Digi-Learn

Digi-Learn

Share

သင်တန်းကျောင်းတွေ ကိုယ်ပိုင် Online Learning System အကောင်အထည်ဖော်နိုင်ဖို့ အသုံးပြုနိုင်မယ့် Service

24/08/2022

ကိုယ်ပိုင် Brand နဲ့ Website ရော Mobile App တွေပါ ပါတဲ့ Learning Portal တစ်ခုဆိုတာ လက်လှမ်းဝေးတဲ့ Investment တစ်ခု မဟုတ်တော့ပါဘူး ..

22/07/2022

လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် စာသင်ကျောင်းတွေ ၊ သင်တန်းကျောင်းတွေ ရပ်နားထားရပေမယ့် တိုးတက်လာတဲ့ နည်းပညာရဲ့ အကူအညီကြောင့် ကျောင်းသားတွေအနေနဲ့ လေ့လာမှုတွေကို နှောင့်နှေးမသွားစေပဲ ဆက်လက်လေ့လာနိုင်နေဆဲပဲ ဖြစ်ပါတယ်။ ဒီလို စဉ်ဆက်မပျက် လေ့လာနိုင်တဲ့ အဓိက အကြောင်းအရင်းကတော့ Digital - Learning ကို အသုံးပြုပြီး သင်ကြားမှု ၊ သင်ယူမှုတွေ ပြုလုပ်လာလို့ပဲ ဖြစ်ပါတယ်… ⭐

💎 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 ဆိုတာ…⠀

ခေတ်မီနည်းပညာနဲ့ Electronic Device တွေကို အသုံးပြုပြီး သင်ယူမှု ပြုလုပ်နိုင်စေတာ ဖြစ်ပါတယ်။ဒီလို သင်ယူမှု ပြုလုပ်နိုင်ခြင်းကို Technology Enhanced Learning (TEL)၊ Digital Learning (သို့) E-Learning လို့လည်း လူသိများပါတယ်။ တစ်နည်းအားဖြင့် အမြဲတမ်း အသုံးပြုလေ့ရှိတဲ့ Computer , Mobile Phone တို့မှာ Internet ရှိနေရုံနဲ့ နေရာဒေသမရွေး အလွယ်တကူ သင်ကြားမှု ၊ သင်ယူမှုတွေ ပြုလုပ်နိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။⠀



ဒီလို Digital Learning ကနေ သင်ယူလာနိုင်တာကြောင့် ကျောင်းသားတွေအတွက် ဘာသာရပ်တစ်ခုကိုလေ့လာနိုင်ဖို့ သီးသန့် အချိန် ၊ သွားလာရတဲ့နေရာ ၊ သင်ယူမှုလမ်းကြောင်း စတာတွေကိုပါ ကိုယ်တိုင် Control လုပ်ပြီး သင်ယူလာနိုင်စေပါတယ်။ ဒီအချက်တွေ အပြင် Digital Learning ကနေ သင်ယူလာနိုင်ခြင်းကြောင့် ရရှိနိုင်တဲ့ အခြားသော အကျိုးကျေးဇူးများစွာကိုပါ ဖော်ပြပေးလိုက်ပါတယ်။ ⬇️⬇️⬇️

💠 𝐈𝐧𝐝𝐢𝐯𝐢𝐝𝐮𝐚𝐥𝐢𝐳𝐞𝐝 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞:⠀

စာသင်ခန်းတွေမှာ သင်ယူတဲ့အခါ ကြုံတွေ့ရလေ့ ရှိတဲ့ အဓိက အားနည်းချက်က လူအများနဲ့သင်ယူရတဲ့အတွက် ကိုယ်တိုင်လိုက်မမှီတဲ့ သင်ခန်းစာတွေကို နားလည်သည်အထိ မသင်ယူနိုင်ပဲ ပြီးဆုံးသွားတာပါ။ ကိုယ်တိုင် နားမလည်တော့တာကြောင့် ဒီသင်ခန်းစာမှာ စိတ်ဝင်စားမှု အားနည်းလာတာ ၊ မသင်ချင်တော့တာ မျိုးတွေ ရှိလာတက်ကြပါတယ်။ Digital - Learning မှာဆိုရင်တော့ ကျောင်းသားအနေနဲ့ရော ၊ ဆရာဆရာမတွေအနေနဲ့ပါ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ တက်မြောက်မှု ၊ သင်ယူနိုင်မှုတွေကို သိလာစေပါတယ်။ ဒါ့အပြင် ကျောင်းသားတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး လေ့လာမှု ပုံစံတွေကို ပြောင်းလဲ သင်ကြားနိုင်စေမှာ ဖြစ်ပါတယ်။⠀


💠 𝐔𝐧𝐥𝐢𝐦𝐢𝐭𝐞𝐝 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧: ⠀

စာသင်ခန်းထဲက သင်ကြားမှုမဟုတ်တဲ့အတွက် ဆရာပြောသလောက် အချက်အလက်ကိုသာ သိနိုင်တာ မဟုတ်ဘဲ ကိုယ်တိုင် လေ့လာစူးစမ်းနိုင်လာမှာ ဖြစ်ပါတယ်။ ဆရာအနေနဲ့ကလည်း အသေးစိတ်တစ်ခုချင်း ရှင်းပြစရာမလိုတော့ဘဲ ကျောင်းသားတွေကို လေ့လာနိုင်မယ့် Website ၊ ဘယ်လိုပုံစံ လေ့လာမှတ်သားနိုင်မယ်ဆိုတာကို Guide လုပ်ပေးရုံသာလိုအပ်လာပါတယ် ။ ကျောင်းသားတွေအတွက်လည်း ကိုယ်လိုချင်တာ ၊ သိချင်တာ စတဲ့ အချက်အလက်မှန်သမျှကို အကန့်အသတ်မရှိ ရှာဖွေလေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။⠀


💠 𝐒𝐦𝐚𝐫𝐭 𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦𝐬:⠀

မြေဖြူခဲနဲ့ သင်ကြားခြင်းက လက်ရှိအချိန်နဲ့ ယှဉ်လိုက်ရင် ယခင်ကအရာတစ်ခု ဖြစ်နေပြီဖြစ်ပြီး သင်ယူမှုပြုလုပ်ရတာ ဆန်းသစ်ပြီး ပျော်စရာကောင်းတယ်ဆိုတာ ကျောင်းသားတွေ နားလည်စေဖို့အတွက် Digital စနစ်များကို ပိုမိုအသုံးပြုလာကြတာကို တွေ့မြင်နိုင့်ပါတယ်။ လက်ရှိစာသင်ခန်း တချို့မှာဆိုရင်လည်း Projector ၊ Laptop စတာတွေကို အသုံးပြုသင်ကြားလာနေကြပါပြီ။ စာသင်ခန်းစာတွေမှာ ဒီလို Digital နည်းပညာ အကူအညီနဲ့ပါ ယှဉ်တွဲသင်ယူလာနိုင်တာကြောင့် ကျောင်းသားတွေ သင်ခန်းစာပေါ်မှာ အာရုံစူးစိုက်မှု နည်းပါးလာတာတွေ ကိုပါ လျော့နည်းလာစေပြီး Smart Classroom တစ်ခု ဖြစ်လာစေမှာ အမှန်ပါပဲ။⠀


💠 𝐃𝐢𝐠𝐢𝐭𝐚𝐥𝐥𝐲 𝐔𝐩𝐝𝐚𝐭𝐞𝐝:⠀

အမြဲတိုးတက်ပြောင်းလဲနေတဲ့ Digital ခေတ်မှာ သင်ယူနေတဲ့ သင်ခန်းစာတွေက အမြဲ Out of Date ဖြစ်သွားတက်ပါတယ်။ ယခုအခါမှာ Digital-Learning နဲ့ ပြောင်းလဲ သင်ယူနိုင်ခြင်းကြောင့် အမြဲ Up to Date ဖြစ်နေတဲ့ အကြောင်းအရာတွေ ကို စဉ်ဆက်မပျက်လေ့လာနိုင်အောင် စီစဉ်ဆောင်ရွက်ပေးလာနိုင်တာပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့လည်း Up to Date ဖြစ်နေတဲ့အကြောင်းအရာတွေကို အချိန်နဲ့တပြေးညီ သင်ယူလာနိုင်တဲ့အပြင် တိုးတက်လာတဲ့ နည်းပညာနဲ့လည်း စိမ်းနေမှာ မဟုတ်တော့ပါဘူး။ ⠀


💠 𝐄𝐚𝐬𝐞 𝐨𝐟 𝐒𝐡𝐚𝐫𝐢𝐧𝐠:⠀

လက်ရှိသင်ယူနေတဲ့ Learning ပုံစံတွေမှာ ထုတ်ဝေထားတဲ့ ပြဋ္ဌာန်းစာအုပ် ၊ ဆရာရဲ့ လက်ရေးမှတ်စုနဲ့ သင်ကြားတဲ့ စာအုပ်များထဲက အကြောင်းအရာတွေကိုသာ မှီခိုပြီး သင်ယူနေကြရတာကြောင့် ဒီစာအုပ်တွေပျက်စီးမသွားဖို့ ၊ ပျောက်ပျက်မသွားဖို့ ဂရုစိုက်နေကြရတာပဲ ဖြစ်ပါတယ် ။ Digital Learning မှာ ဆိုရင်တော့ သင်ခန်းစာ အချက်အလက်တွေကို ကိုယ်သင်ယူနေတဲ့ Learning Platform မှာ ၊ ကိုယ်ရဲ့ Mobile Phone (သို့) Laptop မှာ သိမ်းဆည်းထားနိုင်တာကြောင့် ပျောက်ပျက်မှာ စိုးရိမ်ဖို့မလိုအပ်တော့သလို ၊ သင်ယူနေတဲ့ သင်ခန်းစာအကြောင်းကိုပါ Click တချက်နှိပ်ရုံနဲ့ လိုအပ်သလို တစ်ယောက်နဲ့ တစ်ယောက် Sharing ပြုလုပ်ပြီးပါ သင်ကြားလာနိုင်စေပါတယ်။⠀


💠 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐚𝐛𝐢𝐥𝐢𝐭𝐲 𝐢𝐧 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬:

ကျောင်းသားတစ်ယောက်ချင်းစီရဲ့ သင်ယူတိုးတက်မှုကို အကဲဖြတ်တဲ့ နေရာမှာ Digital စနစ်ကို အသုံးပြုလာတာကြောင့် ဘက်လိုက်မှု မရှိဘဲ ပွင့်လင်းမြင်သာပြီး မှန်ကန်တဲ့ အကဲဖြတ်မှတ်တမ်းတွေ ရရှိလာစေပါတယ်။ ဒါ့အပြင် ကျောင်းသားတွေအနေနဲ့ ကိုယ်ရဲ့ စွမ်းဆောင်ရည်ကို ကိုယ်တိုင် ပိုင်းခြားစိတ်ဖြာနိုင်ပြီး လိုအပ်တဲ့ ဖြေရှင်းချက်တွေကိုပါ သိရှိနိုင်စေနိုင်တာကြောင့် Digital Learning ရဲ့ အဓိကအားသာချက်လို့ပြောရင်လည်း မမှားပါဘူး။⠀


Digi-Learn Service Package ကို အသေးစိတ် သိရှိနိုင်ဖို့ https://digi-learn.com.mm/ မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။⠀

Photos from Digi-Learn's post 07/06/2022

E-Learning အတွက် နည်းပညာတွေနဲ့ Online Learning Platform တွေရဲ့ အားသာချက်များကို လေ့လာကြည့်ခြင်း

11/05/2022

GYS Online Classes ဆိုတာ Management, Personal Development, Business and Languages နဲ့ဆိုင်တဲ့ သင်တန်းတွေကို Facebook Platform ကနေသင်ကြားပေးနေတဲ့ သင်တန်းကျောင်းပဲ ဖြစ်ပါတယ်။ 2019 ခုနှစ်မှာ GYS ရဲ့လက်ရှိ Founder & CEO ဖြစ်တဲ့ ကိုပြည့်ဖုန်းက သူ့ရဲ့ Knowledge တွေနဲ့ Experience တွေကို ပိုပြီးတော့ Sharing လုပ်ချင်တဲ့အတွက် GYS Online Classes ကို Education Startup တစ်ခုအနေနဲ့ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ GYS ကနေ Course ပေါင်း 50 ကျော်ကို အချိန်၊ နေရာမရွေး လေ့လာသင်ယူနိုင်ပြီဖြစ်ပါတယ်။ Management ဘက်မှာဆိုရင် Business, Marketing, Human Resource, Sales, Admin & Office စတဲ့ Course တွေကို သင်ကြားနိုင်မှာဖြစ်ပါတယ်။

Course တစ်ခုချင်းစီကို Pre-recorded လုပ်ထားတဲ့ သင်ခန်းစာ Video တွေ၊ Exercise တွေ၊ Discussion နဲ့ Q&A Session တွေနဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ International Languages Course တွေဖြစ်တဲ့ Chinese, Korea, French, Thai, Japanese, English စတဲ့ဘာသာစကား အတန်းတွေကိုပါ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ GYS က Digi-Learn ရဲ့ Beta အစီအစဉ်ကနေတဆင့် သင်တန်းတွေကို Online Learning Portal ကနေ သင်ကြားနိုင်မယ့်ပုံစံကို စမ်းသပ်အသုံးပြုနေတာဖြစ်ပါတယ်။

GYS ရဲ့ Online Learning Portal ထဲမှာ Thai Language Class ကို Module တချို့နဲ့ Setup လုပ်ထားတာကို တွေ့နိုင်ပါတယ်။ Module တွေထဲမှာဆိုရင်

✨ ဗျည်း၊ သရတွေရေးပုံ၊ ရေးနည်းနဲ့ပါတ်သတ်ပြီး သေချာရှင်းပြထားတဲ့ Pre-recorded Video တွေ
✨ Language နဲ့ဆိုင်တဲ့ ဖတ်ရမယ့် Article တွေ
✨ ကိုယ်လေ့လာထားတာတွေအတွက် ဆရာတွေကပြန်စစ်ဆေးပြီး အမှတ်ပေးလို့ရမယ့် Pop Quiz လို Assignment လို Learning Content တွေနဲ့ Online Learning ပုံစံ သင်ကြားနိုင်မှာ ဖြစ်ပါတယ်။

Digi-Learn ရဲ့ Beta အစီအစဉ်ကနေတဆင့် တည်ဆောက်ထားတဲ့ GYS သင်တန်းကျောင်းရဲ့ Learning Portal ကို Computer ကနေ တဆင့် အသုံးပြုနိုင်သလို Android App, iOS App တွေကနေတဆင့်လည်း အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Learning Portal မှာ ကျောင်းသားတွေအနေနဲ့ သင်ခန်းစာတွေကို အသေးစိတ်ရှင်းပြထားတဲ့ Pre-recorded Lecture Video တွေ၊ ဖတ်ရမှတ်ရမယ့် Article တွေ၊ သင်ခန်းစာတွေနားလည်မှုအပေါ် ပြန်လည်စမ်းစစ်နိုင်မယ့် Pop Quiz နဲ့ Assignment လို Learning Content တွေနဲ့ အစုံအလင် သင်ကြားနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဆရာနဲ့ ကျောင်းသားတွေကြားမှာ Interactive ဖြစ်ဖြစ်ဆွေးနွေးလို့ရမယ့် Live Session လို Features တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ Discussion Board လို Features တွေကနေတဆင့်လည်း ကိုယ်နားမလည်တာတွေ၊ သိချင်တာတွေနဲ့ပါတ်သတ်ပြီး Post တွေတင်ပြီး မေးမြန်းနိုင်မှာ ဖြစ်တဲ့အတွက် ကိုယ့်အတန်းဖော်တွေနဲဖြစ်စေ၊ ဆရာတွေနဲ့ဖြစ်စေ အလွယ်တကူ Communicate လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် GYS ရဲ့အတန်းတွေကို Online Learning Portal ကနေတဆင့် Digital Content တွေနဲ့ ဘယ်လိုပုံစံသင်ကြားနေလဲဆိုတာကို သိချင်ရင်တော့ ဒီ https://demo.digi-learn.com.mm/ ကနေတဆင့် Free Class တွေကို Register လုပ်ပြီးဝင်ရောက်လေ့လာကြည့်နိုင်ပါတယ်။

Digi-Learn ဆိုတာ သင်တန်းသားတွေနဲ့ ဆရာတွေ၊ သင်တန်းကျောင်း ပိုင်ရှင်တွေအတွက် နည်းပညာကို အသုံးပြုပြီး သင်ကြားသင်ယူမှုတွေ ပြုလုပ်နိုင်မယ့် ကိုယ်ပိုင် Brand နဲ့ Learning Portal တစ်ခုကို အချိန် ၂ ပတ်အတွင်းမှာ တည်ဆောက်နိုင်ဖို့ စီစဉ်ပေးသွားမယ့် SaaS (Software as a Service) တစ်ခု ဖြစ်ပါတယ်။

Digi-Learn ကို စိတ်ဝင်စားတယ် ၊ ကိုယ့် လုပ်ငန်းအတွက် သင့်တော် မသင့်တော် ဆွေးနွေးချင်တယ် ဆိုရင်တော့ 09 771846218 ကို ရုံးချိန်အတွင်း ဆက်သွယ် လေ့လာနိုင်ပါတယ်။ Digital Content တွေ ရှိထားပြီးသား လုပ်ငန်းရှင်တွေကိုလည်း Learning Portal ကို Beta အနေနဲ့ ကြည့်ရှုနိုင်ဖို့ FREE စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

Digi-Learn Service Package ကို အသေးစိတ် သိရှိနိုင်ဖို့ https://digi-learn.com.mm/ မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

Photos from Digi-Learn's post 25/04/2022

Digi-Learn ဆိုတာ သင်တန်းသားတွေနဲ့ ဆရာတွေ၊ သင်တန်းကျောင်း ပိုင်ရှင်တွေအတွက် နည်းပညာကို အသုံးပြုပြီး သင်ကြားသင်ယူမှုတွေ ပြုလုပ်နိုင်မယ့် ကိုယ်ပိုင် Brand နဲ့ Learning Portal တစ်ခုကို အချိန် ၂ ပတ်အတွင်းမှာ တည်ဆောက်နိုင်ဖို့ စီစဉ်ပေးသွားမယ့် SaaS (Software as a Service) တစ်ခု ဖြစ်ပါတယ်။

✨ Learning Portal
Digi-Learn ကိုအသုံးပြုပြီး သင်ကြားနေတဲ့ သင်တန်းကျောင်းတွေမှာဆိုရင် ကျောင်းသာတွေအနေနဲ့ သင်ခန်းစာတွေကို ကိုယ်ပိုင် Online Learning Portal ကနေတဆင့် သင်ကြားနိုင်မှာဖြစ်ပါတယ်။

✨ Articles
ဗဟုသုတရစရာ Article တွေကိုလည်း ကျောင်းသားတွေသာမက ကိုယ့် Website ကိုရောက်လာတဲ့ Visitor တွေပါဖတ်ရှုနိုင်အောင် စီစဉ်ထားနိုင်မှာ ဖြစ်ပါတယ်။

✨ Learning Content
ကျောင်းသားတွေကို သင်ခန်းစာတွေ သင်ကြားတဲ့အခါမှာလည်း
🔹 အကြောင်းအရာ တစ်ခုချင်းစီအတွက် Lecturer ကိုယ်တိုင် အသေးစိတ်ရှင်းပြထာပြီး Pre-recorded လုပ်ထားတဲ့ Lecture Video တွေ၊
🔹 သင်ခန်းစာတွေနဲ့ပါတ်သတ်ပြီး ဖတ်ရ၊ မှတ်ရမယ့် Article တွေ
🔹 သင်ခန်းစာတွေ နားလည်မှုနဲ့ပါတ်သတ်ပြီး Assessment ပြန်လုပ်လို့ရမယ့် Pop Quiz Question တွေ
🔹 Chapter တစ်ခုချင်းစီအလိုက် ကျောင်းသားတွေရဲ့ နားလည်မှုအပေါ် ပြန်စစ်ဆေးနိုင်မယ့် Assignment တွေ စသဖြင့် Learning Content မျိုးစုံနဲ့ သင်ကြားနိုင်မှာဖြစ်ပါတယ်။

✨ Live Sessions
ကျောင်းသားတွေနဲ့ဆရာတွေကြားမှာ Interactive ဖြစ်ဖြစ်သင်ကြားနိုင်ဖို့
🔹 တစ်ပါတ်ကို တစ်ခါ၊ နှစ်ခါစသဖြင့် Schedule အလိုက်ပုံမှန် Join ရမယ့် Live Session တွေ၊
🔹 ဆရာတွေနဲ့ စာမေးစရာ၊ ဆွေးနွေးစရာရှိတဲ့ ကျောင်းသာတွေပဲ Join ဖို့လိုမယ့် Live Session တွေ၊
🔹 ကျောင်းသားဘက်ကနေ စာမေးစရာတွေ၊ ဆရာနဲ့ Review လုပ်ချင်တာတွေအတွက် ဆရာတွေအားမယ့်အချိန်တွေအရ Request လုပ်လို့ရမယ့် Live Session တွေကိုပါ စီစဉ်ထားနိုင်မှာ ဖြစ်ပါတယ်။

✨ Pop Quiz and Assignment
သင်ခန်းစာတွေအပေါ် ကျောင်းသားတွေ နားလည်မှုနဲ့ပါတ်သတ်ပြီး Pop Quiz တွေ၊ Assignment တွေပြုလုပ်ခိုင်းပြီး စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

Pop Quiz တွေပြုလုပ်တဲ့အခါမှာလည်း
🔹 Text တွေဖြေရတဲ့ Question မျိုးတွေ၊
🔹 ပုံတွေကိုပြန်ရွေးပေးရတဲ့ Question တွေ၊
🔹 Single Selection Answer တွေအတွက် Radio Button Type Question တွေ၊
🔹 Multiple Selection Answer တွေအတွက် Checkbox Type Question လိုပုံစံမျိုးတွေ စသဖြင့် မေးခွန်း Type မျိုးစုံနဲ့ မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းသားတွေ ဖြေဆိုထားတဲ Pop Quiz တွေကိုစစ်ဆေးပြီး အမှတ်ပေးတာမျိုး၊ Assignment တွေကိုစစ်ဆေးပြီး မှတ်ချက်တွေပေးတာ၊ အမှတ်တွေပေးတာတွေအထိပါ လုပ်နိုင်မှာဖြစ်တဲ့အတွက် ကျောင်းသားတွေအနေနဲ့ ကိုယ်တကယ် နားလည်၊မလည်ကိုပါ သေချာသိနိုင်မှာ ဖြစ်ပါတယ်။

✨ Discussion Board
🔹 ဆရာတွေအနေနဲ့ သင်တန်းနဲ့ပါတ်သတ်တဲ့ Announcement တွေတင်ပေးတာမျိုး၊
🔹 ကျောင်းသားတွေ အနေနဲ့လည်း ပေးထားတဲ့ Student Project တွေနဲ့ပါတ်သတ်ပြီး အခက်အခဲဖြစ်တာမျိုးအတွက် မေးချင်တဲ့ အခါမျိုးမှာတွေမှာ Class အလိုက် Discussion Board တွေကနေတဆင့် Post တင်ပြီးမေးမြန်းတာတွေ၊ Comment တွေကနေ ပြန်လည်ဖြေကြားပေးတာတွေကိုပါ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Post တင်တဲ့အခါ၊ Comment ပေးတဲ့အခါတွေမှာလည်း စာတွေသာမကဘဲ ပုံတွေ၊ Video တွေနဲ့တင်တာ၊ Comment ပေးတာတွေကိုပါ လုပ်လို့ရမှာဖြစ်ပါတယ်။

✨ Enrollment Process
ကိုယ့်သင်တန်းကျောင်းက Class တွေကိုလည်း Category အလိုက်ခွဲပြီး Information အစုံအလင်နဲ့ ပြထားနိုင်မှာဖြစ်ပါတယ်။ Entrance Question ဖြေဆိုဖို့လိုတဲ့ အတန်းတွေကို ကျောင်းသားတွေ Enroll လုပ်တဲ့အခါမှာ Learning Portal ကနေ တဆင့်ဖြေဆိုနိုင်ဖို့ စီစဉ်ထားပါတယ်။

Entrance Result တွေပြန်သိရဖို့အပိုင်းတွေနဲ့ Enrollment အတွက် Payment လက်ခံတဲ့အပိုင်းတွေကိုလည်း Learning Portal ကနေ တခါတည်းလုပ်ဆောင်နိုင်ပါတယ်။

✨ School Information
ကိုယ့်သင်တန်းကျောင်းရဲ့ Vision, Mission လိုအချက်အလက်တွေနဲ့ သင်ကြားမယ့် ဆရာ၊မ တွေရဲ့ အကြောင်းအရာတွေကိုလည်း Online Learning Portal မှာပြထားနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းသားတွေပေးထားတဲ့ Feedback တွေကိုလည်း Testimonials Section မှာပြထားလို့ရဉီးမှာ ဖြစ်ပါတယ်။

Digi-Learn ကို စိတ်ဝင်စားတယ် ၊ ကိုယ့် လုပ်ငန်းအတွက် သင့်တော် မသင့်တော် ဆွေးနွေးချင်တယ် ဆိုရင်တော့ 09 771846218 ကို ရုံးချိန်အတွင်း ဆက်သွယ် လေ့လာနိုင်ပါတယ်။

Digital Content တွေ ရှိထားပြီးသား လုပ်ငန်းရှင်တွေကိုလည်း Learning Portal ကို Beta အနေနဲ့ ကြည့်ရှုနိုင်ဖို့ FREE စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

Digi-Learn Service Package ကို အသေးစိတ် သိရှိနိုင်ဖို့ https://digi-learn.com.mm/ မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

05/04/2022

Digi-Learn မှာ ကျောင်းသားအချင်းချင်း သာမက ကျောင်းသားနဲ့ Lecturer ကြားမှာ လွယ်လွယ်ကူကူ Communication ပြုလုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ Discussion Board လို Mechanism တွေကိုလည်း Setup ပြုလုပ်ပေးထားပါတယ်။

ကျောင်းသားတွေအနေနဲ့ ကိုယ်မေးချင်တဲ့ အကြောင်းအရာတွေကို Class အလိုက် Discussion Board တွေမှာ Post တွေတင်ပြီး မေးမြန်းနိုင်မှာဖြစ်ပါတယ်။

Class ထဲမှာရှိတဲ့ Lecturer တွေနဲ့ ကျောင်းသားတွေဆီကို Post တင်လိုက်တဲ့ Notification ရောက်သွားမှာဖြစ်တဲ့အတွက် ကျောင်းသားအချင်းချင်းပဲဖြစ်စေ၊ ဆရာတွေကဖြစ်စေ Comment ကနေတဆင့် ပြန်လည်ဖြေပေးနိုင်မှာ ဖြစ်ပါတယ်။

ဆရာတွေအနေနဲ့လည်း အတန်းထဲက အရေးကြီးတဲ့ ကြေညာချက်တွေကို Discussion Board ကနေတဆင့် Announce လုပ်နိုင်မှာဖြစ်ပြီး ဒါအတွက်လည်း အတန်းထဲကသူတွေ အကုန်လုံးဆီ Notification ရောက်မှာဖြစ်တဲ့အတွက် ကျောင်းသားတွေအနေနဲ့ အချိန်နဲ့တပြေးညီ သိနိုင်မှာဖြစ်ပါတယ်။

Post တင်တဲ့အခါ၊ Comment ပေးတဲ့အခါတွေမှာလည်း ပုံတွေ၊ Video တွေနဲ့တင်တာ၊ Comment ပေးတာတွေကိုပါ လုပ်လို့ရမှာဖြစ်ပါတယ်။ ကိုယ်သဘောကျတဲ့ Post တွေကို Like React ပေးတာမျိုး၊ အရေးကြီး Post တွေအတွက် Lecturer တွေဘက်ကနေ Pin လုပ်ထားနိုင်တာမျိုး Features တွေလည်း ပါဝင်ပါတယ်။

Digi-Learn ကို စိတ်ဝင်စားတယ် ၊ ကိုယ့် လုပ်ငန်းအတွက် သင့်တော် မသင့်တော် ဆွေးနွေးချင်တယ် ဆိုရင်တော့ 09 771846218 ကို ရုံးချိန်အတွင်း ဆက်သွယ် လေ့လာနိုင်ပါတယ်။

Digital Content တွေ ရှိထားပြီးသား လုပ်ငန်းရှင်တွေကိုလည်း Learning Portal ကို Beta အနေနဲ့ ကြည့်ရှုနိုင်ဖို့ FREE စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

Digi-Learn Service Package ကို အသေးစိတ် သိရှိနိုင်ဖို့ https://digi-learn.com.mm/ မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

24/03/2022

ကိုယ်ပိုင် Brand နဲ့ Online Learning Portal တစ်ခု တည်ဆောက်လိုသူတွေကို အချိန်တိုအတွင်းမှာ ကုန်ကျစားရိတ်အသက်သာဆုံးနဲ့ စီစဉ်ဆောင်ရွက်ပေးနိုင်မယ့် Digi-Learn Online Learning Enabler Solution ရဲ့ အသစ်စက်စက် Website ပုံစံကို မိတ်ဆက်ပေးပါရစေ။

Digi-Learn ဆိုတာ သင်တန်းသားတွေနဲ့ ဆရာတွေ သင်တန်းကျောင်း ပိုင်ရှင်တွေအတွက် နည်းပညာကို အသုံးပြုပြီး သင်ကြားသင်ယူမှုတွေ ပြုလုပ်နိုင်မယ့် ကိုယ်ပိုင် Brand နဲ့ Learning Portal တစ်ခုကို အချိန် ၂ ပတ်အတွင်းမှာ တည်ဆောက်နိုင်ဖို့ စီစဉ်ပေးသွားမယ့် SaaS (Software as a Service) တစ်ခု ဖြစ်ပါတယ်။

Digi-Learn ကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ Learning Portal ကို Computer ကနေ တဆင့် အသုံးပြုနိုင်သလို Android App, iOS App တွေပါ ပါဝင်တဲ့အတွက် Mobile Phone တွေက တဆင့်လည်း အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် သင်တန်းကျောင်းတွေ ၊ Corporate Training အစီအစဉ်တွေ ပြုလုပ်တဲ့ Company ကြီးတွေနဲ့ Premium Content တွေကို Hard-core Fans တွေအတွက် သီးသန့် စီစဉ်ပေးလိုတဲ့ Social Influencers တွေအတွက် အထူး အသုံးဝင်နိုင်ပါလိမ့်မယ်။

Digi-Learn ကို စိတ်ဝင်စားတယ် ၊ ကိုယ့် လုပ်ငန်းအတွက် သင့်တော် မသင့်တော် ဆွေးနွေးချင်တယ် ဆိုရင်တော့ 09 771846218 ကို ရုံးချိန်အတွင်း ဆက်သွယ် လေ့လာနိုင်ပါတယ်။ Digital Content တွေ ရှိထားပြီးသား လုပ်ငန်းရှင်တွေကိုလည်း Learning Portal ကို Beta အနေနဲ့ ကြည့်ရှုနိုင်ဖို့ FREE စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

Digi-Learn Service Package ကို အသေးစိတ် သိရှိနိုင်ဖို့ https://digi-learn.com.mm/ မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

18/02/2022

January 24th ရက်နေ့မှာ ကျရောက်ခဲ့တဲ့ နိုင်ငံတကာ ပညာရေးနေ့ (International Education Day) အထိမ်းအမှတ်အနေနဲ့ ကိုယ်ပိုင် Brand နဲ့ Learning Portal တစ်ခုကို တစ်လ ၂ သိန်းကျပ်တည်းနဲ့ အသုံးပြုနိုင်စေဖို့ Digi-Learn က စီစဉ်ပေးထားပါတယ် 🤩 🤩

ဒါ့အပြင် Online Learning ကို စနစ်တကျ ပြုလုပ်လိုတဲ့ သင်တန်းကျောင်း ပိုင်ရှင်တွေအတွက် အောက်ကအချက် 5 ချက်လုံးကိုလည်း တပြားမှ အကုန်အကျခံစရာမလိုဘဲ (Free) အနေနဲ့ အကောင်အထည်ဖော်ပေးသွားဉီးမှာ ဖြစ်ပါတယ်။

🚨ဒီအစီအစဉ်ဟာ Feb 14th ကနေ Feb 28th အထိ Digi-Learn Online Learning Enabler Solution ကို Subscribe ပြုလုပ်တဲ့ သင်တန်းကျောင်းတွေအတွက်ပဲ အကျုံးဝင်မှာဖြစ်ပါတယ် 🚨

1) Consultation FREE ✅
သင်တန်းကျောင်းတွေအနေနဲ့ ကိုယ်ပိုင် Online Learning Portal ဘက်ကို ပြောင်းရွှေ့သင်ကြားဖို့အတွက် Class တစ်ခုရုပ်လုံးပေါ်လာတဲ့အထိ လိုအပ်တာတွေအကုန်လုံးကို Consultation Fee တပြားမှ အကုန်အကျခံစရာမလိုဘဲ အစအဆုံး တိုင်ပင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

2) Setup အပိုင်း ကျသင့်ငွေ FREE ✅
Digi-Learn ကို Subscribe လုပ်မယ့်သင်တန်းကျောင်း တစ်ခုချင်းအတွက် ကိုယ်ပိုင် Brand ပုံစံဖြစ်ဖို့အပိုင်း၊ Server Setup လုပ်ပေးရတဲ့အပိုင်း၊ Mobile Applications (Android, iOS) တွေထွက်လာဖို့အပိုင်း စသဖြင့် Initial Setup လုပ်ပေးရတဲ့အပိုင်းတွေ ရှိပါတယ်။ ဒါတွေအတွက် ပုံမှန်တော့ One Time Setup Fee အနေနဲ့ U$ 2,000 ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Promotion ကာလမှာ Subscribe လာလုပ်တဲ့ ကျောင်းတွေအတွက်တော့ Setup Fee U$ 2,000 လုံးကို လုံးဝပေးချေဖို့ လိုမှာမဟုတ်ပါဘူး။

3) “.com.mm” domain name တစ်နှစ်စာ FREE ✅
ပုံမှန်ဆို ကိုယ်ပိုင် Domain Name “.com.mm” အတွက် School Owner အနေနဲ့ နှစ်စဉ်ကြေးပေး ဆောင်ဖို့လိုမှာဖြစ်ပါတယ်။ Promotion ကာလမှာတော့ Domain Name တစ်နှစ်လုံးစာအတွက်ကို Digi-Learn ဘက်ကနေ Fully Absorb လုပ်ပေးမှာ ဖြစ်ပါတယ်။

4) လစဉ် Server ကြေး တစ်နှစ်စာ FREE ✅
သင်တန်းကျောင်းတွေအနေနဲ့ ကိုယ်ပိုင် Instance တစ်ခုကို Host လုပ်မယ်ဆိုရင် ပုံမှန်က Server ကြေးကို လစဉ်ပေးဆောင်ရမှာဖြစ်ပါတယ်။ Promotion ကာလမှာ Subscribe လုပ်တဲ့ ကျောင်းတွေအတွက်တော့ တစ်နှစ်လုံးစာ Server ကြေးကို Digi-Learn ဘက်ကနေ Fully Absorb လုပ်ပေးဉီးမှာ ဖြစ်ပါတယ်။

5) Payment Gateway Integration FREE ✅
မိမိသင်တန်းက အတန်းတွေအတွက် ကျောင်းသားတွေ ငွေပေးချေမှုအပိုင်းမှာ 2c2p လို Dinger လို Payment Gateway တွေနဲ့ ချိတ်လိုတာတွေ အတွက်လည်း Integration Process အတွက် တပြားမှ မယူဘဲ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် သင်တန်းကျောင်းတွေအနေနဲ့ နှစ်စဉ်ကြေး တစ်လကို ၂ သိန်းကျပ်တည်းပဲ ကုန်ကျရုံနဲ့ Online Learning Portal ဘက်ကို Fully Migrate လုပ်နိုင်မှာဖြစ်ပါတယ်။

ဒါတွေနဲ့ပါတ်သတ်ပြီး Feb 12, 2PM (Saturday) မှာလုပ်သွားတဲ့ Event ရဲ့ Live Session မှာ ကိုအောင်ပြည့်ဖြိုးက ကိုယ်ပိုင် Online Learning Portal တစ်ခုဘယ်လို ရရှိလာနိုင်မယ်၊ ဘယ်လို အသုံးပြုနိုင်မယ် ဆိုတာတွေကို ပြည့်ပြည့်စုံစုံ Demonstration လုပ်ပြီးရှင်းပြပေးခဲ့ပါတယ်။

ဒီ Event ရဲ့ Recorded Live Session ကိုပြန်ကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ https://fb.watch/bcuclP8XsT/ ကြည့်လို့ရပါတယ်။

ယခုလိုမျိုး Online ပုံစံ Fully Migrate လုပ်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ Digi-Learn Team ကိုလာရောက်ဆက်သွယ်မယ်ဆိုရင် Consultation Fee တပြားမှ အကုန်အကျခံစရာမလိုဘဲ အစအဆုံး တိုင်ပင်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

17/02/2022

Online Learning can be a lifeline to those who have obstacles, such as geographical distances or physical disabilities. (Paul Levinson)

"Online ကနေတဆင့် လေ့လာနိုင်ဖို့" ဆိုတာ မဖွံ့ဖြိုးသေးတဲ့ ဒေသက လူငယ်တွေနဲ့ သင်တန်းတွေကို လူကိုယ်တိုင်လာတက်ဖို့ အခက်အခဲ ဖြစ်နေကြတဲ့သူတွေအတွက်ကတော့ "အသက်ကယ်ဆေး" ပါပဲ။

11/02/2022

Digi-Learn ကစီစဉ်ပြီး ပြုလုပ်ခဲ့တဲ့ Panel Discussion မှာ Panelist တွေကသူတို့ရဲ့ Digital Learning နဲ့ဆိုင်တဲ့ Experience တွေကို ဝေမျှပေးခဲ့ပါတယ်။

ဒီ Video ထဲမှာတော့ ကိုအောင်ပြည့်ဖြိုးက သင်တန်းသားတွေရဲ့ သင်ခန်းစာတွေအပေါ် နားလည်မှုကိုစစ်ဆေးဖို့အတွက် Module တစ်ခုချင်းအလိုက် Pop Quiz တွေ၊ Mini-Assignment တွေဖြေရတာမျိုး၊ နောက်ပိုင်းမှာ Student Project တွေလုပ်ရတာမျိုး စတဲ့ပုံစံတွေနဲ့ သွားနေတဲ့အကြောင်းကိုအသေးစိတ် ပြောပြပေးထားပါတယ်။

Digi-Learn ဆိုတာ သင်တန်းကျောင်းတွေအတွက် ကိုယ်ပိုင်နာမည်၊ ကိုယ်ပိုင် Logo၊ ကိုယ်ပိုင် Theme Color၊ ကိုယ်ပိုင် Domain Name တွေနဲ့ Online Learning Portal တစ်ခုကို နှစ်ပါတ်အတွင်း (နှစ်ပါတ်အတွင်း) တည်ဆောက်ဖို့အသုံးပြုနိုင်တဲ့ Online Learning Enabler Solution တစ်ခုဖြစ်ပါတယ်။

Digi-Learn Service Package ကို အသေးစိတ် သိရှိနိုင်ဖို့ https://digi-learn.com.mm/ မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

10/02/2022

Digi-Learn Online Learning Enabler Solution ကိုသုံးပြီး လက်ရှိမှာ Fully Digital ပုံစံ Run နေတဲ့သင်တန်းတွေထဲက တစ်ခုကတော့ PADC.com.mm ပဲဖြစ်ပါတယ်။

PADC ဟာ Mobile Application Development နဲ့ဆိုင်တဲ့ Full-Term Course တွေကို Professional Level ထိရောက်အောင် သင်ကြားပေးတဲ့ လေ့လာသင်ယူရေး Platform တစ်ခုပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ 2020 March လောက်ကစလိုက်တဲ့ Covid Case တွေကြောင့် PADC Batch 10 ရဲ့ Android, iOS နဲ့ Mobile Development Foundation Class တွေကို In-person Class တွေကနေ Online ပေါ်ကနေ သင်ကြားတဲ့ပုံစံကို စတင်ခဲ့ပါတယ်။

PADC အနေနဲ့ ကျောင်းသားတွေကို Digital Learning Experience ကို အပြည့်အဝပေးချင်တဲ့အတွက် Facebook Group တွေကနေသင်ကြားတဲ့ပုံစံထက် ကိုယ်ပိုင် Online Learning Platform နဲ့သင်ကြားဖို့ စီစဉ်ခဲ့ပါတယ်။ ဒါကြောင့် Digi-Learn Team နဲ့တိုင်ပင်ဆွေးနွေးပြီး PADC Batch 10 ကနေစလို့ Digi-Learn Solution ကိုစတင်အသုံးပြုခဲ့ပါတယ်။

PADC အနေနဲ့ Digi-Learn ကိုသုံးပြီး

✅ Entrance Question ဖြေဆိုဖို့လိုတဲ့ အတန်းတွေကို ကျောင်းသားတွေ Enroll လုပ်တဲ့အခါမှာ Learning Portal ကနေ တဆင့်ဖြေဆိုနိုင်ဖို့ စီစဉ်ထားပါတယ်။

✅ Entrance Result တွေပြန်သိရဖို့အပိုင်းတွေနဲ့ Enrollment အတွက် Payment လက်ခံတဲ့အပိုင်းတွေကိုလည်း Learning Portal ကနေ တခါတည်းလုပ်ဆောင်နိုင်ပါတယ်။

✅ သင်ကြားမယ့် Module တစ်ခုချင်းစီကို Lecture Video တွေ၊ Article တွေ၊ သင်ခန်းစာတွေအပေါ် နားလည်မှုနဲ့ပါတ်သတ်ပြီး စစ်ဆေးနိုင်တဲ့ Pop Quiz၊ Assignment တွေနဲ့ Setup လုပ်ထားတာ ဖြစ်ပါတယ်။

✅ သင်ခန်းစာတွေနဲ့ပါတ်သတ်ပြီး ဆရာက Review ပြန်လုပ်ပေးနိုင်မယ့် Live Session တွေ၊ မ Join လိုက်ရတဲ့ Live Session တွေအတွက် ပြန်ကြည့်လို့ရမယ်ံ့ Recorded Live Video တွေ၊ စာမေးချင်တာတွေအတွက် ကျောင်းသားဘက်က ဆရာ့ကို Request လုပ်လို့ရမယ့် Live Session တွေနဲ့ Interactive ဖြစ်ဖြစ် သင်ကြားနိုင်တဲ့ပုံစံ သွားနေတာ ဖြစ်ပါတယ်။

✅ Assessment Test တွေဖြစ်တဲ့ Student Project တွေကို Online ကနေ ပြုလုပ်နိုင်ဖို့အတွက်လည်း သေချာ စီစဉ်ထားတာ ဖြစ်ပါတယ်။

✅ ဆရာတွေအနေနဲ့ သင်တန်းနဲ့ပါတ်သတ်တဲ့ Announcement တွေတင်ပေးတာမျိုး၊ ကျောင်းသားတွေ အနေနဲ့လည်း ပေးထားတဲ့ Student Project တွေနဲ့ပါတ်သတ်ပြီး အခက်အခဲဖြစ်တာမျိုးအတွက် မေးချင်တဲ့ အခါမျိုးမှာတွေမှာ Class အလိုက် Discussion Board တွေကနေတဆင့် Post တင်ပြီးမေးမြန်းတာတွေကိုပါ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

လက်ရှိမှာ PADC Online Learning Platform ကနေတဆင့် Mobile Development နဲ့ ဆိုင်တဲ့ Android, iOS နဲ့ Flutter Development Full-Term Course တွေကို အောင်အောင်မြင်မြင် သင်ကြားပေးခဲ့တာ အခုဆို Batch 12 အထိရောက်လာပြီ ဖြစ်ပါတယ်။

PADC သင်တန်းတွေက အခုချိန်မှာ Fully Digital ဖြစ်လာတဲ့အတွက် Internet Connection ရှိတဲ့ ဘယ်နေရာက သင်တန်းသားကိုမဆို သင်ခန်းစာတွေကို သင်ကြားပေးနိုင်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် သင်တန်းသားတွေအတွက် Learning Material တွေကို သင်တန်းကာလ ပြီးဆုံးသွားတဲ့ အချိန်မှာတောင် Lifetime Access ပေးထားနိုင်မှာလည်း ဖြစ်ပါတယ်။

Digi-Learn ကိုသုံးပြီး PADC မှာ ဘယ်လိုပုံစံတွေ သင်ကြားနေတယ်ဆိုတာ ကြည့်ဖို့အတွက် PADC.com.mm Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Application တွေရဲ့ Features တွေ၊ Look and Feel တွေကိုကြည့်ချင်တယ်ဆိုရင်တော့ Play Store မှာကော၊ App Store မှာပါ PADC.com.mm လို့ရိုက်ရှာပြီး Application တွေကို Download လုပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

ယခုလိုမျိုး Online ပုံစံ Fully Migrate လုပ်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ Digi-Learn Team ကိုလာရောက်ဆက်သွယ်မယ်ဆိုရင် Consultation Fee တပြားမှ အကုန်အကျခံစရာမလိုဘဲ အစအဆုံး တိုင်ပင်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

Feb 14th ကနေ Feb 28 အတွင်း Digi-Learn ကို Subscribe လုပ်တဲ့ သင်တန်းတွေအတွက်လည်း Special Offers တွေနဲ့ Promotion တွေလည်းရှိနေဉီးမှာဆိုတော့ စိတ်ဝင်စားရင် ဒီ Event လေးကို Register လုပ်ထားနိုင်ပါတယ်။

Registration Link - https://bit.ly/3rl2b5d
Event Date - 12th Feb, 2022 (Saturday)
Event Time - 2:00 PM to 4:00 PM
Event Link - https://fb.me/e/124ldFaQ3

Register လုပ်ထားတဲ့သူတွေကို Zoom Information တွေပြန်ပို့ပေးသွားမှာဖြစ်ပြီး ပွဲနေ့မှာတော့ ကိုယ်သိချင်တဲ့အကြောင်းအရာတွေ အကုန်လုံးကို ပြည့်ပြည့်စုံစုံ ပြန်ဖြေပေးသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက သင်တန်းတွေ အားလုံးပဲ Digi-Learn ကိုသုံးပြီး ကိုယ်ပိုင် Learning Portal ကို အောင်အောင်မြင်မြင် ပြောင်းရွှေ့သင်ကြားနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ် 😉

09/02/2022

Digi-Learn ကစီစဉ်ပြီး ပြုလုပ်ခဲ့တဲ့ Panel Discussion မှာ Panelist တွေကသူတို့ရဲ့ Digital Learning နဲ့ဆိုင်တဲ့ Experience တွေကို ဝေမျှပေးခဲ့ပါတယ်။

ဒီတစ်ခေါက်မှာတော့ ကိုဖြိုးပိုင်က Online Learning ပုံစံသင်ကြားတဲ့အခါမှာ မတူညီတဲ့ Target Audience တွေရဲ့ သင်ခန်းစာတွေအပေါ် နားလည်မှု ရှိ၊မရှိနဲ့ တကယ်တတ်မြောက်ကြောင်း စစ်ဆေးရတဲ့ အပိုင်းလေးတွေမှာ ပုံစံ ၃ မျိုးနဲ့ စစ်ဆေးဖြစ်တဲ့အကြောင်းတွေကို ပြောပြပေးထားပါတယ်။

Digi-Learn ဆိုတာ သင်တန်းကျောင်းတွေအတွက် ကိုယ်ပိုင်နာမည်၊ ကိုယ်ပိုင် Logo၊ ကိုယ်ပိုင် Theme Color၊ ကိုယ်ပိုင် Domain Name တွေနဲ့ Online Learning Portal တစ်ခုကို နှစ်ပါတ်အတွင်း (နှစ်ပါတ်အတွင်း) တည်ဆောက်ဖို့အသုံးပြုနိုင်တဲ့ Pre-packaged Service တစ်ခုဖြစ်ပါတယ်။

Digi-Learn Service Package ကို အသေးစိတ် သိရှိနိုင်ဖို့ https://digi-learn.com.mm/ မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


117/119 Golden Gate Tower, Room 4D, Upper Pazundaung Road (on Top Of Yay Kyaw Street)
Yangon