Baby One

Baby One

Share

Baby Girl

05/11/2025

🌟 Mompreneur ဖြစ်ဖို့ လိုအပ်တဲ့အရင်းအနှီးငွေကြေးကို ဘယ်လိုရှာနိုင်မလဲ 💰

👩‍👧‍👦 Mompreneur ဆိုတဲ့ ရင်သွေးမိခင်စီးပွားရှင်တစ်ယောက် ဖြစ်လာဖို့ ကိုယ့်မှာ အရည်အချင်းရော အိုင်ဒီယာကောင်းတွေပါ ရှိနေပါရက်နဲ့ “ငွေအရင်းအနှီး မရှိလို့” ဆိုတဲ့ အတားအဆီးကြောင့် ခြေလှမ်း မစနိုင်သေးတဲ့ ကလေးတို့မေမေတွေအတွက် နည်းလမ်းကောင်းတချို့ကို မျှဝေပေးလိုက်ပါတယ်ရှင်…။

၁။ ကိုယ်စုထားတဲ့ငွေလေးနဲ့ စတင်ပါ
လစဉ် နည်းနည်းစီ စုထားတဲ့ငွေပမာဏလေးနဲ့ စတင်ကြည့်ပါ။ အဓိကက အရင်းအနှီးတွေ အများကြီး ရှိမှ မဟုတ်ပါဘူး။ ရှိတာလေးနဲ့ စ ဖြစ်အောင် စလိုက်တာက အကောင်းဆုံးပါ။ ဆက်စပ်နည်းလမ်းက ပထမဆုံး ရောင်းရငွေထဲက အမြတ်ကို လုပ်ငန်းပြန်လည်ပတ်ဖို့ အသုံးပြုတာပဲဖြစ်ပါတယ်။

၂။ နီးစပ်ရာဝန်းကျင်ရဲ့အကူအညီ ယူပါ
ကိုယ့်မိသားစုဝင်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေကို ကိုယ်လုပ်ချင်တဲ့အလုပ်နဲ့ လုပ်ငန်းအစီအစဉ်၊ ရေရှည်အကျိုးအမြတ် စတာတွေကို သေချာရှင်းပြပြီး ကိုယ့်အပေါ် ယုံကြည်မှု ရှိလာအောင်၊ ငွေကြေး အကူအညီ ပေးချင်လာအောင် ကြိုးစားကြည့်ပါ။ ချေးငွေ ယူမယ်ဆိုရင်လည်း အချင်းချင်းဆက်ဆံရေး မပျက်ရအောင် အချိန်မီ ပြန်ဆပ်ဖို့၊ စည်းကမ်း မဖောက်ဖို့ စာချုပ်စာတမ်းနဲ့တကွ သေချာလုပ်ရပါမယ်။

၃။ အသေးစားချေးငွေနဲ့ SME ချေးငွေကို ကြိုးစားကြည့်ပါ
ပြည်တွင်းက Microfinance နဲ့ အသေးစားနဲ့ အလတ်စား SME လုပ်ငန်းတွေဆီက အတိုး သက်သာတဲ့ ချေးငွေတွေကို ရနိုင်မလားဆိုတာ ရှာဖွေကြိုးစားကြည့်ပါ။ တချို့သော NGOs အဖွဲ့အစည်းတွေက အမျိုးသမီးတွေအတွက် အတိုးနှုန်း အသက်သာဆုံးချေးငွေနဲ့ ကူညီမှုတွေ ရှိနေတယ်လို့ ကြားဖူးပါတယ်။

၄။ ငွေအရင်းအနှီး ထည့်ဝင်နိုင်မယ့်သူ ရှာဖွေပါ
မိမိလုပ်ငန်း Idea ကို အများ မြင်နိုင်မယ့် Facebook ၊ Tiktok လို အွန်လိုင်းပလက်ဖောင်းတွေကနေ လိုတိုရှင်းလေး မိတ်ဆက်ပြသပြီး ကိုယ်နဲ့ လက်တွဲပူးပေါင်းချင်တဲ့ လုပ်ငန်းဖက်ကို ရှာဖွေကြည့်ပါ။ ကိုယ့်လုပ်ငန်းက အလားအလာကောင်းတယ်ဆိုရင် စိတ်ဝင်တစား ပူးပေါင်းချင်သူတွေ ရလာနိုင်ပါတယ်။
Mompreneur ဖြစ်ချင်တဲ့ ကလေးမေမေတို့ရေ... “အလုပ်က လုပ်ချင်တယ်၊ ရင်းနှီးငွေက မရှိဘူး” လို့ ညည်းနေမယ့်အစား ဖော်ပြထားတဲ့နည်းလမ်းလေးတချို့ကို စိတ်အားထက်သန်စွာနဲ့ ကြိုးစားကြည့်ရင် “လက်ထဲမှာ ငွေပို မရှိလို့ ဘာမှ မဖြစ်သေးပါဘူး” ဆိုတဲ့ အကြောင်းပြချက်ကို ကျော်ဖြတ်နိုင်မှာပါနော်။
အဲဒီတော့ ရှင်တို့ရဲ့ စီးပွားရေး စိတ်ကူးစိတ်သန်းတွေကို ဘယ်နည်းလမ်းနဲ့ အကောင်အထည်ဖော်ဖို့ စီစဉ်ထားလဲဆိုတာ Comment မှာ မျှေ၀ ပြောပြပေးခဲ့ပါဦး!** 👇
ကလေးတို့မေမေတိုင်းရဲ့အိပ်မက်တွေကို ရှင်သန်အောင်မြင်စေချင်တဲ့
Theint – Mompreneur

#ရင်သွေးမိခင်လုပ်ငန်းရှင် #အရင်းအနှီး #ငွေကြေး #လုပ်ငန်း #ရင်းနှီးမြှုပ်နှံမှု

15/10/2025

🤍Mompreneur အတွက် အလုပ်တွေကြားက ကလေးကို အချိန်ပေးနိုင်မယ့်နည်းလမ်းများ🤍

ကိုယ်ပိုင်စီးပွားရေးတစ်ခုကို အောင်မြင်အောင် ကြိုးစားနေရင်း တချိန်တည်းမှာ ကိုယ့်ရင်သွေးလေးကို အချိန်ပေးဖို့ဆိုတာ Mompreneur တစ်ယောက်အတွက် တကယ့် စိန်ခေါ်မှုကြီးတစ်ခုပါပဲရှင်..။🤔

အဲဒီတော့ အလုပ်တစ်ဖက်၊ ကလေးတစ်ဖက်နဲ့ အချိန်ပြည့် လည်ပတ်နေရတဲ့ Mompreneur အတွက် အလုပ်လည်း မပျက်၊ ကလေးကိုလည်း အချိန်ပေးနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်ရှင့်။🤍

❣️နေ့စဉ်အချိန်ဇယားမှာ Kid Time ကို မဖြစ်မနေ ထည့်ပါ❣️
ညဘက် အိပ်ယာဝင်ချိန်မှာ ပုံပြင်တွေ ဖတ်၊ စာကူ လုပ်ပေးရင်း Kid Time တစ်ခုကို ဖန်တီးမလား၊ ဒါမှမဟုတ် မနက်စာ စားပြီး အလုပ်မစခင်လေးမှာ အချိန်တစ်ခု ယူပြီး ကလေးနဲ့အတူ ရှိပေးမလား စဉ်းစားပါ။🤍 အချိန် များများ ယူဖို့ မလိုပါဘူး။ နည်းနည်းနဲ့ အာရုံစိုက်ပေးရင်ကို အဆင်ပြေပါတယ်။ 🤍

❣️ဖုန်းမကိုင်ကြေး ၊ မသုံးကြေး သတ်မှတ်ပေးထားပါ။❣️
ကိုယ်တိုင်ရော ကလေးရော သီးသန့်အချိန်လေးတစ်ခုမှာ အတူတူ ရှိနေချိန်အတွင်း လက်ကိုင်ဖုန်းကို နှစ်ယောက်စလုံး မသုံးဖို့ စည်းကမ်းထားစေချင်ပါတယ်။ 🤍
အလုပ်ကိစ္စ ဖုန်းတွေ၊ မက်ဆေ့ဂျ် စစ်တာတွေ စတဲ့ အာရုံနောက်စရာ အဝင် မခံဘဲ ကလေးကို အချိန်အပြည့် ပေးပါ။ အတူ ကစားပါ။ စကားပြောပါ။

❣️ကလေးနဲ့အကျွမ်းဝင်မယ့် အလုပ်ခွင်မျိုး ဖြစ်ပါစေ ❣️
ကိုယ့်အလုပ်က အိမ်ထဲကနေ လုပ်တာပဲဖြစ်ဖြစ်၊ ရုံးခန်းမှာ သွားလုပ်ရတာဖြစ်ဖြစ် ကိုယ့်ကလေးငယ်နဲ့ အကျွမ်းတဝင် ဖြစ်မယ့်အလုပ်ခွင်မျိုး ဖြစ်အောင် ပြင်ထားစေချင်ပါတယ်။
ကလေးက သူတတ်နိုင်တာ ဝင်ကူရင် ခွင့်ပြုပါ။ ကိုယ့်အလုပ်အကြောင်းကိုလည်း ကလေးနားလည်နိုင်သလောက် ရှင်းပြပေးပါ။🤍

အပတ်စဉ် မိသားစုသီးသန့်အချိန်လေး ရယူပါ❣️
ရုံးပိတ်ရက်၊ အလုပ်နားရက်တွေမှာ အိမ်ထဲမှာပဲ အတူတူ ကစားမလား၊ အပြင်ထွက်လျှောက်လည်ရင်း ကလေးနဲ့အတူ Shopping ထွက်မလား၊ ကလေးကြိုက် ရုပ်ရှင်တွေ လိုက်ပြမလား စတဲ့ အပတ်စဉ် ကလေးအတွက် သီးသန့်အချိန်လေးတစ်ခု ယူစေချင်ပါတယ်။🤍

❣️သတ်မှတ်ထားသလို ဖြစ်မလာရင် စိတ်လျှော့ပါ❣️
ဘဝမှာ အရာရာ ကိုယ်ဖြစ်ချင်သလို၊ အစီအစဉ် ဆွဲထားသလိုတွေ ဖြစ်မလာရင်လည်း စိတ်လျှော့ပါ။
(ဥပမာ - ကလေး ဖျားနာတာ၊ အလုပ်တွေ ပျက်ကုန်တာ) စသဖြင့် မမျှော်လင့်တာတွေ ဖြစ်လာခဲ့ရင် ကိုယ့်ကိုကိုယ် အပြစ်မတင်ဘဲ ဘာဆက်လုပ်နိုင်မလဲဆိုတာကိုသာ ဖြေတွေးပြီး ပြင်ဆင်လိုက်ပါနော်။🤍

ကလေးတို့မေမေတိုင်းရဲ့အိပ်မက်တွေကို ရှင်သန်အောင်မြင်စေချင်တဲ့
Theint – Mompreneur 🤍
#မိခင် #စီးပွားရေး #ရင်သွေးမိခင်စီးပွားရှင် #အချိန်

10/10/2025

ပွင့်လင်းရာသီ အားလပ်ရက်တွေအတွက် ဘယ်လို ပြင်ဆင်စီမံကြမလဲ❓️🤔

မိုးတွင်းကာလတစ်လျှောက်လုံး ကလေးတစ်ဖက်နဲ့ အလုပ်တွေ လုပ်ရင်း ပင်ပန်းခဲ့ကြတဲ့ ရင်သွေးမိခင် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ အခုလို ပွင့်လင်းရာသီ အားလပ်ရက်တွေကို ဖြတ်သန်းရတော့မယ့် ကာလမှာ ဘယ်လို ပြင်ဆင်ထားသင့်လဲဆိုတာလေး မျှဝေပေးပါရစေရှင် …။💛

🌼သီတင်းကျွတ်၊ တန်ဆောင်တိုင်ကနေ ခရစ်စမတ် နှစ်သစ်ကူးကာလတွေအထိ ပိတ်ရက်တွေ ဆက်ပြီး လာတော့မယ့်အချိန်ဟာ Mompreneur တစ်ယောက်အဖို့ မိသားစုနဲ့အတူ အချိန်တွေ ကုန်ဆုံးရတာ ပျော်စရာ ဆိုပေမယ့် ကိုယ့်အလုပ်အတွက်လည်း စိန်ခေါ်မှုတွေ ဖြစ်လာနိုင်ပါတယ်။👌
ဥပမာ .. အလုပ် မပြီးတာ၊ ပိတ်ရက်ထဲကျမှ အလုပ်တွေ ပေါ်လာတာ စတဲ့ ကိစ္စတွေ ရှိလာခဲ့ရင် ဘယ်လို ကြိုပြင်မလဲ ဆိုတာ ပြောပြပေးသွားပါမယ်

🌼အားလပ်ရက်မတိုင်မီ အစီအစဉ်တွေ ကြိုပြင်ထားပါ
ဖြစ်နိုင်မယ်ဆိုရင် အားလပ်ရက်တွေ ရောက်မလာခင် တစ်ပတ်လောက်တည်းက အရေးအကြီးဆုံးလို့ သတ်မှတ်ထားတဲ့ အလုပ်ကိစ္စတွေ စာရင်း ပြုစုပါ။ ကျန်တာတွေကိုတော့ ခေတ္တ ရပ်နားထားလိုက်ပါ။
Facebook လို လူမှုကွန်ရက်တွေပေါ် တင်ရမယ့် Content တွေကို Schedule လုပ်ထားပါ။ ကိုယ့်ရဲ့ Page, Profile မှာ ပိတ်ရက်နဲ့ အလုပ် ပြန်စမယ့်ရက်တွေကို ကြိုတင် ကြေညာထားလိုက်ပါ။ ဒီလိုလေး ပြင်ဆင်အသိပေးထားတာက ကိုယ် ဘယ်လောက် Professional ဆန်သလဲဆိုတာ ပြသတာပါပဲ။😊

🌼သားသားမီးမီးလေးတွေကို အာရုံစိုက်ဖို့ အချိန်တစ်ခု ယူလိုက်ပါ
အားလပ်ရက်မှာ ခရီးတွေဘာတွေ မထွက်ဖြစ်ဘဲ ကိုယ့်အိမ်မှာပဲ နေမယ်ဆိုရင် အလုပ်တွေ ခဏတာ နားထားချိန်မှာ ကိုယ့်ရင်သွေးငယ်တွေနဲ့ အတူတူ ရှိနေချိန်လေးကို အထူး တန်ဖိုးထားစေချင်ပါတယ်။
အဓိကပြဿနာက ဖုန်းတစ်ကိုင်ကိုင် လုပ်နေပြီး ကလေးတွေအပေါ် အာရုံမစိုက်နိုင် ဖြစ်နေတာမျိုးက ဒီဘက်ခေတ်ကာလမှာ တွေ့ရမြင်ရ များတာကြောင့် ကိုယ့်ဖုန်းကို ခဏလောက် ဘေးဖယ်ထားပြီး ကလေးတွေနဲ့အတူတူ ကစားနိုင်မယ့်၊ အတူတကွ လုပ်နိုင်မယ့်အရာတွေကို အချိန်ပေးလိုက်ပါ။💛

🌼အားလပ်ရက်ခရီး စီစဉ်ထားရင် ဒါလေးတွေကို ဂရုစိုက်ပါ
ခရီးမထွက်ခင်တည်းက ကိုယ့်အလုပ်တွေကို အပြတ်ရှင်းထားပါ။ ကိုယ်မလုပ်နိုင်တော့တဲ့ဟာတွေကို သူများကို ကိုယ်စားလှယ် လွှဲနိုင်ရင် လွှဲပေးလိုက်ပါ။ ကိုယ့်ရဲ့ Page (သို့) Profile တွေမှာ နားမယ့်ရက် ကာလတွေကို အသိပေးပါ။👌
ခရီးစဉ်အတောအတွင်း ကလေးနဲ့မိသားစုအပေါ်ကိုပဲ အာရုံ အပြည့်အဝ စိုက်ပါ။ မိသာစုအားလုံး ပါဝင်နိုင်မယ့် ကစားနည်းတွေ၊ စွန့်စားခန်းတွေ လုပ်ပါ။ သွားလိုက်တဲ့ခရီးက အပြည့်အဝ စိတ်ကျေနပ်မှု မရခဲ့ရင်တောင် ဖြစ်လာသမျှ ကျေနပ်ရောင့်ရဲလိုက်တာက အကောင်းဆုံး တုံ့ပြန်မှု ဖြစ်ပါလိမ့်မယ်။💛

🌼မိမိကိုယ်ကိုလည်း အချိန်ပေး အနားယူပါ
အားလပ်ရက်တွေ ရလာတဲ့အခါ အလုပ်က နားထားပေမယ့် ကလေးတွေနဲ့ မိသားစုအတွက်ကတော့ အချိန်ပေးနေရတဲ့အတွက် တခါတလေ ကိုယ်ပိုင်အချိန်လေးတစ်ခု မရရအောင် ဖန်တီးထားရပါမယ်။
ဥပမာ - Spa သွားမလား၊ စာဖတ်မလား၊ သူငယ်ချင်းတွေနဲ့ Shopping ခဏ ထွက်လိုက်မလား စတဲ့ ကိုယ့်စိတ်ကျေနပ်မှုကို ပေးနိုင်တဲ့ တစ်ကိုယ်ရေအချိန်လေးတစ်ခုကို ယူလိုက်တာက နောက်ပိုင်းမှာ ကလေးနဲ့ အလုပ်တွေကို ပိုပြီးတော့ အာရုံစိုက် လုပ်ကိုင်ပေးနိုင်မှာ ဖြစ်ပါတယ်။💛

ကဲ ..ဒါဆိုရင် အခု သီတင်းကျွတ်နောက်ပိုင်းကနေ တန်ဆောင်တိုင်နဲ့ နှစ်သစ်ကူးကာလတွေအထိ ရရှိလာမယ့် အားလပ်ရက်တွေအတွင်း Mompreneur တစ်ယောက်အနေနဲ့ ဘာတွေ ပြင်ဆင်ရမလဲ၊ ဘယ်လို ဖြတ်သန်းသင့်သလဲဆိုတာကို အတွေးတစ်ခု ရသွားမယ်လို့ မျှော်လင့်ပါတယ်။ 💛

အားလုံးပဲ စိတ်ချမ်းသာ ပျော်ရွှင်မှု အပြည့်အဝ ရစေမယ့် အားလပ်ရက်တွေကို ဖန်တီးနိုင်ပါစေလို့ သိမ့်က ဆုတောင်းပေးလိုက်ပါတယ်ရှင် .. ။🙏

ကလေးတို့မေမေတိုင်းရဲ့အိပ်မက်တွေကို ရှင်သန်အောင်မြင်စေချင်တဲ့
Theint – Mompreneur 💛

#မိခင် #စီးပွားရေး #ရင်သွေးမိခင်စီးပွားရှင် #အားလပ်ရက် #ပိတ်ရက်

Photos from Theint  Mompreneur's post 01/10/2025

1st Oct ရင်သားကင်ဆာ သတိပြုရန် ။

"အောက်တိုဘာလ ရင်သားကင်ဆာဂရုပြု လ"

October is Breast Cancer Awareness Month!

အမျိုးသမီးများ မိမိရင်သားကို ဂရုစိုက်ကြရန်နှင့် ရင်သား

တွင် အဖုအကျိတ်သော်လည်းကောင်း ၊ ရင်သား ပုံစံပြောင်း

နေလျှင်သော်လည်ကောင်း၊ မိမိရင်သားသည် လိမ္မော်သီး

ခြောက်လို ရှုပ်နေလျှင်သော်လည်းကောင်း ဆေးမီးတိုတွေနှင့်

မကုပဲ ဆရာဝန်နှင့်သေချာဆွေးနွေးပီး လိုအပ်သောကုသမှု

တွေခံယူသင့်ပါတယ်။

ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်း၏ ။

“ဆေးမီးတိုတွေနဲ့ မကုနဲ့နော် ။ နားလည်တတ်ကျွမ်းတဲ့

ဆရာဝန်တွေနဲ့တိုင်ပင်ပါ။ ဆွေးနွေးပါ။”

စာရေးသူကိုယ်တိုင် Cancer Awareness လုပ်ခဲ့တဲ့ ဆောင်ပုဒ်လေးပါ။

အမျိုးသမီးတိုင်း ကျန်းမာလှပါ့သော နေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေ။

ချစ်ခြင်းအားဖြင့်

Theint-Mompreneur 🤍

#ရင်သွေးမိခင်စီးပွားရှင်

20/09/2025

အလုပ်လုပ်ချင်တဲ့ ရင်သွေးမိခင်တွေ ရှောင်ကျဉ်သင့်တဲ့လုပ်ငန်းအမျိုးအစား 👇

Mompreneur ဆိုတဲ့ လုပ်ငန်းရှင်မိခင်တစ်ဦး ဖြစ်လာဖို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့မှာ စိန်ခေါ်မှုတွေလည်း မနည်းမနော ရှိနေပါတယ်။
ဒီဘက် နည်းပညာခေတ်မှာ အိမ်ပြင်ထွက်စရာ မလိုဘဲ အိမ်ထဲမှာတင် ကလေးတစ်ဖက်နဲ့ လုပ်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပေမဲ့ တစ်ဖက်မှာလည်း သတိထားရမယ့်၊ အန္တရာယ်ရှိတဲ့ အွန်လိုင်းလိမ်လည်မှုတွေလည်း ရှိနေတာကြောင့် ရင်သွေးမိခင်တွေ သတိပြုသင့်တဲ့ လုပ်ငန်းတချို့ကို ဖော်ပြပေးပါ့မယ်ရှင့် ..။ ☺️

🚫 Multi-Level Market (MLM)

ကွန်ရက်ဈေးကွက်ရှာဖွေရေးလို့ ခေါ်ကြတဲ့ MLM တွေက အခုခေတ်ကာလမှာ အထိုက်အလျောက် ပပျောက်သွားပြီ ဆိုပေမဲ့ MLM ကို တခြားပုံစံနဲ့ အသက်သွင်း ပုံဖော်လာတဲ့ လုပ်ငန်းမျိုးတွေလည်း တွေ့ရနေဆဲပါပဲ။ အလုပ်စစချင်း ငွေရင်း ထည့်ဝင်ဝယ်ယူရတာ၊ လူသစ်တွေ ရှာဖွေစုဆောင်းရတာနဲ့ အကျိုးအမြတ် ရဖို့ မသေချာတဲ့အပြင် ဒီလုပ်ငန်းကို မနှစ်မြို့ကြတဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်ကြားမှာ ဆက်ဆံရေးပြဿနာတွေ ဖြစ်လာနိုင်လို့ ဒါမျိုးလုပ်ငန်းဆိုရင် ရှောင်ကျဉ်သင့်ပါတယ်။

🚫 Online Scam
ကျားဖြန်လို့ နာမည်ကြီးတဲ့ အွန်လိုင်းပေါ်က နည်းအမျိုးမျိုးနဲ့ လိမ်လည် လှည့်ဖျားမှုတွေက အိမ်မှာပဲ အနေများတဲ့ ရင်သွေးမိခင်တွေအပေါ် ပစ်မှတ်ထားတတ်ကြပါတယ်။ လွယ်လွယ်နဲ့ ငွေရမယ် ဆိုလို့ အစ လုပ်မိလိုက်ရင် စိတ်သောကနဲ့ ငွေကြေးဆုံးရှုံးမှုအပြင် ကိုယ့်မိသားစုအသိုင်းအဝိုင်းကိုပါ အကြီးအကျယ် ထိခိုက်လာနိုင်တာကြောင့် အင်တာနက်ပေါ်က မက်လုံးပေး ဆွဲဆောင်မှုတွေကို သတိနဲ့ ရင်ဆိုင်သင့်ပါတယ်။

🚫 စလော့ဂိမ်း လောင်းကစား

ဒီနှစ်ပိုင်းတွေမှာ တောရောမြို့ပါ မကျန် ခေတ်စားနေပြီး လွယ်လွယ်နဲ့ ပွပေါက်တိုးနိုင်တယ်လို့ တလွဲ မျှော်လင့်ချက်တွေ ပေးတတ်တဲ့ စလော့ဂိမ်းအမျိုးမျိုးကိုလည်း ရင်သွေးမိခင်တွေအနေနဲ့ ယောင်လို့မှ စိတ်မဝင်စားမိပါစေနဲ့ရှင်..။ ဂိမ်းကစားသူတွေ ဘယ်လိုမှ မနိုင်အောင် နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ဂိမ်းတွေ ဖြစ်လို့ အစပိုင်းမှာ ဟုတ်မလိုလိုနဲ့ နောက်ပိုင်းမှာ ရှိတာလေးတွေပါ အကုန် ပြောင်တဲ့အထိ ဒုက္ခပေးတတ်ပါတယ်။ ရှုံးမဲမဲလေ … ပိုအထိနာလေ ကြွေးနွံနစ်လေ ဖြစ်တတ်တာကြောင့် စိတ်ကူးထဲ မထည့်သင့်တဲ့ အလုပ်မျိုး ဖြစ်ပါတယ်။

🚫 တစ်ပိုင်တစ်နိုင် ငွေတိုးချေးခြင်း

ဒီနေ့ခေတ်ကာလမှာ အဆင်ပြေသူ၊ မပြေသူလို့ အချိုးချကြည့်ရင် အများစုက ရုန်းကန်နေရသူတွေပဲ ဖြစ်နေတဲ့အတွက် အိမ်မှာနေရင်းထိုင်းရင်း အတိုးများများ ပြန်ရနိုင်တယ်ဆိုတဲ့ စိတ်ကူးနဲ့ လက်ထဲက ငွေလေးကို အတိုးပေးစားလိုက်မယ်လို့တော့ စိတ်မကူးလိုက်ပါနဲ့ရှင်..။ တရားဝင်လုပ်ငန်း မဟုတ်သလို အတိုးရဖို့ နေနေသာ အရင်းတောင် မသေချာတဲ့အလုပ်မျိုး ဖြစ်လို့ ငွေဆုံးတာအပြင် လူမှုပြဿနာတွေပါ ဖြစ်ပေါ်စေနိုင်တာကြောင့် ရှောင်သင့်ပါတယ်။

အဲဒီတော့ အခုဖော်ပြတဲ့ အလုပ်မျိုးတွေကိုတော့ ရှောင်ရမှာ ဟုတ်ပါပြီ။ ကလေးတစ်ဖက်နဲ့ ဘယ်လို အလုပ်မျိုးတွေကိုရော လုပ်နိုင်မလဲဆိုရင် အရင်အပတ်က သိမ့်ရဲ့Page မှာ တင်ပြခဲ့တဲ့ Mompreneur ဖြစ်လာဖို့ လက်တွေ့ကျတဲ့ အိုင်ဒီယာများ စာထဲမှာ Mompreneur တွေ စမ်းသပ် လုပ်ကြည့်နိုင်တဲ့ စီးပွားရေးအိုင်ဒီယာတချို့ကို ဟောဒီလင့်ကနေ ပြန်ကြည့်နိုင်ပါတယ်ရှင်.. ။ 😊

https://www.facebook.com/share/p/1FdYNHUzgD/

ကလေးတို့မေမေတိုင်းရဲ့အိပ်မက်တွေကို ရှင်သန်အောင်မြင်စေချင်တဲ့
Theint – Mompreneur 🤍

#မိခင် #စီးပွားရေး #ရင်သွေးမိခင်စီးပွားရှင် #လုပ်ငန်း

စီးပွားရေး စလုပ်ချင်တဲ့ ရင်သွေးမိခင်တို့အတွက် အချိန် စီမံခန့်ခွဲမှုအကြံပြုချက်များ 🌻🌻🌻

👉ကိုယ့်ရင်သွေးငယ်လေးတွေကို ပြုစုပျိုးထောင်ရင်း တစ်ဖက်တစ်လမ်းက စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပြီး စိန်ခေါ်မှုတွေလည်း အများကြီးပါပဲရှင်..။ ဒီစိန်ခေါ်မှုတွေထဲမှာ အချိန်ကလည်း အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ 👌

ဒါပေမဲ့ ကလေးတို့မေမေတွေအနေနဲ့ ကိုယ့်တစ်နေ့တာအချိန်တွေကို စနစ်တကျသာ စီမံခန့်ခွဲနိုင်မယ် ဆိုရင် ကလေးဗာဟီရ၊ အိမ်မှုကိစ္စနဲ့ ကိုယ့်အလုပ်တွေကို ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ပါလိမ့်မယ်။ 🥰
ဒီလို လုပ်ဆောင်နိုင်မယ့်နည်းလမ်းတချို့ကိုလည်း မျှဝေပါရစေရှင့်…။ 🤍

🌸တစ်နေ့တာ အစီအစဉ်

မနက်မိုးလင်း အိပ်ယာထတာနဲ့ ဒီတစ်နေ့တာ အချိန်ဇယားမှာ ကလေးအတွက် လုပ်ပေးရမယ့်ကိစ္စ၊ ကလေးနဲ့အတူ ကုန်ဆုံးရမယ့်အချိန်၊ အိမ်အလုပ်တွေနဲ့အတူ ကိုယ့်စီးပွားရေးလုပ်ငန်းလေးအတွက် ပေးရမယ့်အချိန်တွေကို ဇယားဆွဲ သတ်မှတ်ထားမှသာ ကိုယ့်တစ်နေ့တာကို ဘယ်လိုဖြတ်သန်းမလဲ ဆိုတာ ပီပြင်ရှင်းလင်းနေပါလိမ့်မယ်ရှင်.။ 🤍

🌸ပြောင်းလွယ်ပြင်လွယ် ရှိပါစေ

တစ်နေ့တာအချိန်ဇယားတော့ ဆွဲပြီးပါရဲ့..ဒါပေမဲ့ စက်ရုပ်ကြီးလို အမြဲတမ်းတော့ အချိန်ဇယားအတိုင်း တိတိကျကျ မလိုက်နိုင်တာလည်း မကြာခဏ ကြုံရပါလိမ့်မယ်။ အဲဒီတော့ ကိုယ့်တစ်နေ့တာအစီအစဉ် အချိန်ဇယားကို တင်းကျပ်လွန်းအောင် မလုပ်ပါနဲ့၊ ပြောင်းလွယ်ပြင်လွယ် ထားပါ။ 😊
တစ်နေ့တာလုံးမှာ အရေးအကြီးဆုံးနဲ့ အလျင်စလို အဖြစ်ဆုံးအရာတွေကို ဦးစားပေး လုပ်နိုင်ရင်ကို အဆင်ပြေတဲ့နေ့လို့ သတ်မှတ်နိုင်ပါတယ်။ ဒါမှလည်း ကလေးတို့မေမေတွေ စိတ်ဖိစီးမှု သက်သာမှာဖြစ်ပါတယ်ရှင့် . .။ 🤍

🌸ကိုယ်စား ကူညီပေးမယ့်သူ

တကယ်တော့ တစ်နေ့တာ လုပ်စရာမှန်သမျှကို ကိုယ်တစ်ယောက်တည်းကပဲ အစအဆုံး လုပ်ရမယ် လို့ သတ်မှတ်မထားပါဘူး။ 👌
ခင်ပွန်းသည် (သို့) မိသားစုဝင်တွေဆီက အကူအညီ (သို့) တတ်နိုင်ရင် ကလေးထိန်း အကူအညီကိုလည်း ရယူသင့်ပါတယ်။ ဒါမှမဟုတ် နေ့ကလေးထိန်းကျောင်းတွေဆီ ပို့ပြီး ကိုယ့်လုပ်ငန်းအတွက် အချိန်ကို ပိုမို ရယူအသုံးပြုနိုင်ပါတယ်ရှင် .. ။ 🤍

🌸ငြင်းပယ်ဖို့ ဝန်မလေးပါနဲ့

အ်ိမ်မှာ အနေများတဲ့ မိခင်တစ်ယောက်အဖို့ အိမ်နီးချင်းတွေနဲ့ လိုတာထက်ပို ဆက်သွယ်နေရတာ၊ တခြားလူမှုကိစ္စတွေမှာ ပါဝင်ပတ်သက်နေရတာ၊ ပွဲလမ်းအခမ်းအနား ဖိတ်ခေါ်မှုတွေကို အချိန်ပေး တက်ရောက်ရတာတွေက အမြဲတမ်း အဆင်ပြေမနေပါဘူး။👌
ဒါကြောင့် ကိုယ့်ဘက်က အချိန်ပေးဖို့ အဆင်မပြေလွန်းတဲ့အခါ “No” လို့ အပြတ်ငြင်းဖို့ ဝန်မလေးပါနဲ့။ ဒီလို ငြင်းပယ်တာဟာ သူတပါးကို ထိခိုက်စေဖို့ မဟုတ်ဘဲ မိမိကိုယ်ကို ဂရုစိုက်နိုင်ဖို့အတွက်သာ ဖြစ်ပါတယ်ရှင် ..။🤍

🌸ကိုယ့်အတွက်လည်း အချ်ိန်ပေးပါ

နေ့စဉ်နဲ့အမျှ အမြန်နှုန်းနဲ့ ရွေ့လျားရှင်သန်နေရတဲ့ ဒီလိုခေတ်ထဲမှာ ကလေးနဲ့ မိသားစုအတွက်ချည်းပဲ အချိန်တွေ ပုံအောပေးနေရလို့ ကြာလာရင် ကိုယ့်ဘဝကိုယ် ပြန်ပြီး ငြီးငွေ့သလို ခံစားရတတ်ပါတယ်။ 😌
ဒါကြောင့် “Me Time” ဆိုတဲ့ ကိုယ့်အတွက်ကိုယ် အချိန်ပေးပြီး လေ့ကျင့်ခန်း လုပ်တာ၊ ဝါသနာပါရာ လေ့လာစူးစမ်းတာ၊ ဖတ်ချင်တဲ့စာအုပ်ဖတ်ပြီး စားချင်တာတွေ စားပစ်လိုက်တာက စိတ်ဖိစီးမှုတွေကို ပြေလျော့စေတဲ့အပြင် ကလေးနဲ့ အလုပ်တွေကိုလည်း အာရုံပိုစိုက်ပေးနိုင်ပါတယ်ရှင်.. ။🤍

🌻ဖော်ပြပါ အချိန်စီမံခန့်ခွဲမှု နည်းလမ်းတွေက ရင်သွေးမိခင်တစ်ဦးသာမက လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာဖို့လည်း ရည်မှန်းချက်ထားတဲ့ Momprenure အမျိုးသမီးတွေအတွက် ကိုယ့်ဘဝနဲ့ ယှဉ်ပြီး အနည်းနဲ့အများ အသုံးတည့်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။🌻

ကလေးတို့မေမေတိုင်းရဲ့အိပ်မက်တွေကို ရှင်သန်အောင်မြင်စေချင်တဲ့
Theint – Mompreneur 🤍

#မိခင် #စီးပွားရေး #ရင်သွေးမိခင်စီးပွားရှင် #အချိန်စီမံခန့်ခွဲမှု

18/09/2025

မေမေ့ Page https://www.facebook.com/share/p/17DMvm5B3P/?mibextid=wwXIfr

Photos from Baby One 's post 23/10/2024

😅😅😅

သမီးလေး👇👇👇

သမီးပုံလေးတွေ ကူးယူဖော်ပြခြင်း မပြုပါနော်။

10:54am
231024

သမီးလေးရဲ့ အကောင့်လေး https://www.tiktok.com/?_t=8pBOebcsnkQ&_r=1

Photos from Baby One 's post 20/09/2024

😅😅😅

သမီးလေး👇👇👇

သမီးပုံလေးတွေ ကူးယူဖော်ပြခြင်း မပြုပါနော်။

03:47pm
200924

သမီးလေးရဲ့ အကောင့်လေး https://www.tiktok.com/?_t=8pBOebcsnkQ&_r=1

Photos from Baby One 's post 29/08/2024

😅😅😅

သမီးလေး👇👇👇

သမီးပုံလေးတွေ ကူးယူဖော်ပြခြင်း မပြုပါနော်။

05:10pm
290824

သမီးလေးရဲ့ အကောင့်လေး https://www.tiktok.com/?_t=8pBOebcsnkQ&_r=1

Photos from Baby One 's post 26/08/2024

😅😅😅

သမီးလေး👇👇👇

သမီးပုံလေးတွေ ကူးယူဖော်ပြခြင်း မပြုပါနော်။

09:17am
260824

သမီးလေးရဲ့ အကောင့်လေး https://www.tiktok.com/?_t=8pBOebcsnkQ&_r=1

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon