Budget One
Budget One is focused on helping our clients to build better future. We provide social media marketi
01/07/2022
Facebook New Policy Changes တွေကြောင့်
Page ပိုင်ရှင်တိုင်း ဂရုပြုရမယ့် အချိန် ❗️❗️❗️
မန္တလေးမှာဆိုရင် MON - Cosmetics ကို မသိတဲ့သူ သိပ်မရှိပါဘူး မိန်းကလေး တော်တော်များများသိကြတယ်ရယ်
ကိုယ့်အမေတွေ အမတွေတောင် skin care & cosmetic နဲ့ပတ်သက်လို့ လိုတာရှိရင် သူတို့ဆိုင်ကို သွားဝယ်နေကြပဲ
အခုတင် သူတို့ official page လေး ပျက်သွားလို့တဲ့ ( source in comment )
Facebook ရဲ့ Policy အပြောင်းအလဲအသစ်တွေကြောင့် ဒီလကုန်ကနေ နောက်လကုန်အထိ Facebook ကတော်တော် လှုပ်ခတ်ပါလိမ့်မယ်
အခုမှ အစပဲရှိပါသေးတယ်
တကယ် policy အသစ် full update က
July 26 မှ အသက် ဝင်မှာပါ
Policy အသစ် update မှာ Page မပျက်ချင်ရင်
ဒီ Basic အကျဆုံး အချက်တွေစပြီး ဂရုစိုက်ပါ 👇🏻
▫️page မှာ admin ဖြစ်နေတဲ့ acc or editor ဖြစ်နေတဲ့ acc တွေနဲ့ group share တာတွေ လုံးဝမလုပ်ပါနဲ့
▫️ကိုယ်တိုင်ရိုက် အပြင်ပုံတွေ ကိုယ်တိုင်ရေးစာတွေပဲတင်ပါ Crd တွေ သိပ်မတင်ပါနဲ့ website ပုံတွေမသုံးပါတော့နဲ့
ကိုယ်တိုင်ရိုက်ပုံတွေ ပိုသုံးပေးပါ
▫️ကိုယ်တင်ထားတဲ့ post အောက်မှာ page အနေနဲ့ reply ပြန်တာမျိုးမဟုတ်ဘဲ တစ်ယောက်ထဲ comment အများကြီးလျှောက်ပေးနေတာ up up တွေတောက်လျှောက်မန့်တာမျိုး မလုပ်ပါနဲ့
🎥 Video တင်တဲ့သူဆို Copyright Song ကိစ္စတော်တော်လေး ဂရုစိုက်ပါ Facebook Creator Studio က song collection ထဲကပဲ ယူသုံးပါ
The Guy From Myanmar က bro ရဲ့လွန်ခဲ့တဲ့ နှစ်လလောက်ကတင်ထားတဲ့ video လေးလည်း ဒီရက်ပိုင်းမှ song policy ပြန်ငြိပြီး mute ခံရသလို ကိုယ်အမြဲ video တွေတင်ပေးနေကျ MUA Htet page ကလည်း လွန်ခဲ့တဲ့ နှစ်ရက်ကတင် copyright ကိစ္စနဲ့ ကိုယ်တင်တဲ့ video တစ်ခု ချက်ချင်းဖြုတ်ချရုံရတာပါ video လိုက်ပျောက်တာပါ No Warning or No Noti ပါ ချက်ချင်းတန်းဖြုတ်ချခံရတာပါ
crd by htetminkhanthlaing
27/06/2022
Social Media ပေါ်မှာ Brand တစ်ခုအနေနဲ့ ရပ်တည်ဖို့ဆိုတာ Color Theory Format ကျကျနဲ့ logo တစ်ခုလိုကိုလိုအပ်ပါတယ်။
Professional ဆန်ဆန် color ရွေးချယ်ဖို့ အရောင်တွေရဲ့ဂုဏ်သတ္တိတွေ သိထားဖို့လိုပါတယ်။
အပြာရောင်
- ယုံကြည်ထိုက်ခြင်း
- တော်ဝင်ဆန်ခြင်း
- တည်ငြိမ်ခြင်းတွေကို ကိုယ်စားပြုပါတယ်.
အဝါရောင်
- အကောင်းမြင်ခြင်း
- ပျော်ရွှင်ခြင်း
- ရှင်းလင်းပြတ်သားခြင်း
- ခင်မင်ရင်းနှီးခြင်း
- နွေးထွေးမှုရှိခြင်း
- ချမ်းသာကြွယ်ဝခြင်းကို ကိုယ်စားပြုပါတယ်.
လိမ္မော်ရောင်
- စိတ်အားတက်ကြွစေခြင်း
- ယုံကြည်ခြင်း
- စွန့်စားခြင်း
- နှစ်လိုဖွယ်ကောင်းခြင်း
- စွန့်စားခြင်းကို ကိုယ်စားပြုပါတယ်.
အစိမ်းရောင်
- ငြိမ်းချမ်းခြင်း
- တည်ငြိမ်မှုရှိခြင်း
- ဖွံ့ဖြိုးတိုးတက်ခြင်းကို ကိုယ်စားပြုပါတယ်.
အနီရောင်
- ဆွဲဆောင်မှုရှိခြင်း
- အန္တရာယ်ရှိခြင်း
- စိတ်ဓာတ်တက်ကြွစေခြင်း
- သတ္တိရှိခြင်း
- လျင်မြန်ခြင်း
- ငယ်ရွယ်နုပျိုခြင်းကို ကိုယ်စားပြုပါတယ်.
ပန်းရောင်
- ခေတ်ဆန်ခြင်း
- တီထွင်နိုင်စွမ်း
- တည်ငြိမ်အေးချမ်းခြင်း
- လူငယ်ဆန်ခြင်း
- စာနာနားလည်ခြင်း
- အကောင်းမြင်ခြင်းတွေကို ကိုယ်စားပြုပါတယ်။
ခရမ်းရောင်
- တီထွင်ဖန်တီးခြင်း
- စိတ်ကူးစိတ်သန်းကောင်းခြင်း
- လျို့ဝှက်ဆန်းကြယ်ခြင်းကို ကိုယ်စားပြုပါတယ်
အနက်ရောင်
- လေးစားခြင်း
- ရှေးရိုးဆန်ခြင်း
- ယုံကြည်လေးစားထိုက်ခြင်း
- ပူဆွေးသောကဖြစ်ခြင်း
- နက်ရှိုင်းခြင်းတို့ကို ကိုယ်စားပြုပါတယ်.
မီးခိုးရောင်
- လေးနက်ခြင်း
- တည်ငြိမ်အေးချမ်းခြင်း
- ဟန်ချက်ညီခြင်း
- ရင့်ကျက်ခြင်း
- ဉာဏ်ပညာရှိခြင်းတို့ကို ကိုယ်စားပြုပါတယ်.
26/06/2022
Marketing နဲ့ Advertising ဆိုတာဘာကွာလဲ?
Marketing နဲ့ Advertising ကို လူတွေက တူသလိုလိုထင်တတ်ကြတာများပါတယ်. တကယ်က သဘောသဘာ၀ မတူတဲ့အရာနှစ်ခုပါ.
👉Marketing ဆိုတာ
- Marketing ရဲ့သဘောက ကိုယ့် product ကိုလူတွေစိတ်ဝင်စားလာအောင်၊ မဝယ်ဝယ်ချင်လာအောင်၊ ပစ္စည်းအများကြီးရွေးချယ်စရာရှိတဲ့ထဲက ကိုယ့်ပစ္စည်းကိုရွေးချင်လာအောင် ဆောင်ရွက်ရတာဖြစ်ပါတယ်.
👉Advertising ဆိုတာ
- Advertising ရဲ့သဘောက လူတွေဘာလိုနေလဲ လိုနေတဲ့ပစ္စည်းတွေရှိနေနိုင်ပင်မယ့် ကိုယ့်ပစ္စည်းကိုလိုအပ်လာအောင်၊ လိုချင်လာအောင် ဆွဲဆောင်ရတဲ့သဘောပါ.
ဥပမာပြောရရင်
လူတစ်ယောက် သူရေချိုးဖို့ အတွက် ဆပ်ပြာခဲလိုနေတယ်ဆိုပါတော့ ကျွန်တော်တို့ကရေချိုးဆပ်ပြာရေရောင်းချင်တာဆိုရင် အခဲထက် ဒါကပိုကောင်းတယ်ဆိုတာမျိုး အရည်ဆိုတော့သုံးရလွယ်ကူတယ်ဆိုတာမျိုး ပြောပြပြီး ရောင်းချတာမျိုးကို Advertising လုပ်တယ်ခေါ်ပါတယ်.
Brand တစ်ခုရောင်းရဖို့ Professional ဆန်ဖို့ဆိုတာကတော့ Marketing ရော Advertising ရောလုပ်ဖို့လိုကိုလိုအပ်ပါတယ်.
25/06/2022
Brand တစ်ခုဖြစ်လာဖို့ ဘယ်လိုတည်ဆောက်ဖို့လိုလဲ? ✅❓
Strategy
👉ကိုယ့်ရဲ့ brand ကို သက်ဆိုင်တဲ့ Audience ဆီရောက်ဖို့အတွက် Strategy ကောင်းကောင်းလိုကိုလိုအပ်ပါတယ်.
👉ကိုယ့်ရဲ့ brand ကိုအမှန်တကယ် စိတ်ဝင်စားတဲ့ Audience တွေဆီရောက်ဖို့ ဘယ်အချိန်၊ ဘယ်နေရာ ဘာတွေလုပ်မယ်၊ ဘယ်အစီအစဉ်နဲ့သွားမယ်ဆိုတာ သေချာချမှတ်ရပါမယ်.
Marketing
👉ဘယ် Product၊ ဘယ် Service အတွက်မဆို Marketing ဆိုတာ လုပ်ကိုလုပ်သင့်တဲ့အရာပါ. အခုနောက်ပိုင်း Online Marketing တွေကို ခေတ်နဲ့အမှီလုပ်ထားဖို့လိုပါတယ်.
👉ကိုယ့် Audience အကြောင်းသေချာနားလည်ဖို့အရင်ကြိုးစားပြီး Marketing Tips and trend တွေကို သေချာစဉ်းစားဖို့လိုပါတယ်.
Logo
👉ဘယ် Product, ဘယ် Brand မဆို ကိုယ်စားပြုပြီးဖော်ကျူးတဲ့ အမှတ်အသားတစ်ခုသေချာပြင်ဆင်ထားဖို့လိုပါတယ်.
👉ကိုက်ညီတဲ့အရောင်၊ ဖော်ကျူးတဲ့အမှတ်အသား တိတိကျကျရှိဖို့လိုပါတယ်.
Design
👉ကိုယ့်ရဲ့ Brand ကိုနောက်တစ်ဆင့်တက်နိုင်ဖို့ဆိုတာ Marketing လုပ်တဲ့အခါမျိုးမှာ Product ကို ပိုပြီးပေါ်လွင်စေဖို့ Professional ဆန်တဲ့ Design တွေ ပြင်ဆင်ထားဖို့လိုပါတယ်.
Identity
👉ဥပမာ ကိုကာကိုလာလို့ပြောလိုက်တာနဲ့ အနီရောင်ဆိုတာကို လူတိုင်းကတန်းသိကြတယ်. ဒီလိုပဲကိုယ့် Brand ကို အရောင်တစ်ခု၊ သက်ေတတစ်ခု တွဲသိနိုင်ဖို့ကြိုးစားထားဖို့လိုပါမယ်.
Advertising
👉Marketing နဲ့ Advertising ကလည်းမတူပါဘူး၊ Marketing ဆိုတဲ့သဘောပါ ကိုယ့်မှာရှိတဲ့ Product ကိုရောင်းရအောင်လုပ်တာပါ.
👉Advertising ဆိုတဲ့သဘော Audience ရှာနေတဲ့နေရာမှာ ကိုယ့် Product ကိုသုံးချင်လာအောင်ဆွဲဆောင်ရတဲ့သဘောပါ၊
ဒါကြောင့် Marketing နဲ့ Advertising နှစ်မျိုးစလုံးကို လုပ်ကိုလုပ်သင့်ပါတယ်.
25/06/2022
↪️ “ကိုယ်ကပဲရောင်းဖို့ တွေးမနေနဲ့၊ ဝယ်သူနေရာကနေ ဘာလို့ ဘာကြောင့် ဝယ်ရမှာလဲဆိုတာ ပြန်တွေးဖို့လိုတယ်” ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး -
ကိုယ့်ဆီကိုရောက်လာတဲ့ Customer တွေက ဒီအချက်တွေဖြတ်ပြီးမှ ရောက်လာကြတဲ့သူတွေပါ။
Customer ပစ္စည်းတစ်ခုကိုဝယ်ဖို့ စဉ်းစားပုံ စဉ်းစားနည်း(၅)နည်းရှိပါတယ်။ ဒီနည်းတွေကတော့ -
(1) Need recognition
(2) Information search
(3) Evaluation of alternatives
(4) Purchase decision
(5) Post-purchase behavior
ကိုယ်ထုတ်တဲ့ပစ္စည်းလိုမျိုးကို လိုချင်ပင်မယ့် ကိုယ်ပစ္စည်းကို မဝယ်ဘဲ တခြားပစ္စည်းဝယ်သွားတယ်ဆို သေချာပါတယ်။
ဒီ Customer ကNeed recognition မှာ ကိုယ့်ကုန်ပစ္စည်းလိုမျိုးလိုချင်ပင်မယ့် သူတို့ရဲ့ Information search လုပ်တဲ့အခါ ကိုယ်ပစ္စည်းရဲ့လိုအပ်ချက်ကို တွေ့ရှိသွားတာ ဒါမှမဟုတ် ကိုယ့်ထက်သာတဲ့ ပစ္စည်းကို တွေ့သွားတာကြောင့်ပါ။
ဒီတော့ ကိုယ်တိုင် customer ဘက်ကနေပြီး ဒီနည်းလမ်း(၅)လမ်းကိုဖြတ်ကျော်ထားမယ်ဆိုရင် လိုအပ်ချက်တွေကို ကြိုပြီးပြင်ဆင်လို့ရတာပေါ့။
(1) Need recognition
ဒီအဆင့်ကတော့ customer တွေ သူတို့ဘာလိုတယ်ဆိုတာ သိတဲ့အဆင့်ပါ။ ဒီအဆင့်မှာ customer တွေဟာ သူတို့ဘာကြောင့်လိုတာ၊ ဘာဖြစ်လို့လိုချင်တာ၊ ဘယ်အမျိုးအစားကိုလိုချင်တာ စတဲ့အချက်တွေရှိပြီးသားပါ။
ဥပမာ- ဝက်ခြံပေါက်လို့ ဝက်ခြံပျောက်ဆေးဝယ်တော့မယ်ပဲဆိုပါတော့ ဒါဆိုသူရဲ့ လိုလားချက်(Need) ဝက်ခြံပျောက်ဆေးပါ။
(2) Information search
ဒီအဆင့်မှာတော့ သူတို့လိုချင်တဲ့ပစ္စည်းနဲ့ပတ်သက်ပြီး information တွေရှာကြတော့မှာပါ။ မိတ်ဆွေအချင်းချင်းမေးမယ်၊ online မှာတက်ရှာမယ်၊ သတင်းစာတွေဖတ်မယ်၊ အရင်ဝယ်ဖူးတဲ့သူတွေကိုမေးမယ် စတဲ့လုပ်ငန်းတွေ လုပ်ကြပါလိမ့်မယ်။
နောက်ပြီး ဒီလိုမလုပ်ဘဲ ဝက်ခြံပျောက်ဆေးဝယ်ရင်တောင် ဆေးဆိုင်က ဆေးရောင်းတဲ့သူကိုတော့ အနည်းဆုံးမေးမှာပါ။ ဒါက information search လုပ်တဲ့အဆင့်ပါ။
ဒီအဆင့်မှာ ကိုယ့်ပစ္စည်းကြော်ငြာကောင်း မကောင်းကောင်း၊ awareness ဘယ်လောက်ရှိ မရှိ သိနိုင်ပါတယ်။
(3) Evaluation of alternatives
ဒီအဆင့်ကတော့ ခုနသိထားသမျှ အချက်အလက်တွေကို ဝယ်သင့် မသင့်စဉ်းစားကြတဲ့အဆင့်ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ဝက်ခြံပျောက်ဆေးပဲ ဝယ်နိုင်သလို၊ ဝက်ခြံပျောက်ရုံမက အမာရွတ်ပါ တစ်ခါတည်းပျောက်စေတဲ့ဆေးကိုလည်း ဝယ်တိုင်ပါတယ်
ဒါပင်မယ့် ဒီအချိန်မှာ တစ်ခြားလွှမ်းမိုးမှုတွေလည်းရှိနိုင်ပါတယ်။ ဘယ်လိုလဲဆိုတော့ ခုနရလာတဲ့အချက်ထဲကို သူတို့ရဲ့မသိစိတ်ထဲက ကြော်ငြာတွေလွှမ်းမိုးမှုတွေကလည်းရှိနိုင်တာကြောင့် ကြော်ငြာများ၊ လူပြောများတဲ့ပစ္စည်းကိုလည်း ရွေးချယ်တတ်ကြပါတယ်။
(4) Purchase decision
ဒီအဆင့်မှာတော့ သူတို့ဝယ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ ဒီအခြေအနေမှာသာ promotion တွေ၊ တခြား discountတွေ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။
ဒါကတော့ ကားလာဝယ်တဲ့သူက ကားဝယ်ရင်း ကားပစ္စည်းအပိုတွေဝယ်ဖို့ ဝန်မလေးပါဘူး။ ဒါပင်မယ့် ကားဝယ်လို့ ကားဝယ်ပစ္စည်းဝယ်တဲ့အခါ ဘယ်လောက် discountပေးပါမယ်ဆိုတဲ့အရာကို ဒီအဆင့်မှာလုပ်လို့ရပါတယ်။
ဒါကြောင့် ဒီအဆင့်မှာသာ တခြားအစီအစဉ်လုပ်ထားမယ်ဆို ပစ္စည်းတစ်ခုလာဝယ်တဲ့သူက နှစ်ခု၊ သုံးခုဝယ်သွားနိုင်ပါတယ်။
(5) Post-purchase behavior
ဒီအဆင့်မှာတော့ customerတွေ ဝက်ခြံပျောက်ဆေးဝယ်တယ်ဆိုရင် ဝက်ခြံပျောက်သွားရင်တော့ စိတ်ကျေနပ်မှုရတာပေါ့၊ ဒါမှမဟုတ် ဝက်ခြံပျောက်ရုံတင်မက အမာရွတ်ပါအရှင်းဖြစ်သွားတယ်ဆိုရင်တော့ ပိုပြီးကျေနပ်သွားနိုင်ပါတယ်။ ဒီနောက်ဆုံးအဆင့်ကနေမှ customer တွေက return customer တွေဖြစ်လာနိုင်သလို၊ ကောင်းကြောင်း မကောင်းကြောင်းတွေကို ပြန်လည်မျှဝေတဲ့သူတွေလည်း ဖြစ်လာနိုင်ပါတယ်။
22/06/2022
အရင်ကတော့ Media ဆိုတာကို "ပေးချင်တဲ့သူရဲ့ Message ကို ရောက်ချင်တဲ့သူထံပို့တဲ့ ကြားခံတစ်ခုလို့" လို့ပြောခဲ့ဖူးတယ်။ ဒါပင်မယ့် Media ကထင်ခဲ့သိခဲ့တာတွေထက် ပိုပြီးလေးနက်နေခဲ့တယ်။
David Ogilvy တို့လို Professional တော်တော်များများကတော့ Media ဆိုတာကို Opportunity လို့ သတ်မှတ်ထားတာတွေ့ရတယ်။ Media တိုင်းကို Opportunity လို့ သတ်မှတ်နိုင်တယ်လို့လည်း ဆိုထားပါသေးတယ်။ Media နဲ့ Opportunity ကိုတွဲမမြင်ဖူးတော့ ဘာလို့သတ်မှတ်လဲလို့ နားလည်ရခက်သွားတယ်။
ဒါပင်မယ့် ဆိုလိုချင်တာက Media တစ်ခုရှိလာရင် အဲ့ဒီ Media ပေါ်ကနေတစ်ဆင့် ရောက်နိုင်တဲ့လူတွေကို maximize လုပ်ပြီး ပို့လွှတ်ဖို့အတွက် Media ကို အခွင့်အရေးအနေနဲ့ အသုံးချကြတယ်။ ဒါကြောင့် Media ကို Opportunity အနေနဲ့သတ်မှတ်ကြတာဖြစ်တယ်။
လွယ်လွယ်ပြောရရင်တော့ ကိုယ်ပေးချင်တဲ့အကြောင်းအရာ မတ်ဆေ့တွေကို ကိုယ်ပေးချင်တဲ့လူဆီရောက်နိုင်လို့ အခွင့်အရေးတစ်ခုအနေနဲ့ သတ်မှတ်ထားတဲ့သဘောပါ။
ဒါကြောင့် လုပ်ငန်းတော်တော်များများမှာ လူကိုယ်တိုင် F2F ဈေးရောင်းတာ ရှင်းပြတာထက် Media ကနေတစ်ဆင့် ကြေညာတာတွေကိုလုပ်လာကြတာပဲဖြစ်ပါတယ်။ Media ကနေတစ်ဆင့်ကြေညာတာက လူများများဆီကို အကြိမ်ကြိမ်အရေအတွက် များများရောက်နိုင်သလို ကိုယ့်ရဲ့ Audience အစစ်အမှန်ဆီကို မရောက်ခဲ့ဘူးဆိုရင်တော့မှ ကိုယ့်ရဲ့ Brand၊ လုပ်ငန်းကို လူတွေမြင်ဖူးတယ်၊ ကြားဖူးတယ်၊ တွေ့လိုက်တယ်ဆိုတဲ့ Brand Awareness ကိုတော့ဖြစ်စေမှာအမှန်ပါပဲ။
Media ထဲမှာ ဘာတွေပါလဲဆိုရင်တော့ ရပ်ကွက်ထဲကအတင်းပြောတဲ့အန်တီကြီး ကနေ မျက်လုံးနဲ့မြင်တိုင်း၊ နားနဲ့ကြားနိုင်သမျှ နေရာတွေအားလုံး ပါပါတယ်။
21/06/2022
ဒါတွေရှောင်သင့်ပါတယ် ။ ။
❌Admin acc နဲ့ page invite လုပ်တာ၊
❌Facebook group တွေထဲ admin acc နဲ့ share တာ၊
❌Facebook ဘက်ကကြေညာခွင့်ပိတ်ထားခံရတဲ့ acc နဲ့ admin ရှိနေတာ၊
❌Page Follower တွေက page နဲ့မဆိုင်တဲ့ group တွေမှာသွားပြီး post တွေလိုက် share တာ၊
Page Restrict မဖြစ်စေဖို့ မဖြစ်မနေရှောင်သင့်ပါတယ်။
20/06/2022
Six Sigma အကြောင်း
ကိုယ့်လုပ်ငန်းရဲ့ လုပ်ငန်းစဉ်တွေကို တိုးတက်အောင်လုပ်ဖို့ ဒီအချက်တွေကို အဓိကအသုံးပြုကြပါတယ်။
🧬 Define
ပထမဆုံးအနေနဲ့ မိမိလုပ်ငန်းမှာဖြစ်နေတဲ့ ပြသာနာတွေ၊ အားနည်းချက်တွေကို Filter လုပ်ကြည့်ပြီး Define သတ်မှတ်ရပါမယ်။ ဥပမာ - ကိုယ့် Company က ဝန်ထမ်းတွေ ခဏခဏထွက်နေတာလား၊ လစာပိုင်းမှာ နည်းနေလို့လား၊ Working Environment မကောင်းလို့လား၊ ကိုယ့် Product က စျေးကြီးနေလို့လား Competitor တွေနဲ့ယှဉ်ရင်၊ ထုပ်ပိုးမှုမလှလို့လား စသဖြင့်။
🧬 Measure
Measure လို့ပြောပြီဆို Data ကိုစပြီးပြောရပါတော့မယ်။ အပေါ်ကပြောသွားတဲ့ ဝန်ထမ်းတွေ ခဏခဏထွက်တာ တစ်လကို ဘယ်နှစ်ယောက်လဲ၊ Middle Level ကလား Top Level ကလား စသဖြင့် အချက်အလက်နဲ့ တိုင်းတာရပါမယ်။
🧬 Analyze
ခုနက အချက်အလက်ပေါ် Based လုပ်ပြီး သုံးသပ်ရပါမယ်။ ဝန်ထမ်း ခဏခဏထွက်တယ်ဆို ဘာလို့ ထွက်ကြတာလဲ၊ အထက်လူကြီးက မကောင်းလို့လား၊ ပေးထားတဲ့ လစာနဲ့ လုပ်ရတဲ့အလုပ် Balance မဖြစ်လို့လား စသဖြင့် ဘာလို့ထွက်ရတယ်ဆိုတာကို သေချာသုံးသပ်ဖို့လိုပါတယ်။
🧬 Improve
သုံးသပ်ပြီးရုံနဲ့ မရသေးပါဘူး၊ ဒါကို ပြုပြင်မွမ်းမံရပါမယ်။ ဥပမာ - လစာကို ထပ်တိုးပေးလိုက်တာပဲဖြစ်ဖြစ်၊ Company ရဲ့Management System မကောင်းဘူးဆိုရင်လဲ ပြန်လည် Fix လုပ်ဖို့ Plan တွေဆွဲရပါမယ်။ မဟုတ်ရင်တော့ Improve ဖြစ်လာမှာ မဟုတ်ပါဘူး။
🧬 Control
နောက်ဆုံးမှာတော့ Fix လုပ်ဖို့ Plan ဆွဲပြီးပြီ၊ ပြုပြင်ပြောင်းလဲလိုက်ပြီ။ လက်ရှိဖြစ်နေတဲ့ Problem ပြေလည်သွားလား၊ အရင်တိုင်းပဲလား။ ဒါကို သေချာစောင့်ကြည့်နေရပါမယ်။ Problem ကရှိနေသေးတယ်ဆိုရင် ဘယ်အဆင့်မှာ မှားနေလဲ ပြန်ကြည့်ရပါမယ်။ နောက်ထပ် တခြား Problem အသစ်ပေါ်လာရင်လဲ အပေါ်ကစခဲ့တဲ့ နည်းအတိုင်းပဲ ပြန်စရမှာပါ။
19/06/2022
Live မလွှင့်ခင် ဘာတွေကြိုတင်ပြင်ဆင်သင့်လဲ 📢
👉🏻 Live ဘယ်နေ့ဘယ်ချိန်မှာ တင်မလဲဆိုတာကို ကိုယ့်ရဲ့ page မှာသေချာတင်ပေးပါ။ (တတ်နိုင်ရင် Live announcement post ကို live & share လုပ်စေပြီး giveaway ပေးပါ)
👉🏻 Live မှာဘယ်လိုအစီအစဉ်တွေပါတယ်၊ promotion တွေ ဘယ်လိုပေးမယ်၊ giveaway ပေးမယ်အစီအစဉ်လေးတွေကို သေချာကြေညာပေးပါ။
👉🏻 Live မှာ sale လုပ်မယ်ဆို ကိုယ်ရောင်းမယ့်ပစ္စည်းကို သေချာစီစဉ်ထားပေးပါ။
👉🏻 Live လွှင့်မယ့်နေရာကိုဆွဲဆောင်မှုရှိရှိထားပါ။
👉🏻 Live လွှင့်မယ့်သူရဲ့ ပတ်ဝန်းကျင်မှာ ရောင်းချမယ့် ပစ္စည်းလေးတွေကိုမြင်သာအောင်ထားပါ။
👉🏻 Live လွှင့်ချိန်တစ်လျှောက်လုံး စျေးရောင်းနေတာပဲမဟုတ်ဘဲ Customer သိချင်တာလေးတွေအချိန်ပေးပြီးဖြေပေးပါ။
👉🏻 ဘာလေးတွေထပ်ရောင်းပေးရမလဲမေးပေးပါ။
👉🏻 Live အတွင်းမဖြစ်မနေ giveaway ပေးပေးပါ။
Click here to claim your Sponsored Listing.
About Us
LIAM is a new kind of marketing group focused on helping our clients to build better future. We provide marketing services to the future stars of the country who are in need of support in success.
We are your business warrior.
Our Vision
To be the most detail oriented and the most favorable in marketing industry.
Our Mission
To deliver the best outcome in your business, and your success is our best interest.
Category
Contact the business
Website
Address
No 39, Mingalar Street, Kamayut Township
Yangon
11041
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |