Simplexity
Simplifying Complexity
09/07/2026
Rigorous ဖြစ်တဲ့ AP Curriculum အတွက် စျေးသက်သာတဲ့ အတန်းနဲ့ ကိုအောင်ခန့်ပိုင်ရဲ့ 15-Mins Free Consulation
မိဘများ၊ ကျောင်းသားများ အားလုံးပဲ မင်္ဂလာပါ။ ကျနော်အောင်ခန့်ပိုင် ဖြစ်ပါတယ်။ ယခုလက်ရှိတော့ ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ အမေရိကန်နိုင်ငံ၊ Stanford University မှာ Scholarship အပြည့်နဲ့ တက်ရောက်နေပါတယ်။
International Education နဲ့ ရင်းနှီးသူတွေတော့ ချိတ်-The Hook ကို သိပြီး ဖြစ်ပါလိမ့်မယ်။ ကျနော်က ချိတ်-The Hook ရဲ့ Founder ပါပဲ။ ချိတ်ကနေပြီးလဲ ကျောင်းသားများစွာကို ကူညီခဲ့ဖူးပြီးပါပြီ။
ဒီတခါတော့ ကျနော် Side Project အနေနဲ့ မြန်မာကျောင်းသားတွေနဲ့ သိပ်ပြီး မရင်းနှီးသေးတဲ့ AP Curriculum ကို ကျောင်းသားတွေကြား Option တခုအဖြစ်ရှိလာစေဖို့ ကြိုးစားနေပါတယ်။ ပုံမှန်ဆိုရင် ဒေါ်လာသောင်းချီပေးပြီးမှ တက်လို့ရတဲ့ International School တွေမှာပဲရတဲ့ AP Curriculum ကို တလကိုမှ ၁ သိန်း ၂ သောင်းကျပ်နဲ့ သင်ကြားပေးဖို့ ရည်ရွယ်ထားပါတယ်။
ဒီ Project ကနေ အကျိုးအမြတ်ရဖို့ဆိုတာထက် ကျနော် တက်နိုင်သလောက် Contribute ပြန်လုပ်တာပါ။ အလုပ်ဖြစ် အောင်မြင်တယ်ဆိုလို့ရှိရင်တော့ ကျနော့်ကျောင်းကနေ Grant လျှောက်ပြီး နောက်နောင် ကျောင်းသားတွေအတွက် အလုပ်ဖြစ်မယ့် စျေးသက်သက်သာသာနဲ့ အတန်းတွေကို ဖွင့်ဖြစ်မှာပါ။
အခုလက်ရှိမှာတော့ Durian Academy ကနေပြီး ပထမဆုံး AP Calculus အတန်းကို ဖွင့်လှစ်ပြီးထားပြီ ဖြစ်တဲ့အတွက် Register စလုပ်လို့ရပါပြီ။ ဒီမှာကတော့ Link ပါ။ https://www.facebook.com/share/p/1bzMnuQ9j8/
အကယ်၍ AP နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ တခြား အကြောင်းအရာတွေနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ကျနော့်နဲ့ One-on-one consultation လုပ်ချင်ရင်တော့ ဒီအောက်က Google Calendar ကနေပြီး ၁၅ မိနစ်စာ Free Consulation လုပ်လို့ရပါတယ်။ Link : https://calendar.app.google/Mkr6B9D9L4zN8sSe9
ကျနော့် Messenger မှာလဲ သိချင်တဲ့ မေးခွန်းတွေကို အားမနာပဲ မေးလို့လဲ ရပါတယ်။ ဒါကတော့ ကျနော့်ရဲ့ Personal Facebook Account ပါ။ https://facebook.com/aung.k.paing.33821
ကျနော်တို့တွေ စျေးကြီးပေးမှ ပညာရေးကောင်းကောင်းရမယ်ဆိုတာ မဟုတ်ဘူးလို့ ကျနော် ထပ်လောင်းပြောလိုပါတယ်။ ရှာတတ်ဖွေတတ်မှသာ ပညာရေးခရီးဖြောင့်ဖြူးတာ ဖြစ်ပါတယ်။
အားလုံးပဲ ကျေးဇူးတင်ပါတယ်။ အကုန်လုံးပဲ အကျိုးတစုံတရာ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
20/06/2026
အားလုံးပဲ မင်္ဂလာပါ။ ဒီတခါမှာတော့ Simplexity ကနေ မဖွင့်ဖူးသေးတဲ့ အတန်း အသစ်ကျပ်ချွတ်ကို ယူဆောင်လာပါပြီ။
🌟ဒီအတန်းကတော့ Introduction to Statistics ပဲ ဖြစ်ပါတယ်။
➪ အနည်းငယ် စိမ်းနေသေးတဲ့ Statistics (သို့မဟုတ်) စာရင်းအင်း သင်္ချာ
စာရင်းအင်း သင်္ချာလို့ ပြောလိုက်ရင် မြန်မာကျောင်းသားတွေအနေနဲ့ ပြေးမြင်မှာက Pie Chart နဲ့ Bar graph တွေ၊ Mean, Median နဲ့ Mode ပါ။ ဒီလို တည်ရှိပြီးသား Data တွေကို ဖော်ပြတဲ့ Descriptive Statistics ဟာ အရေးပါတယ်ဆိုပေမယ့် တကယ် စိတ်ဝင်စားဖို့ကောင်းတာနဲ့ နိုင်ငံတကာ သင်ရိုးတွေမှာ ဦးစားပေး သင်လေ့ရှိတာက Inferential Statistics ပါ။ သိပ္ပံ လက်တွေ့ စမ်းသပ်မှုတွေကနေ လူထုသဘောထား ဆန်းစစ်တာတွေအထိ လုပ်ဖို့ Inferential Statistics က နားလည်ထားမှ ဖြစ်မှာပါ။
အခု ဒီအတန်းမှာတော့ ဒီ Descriptive Statistics ရော၊ Inferential Statistics ရောကို သေသေချာချာ ပေါင်းပြီး သင်ပေးသွားမှာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ ဒီလို Statistics အတန်းမျိုးဟာ နိုင်ငံတကာ အထက်တန်း သင်္ချာသင်ရိုးရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာကျောင်းသားတွေနဲ့ အနီးစပ်ဆုံး Curriculum တွေဖြစ်တဲ့ G12 သင်ရိုးမှာရော၊ GED မှာရော ဒီဘာသာရပ်ကို နက်နက်နဲနဲ Cover လုပ်ထားတာ မရှိပါဘူး။
ဒီတော့ Simplexity ရဲ့ ထုံးစံအတိုင်း Gap ဝင်ဖြည့်၊ Bridge ဝင်လုပ်ချင်လို့ ဒီအတန်းကို ဖွင့်တာပါ ခင်ဗျ။
➪ ဘယ်သူ သင်ပေးမှာလဲ။
ဒီလို အတန်း ဆန်းဆန်းတွေကို Simplexity မှာ သင်ပေးနေကြဖြစ်တဲ့ Simplexity ရဲ့ Founder ကို Aung Khant Paing ပဲ သင်ပေးမှာဖြစ်ပါတယ်။
အစ်ကိုဟာ AP Statistics ဘာသာရပ်မှာလဲ အမြင့်ဆုံး အမှတ် (5) ကို ရရှိပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် အရင်တုန်းကလဲ Calculus, Trig, Algebra, Precalculus နဲ့ SAT စတဲ့ အတန်းပေါင်းများစွာကို Simplexity မှာ သင်ကြားပေးခဲ့ပြီးသား ဖြစ်ပါတယ်။
ဒါ့အပြင် အစ်ကိုက ထိပ်သီး တက္ကသိုလ် Stanford ကိုလဲ Full-Ride Scholarship နဲ့ ဝင်ခွင့်ရထားသူဖြစ်လို့ အစ်ကိုနဲ့ သေသေချာချာ ခင်ချင်ရင် ဒီအတန်းလေးကို တက်ကြည့်ဖို့ အကြံပြုပါတယ်။ စာလဲရ၊ Connection လဲ ရပေါ့။
➪ ဘာတွေသင်ပေးမှာလဲ? ဘယ်သင်ရိုးကို အခြေခံထားလဲ?
ထုံးစံအတိုင်း Advanced Placement (AP) ထဲက AP Statistics ဆိုတဲ့ Course ကို အခြေခံပြီးသင်မှာ ဖြစ်ပါတယ်။ တက္ကသိုလ် ပထမနှစ်မှာ ယူလေ့ရှိတဲ့ Statistics အတန်းတွေနဲ့ Comparable ဖြစ်ပါတယ်။ သင်မယ့် အကြောင်းအရာတွေကိုတော့ အောက်က Poster မှာ သွားရောက် ကြည့်ရှုပေးပါခင်ဗျ။
အိမ်စာလဲ မရှိတဲ့အတွက် ကျောင်းသားနဲ့ ဆရာ ချစ်ချစ်ခင်ခင် အတန်းထဲမှာ တူတူ ပုစ္ဆာတွေတွက်၊ ရယ်စရာတွေပြောပြီး သင်တဲ့ ပျော်စရာကောင်းတဲ့ အတန်းတခု ဖြစ်မှာပါ။ ဒါ့အပြင် Prerequisite Knowledge တွေအနေနဲ့လဲ Algebra Equations တွေ Solve တတ်ရုံနဲ့ Reasoning Skills ရှိထားရုံက လွဲပြီး ထွေထွေထူးထူး အများကြီး မလိုပါဘူး။
➪ ဘယ်လို Register လုပ်ရမလဲ။
ဒီအတန်းလေးကတော့ Instructor ကိုယ်တိုင် အချိန်ပေးပြီး သေသေချာချာ Develop လုပ်ရမယ့် အတန်းလေးဖြစ်တာကြောင့် ကျောင်းသားတွေအတွက် ဝန်မပိစေနိုင်မယ့် Fees လေးတခု သတ်မှတ်ထားပါတယ်။ မြန်မာငွေ 40,000 ကျပ်ကို ကောက်ခံသွားမှာပါ။
ဒီလို လုပ်ရတဲ့ Simplexity ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။
(၁) Upper Level Class တွေရဲ့ Duration က ကြာပါတယ်။ ဒီအခါ ကျောင်းသားတွေ “လစ်ပြေး” မဖြစ်ရလေအောင် Commitment တခု ရှိစေဖို့ မများလှတဲ့ Fees တခုကို ကောက်ခံတာဖြစ်ပါတယ်။
(၂) Instructor ကိုအောင်ခန့်ပိုင် အနေနဲ့လဲ ကျောင်းသားတွေကို Fees သက်သက်သာသာနဲ့ AP ဘာသာရပ်တွေကို စာမေးပွဲ ဖြေနိုင်သည်အထိ သင်ကြားပေးနိုင်မယ့် Class တွေကို ဒီနှစ် August လောက်နေစပြီး ဖွင့်ဖို့ ရှိပါတယ်။ ဒီအခါမှာ လိုအပ်တဲ့ Miscellaneous တွေအတွက် ဒီလို အကျိုးရှိမယ့် အတန်းလေးဖွင့်ရင်း Funding ရှာဖို့လဲ ရည်ရွယ်ပါတယ်။
တက်ရောက်ဖို့ စိတ်ဝင်စားတဲ့ ကျောင်းသားတွေအနေနဲ့ ဒီ Post လေးကို Share ထားပြီး ဒီ Page ရဲ့ ChatBox နေမှ တဆင့် Registration Form တောင်းယူနိုင်ပါတယ်။
➪ သင်္ချာအပြင် ရမယ့် ဒီအတန်းရဲ့ Bonus များ
Statistics ဟာ သင်္ချာဆိုတာထက် Reasoning skills ပါ။ ကျနော်တို့ ဒီအတန်းမှာ ပုစ္ဆာအများကြီးကို တူတူဖတ်၊ တူတူစဉ်းစားကြမှာမို့ နောက် ဖြေမယ့် SAT တို့လို Test မျိုးတွေရဲ့ English Session မှာတောင် အကျိုးရနိုင်ပါ။
ဒါ့အပြင် လာမယ့်နှစ်မှာ AP ဘာသာရပ်တွေ တက်ရောက်ဖို့ စိတ်ဝင်စားကြတဲ့ ကျောင်းသားတွေလဲ အမြည်းအနေနဲ့ ဒီအတန်းကို တက်ရောက်သင့်ပါကြောင်း။
သင်္ချာလဲရ၊ Connection လဲရ၊ ဒါတွေအပြင် သင်္ချာပြင်ပက Knowledge တွေပါ ရမယ့် Statistics အတန်းမှာ ပြန်ဆုံကြရအောင် ခင်ဗျ၊ Statistics က သင်္ချာအစစ်မဟုတ်ဘူးလို့ သင်ပြီးရင်တော့ မဝေဘင်ကြေးပေါ့ကွာ။
Let’s Simplify All the Complexities Together!
Simplexity
16/06/2026
📖 Introducing The Lexicon
SAT ပြင်ဆင်နေကြတဲ့ ကျောင်းသားတွေမှာ တစ်ခါတလေ ကြိုးစားမှုမလုံလောက်လို့ မဟုတ်ဘဲ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို မသေချာလို့ အခက်တွေ့ရတဲ့ အချိန်တွေ ရှိတတ်ပါတယ်။
Reading Passage တစ်ပုဒ်ဖတ်ရင်း စကားလုံးတစ်လုံးကြောင့် အဓိပ္ပာယ်တစ်ခုလုံး ဝေဝါးသွားတာမျိုး၊ လေ့လာပြီးသား Vocabulary တစ်လုံးကို ကိုယ်ပိုင်စာကြောင်းထဲမှာ အသုံးချချင်ပေမယ့် သင့်တော်တဲ့ အသုံးအနှုန်း မတွေ့တာမျိုး၊ မေးခွန်းကို နားလည်သလိုလိုနဲ့ အဖြေမှားသွားတာမျိုး—ဒါတွေဟာ SAT ကျောင်းသားတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲတွေပါ။
တကယ်တော့ Vocabulary ဆိုတာ စာမေးပွဲအတွက် ကျက်မှတ်ရတဲ့ စကားလုံးစာရင်းတစ်ခု မဟုတ်ပါဘူး။ အတွေးတွေကို နားလည်ဖို့၊ အယူအဆတွေကို ချိတ်ဆက်ဖို့၊ စာရေးသူရဲ့ ရည်ရွယ်ချက်ကို ဖမ်းယူဖို့နဲ့ ကိုယ့်အတွေးကို ပိုမိုတိကျစွာ ဖော်ပြနိုင်ဖို့ အသုံးပြုရတဲ့ Language of Ideas တစ်ခုပါ။
အဲ့ဒီယုံကြည်ချက်နဲ့ပဲ Simplexity ရဲ့ CEO Ethan Aung က ကျောင်းသားတွေရဲ့ Vocabulary Journey ကို ပိုမိုထိရောက်ပြီး ချောမွေ့လွယ်ကူစေဖို့ ရည်ရွယ်ချက်နဲ့ The Lexicon ကို ဖန်တီးပေးလိုက်ပါတယ်။ ✨
The Lexicon ဟာ SAT Vocabulary တွေကို Definitions, Burmese Translations, Pronunciation Audio, Contextual Examples, Spaced Repetition နဲ့ Interactive Games တွေကနေတစ်ဆင့် လေ့လာနိုင်မယ့် Vocabulary Learning Platform တစ်ခု ဖြစ်ပါတယ်။
စကားလုံးတွေကို တစ်ခါတွေ့ပြီး မေ့သွားဖို့ မဟုတ်ဘဲ နားလည်ဖို့၊ မှတ်မိဖို့၊ အသုံးချနိုင်ဖို့နဲ့ နောက်ဆုံးမှာ ကိုယ်ပိုင်ဘာသာစကားတစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ ရည်ရွယ်ပြီး တည်ဆောက်ထားတာပါ။ ဘာကြောင့်လဲဆိုတော့ Score ကောင်းတာထက် ပိုအရေးကြီးတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ Language ကို ယုံကြည်မှုရှိရှိ အသုံးချနိုင်တဲ့ ကျောင်းသားတစ်ယောက် ဖြစ်လာဖို့ပါ။
တစ်နေ့မှာ Passage တွေကို ပိုနက်ရှိုင်းစွာ နားလည်လာတဲ့အခါ၊ စကားလုံးတွေကို ပိုတိကျစွာ အသုံးပြုလာနိုင်တဲ့အခါ၊ မသိတဲ့ Vocabulary တွေကို မကြောက်တော့ဘဲ စူးစမ်းချင်စိတ်နဲ့ ရင်ဆိုင်တတ်လာတဲ့အခါ—အဲ့ဒီတိုးတက်မှုလေးတွေရဲ့ နောက်ကွယ်မှာ The Lexicon ရှိနေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။
-
✦ The Lexicon ✦
Built for SAT students, from the belief that talent is everywhere, but access too often is not—and that better tools can help close the gap.
Available Now : https://simplexity-lexicon.netlify.app/
04/06/2026
SAT Prep Camp (10) အတွက် ရွေးချယ်ခံရသူများကို ထုတ်ပြန်ကြေညာခြင်း
အားလုံး ရင်ခုန်စွာစောင့်မျှော်နေကြတဲ့ SAT Prep Camp (10) မှာတက်ရောက်ခွင့်ရတဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့နာမည်စာရင်းပဲဖြစ်ပါတယ်ခင်ဗျာ။ လျှောက်ထားသူတွေအားလုံးဟာ ထူးချွန်ကြပေမယ့် SAT Prep Camp တွေရဲ့ထုံးစံအတိုင်း အသင့်တော်ဆုံးဖြစ်မယ့် သူတွေကိုရွေးချယ်ထားတာဖြစ်လို့ အရွေးချယ်မခံရသူများအနေနဲ့လည်း စိတ်ဓာတ်မကျဖို့ ပြောချင်ပါတယ်ခင်ဗျာ။
SAT Preparation အတွက်သုံးနိုင်တဲ့ resources တွေအကြောင်းကိုလည်း အောက်က link မှာဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
https://www.facebook.com/share/p/1ARWAwRyKY/?mibextid=wwXIfr
ကျောင်းသားတွေအတွက် လိုအပ်တဲ့ Information အကုန်လုံးကိုလည်း Email ပေးပို့ထားပြီး ဖြစ်ပါတယ်။ ဒီထဲမှာ နာမည်ပါဝင်ပြီး Email မရသေးတဲ့သူတွေဟာ Page ရဲ့ Chat Box ကို လာပြောဖို့ လိုပါတယ်ခင်ဗျ။
SAT Prep Camp (10) ကို June (6) ရက်နေ့မှာ စတင်သွားမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူတွေရဲ့ နာမည်ကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။
Graphics - Swan Linn Tun
Let's Simplify All the Complexities Together!
Simplexity
25/05/2026
SAT Prep Camp (10) ရဲ့ Application Form ပိတ်ရန် (48)နာရီသာလိုပါတော့သည်။
SAT Prep Camp (10) ရဲ့ Application Form ကို May (27) ရက်နေ့မှာပိတ်သိမ်းတော့မှာဖြစ်တာကြောင့် လျှောက်ထားလိုသူတွေအနေနဲ့ Application Form ကိုအချိန်မီ Submit လုပ်ပေးကြဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။
SAT Prep Camp (10) အတွက်ရွေးချယ်ခံရတဲ့ကျောင်းသား၊ ကျောင်းသူတွေကိုတော့ June (4) ရက်နေ့ ည (9:00) နာရီမှာ Simplexity ရဲ့ page ကနေ ကြေငြာပေးသွားမှာဖြစ်ပါတယ်။
Registration နဲ့ပတ်သက်တဲ့ အသေးစိတ် Information တွေကိုအောက်က Link မှာ ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/share/p/1Kh4fynFKU/?mibextid=wwXIfr
Graphics - Swan Linn Tun
Let’s Simplify all the Complexities Together!
Simplexity
13/05/2026
🔹 ကျောင်းသားဘဝဆိုတာ တစ်ခါတလေ ဘယ်လောက်ကြိုးစားနေပါစေ ကိုယ်သွားနေတဲ့လမ်းဟာ မှန်ရဲ့လားဆိုတာ မသေချာတတ်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ညတွေ မအိပ်ဘဲ စာလုပ်ခဲ့ပေမယ့် ရလဒ်က ကိုယ်မျှော်လင့်ထားသလို မဖြစ်လာတဲ့နေ့တွေ ရှိတယ်။ အားကုန်ကြိုးစားနေတယ်လို့ ထင်ရပေမဲ့ ကိုယ့်အနာဂတ်နဲ့ ပိုနီးလာနေသလားဆိုတာ မသေချာတဲ့ အချိန်တွေလည်း ရှိတယ်။
အဲ့ဒီလိုအချိန်တွေမှာ တစ်ယောက်ယောက်က “ဒီလမ်းကို ဒီလိုသွားရင် ရတယ်” လို့ လမ်းပြပေးနိုင်ဖို့ လိုအပ်လာပါတယ်။
အဲ့ဒီအတွက်ပဲ ကျောင်းသားတွေ စောင့်မျှော်နေကြတဲ့
Simplexity ရဲ့ SAT Prep Camp (10) ပြန်လာပါပြီ 💕
🔹 SAT ဆိုတာကတော့ တက္ကသိုလ်ဝင်ခွင့်တွေအတွက်ဖြစ်စေ၊ scholarship အခွင့်အရေးတွေအတွက်ဖြစ်စေ
အရေးပါတဲ့ International Standardized Test တစ်ခုပဲဖြစ်ပါတယ်။ တစ်နှစ်မှာ (၇) ကြိမ်ပဲ ဖြေဆိုခွင့်ရတာဖြစ်ပြီး ကျောင်းသားတစ်ယောက်ရဲ့ အိပ်မက်နဲ့ အနာဂတ်ကို တဖြည်းဖြည်း နီးကပ်သွားစေနိုင်တဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ August 22 SAT Exam ကလည်း တဖြည်းဖြည်း နီးလာပြီဆိုတော့ “ဒီတစ်ခေါက်တော့ ငါတကယ်ကြိုးစားမယ်” လို့ စိတ်ထဲမှာ ဆုံးဖြတ်ထားတဲ့ ကျောင်းသားတွေအတွက် ဒီ Camp လေးက အစကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ် 👀
Simplexity ရဲ့ SAT Prep Camp တွေကတော့
ကြိုးစားနေတဲ့ ကျောင်းသားတစ်ယောက်ရဲ့ အားထုတ်မှုတွေကို လမ်းမပျောက်သွားအောင် ဖြည်းဖြည်းချင်း လမ်းပြပေးရင်း နောက်ဆုံးမှာ ရလဒ်ကောင်းတွေဆီ ရောက်အောင် တွဲခေါ်ပေးမယ့် နေရာလေးတစ်ခုပါ ✨
စာသင်ပေးရုံသက်သက် မဟုတ်ဘဲ မေးခွန်းတစ်ခုကို ဘယ်လိုမြင်ရမလဲ၊ အချိန်ကို ဘယ်လို manage လုပ်ရမလဲ၊
stress တွေကြားမှာ ဘယ်လိုတည်ငြိမ်စွာနေရမလဲဆိုတာအထိ သေချာလေး သင်ပေးသွားမှာပါ။
အထူးသဖြင့် ဒီ Camp ကို သင်ပေးမယ့် ဆရာ၊ ဆရာမတွေကိုယ်တိုင် SAT ကို အောင်မြင်စွာ ဖြေဆိုခဲ့ဖူးတဲ့သူတွေ ဖြစ်တာကြောင့် စာအုပ်ထဲက theory တွေထက်
တကယ်လက်တွေ့ကျအသုံးဝင်တဲ့ နည်းလမ်းတွေ၊
ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ score တက်စေတဲ့ study habits တွေကို ပိုပြီး ရင်းရင်းနှီးနှီး မျှဝေပေးမှာပဲဖြစ်ပါတယ်✨
🔹 Instructor တို့အကြောင်း တစေ့တစောင်း 👨🏫👩🏫
SAT Reading and Writing ကိုတော့
Simplexity ရဲ့ CEO ဖြစ်တဲ့ Ko Ethan Aung ကိုယ်တိုင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ SAT Score 1560 ရရှိထားပြီး Reading and Writing မှာ 760 ရရှိထားသူ ဖြစ်ပါတယ်။ Instructor ကိုယ်တိုင်ကလည်း 890 ကနေ 1560 အထိ ရောက်အောင်ကြိုးစားခဲ့တာပဲဖြစ်ပြီး SAT ကို စာအုပ်ထဲက theory တွေနဲ့တင်မဟုတ်ဘဲ တကယ်ကြိုးစားခဲ့တဲ့ အတွေ့အကြုံတွေနဲ့ သင်ပေးသွားမယ့် ဆရာတစ်ယောက်ပါ ။ တစ်ခါက SAT ကို ကြောက်ခဲ့ဖူးတဲ့ ကျောင်းသားတစ်ယောက်က အခုလက်ရှိမှာတော့ ကျောင်းသားတွေရဲ့ ယုံကြည်မှုကို ပြန်တည်ဆောက်ပေးနေပါတယ်။ ကိုယ့်ကိုယ်ကို မယုံကြည်နိုင်တော့တဲ့ ကျောင်းသားတစ်ယောက်ရဲ့ စိတ်ထဲမှာ “ကြိုးစားရင် ငါလည်း ဖြစ်နိုင်ပါသေးတယ်” ဆိုတဲ့ အလင်းလေးကို ပြန်ထွန်းပေးတတ်တဲ့ ဆရာမျိုးပါ ။ ✨
SAT Mathematics ကို သင်ကြားပေးမယ့် Instructor ကတော့ Ma Khine Thazin Nwe ဖြစ်ပြီးတော့ SAT Total Score (1400) နဲ့ SAT Maths Score (750) ရရှိထားသူဖြစ်ပါတယ်။ GED Maths Score (198) ရရှိထားတဲ့အပြင် Simplexity SAT Camp (8) ရဲ့ ကျောင်းသူဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ သင်္ချာဆိုတာ formula တွေကျက်နေရတဲ့ ဘာသာရပ်မဟုတ်ဘဲ နားလည်သွားတဲ့အခါ ပဟေဠိဖြေသလို ပျော်ဖို့ကောင်းတဲ့ အရာတစ်ခုဖြစ်ကြောင်း တီချယ်နဲ့အတူ ခံစားရမှာပါ 🤍
🔹 Application Process (ဘယ်လိုလျှောက်ထားရမလဲ?) 📝
Academics, Commitment နဲ့ Student’s Need ကို အဓိကထားပြီး တက်ရောက်ခွင့်ရမယ့် ကျောင်းသားတွေကို သေချာရွေးချယ်သွားမှာပါ။
လိုအပ်ချက်တွေကတော့ အောက်ပါအတိုင်း ပဲဖြစ်ပါတယ်။
၁။ EnglishScore Application မှ Score Break Down Result
၂။ Application Form ထဲရှိ သင်္ချာရမှတ်
၃။ Transcript / Academic Record
၄။ Application Form မှ Essay များ
ဒီ SAT Camp ကို Apply ချင်တယ်ဆိုရင် အရင်ဆုံး Simplexity page ကို Like & Follow ပြုလုပ်ပေးပါ။ ပြီးရင်တော့ ဒီ Post ကို Public ဒါမှမဟုတ် Friends နဲ့ Share ထားတဲ့ Screenshot ကို Simplexity Messenger မှာပြပြီး Application Form တောင်းယူနိုင်ပါတယ်ရှင့်။
📅 Due Date & Important Dates
Application Due Date: May 27, 2026
Announcement of Selected Students: June 4, 2026
Orientation Meeting - June 5, 2026
Class Start Date: June 6, 2026
📌 ဒီတစ်ခေါက် Camp ရဲ့ ထူးခြားချက်လေးကတော့
ကျောင်းသားတွေ အတန်းမှန်မှန်တက်ပြီး စတင်ခဲ့တဲ့ ခရီးတစ်ခုကို အဆုံးထိ ဆက်လျှောက်နိုင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ Registration Fee အနေနဲ့ 20000 MMK ကောက်ခံသွားမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Attendance မှန်မှန်တက်ပြီး Camp ကို အဆုံးထိ တက်ရောက်တဲ့ ကျောင်းသားတွေကိုတော့ Camp ပြီးဆုံးတဲ့အခါ 20000 MMK အပြည့်အဝ ပြန်လည်ထုတ်ပေးသွားမှာပါ 💕
အရင် Camp တွေမှာလည်း အစပိုင်းတော့ အားတက်သရော တက်ခဲ့ကြပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် တဖြည်းဖြည်း ဆက်မတက်ခဲ့ကြတော့တဲ့ ကျောင်းသားတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ “တစ်ခါလောက်တော့ ကိုယ့်အတွက် ကိုယ် အဆုံးထိ ကြိုးစားကြည့်ရအောင်” ဆိုတဲ့ တွန်းအားပေးချင်တဲ့ စိတ်နဲ့ ဒီစနစ်လေးကို ထားရှိလိုက်တာပဲဖြစ်ပါတယ်။
တကယ်တော့ အိပ်မက်တွေဆိုတာ အမြန်ပြေးတဲ့သူတွေဆီ မဟုတ်ဘဲ မရပ်ဘဲ ဆက်လျှောက်နေတဲ့သူတွေဆီကိုပဲ
နောက်ဆုံး ရောက်လာတတ်တာပါ ❤️
SAT Prep Camp (10) မှာ စာသင်ရင်း ကိုယ့်အနာဂတ်ကို ကိုယ်တိုင် တဖြည်းဖြည်း တည်ဆောက်သွားမယ့် ကျောင်းသားလေးတွေနဲ့ ပြန်ဆုံတွေ့ချင်ပါတယ် ✨
အတန်းထဲမှာ ပြန်ဆုံကြရအောင်နော်။
Content Writer - May Saung Thit
Graphics - Swan Linn Tun
Let’s Simplify All the Complexities Together!
Simplexity
11/05/2026
“Don’t Fear Complexity, Learn with Simplexity!”
ခက်ခဲတယ်လို့ လူသိများတဲ့ “Calculus” ကို ချစ်တတ်အောင် သင်ကြားပေးမဲ့ Simplexity ရဲ့ Free Class လေးလာပါပြီရှင်❤️
🔹Simplexity က Calculus အတန်းလေးတွေကို ဖွင့်ပေးနေရတဲ့ ရည်ရွယ်ချက်က ဘာများပါလဲ။
Calculus ဆိုတာက နိုင်ငံတကာက အဆင်မြင့် သင်္ချာ သင်ရိုးရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို အရေးပါတဲ့ Topic ကို မြန်မာကျောင်းသား အများစုအနေနဲ့ သေချာလေ့လာသင်ယူဖို့ အခွင့်အရေးတွေ မရရှိခဲ့ကြရပါဘူး။ ဒါကြောင့် Calculus ပါဝင်နေတဲ့ တစ်ချို့သော Standardized Test တွေ ဖြေတဲ့အခါ (သို့မဟုတ်) တက္ကသိုလ်တက်တဲ့အခါမှာ အခက်အခဲမဖြစ်စေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ် သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။
🔹 ဒါဆိုရင် ဘာတွေ သင်ကြားပေးမှာလဲ။
ကမ္ဘာပေါ်မှာ လူသိအများဆုံး အထက်တန်းသင်ရိုး (College Prep သင်ရိုး) တွေထဲက တခုဖြစ်တဲ့ Advanced Placement (AP) သင်ရိုးထဲက AP Calculus ဆိုတဲ့ Course ကို အခြေခံပြီး သေသေချာချာ နားလည်သွားအောင် သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။
Calculus 1 လို့ လူသိများကြတဲ့ Differential Calculus ကို အဓိကထားသင်ပေးမှာဖြစ်ပြီးတော့ ပါဝင်မယ့် Topics လေးတွေတော့ အောက်က Poster မှာ သွားကြည့်လို့ရပါတယ်ရှင်။
ဒီ class လေးရဲ့ ထူးခြားချက်က အိမ်စာမရှိမှာ ဖြစ်တဲ့အတွက် Learning Stress မရှိတဲ့ Environment တစ်ခုမှာ ပေါ့ပေါ့ပါးပါး စာလေ့လာလို့ရမှာပဲ ဖြစ်ပါတယ်။ အတန်းချိန်အတွင်းမှာပဲ စာကို သေချာ focus ပေးရုံနဲ့ Calculus ကို ချစ်လာနိုင်မဲ့ နည်းတွေပါ ရှာတွေ့နိုင်တာမို့လို့ သေချာပေါက် join သင့်တဲ့ class လေးပဲ ဖြစ်ပါတယ်။
🔹 သင်ကြားပေးမဲ့ ဆရာကရော ဘယ်သူလဲ။
Simplexity ရဲ့ Founder Ko Aung Khant Paing ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
Instructor ကိုယ်တိုင်ကလည်း AP Calculus BC မှာ အမြင့်ဆုံးရမှတ် (5) ရရှိခဲ့တာဖြစ်ပါတယ်။ အရင်ထဲက Algebra, Trig, Precalculus, SAT အတန်းတွေမှာ ကိုယ်တိုင် သင်ကြားပေးခဲ့တဲ့အပြင်၊ နောက်ကွယ်ကနေ သင်ရိုးရေးဆွဲပေးခဲ့ဖူးတဲ့သူ ဖြစ်တာကြောင့် ကျောင်းသားတွေအနေနဲ့ ရှင်းလင်းပြီး လွယ်ကူတဲ့ lecture တွေကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ Tufts University မှာ တက်ရောက်နေသူတစ်ဦး ဖြစ်ပြီး လောလောလတ်လတ်မှာလဲ ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ Stanford University ဝင်ခွင့်ရရှိထားသူ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် study abroad နဲ့ ပတ်သတ်ပြီး အတွေးအမြင်အသစ်တွေပါ sharing လုပ်ပေးနိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။
🔹 ဒီ class လေးကို တက်ရောက်ဖို့အတွက် criteria တွေ သတ်မှတ်ထားတာမျိုးရှိလား။
ကြိုးစားတဲ့ သူတွေအတွက် အမြဲတမ်း ကြိုဆိုနေတဲ့ Simplexity အတွက်တော့ ကြိုးစားတဲ့သူ ဖြစ်ဖို့တော့ လိုအပ်ပါမယ်ရှင်။
GED, O-Level, ဒါမဟုတ် G10 သင်ရိုးကို သင်ယူဖူးသူတွေအနေနဲ့တော့ ဒီအတန်းကို အခက်အခဲမရှိ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ချက်အနေနဲ့ အောက်မှာဖော်ပြပေးထားတဲ့ Topics တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်ထားမယ်ဆိုရင်လည်း တက်ရောက်နိုင်ပါတယ်။
- Algebra: Solve equations, manipulate expressions, work with exponents and radicals.
- Functions: Understand function notation, domain/range, and types like polynomial, rational, exponential, and logarithmic.
- Trigonometry: Know basic trig functions, the unit circle, radian measure, and trig identities.
- Graphing: Interpret and sketch graphs of functions, identify key features (intercepts, maxima/minima, etc.).
- Precalculus Concepts: Understand composite/inverse functions, limits (introductory), and function transformations.
ဒီအတန်းလည်း တက်ချင်တယ် အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းအရာတွေကိုလည်း မမှတ်မိတော့ဘူး၊ သေချာနားမလည်ဘူးဆိုရင်လည်း ပြဿနာမရှိပါဘူး။ ဒီအတန်းလေးရဲ့ နောက်ထူးခြားချက်တစ်ခုက အတန်းမစတင်ခင် အချိန်တိုင်းမှာ ဒီနေ့အတန်းအတွက် သင်ပေးမဲ့ Pre-Calculus Concept တွေကို You-Tube Video တွေနဲ့ တင်ပေးသွားမှာဖြစ်လို့ ကိုယ်က ကြိုတင်လေ့လာထားပြီး စာလိုက်လုပ်နိုင်မယ်ဆိုရင်တော့ ဒီအတန်းလေးက သင့်ကို ကြိုဆိုနေမှာပါနော်။
🔹 ဒီအတန်းလေးကို ဘယ်လို Register ရမလဲ?
ဒီ Calculus အတန်းကို Register လုပ်ချင်တယ်ဆိုရင် Simplexity ရဲ့ page က ChatBox မှတစ်ဆင့် Registeration Form ကိုတောင်းယူနိုင်ပါတယ်။
Register Form ရယူနိုင်ဖို့ ဒီ အောက်က Rules နှစ်ခုကိုတော့ ပြုလုပ်ပေးရပါမယ်။
1. Simplexity ရဲ့ page ကို Like (သို့) Follow ပြုလုပ်ထားပေးပါ။
2. ယခုပို့စ်ကို မိမိ ရဲ့ Facebook Acc မှာ Friends သို့မဟုတ် Public နဲ့ Share ထားပေးပါ။
(Register Form တောင်းတဲ့အခါ Share ထားကြောင်း Screen Shot လေးပြပေးပြီး Form လေးကို ထုတ်ယူနိုင်ပါတယ်။)
ဒီ Class က Free Class ဖြစ်တာကြောင့် Audience တွေဆီကို ရောက်နိုင်သမျှ များများရောက်နိုင်ပြီး ကျောင်းသားများများအကျိုးရှိစေဖို့က Simplexity ရဲ့ အဓိက ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အထက်ပါ နှစ်ချက်ကို တောင်းဆိုရခြင်းဖြစ်တာကို နားလည်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်ရှင်။
ဒါ့အပြင် ဒီအတန်းက ပုံမှန် SAT Camp တွေလို မဟုတ်ဘဲ Register လုပ်တဲ့ သူတိုင်း Admit ရမယ့် Class ဖြစ်ပါတယ်။ အတန်းနဲ့ ပတ်သက်တဲ့ Information တွေကိုတော့ Register Due ပြီး နောက်နေ့မှာ ပေးပို့သွားမှာ ဖြစ်ပါတယ်။
အားလုံးပဲ Calculus အတန်းမှာ ပြန်တွေ့ကြရအောင်ပါရှင်, Isaac Newton နောက်လိုက်လေးတွေ အဖြစ်နဲ့ပေါ့။
Content Writer - May Saung Thit
Graphics - Ethan Aung
Let’s Simplify All the Complexities Together!
Simplexity
04/05/2026
Simplexity ရဲ့ကျောင်းသူ မရွှန်းလဲ့ပိုင် MIT သို့ Full Ride Scholarship ဖြင့် ဝင်ခွင့်ရရှိခြင်း
အားလုံးပဲ မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ Simplexity ရဲ့ သမိုင်းတစ်လျှောက် အကြည်နူးရဆုံးနဲ့ အားအရှိရဆုံး သတင်းစကားတစ်ခုကို မျှဝေပေးချင်ပါတယ်။
ကျွန်မတို့ရဲ့ SAT Prep Camp (6) မှာ တက်ရောက်ခဲ့တဲ့ ကျောင်းသူ မရွှန်းလဲ့ပိုင်ဟာ ကမ္ဘာ့ထိပ်တန်းနည်းပညာတက္ကသိုလ်တစ်ခုဖြစ်တဲ့ MIT (Massachusetts Institute of Technology) မှာ Full Ride Scholarship (ပညာသင်စရိတ် အခမဲ့) နဲ့ဝင်ခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။
ဒါဟာ မရွှန်းလဲ့ပိုင်ရဲ့ ထူးချွန်ထက်မြက်မှု၊ မလျော့တဲ့ ဇွဲလုံ့လတွေအပြင် အိမ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့ ဘယ်လောက်ထိ ကြိုးစားခဲ့တယ်ဆိုတာကို ပြသနေတဲ့ သက်သေတစ်ခုပါပဲ။
Simplexity ဆိုတာ မြန်မာလူငယ်တွေအတွက် SAT, IELTS, GED အစရှိတဲ့ စာမေးပွဲတွေကို အခမဲ့ သင်ကြားပေးပြီး အိမ်မက်တွေဆီ လှမ်းတက်နိုင်ဖို့ တွန်းတင်ပေးနေတဲ့ နေရာတစ်ခုပါ။ အခုလို ကျွန်မတို့နဲ့အတူ SAT ပြင်ဆင်ခဲ့တဲ့ ကျောင်းသူတစ်ယောက်က ကမ္ဘာ့ထိပ်တန်းကျောင်းကြီးမှာ အောင်မြင်မှုရရှိတာကို မြင်ရတဲ့အတွက် Simplexity ဝိုင်းတော်သားတွေအားလုံး ဝမ်းသာပီတိဖြစ်ရပါတယ်။
မရွှန်းလဲ့ပိုင်ရဲ့ အောင်မြင်မှုဟာ လက်ရှိ Simplexity မှာ ကြိုးစားနေကြတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ မြန်မာလူငယ်တွေအားလုံးအတွက် ခွန်အားတွေ ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။
ရှေ့ဆက်မဲ့ ပညာရေးခရီးလမ်းမှာလည်း မရွှန်းလဲ့ပိုင် တစ်ယောက် အောင်မြင်မှုတွေ အလီလီ ပိုင်ဆိုင်နိုင်ပါစေကြောင်း Simplexity တစ်ဖွဲ့သားလုံးက ဆုမွန်ကောင်းတောင်းရင်း လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ရပါတယ်ရှင်။
Graphics - Swan Linn Tun
Content Writing - Thinn Thiri Thwe
Category
Contact the school
Website
Address
Yangon