Shortcut Learner

Shortcut Learner

Share

AI Knowledge Sharing နဲ့ ရုံးလုပ်ငန်းသုံးကွန်ပျုတာဗဟုသုတလေးတွေကို အခမဲ့ပုံမှန်မျှဝေပေးနေပါတယ် 🍀

Private Group မှတစ်ဆင့် သင်တန်းတွေကို သင်ကြားပေးသွားမှာပါ။
သင်တန်းကြေးအနေနဲ့ Group ဝင်ကြေးပေးသွင်းပြီးတာနဲ့ Group accept လုပ်ပေးသွားမှာပါ။ Group Fee ပေးသွင်းပြီးကြောင်းတော့ မင်မင့်ကို payment screen shot လေးလာပြပေးရမှာပါ။
Group ထဲရောက်တာနဲ့ သင်ခန်းစာတွေကိုစတင်လေ့လာလို့ရပါပြီ။ Group ထဲတစ်ခါဝင်ပြီးတာနဲ့ Lifetime အချိန်မရွေးလေ့လာလို့ရပါပြီ။ သင်ခန်းစာတွေကိုတော့ သက်ဆိုင်ရာခေါင်းစဉ်အလိုက် content လေးတွေ

09/03/2026

သိထားသင့်တဲ့ AI အမျိုးအစား (၄) မျိုး
===============================

၁။ Conversational AI (မေးသမျှဖြေတဲ့ AI)

တနည်းအားဖြင့် AI Chat Bot လို့လည်းခေါ်ပါတယ်။ သူတို့တွေက လူနဲ့ စကားပြောသလို အမေးအဖြေလုပ်နိုင်တယ်။ စာစီစာကုံးရေးတာ၊ အချက်အလက်ရှာတာတွေအတွက် အကောင်းဆုံးပါ။
ဥပမာ - ChatGPT, Gemini, Copilot, Perplexity, Qwen, Deepseek

၂။ Agentic AI (အလုပ်လုပ်ပေးတဲ့ AI)

သူကတော့ ကိုယ့်အလုပ်တွေကိုပါလုပ်ပေးနိုင်တဲ့ AI အမျိုးအစားပါ။ ခိုင်းလိုက်တဲ့အလုပ်တွေကို အစအဆုံး ကိုယ်တိုင်စီစဉ်ပြီး လုပ်ပေးနိုင်တယ်။ လေယာဉ်လက်မှတ်ဖြတ်တာ၊ အစည်းအဝေး Schedule ဆွဲတာမျိုးတွေအထိရတယ်။
ဥပမာ - Claude 3.5, OpenClaw

၃။ Generative Media AI (ဖန်တီးရှင် AI)

စာရိုက်ရုံနဲ့ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ အသံတွေကို အသစ်ဖန်တီးပေးတယ်။ Graphic Design နဲ့ Content Creation အတွက် အားကိုးရဆုံးပါ။
ဥပမာ - Midjourney, Leonardo, Sora, Flow, Kling, HeyGen

၄။ Multimodal AI (အစုံသိ AI)

စာ၊ ပုံ၊ အသံနဲ့ ဗီဒီယိုတွေကို တစ်ပြိုင်နက် နားလည်ပြီး အဖြေထုတ်ပေးနိုင်တယ်။
ပုံကိုကြည့်ပြီး ရှင်းပြခိုင်းတာ၊ ဗီဒီယိုကို နားထောင်ပြီး အနှစ်ချုပ်ခိုင်းတာမျိုးတွေ ရတယ်။
ဥပမာ - Gemini, ChatGPT, Perplexity, Copilot, Qwen

အခုလို AI Knowledge Sharing တွေအတွက် Shortcut Learner ကို follow လုပ်ပေးသွားကြပါဦး။

08/12/2025

Canva ဆိုတာ ဘာလဲ?
==================
Canva ဆိုတာ Design အလွယ်တကူဆွဲချင်သူတွေအတွက် မရှိမဖြစ် Tools တခုပါ 🎨

Canva ရဲ့အဓိကအားသာချက်တွေက ဘာတွေလဲ?

✅ Design Skill အများကြီးမလို - အချိန်နည်းနည်းပေးပြီးလေ့လာရုံနဲ့ ကိုယ်တိုင် အလွယ်တကူ ဖန်တီးနိုင်တယ်။
✅ အချိန်ကုန်သက်သာ - အဆင်သင့်သုံးလို့ရတဲ့ Template တွေ ရာချီရှိတယ်။
✅ ဘက်စုံသုံးလို့ရ - သုံးတတ်သွားရင် Logo, Poster, CV, Video အကုန်လုပ်လို့ရတယ်။
✅ Device မရွေးဘူး - Phone ရော Computer မှာပါ အလွယ်တကူသုံးလို့ရတယ်။
✅ အခမဲ့မူဝါဒရှိတယ် - Pro မဟုတ်ရင် သုံးလို့ရတာတွေအကန့်အသတ်ရှိပေမယ့် အခမဲ့သုံးခွင့်ပေးထားတယ်။

အခုလိုမျိုး ဗဟုသုတအကြောင်းအရာတွေစိတ်ဝင်စားရင် Page လေးကို follow လုပ်ပေးသွားခဲ့ကြပါဦး။

10/10/2025

Excel Shortcut မှတ်စု (၁)
=====================
ဒီတခါတော့ Excel မှာ လူသုံးနည်းတဲ့ Shortcut လေးတခုကို မျှဝေပေးချင်ပါတယ်။
Excel file ထဲဝင်လိုက်ပြီဆိုရင် စာလုံးအရွယ်အစား၊ သုံးတဲ့ဖောင့်ပြောင်းတာ၊ စာကြောင်းညှိတာ စတာတွေလုပ်လို့ရတဲ့ အပေါ်ဆုံးအတန်းက Home, Insert, Page Layout စတဲ့ Tab လေးတွေရှိတဲ့နေရာတတန်းလုံးကို Ribbon Bar လို့ခေါ်ပါတယ်။

အဲ့ဒီ Ribbon Bar လေးကို ဖော်လိုက်/ဖျောက်လိုက် လုပ်လို့ရတဲ့ Shortcut လေးပါ။ ထွေထွေထူးထူးတော့မဟုတ်ပေမယ့် အဲ့ဒါလေးဖျောက်လိုက်ရင် Excel Workbook ကို ပိုကျယ်ကျယ်နဲ့ရှင်းရှင်းကြည့်လို့ရသွားပါပြီ။ (ကွန်ပြူတာ Screen Size သေးတဲ့သူတွေနဲ့မျက်စိအားနည်းတဲ့သူတွေအတွက် တကယ်ကိုအသုံးဝင်ပါတယ်)

Ctrl + F1 ကို နှိပ်ပြီး သုံးရုံပါပဲ။

Ribbon Bar အကြောင်းသိချင်တယ်ဆိုရင် Comment မှာ ဆန္ဒပြုသွားလို့ရပါတယ်။ နောက်ရက်ကျ Ribbon Bar အကြောင်းပို့စ်တခုတင်ပေးသွားပါမယ်။
အခုလိုမျိုး လိုတိုရှင်း ရုံးလုပ်ငန်းအသုံးဝင် ကွန်ပျူတာ Shortcut လေးတွေကို စိတ်ဝင်စားရင် Shortcut Learner Page ကို စောင့်ကြည့်ပေးပါဦး။
ကျေးဇူးတင်ပါတယ်။

04/09/2025

Browser မှာပိတ်လိုက်မိတဲ့ Tab တွေအကုန်ပြန်ခေါ်နည်း
======================================

တကယ်လို့ ဒီနည်းလမ်းလေးကိုသိထားရင် Chrome Browser သုံးနေရင်း exit မှားနှိပ်မိလိုက်တဲ့အခါ ကိုယ်ဖွင့်ထားတဲ့ Tab တွေကို တခုချင်းပြန်ဖွင့်စရာမလိုတော့ပါဘူး။

Browser ရဲ့ အပေါ်ဘက်ထောင့်က အစက်လေး ၃ စက်ကိုနှိပ် >> History ပေါ်ကို Mouse Pointer တင်လိုက်ရင် >> ကိုယ်အရင်ဖွင့်သုံးထားတဲ့ဟာတွေကို Recent Tab ဆိုပြီး တန်းစီတွေ့ရမှာပါ >> Recent Tab အောက်ထဲက Tab တွေထဲ 5 Tab, 6 Tab အဲ့လိုတွေ့နေရတဲ့အထဲက ကိုယ်ပြန်ဖွင့်ချင်တဲ့ဟာကို Mouse Pointer တင်လိုက်ရင် Tab တခုထပ်ပေါ်လာပြီး အပေါ်ဆုံးမှာ Restore Tab ကို နှိပ်လိုက်ရင် ပိတ်လိုက်မိတဲ့ Tab တွေအကုန်ပြန်ပေါ်လာပါပြီ။

စမ်းကြည့်ကြပါကိုယ့်လူတို့ Let's go guys...

နောက်ထပ် Knowledge Sharing တွေတင်ပေးဦးမှာမို့ စောင့်ကြည့်ပေးကြပါဦး။ ။

26/08/2025

Laptop တွေ၊ Computer တွေ ပုံမှန်ပိတ်နေကျအတိုင်း Shutdown လုပ်ပြီး ပိတ်မရရင် ဘယ်လိုပိတ်ရမလဲ?
=========================================================================

ဒီပြဿနာက များသောအားဖြင့် Laptop တွေမှာ အဖြစ်များတတ်ကြပါတယ်။
ပြောရရင် စက်ပိတ်ချင်ပေမယ့် စက်ကပိတ်လို့မရတာမျိုးပါ...
အဲ့အခါကျ command သုံးပြီးပိတ်မှရပါတယ်။ သုံးလို့ရတဲ့ Command လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Windows Key + R တွဲနှိပ်လိုက်ရင် Command Box ကျလာမှာပါ။ Command Box ထဲမှာ အောက်ကပေးထားတဲ့ Command တွေရိုက်ပြီး ပိတ်လို့ရပါတယ်။

Windows Key +R >> Command Box >> shutdown /s /f /t 0

shutdown /s /f /t 0 → ချက်ချင်း Shuts down လုပ်မှာဖြစ်ပြီး ဒါပေမယ့် သုံးလက်စ Software တွေကိုတော့ သေချာပိတ်ပေးပါလိမ့်မယ်။

Windows Key +R >> Command Box >> shutdown /p

shutdown /p → ချက်ချင်း Shuts down လုပ်မှာဖြစ်ပြီး သုံးလက်စ Software တွေကိုလည်း မ Save ဘဲ အကုန်ပိတ်ပစ်လိုက်မှာဖြစ်လို့ ဒီ Command ကိုမသုံးခင် သုံးလက်စ Software တွေကို အရင်ပိတ်ရမှာပါ ( ဒီ Command ကိုတော့ လိုအပ်မှ သုံးဖို့ အကြံပေးချင်ပါတယ် )

ဒီနေ့တော့ ဒီလေက်ပါပဲ... အခုလို ကွန်ပျူတာဗဟုသုတလေးတွေ စိတ်ဝင်စားရင် Shortcut Learner Page လေးကို Like & Follow လုပ်ထားပြီး စောင့်ကြည့်လို့ရပါတယ်နော်။

ကျေးဇူးတင်ပါတယ်။ ။

18/08/2025

FILE EXTENSION အကြောင်း တစေ့တစောင်း
===========================

Computer မှာရှိတဲ့ file တွေမှာ extension name တွေရှိပါတယ်။ Folder option မှာ extension name ကို hide မလုပ်ထားတဲ့ computer တွေမှာ နာမည်ပေးရင်းနဲ့ file extension name ကိုမှားဖျက်မိတတ် ပါတယ်။ အဲဒီလိုဖျက်မိတဲ့အခါ file ကဖွင့်လို့မရတော့ပါဘူး။ ဖျက်လိုက်မိတဲ့ file extension name ကို မှန်မှန် ကန်ကန် ပြန်ရိုက်ပေးနိုင်မှာသာ file ကိုဖွင့်လို့ရမှာဖြစ်လို့ file extension name အမှန်ကိုသိထားဖို့လိုပါတယ်။ အောက်မှာ File extension type တွေကိုဖော်ပြပေးထားပါတယ်။
1. doc and .docx - Microsoft Word file.
2. xlsx – Microsoft Excel file
3. potx – Microsoft PowerPoint file
4. pdf - PDF file.
5. txt - Plain text file, Notepad file.
6. Mp4 - Video file.
7. Mp3 - Music file
8. PSD - Photoshop project file.
9. VCD – Virtual CD

HIDE FILE EXTENSION IN FOLDER OPTION

1) Windows key + R နဲ့ခေါ်ပြီး control လို့ရိုက်ပြီး control panel သို့ဝင်ရောက်ပါ။
2) Control panel မှ folder option ကို click လုပ်ပါ။
3) View tab မှ Hide extensions for known file types ကို ticking လုပ်ပေးပါ။
File extension တွေကိုဖျောက်ထားပြီးပြီမို့ File တွေကို Rename ပေးတဲ့အခါ File extension တွေမရှိ တော့တာမို့ မှားဖျက်မိစရာမရှိတော့ပါဘူး။

ကျေးဇူးတင်ပါတယ်
Shortcut Learner Team (Miky)

13/04/2025

အလုပ်လုပ်ခါနီးမှ Excel, Word တို့ သုံးမရဖြစ်ဖူးလား?
===============================

အရေးတကြီးလုပ်စရာရှိချိန်ကျမှ Microsoft Activation Fail ဖြစ်လို့ Word တို့ Excel တို့သုံးမရဖြစ်တာမျိုး ကွန်ပြူတာသုံးသူအနည်းနဲ့အများကြုံဖူးကြမယ်ထင်ပါတယ်။
ဖြစ်တဲ့အချိန်က ညမိုးချုပ်မှဆိုရင်ပိုဆိုးပါတယ် အရေးပေါ်ဆိုင်လည်းပြေးမရနဲ့ တော်တော်တိုင်ပတ်ပါတယ်။
အဲ့ဒီပြဿနာအတွက် အရေးပေါ်ဖြေရှင်းနည်းအမျိုးမျိူးရှိနိုင်ပေမယ့် အလွယ်ကူဆုံးနည်းလမ်း ၂ မျိုးကို မျှဝေပေးလိုက်ပါတယ်။

၁။ WPS Office Software နှင့် အစားထိုးအသုံးပြုနည်း

ဒီနည်းက အင်တာနက်မရှိလည်းသုံးလို့ရပါတယ်။ WPS Office Software ကိုဒေါင်းပြီး ဝင်သုံးရုံပါပဲ။ Excel နဲ့ Google Sheet ကွဲပြားသလို မသိမသာလေးကွဲပြားပေမယ့် နည်းနည်းမှတ်လိုက်ရင်ရပါပြီ။
သုံးတာကတော့ WPS Software ထဲဝင် Edit လုပ်ချင်တဲ့ဖိုင်ကိုဖွင့်ပြီးသုံး ပြီးရင် Save လိုက်ရုံပါပဲ။
ကိုယ်ပြင်ထားတဲ့ဖိုင်ကို WPS Office က Excel, Word, PDF, Photo ကြိုက်တဲ့ဟာကို Convert လုပ်လို့လည်းရပါတယ်။

၂။ Google မှတဆင့်အစားထိုးအသုံးပြုနည်း

ဒီနည်းကတော့ အင်တာနက်လိုပါတယ်။ ကိုပြင်ချင်တဲ့ဖိုင်က Excel ဆိုရင် Google Sheet Word ဆိုရင် Google Dos နဲ့အစားထိုးသုံးပြီး ပြင်ပြီးတဲ့ဖိုင်ကို ကိုယ့်ကွန်ပြူတာထဲပြန်ဒေါင်းလုပ်ဆွဲရင်ရပါပြီ။

Google Sheet, Goolge Dos အသုံးပြုနည်းစိတ်ဝင်စားရင် OK လို့မန့်ပေးပါ သီးသန့်ပို့စ်တင်ပေးပါ့မယ်။

အခုလို ကွန်ပြူတာစပ်ဆက်အကြောင်းအရာတွေစိတ်ဝင်စားရင် Shortcut Learner Page ကိုဝင်ကြည့်ဖို့မမေ့ပါနဲ့။

24/02/2025

အလုပ်ခေါ်စာ 🍀🍀🍀

Warehouse Account (F) 1 Post
=========================

Location: Yangon, Kamaryut (ရေကြောင်းမှတ်တိုင်)

Minimum Education: Graudated

Require Experience: လျှပ်စစ်ပစ္စည်းအရောင်း နှင့် စတိုအတွေ့အကြုံအသင့်အတင့်ရှိရပါမည်။ (လုပ်ငန်းသုံးလျှပ်စစ်ပစ္စည်းများအားရင်းနှီးကျွမ်းဝင်မှုရှိသူဖြစ်ရင်ပိုကောင်းပါသည်_ Breaker, Panel Heater, Panel Lock, Controller, Digital Relay, AC Transformer, Thermostat အစရှိသောပစ္စည်းများ)

Require Skills: Exel ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ရမယ်။

Main JD: စတိုပစ္စည်းအဝင်/အထွက်စာရင်းများပြုစုခြင်း။ စတိုပစ္စည်းလက်ကျန်စာရင်းများအား ပုံမှန်စစ်ဆေးခြင်း။ အရောင်းပစ္စည်းများအား Storekeeper များနှင့်တွဲဖက်၍ ပစ္စည်းများထုတ်ခြင်း Customer များထံပေးပို့ရန် Invoice ပြင်ဆင်ပေးရခြင်း။ အရောင်းပစ္စည်းများအား Invoice နှင့် ပစ္စည်းထုတ်စာရင်းမှန်ကန်စွာတိုက်ဆိုင်စစ်ဆေးခြင်း စသော Warehouse Account တယောက်၏လုပ်ငန်းတာဝန်များအားလုပ်ကိုင်ရမည်ဖြစ်ပါသည်။

Working Hours: 9AM ~ 5PM Monday to Saturday

Off Day: Sunday and Public Holidays

Salary: လျှောက်ထားသူ၏ လုပ်ငန်းအတွေ့အကြုံနှင့် အရည်အသွေးပေါ်မူတည်၍ ၃သိန်း ~ ၄ သိန်း ကြား ရရှိမည်ဖြစ်ပြီး လုပ်ငန်းအရည်အသွေးနှင့် ကျွမ်းကျင်မှုများအပေါ်မူတည်၍ လစာတိုးမြင့်ခံစားမှုများလည်းရှိမည်ဖြစ်ပါသည်။

Warehouse Account (F) 1 Post
=========================

Location: Mandalay, ချမ်းအေးသာဇံ မြို့နယ်၊ မန္တလေး။

Minimum Education: ဘွဲ့ရ သို့ အဝေးသင်တက်ရောက်နေသူလည်းလျှောက်ထားနိုင်ပါသည်။ (စာမေးပွဲဖြေဆိုနိုင်ရန်ခွင့်စီစဉ်ပေးပါမည်)

Require Experience: လုပ်ငန်းအတွေ့အကြုံမရှိသူများလည်းလျှောက်ထားနိုင်ပါသည်။

Require Skills: Exel အသင့်အတင့်သုံးတတ်ရမယ်၊ (အနည်းငယ်သာတတ်သူအားလည်း အလုပ်နဲ့တွဲဖက် သင်ကြားပေးမည်ဖြစ်ပါသည်)

Main JD: စတိုပစ္စည်းအဝင်/အထွက်စာရင်းများပြုစုခြင်း။ စတိုပစ္စည်းလက်ကျန်စာရင်းများအား ပုံမှန်စစ်ဆေးခြင်း။ ပစ္စည်းများထုတ်ခြင်း Customer များထံပေးပို့ရန် Invoice ပြင်ဆင်ပေးရခြင်း။ အရောင်းပစ္စည်းများအား Invoice နှင့် ပစ္စည်းထုတ်စာရင်းမှန်ကန်စွာတိုက်ဆိုင်စစ်ဆေးခြင်း စသော Warehouse Account တယောက်၏လုပ်ငန်းတာဝန်များအားလုပ်ကိုင်ရမည်ဖြစ်ပါသည်။ (ဖော်ပြပါလုပ်ငန်းတာဝန်များအား ရန်ကုန်ရုံးချုပ်နှင့်တွဲဖက်လုပ်ကိုင်ရမည်ဖြစ်ပါသည်)

Working Hours: 9AM ~ 5PM Monday to Saturday

Off Day: Sunday and Public Holidays

Salary: လုပ်ငန်းနှင့်သင့်တော်သူဖြစ်ပါက ၂သိန်းခွဲ ~ ၃သိန်းကြားရရှိမည်ဖြစ်ပါသည်။ လုပ်ငန်းအရည်အသွေးနှင့် ကျွမ်းကျင်မှုများအပေါ်မူတည်၍ လစာတိုးမြင့်ခံစားမှုများလည်းရှိမည်ဖြစ်ပါသည်။

မှတ်ချက်။ ။

~ ၁ ပတ်အတွင်း အင်တာဗျူးဝင်ရမည်ဖြစ်ပြီး အကျိုးဆောင်ခပေးရန်မလိုပါ။

စိတ်ဝင်စားလျှောက်ထားလိုပါက [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

31/10/2024

နားဝင်ချိုလိုက်မယ့်အမျိုး 😅

04/10/2024

ကိုယ့်ရဲ့ Chrome Browser မှာ ပိတ်လိုက်မိတဲ့ Tab တွေပြန်ဖွင့်နည်း 😊

10/09/2024

Email မှာ Attached file အမြန်တွဲနည်း 💯

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon