Poetic Reverie


Poetic Reverie

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from
Poetic Reverie, Art Gallery, Yangon.

14/01/2024

#လက်ဖက်ရည်ဆိုင်

ထိုင်၍တွေးကာ ငေးမောနိုင်၏
ထွေရာလေးပါး ပြောကြားနိုင်၏
အချိန်ထိုင်ဖြုန်း ငြင်းခုန်နိုင်၏
ဂီတ သံပေါ် ပျော်မွေ.နိုင်၏
သူငယ်ချင်းများနှင့် ရန်ဖြစ်နိုင်၏
ကမ်ဘာ အရေး ပြောဆိုတွေးနိုင်၏
နိုင်ငံအရေး ဆွေးနွေးနိုင်၏
ချစ်သူကိုစောင့် အကြိုထောက်နိုင်၏
ချစ်သူ နှင့် ထိုင် ပြုံးပျော်နိုင်၏
ပျင်းလာရင်လည်းထိုင် ငြင်း၍လည်းထိုင်
ပျော်ပါးရင်ထိုင် ဖော်ပါရင်လည်းထိုင်
စိတ်ညစ်လာရင်ထိုင်
သိပ်ချစ်ရင်လည်းထိုင် သတင်းကြားချင်ရင်ထိုင်
အတင်းချရင်ထိုင်
တွေးတော ရင်ထိုင် ငေးမော ရင်ထိုင်
ဒါ........................လက်ဖက်ရည်ဆိုင်!

24/06/2023

#ထမင်းစားပွဲကလက်ကျန်ဟင်းတစ်ဖက်နဲ နာမကျန်းဖြစ်နေတဲ့ကျန်းမာရေး

ဓာတ်မတည့်တဲ့အစားအစာတွေကိုစားသုံး
မိလို.အရေပြားတွေယားယံမိသလို.
ဒီကမ်းဘာမှာ ဘာမှပုံသေမတွတ်နဲ.ခန်.မှန်းရခက်တဲ့လူကျင့်ဝတ်တွေအထဲမှာ အိပ်ချင်ယောင်ဆောင်နိုးရခက်တယ် သေချင်ယောင်ဆောင်တာကျပြောရခက်သား
ငယ်ငယ်တုန်းကမို.တစ်ခါမိုက်မိခဲ့တယ် ကြီးလာတောလည်းပဲအကျင့်တွေကပါလာတယ် သေခါနီးကျအသိတရားကမရ ဒါလူအဖွဲစည်းကြီးပဲ နောက်နေအတွက်အရှုံးနဲ.အနိုင်မှာငါစိတ်ကိုငါလောင်းကြေးထပ်ခဲ့တယ်
မင်းနိုင်ယူခဲ့ပါတယ်ကမ်းဘာ
တော်တော်ညံ့တဲ့စိတ်
စိတ်ဟာဂနာမငြိမ်ဘူး စိတ်ဟာဟိုခြုံကူးဒီခြုံကူး
စိတ်ဟာဂျပိုးတစ်ကောင်လို.ရွစိရွစိတက်
မူးချင်တဲ့စိတ်
ရူးချင်တဲ့စိတ်
စိတ်ကပုတ်သင်တစ်ကောင်ထပ်တောင်
အိပ်ဖောင်းရင် အရောင်ကပြောင်းချင်တယ်
ကိစ္စတစ်ခုကိုတစ်စက္ကန်နူန်းနဲ.တစ်နေ့မှာရှစ်သောင်းခြောက်ထောင်လေးရာစက္ကန်လိုပြောကျတယ်
အဲ့တောစိတ်ပညာရူထောင့်အရကြည့်ရင်စိတ်ကစိတ်ပဲပေါ.
လူအသုံးများတဲ့ဝေါဟာရအရဆိုရင်
ဘာပဲဖြစ်ဖြစ်လူတန်းစားလေးရပ်ထဲမှာတောနေစဉ်အကျုံးဝင်နေသေးတယ် တရားမှတ်ပါ ဝင်သက်ထွတ်သက်ကိုရှုမှတ်ပါ စိတ်၏ထုတ်ကုန်ကိုနှစ်ဆတိုးမြင့်ထားပါ
မဂ်လာပါ မြန်မာစံတော်ချိန်မနက်ခင်းရှစ်နာရီထိုးပါပြီယနေရက်ပိုင်းအတွင်း ကုန်စျေးနူန်းများသည်းထန်စွာထိုးတက်နေပါသဖြင့်လက်ယှက်ခေါ်၍မရသောဝင်ငွေများနေစဉ်ပျောက်ဆုံးနေပါသည်

