ်းနေကြမယ် ထင်ပါတယ်။ သင်္ကြန်မကျင်းပရတာလည်း ဒီနှစ်နဲ့ဆို ၃ နှစ်တောင်ရှိပြီဆိုတော့ ပိုလို့လွမ်းနေကြရောပေါ့။ မြန်မာပြည်သူ၊ ပြည်သားတွေ အရမ်းချစ်ကြတဲ့သင်္ကြန်ဆိုတာ ရေသဘင်ပွဲ သပ်သပ်မဟုတ်ဘဲ ကုသိုလ်ကောင်းမူ၊ အနုပညာ၊ ချစ်ခြင်းမေတ္တာနဲ့ စတုဒီသာ‌ စသဖြင့်ခံစားမှုရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ပွဲတော်ကြီးတစ်ခုဖြစ်ပါတယ်။

ဒီလိုမျိုး အဓိပ္ပါယ်ပြည့်ဝလှတဲ့ သင်္ကြန်ပွဲတော်ကြီးမကျင်းပဖြစ်ပေမယ့် Polygon ကတော့ April လတစ်လလုံးအတွက် Promotion လေးတစ်ခု လုပ်ပေးချင်ပါတယ်။ ဒီ Thingyan promotion ဟာဆိုရင် Polygon ရဲ့မည်သည့် Logo Package ကိုမဆို 20% Discount ရရှိမယ့် အခွင့်အရေးဖြစ်တာကြောင့် လက်လွှတ်ခံလိုက်လို့တော့ မဖြစ်ဘူးနော်။ ဒါ့ကြောင့် သင်္ကြန်ကာလအတွင်း 20% Discount ကိုအရယူပြီး လူကြီးမင်းတို့ စိတ်တိုင်းကျတဲ့အထိ ဝန်ဆောင်မှုပေးနိုင်တဲ့ Polygon Design Creation မှာ Logo လာအပ်လိုက်ပါနော် 💦

“ To get more successful business with us...”
📞 09 988 344810
📧 [email protected]
https://www.instagram.com/polygondesigncreation/

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11041