Learn With Code

Learn With Code

Share

Online Shop

25/03/2025

သူတို့အကြောင်း အပိုင်း(၁)
---------------------------

အပတ်စဉ် အင်္ဂါနေ့တိုင်းမှာ တင်ဆက်ပေးသွားမယ့် သူတို့အကြောင်းဘဲဖြစ်ပါတယ်။ ဒီအပတ်မှာတော့ နည်းပညာများရဲ့ ပထမဆုံးမှတ်တိုင်တစ်ခုအဖြစ်နဲ့ ထင်ရှားကျော်ကြားတဲ့ "Ada Lovelace" ရဲ့ အကြောင်းကိုပြောပြပေးသွားမှာပါ။

Ada Lovelace (1815–1852)
-----------------------------
Ada Lovelace ရဲ့ နာမည်အရင်းဟာ Augusta Ada Byron လို့ခေါ်ဆိုပြီး သူမကို ၁၈၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် လန်ဒန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ နာမည်ကျော် ကဗျာဆရာ Lord Byron နှင့် သူ၏ဇနီး Annabella Milbanke တို့၏ တစ်ဉီးတည်းသောသမီးဖြစ်ပြီး သူမငယ်စဉ်ထဲက သင်္ချာနှင့် သိပ္ပံဘာသာရပ်များကို အထူးအလေးပေးသင်ကြားစေခဲ့ပါတယ်။
ထိုခေတ်က အမျိုးသမီးများအတွက် သိပ္ပံပညာရပ်များ လေ့လာရန် အခွင့်အလမ်းနည်းပါးပါသော်လည်း Ada သည် ထူးချွန်စွာ လေ့လာနိုင်ခဲ့ပြီး Charles Babbage ကဲ့သို့သော ထင်ရှားသည့် သိပ္ပံပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခဲ့ပါတယ်။

၁၈၃၃ ခုနှစ်တွင် Ada သည် Charles Babbage ၏ Difference Engine (ကိန်းဂဏန်းတွက်ချက်ရန် စက်ယန္တရား) ကို စတင်လေ့လာခဲ့ပြီး နောက်ပိုင်းတွင် Babbage သည် ပိုမိုအဆင့်မြင့်သော Analytical Engine (ပရိုဂရမ်ရေးသားနိုင်သည့် ပထမဆုံးစက်ယန္တရား) ကို ဒီဇိုင်းဆွဲခဲ့သည်။ Ada သည် ထိုစက်အား အသုံးပြု၍ Algorithm (အဆင့်ဆင့်ညွှန်ကြားချက်) များကို ရေးသားနိုင်မည်ဟု မြင်ခဲ့ပြီး၊ သူမသည် ထိုစက်အတွက် ပထမဆုံး Program ကို ရေးသားခဲ့သူဖြစ်လာခဲ့ပါသည်။

၁၈၄၃ ခုနှစ်တွင် Ada သည် အီတလီသိပ္ပံပညာရှင် Luigi Menabrea ၏ Analytical Engine အကြောင်း စာတမ်းကို အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ခဲ့သည်။ ဘာသာပြန်နေစဉ်တွင် သူမသည် Note G ဟုခေါ်သော သူမ၏ကိုယ်ပိုင်မှတ်စုများကို ထည့်သွင်းခဲ့သည်။ ထိုမှတ်စုတွင် Bernoulli Numbers (သင်္ချာကိန်းဂဏန်းစဉ်) ကို Analytical Engine ဖြင့် တွက်ချက်နည်းကို အသေးစိတ်ရှင်းပြခဲ့သည်။ ဤသည်မှာ ကမ္ဘာ့ပထမဆုံး Algorithm (ပရိုဂရမ်မိန့်ခွန်း) အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး Ada ကို ပထမဆုံး Computer Programmer အဖြစ် ဂုဏ်ပြုခဲ့ကြသည်။

Ada ၏ ရှေ့မြင်မှုမှာ စက်များသည် ဂဏန်းတွက်ချက်ရုံသာမက၊ ဂီတ၊ အနုပညာနှင့် သိပ္ပံဆိုင်ရာ အလုပ်များကိုပါ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ခဲ့ခြင်းဖြစ်သည်။ ထိုအတွေးအခေါ်သည် ခေတ်သစ် Artificial Intelligence (AI) နှင့် General-Purpose Computing ၏ အခြေခံဖြစ်လာခဲ့ပါသည်။

Ada Lovelace သည် ကျန်းမာရေးချူချာပြီး သူမ၏အသက် ၃၆ နှစ်(၁၈၅၂ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နေ့)တွင် သွေးကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ သူမ၏ဆောင်ရွက်ချက်များကို ၂၀ ရာစုနှောင်းပိုင်းတွင် Programming သမိုင်း၏ အရေးပါသော ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

Ada Programming Language (အမေရိကန်ကာကွယ်ရေးဌာနမှ ၁၉၈၀ တွင် တီထွင်) ကို သူမ၏ဂုဏ်ပြုအမည်ကိုပေးအပ်ခဲ့သည်။
သူမကိုဂုဏ်ပြုသောအားဖြင့် အောက်တိုဘာလရဲ့ ဒုတိယအင်္ဂါနေ့ကို Ada Lovelace Day (ALD) - အမျိုးသမီး STEM ပညာရှင်များအား ဂုဏ်ပြုသောနေ့ ဟုသတ်မှတ်ထားသည်။

Ada Lovelace Day ကို နှစ်စဉ် အောက်တိုဘာလ၏ ဒုတိယအင်္ဂါနေ့တွင် ကျင်းပပြီး၊ STEM (Science, Technology, Engineering, Mathematics) နယ်ပယ်များတွင် အမျိုးသမီးများ၏ အောင်မြင်မှုများကို ဂုဏ်ပြုရန်၊ လူငယ်မိန်းကလေးများအား အားပေးရန် ရည်ရွယ်ပါသည်။

သူမ၏ဘဝနှင့် အောင်မြင်မှုများကို လေ့လာလိုပါက "The Enchantress of Numbers" (သို့) "Ada's Algorithm" စာအုပ်များကို ဖတ်ရှုနိုင်ပါသည်။

Nerd Fonts - Iconic font aggregator, glyphs/icons collection, & fonts patcher 24/03/2025

🔍 Icon လမ်းညွှန်!
အသုံးဝင်မယ့် icon site တွေ စုထားတာ မျှဝေပေးလိုက်ပါတယ်။
Icon Font များ
Font-Awesome - size နဲ့ color ပြင်လို့ရတဲ့ vector icon တွေပါ။ အရင်က အမြဲသုံးဖြစ်တယ်။ CSS နဲ့ လွယ်လွယ်ပြင်လို့ရတာ အဆင်ပြေတယ်
https://github.com/FortAwesome/Font-Awesome
Material Design Icons - Google ရဲ့ icon တွေပါ။ အရမ်းသပ်ရပ်ပြီး professional ဖြစ်တယ်။
https://github.com/google/material-design-icons
Ionicons - Ionic အတွက် font တွေ။ အသုံးပြုရတာ အရမ်းလွယ်တယ်။
https://github.com/driftyco/ionicons
Octicons - GitHub ရဲ့ icon font။ code project တွေအတွက် perfect ပဲ
https://github.com/github/octicons
Weather Icons - ရာသီဥတု icon ၂၂၂ ခုပါ။ weather app လုပ်မယ့်သူတွေအတွက် အသုံးဝင်လိုက်တယ်
https://github.com/erikflowers/weather-icons
Entypo - Daniel Bruce ရဲ့ ပုံ ၄၁၁ ခု။ အရည်အသွေးမြင့်ပြီး ကြည့်လို့ကောင်းတယ်။
http://www.entypo.com/
Typicons - vector icon ၃၃၆ ခု။ ရိုးရှင်းတဲ့ဒီဇိုင်းတွေနဲ့ အဆင်ပြေစေတယ်။ http://www.typicons.com/
Iconic - web အတွက် icon တွေ။ premium quality ပါပဲ
https://useiconic.com/
Fontello - icon webfont တွေ ပေါင်းလို့ရတဲ့ tool ပါ။ အကုန်မထည့်ဘဲ လိုတာပဲ ရွေးယူနိုင်တယ်။
http://fontello.com/
SVG Icon များ
Evil Icons - SVG icon pack။ Rails, Node.js နဲ့ အခြား platform တွေအတွက် သုံးလို့ရတယ်။
https://github.com/outpunk/evil-icons
Feather - ရိုးရှင်းလှပတဲ့ open source icon တွေ။ minimalist design လိုချင်ရင် ဒါကို သုံးပါ။
အရမ်းကောင်းတယ်။
https://feathericons.com/
Eva Icons - icon ၄၈၀ ကျော်ပါ။ animation effect တွေနဲ့ တော်တော်လေး အဆင့်မြင့်တယ်။
https://github.com/akveo/eva-icons/
Icon ဆိုဒ်များ
Iconfinder - icon ၆၀၀,၀၀၀ ကျော်ပါ။ တော်တော်များများက အခမဲ့ပါ။
https://www.iconfinder.com/
Noun Project - တချက်လောက်တော့ ဝင်ကိုကြည့်သင့်ပါတယ်။
https://thenounproject.com/
ConvertICO - ICO/PNG file converter ပါ။ favicon လုပ်ဖို့ အရမ်းအဆင်ပြေတယ်။
http://convertico.com/
ICO Converter - ပုံတွေကို ICO ဖိုင်အဖြစ် ပြောင်းပေးပါတယ်။ ဘယ်ပုံမဆို ပြောင်းလို့ရတာ အဆင်ပြေတယ်။
https://www.icoconverter.com/
Nerd Fonts - programmer တွေအတွက် font စုထားတာ။ terminal နဲ့ code တွေမှာ သုံးဖို့အဓီက
https://nerdfonts.com/

to Defi and Stories

Nerd Fonts - Iconic font aggregator, glyphs/icons collection, & fonts patcher Iconic font aggregator, collection, & patcher: 9,000+ glyph/icons, 60+ patched fonts: Hack, Source Code Pro, more. Popular glyph collections: Font Awesome, Octicons, Material Design Icons, and more

07/02/2025

AI နည်းပညာကြောင့် လူတို့ဘယ်လို တိုက်ပွဲတွေ ကြုံနေရလဲဆိုတာ စဉ်းစားဖူးလား? AI က နေ့စဉ်ဘဝမှာ အထောက်အကူဖြစ်ပေမယ့် တချို့နေရာတွေမှာတော့ လူ့အဖွဲ့အစည်းနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ကန့်ကွက်တဲ့သူတွေ သဘောမကျတဲ့ သူတွေများစွာရှိလာတယ်။

1. အလုပ်အကိုင်လက်တွေ့မှုအပေါ် သက်ရောက်မှု

AI နဲ့ Automation တိုးတက်လာတာကြောင့် လူလုပ်အားအစားထိုးမှု ပြုလုပ်နေကြောင်းတွေ့နိုင်ပါတယ်။ စက်ရုံတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ AI Chatbots နဲ့ Robot များစွာ အသုံးပြုလာပြီး မရှိမဖြစ်လိုအပ်တဲ့ အလုပ်အကိုင်တွေ တဖြည်းဖြည်းပျောက်သွားနိုင်ပါတယ်။

2. စစ်ရေးနဲ့ AI

နောက်ထပ်စိုးရိမ်စရာတစ်ခုက AI Military Weapons တွေပါ။ AI အခြေပြု စစ်ရေးနည်းပညာတွေဖြင့် မတရားတိုက်ခိုက်မှုများ ဖြစ်ပေါ်နိုင်ခြေရှိပါတယ်။ AI-powered Drones, Autonomous Weapons တွေဟာ လူသားတွေအပေါ် ထိခိုက်မှု ဖြစ်စေနိုင်တဲ့အတွက် စိုးရိမ်မှုများလာပါတယ်။

3. AI vs. လူ့မေတ္တာ
AI အတော်များများမှာ ခံစားမှုမရှိသလို မေတ္တာကြင်နာမှုလည်း မပါဝင်ပါဘူး။ AI ကို သုံးတဲ့အခါ လူသားတွေအနေနဲ့ ကောင်းမှု-ဆိုးမှု ရှုမြင်နိုင်ဖို့ လိုအပ်ပါတယ်။ AI ဟာ လူ့ဘောင်ကို တိုးတက်စေဖို့သာ ဖြစ်သင့်ပြီး လူ့ဘောင်ကို အန္တရာယ်မဖြစ်စေသင့်ပါဘူး။အချို့တွေ AI ကို ကိုးကွယ်တဲ့ Page ဆိုပြီးတောင် ပေါ်လာတာတွေရှိတယ်။ စနောက်တဲ့သဘောမဟုတ်လာတဲ့အခါ အယူအဆတွေလွှဲ လာဖို့ လမ်းတွေဟာများစွာပါဘဲ။

ဒီတိုက်ပွဲမှာ ကျွန်တော်တို့တွေအနေနဲ့ AI ကို ထိန်းချုပ်ပြီး ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေ ချမှတ်သင့်တယ်။ ကျွန်တော်တို့တွေဟာ နေ့စဉ်နဲ့အမျှ တိုးတက်နေတဲ့ ကမ္ဘာမှာနေထိုင်တာမို့ ဒီအရွေ့မှာ ကျွန်တော်တို့ ကိုယ်တိုင်လည်း ပါဝင်ပြီး တိုးတက်ပြောင်းလဲနေဖို့လိုအပ်ပါတယ်။ ဟိုးအရင်က ဖြစ်ခဲ့တဲ့ စက်မှုတော်လှန်ရေးဟာလည်း အခုမှာ ထပ်ဆင့်တိုးပြီး တစ်ခေတ်ပြန်လည်တယ်လို့ပြောလို့ရပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ AI ကို စိတ်ပူပြီး မိမိတို့ရဲ့ လုပ်ငန်းခွင်ကို လက်လွှတ်ဖို့ စိုးရိမ်တာထပ် ဒီလိုနည်းပညာတွေကို ဘယ်လိုထိန်းချုပ်ပြီးစေခိုင်းဖို့ လေ့လာသင်ယူသင့်ပါတယ်။

01/02/2025

Web Developer တစ်ယောက်ဖြစ်လာဖို့ သင့်အိမ်မက်တွေကို ဒီကနေဘဲ စတင်အကောင်ထည်ဖော်လိုက်ပါ။

Web Development Foundation Online Free Class

100% Free Online Class(ရုံးချိန်လွတ်အတန်း)

သင်ကြားမည့်အကြောင်းအရာများ

HTML 5
CSS 3
JavaScript
GitHub
etc.…

Start Date :15 Feb 2025
Duration - 3.5 months
Date - Sat & Sun
Time - 6:00 PM - 8:00 PM

စာရင်းပေးသွင်းလိုသော ကျောင်းသားများအနေဖြင့် Page Messanger တွင်
အမည်-
အသက်-
တို့ ပေးပို့ပြီး စာရင်းသွင်းလျှောက်ထားနိုင်ပါသည်။

လိုအပ်ချက်များအနေဖြင့် Laptop or Computer ရှိရမည်ဖြစ်ပြီး စာစီစာရိုက်နဲ့ computer basic အသင့်တင့်ရှိရမည်ဖြစ်ပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00