Systematic Solution

Systematic Solution

Share

Since 2015, SYSTEMATIC provides cloud based ERP to over 100 clients throughout Southeast Asia.

SYSTEMATIC has been established since 2014 in Myanmar and start business to develop the customized software system by Myanmar language support for Royal Club FMCG Company & Golden Orient Company. In 2016, we had our own products the POS station, Inventory, Cash Flow & HR Payroll. According to dynamic market demand in 2017, we started the web-based platform ERP development & Payment gate way. Somet

26/05/2026

Smart QR Digital Card

🤝 လူတစ်ယောက်ရဲ့ စိတ်ထဲမှာ သင့်ကို မှတ်မိသွားဖို့… ဘယ်နှစ်စက္ကန့်ပဲ လိုအပ်မယ် ထင်ပါသလဲ?

Business လောကမှာတော့ “First Impression” ဆိုတာ အရမ်းအရေးကြီးပါတယ်။
တစ်ခါတစ်ရံ…
ခဏတာတွေ့ဆုံမှုလေးတစ်ခုကနေ
ရေရှည်လက်တွဲရမယ့် Customer ကောင်းတွေ၊ Business Partner တွေ၊ Investor တွေ၊ အခွင့်အလမ်းအသစ်တွေ ဖြစ်လာနိုင်ပါတယ်။ ✨

ဒါပေမယ့်…
အဲ့ဒီအခိုက်အတန့်လေးမှာ
သင့်ရဲ့ Professional Image ကို ဘယ်လိုပြသမလဲ? 💼

ယနေ့ခေတ်မှာ လူအများစုက
Business Card စက္ကူလေးတစ်ရွက်ပေးပြီး မိတ်ဆက်နေကြဆဲပါ။

ဒါပေမယ့် စဉ်းစားကြည့်ပါ…

❌ စက္ကူကတ်တွေက အလွယ်တကူပျောက်တတ်တယ်
❌ Contact Number ကို ပြန်ရိုက်ထည့်ရတာ အချိန်ကုန်တယ်
❌ Social Media, Website, Portfolio တွေ မထည့်နိုင်ဘူး
❌ သင့်လုပ်ငန်းရဲ့ Professional Value ကို အပြည့်အဝ မဖော်ပြနိုင်ဘူး

ဒီခေတ် Digital Era မှာ…
Smart QR Digital Card တစ်ခုက
သင့်ရဲ့ Personal Branding ကို အဆင့်မြှင့်ပေးနိုင်ပါတယ်။ 🚀

📱 QR Code ကို Scan တစ်ချက်ဖတ်လိုက်ရုံနဲ့ —

✅ Professional VCard Profile
✅ Company Information
✅ page / LinkedIn / TikTok / Telegram / Website Links
✅ Product & Service Showcase
✅ Portfolio & Previous Works
✅ Google Map Location
✅ Direct Call, Message & Email Buttons

အားလုံးကို Modern Design နဲ့ Professional ကျကျ တစ်နေရာထဲမှာ ပြသနိုင်ပါတယ်။

တစ်ဖက်လူကလည်း
သင့် Contact Information ကို
စက္ကန့်ပိုင်းအတွင်း သူတို့ဖုန်းထဲကို တိုက်ရိုက် Save လုပ်နိုင်မှာဖြစ်လို့
အဆက်အသွယ် ပျောက်သွားမှာ မဟုတ်တော့ပါဘူး။ 📲✨

Networking Event ဖြစ်ဖြစ်…
Business Meeting ဖြစ်ဖြစ်…
Sales Presentation ဖြစ်ဖြစ်…
Customer နဲ့ First Time တွေ့တဲ့အချိန်တိုင်းမှာ
သင့်ရဲ့ Smart QR Digital Card က
သင့်ကို ပိုပြီး Modern…
ပိုပြီး Smart…
ပိုပြီး Professional ဖြစ်စေမှာပါ။ 🌐

ယနေ့ခေတ် Business လောကမှာ
“သင့်မှာ ဘာရှိလဲ” ဆိုတာထက်
“သင့်ကို ဘယ်လိုမှတ်မိသွားစေလဲ” ဆိုတာက ပိုအရေးကြီးလာပါပြီ။

ဒါကြောင့်…
သာမန် Paper Business Card တွေထက်
ပိုပြီး Smart ကျတဲ့
Digital Identity တစ်ခုကို စတင်တည်ဆောက်လိုက်ပါ။ 💡

✨ Smart QR Digital Card ✨
Your Identity.
Your Branding.
Your First Impression.

