Welcome - Home Essentials

Welcome - Home Essentials

Share

အချိန်ကုန်လူပင်ပန်းသက်သာစေသည့်မီးဖိုချောင်သုံးပစ္စည်းများကိုဖြန့်ချီပေးနေပါတယ်။

ကျွန်မတို့သည် Welcome - Home Essentials ကို မိသားစုတိုင်းအတွက် ပျော်ရွှင်နွေးထွေးစေတဲ့ မီးဖိုချောင်တစ်ခု အိမ်တိုင်းတွင် ဖန်တီးပေးစေလိုသော ရည်ရွယ်ချက်နဲ့ နွေးထွေးမှုလိုအပ်နေသူများကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီဖေးမပေးလိုသောကြောင့်လည်း စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်မတို့သည် တကယ်ကိုအသုံးဝင်ပြီး အချိန်ကုန်လူပင်ပန်းသက်သာစေသည့် မီးဖိုချောင်ပစ္စည်းများကို မကြိုက်ရင် ငွေပြန်အမ်းသောစနစ်ဖ

17/04/2024

💦🙏 မြန်မာသက္ကရာဇ် (၁၃၈၆) ခုနှစ်၊ ဧပြီလ (17) ရက်နေ့မှာ ကျရောက်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့ မဟာသင်္ကြန်အခါသမယမှာ စီးပွားလာဘ်လာဘတွေတိုးတက်ပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း Welcome Home Essentials (WHE) မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါသည် 💦🙏

01/01/2024

🥳 HAPPY NEW YEAR 🥳
‎‎
🥂✨HELLO 2024
‎‎‎
✨Welcome Home Essentials ရဲ့ မိတ်ဟောင်းမိတ်သစ် Customer တွေအတွက် နှစ်သစ်ဆုတောင်းလေးကတော့ …
‎‎‎
🙏 2024 နှစ်သစ်ဟာ အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေ၊ ချစ်ခင်မှုတွေ နဲ့ ပြည့်ဝနေမယ့် နှစ်သစ်တစ်ခု ဖြစ်ပါစေ
‎‎‎
💝 တွေ့ကြုံရမယ့် အခက်အခဲ၊ စိန်ခေါ်မှုတွေအားလုံးကို ကောင်းကောင်းမွန်မွန်ကျော်ဖြတ်နိုင်ပြီးတော့ အမှတ်တရကောင်းတွေပြည့်နေတဲ့ နှစ်သစ်တစ်ခုဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်
‎‎‎
🥰 Welcome Home Essentials ရဲ့ Customer တွေအားလုံး စိတ်သစ်၊ လူသစ်၊ ကျန်းမာပျော်ရွှင်စွာနဲ့ 2024 နှစ်သစ်ကို တူတူကြိုဆိုလိုက်ရအောင်

11/12/2023

📣 ဆီးချိုထမင်းပေါင်းအိုး အာမခံပေါ်လစီပြောင်းလဲကြောင်း အသိပေးခြင်း

လက်ရှိအခြေအနေများကြောင့် ညီမတို့ရဲ့စက်ရုံမှ အပိုပစ္စည်းများ သယ်ယူပို့ဆောင်ရန် အခက်အခဲများစွာ ကြုံတွေ့နေရပါသည်

ထို့ကြောင့် (1) နှစ်အောက်သက်တမ်းရှိသော ဆီးချိုထမင်းပေါင်းအိုးများကိုသာ Service ပေးနိုင်တော့မှာဖြစ်ပြီး (1) နှစ်ကျော်သက်တမ်းရှိသော ဆီးချိုထမင်းပေါင်းအိုးများကိုတော့ အပိုပစ္စည်းမလုံလောက်မှုကြောင့် Service မပေးနိုင်တော့ကြောင်း ဝမ်းနည်းစွာ အသိပေးအပ်ပါသည်

သို့သော်လည်း Customer များရဲ့ အရေးတကြီး လိုအပ်ချက်အခက်အခဲများပေါ်မူတည်ပြီး တတ်နိုင်သလောက် Service ပေးနိုင်ရန် ကြိုးစားဆောင်ရွက်ပေးပါမည်

အဲ့ဒီလိုအခြေအနေတွေမှာတော့ ပေးရတဲ့ Service ပေါ်မူတည်ပြီး ပြုပြင်ခအနည်းငယ် ကျသင့်နိုင်သည်ကိုတော့ နားလည်ပေးစေလိုပါသည်

မတည်ငြိမ်သော အခြေအနေများကြောင့် Welcome Home Essential ၏ ပေါ်လစီများ ပြောင်းလဲခြင်းအပေါ် Customer များ နားလည်နိုင်မည်ဟု မျှော်လင့်မိပါသည်

🙏 ယခုအချိန်ထိ ဝယ်ယူအားပေးခဲ့ကြသော Customer တစ်ယောက်ချင်းစီတိုင်းကို Welcome Home Essential မှ အထူးကျေးဇူးတင်ရှိပါသည်.......

08/12/2023

ကိုယ့်မီးဖိုချောင်မှာ လက်နှီးစုတ်တစ်ခုတည်းကို ဘက်စုံသုံးနေတယ်ဆိုရင် ဒီစာလေးကို ဖတ်ဖြစ်အောင်ဖတ်နော် 🙌

📢 မီးဖိုချောင်ထဲမှာ နေ့စဥ်ထိတွေ့နေရတဲ့ ဒီအရာလေးကို ပေါ့တန်တန် တွေးမထားပါနဲ့ အိမ်ရှင်မတို့။


🙋 အိမ်ရှင်မတိုင်းရဲ့ မီးဖိုချောင်ထဲမှာ ဟင်းတွေချက်ပြုတ်ပြီးရင် သန့်ရှင်းရေးလုပ်ဖို့ဆိုပြီး လက်နှီးစုတ်လေးတစ်ခု အမြဲလိုလို ဆောင်ထားကြတာကို သတိထားမိကြမှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံက အိမ်ထောင်ရှင်မ အမျိုးသမီးတိုင်းမှာ တွေ့ရတတ်ပါတယ်။


💁🏻‍♀️ အားလုံးသိတဲ့အတိုင်း မီးဖိုချောင်ဆိုတာ အိမ်တစ်အိမ်လုံးမှာ ညစ်ပတ်အလွယ်ဆုံး နေရာတစ်နေရာဖြစ်ပြီး အမြဲဂရုတစိုက် သန့်ရှင်းပေးဖို့ လိုအပ်နေတဲ့ ရပ်ဝန်းငယ်တစ်ခုလည်း ဖြစ်ပါတယ်။ အသား၊ငါးတွေ ချက်ပြုတ်ပြင်ဆင်တာကနေစပြီး ပန်းကန်ဆေးတဲ့အထိ ဒီနေရာမှာပဲ အချိန်ပြည့်လုပ်ဆောင်နေရတော့ မမြင်ရတဲ့ ဘက်တီးရီးယားပိုးမွှားများစွာက မီးဖိုချောင်ရဲ့ နေရာတိုင်းမှာ ပေါက်ဖွားနေတတ်ပါတယ်။


🐛 ဒါ့ကြောင့် မီးဖိုချောင်ထဲက ရေစိုနေတဲ့စင်တွေ၊ ပန်းကန်တွေကို ရေသုတ်တဲ့အခါတို့၊ အိုးတွေကို မီးဖိုပေါ်ကနေ ချတဲ့အခါတို့၊ စားပွဲတွေကို သုတ်ချတဲ့အခါတို့မှာ အသုံးပြုလေ့ရှိတဲ့ စိုထိုင်းနေတဲ့ လက်နှီးစုတ်လေးမှာ မိသားစုကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ရောဂါပိုးမွှားတွေ အများကြီး ကပ်ငြိနေနိုင်ပါတယ်။


🤦 အိမ်ရှင်မ အများစုကလည်း မီးဖိုချောင် သန့်ရှင်းရေးအတွက် အသုံးချခံနေရတဲ့ ဒီလက်နှီးစုတ်လေးကိုပဲ သန့်ရှင်းရေး ပြန်လုပ်ပေးဖို့ မေ့လျော့နေကြတာ များပါတယ်။ ပိုးမွှားပေါင်းစုံ ကပ်ငြိနေတဲ့ လက်နှီးစုတ်လေးကို ကိုင်ပြီး လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် မဆေးရင်တော့ ဘယ်လောက်ပဲ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကို ချက်ပြုတ်ထားတယ်လို့ ပြောပါစေ ရောဂါပိုးမွှားတွေ ပါဝင်နေတဲ့ ဟင်းပွဲတွေကို ဖန်တီးနေမိဦးမှာပါပဲ။


🚫 ဒါ့အပြင် မီးဖိုချောင်သုံး လက်နှီးစုတ်လေးကို အချိန်ကြာကြာ အသုံးပြုပြီးမှ လျှော်တာဟာ မိသားစုကျန်းမာရေးအတွက် ဒီလိုမျိုး အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။


📌 ဗိုက်အောင့် ဗိုက်နာတာ
📌 အစာ အဆိပ်သင့်တာ
📌 ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
📌 အူရောင်ငန်းဖျားဖြစ်တာ
📌 နေမကောင်းဖြစ်တာ စတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။


🤷 ဒီတော့ ဒီလိုမျိုး ရောဂါဝေဒနာဆိုးတွေကို မခံစားရအောင် လက်နှီးစုတ်လေးကို ဘယ်လိုအသုံးပြုရမလဲ။


✅ အစားအသောက်တွေနဲ့ လက်နှီးစုတ်ကို ခပ်ဝေးဝေးမှာ ထားပါ။


✅ ဖြစ်နိုင်ရင် လက်နှီးစုတ်တွေကို တစ်ရက်တစ်ခါ လျှော်ပေးပါ။ ဒါပေမဲ့ ( 3 ) ရက်ထက်တော့ ပိုမသုံးမိပါစေနဲ့။


✅ လက်နှီးစုတ်ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးပြီးမှ အစားအသောက်တွေကို ချက်ပြုတ်ပြင်ဆင်ပါ။


✅ သူ့အကန့်နဲ့သူ လက်နှီးစုတ်တွေကို ခွဲသုံးပါ။ ( ဥပမာ− မီးဖိုချောင်သုံး၊ အိမ်သန့်ရှင်းရေးသုံး…..)


✅ လက်နှီးစုတ်တွေကို ( 3 ) လတစ်ကြိမ် အသစ်လဲပေးပါ။


🖐️ ဒီအချက်တွေအတိုင်း လက်နှီးစုတ်လေးကို စနစ်တကျ အသုံးပြုမယ်ဆိုရင်တော့ ကျန်းမာရေး ဘေးအန္တရာယ်တွေ ဖြစ်မလာအောင် မိသားစုအတွက် ကြိုတင်ကာကွယ်ထားပြီးသား ဖြစ်မှာပါ။


🥰 သေးငယ်တယ်လို့ ထင်ရတဲ့ အရာလေးတွေက ကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတတ်တာကြောင့် မပေါ့မဆပဲ ခုတည်းက အလေ့အကျင့်ကောင်းတွေကို ပြောင်းလဲပျိုးထောင်ထားဖို့ တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။

07/12/2023

ယနေ့ ဒီဇင်ဘာလ (𝟕) ရက်နေ့ဟာဆိုရင်တော့ မြန်မာတို့ရဲ့ ❝(𝟏𝟎𝟑) ကြိမ်မြောက် အမျိုးသားနေ့❞ ပဲ ဖြစ်ပါတယ်။
‎‎‎‎
❝အမျိုးသားနေ့❞ ဟာ မြန်မာ့သမိုင်းစာမျက်နှာမှာ အလွန်တရာ အရေးပါခဲ့တဲ့ နေ့ထူးနေ့မြတ်တစ်ရက် ဆိုရင်လည်း မမှားပါဘူး။
‎‎‎‎
‎‎‎‎
🙌 ❝အမျိုးသားနေ့❞ ဖြစ်ပေါ်လာပုံကို အကျဉ်းချုံး ရှင်းပြရမယ်ဆိုရင် …

(𝟏𝟗𝟐𝟎) ပြည့်နှစ်ကာလမှာ ဗြိတိသျှကိုလိုနီ အစိုးရဟာ မျှတမှုမရှိတဲ့ ယူနီဗာစတီအက်ဥပဒေတစ်ရပ်ကို ပြဌာန်းပြီး မြန်မာကျောင်းသားများရဲ့ ပညာသင်ကြားခွင့်ကို ဖိနှပ်ချုပ်ချယ်ဖို့ ကြိုးစားခဲ့ပါတယ်။
‎‎‎
ဒီလိုဖိနှိပ်မှုကို သည်းခံနိုင်စွမ်းမရှိတဲ့ မြန်မာကျောင်းသားထုဟာ နောင်တစ်ချိန်မှာ အမျိုးသားအောင်ပွဲရယ်လို့ ဖြစ်လာမယ့် တက္ကသိုလ်ကျောင်းသားသပိတ်ကြီးကို စတင်ဆင်နွှဲခဲ့ကြပါတော့တယ်။
‎‎‎
ဒီသပိတ်ကြီးမှာ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားများရဲ့ ရဲရင့်မှု ၊ စိတ်ဓာတ်ခိုင်မာမှု ၊ စည်းလုံးညီညာမှုတို့ကို မှတ်ကျောက်တင်ဂုဏ်ပြုတဲ့အနေနဲ့ တန်ဆောင်မုန်းလဆုတ် (𝟏𝟎) ရက်နေ့ကို ❝အမျိုးသားနေ့❞ အဖြစ် သတ်မှတ်ခဲ့ကြတာပါ။
‎‎
‎‎‎
🎉 ဒီလိုမျိုး အဓိပ္ပါယ်လေးနက်ပြီး သမိုင်းအနှစ်သာရပြည့်ဝလှတဲ့ ❝(𝟏𝟎𝟑) ကြိမ်မြောက် အမျိုးသားနေ့❞ ကို ညီမတို့ 𝐖𝐞𝐥𝐜𝐨𝐦𝐞 - 𝐇𝐨𝐦𝐞 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥𝐬 မိသားစုကနေပြီးတော့ ဝမ်းမြောက်ဝမ်းသာစွာနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုလိုက်ရပါတယ်ရှင်။
‎‎‎

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

ယုံကြည်စိတ်ချရဆုံး ... Welcome - Home Esentials

ကျွန်တော်တို့ရဲ့ Welcome Home Essential ကတော့

အရည်သွေးပြည့်မီပြီးခေတ်မီတဲ့ အိမ်သုံးပစ္စည်းတွေကို

ဝယ်ယူသူတွေဆီ အိမ်အရောက်ငွေချေစနစ်နဲ့ရောင်းချပေးနေပြီး

ခေတ်မီ၊ သန့်ရှင်းသပ်ရပ်တဲ့ လူနေမှုဘဝတွေဆီကို အရောက်လှမ်းနိုင်ဖို့ ကူညီပေးနေတာပဲ ဖြစ်ပါတယ်။

Category

Address


No. 403, Tower A, The Leaf Residence, Hlaing Township
Yangon