24/06/2023

#အမှောင်တိမ်တိုက်ကငါစိတ်ကိုဖုံးအုပ်ထားတယ်
အငွေ့ပျံနေတဲ့ခွက်ထဲမှာ
ကော်ဖီတွေက ပျော်ဝင်နေတယ်
လွင့်မျောနေတဲ့ရေနွေးငွေ.တွေနဲ.အတူ
ပြတင်းပေါက်ပေါ်ကိုမိုးရေစက်တွေက
တစ်ဖွဲ.ဖွဲကျဆင်းလာတယ်
ကော်ဖီနဲ.မိုး
တိတ်ဆိတ်မူရဲ.နေစွဲ.
လျှို့ဝှက်တတ်တဲ့သဘာဝတရားကြီးရဲ.နမ်းရှိုက်မူ
ကြောင့်တည်ငြိမ်နေတဲ့ကမ္ဘာမြေကြီးကနိုးထအသက်ဝင်လာတယ်

အခိုက်အတန့် စိုစွတ်မှုမှာ နှစ်သိမ့်မှုကိုရှာရင်း ခဏတာ နာကျင်မှုတွေကို မိုးရေစက်တွေက ဆေးကြောပေးတယ်။ မုန်တိုင်းထန်နေတဲ့ ကောင်းကင်ပြင်ကျယ်ကြီးအောက်မှာ ထူးထူးခြားခြားအလှတရားတစ်ခု ရှိနေတယ်။

တစ်ချိန်က ဘဝနှင့် ရယ်မောမှုများဖြင့် ပြည့်နှက်နေသော မြို့သည် ယခုအခါ ဆိတ်သုဉ်းပျောက်ကွယ်သော မျက်နှာထားဖြင့်အမှောင်သို. ဖုံးလွှမ်းထားသည်။ နီယွန်မီးများ တဖျပ်ဖျပ်ဖျပ်ခတ်နေကာ မိုးရေစက်များကြားမှာ တောက်ပနေတဲ့ အလင်းရောင်နဲ.အရိပ်များဟာ
အဝေးကမိုးခြိမ်းသံနဲ.အတူရောနှောလာကာစိတ်နှလုံးအတွင်းကပဲ့တင်သံကိုအထီးကျန်ဆန်သောသံစဉ်တစ်ခုအဖြစ်ဖန်တီးပေးတယ်

မြို့ပြရဲ့အမှတ်တရတွေက မိုးစိုစွတ်နေတဲ့ လမ်းတွေကြားကနေ တိုးထွတ်လာပြီး မေ့ပျောက်ခဲ့တဲ့ခံစားချက်တွေကို နှိုးဆွပေးတယ်။ ရင်းနှီးပြီးသား လမ်းကြောင်းတွေကို ပြန်ကြည့်ရင်း၊ အချိန်မီ ပုံဖော်ထားတဲ့ အခိုက်အတန့်တွေကို ပြန်လည်ခံစားရင်း အခုတော့ အထီးကျန်မှုရဲ့ မြူခိုးတွေကြောင့် ပုံပျက်သွားတယ်။ ရယ်မောသံများ၊ တီးတိုးပြောဆိုသံများနှင့် နွေးထွေးမှုတို့သည် အဝေးသို. မှေးမှိန်သွားကြသည်။

ကခုန်နေတဲ့မိုးရေစက်တွေကငါလက်ပေါ်ကိုဆုပ်ကိုင်လိုက်တော.အေးမြတဲ့ထိတွေမူကိုအခုထိခံစားနေရတုန်း ခုန်.ဆင်းသွားတဲ့ရေစက်တွေနဲ.အတူဖြတ်သန်းသွားတဲ့ဖြေသိမ့်ခြင်းရဲ.လျှို့ဝှက်ချက် ပူပန်စိတ်၏ဖြေလျောမူတွေကိုဒီလို မိုးရေတွေနဲ.အတူဆေးကြောလျက်

Want your museum to be the top-listed Museum in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon