TTH81
����
Waffle ကိုပုံစံအစမ်းလေးနဲ့လှလှလေးလုပ်စားကြမယ်
နောက် hot pot သွားစားရင်အဲ့လိုလေးလုပ်စားကြည့်အုံးမယ်😁😁
15/08/2022
ဂျပန်ဝက်သားပြားကြော်(or)tonketsu
ပါဝင်ပစ္စည်း...................
ကြက်ဥ - ၁လုံး
ဘက်စုံသုံးဂျုံ - ထမင်းစားဇွန်း၄ဇွန်း
ရေ - လက်ဖက်ရည်ဇွန်း၂ဇွန်း
ဝက်ပေါင်သားအပြား - ၂ပြား
ပေါင်မုန့်ခြောက်မှုန့် - ၁/၂ ခွက်
ဆားအနည်းငယ်
ငရုတ်ကောင်းအနည်းငယ်
ပြုလုပ်ပုံ..............
ကြက်ဥတစ်လုံးကို ပန်းကန်ထဲထည့်၍ ခလောက်ထားပေးပါ
ကြက်ဥထဲကိုဘက်စုံသုံးဂျုံနှင့်ရေကိုထည့်ပြီးမွှေထားပေးပါ
(ရေကတော့မုန့်နှစ်အပြစ်အကြဲကြည့်ပြီးလိုသလိုထည့်နိုင်ပါတယ်)
ဝက်သားပြားကို နည်းနည်းလေးနူးညံသွားအောင် ဓားကိုပြောင်းပြန်လေးလုပ်ပြီး ထုပေးပါ
ပြီးရင်ဆား၊ငရုတ်ကောင်း အနည်းငယ်ထည့်ပြီးနယ်ပေးပါ
ပြီးရင်တော့ ဝက်သားလေးကိုမုန့်နှစ်လေးထဲနှစ် ပေါင်မုန့်ခြောက်လေးကပ်ပြီး ဆီထဲထည့်ကြော်ပေးရင်ရပါပြီရှင့်
12/08/2022
ကိုရီးယားဝက်ဆလပ်လုပ်နည်း
ပါဝင်ပစ္စည်း...................
မိမိကြိုက်နှစ်သက်ရာအသားတစ်မျိုး - ၄၀သားခန့်
ကြက်သွန်နီ -၂လုံးခန့်
ကြက်သွန်ဖြူ - ၄မွှာ
ကြက်သွန်မြိတ် -၁စည်း
သကြား - ထမင်းစားဇွန်း ၃ဇွန်း
ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပဲငံပြာရည် - ၁/၄ခွက်
နှမ်းဆီ - ထမင်းစားဇွန်း ၃ဇွန်း
ပြုလုပ်ပုံ.............
အသားကို အလွှာလေးတွေဖြစ်အောင်လှီးပေးပါ
ကြက်သွန်နီ၁လုံးနှင့်ကြက်သွန်ဖြူ၊ကြက်သွန်မြိတ်တို့ကို နုပ်နုပ်စင်းပေးပါ
ကျန်ကြက်သွန်နီ၁လုံးကို အကွင်းလေးတွေလှီးပေးပါ
အသားလွှာထဲကို နုပ်နုပ်စင်းထားသော ကြက်သွန်နီ/ဖြူ၊ကြက်သွန်မြိတ်၊သကြား၊ငရုတ်ကောင်း၊ပဲငံပြာရည်၊နှမ်းဆီတို့ကိုထည့်ပြီးသမအောင်နယ်ပေးပါ
အသားထဲအရသာဝင်အောင် မိနစ်၃၀ခန့်နှပ်ပေးပါ
နောက်ဆုံးမကပ်အိုးထဲကို ဆီအနည်းငယ်၊နယ်ထားသောအသား၊အကွင်းလှီးထားသောကြက်သွန်နီထည့်၍အိုးကင်းပူကပ်ပြီးကြော်ပေးပြီးရင်ရပါပြီ
ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး နှမ်းစေ့၊ကြက်သွန်မြိတ်တို့ဖြူးကာအလှဆင်လို့ရပါတယ်ရှင့်
09/08/2022
Crepe roll cake
ပါဝင်ပစ္စည်း....................
ကြက်ဥ - ၂လုံး
သကြား - ထမင်းစားဇွန်း၂ဇွန်း+ လက်ဖက်ရည်ဇွန်း၂ဇွန်း
ဆား - ၁/၄လက်ဖက်ရည်ဇွန်း
Vanilla - ၁/၂လက်ဖက်ရည်ဇွန်း
All purpose flour - ၁/၂ခွက်+ထမင်းစားဇွန်း၂ဇွန်း
ချောကလက်မှုန့် - ထမင်းစားဇွန်း၁ဇွန်း
နွားနို့ - ၁ခွက်ခွဲ
ထောပတ် - ထမင်းစားဇွန်း၁ဇွန်း+လက်ဖက်ရည်၁ဇွန်း
Heavy (or) Whipping cream - ၁ခွက်
နို့ဆီ - ထမင်းစားဇွန်း၃ဇွန်း+လက်ဖက်ရည်ဇွန်း၂ဇွန်း
Oreo cookiesချပ်လေးတွေကိုအမှုန့်ချေပေးထားပါ
ပြုလုပ်ပုံ................
ကြက်ဥ၊သကြား၊ဆား၊vanilla တို့ကိုဇလုံတစ်ခုထဲတွင်မွှေပေးပြီး ဂျုံ၊ချောကလက်မှုန့်၊နွားနို့၊ထောပတ်တို့ကိုထပ်ထည့်၍မွှေပေးပါ
ပြီးရင် မွှေလို့ရလာတဲ့မုန့်နှစ်သားကို ရေခဲသေတ္တာထဲမှာ၁နာရီခန့်ထားပေးပါနော်
ကဲစောင့်နေရင်းနဲ့ အထဲထည့်ဖို့ခရင်လေးလုပ်ရအောင်
Heavy cream၊နို့ဆီတို့ကိုဇလုံတစ်ခုထဲထည့်ပြီး ခရင်ပုံစံလေးရတဲ့အထိမွှေပေးပါနော်
ကဲ crepe လေးတွေလုပ်ပါတော့မယ်
မုန့်နှစ်ကိုရေခဲသေတ္တာထဲကထုတ်ပါ မကပ်အိုးကိုအပူလေးပေးပြီးမီးနည်းနည်းလေးနဲ့ထားပေးပါ ပြီးရင်မုန့်နှစ်လေးတွေထည့်ပြီး crepe ချပ်လေးတွေရအောင်လုပ်ပါမယ်
ပြီးရင်တော့အောက်မှာပြထားတဲ့ပုံအတိုင်းဆက်လုပ်ပြီးရေခဲသေတ္တာထဲခဏထည့်ပြီးရင်ရပါပြီရှင့်
07/08/2022
အရောအနှောတွေမပါပဲကျန်းမာရေးမဲ့ညီညွတ်တဲ့ အိမ်လုပ်ထောပတ်လုပ်နည်းလေးပါ
ပါဝင်ပစ္စည်း...................
Whipping(or)Heavy Cream - ၂ခွက်
ရေခဲရေ
Baking paper
ပြုလုပ်ပုံ...............
Whipping(or)Heavy Cream ၂ခွက်ကို ဇလုံတစ်ခုထဲထည့်ပြီး အောက်ကပုံမှာပြထားတဲ့အခြေအနေရသည်အထိမွှေပေးရပါမယ်
ရလာတဲ့ဟာကို အရည်တွေကို သွန်ပစ်ပြီး ကျန်တဲ့ ထောပတ်ခဲလေးတွေကို အလုံးလေးဖြစ်အောင်လက်နဲ့နယ်ရပါမယ်
ပြီးရင်တော့နယ်ထားတဲ့ထောပတ်ခဲလေးကိုရေခဲရေထဲထည့်ပြီး စေးစေးလေးဖြစ်လာတဲ့အထိထပ်နယ်ပေးရပါမယ်
(မှတ်ချက် - ရေခဲရေနွေးသွားရင်အသစ်လဲပြီးနယ်ပေးရမယ်နော်)
စေးစေးလေးနဲ့လုံးလုံးလေးရပြီဆိုရင်တော့ baking paper ပေါ်တင်ပြီး လိုချင်တဲ့ပုံစံသွင်းကာ ရေခဲသေတ္တာထဲမှာတစ်နာရီလောက်အခဲခံပေးလိုက်ရင် ထောပတ်လေးရပါပြီရှင့်
06/08/2022
ခေါက်ဆွဲပြုတ်ကြီးပဲစားရတာရိုးနေပြီလား?
ခေါက်ဆွဲဘူးထမင်းကြော်လုပ်နည်းလေးပါ
ပါဝင်ပစ္စည်း...................
နှစ်သက်ရာခေါက်ဆွဲဘူး - ၁ဘူး
ဆား - အနည်းငယ်
သကြား -အနည်းငယ်
ထမင်း - ပန်းကန်လုံး၁လုံး
ကြက်သွန်မြိတ်နုပ်နုပ်စင်း - အနည်းငယ်
ကြက်ဥ - ၁လုံး
ပြုလုပ်ပုံ...............
ခေါက်ဆွဲဘူးထဲကခေါက်ဆွဲလေးတွေကိုထုပ်ပြီး သေးသေးလေးတွေဖြစ်အောင်ချေပေးပါ
ပြီးရင် ဘူးထဲခေါက်ဆွဲလေးတွေပြန်ထည့် သူ့မှာပါတဲ့အရသာမှုန့်လေးထည့် ရေနွေးလေးကို ခေါက်ဆွဲလေးမြုပ်ရုံထည့်ပြီးခဏပိတ်ထားပါ
ခေါက်ဆွဲကိုစောင့်ရင်း ထမင်းကြော်ပါမယ်
အိုးတစ်ခုထဲဆီအနည်းငယ်ထည့်ပြီးကြက်သွန်မိတ်ကိုထည့်ကြော်ပါမယ်
ကြက်သွန်မိတ်မွှေးလာရင် ကြက်ဥလေးထည့်ပြီးမွှေပေးပါ ပြီးရင်ထမင်းလေးထည့်မွှေ ပြီးရင်တော့ ခုနကပြုတ်ထားတဲ့ ခေါက်ဆွဲလေးထည့် အရသာအပေါ့အငံမြည်း လိုတာလေးထည့်ပြီးကြော်ပေးရပါမယ်
ပုံထဲကလိုလေးလိုချင်ရင်တော့ ကြော်ထားတဲ့ထမင်းလေးကို ခေါက်ဆွဲဘူးထဲပြန်ထည့်ပြီး ပန်းကန်ပေါ်မှောက်ချလိုက်ရင်ရပါပြီရှင့်
ကဲဒီနေ့တော့ အစားအသောက်လုပ်နည်းမဟုတ်ပဲ သရေကျစရာလေးတင်ပေးလိုက်ပါတယ်
04/08/2022
လူကြိုက်များတဲ့ mochi ice cream လုပ်နည်းလေးပ
ပါဝင်ပစ္စည်း....................
Chocolateမှုန့် - ထမင်းစားဇွန်း၁ဇွန်း
နို့ဆီ - ထမင်းစားဇွန်း၃ဇွန်း
Whipping cream. - ၁ခွက်
ကောက်ညှင်းမှုန့် - ခွက်တစ်ဝက်+ထမင်းစားဇွန်း၂ဇွန်း
သကြား - ၁/၄ခွက်
ရေ - ၃/၄ခွက်
Corn starch
Ice creamပြုလုပ်ပုံ...............................
Chocolateမှုန့်ရယ်နို့ဆီရယ်whipping creamရယ်ကိုရောမွှေပါ
Cream ပုံစံရလာပြီဆိုရင် နှစ်သက်ရာ ဘူးထဲထည့်ပြီးရေခဲသေတ္တာထဲတွင်၄နာရီလောက်ခဲထားပေးရုံပါပဲ
Mochiပြုလုပ်ပုံ.........................
ကောက်ညှင်းမှုန့်၊သကြားနှင့်ရေကိုခွက်တစ်ခုထဲတွင်ထည့်မွှေပေးပါ
ရလာတဲ့မုန့်နှစ်ကို15mins ခန့်မီးအေးအေးနဲ့ပေါင်းပေးပါ
ပေါင်းပြီးသားမုန့်နှစ်ကို corn starch မှုန့်ခင်းပြီး အပြားလေးဖြစ်အောင်လုပ်ပေးပါ
ပြီးရင်တော့ လိုတဲ့ပုံစံလေးတွေဖြတ်ပြီးရေခဲမုန့်လေးထည့်ကာလုံးပေးပါ
ရလာတဲ့mochiလေးတွေကို freezer ထဲ၁နာရီလောက်ထည့်ခဲပေးပြီးရင်တော့
အရသာရှိတဲ့mochi ice cream လေးရပါပြီရှင့်
02/08/2022
ပုဇွန်ပေါင်မုန့်ကြော်
ပါဝင်ပစ္စည်း..................
ပုဇွန် - ၅၀၀g (၃၀ကျပ်သားခန့်)
ဆားအနည်းငယ်
သကြားအနည်းငယ်
ငရုတ်ကောင်းမှုန့်အနည်းငယ်
ကြက်ဥတစ်လုံး
ပြောင်းကော်မှုန့် - ထမင်းစားဇွန်းတစ်ဇွန်း
ပေါင်မုန့်
ပြုလုပ်ပုံ...............
ပုဇွန်၃၀ကျပ်သားကိုအခွန်ခွာပြီးနုပ်နုပ်စင်းပေးပါ
နုပ်နုပ်စင်းထားတဲ့ပုဇွန်ထဲကိုပါဝင်ပစ္စည်းအမှုန့်များအကုန်ထည့်ပြီးသမအောင်မွှေပေးပါ
(မှတ်ချက်-ကြက်ဥကိုတော့ အကာလေးပဲထည့်ပေးနော်)
ပေါင်မုန့်လေးတွေကိုဘေးသားလေးတွေဖြတ်ပြီးတစ်ချပ်ကိုလေးပိုင်းပိုင်းပေးပါနော်
ပြီးရင်တော့သမအောင်နယ်ထားတဲ့ပုဇွန်လေးတွေကိုပေါင်မုန့်ပေါ်တင်ပြီးကြော်လိုက်ရုံပါပဲ
အရသာရှိတဲ့ ပုဇွန်ပေါင်မုန့်ကြော်လေးရပါပြီ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon