Chilly Poems

Chilly Poems

Share

Le***an poems

24/09/2025

နှလုံးသားမှလာတဲ့ သံစဉ်နဲ့
နှုတ်ဖျားကထွက်တဲ့တေးသွား
စူးနစ်သွားခဲ့မယ်ဆိုရင် နွမ်းလျတဲ့
ပွင့်ဖက်ဟာ ကြွေလွှင့်ဖို့ ခွင့်ပြုချက်
မလိုတဲ့ ဆိုရိုးလို....

အဆုံးသက်မလှတဲ့ ပုံပြင်တစ်ပုဒ်အဖြစ်သာ ခဏတာအတွင်း ပြီးဆုံးသွားနိုင်တယ်....

ပုံရိပ်ယောင်လို့ထင်နေခဲ့မိတာဟာ
ကြေးမုံတစ်ချပ်လို စိတ်နဲ့ခန္ဓာကို မြင်နေ
ပါလျှက် လွှင့်မျောသွားမယ့် ‌တိမ်ဆိုင်အား
အမိအရဖမ်းဆုတ်နိုင်ဖွယ်မရှိတဲ့ ချစ်ခြင်းဟာ အမှန်တကယ်ရှိခဲ့ဖူး၏။🍃🖤

Chilly Poems

10/09/2025

ချစ်ခြင်းမေတ္တာမှာ ဆက်ဆံရေးတွေ
ဝေးကွာနေရခြင်းဆိုတာ မရှိပါဘူး

တကယ်သာချစ်မယ်ဆိုရင်စိတ်ထဲမှာအမြဲ
ရှိ‌နေခြင်းနှင့် ဆက်သွယ်နေခြင်းဖြစ်တယ်
ဒီနှစ်ခုလေးတောင် ကိုယ့်ကိုချစ်တဲ့သူဆီကနေ
မရဘူးဆိုရင် စိတ်ချလက်ချစွန့်လွှတ်လိုက်ပါ

လူတွေကို အခွင့်အရေး၁ခါထပ်ပိုမပေးသင့်ကြောင်းကို နှလုံးသားနဲ့မှတ်တတ်ဖို့လိုသေးတယ်။မတူညီသော လူတွေ‌ပဲရှိတယ် မတူညီတဲ့
ချစ်ခြင်းတော့မရှိကြပါဘူး~~~

ခွှင့်လွှတ်ဖို့သာတောင်းဆိုတတ်ကြတာ
ခွှင့်လွှတ်ခြင်းကို ‌မြတ်နိုးတန်ဖိုးထားရမယ်
ဆိုတာ မရှိရင်လဲ ဒီလူဟာ သူ့စိတ်ဆန္ဒကိုသာ
ဦးစားပေးပြီး သူနာကျင်ရမှာကို ‌‌စိုးထိတ်နေသူ
ဖြစ်နေမယ်ဆိုတာကို ပြတ်ပြတ်သားသား
သိရှိထားဖို့လိုပါတယ်။

ထပ်တူမကျရင် ဘယ်အရာကမှမလှပါပါဘူး
လိုအပ်နေတဲ့အချိန်မှာ ဘယ်တော့မှ မရှိနေပေးခြင်းကဟာလဲ ချစ်ခြင်းမေတ္တာဟုမခေါ်ထိုက်ကြောင်း....လူသားတစ်ယောက်နဲ့တစ်ယောက်
နာကျင်စေဖို့ကိုလျော့ချနိုင်ပါစေ~~

Chilly Poems

10/09/2025

သံစဉ်နဲ့အတူစီးမျောတဲ့အခါ
သီချင်းစာသားအပေါ် စိတ်ခံစားချက်ရှိတာမဟုတ်ပဲ အမှတ်တရတွေကိုပြန်သတိရ
တတ်တာမဟုတ်လား...

ပင်လယ်ပြင်ကိုငေးကြည့်တဲ့အခါမှာလဲ
ပင်လယ်ပြင်ရဲ့အေးချမ်းခြင်းကို မခံစားမိပဲ
လောကရဲ့သဘောတရားတွေကို ပြန်လည်
တွေးနေမိတတ်ကြတယ်....

လူတွေကပျော်ရွှင်ခြင်းကို ရယူခြင်းနဲ့
ဖန်တီးခြင်းတွေက ချစ်ခြင်းမေတ္တာမဟုတ်ဘူး
အတ္တကိုရှေ့တန်းတင်တဲ့ လူတွေရဲ့ရွေးချယ်မှု

လူတစ်ယောက်ကိုမြတ်နိုးနိုးသဘောကျမိတဲ့အခါမှာလဲ နစ်မွန်းရသလို၊ချစ်ခြင်းမေတ္တာဆိုတာဘာလဲလို့ စူးစမ်းကြည့်တဲ့အခါမှာလဲ
နဂိုမူရင်းအတိုင်းပါပဲ....

လူတွေဆိုတာ ခံစားချက်နဲ့ရှင်သန်ပြီး
ဦးနှောက်နဲ့ဆုံးဖြတ်ကြတယ်တဲ့....ခဏတာ
ပျော်ရွှင်ဖို့ကို အစားထိုးစရာ နှလုံးသားဖြစ်နေမယ်ဆိုရင် လူတွေရဲ့ သက်မှတ်ချက်တွေက
ထာဝရ မှားယွင်းနေစမြဲဆိုတာ....ကဗျာတွေ
ရေးရင်း စာတွေရေးရင်...မေ့ဖျောက်ပစ်လိုက်
ရတဲ့ ပုံပြင်ဆန်တဲ့ ချစ်ခြင်းတွေအကြောင်းကို
အဆုံးသက်နိုင်ခဲ့တယ်~~~🦋

Chilly Poems

10/09/2025

သံသရာစက်ဝိုင်းမှာ အထိအရှကင်းကင်းနဲ့
ဖြတ်သန်းဖို့ဆိုတာ ချစ်ခြင်းမေတ္တာနဲ့
ပတ်သက်လာရင် လူတွေကို လွယ်လွယ်
လက်မခံမိဖို့၊လူတွေကို မယုံဖို့၊လူတွေရဲ့နှလုံးသားကိုမစတေးဖို့ စတဲ့ အကြောင်းအရာတွေကိုရေးဖွဲ့ရမယ်ဆို ဤသံသရာသာဆုံးမယ်
ရေးလို့ကုန်မယ်မထင်ဘူး။

နစ်နာသူဟာ ကိုယ်ဖြစ်ပါရက်
ကျူးလွန်သူဟာ မျက်ရည်ဝိုင်းပြနေရင်
ဒီအရာတွေဟာ အမှိုက်ထက်ပိုတဲ့ မစင်တွေ
ဖြစ်လာတယ်၊လူတိုင်း ချစ်ခြင်းမေတ္တာနဲ့
ပတ်သက်လာရင် အထိအရှကင်းတဲ့သူမရှိသလောက် နည်းလာကြတာဟာ အတ္တကိုသာ
ဗဟိုပြုလို့ ရှင်သန်နေတဲ့ စက်ဝိုင်းတွေက ပိုပိုကြီးလာစေခဲ့တာပဲ။

ဤကမ္ဘာမှာ ချစ်ခြင်းမေတ္တာဆိုတာမရှိဘူးဆိုတာ
လက်ခံလိုက်‌တဲ့အချိန်ကစပြီး လူတွေနဲ့မပတ်သက်မိတာ ပိုပြီးမှန်လာတယ်မဟုတ်လား..

အားတဲ့အခါတိုင်း ကဗျာတို၊စာတို
ပြန်ရေးဖြစ်ပါမယ်....✨🦋

Chilly Poems

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Art

Website

Address


Yangon