Development Squad
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Development Squad, Business consultant, Yangon.
We provide training services - to support organizations in Myanmar through high-quality, practical, and results-driven training solutions that enhance skills, strengthen leadership, and elevate workplace performance.
10/04/2026
"မြန်မာ့ရိုးရာ အတာသင်္ကြန်နှင့် နှစ်သစ်ကူးအခါသမယမှာ Development Squad Team မှ မိဘပြည်သူများနှင့် မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
နှစ်ဟောင်းက အညစ်အကြေးတွေ သင်္ကြန်ရေနဲ့အတူ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ အောင်မြင်မှုအသစ်တွေ ပိုင်ဆိုင်နိုင်ကြပါစေ။"
28/03/2026
What is Middle Management?
Middle management ဆိုတာဘာလဲ။?
Middle management တွေမှာဘာ့ကြောင့် Clear Decision လိုတာလဲ။?
လုပ်ငန်းခွင်တစ်ခုမှာ Middle Management ရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးပါတယ်။ အပေါ်ပိုင်း စီမံခန့်ခွဲသူတွေရဲ့ မဟာဗျူဟမြောက် စီမံကိန်းတွေကို အကောင်အထည်ဖော်ရသူတွေ ဖြစ်သလို၊ အောက်ခြေ ဝန်ထမ်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကိုလည်း ကြီးကြပ်ကွပ်ကဲရသူတွေ ဖြစ်ပါတယ်။
Middle Management ရဲ့ အဓိက တာဝန်တစ်ခုကတော့ ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက် (clear decision) ချမှတ်နိုင်ဖို့ ဖြစ်ပါတယ်။
လုပ်ငန်းခွင်အတွင်းမှာ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး၊ အချိန်ကိုက်၊ နေရာကိုက် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှသာ လုပ်ငန်းတွေ ချောမွေ့စွာ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
ဘာကြောင့် ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်က အရေးကြီးသလဲ?
၁။ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း - ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်က ဝန်ထမ်းတွေကို ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ် ဆိုတာကို တိတိကျကျ သိစေပြီး၊ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။
၂။ ပဋိပက္ခတွေကို လျှော့ချပေးခြင်း - ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်က လုပ်ငန်းခွင်အတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေကို လျှော့ချပေးပါတယ်။ ဆုံးဖြတ်ချက်က မရှင်းမလင်းဖြစ်နေရင် ဝန်ထမ်းတွေကြားမှာ နားလည်မှုလွဲမှားတာ၊ ငြင်းခုံတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
၃။ ယုံကြည်မှု တည်ဆောက်ပေးခြင်း - ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်က ဝန်ထမ်းတွေကြားမှာ ယုံကြည်မှု တည်ဆောက်ပေးပါတယ်။ ဆုံးဖြတ်ချက်က မျှတပြီး၊ ရှင်းလင်းနေရင် ဝန်ထမ်းတွေက စီမံခန့်ခွဲသူကို ပိုမိုယုံကြည်လာမှာ ဖြစ်ပါတယ်။
၄။ ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း - ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်က လုပ်ငန်းခွင်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စေပါတယ်။ ဆုံးဖြတ်ချက်က မှန်ကန်ပြီး၊ ရှင်းလင်းနေရင် ပြဿနာတွေကို ထိရောက်စွာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
ဘယ်လို ရှင်းလင်းပြတ်သားတဲ့
ဆုံးဖြတ်ချက် ချမှတ်မလဲ?
၁။ အချက်အလက်တွေကို စုဆောင်းပါ
၂။ အခြေအနေကို သုံးသပ်ပါ
၃။ ရွေးချယ်စရာတွေကို စဉ်းစားပါ
၄။ ဆုံးဖြတ်ချက်ချမှတ်ပါ
၅။ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ပါ
၆။ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပါ
Middle Management တစ်ယောက်အနေနဲ့ ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်က လုပ်ငန်းခွင်အတွင်း အောင်မြင်မှုရဲ့ သော့ချက်ဖြစ်ပါတယ်။
ရှေးနှောင်း 🍀
27/03/2026
🔥 Toxic Work Environment ကနေ ဘယ်လို ရုန်းထွက်ကြမလဲ ❓
ရုန်းထွက်ဖို့စမယ်ဆိုရင်တော့ …
1️⃣ Accept လုပ်ပါ –
ဒီနေရာက သင့်ကို တိုးတက်စေမယ့်နေရာ မဟုတ်တော့ဘူးဆိုတာ အရင်ဆုံး လက်ခံပါ။
2️⃣ Emotion မဟုတ်ဘဲ Logic နဲ့ ဆုံးဖြတ်ပါ –
စိတ်ဆိုးပြီး အလုပ်ထွက်တာမဟုတ်ဘဲ 🧠 Plan တစ်ခုနဲ့ ရွှေ့ပါ။
3️⃣ Skill ကို Upgrade လုပ်ထားပါ –
နောက်တစ်ခုကို မဝင်ခင် မိမိရဲ့တန်ဖိုးကို 🚀 မြှင့်ထားပါ။
4️⃣ Backup Plan ရှိပါ –
အလုပ်အသစ်ရှာထားပြီးမှ ထွက်တာက အန္တရာယ်နည်းနိုင်ပါတယ် ။ 📝
5️⃣ Boundaries သတ်မှတ်ပါ –
ထွက်မယ့်အထိ မိမိရဲ့ စိတ်ကျန်းမာရေးကို ကာကွယ်ပါ။
6️⃣ Right Timing ကို စောင့်ပါ –
အမြန်ထွက်တာထက် ⏳ မှန်တဲ့အချိန်မှာ ထွက်တာက ပိုအရေးကြီးတယ်။
💡 မင်းအလုပ်က မင်းဘဝကို ဖျက်ဆီးနေတယ်ဆိုရင် 🚫 အဲ့ဒီနေရာမှာ မနေသင့်တော့ပါဘူး။
📩 လက်ရှိ လုပ်ငန်းခွင်က မိမိရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုရင်တော့ ပိုကောင်းတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို သွားဖို့ ပြင်ဆင်သင့်ပါပြီ။ 🌈✨
Hazel 🌻
24/03/2026
People Management & DiSC (Part-1)
လုပ်ငန်းခွင်အတွင်း ထိရောက်စွာ စီမံခန့်ခွဲနိုင်မှုဆိုတာ အလုပ်များကိုသာမက လူများကို စီမံခန့်ခွဲနိုင်ခြင်းကလည်း အရေးကြီးတဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။
လူတွေကို စီမံခန့်ခွဲရာမှာ အရေးအကြီးဆုံးအချက်ကလူတစ်ဦးချင်းစီရဲ့ အမူအကျင့်နှင့် အပြုအမူများကို ကောင်းစွာနားလည်ခြင်း ဖြစ်ပါတယ်။
လူတွေကို နားလည်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေတဲ့ DiSC Personality Types ကို ဒီနေ့မှာ မျှဝေပေးသွားပါမယ်။
D - Dominance
Result Oriented ဖြစ်ပြီး စွန့်စားမှုကို မကြောက်သူ၊ အားမနာတတ်သူ၊ စိတ်မြန်လက်မြန်ရှိသူ၊ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ဆုံးဖြတ်ချက်ချမှု မြန်ဆန်သူ။
i - Influence
People Oriented ဖြစ်ပြီး တက်ကြွလှုပ်ရှားသူ၊ စကားပြောကောင်းသူ၊ လူမှုဆက်ဆံရေး ကောင်းမွန်သူ၊ တီထွင်ဖန်တီးမှု အားကောင်းသူ။
S - Steadiness
တည်ငြိမ်အေးဆေးသူ၊ စိတ်ရှည်သူ၊ နားထောင်နိုင်စွမ်းကောင်းသူ၊ ပံ့ပိုးကူညီမှုကောင်းသူဖြစ်ပြီး ပဋိပက္ခများကို ရှောင်ရှားလိုသူ။
C - Conscientiousness
Detail Oriented ဖြစ်ပြီး စနစ်တကျ လုပ်ကိုင်သူ၊ တိတိကျကျ ဆောင်ရွက်တတ်သူ၊ အမှားအယွင်းများကို ရှောင်ရှားလိုသူ၊ ဆုံးဖြတ်ချက်ချရာတွင် သေချာစဉ်းစားသူ။
အထက်ဖော်ပြပါ အချက်တွေက DiSC Personality ရဲ့ အခြေခံလက္ခဏာများဖြစ်ပြီး လူတိုင်းမှာ Type (၄) မျိုးလုံး ပါဝင်နေပါတယ်။ သို့ပေမဲ့ အားအကောင်းဆုံး နှင့် အားအနည်းဆုံး Type (၂) မျိုးက လူတစ်ဦးရဲ့ အဓိက Personality ကို ပိုမိုထင်ရှားစေပါတယ်။
DiSC က ကိုယ့်ရဲ့ခံယူချက်၊ အလုပ်အကိုင်နှင့် ပတ်ဝန်းကျင်အခြေအနေများအပေါ်မူတည်ပြီး ပြောင်းလဲနိုင်တာဖြစ်လို့ မိတ်ဆွေတို့ရဲ့ အားအကောင်းဆုံး Type (၂) မျိုးက ဘာဖြစ်မလဲဆိုတာ စဉ်းစားကြည့်ပြီး နောက်တစ်နေ့မှာ (Part-2) ကို ဆက်လက်မျှဝေပေးသွားပါမယ်ရှင်။
အခမဲ့ အွန်လိုင်းသင်တန်း -
Supervisory Skills Training
သင်ဟာ ပိုမိုထိရောက်ပြီး မိမိကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့
supervisor တစ်ဦး ဖြစ်လာဖို့ အဆင်သင့်ဖြစ်ပြီလား?
အသင်းအဖွဲ့ခေါင်းဆောင်များ၊ supervisor များနှင့် ခေါင်းဆောင်မှုကဏ္ဍတွင်
အခြေခံကောင်းများ ခိုင်မာလိုသည့် အနာဂတ်မန်နေဂျာလောင်းများအတွက်
ရည်ရွယ်သည့် (၂) ရက်ကြာ အခမဲ့ အွန်လိုင်း supervisory skill သင်တန်းသို့
တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါသည်။
📅 ရက်စွဲ: ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက် မှ ၁၂ ရက်အထိ
⏰ အချိန်: ညနေ ၆:၃၀ မှ ည ၈:၀၀ အထိ
💻 ပလက်ဖောင်း: Online with Google Meet (တိုက်ရိုက်သင်ကြားမှု)
သင်တန်းမှ လေ့လာသင်ယူရမည့်အချက်များ:
- Supervisor တစ်ဦး၏ အခန်းကဏ္ဍကို နားလည်သဘောပေါက်ခြင်း (Role of a Supervisor)
- Supervisor များအတွက် ဆက်သွယ်ပြောဆိုမှု စွမ်းရည်များ (Communication Skills)
- လုပ်ငန်းတာဝန်များ ခွဲဝေပေးအပ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှု (Delegation Skills)
- လုပ်ငန်းစွမ်းဆောင်ရည် စီမံခန့်ခွဲခြင်း (Performance Management)
- လမ်းညွှန်ပြသပေးခြင်းဆိုင်ရာ ကျွမ်းကျင်မှု (Coaching Skills)
- ပဋိပက္ခများကို ဖြေရှင်းစီမံခြင်း (Conflict Management)
- ကြီးကြပ်သူများအတွက် စိတ်လှုပ်ရှားမှုဆိုင်ရာ အသိဉာဏ် (Emotional Intelligence)
- အချိန်နှင့် လုပ်ငန်းဦးစားပေးများကို စီမံခန့်ခွဲခြင်း (Time and Priority Management)
ဒီသင်တန်းကို ဘယ်သူတွေ တက်သင့်လဲဆိုတော့ .....
၁) Supervisor အသစ်များ (New Supervisors)
၂) အသင်းအဖွဲ့ခေါင်းဆောင်များ (Team Leaders)
၃) ရာထူးတိုးရန် ပြင်ဆင်နေသည့် စီနီယာဝန်ထမ်းများ (Senior Staff preparing for promotion)
၄) ကြီးကြပ်မှုစွမ်းရည်နှင့် ယုံကြည်မှုကို မြှင့်တင်လိုသူတိုင်း (Anyone who wants to improve supervisory confidence)
🎯 မိမိ၏ ခေါင်းဆောင်မှုစွမ်းရည်ကို အခမဲ့ မြှင့်တင်နိုင်မည့် ယခုအခွင့်အရေးကို လက်လွှတ်မခံလိုက်ပါနဲ့။
😊မကြာခင်မှာ online မှာ ဆုံကြမယ် (See You Soon)
Register လုပ်ဖို့ရန်အတွက်လင့်
👇
https://forms.gle/eWGLCpcVYNNFJJfVA
မိတ်ဆွေရဲ့ ဘော်ဒါတွေနဲ့ အတူ Join ဖို့ Share ပေးလိုက်ပါဦး
Telegram ယာယီ Group ကနေပါ Google meet link ကို ရှယ်ပေးသွားမှာမို့ join ထားလိုက်တော့
Telegram Link
https://t.me/+3uOj3OC4Z4kzZjA1
25/02/2026
Leadership Insight 💡
သင်ရဲ့လုပ်ငန်းခွင်မှာ ကြိုးစားအားထုတ်ပြီး အလုပ်လုပ်ခြင်း (Hard Working) က အရေးကြီးပါတယ်။
ဒါပေမဲ့ အလုပ်ကြိုးစားလုပ်ရုံဖြင့် အဖွဲ့အစည်းအတွင်းမှာ ရာထူးတိုးဖို့ / ခေါင်းဆောင်တစ်ဦး ဖြစ်ဖို့ မလုံလောက်စေပါဘူး။
Hard Working အပြင် တကယ်တမ်း အဓိက လိုအပ်တဲ့အချက်တွေက
▪️Critical Thinking - ဝေဖန်ပိုင်းခြား စဥ်းစားတွေးခေါ်နိုင်ခြင်း
▪️Communication - ထိရောက်စွာ ပြောဆိုဆက်သွယ်နိုင်ခြင်း
▪️Responsibility - တာဝန်ယူနိုင်ခြင်း
▪️Reliability - ယုံကြည်စိတ်ချရခြင်း
▪️Positive Attitude - အပြုသဘောဆောင်သော သဘောထားရှိခြင်း
စတဲ့အချက်တွေကို အထက်လူကြီးနဲ့ Organization တော်တော်များများက ပိုမို တန်ဖိုးထားကြပါတယ်။
ဒါကြောင့် သင့်ဟာ လက်ရှိလုပ်ငန်းခွင်မှာ အလုပ်ပြီးဆုံးဖို့အတွက်သာ အာရုံစိုက်နေသူလား၊ သို့မဟုတ် အထက်ပါ Skills များကို တိုးတက်အောင်လေ့လာပြီး လက်တွေ့အသုံးချနေသူလားဆိုတာ ပြန်လည်ဆန်းစစ်ကြည့်နိုင်ပါတယ်။
20/02/2026
“Growth is never by mere chance; it is the result of forces working together.”
— James Cash Penney —
▪️ တိုးတက်မှုဆိုတာ ကံကောင်းလို့ ဖြစ်လာတာမဟုတ်ပါဘူး။ ❎
▪️သိထားတဲ့အသိပညာ ၊ လက်တွေ့အသုံးချမှု ၊ ဆက်လက်ကြိုးစားမှု ဆိုတဲ့ အရာတွေကို အတူတူ လှုပ်ရှား ရုန်းကန်မှပဲ ပြောင်းလဲမှုဆိုတာ ဖြစ်လာတာပါ။ ✅
▪️Knowledge Sharing ဆိုတာ -
စာဖတ်ဖို့အတွက်မဟုတ်ဘူး။ ❎
အသုံးချဖို့အတွက်ပါ။ ✅
▪️Mindset တစ်ချက် ပြောင်းနိုင်ရင် Skill တစ်ခု တိုးနိုင်တယ်။ 📈
▪️Skill တိုးနိုင်ရင် ဘဝတစ်ခုလုံး ပြောင်းနိုင်တယ်။ 🪐
▪️ဒီနေ့ သင်ယူထားတာကို ဒီနေ့ပဲ လက်တွေ့အသုံးချပါ။ အနာဂတ်က သင့်ဘက်ကို ရွှေ့လာပါလိမ့်မယ်။ ✨🌄
Hazel 🌻
15/02/2026
Follower ကောင်းတစ်ယောက်ဖြစ်ရန်
Leader ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် Follower ကောင်းတစ်ယောက်ဖြစ်ဖို့လည်း အလွန်အရေးကြီးပါတယ်။ အဖွဲ့အစည်း၊ မိသားစု၊ လုပ်ငန်းခွင်တွေ အောင်မြင်နိုင်တာက Leader တစ်ယောက်တည်းကြောင့်မဟုတ်ဘဲ တာဝန်ယူမှုရှိတဲ့ Follower တွေကြောင့်ပါ။
ပထမဦးစွာ Follower ကောင်းတစ်ယောက်ဟာ နားထောင်တတ်ရပါမယ်။ အာရုံစိုက်နားထောင်ခြင်း၊ မရှင်းလင်းတာများကို မေးမြန်းခြင်း၊ အဖွဲ့ရဲ့ ရည်မှန်းချက်ကို နားလည်အောင် ကြိုးစားခြင်းတို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် NASA လို အဖွဲ့အစည်းကြီးများတွင် အောင်မြင်မှုရရှိနိုင်ခြင်းမှာ အဖွဲ့ဝင်များ၏ စည်းကမ်းရှိပြီး တိကျသော လိုက်နာဆောင်ရွက်မှုကြောင့် ဖြစ်ပါတယ်။
ဒုတိယအချက်က ယုံကြည်စိတ်ချရမှု ဖြစ်ပါတယ်။ တာဝန်ပေးထားသည့် အလုပ်များကို အချိန်မီ ပြီးစီးစေခြင်း၊ ကတိပေးထားသည်များကို လိုက်နာခြင်းတို့သည် ယုံကြည်မှုကို တည်ဆောက်ပေးနိုင်ပါတယ်။
ထို့အပြင် လေးစားမှုနှင့် ဆက်သွယ်ပြောဆိုမှုကောင်းမွန်ခြင်းလည်း လိုအပ်ပါတယ်။ Follower ကောင်းတစ်ယောက်ဖြစ်ခြင်းသည် မျက်စိမိတ် စုံလုံးကန်းပြီး လိုက်နာခြင်းမျိုးမဟုတ်ပါ။ လိုအပ်ပါက လေးစားစွာဖြင့် အကြံပြုချက်များ ပေးနိုင်ရပါမယ်။
Mahatma Gandhi ကဲ့သို့သော ပုဂ္ဂိုလ်သည်လည်း အကြံပြုမှုများနှင့် တာဝန်ယူမှုရှိသော follower ကောင်းများ ရှိခဲ့သည်။
နောက်ဆုံးအချက်အနေဖြင့် ကိုယ်တိုင်လည်း အစပြုလုပ်ဆောင်နိုင်ရပါမယ်။ အမြဲညွှန်ကြားချက်ကို စောင့်မနေဘဲ လိုအပ်သည်များကို ခန့်မှန်းနိုင်ခြင်း၊ အကူအညီပေးနိုင်ခြင်းနှင့် ကိုယ်ပိုင်စွမ်းရည်များကို တိုးတက်အောင် ဆောင်ရွက်ခြင်းတို့သည် Follower ကောင်းတစ်ယောက်၏ လက္ခဏာများဖြစ်ပါတယ်။
အနှစ်ချုပ်အားဖြင့် Follower ကောင်းတစ်ယောက်ဖြစ်ရန် တာဝန်ယူမှုရှိခြင်း၊ လေးစားမှုရှိခြင်း၊ ယုံကြည်စိတ်ချရခြင်းနှင့် အဖွဲ့၏ ရည်မှန်းချက်များအပေါ် သစ္စာရှိခြင်းတို့ လိုအပ်ပါသည်။
Follower ကောင်းများရှိလျှင် Leader များလည်း ပိုမိုအားကောင်းလာပြီး အောင်မြင်မှုကို အတူတကွ တည်ဆောက်နိုင်ပါသည်။
14/02/2026
Young Leader ဖြစ်ဖို့ ရာထူးမလိုဘူး — Mindset လိုတယ်
Young Leader ဆိုတာ အသက်ငယ်တာမဟုတ်ဘူး။
တာဝန်ယူရဲတဲ့ စိတ်ရှိတာကို ဆိုလိုတာပါ။
Team ထဲမှာ —
💬 အကြံပေးရဲလား?
🤝 လူတွေကို ကူညီပေးလား?
🔥 အခက်အခဲတွေမှာ မရှောင်ဘဲ ရင်ဆိုင်လား?
ဒါဆို သင်က Leader လမ်းပေါ်မှာရှိနေပြီ။
Young Leader က —
✔️ Perfect မဖြစ်သေးလည်း စလုပ်ကြည့်တယ်
✔️ အမှားတွေကနေ သင်ယူတယ်
✔️ ကိုယ့်လုပ်ရပ်နဲ့ ယုံကြည်မှုတည်ဆောက်တယ်
ဒီနေ့ သင့်ကိုယ်သင် မေးကြည့်ပါ —
👉 “ငါ follower တစ်ယောက်လား… ဒါမှမဟုတ် change maker တစ်ယောက်လား?”
24/01/2026
ဒီနေ့က ရုံးပိတ်ရက် ဖြစ်တဲ့အတွက် အားလုံးနဲ့အတူ အမြင်လေးတစ်ခု မျှဝေချင်ပါတယ်။
🔹ကိုယ့်ရဲ့ လုပ်ငန်းခွင်အတွင်း ရေရှည်တိုးတက်အောင်မြင်ဖို့အတွက် ဘယ်အရည်အချင်းက အရေးအကြီးဆုံးလို့ ထင်ပါသလဲ?
🔹Which Skills impact your career growth most?
▫️Communication
▫️Problem Solving
▫️Technical Expertise
▫️Relationship Management
သင့်ရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ရွေးချယ်ပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
21/01/2026
လုပ်ငန်းခွင်မှာ communication က ဘာကြောင့် အရေးကြီးလဲ?
“အလုပ်မှာ သတင်းအပြည့်အစုံမရလို့ စိတ်ရှုပ်ဖူးလား? လူတိုင်းက ဆုံဖြတ်ချက်တစ်ခုအပေါ် ထင်ကြေးတွေ အမျိုးမျိုး ပြောနေတာ ဘာကြောင့်မှန်းမသိတာမျိုး ဖြစ်ဖူးလား?”
ဒါက Performance နဲ့ မဆိုင်ပါဘူး၊ communication မရှင်းလင်းတာပါ။
လုပ်ငန်းခွင်မှာ Leader/Manager တွေအနေနဲ့ communication ကို ကောင်းကောင်း လုပ်ပေးဖို့လိုပါတယ်။ Communication ဆိုတာ instruction ပေးယုံပဲ မဟုတ်ပါဘူး။
ဒါကြောင့် Leader/Manager တွေအနနဲ့ Communication မှာက အရေးကြီးတဲ့ အချက် ၃ ချက် လုပ်ဆောင်ပေးဖို့ လိုပါတယ်—
1️⃣ Update Information တွေ မျှေ၀တာ
2️⃣ Decision Information တွေ မျှေ၀တာ
3️⃣ Problem Information တွေ မျှေ၀တာ
ဒီ ၃ မျိုးလုံးကို ရှင်းလင်းနေအောင် လုပ်ဆောင်ပေးထားရင် အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။
ပထမအချက်ဖြစ်တဲ့
Update Information နဲ့ပတ်ပြီး team members တွေကို သိအောင် လုပ်ပေးပါ။
- ဥပမာ - အစီအစဉ်တွေ ပြောင်းသွားတာ၊ Deadline ပြောင်းသွားတာ၊ ဦးစားပေး အလုပ်တွေ ပြောင်းသွားတာတွေရှိရင် ဝန်ထမ်းတွေကို သိအောင်ပြောရပါတယ်။
- Update Info မရရင် ခန့်မှန်းပြီးလုပ်ရတယ်တယ်။
ခန့်မှန်းလုပ်ရရင် မှားလိမ့်မယ်။
ဒုတိယအချက်ဖြစ်တဲ့
Decision Information တွေကိုလည်း team members တွေကို သိအောင် လုပ်ပေးပါ။
- အထူသဖြင့် ဝန်ထမ်းတွေက“ဘာလုပ်ရမလဲ” ဆိုတာပဲ သိနေယုံနဲ့မရပါဘူး၊
“ဘာကြောင့် ဒီဆုံးဖြတ်ချက် ချထားလဲ” ဆိုတာကိုပါ သိဖို့လိုပါတယ်။
- အဲ့ဒီ အကြောင်းအရင်းကို နားလည်ထားရင် သူတို့ အပြည့်အ၀ မထောက်ခံရင်တောင် အလုပ်ကို ပူးပေါင်းပါ၀င်လုပ်ဆောင်လာပါတယ်။
တတိယအချက်ဖြစ်တဲ့
Problem Information တွေကို team members တွေ သိအောင် လုပ်ပေးပါ။
- ပြဿနာမရှိတဲ့ လုပ်ငန်းခွင်ဆိုတာ မရှိပါဘူး။
- ကိုယ်ကိုယ်တိုင် ပြဿနာ ဖြစ်နေတာကလည်း အန္တရာယ် မရှိပါဘူး။
အန္တရာယ်ရှိတာ ပြဿနာကို မပြောပဲ ဖုံးကွယ်ထားတာပါ။
- ပြဿနာကို စောစောစီးစီပြောရင် စောစောစီးစီသိပြီး စောစောဖြောရှင်းနိုင်တယ်။
- လက်တွေ့မှာတော့
ခေါင်းဆောင်/မန်နေဂျာတချို့က သတင်းကို သိပ်မပြောချင်ကြဘူး ဘာကြောင့်လဲဆိုတော့
- Team members တွေကို စိတ်ပူပန်မှုများ ဖြစ်သွားစေမလား ဆိုတဲ့ အတွေး
- ငါ့ကို မေးခွန်းတွေ မေးနေပါဦးမယ် ဆိုတဲ့ အတွေး
- သူတို့မသိ နားမလည်တာက ပိုကောင်းပါတယ် ဆိုတဲ့ အတွေးတွေနဲ့
မပြောကြဘူး
အဲ့ဒါတွေကို တကယ့်လက်တွေ့မှာ အခုလို..
၁. Silence နေတာက rumors တွေ ဖြစ်စေတယ်
၂. Rumors တွေက fear တွေကို ဖြစ်လာစေတယ်
၃. Fear တွေက teamwork ကို ပျက်စီးစေတယ်
ဒါကြောင့် clear communication ဖြစ်ဖို့ အပေါ်က ၃ ချက်နှင့် ဆန့်ကျင်ဘက်ကို လုပ်ပါ။
ဒါကြောင့် ဝန်ထမ်းတစ်ယောက်အနေနဲ့—
- Update Info နဲ့ ပတ်သက်ပြီး မရှင်းတဲ့ အချက်တွေရှိရင် မေးပါ။
- အတင်းအဖျင်းပြောနေတာထက် နားလည်အောင် ကြိုးစားပါ။
- ပြဿနာကို စောစောစီးစီး ပြောပါ နောက်မကျပါစေနဲ့။
"Communication ဆိုတာက ကိုယ်ကအရာအားလုံးကို သိနေတာကို ဆိုလိုတာမဟုတ်ပါဘူး၊ အရေးကြီးတာတွေကို team members တွေကို အချိန်ကိုက် မှန်ကန်စွာ မျှဝေပေးနိုင်တာကို ဆိုလိုတာပါ။"
လုပ်ငန်းခွင်မှာ communication ယခုထက် ပိုကောင်းတဲ့ Leader/Manager တွေ ဖြစ်လာပါစေ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |