HTSN

HTSN

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HTSN, Artist, Yangon.

20/09/2025

#ဂရိတ်ပါဝင်တဲ့အလန်းဇားဟာသကားသစ်လေးfacebooklinkကြည့်လို့ရပါပြီ❤️‍🔥
ဘဝရဲ့ အဆိုးဆုံးနေ့ရက်ထဲမှာ ပိတ်မိနေတဲ့ ရွှေဘုံနန်းကပြု-တ်ကျလာတဲ့ ကောင်မလေးတစ်ယောက် အချိန်စက်ကွင်းကနေလွတ်ဖို့ ဘယ်လိုကြိုးစားရမလဲဆိုတာ ရှုစားရမှာပါဗျ။

လုပ်ငန်းရှင်မိသားစုရဲ့ အမွေခံသမီးဖြစ်တဲ့ မေဆာရဲ့ဘဝဟာ လူတိုင်းတောင့်တရတဲ့ဘဝ

မိဘတွေကလည်းအောင်မြင် ကိုယ်တိုင်ကလည်း ပြတိုက်ပိုင်ရှင်၊ မကြာခင်လည်း သိပ်ချစ်ရတဲ့ ချစ်သူလေးနဲ့ လက်ထပ်တော့မှာဆိုတော့ ကမ္ဘာ့အပျော်ဆုံးလူသားလေးပေါ့။

ဒါပေမဲ့ ပြတိုက်ဖွင့်ပွဲနေ့မှာ ပြ-ဿ-နာအကြီးအကျယ်တက်ပြီး ပြတိုက်မှာ ပြသထားတဲ့ ချ-င်လင်ရဲ့အထွတ်အမြတ်ရ-တနာ သီ-ရိစိုင်-လာကျောက်တုံးက ကွဲသွားတဲ့အပြင် တစ်လနေရင် လက်ထပ်တော့မဲ့ ချစ်သူကပါ လ-မ်းခွဲ-သွားပါတော့တယ်။

သူ့ရဲ့ကံ-ဆိုးမှုက ဒီမှာတင်မရပ်သေးဘဲ အဲဒီဘဝရဲ့အ-ဆိုး-ဆုံးနေ့ရဲ့ အချိန်စက်ကွင်းထဲမှာပါ ပိတ်မိသွားချိန်မှာတော့...

ားလင့်👇🍀🎬
https://www.facebook.com/share/p/1BWQPF5PH6/

HTSN

02/11/2023

မြို့မနောက်ဘက်

🎙 - Anoni Mus

Original owner Credit

Mrhh Music

24/10/2023

မင်္ဂလာရှိသောနေ့သစ်လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ.....
ကမ္ဘာပေါ်မှာရှိကြတဲ့ သတ္တဝါများအားလုံပဲ...
ကြံတိုင်းအောင် ဆောင်တိုင်းမြောက်၍.....
စီးပွားရေး လူမှုရေး အချစ်ရေး ကိစ္စအထွေထွေ အဆင်ပြေကြပါစေဗျာ 🙏🌟🙏

Mrhh Music

22/10/2023

မင်္ဂလာညချမ်းပါ 🙏

19/08/2023

ဖတ်ကြည့်နော်... သင့်တွက်အကျိုးမယုတ်စေရဘူး

အနေနီးလို့လည်း သိပ်မပျော်နဲ့ ၊
သံယောဇဉ်ဆိုတာ ဖြတ်ရခက်တယ် ။

အနေဝေးလို့လည်း စိတ်မကောင်းမဖြစ်နဲ့ ၊
လူဆိုတာ သေကွဲမဟုတ် ရှင်ကွဲကွဲရမှာပဲ ။

သိပ်အချစ်ခံရလို့လည်း သိပ်မပျော်ပါနဲ့ ၊
ရာဂတဏှာကြိုးက ရုန်းရအခက်ဆုံးပဲ ။

သိပ်အမုန်းခံရလို့လည်း ဝမ်းမနည်းနဲ့ ၊
အချစ်ခံရတာများသူထက် ဒုက္ခနည်းတယ် ။

ရုပ်ချောနေလို့လည်း မာန်မတတ်နဲ့ ၊
ရေမချိုးရင် နံကြတာချည်းပဲ ။

ရုပ်ဆိုးနေလို့လည်း အားမငယ်နဲ့ ၊
အချင်းရှိရင် အဆင်းရှိသူထက် သာတယ် ။

ရနေလို့လည်း သိပ်မပျော်ပါနဲ့ ၊
လောဘဆိုတာ အသောသတ်ရခက်တယ် ။

ပေးနေရလို့လည်း ဝမ်းမနည်းပါနဲ့ ၊
သံသရာအတွက် စုဆောင်းပြီးသားဖြစ်တယ် ။

လုပ်တိုင်းဖြစ်နေလို့လည်း သိပ်ဝမ်းမသာနဲ့ ၊
ဘဝင်ဆိုတဲ့ အရူးလေးက တွယ်ကပ်တတ်တယ် ။

လုပ်တိုင်းမဖြစ်လို့လည်း စိတ်မညစ်နဲ့ ၊
လုပ်တိုင်းဖြစ်နေရင် အရှုံးဆိုတဲ့ဝေါဟာရ ဘယ်ရှိမလဲ ?

အရေးလုပ်တာခံရတိုင်းလည်း ဝမ်းမသာနဲ့ ၊
အရေးမလုပ်တော့ရင် အနေရခက်မယ် ။

ချမ်းသာနေလို့လည်း မာနမတတ်နဲ့ ၊
အဲ့ဒီမာနက တရားရဖို့ အကြီးမားဆုံးအတားဆီးပဲ ။

ဆင်းရဲနေလို့လည်း သိမ်ငယ်မနေနဲ့ ၊
ချမ်းသာသူဖြစ်ဖြစ် ဆင်းရဲသူဖြစ်ဖြစ် ၆ပေ၂ပေ တူတူပဲ ။

ချီးမွမ်းခံရလို့လည်း သိပ်မပျော်နဲ့ ၊
လူတကာကိုယ့်အကြောင်း အလုံးစုံမသိဘူးကွယ် ။

ကဲ့ရဲ့ခံရလို့လည်း ဝမ်းမနည်းနဲ့ ၊
သူများနှာခေါင်းပေါက်နဲ့ အသက်ရှူနေတာမှ မဟုတ်ဘဲ ။

အောင်မြင်နေလို့လည်း သိပ်ဝမ်းမသာနဲ့
ကိုယ့်အမှားတွေကို စောင့်ကြည့်နေတဲ့သူရှိတယ် ။

မအောင်မြင်လို့လည်း ဝမ်းမနည်းနဲ့ ၊
မသေမချင်းကြိုးစားဖို့ အချိန်တွေရှိသေးတယ် ။

"အလွယ်တကူနဲ့ ဝမ်းနည်း/ဝမ်းသာမဖြစ်ပဲ
အလယ် အလတ် လမ်းစဉ်လိုက်ပြီး
တည်ငြိမ်ရင့်ကျက်တဲ့ စိတ်က
ဘဝအတွက် အကောင်းဆုံးပဲ"

တည်ငြိမ်ရင့်ကျက်နေတဲ့ စိတ်ဟာ
ပင်လယ်ထဲက ရေလိုပဲ။
လောကဓံအချိုမှုန့်တစ်ဇွန်း ခတ်ရုံနဲ့
ပင်လယ်ရေဟာ ချိုမလာပါဘူး


#စာပေသာရွှေ

10/08/2023

#အမုန်းဖြင့်

ဓာတ်မြေဩဇာပြုပါ
ဘ၀မှာ ကိုယ့်ကိုမုန်းသူ
တစ်ယောက်မှ မရှိအောင်
ဘယ်လိုမှ နေထိုင်လို့
မရပါဘူး။

ဘာလို့ဆိုတော့
ကိုယ့်ဘာသာ ကိုယ့်အလုပ်
ကိုယ်လုပ်ပြီး
အောင်မြင်နေတာ ဟာလည်း
မရှုစိမ့်သူတွေ အတွက်တော့
မုန်းစရာ၊

ကိုယ့်ဘာသာ
ပျော်ရွှင်နေတာ ဟာလည်း
မရှုစိမ့်သူတွေ အတွက်တော့
မုန်းစရာ။

ကိုယ့်ကို ချစ်တဲ့သူတွေ
များနေရင်လည်း
မရှုစိမ့်နိုင်သူ အတွက်တော့
မုန်းစရာ ။

ကိုယ်က မှန်ကန်နေလည်း
မှားနေသူ အတွက်တော့
မုန်းစရာ..

အယူအဆ မတူမျှခဲ့ရင်လည်း
ဆန့်ကျင်ဘက်လူ အတွက်တော့
မုန်းစရာ ..

မြတ်စွာဘုရားတောင်မှ
ဒေဝဒတ် အတွက်တော့
မုန်းစရာဖြစ်ရတာပဲ
မဟုတ်လား။

သူတစ်ပါး အမုန်းကြောင့်
ကိုယ် သေဆုံးမသွားဖို့သာ
လိုပါတယ်။

သူတစ်ပါး အမုန်းဟာ
ကိုယ့်အတွက်
အညစ်အကြေး တစ်ခု
ဖြစ်ခဲ့ရင်တောင်မှ
အဲဒီ အညစ်အကြေးကို
ဓာတ်မြေသြဇာ လုပ်ပြီး
ကိုယ့်အပင် ပိုရှင်သန်ဖို့
အကျိုးရှိအောင်
အသုံးချ တတ်ရမှာပေါ့။

#ပုညခင်
#မူရင်းတင်သူအားCreditပေးပါတယ်

#စာပေသာရွှေ

02/08/2023

❝ အကုသိုလ်ဆိုတာ လွယ်လွယ်လေးနဲ့ ဖြစ်တယ် ❞

ကိုယ်နဲ့ မဆိုင်တာဆိုရင် မဝေဖန်မိဖို့၊
မပြောမိဖို့ ကိုယ့်စိတ်ကို သတိထား။

သူတစ်ပါးရဲ့ မသင့်လျော်တဲ့ ကိစ္စတွေ
ဝေဖန်မနေနဲ့ မလျော်ညီတဲ့ ကိစ္စတွေ မဝေဖန်နဲ့။

လုပ်တာ၊ မလုပ်တာတွေ ဝေဖန်မနေနဲ့
ဒီလိုဆိုတယ်နော်။

ဝေဖန်ပြီး ပြောလိုက်မယ်ဆိုရင် ကိုယ့်မှာ
အကုသိုလ် ဖြစ်သွားနိုင်တယ် ဒီလိုဆိုလိုတယ်။

ကိုယ့်ဟာကိုယ်ပဲ ကြည့်၊
လူတွေက သူများဝေဖန်လိုက်ရင် သူများဝေဖန်တဲ့ စိတ်ကိုတော့ ကောင်းတဲ့ စိတ်လို့ သွားထင်နေတာ။

အဲဒါက
မကောင်းတဲ့ စိတ်ဖြစ်သွားတယ်။

ဒါလေးကို သတိထားဖို့ လိုတယ်နော်၊
အကုသိုလ်ဆိုတာ လွယ်လွယ်လေးနဲ့ ဖြစ်တယ်။

ကြည့်..မချီးမွမ်းသင့်တဲ့ လူကို ချီးမွမ်းရင်လည်းအကုသိုလ်ပဲ။

ချီးမွမ်းသင့်တဲ့ လူကို
ကဲ့ရဲ့ရင်လည်းအကုသိုလ်ပဲ။

ဒီနှစ်ခုက မြတ်စွာဘုရားဟောထားတဲ့ ဒေသနာတော်တွေ ထဲမှာ ရှိတယ်။
ကောကာလိကသုတ်
အလွန်သတိထားရမဲ့ ကိစ္စတွေပေါ့။

မချီးမွမ်းသင့်တဲ့ လူ သွား ချီးမွမ်းရင် အကုသိုလ်ဖြစ်တယ်။

ချီးမွမ်းသင့်တဲ့ လူသွား ကဲ့ရဲ့မိရင်လည်း အကုသိုလ်ဖြစ်တယ်လို့ ဒီလိုလုပ်မိလို့ရှိရင် နှုတ်ကို အကြောင်းပြုပြီးရင်
လူတွေဟာ ဒုက္ခရောက်တတ်တယ်။

“ ရွှေကျင်နိကာဥပဥက္ကဋ္ဌ မဟာနာယက၊
အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ "
.
#ထပ်တူခံစားရင်းပြန်လည်မျှဝေပါတယ်
#ခွန်အားဖြစ်စေသောစာများ #မေတ္တာဖြင့် #စာပေ #ဗဟုသုတ

#စာပေသာရွှေ

01/08/2023

ပဋာစာရီ ရဲ့ ဆုတောင်း ကျိန်စာ🙏

ကျိန်စာ

ငါ့အိမ်ကို ဓားမြတိုက်ပြီး ငါ့ရဲ့ မိသားစုကို သတ်တဲ့ သူတွေ
ငါ့ရှေ့မှာ အသေဆိုးနဲ့ သေတာကို ငါကိုယ်တိုင် မြင်တွေ့ ပါရစေလို့ ပဋာစာရီဟာကျိန်စာတိုက်ခဲ့ပါတယ်။

တောထဲသွား မြွေကိုက် သေပါစေ။
ရေထဲဆင်း ရေမျော သေပါစေ။
ကုန်းပေါ်မှာနေ စွန်ချီ ခံရပါစေ။
အိမ်ထဲမှာနေ အိမ်ပြိုပိလို့ သေပါစေလို့ ရန်သူအဖြစ်နဲ့ ကျိန်ခဲ့တဲ့ကျိန်စာက မိသားစုအဖြစ်နဲ့ ဆုံလာခဲ့ပြီး ဆုတောင်း ပြည့်လေတော့ ကိုယ်ပေါ် အဝတ်အစားမကပ်နိုင်အောင်အထိ ရူးသွပ်ခဲ့ရပါတယ်။

#ပဋာစာရီ ဟာ လင်ကို မြွေကိုက်၊ သားကြီး ရေနစ်၊ သားငယ် စွန်ချီ၊ မိဘ နှစ်ပါးနှင့် အကိုကြီး လေပြင်း မုန်တိုင်းကြောင့် အိမ်ပိလို့ ဆုံးရူံးတာတွေ့ကြုံရတော့ အဝတ်အစားမဲ့သည်အထိ ရူးခဲ့ရပါတယ်။

#မြတ်ဗုဒ္ဓ_နှင့်တွေ့တော့
ချစ်သမီး
ဒီပွဲဟာ ငိုရမယ့် ပွဲ မဟုတ်ဘူး၊ လက်ခုပ်လက်ဝါးတီးပြီး ရယ်မောရမယ့်ပွဲတဲ့။

ဘာလို့လည်း ဆိုတော့၊

အတိတ်ဘဝ တစ်ခုတုန်းက
ခု သေဆုံးသွားတဲ့ ဆွေမျိုးရင်းချာ (၆)ဦးဟာချစ်သမီးရဲ့အိမ်ကို ဓားပြတိုက်၊ မီးရှို့၊ လူသတ် လုပ်တော့ ချစ်သမီးက စိတ်ဆိုးလွန်းလို့
ဒင်းတို့ (၆)ဦးလုံး ငါ့ မျက်စိရှေ့မှာ အသေဆိုးနဲ့ သေတာကို တပ်အပ် မြင်ရပါစေသား လို့ ကျိန်စာတိုက် ဆုတောင်း ခဲ့ဖူးတယ်။ ခု အဲဒီ ဆုတောင်း ပြည့်ပြီလေ တဲ့။

ဒါကြောင့်
ပြုသူ အသစ်၊ ဖြစ်သူ အဟောင်း၊ ကံမှန်ရင် အကျိုးပေး သန်လှပါတယ်။ သံသရာဟာ ဥာဏ်နဲ့ မဖြတ်ရင် မပြတ်ပါဘူး။

ပဋာစာရီ ရူးသွပ်နေချိန်မှာ
မြတ်ဗုဒ္ဓနှင့် ဘာကြောင့် ကြုံဆုံခွင့် ရခဲ့ပါသလဲ။

အတိတ်က ဘဝ တစ်ခုမှာ ဝိပဿနာတရားကို တစ်ကြိမ်တစ်ခါ အားထုတ် ခဲ့ဖူးလို့ပါ တဲ့။
ကံကောင်းသူများဟာ တရားနာယူခွင့် ရကြသည်။
ကံ အလွန် ကောင်းသူများ
က တရားအားထုတ်ခွင့် ရကြသည်။
ကံဆိုး သူများသာ တရားကို ရှောင်ကြသည်။

ဘဝမှာ
မုန်းလို့ ဖြစ်စေ၊ စိတ်ဆိုးလို့ ဖြစ်စေ ဘယ်တော့မှ ကျိန်စာတိုက်ပြီး ဆုမတောင်းပါနှင့်၊ ချစ်လို့လည်း ဆုမတောင်း လေနဲ့၊ နောင်လာမည့်အကြောင်း မသိရဘူးလေ။

သင်
ကံကောင်း သူလား၊ ကံဆိုး သူလားဆိုတာ ကြိုမသိနိုင်တာကြောင့်ပါ။

ဘဝမှာ
ဒုက္ခ တစ်ခုနဲ့ ကြုံတိုင်း ကောင်းမှုကုသိုလ်တစ်ခု အနည်းဆုံး လုပ်ဖို့ တိုက်တွန်းပါရစေ။


လေးစားစွာဖြင့်ပြန်လည်မျှဝေသည်။

07/07/2023

" သူဌေးဝါဒ "

ကျွန်တော်က သူဌေးကြီးကို ဆိုက်ကားပေါ်တင်လာခြင်းဖြစ်သည်။ သူနှင့် ငါးကြိမ်လောက် ဆုံဖူးသောကြောင့် မျက်မှန်းတန်းမိသလိုလိုဖြစ်လာသည်။
“ မောင်ရင်က ဈေးသိပ်မတောင်းဘူး ... ဘာဖြစ်လို့လဲကွ”
“ကျွန်တော်က ဆိုက်ကားသမား အစစ်မှ မဟုတ်တာ ဦးလေးရာ”
“ဘာပြောတာလဲကွ”
“ဪ ... ကျွန်တော်က ကျောင်းပိတ်တုန်း ကျောင်းစရိတ်လေးရအောင် ဆိုက်ကားနင်းတာပဲ ... ဆိုက်ကားသမားတွေလို နင်းကန်တောင်းရင် ကျွန်တော့်ကို ဘယ်သူကခေါ်မှာလဲ”
“ဒါလည်း မဟုတ်သေးဘူးကွ ... နေရာတိုင်းမှာ တန်ရာတန်ကြေးဆိုတာရှိတာပဲ”
“လူတိုင်းက တန်ရာတန်ကြေး မပေးချင်ကြပါဘူး ဦးလေးရာ ... တစ်ကျပ်တန်လည်း ငါးမူးလောက် ပေးချင် ကြတာ”
“အလို မင်းက ငါ့ကို စောင်းဆိုသလား”
“မဟုတ်ပါဘူး ဦးလေးရာ သဘောပြောတာပါ”
“ဒီမှာ ငါ့တူ ... သူဌေးဘာဖြစ်လို့ဖြစ်သလဲ သိလား”
“ကပ်စေးနည်းလို့ဖြစ်မှာပေါ့ခင်ဗျာ”
“အင်း နည်းနည်းတော့ မှန်သကွ ... ဒါပေမဲ့ ဘယ်လောက် ကပ်စေးနည်းနည်း ကိုယ့်အတွက် မဟုတ်ပါဘူး ကွယ်”
“ဘယ်သူ့အတွက်လဲခင်ဗျာ”
“မင်းကိုငါ အဖြစ်အပျက်လေးတစ်ခု ပြောပြမယ် ... နားထောင်”
“ဟုတ်ကဲ့”
“သူဌေးကြီးတစ်ယောက်ဟာ သေသွားတော့ ဘဏ်ထဲမှာ ပိုက်ဆံ ၁၀ သိန်းလောက် ထားခဲ့သတဲ့ (ဟိုးတစ်ခေတ် ၁၀ သိန်း) သူဌေးကြီးသေတော့ သူ့မိန်းမက နောက်လင်ယူရောကွာ၊ နောက်လင်ကလည်း သူတို့ဆီမှာ လုပ်နေတဲ့ အလုပ်သမားကွ၊ အဲဒီနောက်လင်က ဘာပြောသလဲသိလား”
“ဘယ်သိမှာလဲ ဦးလေးရ”
“အင်း ... ခင်ဗျားလင်ကြီး အငတ်ခံပြီး စုဆောင်းခဲ့သမျှဟာ နောက်ဆုံးတော့ ကျုပ်အတွက်ပါလားတဲ့ ... ဟား ... ဟား ... ဟား”
သူဌေးကြီးက ပြောပြီး အားရပါးရရယ်သည်။
“ဦးလေးရယ် ရယ်စရာမကောင်းပါဘူး ... သနားစရာ ကောင်းလိုက်တာ”
“ဘယ်သူ့ကို မင်းက သနားနေတာလဲ”
“သူဌေးကြီးကို”
“မသနားနဲ့ကွ ... အဲဒီကောင် ငွေရှာဖို့ပဲသိတာ ... ဘဝနေနည်း မေ့နေတာ”

ဤကား သူဌေးကြီးပြောသည့် ဘဝနေနည်း ဖြစ်ပါသည်။

🔹 ကျန်းမာအောင်နေကွ၊ ကျန်းမာမှ ချမ်းသာအောင် လုပ်နိုင်တယ်။ စောစောသေတော့ ငါပြောသလို သူများအတွက် ဖြစ်တာပဲ။ လမ်းများများလျှောက်ကွ။ ရေများများသောက်။ ဆာလည်းသောက်၊ မဆာလည်းသောက်။

🔹 စကားတွေကို ကိုယ်ကလည်း အပိုမပြောနဲ့၊ သူများတွေ အများကြီး ပြောတာလည်း နားမထောင်နဲ့၊ အလုပ်နဲ့ ပတ်သက်တာပဲ နားထောင်၊ ပြော။ ကိုယ့်အလုပ်ကိုယ်လုပ်။

🔹 ကားအကောင်းစားကြီးကို ပိုက်ဆံအများကြီးပေးပြီး ဝယ်မစီးနဲ့၊ တော်ရုံလောက်ပဲစီး၊ ရောက်တာချင်း အတူတူပဲ။ ဇိမ်ခံဖို့ထက် အလုပ်အတွက် အဆင်ပြေဖို့ပဲစဉ်းစား။

🔹 တိုက်ကြီးကို ဟီးနေအောင် ဆောက်စရာ မလိုဘူး။ ကိုယ့် အိုးနဲ့ကိုယ့်ဆန် တန်ရုံလောက်ဆောက်။ သုံးလေးထပ် ဆောက်လည်း ကိုယ်နေမှာ တစ်နေရာတည်း။ အထပ်များ၊ အဆောင်များ ထိန်းရလည်းခက်။ ပိုက်ဆံလည်း အပိုထွက်။

🔹 အဝတ်ကောင်းကောင်း မလိုဘူး။ ရာသီအလိုက် ဝတ်ကောင်းတာမျိုးကိုပဲ ဝတ်ဖို့လိုတယ်။ တိုက်ပုံလေး ကောက်စွပ်လိုက်ရင် မင်းကို အထင်ကြီးပြီးသား။ သူဌေးဆိုတာ ဘာဝတ်ဝတ်လာလာ မင်းကို ဘာမှ မပြောဘူး။ ချီးကျူးတောင် ခံရဦးမှာ။

🔹 မင်းဘဝမှာ မင်းရှာခဲ့သမျှ ၂၅ ရာခိုင်နှုန်းလောက်တောင် မင်းမသုံးသွားနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းလောက် သူများဖို့ ထားခဲ့ရမှာ။ ဒါကြောင့် မသေခင်ဘာလုပ်မလဲ အမြဲစဉ်းစား။

🔹 မင်းပညာတွေ ဘယ်လောက်တတ်တတ် မင်းသင်ခဲ့တဲ့ ဘွဲ့ပညာရဲ့ ၂၅ ရာခိုင်နှုန်းလောက်တောင် လက်တွေ့ဘဝမှာ အသုံးမချနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းလောက်က လက်တွေ့နဲ့တတ်ပြီး ထမင်းစား နေရတာ၊

🔹 အတ္တတွေလျှော့၊

🔹 ကိုယ်မှမှန်၊ ကိုယ်လုပ်မှ မှန်တယ်ထင်တာ တကယ်တော့ မဟုတ်ဘူး။ ငါလည်းမှားနိုင်တာပဲဆိုတာကို နှလုံးသွင်း၊ သူလည်းမှန်နိုင်တာပဲလို့ စိတ်မှာထား၊

🔹 ဘယ်လိုအနေအထားရောက်ရောက် နှိမ့်ချရိုကျိုး အပိုးကျိုးကျိုးနေ၊ မထောင်လွှားနဲ့၊ မမောက်မာနဲ့၊

🔹 ပိုက်ဆံဘယ်လောက်ရှိရှိ၊ တစ်ပြားမှမရှိသလို သဘောထား။

ကျွန်တော် မှတ်မိသလောက် ပြန်ရေးပြခြင်းဖြစ်ပါသည်။ သူကား အတန်းပညာမရှိ။ ဘဝအသိဖြင့် ကျွန်တော့်ကို ဆိုက်ကားပေါ်မှာ လက်တွေ့ သင်ခန်းစာများကို သင်ကြားပေးသွားခြင်း ဖြစ်သည်။

ကျွန်တော်က ဆိုက်ကားကို ရပ်လိုက်ပြီး သူ့ကို တွဲရန် လက်ကို လှမ်းပေးလိုက်သည်။
“မလိုဘူးကွ ... အသက်ကြီးတဲ့ သူတိုင်းကို အတွဲခံချင်လိမ့်မယ်လို့ ဘယ်တော့မှ မထင်နဲ့။ အေး တစ်ခုတော့ ရှိတယ် ... သူလဲကျလို့ သနားရင် တွဲထူချင် ထူပေးလိုက်”

ကျွန်တော်က လက်ကို ရုပ်လိုက်ပြီး သူ့ကိုကြည့်ကာ ဆိုက်ကားကို လှည့်ရန် ပြင်သည်။
“မောင်ရင် ပိုက်ဆံ”
“ရပါတယ်ဦးလေး ... ဒီနေ့ ဦးလေးက ကျွန်တော့်ကို အများကြီး ပညာတွေပေးသွားတယ်”

“ဒီမှာ မောင်ရင် သူတို့ကိုယ်သူတို့ သူဌေးလို့ အထင်ခံနေရတဲ့ကောင်တွေကို မင်းက လူတတ်ကြီးလုပ်ပြီး ဘယ်တော့မှ ပိုက်ဆံမယူဘူး မလုပ်နဲ့ကွ ... သူတို့အတွက် ဆိုက်ကားခလောက်ကို မပေးလိုက်ရတာ ပီတိဖြစ်နေမှာ မဟုတ်ဘူး ... စိတ်ထဲမှာ ဒေါသထွက်နေမှာ ... ရော့ယူသွား”

ထိုနေ့က သူကျွန်တော့်ကို ပေးသည်မှာ တစ်ကျပ်စေ့။ ကျွန်တော်က ပြန်အမ်းရန် အိတ်ထဲကိုနှိုက်သည်။

“ဦးလေး ဒီမှာ ငါးမူး”
“ထားလိုက်ပါကွာ ... ဒီနေ့တော့ ငါ တစ်ကျပ်ပေးပါတယ်”
“နေပါ ဦးလေး ... ကျွန်တော်လည်း သူဌေးက သနားလို့ ငါးမူးပိုပေးတာ မယူချင်ဘူး”

“ကောင်းကွာ ... အဲဒါ မင်း ဆိုက်ကားသမား အစစ်မဟုတ်လို့”
သူက ကျွန်တော်ပေးသည့် ပိုက်ဆံငါးမူးကို ယူလိုက်သည်။
following for thanks all💛

စာပေနှင့်ခံစားချက်များ အစဉ်ဖတ်ရှုနိုင်ရန် 👇👇👇

https://www.facebook.com/profile.php?id=100092445617016&mibextid=ZbWKwL

🤍

18/06/2023

ပထမလူ ………
သိန်းသုံးထောင်ကျော်တန်
နောက်ဆုံးပေါ် လင်ခရူဇာ ကားကြီးစီးတယ် ။
သိန်းသောင်းကျော်တန် အိမ်🏠ရှိတယ်။
သူမှာ သိန်းသောင်းကျော်တန် လုပ်ငန်းကြီးရှိတယ်။
သို့ပေမယ့် အကြွေးသိန်း ပေါင်း တစ်သိန်း ကျော်ရှိနေတယ် ။

ဒုတိယလူ …………
သိန်းတစ်ရာ့ငါးဆယ်တန် Toyota ကား‌လေး မောင်းတယ်။သိန်းရာကျော် အိမ်လေးနဲ့နေတယ်။
သူ လုပ်ငန်းတိုးချဲ့ထားတာ သိန်းထောင်ကျော် အကြွေးတင်နေတယ် သူ့ဘဝမှာ အမြဲသောကဖြစ်နေရတယ် ။

တတိယလူ………
၁၀သိန်းဝန်းကျင် ဆိုင်ကယ်မောင်းတယ်
သူဘဏ်မှာ သိန်းရာကဏန်းကျော် စုထားတယ်
သူဘဝက ပုံမှန်အလုပ်သွား လူမှုရေးလုပ် အများအတွက် လုပ် မိသားစုကို တတ်နိုင်သလောက်အချိန် ပေး ဘုရားတရားမြဲနဲ့နေတယ်
မိဘအိမ်မှာ ကပ်နေတယ်

သူတို့သုံးယောက် ဆုံတွေ့ကြတော့ ဆိုင်ကယ် မောင်းနေတဲ့သူက Toyota မောင်းတဲ့လူကို အားကျတယ် ။ Toyota မောင်းတဲ့လူက လင်ခရူဇာ မောင်းတဲ့လူကို အားကျတယ် လင်ခရူဇာမောင်းတဲ့လူကလည်း ဆိုင်ကယ်မောင်းနေတဲ့ လူရဲ့ဘဝကို ပြန်အားကျနေပြန်တယ် ။

ဒါဟာ လောကမှာ လက်တွေ့ဖြစ်ပျက်နေတဲ့ အရာတွေပါ လူတိုင်း တစ်ယောက်ချင်းစီတိုင်းဟာ ရွှေငွေဥစ္စာပစ္စည်းနဲ့ ကံကြမ္မာရဲ့အစေခံတွေ ဖြစ်နေကြရတယ် ။

ကြောင်က ငါးကိုကြိုက်တယ်…
ဒါပေမယ့် ရေကျတော့ မကူးတတ်ပြန်ဘူး ။

ငါးက တီကောင်ကိုကြိုက်တယ် ဒါပေမယ့်
ကုန်းပေါ်တက်ပြီး ကိုယ်တိုင်ကျတော့
တီတူးပြီး မစားနိုင်ပါဘူး ။

ဒီကနေ့ ဘယ်လောက်ပဲကြီးတဲ့ ကိစ္စကြီးဖြစ်နေပါစေ ။ မနက်ဖြန်ကြတော့ သေးသေးမွားမွားလေး ပြန်ဖြစ်သွားရော…

ဒီနှစ် ဘယ်လောက်ကြီးတဲ့ အကြောင်းရာဘဲ ဖြစ်ဖြစ်… နောက်နှစ်ကြတော့ ပုံပြင် ပြန်ဖြစ်သွားရော..

အလွန်ဆုံးတော့ ကျွန်တော်တို့လည်း
တစ်ပါးသူနားထောင်ဖို့ *ပုံပြင်* ကိုယ်စီရှိနေရုံလေးပါပဲ...။

တစ်ကယ်တမ်းတော့ ဘဝက ဒီလောက်မျှသာပါပဲ....။

လွတ်လပ်မူဆိုတာ လူတိုင်းအတွက်
ဖြစ်နိုင်ပါတယ်……။

ကိုယ်က‌တော့ ရွေးချယ်မူ့အပေါ်
မူတည်ပါတယ်……

တစ်ခါတစ်လေတော့လည်း ရယ်မောမိပါတယ်။

following for thanks all💛

စာပေနှင့်ခံစားချက်များ အစဉ်ဖတ်ရှုနိုင်ရန် 👇👇👇

https://www.facebook.com/profile.php?id=100092445617016&mibextid=ZbWKwL

🤍

17/06/2023

“ငွေ”

ဪ ”ငွေ” “ငွေ” တစ်နည်းအားဖြင့် “ပိုက်ဆံ” ပေါ့
စာလုံးပေါင်းအနေနဲ့ ဖတ်ရတာအရမ်းလွယ်တယ်.... ပြောတာအရမ်း‌လွယ်တယ်
တကယ်ရှာရတဲ့အခါအများစုကတော့ နဖူးကချွေးစက် ခြေအဆုံးအထိကျအောင်ရုန်းကန်ရတယ် ချွေး/သွေးပေးစပ်ပြီးမှရတယ် ကျက်/ဖတ်ရတာအရမ်းလွယ်ကူသလောက် ရှာဖွေတဲ့အခါအရမ်းခတ်တာ ငဝစွဲ ”ငွေ”

ဆွေမျိုးတစ်ချို့ရဲ့ သဲသဲလှုပ် ဂရုစိုက်မှုတွေ
တစ်ချို့ဆရာ/ဆရာမတွေရဲ့ အလေးထားမှု ပေါင်းသင်းဆက်ဆံရေးမှာ
အရေးပါစေဖို့ ”ငွေ” ရှာပါ ညီ/ညီမ

“ငွေ” မရှိပဲ အိမ်ထောင်ပြုတော့မယ်ဆိုသေချာလေးစဉ်းစားစေချင်ပါတယ်....
”ဘာလို့လဲ” လို့မေးကောင်းမေးကြပါလိမ့်မယ်
တစ်ယောက်ထဲနေခဲ့ရတဲ့အချိန်မှာတောင် နှစ်လုံးထည်းနဲ့ ဘောင်ဘီကျပ်နေတာ
ပါးစပ်ပေါက်တစ်ပေါက် တိုးလာရင် ပိုကျပ်ပြီ...
ဆွေမျိုး ‌ ညီအစ်ကိုမောင်နှမတွေအားကိုးမယ်ထားဦး...

သူတို့လက်ထဲကပိုက်ဆံက အလိုလိုဘယ်သူကမှကြည်ကြည်ဖြူဖြူဘယ်ပေးချင်ကြမလဲ.....အခုနကပြောသလိုပဲ သူတို့လဲ ရင်းထားရတာလေ အချိန်တွေ ချွေး/သွေးအစသဖြင့်ပေါ့ .....ထားဦး
ကိုယ်ဘက်က အကို/အမ/ ညီ‌/ညီမ ကပေးချင်တယ်ပဲထား သူ့အမျိုးသား သူ့အမျိုးသမီးက ကြည်ဖြူနိုင်မယ်ဆိုတာ 100မှာ 1ယောက်လောက်သာပါ....
တကယ်လို့ အဲ့လိုလူတွေ့ရင် ကျေးဇူးပြန်မဆပ်နိုင်ရင်တောင်...
ကျေးဇူးမကန်းမိစေနငါ့ညီငါ့ညီမတို့....

ငယ်ရွယ်တုန်းကတော့ အချစ်က ရုပ်ရှင်ဆန်ကောင်းဆန်လိမ့်မယ်
နှစ်ယောက်ဖြစ်မှသိမယ်...အဲ့တာကြောင့် ”ငွေ”သာအရင်ရှာ ရှာရုံနဲ့မပြီးသေးဘူးဗျာ့
စုဖို့လည်းလိုသေးသဗျ။

အချစ်ဟာရုပ်ရှင်တွေလိုသာ အဆင်ပြေသာယာဖြောင့်ဖြူးနေမယ်ဆိုရင်....
“ခိုင်နှင်းဝေ” ဂေဟာကဘယ်ရှိလာမှတုန်း။

𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐩𝐡𝐨𝐭𝐨 𝐎𝐰𝐧𝐞𝐫 𝚉𝚊𝚕𝚊𝚗𝚗 ♡︎

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 09:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 06:00 - 17:00
Sunday 06:00 - 17:00