📞 Smart ကျတဲ့ Business Networking ကို ဒီနေ့ပဲ စတင်လိုက်ပါ။

20/05/2026

✅𝐇𝐢𝐫𝐢𝐧𝐠-𝐒𝐚𝐥𝐞𝐬 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞 𝐌/𝐅 - (𝟑) 𝐏𝐨𝐬𝐭𝐬

- Customer များနှင့် ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်ရမည်။

- အရောင်းပိုင်းအား အမှန်တကယ်စိတ်ပါဝင်စားသူဖြစ်ရပါမည်။

- Customer များ၏ လိုအပ်ချက်နှင့် စျေးကွက်တောင်းဆိုမှုများကို သက်ဆိုင်ရာအဖွဲ့အစည်းသို့ ပြန်လည် တင်ပြပေးနိုင်ရမည်။

- သွက်လက်ထက်မြက်ပြီး စကားပြောချိုသာသူဖြစ်ရမည်။

- ကွန်ပြူတာ အခြေခံကျွမ်းကျင်ရမည်။

- Software ရောင်းချခြင်း လုပ်ငန်းစဉ် (Sales Process) များအကြောင်း ဗဟုသုတ ရှိရမည်။

- အထက်တန်းအောင် (သို့) ဘွဲ့ရ ဖြစ်ရပါမည်။

- အရောင်းပိုင်းတွင် အတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိရမည်။ (Software သို့မဟုတ် IT ပိုင်းနှင့် အတွေ့အကြုံရှိသူကို ဦးစားပေးမည်။)

- ရန်ကုန်မြို့တွင်းရှိ Client Meeting များသို့ သွားလာနိုင်ရမည်။

Please include the names and contact details of referees to the HR Department by email

Apply 𝐡𝐫@𝐬𝐲𝐬𝐭𝐞𝐦𝐚𝐭𝐢𝐜-𝐬𝐨𝐥𝐮𝐭𝐢𝐨𝐧.𝐜𝐨𝐦.
Please contact our office hours (𝟖:𝟎𝟎 𝐀𝐌 𝐭𝐨 𝟒:𝟑𝟎 𝐏𝐌, 𝐕𝐢𝐛𝐞𝐫 - 𝟎𝟗 𝟕𝟗𝟓𝟒𝟑𝟗𝟏𝟑𝟔) not later than 𝐉𝐮𝐧𝐞 𝟓, 𝟐𝟎𝟐𝟔 (𝟒:𝟑𝟎 𝐏𝐌).
Notes: Only short-listed candidates will be contacted for the interview.

Photos from Systematic Solution's post 10/05/2026

Condo နဲ့ ဆိုင်ခန်း၊ အိမ်ခန်းများ ထိန်းချုပ်ဖို့ ခက်နေတယ်ဆို....❓

ငွေဝင်တာ ပျော်စရာကောင်းပေမယ့်.. ငွေဝင်တဲ့ လမ်းကြောင်းက စာရင်းတွေခက်ပြီး ကိုယ့်ကို ခေါင်းခဲနေပြီဆို အလေအလွင့်များနေပြီဆို.... Smart PMS နဲ့ Control လုပ်ဖို့ အကြံပြုပါရစေ။💡

စာချုပ်သက်တမ်း ကုန်သွားတာကို မသိလိုက်ဘဲ အချိန်ကျော်သွားတဲ့အခါ... လုပ်ငန်းရှင်တစ်ယောက်အတွက် ဘယ်လောက်တောင် နစ်နာသွားမလဲ❓

ရန်ကုန်မြို့ရဲ့ အလုပ်များလှတဲ့ နေ့ရက်တွေထဲမှာ အဆောက်အအုံ၊ ဆိုင်ခန်း စီမံခန့်ခွဲသူတွေအတွက် 'ရက်စွဲ' ဆိုတာ အရေးကြီးဆုံးအရာပါ။

စာချုပ်အသစ် ပြန်ချုပ်ဖို့ ကျန်နေတာ၊ အိမ်ငှားခ ဈေးနှုန်းညှိနှိုင်းရမယ့်ရက် လွတ်သွားတာ၊ ဒါမှမဟုတ် စာချုပ်သက်တမ်းကုန်ဆုံးတာကို မသိလိုက်ဘဲ အချိန်တွေ ကျော်လွန်သွားတာမျိုးက... သင့်လုပ်ငန်းရဲ့ ဝင်ငွေကို တိုက်ရိုက် ထိခိုက်စေနိုင်ပါတယ်။

စာရွက်စာတမ်းတွေကြားထဲမှာ စာချုပ်သက်တမ်းတွေကို Manual လိုက်ရှာနေရတာ၊ ပြက္ခဒိန်မှာ မှတ်ထားပေမဲ့ မေ့သွားတာတွေဟာ သင့်ကို ပင်ပန်းစေရုံတင်မကဘဲ အဖိုးတန်တဲ့ အခွင့်အရေးတွေကိုပါ ဆုံးရှုံးစေပါတယ်။

Smart PMS ရဲ့ အဓိက Feature များ
🟢 Contract Management: စာချုပ်သက်တမ်းကုန်ဆုံးမည့်ရက်များကို (Auto-Notification) စနစ်ဖြင့် ကြိုတင်အကြောင်းကြားပေးခြင်း။
🟢 Tenant Records: အိမ်ငှားမှတ်တမ်းနှင့် အချက်အလက်များကို တစ်နေရာတည်းတွင် စနစ်တကျ သိမ်းဆည်းပေးခြင်း။
🟢 Payment Tracking: အိမ်ငှားခနှင့် အထွေထွေကုန်ကျစရိတ်များကို တိကျစွာ မှတ်တမ်းတင်ပေးခြင်း။
🟢 Maintenance Request: ပြုပြင်ထိန်းသိမ်းမှု ကိစ္စရပ်များကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်ခြင်း။
🟢 Real-time Reports: လုပ်ငန်း၏ ဝင်ငွေ၊ ထွက်ငွေနှင့် အခြေအနေများကို အချိန်နှင့်တပြေးညီ (Dashboard) မှတစ်ဆင့် ကြည့်ရှုနိုင်ခြင်း။
🟢 Mobile Access: ဖုန်း သို့မဟုတ် Tablet ရှိရုံဖြင့် နေရာမရွေး၊ အချိန်မရွေး စစ်ဆေးစီမံနိုင်ခြင်း။

တကယ်တော့ စီမံခန့်ခွဲသူဆိုတာ အသေးအဖွဲကိစ္စတွေနောက် လိုက်နေရမယ့်သူ မဟုတ်ဘဲ အရာရာကို ကြိုတင်သိမြင်ပြီး ဆုံးဖြတ်ချက်ချနိုင်ရမယ့်သူပါ။ အလိုအလျောက် သတိပေးချက် (Auto-Notification) စနစ်ရှိတဲ့ စီမံခန့်ခွဲမှုကသာ သင့်ကို ခြေတစ်လှမ်း အမြဲဦးနေစေမှာပါ။

သင့်ရဲ့ Property Management မှာရော စာချုပ်ရက်စွဲတွေ လွတ်သွားလို့ အခက်တွေ့ခဲ့ရတဲ့ အတွေ့အကြုံမျိုး ရှိပါသလား? Comment မှာ မျှဝေပေးခဲ့ပါဦး။

"စနစ်ရှိတဲ့လုပ်ငန်းဟာ ပိုင်ရှင်မရှိလည်း လည်ပတ်နိုင်ပါတယ်။"
သင့်လုပ်ငန်းကို စနစ်ထဲထည့်ပြီး သင့်ဘဝကို အချိန်ပြန်ယူပါ။ အခုပဲ ကျွန်တော်တို့နဲ့ ဆွေးနွေးလိုက်ပါ။
www.smarticwork.com
အသေးစိတ်စုံစမ်းမေးမြန်းရန် -
Hotline No. - 09 777 470 450
Office Address - MICT Park Building 15, 4th Floor, Hlaing Township, Yangon.
၁၀ နှစ်ကျော်ကြာ ရပ်တည်နေတဲ့ ပြည်တွင်း Software Provider အဖြစ် ခိုင်မာစွာ ရပ်တည်နေတဲ့ SYSTEMATiC ဖြစ်ပါသည်။

Photos from Smart HR's post 10/05/2026
Photos from Systematic Solution's post 30/04/2026

လုပ်ငန်းရှင်တော်တော်များများအတွက် တနင်္ဂနွေညဆိုတာ အပန်းဖြေရမယ့်အချိန်မဟုတ်ဘဲ "မနက်ဖြန် ဘာတွေဖြစ်ဦးမလဲ" ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရင်တုန်ရတဲ့အချိန်ဖြစ်နေတတ်ပါတယ်။

"စာရင်းတွေရော ကိုက်ရဲ့လား?"
"ပစ္စည်းတွေရော ပျောက်နေဦးမလား?"
"ငါမရှိရင် ဝန်ထမ်းတွေ အမှားလုပ်ကြဦးမလား?"

ဒီမေးခွန်းတွေက သင့်ရဲ့ အိပ်စက်ခြင်းကို နှောင့်ယှက်နေတယ်ဆိုရင်... သင်ဟာ လုပ်ငန်းကို ပိုင်ဆိုင်ထားတာမဟုတ်ဘဲ အလုပ်ရဲ့ "အကျဉ်းသား" ဖြစ်နေပါပြီ။

✨ The Transformation (What Changes With ERP)
ကျွန်တော်တို့ရဲ့ Smart ERP ဟာ software တစ်ခုသက်သက်တင်မဟုတ်ဘဲ သင့်လုပ်ငန်းကို စနစ်တကျနဲ့ မျက်ခြေမပြတ် စောင့်ကြည့်ပေးမယ့် "ယုံကြည်ရတဲ့ ဦးနှောက်" တစ်ခုပါ။

အချက်အလက်တွေက သင့်လက်ထဲမှာ အမြဲရှိနေတဲ့အခါ...

လွတ်လပ်မှု (Freedom): သင် ဘယ်နေရာရောက်ရောက် လုပ်ငန်းအခြေအနေကို ဖုန်းထဲကနေ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

တိကျမှု (Accuracy): "ထင်ကြေး" နဲ့ ဆုံးဖြတ်ချက်ချရတဲ့ခေတ် ကုန်ဆုံးသွားပါပြီ။

စိတ်ချမ်းသာမှု (Peace): တနင်္ဂနွေညမှာ မနက်ဖြန်အတွက် ရင်မလေးတော့ဘဲ မိသားစုနဲ့အတူ အေးအေးလူလူ အနားယူနိုင်မှာပါ။

💡 Your New Reality
"စနစ်ရှိတဲ့လုပ်ငန်းဟာ ပိုင်ရှင်မရှိလည်း လည်ပတ်နိုင်ပါတယ်။"

သင့်လုပ်ငန်းကို စနစ်ထဲထည့်ပြီး သင့်ဘဝကို အချိန်ပြန်ယူပါ။ အခုပဲ ကျွန်တော်တို့နဲ့ ဆွေးနွေးလိုက်ပါ။

www.smarticwork.com
အသေးစိတ်စုံစမ်းမေးမြန်းရန် -
Hotline No. - 09 777 470 450
Office Address - MICT Park Building 15, 4th Floor, Hlaing Township, Yangon.

၁၀ နှစ်ကျော်ကြာ ရပ်တည်နေတဲ့ ပြည်တွင်း Software Provider အဖြစ် ခိုင်မာစွာ ရပ်တည်နေတဲ့ SYSTEMATiC ဖြစ်ပါသည်။

Photos from Systematic Solution's post 09/04/2026

ကျေးဇူးတော်ရှင်ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အောင်ပန်းချမ်းမြေ့ရိပ်သာခွဲကျောင်းအတွက် ယောဂီစာရင်း၊ အလှူရှင်စာရင်း အစရှိသောကိစ္စများလွယ်ကူစွာဆောင်ရွက်နိုင်အောင် Systematic Solution မှ software system ကုသိုလ်ပြုလှူဒါန်းပါတယ်။ ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီး၏ သာသနာပြုလုပ်ငန်းတွင် တစ်စိတ်တပိုင်းပါဝင်ကုသိုလ်ပြုခွင့်ရလို့လည်း အထူးဝမ်းမြောက်ရပါတယ်။ 🙏🙏🙏




#ချမ်းမြေ့ဆရာတော်ဘုရားကြီး

Photos from Systematic Solution's post 09/03/2026

MYANWEN BEAUTY 2026 🚀

International Women’s Day အထိမ်းအမှတ်အနေနဲ့ (7.3.2026) (8.3.2026) နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့တဲ့ MYANWEN BEAUTY 2026 ပွဲမှ အမှတ်တရပုံရိပ်များကို ဝေမျှပေးပါရစေ…

SYSTEMATiC ၏ ဝန်ဆောင်မှုများကို ယုံကြည်မှုအပြည့်နဲ့ အားပေးခဲ့ကြတဲ့ လုပ်ငန်းရှင်တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလို ကဏ္ဍစုံ လှပထူးခြားတဲ့ ပွဲလေးဖြစ်မြောက်အောင် အဆင်ပြေချောမွေ့စွာ ကြီးမှူးကျင်းပပေးခဲ့ပါသော MYANWEN ဥက္ကဌနှင့်တကွ ပွဲဖြစ်မြောက်ရေးအတွက် ကြိုးစားပေးခဲ့ကြသူများအားလုံးကိုလည်း SYSTEMATiC မှ လေးနက်စွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် 🙏🏻

Hotline No. - 09 777 470 450, 09 780 101 999, 09 428 111 940
Office Address - MICT Park Building 15, 4th Floor, Hlaing Township, Yangon.

19/02/2026

RMS ကြောင့် Royal Ayar Construction ရဲ့ လုပ်ငန်းခွင်မှာ ဘယ်လို ထူးခြားတဲ့ ပြောင်းလဲမှုတွေ ရှိလာသလဲ ❓

💬 Royal Ayar Construction အနေနဲ့ RMS ကို လုပ်ငန်းထဲ အသက်သွင်းပြီးတဲ့နောက်မှာ အရင်က Manual စီစဉ်ရတဲ့ Project Data တွေ Project Team Members တွေ အားလုံးကို System နဲ့ Control လုပ်နိုင်သွားပြီဖြစ်ကြောင်း ကြားသိရတဲ့ များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

RMS အနေနဲ့လည်း လုပ်ငန်းရှင်တိုင်းရဲ့ စီမံခန့်ခွဲမှုတွေကို ပိုမိုမြန်ဆန်၊ စမတ်ကျပြီး စနစ်ကျစေဖို့ အစဉ်တစိုက် ကြိုးစားပံ့ပိုးပေးလျက်ရှိပါတယ်။

မိတ်ဆွေရဲ့ လုပ်ငန်းကိုလည်း Manual စနစ်ကနေ Digital စနစ်သို့ ပြောင်းလဲပြီး စမတ်ကျကျ ထိန်းချုပ်နိုင်ဖို့ RMS ကို အခုပဲ စမ်းသုံးကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ 🚀

👉 Smart RMS အကြောင်း အသေးစိတ်လေ့လာရန်:
https://www.smarticwork.com/smart-rms

www.smarticwork.com

အသေးစိတ်စုံစမ်းမေးမြန်းရန် -
Hotline No. - 09 777 470 450
Office Address - MICT Park Building 15, 4th Floor, Hlaing Township, Yangon.

11/02/2026

Trip One Travels & Tours ဟာဆိုရင် ယခင် RMS System ကို စတင်အသုံးမပြုခင်က Excel File များနဲ့ စာရင်းတွေ ရှုပ်ထွေးနေခဲ့ပြီး
RMS ကို စတင်အသုံးပြုပြီးနောက်မှာတော့ Customers, Sales, Expenses စာရင်းတွေအားလုံး System နဲ့ စနစ်တကျ Run နိုင်နေပြီပဲ ဖြစ်ပါတယ် 🚀

အခုလိုမျိုး RMS System ကို အသုံးပြုပြီးနောက်မှာ စာရင်းများကို စနစ်တကျနဲ့ သေချာကျစ်လျစ်စွာ ဆောင်ရွက်နိုင်ကြောင်း ပြန်လည်ကြားသိရတဲ့အတွက်လည်း အရမ်းပဲ ဝမ်းသာမိပါတယ်…

သင့်လုပ်ငန်းရဲ့ အရောင်းအဖွဲ့ကိုလည်း အခုပဲ စွမ်းအားမြှင့်တင်လိုက်ပါ!

👉 Smart RMS အကြောင်း အသေးစိတ်လေ့လာရန်:
https://www.smarticwork.com/smart-rms

www.smarticwork.com

အသေးစိတ်စုံစမ်းမေးမြန်းရန် -
Hotline No. - 09 777 470 450
Office Address - MICT Park Building 15, 4th Floor, Hlaing Township, Yangon.

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


MICT Park, Building No. 15, 4th Floor, Hlaing Township
Yangon