Why Not

Why Not

Share

We cry, We Laugh, Why not?

16/03/2025

Content တွေနဲ့ စိတ်ဒုက္ခမပေးတော့ဘဲ ရုပ်ရှင်ဖြင့် စိတ်ဒုက္ခပေးဖို့ ကြိုးစားနေကြသော WhyNot အဖွဲ့သားများ ရဲ့ "ပြန်မပြောရ" ရုပ်ရှင် FIRST TRAILER :)

#ပြန်မ​ပြောရ

22/10/2023

WhyNot ရဲ့နောက်ကွယ်က Member တစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးသန့်ရဲ့
Retouching Advanced Class!(Mandalay)
Date - October 29 & 30
Location - Mandalay, The Capital Mall ဆယ်လွှာမှာရှိတဲ့ MFC workspaces
Time - မနက် ၉ နာရီကနေညနေ ၅ နာရီ အထိ
၂ ရက်တာ အတွင်း မှာ စာတွေ့လက်တွေ့သင်ကြားပေးမှာပါ။

တက်ရောက်ချင်တဲ့သူများအနေဖြင့်
Organizer - Thurein Oo ( 09977082314 )ကို
ဆက်သွယ်မေးမြန်း စာရင်းပေးသွင်းပြီးတက်ရောက်နိုင်ပါတယ်။

သင်တန်းကြေး - ၂၅၀,၀၀၀ ကျပ်

သင်တန်းတက်ရောက်မည့်သူအနေဖြင့်
- Photoshop ကိုအခြေခံနားလည်တက်မြောက်ထားဖို့ လိုပါမယ်။
- လက်တွေ့ lesson များအတွက် Laptop ယူလာဖို့လည်း လိုပါမယ်။

အဆာပြေအတွက် မုန့် ကော်ဖီတို့ကတော့အဆင်သင့်ရှိနေမှာပါ။

"အထူးအစီအစဉ်"
သင်တန်းသားများအနေနဲ့
Wacom Myanmar မှ Wacom Tablet ဝယ်ယူရင်
Student Price အနေနဲ့ ခံစားခွင့်လည်းရရှိဦးမှာပါ။

Limited Seat - 15 Person
Portfolio Link - https://aunglayphotography.pixieset.com/

08/09/2023

Episode - 1 မှာ နည်းနည်းလေးတော့လွဲနေတယ်ပေါ့ဗျာ။ Episode - 2 မှာရော ဘယ်လိုတွေ ဖြေကြဦးမှာလဲ?

01/09/2023

Why Not အဖွဲ့ကလူတွေ ရန်ကုန်မြို့ထဲမှာ HIV/AIDS ရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လိုက်မေးကြည့်တဲ့အခါ.....

14/05/2023

စိတ်ပူရုံကလွဲပြီး ဘာမှလုပ်မပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်။
အားလုံး ဘေးအန္တရယ်ကင်းရှင်းကြပါစေ။

29/04/2023

ပြင်မရရင် လွှတ်သာပစ်လိုက်ပါ။

#ဘာများမှားနေလဲ

09/03/2023

ခေါင်းစဉ် တပ် တတ်ဖို့ ဘဲလိုပါတယ်
ကျန်တာက သူ့ဟာသူဖြစ်သွားလိမ့်မယ်။

#ဘာများမှားနေလဲ

10/02/2023

လွယ်သလား ခက်သလား ရာမ...
Teasing EP 7

#ဘာများမှားနေလဲ

30/12/2022

ရှက်လား?
မရှက်ဘူးလား?
အရှက်ရှိလား?
နောက်နှစ်ရော ရှက်ပါ့မလား?

Who's poisoning who? So-called Celebrities or the audience?
Cast - SAUNG

#ဘာများမှားနေလဲ

28/11/2022

*စာရှည်ပါတယ် ခင်ဗျာ*

အခုဒီစာကိုရေးတာ .....Why Not ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်... Lucius Wayne ပါ။ ဒီ Page ကိုစလုပ်ဖို့ ကျွန်တော်တို့ သူငယ်ချင်းတွေ တော်တော်လေး အချိန်ပြန်ယူပြီးမှ စခဲ့ကြပါတယ်။ Social Media နဲ့ ခင်ဗျားတို့ကြားနေကြ နာမည်ကျော် celebrity ​ကြီးတွေရဲ့ အခေါ်အဝေါ် *အနုပညာလောက* ဆိုတာကြီးကို ကျွန်တော်တို့ အဖွဲ့ထဲကလူတွေ အသီးသီး လူဝင်ပေါက်ကဝင်လာခဲ့ကြတာ နှစ်အပိုင်းအခြားတွေကြာခဲ့ပြီးတဲ့နောက် ၂၀၂၁ ခုနှစ်မှာတော့ အကုန်လုံး ဘာမှဆက်မလုပ်ကြတော့ဘဲ ရပ်ဆိုင်းခဲ့ကြပါတယ်။

ဒီကာလမှာ စိတ်ဓာတ်ကျတယ်ဆိုတာ ကျွန်တော်တို့အပါအဝင် အားလုံးအတွက် တော်တော့်ကိုမထူးခြားတော့တဲ့စကားလုံးတစ်ခုဖြစ်မယ်ထင်ပါတယ်။ ရယ်လိုက် ငိုလိုက် ရှက်လိုက် ဒေါသတွေဖြစ်လိုက်နဲ့ အချိန်တွေကြာလာတဲ့အခါ ကျွန်တော်တို့လည်း ဘာဆက်လုပ်မလဲဆိုတာ စတွေးလာရပါတယ်။ အဲဒီတော့ ပြန်လုပ်မယ်ဆိုလည်း ကျွန်တော်တို့အတွက်ရော လူတွေအတွက်ရော ကောင်းတာတစ်ခုခုဖြစ်အောင်လုပ်မယ် Why Not? ဘာလို့မလုပ်ရမှာလဲပေါ့။ ကျွန်တော်တို့လည်း ဝါသနာပါတာ၊ လုပ်တတ်တာက ဒီဖန်တီးမှု ကိစ္စတွေပဲလုပ်တတ်တာ တခြားလည်း ဘယ်သူမှမလုပ်ချင်ဘူးဗျာ။ ဆိုတော့ Why Not အနေနဲ့ ကျွန်တော်တို့ တတ်နိုင်သလောက်လေးတွေ ပြန်လုပ်ကြည့်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြန်ပျိုးကြည့်တယ်ပေါ့လေ။

ဒီအဖွဲ့ထဲမှာ ဒီလောကထဲကိုရောက်နေတာ နှစ်အပိုင်းအခြားတစ်ခုစီကြာနေတဲ့လူတွေချည်းဖြစ်သလို ကျွန်တော်လည်း ဒီလောကထဲကိုစဝင်လာတာ ၂၀၁၁ ခုနှစ်ကဆိုတော့ ၁၀ နှစ်ကျော်ပြီပဲ ဆိုပါတော့ဗျာ။ ဘဝမှာ ကိုယ်ဖန်တီးခဲ့သမျှက ပေါပေါပဲပဲ မလုပ်ခဲ့ဖူးသလို၊ နာမည်ကျော်ကြားမှုနောက်ကိုလိုက်ဖို့အတွက်လည်း တစ်ခါမှ အလုပ်မလုပ်ခဲ့ဖူးတဲ့အတွက် ၁၀ နှစ်အတွင်းမှာ ဘယ်သူမှမသိတဲ့ နာမည်မရှိသူတစ်ယောက်အနေနဲ့ပဲ အလုပ်တွေလုပ်ခဲ့ပါတယ်။ နာမည်ရှေ့မှာ - Title တစ်ခုကိုလွယ်လွယ်ကောက်တတ်လိုက်ဖို့ ကြောက်တဲ့ generation က ကျွန်တော် ဒီအနုပညာနဲ့ ဖန်တီးမှုဆိုတာကြီးကို ဖက်တွယ်ရင်း မာနတွေ၊ ငါက သူတို့လိုမလုပ်ဘူးကွဆိုတဲ့ ခေါင်းမာမှုတွေနဲ့နေလာတာလည်း ကြာခဲ့ပြီ။ ဒီလမ်းကို ဒီအတိုင်းဆက်လျှောက်နေရင်လည်း ငတ်နေဦးမှာပါ။ ဆက်ပြီးလည်းလျှောက်ချင်ပါတယ်။ ပြောရရင်တော့ ရူးတာပေါ့လေ....

အဲဒီလိုရူးရင်း ရူးရင်းနဲ့မှာ ၂၀၁၈ အကုန်မှာ ကျွန်တော့်ရဲ့ အိမ်မက်တွေထဲက တစ်ခုဖြစ်တဲ့ ရုပ်ရှင်ရိုက်ချင်တယ်ဆိုတဲ့ ဆန္ဒက ပြည့်သယောင်ယောင်ဖြစ်ခဲ့ရတယ်။ လူမသိတဲ့ဖန်တီးသူ မာနကြီးတခွဲသားနဲ့ ခေါင်းမာ လုပ်ချင်ရာ ဇွတ်တရွတ်လုပ်တတ်တဲ့ကောင်ရေးတဲ့ဇာတ်ညွှန်းကို ယုံယုံကြည်ကြည်နဲ့ Mega Mark ထုတ်လုပ်ရေးကနေ ရုပ်ရှင်ရိုက်ခွင့်ပေးခဲ့တယ်။ စ လယ် ဆုံး ပါဝင်သူတိုင်းက ဇာတ်ညွှန်းကို ယုံကြည်ပြီး ကျွန်တော်ပြောသမျှ အကုန်ဖြစ်အောင် ပိုကောင်းအောင် Input တွေ အများကြီးနဲ့ ဝိုင်းကူညီပေးခဲ့ကြတယ်။

ဒါပေမယ့် ဘယ်​တော့မှကံကောင်းဖို့ အကြောင်းဖန်မလာတဲ့ ကျွန်တော့်အတွက် ဒီရုပ်ရှင်ကားက post production stage၊ ၂၀၂၀ ခုနှစ်မှာ တစ်ခန်းရပ်ခဲ့ရပါတယ်။ ဘယ်တော့မှ ပိတ်ကားပေါ်မှာမြင်ခွင့်ရမယ်မှန်းမသိတော့တဲ့ ဒီရုပ်ရှင်ဟာ ကျွန်တော်် ရင်နဲ့အမျှ All in ထားတဲ့ ဖန်တီးမှုတစ်ခုပါ။ အခုတော့ အရာအားလုံးက တစ်ဝက်တစ်ပျက် အိမ်မက်တစ်ခုလိုပါပဲ.... နှမြောတာပေါ့ဗျာ... ကျွန်တော်အရမ်းချစ်တဲ့ ရုပ်ရှင်နဲ့ ရုပ်ရှင်ရုံဆိုတာ ကျွန်တော်နဲ့ တော်တော်အလှမ်းဝေးသွားပါပြီ။

အခု Why Not နဲ့အတူ ပြန်စနေတဲ့ ကျွန်တော့်ရဲ့မရေရာတဲ့ ခရီးတစ်ခုမှာ ဒီရုပ်ရှင်ကားထဲက Deleted Scene လေးတစ်ခုကို ကျွန်တော်ထုတ်ပြချင်ပါတယ်။ အချိန် ၁ မိနစ် ၁၅ စက္ကန့် စာပဲရှိတဲ့ ဒီ scene အတွက် Dialogue တစ်လုံးမှမပါပေမယ့် ဒီဇာတ်လမ်းထဲက ဇာတ်ကောင် "ရန်နိုင်" (သရုပ်ဆောင် ကိုအောင်မြင့်မြတ်) ရဲ့ Emotion Buildup အတွက် လှေကားပေါ်တက်လာတဲ့ ခြေလှမ်းကစ တံခါးရှေ့ကပြန်လှည့်သွားတဲ့အထိ ဒီ Character ရဲ့စိတ်ထဲက မွန်းကျပ်မှု ဝမ်းနည်းမှု နဲ့ သောကတွေကို သူ့ရင်ထဲစွဲနေအောင်ပြောပြနိုင်ဖို့ ရေးခဲ့တဲ့စကားလုံးတွေကတော့ မနည်းမနောပေါ့ဗျာ။

ဒီ ၂ နာရီကျော်ကျော်စာရှိတဲ့ ရုပ်ရှင်ကို ပြနိုင်ဖို့ဆိုတာကတော့..... နှစ်တော်တော်ကြာကြာအထိတောင် မျှော်လင့်လို့မရသေးပါဘူး။

ရုပ်ရှင်အမည် - Promise (2019)
Scene အမှတ် 26
Release Date - Unknown

21/11/2022

ယနေ့ခေတ် လူငယ်တချို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲက Addiction (စွဲလမ်းခြင်းပြဿနာ) ဆိုတဲ့ အကြောင်းအရာကို ကျွန်တော်တို့ အဖွဲ့ထဲက အဆောင်း (Saung Yadana Win Swe) ကိုယ်တိုင်ပါ ကြုံတွေ့နေရပါတယ်။ ဒီအရာက ဘယ်လောက်တောင် လူငယ်တွေ အပေါ်မှာ သက်ရောက်မှုရှိနေပြီလဲ?

What kind of addiction that have huge impact on the generation?

*All credited to the photos used in this mockumentary*

V.I.P guest - Ophelia the Cat 🤍

#ဘာများမှားနေလဲ

13/11/2022

မသိလို့ အပြစ်ပြောတာရပါတယ်။ တစ်ခုခု သိသွားရင် တန်ပါပြီ။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon