ERS Wireless Network
Best Wifi Network Service
ERS WIFI အသုံးပြုသော ချစ်သော Customer များခင်ဗျာ။Internet အသုံးပြုရ အဆင်မပြေဖြစ်ပါက အောက်ပါ ဖုန်းနံပါတ်များ ကိုဆက်သွယ်ပေးပါက
ရုံးချိန် 9:00AM ~ 6:00PM အတွင်း Service ကိုကိုတို့မှ လူကိုယ်တိုင်နေ့ချင်းပြီးလာရောက် ရှင်းပေးမည်ဖြစ်ကြောင်းနှင့် ရုံးချိန်ကျော်သွားပါက နောက်နေ့ ရုံးချိန် အတွင်း လာရောက်ဖြေရှင်းပေးပါမည်။
Office Ph.No
09780844744
09964464003
09407357564
ERS ၏ ချစ်သော Customer များ Bill ဆောင်ရာတွင် AYA Pay,KPay တို့နှင့် ပေးချေနိုင်ရန် ဆောင်ရွက်နေပါကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်။
Server Error ဖြစ်ပေါ်မှုကို ပြင်ဆင်နေပါသဖြင့် အချို့သော User အနည်းငယ်မျှ လိုင်းမရဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်တောင်းပန်အပ်ပါတယ် ခင်ဗျာ။အမြန်ဆုံး ပြန်လည် အသုံးပြု၍ရအောင် ပြုလုပ်နေပါသည်ခင်ဗျာ။အခုလို Error ဖြစ်ပေါ်မှု အတွက် အနူးအညွန့် တောင်းပန်အပ်ပါသည်ခင်ဗျာ။
ERS WIFI အသုံးပြုပေးပါသော ချစ်သော User များ ခင်ဗျာ WIFI လိုင်းများ အမှန်တစ်ကယ်ကြီး ပုံမှန်အတိုင်း ပြန်လည် အသုံးပြု၍ ရပါပြီခင်ဗျာ။သည်းခံအသုံးပြုပေးပါသော User များအားလုံးကော သည်း # # ျားကိုပါ အမှန်တကယ် ကျေးဇူးတင်ကြောင်း နှင့် နောင်တစ်ခါ ဤကဲ့သို့ လိုင်းနှေးခြင်းမဖြစ်ပေါ်ရအောင် အကောင်းဆုံးကြိုးစားပါမည်ခင်ဗျာ။Backup လိုင်းများ သည်ထက် ပိုထားနိုင်အောင်လည်းကြိုးစားပါမည်ခင်ဗျာ။ရုံးချိန် နံနက် ၉နာရီ မှ ညနေ ၆နာရီ ရုံးဖွင့်ချိန်အတွင်း လိုင်းမရသည်များကို လာရောက်ဖြေရှင်းပေးပါမည်ခင်ဗျာ။ညနေ ၆နာရီ ကျော်၍ လာရောက်ဖြေရှင်းမှု နောက်ကျသည်သော်၎င်း
လာရောက် မဖြေရှင်းဖြစ်လျှင်သော်လည်းကောင်း။နောက်နေ့ လာရောက် ဖြေရှင်းပေးပါမည် ခင်ဗျာ။
ကျေးဇူး အထူးတင်ရှိပါသည်။
ERS WIFI အသုံးပြုသော ချစ်သော User များခင်ဗျား။လိုင်း အသုံးပြုမှု အဆင်မပြေခြင်းများ အတွက် အနူးအညွှန့်တောင်းပန်အပ်ပါတယ်ခင်ဗျာ။မည်သို့မှ ပြင်ဆင်ရန် မဖြစ်နိုင်သော အခြေအနေ တစ်ခုကြောင့် Main Fiber ဆက်ကြောင်း ပြုပြင်မှု နှောင့်နှေးနေရပါတယ်ခင်ဗျာ။သို့ပါသောကြောင့် ရက်အပို ၂ရက်ပြန်ပေးမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။
၈ရက် နေ့ ပြည့်မည့် User များအတွက် ၁၀ရက်နေ့
၁၆ရက် နေ့ ပြည့်မည့် User များအတွက် ၁၈ရက်နေ့
၂၄ရက် နေ့ ပြည့်မည့် User များအတွက် ၂၆ရက်နေ့
၃၀/၂၁ ရက် နေ့ ပြည့်မည့် User များအတွက် ၂ရက်နေ့
သို့ ၂ရက် အပိုပေး ပြောင်းလဲ ကောက်ခံပေးမည် ဖြစ်ပါကြောင်းနှင့် လိုင်းနှေး၍ အသုံးပြုမရခြင်း များအတွက် အနူးအညွှန့် တောင်းပန်ပါကြောင်း။
လိုင်းများ ပုံမှန်အတိုင်း ပြန်လည် အသုံးပြု၍ရပါပြီခင်ဗျာ။
သည်းခံ အသုံးပြုပေးပါသော ERS WIFI ချစ်သော Customer များကို အထူးကျေးဇူးတင်အပ်ပါသည် ခင်ဗျာ။
ERS Wifi User များ ခင်ဗျာ....
Main Fiber ဆက်ကြောင်း ပြန်လည် ပြုပြင်နေပါသဖြင့် လိုင်းများ ကျနေပါမည်။
ယခု အရေးပေါ် Back Up Fiber လိုင်းဖြင့် ပြောင်းလဲပေးထားသော်လည်း လိုင်းများ နှေးနေမည် ဖြစ်ပြီး ပြန်လည် ပြုပြင်ပြီးပါက User များထံ ပြန်လည် အကြောင်းကြားပေးပါမည်။
အဆင်မပြေမှုများအား ဆောင်ရွက်ပေးနေပါတယ် ခင်ဗျာ။
ERS WIFI အသုံးပြုပါသော ချစ်သော Customer များ ခင်ဗျာ။နိုင်ငံခြားမှလာသော Main Fiber ဆက်ကြောင်း ပြတ်တောက်မှု ဖြစ်ပေါ်သွားပါသဖြင့် Backup လိုင်း နှင့် အစားထိုးပေးနေပါတယ်ခင်ဗျာ။သို့ပါသောကြောင့် အချို့နေရာများ လိုင်းနှေးခြင်း ဖြစ်ပေါ်နိုင်ပါသဖြင့် ချစ်သော Customer များ သိရှိစေရန် လေးစားစွာ အကြောင်းကြားအပ်ပါတယ်။
ပြန်လည်ပြုပြင်မှု စတင်နေပြီး ပြုပြင်ပြီးပါက ပြန်လည် အကြောင်းကြားမှာဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်။
ERS WIFI အသုံးပြုသော ချစ်သော User များ ခင်ဗျာ။
သီတင်းကျွတ်လပြည့်နေ့ ရုံးပိတ်သည့်အတွက် Service Team လာရောက်ဖြေရှင်းရာတွင် နောက်ကျမှု ဖြစ်ပေါ်လာပါက သည်းခံပေးပါရန် ကြိုတင်တောင်းပန်အပ်ပါသည်။
သီတင်းကျွတ်အခါသမယ မှာ ERS WIFI ၏ ချစ်သော User အပေါင်း ကိုယ် စိတ် နှစ်ပါး ကျန်းမာချမ်းသာ၍ အန္တာရာယ်ကင်း ဘေးရှင်း ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျာ။
ကျေးဇူးတင်ပါတယ်။
ERS ချစ်သော USER များ ခင်ဗျာ။International Main ဖိုင်ဘာ ဆက်ကြောင်း မြဝတီ နား ပြတ်တောက်သွားပါသဖြင့် အရံ Internet လိုင်းဖြင့်ပေးနေရသောကြောင့် အချို့နေရာများ လိုင်း နှေးနေပါမည် ခင် ဗျာ။
23/08/2022
ERS WIFI ရဲ့ ချစ်သော User များ ဗဟုသုတ ရစေရန် အလို့ငှာ မလာတာလေးပါ။
Credit
https://www.facebook.com/135944769800930/posts/4434503726611658/
သင့်အိမ်အတွက် internet bandwidth ဘယ်လောက်များများလိုအပ်မလဲ?
အခုချိန်မှာ Internet Service Provider တွေပေါလာပြီး ဈေး နှုန်းတွေသက်သာလာတဲ့အချိန်မှာ unlimited internet တွေတပ်သင့်နေပါပြီ။ unlimited internet plan တွေက data ဘယ်လောက်သုံးလဲဆိုတာပေါ်မူတည်ပြီး ပိုက်ဆံကောက်တာမဟုတ်ပဲ internet speed or Bandwidth ( 2mbps , 3mbps) စသည်ဖြင့်ကောက်တာဖြစ်တဲ့အတွက် ပိုဈေးသက်သာသလို data အကန့်အသတ်မရှိပဲ စိတ်ကြိုက် အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် ကိုယ် ဘယ်လောက် Bandwidth လောက်လို အပ်မလဲဆိုတာကို ဆန်းစစ်ကြည့်ဖို့လိုအပ်ပါလိမ့်မယ်။ ကိုယ်ဘယ်လောက်သုံးလဲဆိုတာကိုသိထားမှ တကယ်တမ်း 3mbps လောက်ပဲလိုအပ်တဲ့အချိန်မှာ 5mbps လိုင်း တပ်ထားမိတာမျိုးကြောင့် ပိုက်ဆံတွေပိုကုန်နေတာတို့ 5mbps လောက်လိုအပ်တဲ့ HD streaming ကြည့်ဖို့လုပ်နေချိန်မှာ 2mbps လောက်ပဲတပ်ထားမိလို့ အဝိုင်းလည်တာကိုထိုင်ကြည့်နေရတာမျိုးတို့ မဖြစ်မှာပါ။ Bandwidth ဆိုတာ internet ကနေသင့် pc ဆီကို download, upload လုပ်နိုင်တဲ့ အမြင့်ဆုံး speed ကိုပြောတာပါ။ Bandwidth များလေ download, upload လုပ်နိုင်တဲ့ speed မြန်လေပါပဲ။ ဒီနေရာမှာတစ်ခုသတိထားရမှာက Bandwidth ကို Megabit per second ( Mbps) နဲ့တိုင်းပါတယ် 3Mbps, 5Mbps စသည်ဖြင့်ပေါ့။ ကျွန်တော်တို့နဲ့ အကျွမ်း တဝင်ပိုရှိတာက Mega Byte per second ပါ။ သူ့ကို B အကြီးနဲ့ရေးပါတယ် (MB)။ 1 Byte မှာ 8 Bits ရှိပါတယ်။ ဒါကြောင့်မို့လို့ 1MB download speed ရချင်ရင် 8Mbps Bandwidth လိုအပ်ပါလိမ့်မယ်။
Bandwidth ရဲ့သဘောတရားကိုနားလည်ရင် ဘယ်လောက်လိုအပ်မလဲဆိုတာကိုဆက်သွားပါမယ်။ သင်ယူထားတဲ့ bandwidth ပမာဏဟာ အိမ်မှာသုံးနေတဲ့ device တွေအကုန်လုံးဆီကို share ပြီးသွားပါ တယ်။ ဥပမာ အိမ်မှာ 5mbps လိုင်းတပ်ထားတယ်ဆိုပါစို့ ဖုန်းနဲ့ဇာတ်ကားတစ်ကားကို တိုက်ရိုက်ကြည့်နေလို့ 3mbps လောက် ဆွဲနေတယ်ဆိုရင် ကျန်တဲ့ device တွေက 2mbps လောက်ပဲ speed တက်တော့မှာဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ အိမ်မှာ လူဘယ်နှစ်ယောက်ရှိတယ်၊ ဘယ်သူတွေက ဘာတွေသုံးတတ်တယ်ဆိုတာကို တိတိကျကျသိမှ၊ ဘယ်လောက် bandwidth ဝယ်သင့်တယ်ဆိုတာကို သေချာသိမှာဖြစ်ပါတယ်။ Video streaming က bandwidth အစားဆုံးဖြစ်ပြီး SD movie ကို stream လုပ်ဖို့ 3Mbps, HD movie ကို stream လုပ်ဖို့အတွက် 5Mbps လောက်လိုအပ်ပါတယ်။ Dota 2 လို ၊ PUBG လို၊ MLBB လို Online Video Gaming အတွက်ကတော့ bandwidth က 5-10mbps ဆိုလုံလောက်ပါတယ်။ Social Media , web surfing, email အတွက်ကလဲ 2mbps လောက်နဲ့ရပါတယ်။ ဒါကြောင့်မို့လို့ အိမ်မှာ တစ်ချိန်တည်းမှာ social media သုံးမယ့်သူတစ်ယောက်ရှိမယ်၊ HD movie တိုက်ရိုက်ကြည့်မယ့်သူတစ်ယောက်ရှိမယ်၊ game ဆော့မယ့်သူတစ်ယောက်ရှိမယ်ဆိုရင် 10 mbps လောက်အနည်ဆုံးလိုအပ် မှာဖြစ်ပါတယ်။ တစ်ပြိုင်တည်းသုံးတာမဟုတ်ရင်တော့ အဲ့လောက်မလိုအပ်ပါဘူး။ 4K movies တွေကြည့်မယ်ဆိုရင်တော့ 25mbps လောက်လိုအပ်ပါလိမ့်မယ်။
Online Game တွေအတွက်ကတော့ bandwidth ထက် latency ကပိုအရေးကြီးပါတယ်။ latency ဆိုတာက သင့် device ကနေ game server ကိုရောက်ဖို့ကြာချိန်ပါ။ latency များရင် game ထဲမှာ ping များနေပြီး lag ဖြစ် တတ်ပါတယ်။ Game server နဲ့ သုံးနေတဲ့ ISP ဝေးရင်ဖြစ်ဖြစ်၊ ISP ကသေချာ optimize မလုပ်ထားတာပဲဖြစ် ဖြစ်၊ fiber မဟုတ်ပဲ wifi လိုမျိုး လိုင်းသိပ်မငြိမ်တဲ့ အင်တာနက်လိုင်းမျိုးသုံးတာပဲဖြစ်ဖြစ် latency များတတ်ပါ တယ်။ ဒါကြောင့် game အတွက်ဆိုရင်တော့ လိုင်းငြိမ်တဲ့ fiber internet ကိုရွေးစေချင်ပါတယ်။ ပြီးတော့ Internet service provider တွေဆီကပေးတဲ့ router တွေသုံးတာမျိုးထက် ကိုယ့်ဘာသာ အမျိုးအစားပို ကောင်းတဲ့ third-party router မျိုးတွေသုံးတာကလိုင်းပိုငြိမ်ပါလိမ့်မယ်။ အဲ့ဒီအတွက်လဲ Technoland မှာ ပစ္စည်းမှန်ပြီးဈေးသက်သာတဲ့ router တွေကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Telephone
Website
Address
Mingalar (2) Street, Shwe Hnin Si Ward, Mingaladon Township
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:30 |
| Sunday | 09:00 - 18:30 |