Mr.Holiday

Mr.Holiday

Share

Tour Guide,Travel Service,Bus Ticket,Hotel Booking Service,Bike Rental,Car Rental,Traditional Food

Photos from Mr.Holiday's post 07/10/2021

မွန်ပြည်နယ် - ပေါင်မြို့မှာတဲ့နော် 😍😍
ဇင်းကျိုက် တောင်ပေါ်ရေတံခွန်အပန်းဖြေစခန်းမှ
ကြိုဆိုပါတယ်ဗျာ 🙏
တစ်နိုင်ငံလုံးကမိဘပြည်သူများကိုဖိတ်ခေါ်ပါတယ် လာလည်ကြည့်ပါ အရမ်းလှပါတယ် ရှုခင်းတွေကြည့်ရတာ ရန်ကုန်မှာမွန်းကြပ်နေသမျှတစ်ခါတည်းအပန်းပြေသွားတာပဲ 😌😌

မွန် ကရင် တိုင်းရင်းသားရိုးရာအိမ်များမှာနားနေအပန်းဖြေပြီး ရိုးရာအစားသောက်များလဲရရှိနိုင်ပါတယ် - တောင်ပေါ်ရှုခင်းများ။ရေတံခွန်ရဲ့သဘာဝအလှနဲ့လေကောင်းလေသန့်များကိုရှုရှိက်အမောဖြေပြီး စိတ်ကြည်လင်မူကိုရရှိမှာပါ - ကျောက်သင်္ဘောရေတံခွန်လမ်းမှကုလားမတောင်တက်တဲ့
ကားလမ်းအတိုင်းလာလိုရသလို ဘုရားနှစ်ဆူလမ်းမှလဲတက် လို့ရပါတယ် 🤗


#ခရီးသွား #မွန်ပြည်နယ်

13/08/2021

ဘာစီးပွား ရေးမှ မလည်ပတ် နိုင်တဲ့ အတွက်ကြောင့်
ပိုပြီးကြပ်တည်း လာကြလိမ့်မယ် ။
-
ခရီးသွား လုပ်ငန်း သေချာတယ် နောက် ၅ နှစ်အထိ
ဘာမှ လုပ်မရနိုင်ဘူး ။
-
ဘာအလုပ်မှ အဆင်မပြေတဲ့အတွက်ကြောင့်
စား ဝတ် နေရေး တွေ ပို ခက်လာမယ် ။
-
စီးပွားရေး လုပ်ငန်းတွေဟာ ၂၀၂၂ အကုန်ထိ
ဘာမှ ရေရေ ရာရာ ဖြစ်လာစရာ မရှိပါဘူး။
-
ဒါကြောင့် ခက်ပြီးခက် ဆိုသလို့ ဖြစ်လာမယ်။
-
ရွှေစျေး ဒေါ်လာစျေးဟာ အတက်ပဲရှိမယ်
ကျလာဖို့ ခက်ခဲ တယ် ။
-
ရှိတာကို ချွေတာ စားသောက်ဖို့ လိုတယ်
မလိုတာ ဘာမှ မဝယ်နဲ့ ။
-
ငွေယို ပေါက်တွေ ကို ဒေါင့်စေ့စေ့ လိုက်ပိတ်နိုင်ရင်
ခင်ဗျားဟာ စီးပွားရေး လုပ်တာ နဲ့အတူတူပါပဲ ။
-
အိမ်မှာ မကုန်နိုင်မခမ်း နိုင်ချက်ပြုတ် စားသောက်တာတွေ ရှောင်ပါ။
-
လာမည့်လ လာမည့် နှစ်မှာ ဘယ်လို ဆက် စခန်းသွားမလဲ ကြိုတွေပြီး ခုကတည်းက ကြိုပြင်ထားတာ
အကောင်းဆုံးပါ ။
-
အားလုံးကျန်းမာချမ်းသာကြပါစေ
-

Crd - MKK Business Group.

Photos from Mr.Holiday's post 02/08/2021

Missing the beautiful Mdy-POL road? We,too.
မန္တလေး-ပြင်ဦးလွင် လမ်းလေးကို
လွမ်းနေကြပြီလား။

22/07/2021

Stay Safe Myanmar 🇲🇲

Photos from Mr.Holiday's post 26/02/2021

ပုဂံရဲ့ ‌နွေဦး 🍁🍁

ပုဂံကို ခင်ဗျားတို့အားလုံး လွမ်းနေကြပြီမို့လား

ဥဩငှက်လေးတွေရဲ့ နွေဦးတော်လှန်ရေးသံစဉ်တွေကြားမှာ ပုဂံဟာအထီးကျန်လျက် ။

crd photos with thanks

Photos from Mr.Holiday's post 29/01/2021

🌲🌲Pine Tree Zone 🌲🌲
ကယားပြည်နယ်လေးရဲ့ 🌲Hidden Treasure🌲
🙅🏻‍♀️ဘယ်လိုလူတွေမသွားသင့်လဲဆိုတာ လည်းအနောက်မှာရေးထားပေးလို့ အဆုံးထိဖတ်နောိ😘
⛰ဆင်ဖြူတောင်အကျော်လေးနား ဆိုလို့ သွားလိုက်ကြတာ။
အသဲတို့ရေ 🏔ဆင်ဖြူတောင်ကိုတော်တော်ကျော်ပါသေးတယ်နော်😑 ဆင်ဖြူကျော်ပီး ရွာ ၂ ရွာ ထပ်ဖြတ်ရပါသေးတယ်။
အပေါ်ရွာ ကျော်ပီး ခနဆိုရောက်ပါပီ။
လမ်းဘေးမှာ ကားရပ်ခဲ့ရပီး လမ်းကြားလေးထဲ ခနလျှောက်သွားတာနဲ့ ရောက်ပါပီ။ပုံထဲကလို 🌲ထင်းရှုးတန်းအပြည့်ဘဲနော်။ ထိုင်စရာနေရာ ဘားမှမရှိဘူး ။ ပုံတွေပတ်ရိုက်စရာတွေကြီးဘဲနော်😘
သူများတွေသွားထားတာ နေပူပူကြီးတွေ့တော့ ကိုယ်တွေက Sunset 🌅ချိန်အမှီလေးသွားလိုက်တယ်
လွိုင်ကော်ကနေ ၂ နာရီလောက်ထွက်တယ်။ဆင်ဖြူနဲ့ နီးတယ် ပြောလို့ပါ😑
🌲အသွားကို ၂ နာရီ ကျော်ကျော် ကြာပါတယ်။
အဖွဲ့ကလူများရင် စောစောထွက်နော်။ ပုံရိုက်ရင်းကြာကြမှာနဲ့ဆိုတော့
မင်တို့ က အပြန်မှောင်မှာဆိုးလို့ နာရီဝက်လောက်ရိုက်ပီး တန်းပြန်လာတာ။အချိန်လည်း ၄:၃၀ လောက်မှရောက်သွားတော့လေ။
သွားရ/ ပြန်ရတဲ့ ခရီးက ရှည်ပီး View ကြည့်ရတဲ့အချိန်က ခနလေးဘဲဆိုတော့ မတင်မကျအောင့်သက်သက်နည်းနည်းတော့ဖြစ်တယ်
🌲ပုံရိုက်ရတာ / ရှု့ခင်းကြည့်ရတာကြိုက်တဲ့သူဆိုတန်တယ်ပေါ့နော်။ 🙅🏻‍♀️အဲ့လိုမကြိုက်တဲ့သူဆိုရင်တော့ မသွားပါနဲ့ ။မတန်ဘူးထင်မှာဘဲ။ကိုယ်တွေ ဝါသနာပါတဲ့သူတွေတောင်နည်းနည်းတော့ ခံစားရတာဘဲ😫
🙅🏻‍♀️😑လမ်းက အကွေ့အပတ်ပေါင်းများစွာနဲ့မို့ ကားမူးတတ်တဲ့သူတွေလည်းမသွားပါနဲ့နော်။🥴တော်တော်အီလည် အောင်ခံစားရလိမ့်မယ်။
အကွေ့အပတ်ကတော့ ဘဝမှာအကြာဆုံးစီးဖူးတာဘဲ🥴
😬ကိုယ်တွေက မူးပေမဲ့ ပုံရိုက်ဝါသနာပါတဲ့သူတွေဆိုတော့ ရှုခင်းတွေတော့ 🌲အမောပြေသွားတာဘဲ။😜
💈လမ်းအကွေ့တွေက တချို့နေရာတွေဆို တော်တော်ကြီးတော့ တဖက် ဆင်းလာ/တက်လာတဲ့ ယာဉ်တွေမမြင်ရလို့ ဟွန်းတီးပီးတက်ကြ/ဆင်းကြနော်။(အန္တရာယ်ကွေ့တွေများလို့ပါ)💣💣
💈ကိုယ်တွေတောင် အတက်မှာအရှိန်နဲ့ဆင်းလာတဲ့ ဆိုင်ကယ်တန်းတွေနဲ့ ချိတိမလိုဖြစ်သွားလို့ ။အကုန်လုံးက အရှိန်နဲ့ တက် / ဆင်း ကြတာကြီးဘဲဆိုတော့ Be CareFul နော် အသဲတို့ရေ😘😘😍
ကိုယ်တွေလို သွားပီး လှမ်းပတ်မေးရတာမျိုးမဖြစ်အောင် သွားကြမဲ့သူတွေအတွက် JustSharing ပါနော်😘😘
-TNNS

.Holiday

Photos from Mr.Holiday's post 25/01/2021

ကယားပြည်နယ်လို့ဆိုလိုက်လျှင်ဖြင့် လူတိုင်းရဲ့အတွေး ပုံရိပ်ထဲမှာ😌 ဒဏ္ဍာရီထဲက "ဒွေးမယ်နော်" ချစ်ဇာတ်လမ်းလေးနဲ့အတူ🙈 နတ်သမီး(၇)ဖော်တို့ရေကစားခဲ့ကြတဲ့ ကန်ခုနှစ်ဆင့် ကို အပြေးမြင်ကြတယ်... ဟုတ်??😉😉
ဒါကြောင့်မို့ ဒီနေ့မှာတော့ ကယားပြည်နယ်ရဲ့ အထင်ကရ ပုံရိပ်ဖြစ်တဲ့ ကိန္နရီညီအစ်မ (၇)ဖော်တို့ ရေကစားပျော်စံရာ ကန်ခုနှစ်ဆင့်အကြောင်းလေးပြောပြပေးချင်ပါတယ် 💁💁

ကန်ခုနှစ်ဆင့်ကတော့ 📍 လွိုင်ကော်မြို့မှ ၁၄ မိုင်ခန့်အကွာမှာတည်ရှိပြီး မိနစ် ၃၀ ခန့်သွားရောက်ရပါတယ် 🚗🚕

ကန်ခုနှစ်ဆင့်ဟုဆိုသည့်အတိုင်းပင် သဘာဝအတိုင်း😉 တစ်ဆင့်ချင်းဖြစ်ပေါ်တည်ရှိနေတဲ့ရေကန်(၇)ကန်ကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ 😯😯
ကန်အနီးရှိ တနီးလာလဲကျေးရွာလေးတွင် ကယားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုများကို လေ့လာနိုင်တဲ့အပြင်👀👀 ကန်နံဘေးတွင် တောတောင်ရေမြေသဘာဝအလှများကို ခံစားရင်း😌😌 ရွာခံများပြင်ဆင်ပေးတဲ့ ရိုးရာအစားအစာများကိုလည်း သုံး‌ဆောင်နိုင်တဲ့အတွက်😋😋 အဖွဲ့လိုက် ပျော်ပွဲစားထွက်ချင်သူများအတွက် အသင့်တော်ဆုံး
နေရာလေးပါခင်ဗျ... 👪👫👭
ဒါ့အပြင် ကန်ခုနှစ်ဆင့်ရဲ့အလှဟာဆိုရင်☺☺ သွားရောက်လည်ပတ်သူတိုင်းအတွက် စိတ်အေးချမ်းမှုကိုပေးတဲ့အပြင်✌✌ ဓါတ်ဖမ်းလို့ကောင်းတဲ့နေရာတစ်ခုလည်းဖြစ်တာကြောင့် 📷📷 သွားရောက်လည်ပတ်သင့်ကြောင်း ပြောပြရင်းနဲ့ Covid ကြီးပြီးလို့ အလည်အပတ်ခရီးစီစဉ်နေသူတွေကို ကယားပြည်နယ်မှာရှိတဲ့ ကန်ခုနှစ်ဆင့်နဲ့အတူ အခြားသောလှပတဲ့ နေရာများစွာကို လာရောက်လည်ပတ်
ကြပါရန် ဖိတ်ခေါ်လိုက်ပါတယ် 🙆✌🙆
လာလည်တဲ့အခါကျရင် Mr.Holiday Travel & Tour ကိုဆက်သွယ်ဖို့မမေ့နဲ့နော် ......

Photo by: K cube photography & Tony Wu Photography (crd)
** ကယားပြည်နယ်ရဲ့ သတင်းအချက်အလက်တွေနဲ့ လည်ပတ်စရာနေရာတွေအကြောင်းကို သိရှိလိုပါက 👀👀 https://www.kayahtourism.org မှာ
ဝင်ရောက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်...** 🔍🔍
.Holiday


#ပျော်ရွှင်သစ်လွင်ခရီးစဥ် #သဘာဝအလှခံစားခရီးသွား #မြန်ပြည်အနှံ့ခရီးဆန့် #စွဲမက်ဖွယ်ရာပြည်မြန်မာ

Photos from Mr.Holiday's post 25/01/2021

💥 ကယားပြည်နယ်ရဲ့ ခရီးစဉ်အသစ်လေးတစ်ခုနဲ့
မိတ်ဆက်ပေးချင်ပါတယ် 💥

💢💢💢💢💢💢💢💢💢💢💢💢💢💢💢

အဲဒီခရီးစဉ်အသစ်လေးကတော့
📍 ကယားပြည်နယ်၊ လွိုင်လင်လေးမြို့နယ်၊
ဝမ်ငေါ့ကျေးရွာမှာရှိတဲ့ "ဝမ်ငေါ့ရေတံခွန်"ပဲဖြစ်ပါတယ်

ဝမ်ငေါ့ရေတံခွန်ဟာဆိုရင်တွေ့ မြင်နေကြပုံစံမျိုးဖြစ်တဲ့
အမြင့်ကနေစီးကျနေတာမျိုးမဟုတ်ပဲ ရေတံခွန်အနိမ့်လေးတွေအဆင့်ဆင့်စီးဆင်းနေတာကိုတွေ့မြင်ရမှာ ဖြစ်ပါတယ် ။
👀👀

ရေတံခွန်ကိုရောက်ပြီဆိုတာနဲ့ ကြည်စိမ်းနေတဲ့ရေတွေကို မြင်တွေ့လိုက်ရတဲ့အခါ လမ်းခရီးတစ်လျှောက် ပင်ပန်းသမျှ အမောပြေစေမှာ အသေချာပဲနော် 😉😉

နောက်ပြီး ရေတံခွန်အနားမှာပဲ ချစ်ရတဲ့သူတွေနဲ့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ် ပျော်ပွဲစားထွက်ရင်း အနားယူလို့
ကောင်းတဲ့အပြင် အေးစိမ့်လှတဲ့ရေထဲမှာ ချစ်ရသူတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်ရေကစားရတာကလည်း
မမေ့နိုင်စရာခရီးစဉ်လေးတစ်ခုအဖြစ် အမှတ်တရတွေ
ကျန်ရှိနေမှာဖြစ်ပါတယ်။✌✌✌

💥 သဘာဝရဲ့ အလှအပကို မပျက်စီးစေဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့အနေနဲ့ မိမိတို့အမှိုက်ကို
မိမိကစ စနစ်တကျ သိမ်းဆည်းဖို့လည်း မမေ့ပါနဲ့နော်...💥

ဒီတော့ COVID-19 ကြီးပြီးလို့ ခရီးတွေပြန်ထွက်ခွင့်
ရရင်တော့ ဝမ်ငေါ့ရေတံခွန်ကိုသွားရောက်လည်ပတ်ရင်းနဲ့
သဘာဝရဲ့အလှတရားကိုခံစားဖို့ အကြံပြုလိုက်ပါရစေ...🙆🙆

** ကယားပြည်နယ်ရဲ့ သတင်းအချက်အလက်တွေနဲ့ လည်ပတ်စရာနေရာတွေအကြောင်းကို သိရှိလိုပါက 👀👀 https://www.kayahtourism.org မှာ
ဝင်ရောက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်...** 🔍🔍
.Holiday Travel and Tour Service



#ပျော်ရွှင်သစ်လွင်ခရီးစဥ် #သဘာဝအလှခံစားခရီးသွား #မြန်ပြည်အနှံ့ခရီးဆန့် #စွဲမက်ဖွယ်ရာပြည်မြန်မာ

Photos from Mr.Holiday's post 25/01/2021

မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်အသင်း (MDTA)မှ 2021 အတွက် သတ်မှတ်ထား​သော ကျွန်းခရီးစဥ်​စျေးနှုန်းများကို Mr.Holiday Travel and Tour Service မှတစ်ဆင့်ဖော်ပြပေးလိုက်ပါတယ်ရှင်။

👉​နေ့ချင်းပြန် ခရီးစဥ်👈
🏖​​ဒုံး​ရေတံခွန်~​ညောင်မှိုင်းရွာ~စမတ်ကျွန်း (70,000) ကျပ်
🏝လေးကျွန်း~လင်းလဲ့မွန်ကျွန်း~သမီးလှကျွန်း (70,000) ကျပ်
🏖စမတ်ကျွန်း~​ကော့​ဒွေးကျွန်း~ပဒန်းကျွန်း (80,000)ကျပ်
🏝ကြယ်လိပ်ကျွန်း~​ဘေလီကျွန်း~စမတ်ကျွန်း (100,000)ကျပ်

ညအိပ်ခရီးစဥ် ​ညောင်မှိုင်းရွာ CBT (150,000) ကျပ်
🏞​ဒုံး​ရေတံခွန်~​ညောင်မှိုင်~စမတ်ကျွန်း~​ဘေလီကျွန်း~ကြယ်လိပ်ကျွန်း🏝 များကို ညအိပ်ခရီး၌ ၆ ကျွန်း ပို့​ဆောင်​ပေးမှာဖြစ်ပါတယ်.....

ညအိပ်ခရီးစဥ် က​တော့ ဒီနှစ် ​စျေးအရမ်းသက်သာစွာ ​ရောင်းချ​ပေးထားပါတယ်​ရှင့်😱😱😱....

ခရီးသွား ပြန်ဖွင့်ရင် မြိတ်ကျွန်းစုခရီးစဥ် မြိတ်မြို့ ကို လာရောက်လည်ပတ်ကြပါရန်ဖိတ်​ခေါ်ပါတယ်နော်.....

ပင်လယ်စာ (​ရေစာ) များအရမ်း​ပေါကြွယ်ဝပြီး အလွန်လှပ​သော အပျိုစင်ကျွန်းများမှာ အပန်​ဖြေဖို့ ဖိတ်​ခေါ်ပါရ​စေ.ရှင့်🤗...
Crd

Photos from Mr.Holiday's post 19/01/2021

တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း ဖွင့်လှစ်ထားရှိသော ဟိုတယ်/ တည်းခိုရိပ်သာများစာရင်း
***********************************************

.Holiday
crd - hotel and tourism gov page

17/01/2021

ကိုယ်သွားချင်တဲ့ခရီးကိုရွေးပြီး မိမိစိတ်အနေအထားကိုခန့်မှန်းလို့ရတယ်ဆိုတာသင်သိပါသလား?
သူငယ်ချင်းတို့ကော ဘယ်တစ်ခုကိုသွားချင်နေလဲ?
မနက်ဖြန်ဆို အသေးစိတ်လေတင်ပေးမယ်နော်

A.သမိုင်းဝင်ရှေး​ဟောင်း နေရာများ
B.ကမ်း‌ခြေများ
C.တောင်ပေါ်ဒေသများ
D.စွန့်စွန့်စားစားခရီးသွားခြင်း

.holiday

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yadanar
Yangon
11091