Butterfly Delivery Express 2
ယုံကြည်စိတ်ချရသော ပို့ဆောင်မှုများအတွက် "𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐄𝐱𝐩𝐫𝐞𝐬𝐬"
04/06/2026
🚗 တောင်ဥက္ကလာပမြို့နယ်ရှိ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 အတွက် ဝန်ထမ်းများခေါ်ယူခြင်း 🚴👩🏻💻👩🏻💻
Viber မှ CV form ပို့၍သော်၎င်း၊ ကိုယ်တိုင်လာရောက်လျှောက်ထား၍သော်၎င်း လျှောက်ထားနိုင်သည်။ အဆင်ပြေလျှင် interview တန်းဝင်ပြီး ၁ ပတ်အတွင်း အလုပ်ဆင်းရမည်
👩🏻💻 𝐎𝐟𝐟𝐢𝐜𝐞 𝐒𝐭𝐚𝐟𝐟 - မ (2)ဦး (နေစားငြိမ်းရ)
👮♂️ 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐃𝐫𝐢𝐯𝐞𝐫 - (2) ဦး
🏍️ 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐁𝐢𝐤𝐞𝐫 - (3) ဦး
🚚👨✈️ပစ္စည်းပို့ယာဉ်အကူ (2) ဦး
👮♂️ For 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐃𝐫𝐢𝐯𝐞𝐫
𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 မှာ အပ်နှံမယ့် ပစ္စည်းများကို လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးရမည်။ ဒီအတွက် ယာဉ်အကူသီးသန့် ပါရှိမှာဖြစ်ပါတယ်။
◽ ပညာအရည်အချင်း: အကန့်အသတ်မရှိ (ကျွမ်းကျင်မှုနှင့် ရိုးသားကြိုးစားမှုကို အဓိကထားပါသည်။)
◽ အသက်: (၂၃) နှစ် မှ (၄၅) နှစ် အတွင်း
◽ သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူ ဖြစ်ရမည်။
◽ ယာဉ်မောင်းသက်တမ်း အနည်းဆုံး (၃) နှစ် ရှိရမည်။
◽ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း အပြည့်အစုံ ရှိရမည်။
◽ Customer များနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံနိုင်သူ ဖြစ်ရမည်။
◽တောင်ဥက္ကလာမြို့နယ်မှာ အလုပ်ဆင်းနိုင်သူဖြစ်ရမည်။
◽ အလုပ်ချိန်အတွင်း အရက်သေစာ လုံးဝ (လုံးဝ) မသောက်စားရ။
💰 လစာ: အနိမ့်ဆုံး ၇ သိန်းကျပ် (Basic + way ကြေး + ရက်မှန်ကြေး + Bonus)
(ကျွမ်းကျင်မှု၊ ကြိုးစားမှုပေါ်မူတည်၍ ညှိနှိုင်းပေးမည့်အပြင် ကျွမ်းကျင်မှုအလိုက် တိုးမြှင့်ပေးမှာဖြစ်ပါတယ်)
————————————————————
🏍️ 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐁𝐢𝐤𝐞𝐫 - (3) ဦး
ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သာကေတ၊ ဒေါပုံမြို့နယ်များအတွက် သက်ဆိုင်ရာ နယ်မြေအလိုက် ပစ္စည်းများကို Customer အိမ်အရောက် စနစ်တကျပို့ဆောင်ပေးရပါမည်။
✅ လိုအပ်တဲ့ အရည်အချင်းများ
◽ အသက် (၁၈) နှစ် မှ (၄၀) နှစ် အတွင်း ဖြစ်ရပါမည်။
◽ ပညာအရည်အချင်း အနည်းဆုံး ၁၀တန်းအဆင့် ရှိရပါမည်။
◽ မြန်မာ/ English (၂) မျိုးလုံး ဖတ်နိုင်၊ ရေးနိုင် သူဖြစ်ရပါမည်။
◽ ပစ္စည်းများ ပို့ဆောင်ခြင်း၊ Pick-up ယူခြင်း၊ ဘောင်ချာဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရပါမည်။
◽ Customer များနှင့် ဆက်ဆံရေး ပြေပြစ်ပြီး သင်ယူလိုစိတ်ရှိသူ၊ တာဝန်ယူလိုစိတ်ရှိသူ ဖြစ်ရပါမည်။
💰 လစာ : အနိမ့်ဆုံး ၆ သိန်းမှ ၁၀ သိန်း
(အခြေခံလစာ + Way ကြေး + ရက်မှန်ကြေး+ စက်ဘီးပြင်စရိတ်+ ဖုန်းဘေလ် +bonus)
(မိမိ ပို့ဆောင်နိုင်မှုအပေါ် မူတည်ပြီး ဝင်ငွေ ပိုမိုရရှိနိုင်မည်။)
💥 ကိုယ်ပိုင်စက်ဘီး မရှိသူများအတွက် ရုံးမှတစ်ဆင့် စက်ဘီးဝယ်ယူနိုင်ရန် စီစဉ်ပေးပါမည် 💥
————————————————————
🚚👨✈️ပစ္စည်းပို့ယာဉ်အကူ
▫️ပညာအရည်အချင်း ၁၀ တန်းအဆင့်ရှိရမည်
▫️အသက် (၁၈) မှ (၃၅) နှစ်ကြားဖြစ်ရမည်။
▫️မြန်မာ/ English (၂) မျိုးလုံး ဖတ်နိုင်၊ ရေးနိုင် သူဖြစ်ရပါမည်
▫️ယာဉ်မောင်းနှင့်အတူ စတ်မှတ်ထားသော မြို့နယိအလိုက် ပစ္စည်းများပို့ဆောင်ခြင်း၊ ကောက်ယူခြင်း၊ ဘောင်ချာဖြတ်ခြင်းများလုပ်ဆောင်နိုင်ရမည်။
◽ Customer များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေး ပြေပြစ်ပြီး သင်ယူလိုစိတ်ရှိသူ၊ တာဝန်ယူလိုစိတ်ရှိသူ ဖြစ်ရပါမည်။
💰 လစာ: အနိမ့်ဆုံး ၅ သိန်းကျပ် (Basic + way ကြေး + ရက်မှန်ကြေး + ဖုန်းဘေလ် + Bonus)
(ကျွမ်းကျင်မှု၊ ကြိုးစားမှုပေါ်မူတည်၍ ညှိနှိုင်းပေးမည့်အပြင် ကျွမ်းကျင်မှုအလိုက် တိုးမြှင့်ပေးမှာဖြစ်ပါတယ်)
—————————————————————-
👩🏻💻 𝐎𝐟𝐟𝐢𝐜𝐞 𝐒𝐭𝐚𝐟𝐟
▫️ Customer service ပိုင်းလုပ်ကိုင်ဖူးသူဦးစားပေးမည်။
▫️အသက် (၁၈) မှ (၃၅) နှစ်ကြားဖြစ်ရမည်။
▫️ Customer များနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံနိုင်သူ ဖြစ်ရမည်။
▫️ ကွန်ပျူတာအခြေခံလက်ကွက်သုံးတတ်ရမည်။
▫️ ပညာအရည်အချင်း အနည်းဆုံး ၁၀ တန်းအောင်
💰 လစာ: ၄၀၀၀၀၀ + (ရက်မှန်ကြေး + Bonus)
(ကျွမ်းကျင်မှု၊ ကြိုးစားမှုပေါ်မူတည်၍ ညှိနှိုင်းပေးမည့်အပြင် ကျွမ်းကျင်မှုအလိုက် တိုးမြှင့်ပေးမည်)
နေစားငြိမ်းလုပ်ချင်သူများလည်းစီစဉ်ပေးမည်
————————————————————
⏰ အလုပ်ချိန်နှင့်နေရာ
✨ အလုပ်ချိန်: နံနက် (8:30) မှ ညနေ (5:30) အထိ
✨ ဆင်းရက်/နားရက်: တစ်ပတ် (6) ရက်ဆင်း (1) ရက်နား
✨ ရုံးချုပ်တည်နေရာ: တောင်ဥက္ကလာပမြို့နယ်
📩 လျှောက်ထားရန်
စိတ်ပါဝင်စားပါက အောက်ပါ စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားနိုင်ပါပြီ။
📌 CV Form
📌 မှတ်ပုံတင်
📌 သန်းခေါင်စာရင်း
📌 နေထိုင်ကြောင်းထောက်ခံစာ
📞 ဆက်သွယ်ရန် - 09 447 733 359 (Viber)
“ယုံကြည်စိတ်ချရသော ပို့ဆောင်မှုများအတွက် 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐄𝐱𝐩𝐫𝐞𝐬𝐬 🦋”
#ယာဉ်အကူ
14/05/2026
ပိတ်ရက်မရှိ ပို့ပေးနေတာဆိုတော့ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 က လူတွေ အိပ်ရောအိပ်ရဲ့လားလို့ မမေးနဲ့ဦး? 😴
နေ့ရက်တိုင်းမှာ အဆင်ပြေဖို့ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 က ရေ နဲ့ 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ပို့တာပဲ လုပ်တယ် 🙂↔️
𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေဆီ အော်ဒါတွေ အမြန်ရောက်ဖို့ဆိုရင် 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 က နားနေမှာ မဟုတ်ပါဘူး…
စနေ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်တွေမှာလည်း ပုံမှန်အတိုင်း အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် 🦋
နယ်အော်ဒါပဲဖြစ်ဖြစ် ရန်ကုန်မြို့တွင်းပဲဖြစ်ဖြစ် ပိတ်ရက်မရှိ ပို့ချင်တယ်ဆိုရင်တော့ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 ကိုသာ အမြန်ဆုံး အပ်လိုက်တော့နော်… ✨
“ယုံကြည်စိတ်ချရသော ပို့ဆောင်မှုများအတွက် 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐄𝐱𝐩𝐫𝐞𝐬𝐬 🦋”
𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 နဲ့ ချိတ်ဆက်ဆောင်ရွက်လိုပါက အလုပ်ချိန် မနက် (9) နာရီမှ ညနေ (5) နာရီအတွင်း
☎️ Phone Number - 09447733359 သို့ ဆက်သွယ်နိုင်ပါတယ်ရှင် 🍀
🏡 Address - Yangon , Myanmar.
#ပိတ်ရက်မရှိဝန်ဆောင်မှု
#ငွေကြိုရှင်းစနစ်
10/05/2026
💕 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐨𝐭𝐡𝐞𝐫'𝐬 𝐃𝐚𝐲 💕
ကိုးလလွယ်၊ ဆယ်လဖွား အသက်နှင့်ခန္ဓာရင်းပြီး ကျွေးမွေးစောင့်ရှောက်ခဲ့သော ကျေးဇူးရှင် မေမေနှင့်တကွ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မေမေတို့ကို စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိနေစေနိုင်ဖို့ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐄𝐱𝐩𝐫𝐞𝐬𝐬 မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် . . .
02/05/2026
မြို့ပေါင်း (၁၀၀) ကျော် 𝐂𝐎𝐃 ရတော့ ပစ္စည်းမရောက်မှာ စိတ်ပူစရာမလိုတော့ဘူးပေါ့… 🚛
𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐡𝐨𝐩 တွေအတွက် အခက်ခဲဆုံးက ဖောက်သည်တွေရဲ့ ယုံကြည်မှုပါပဲနော်…
"ပစ္စည်းအရင်ပို့ပေးပါ၊ ရောက်မှ ငွေချေမယ်" ဆိုတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအတွက် 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ရဲ့ တစ်နိုင်ငံလုံး 𝐂𝐎𝐃 စနစ်က အသင့်ရှိနေပါတယ်…
𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ရဲ့ အားသာချက်က
✨ ရောက်နိုင်တဲ့ တစ်နိုင်ငံလုံး အိမ်အရောက် 𝐂𝐎𝐃 ပို့နိုင်ခြင်း
✨ ငွေလွှဲကိစ္စ စိတ်မပူရဘဲ အော်ဒါတွေ ပိုတက်လာစေခြင်း
✨ တာဝန်ယူမှု အပြည့်ရှိတဲ့ 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ဝန်ဆောင်မှုရှိခြင်း များပါပဲ…
အဝေးကနေ ပစ္စည်းမှာရမှာ ကြောက်နေတဲ့သူတွေအတွက်လည်း ပစ္စည်းရောက်မှ ငွေချေပါ… 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 က မြန်မာပြည်အနှံ့ အိမ်အရောက်ပို့ပေးပါမယ်ရှင် 🦋
“ယုံကြည်စိတ်ချရသော ပို့ဆောင်မှုများအတွက် 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐄𝐱𝐩𝐫𝐞𝐬𝐬 🦋”
𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 နဲ့ ချိတ်ဆက်ဆောင်ရွက်လိုပါက အလုပ်ချိန် မနက် (9) နာရီမှ ညနေ (5) နာရီအတွင်း
☎️ Phone Number - 09447733359 သို့ ဆက်သွယ်နိုင်ပါတယ်ရှင် 🍀
🏡 Address - Yangon , Myanmar.
#ငွေကြိုရှင်းစနစ်
01/05/2026
👷♀️ မေလ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ “အလုပ်သမားနေ့” မှာ . . .
ကြိုးကြိုးစားစား အလုပ်လုပ်ကိုင်နေကြတဲ့ လုပ်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပြီး လုံခြုံစိတ်ချရတဲ့ အလုပ်အကိုင်များ ရရှိပါစေဖို့နဲ့ ကြိုးစားသူတိုင်း အောင်မြင်မှုနဲ့ ချီးမြှင့်ခံရစေဖို့ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐄𝐱𝐩𝐫𝐞𝐬𝐬 မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် . . .
#အလုပ်သမားနေ့
30/04/2026
“ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံ ထူးမြတ် လကဆုန်”
ကဆုန်လပြည့် အချိန်အခါသမယမှစတင်ပြီး မိတ်ဟောင်း မိတ်သစ်များ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကာ ဘေးအန္တရာယ်များ ကင်းေ၀းစေနိုင်ဖို့ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐄𝐱𝐩𝐫𝐞𝐬𝐬 မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် . . .
#ကဆုန်လပြည့်နေ့
17/04/2026
မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ . . . 🍃
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကာ တစ်နှစ်ပတ်လုံး ကျန်းမာရွှင်လန်း၍ ကုသိုလ်၊ ပညာ၊ စီးပွားများ တိုးတက်ပါစေကြောင်း 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐄𝐱𝐩𝐫𝐞𝐬𝐬 မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် . . . 🙏
#နှစ်ဆန်းတစ်ရက် #နှစ်ဆန်းတစ်ရက်နေ့
12/04/2026
🙏 နှစ်သစ်အကြို ဆုမွန်ကောင်း 🙏
မြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါသမယမှစတင်၍ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ရဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံး ရောဂါအနာဘယများ၊ လူမှုစီးပွားရေး အခက်အခဲ အကြပ်အတည်းများမှ ကင်းစင်လွတ်မြောက်ကာ ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်နိုင်ကြပြီး မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေဖို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် . . .
#သင်္ကြန်
06/04/2026
"ဆီမရှိလို့ ပို့မရပါဘူး" ဆိုတာ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 မှာ မရှိဘူးနော် 🦋
ရန်ကုန်မြို့ထဲမှာ ဓာတ်ဆီအခက်အခဲတွေ ရှိနေပေမယ့် 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ကတော့ ရပ်တန့်မသွားပါဘူး…
လက်ရှိမှာ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 က 𝐂𝐍𝐆 ကားတွေနဲ့ ပို့ဆောင်နေတာဖြစ်လို့ ဆီတန်းစီစရာမလိုဘဲ ရန်ကုန်မြို့အနှံ့ ပုံမှန်အတိုင်း လျင်လျင်မြန်မြန် ပို့ဆောင်ပေးနေပါတယ်ရှင့် ✨
ဒါကြောင့် ဒီကာလမှာ 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 အပ်မရမှာ စိုးရိမ်နေရင် 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ရဲ့ တာဝန်သာထားလိုက်ပါတော့ရှင် 🫶🏻
📍 ရန်ကုန်မြို့တွင်း အမြန်ပို့လိုသမျှ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 ကိုသာ အမှတ်ရလိုက်ပါ 🦋
“ယုံကြည်စိတ်ချရသော ပို့ဆောင်မှုများအတွက် 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐄𝐱𝐩𝐫𝐞𝐬𝐬 🦋”
𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 နဲ့ ချိတ်ဆက်ဆောင်ရွက်လိုပါက အလုပ်ချိန် မနက် (9) နာရီမှ ညနေ (5) နာရီအတွင်း
☎️ Phone Number - 09447733359 သို့ ဆက်သွယ်နိုင်ပါတယ်ရှင် 🍀
🏡 Address - Yangon , Myanmar.
06/04/2026
🌾💦အတာသင်္ကြန် ရုံးပိတ်ရက်ကြေငြာခြင်း💦🌾
နှစ်သစ်ကူးအခါသမယတွင် ဧပြီလ ၁၃ရက်နေ့မှ ၁၇ရက်နေ့အထိ သကြင်္န်ပိတ်ရက် ၅ရက်တိတိပိတ်မည်ဖြစ်ကြောင်း ချစ်ရတဲ့ customer များအား ကြိုတင်အသိပေးကြော်ငြာအပ်ပါတယ်ရှင့်🙇♀️🙇🏻♂️
🚚 ပစ္စည်းအကောက်များအနေဖြင့် ✅ဧပြီလ ၈ ရက်နေ့✅ အထိ နောက်ဆုံးထားကောက်ခံပေးသွားမည်ဖြစ်ပြီး ၁၂ ရက်နေ့နောက်ဆုံးထားပို့ဆောင်ပေးသွားပါမည်
ပို့ဆောင်ရန်ကျန်ရှိနေသောပစ္စည်းများအား ဧပြီလ ၁၈ ရက်နေ့တွင်ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်
💛💛💛
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
South Oakkalapa Township
Yangon