Burmese Crypto

Burmese Crypto

Share

Crypto currency for Burmese

08/11/2022

Leverage အသုံး များပြီး ဘဝ ပျက်နေတဲ့ FTX exchange ကို Binance က ကူညီတဲ့အနေနဲ့ ဝယ်လိုက်ပါပြီး။
ပြီးခဲ့တဲ့ အပတ်က CZ နဲ့ SBF တွေ သဘောထားကွဲလွဲတာကနေ Binance က open market မှာ သူ invest လုပ်ထားတဲ့ FTT coin dollar 580mllion ကို 22$ ဝန်ကျင်နဲ့ ရောင်းပြီး BNB ပြောင်းဝယ်လိုက်တယ်။ အခု ဒီ သတင်းက ပြန့်သွားပြီး FTT က အခု 4$ ပဲ ရှိတော့တယ်။

FTX exchange က million နဲ့ ချီတဲ့ customer တွေ withdraw လုပ်တာ လက်မခံနိုင်တော့ဘဲ Binance ကို အကူအညီတောင်းပြီး FTX ကို ရောင်းဖို့ သဘောသူလိုက်တယ်။

FTX က Top 5 exchange တွေ ထဲက ၁ခုဖြစ်တဲ့ အတွက် ဒီရက်ပိုင်း crypto လောက volatile ဖြစ်လိမ့်မယ်။
Binance ကတော့ Crypto exchanges လောကကို ဆက်စိုးမိုး နေဦးမှာပါ။

13/09/2022

Roll up လို့ခေါ်တဲ့ ethereum scaling solution က Matic လို side chain တွေထက် ဘာပိုကောင်းလဲ။

Roll up ဆိုတာ Ethereum ရဲ့ နှေးလွန်းတဲ့ blockchain speed ကို စျေးသက်သာပြီး မြန်အောင်လုပ်ပေးနိုင် solution ၁ခုပါ။
Ethereum က ၁စက္ကန့်ကို ၁၅ခုပဲ transaction လုပ်ပေးနိုင်တယ်။ တကယ်လို့ Blockchain ကို သုံးတဲ့သူများလာရင် Transaction 1ခု အောင်မြင်ဖို့ Gas fees dollar 100 ကျော်ပေးမှ transction ၁ခု အောင်မြင်တယ်။ ဒါကို ဖြေရှင်းဖို့ Roll up ဆိုတာပေါ်လာတယ်။ Roll up ဆိုတာက ၁နေရာထဲသွားမယ့် Transaction တွေကို Roll လုပ်ပြီး တခါတည်း ပို့ပေးတာ။
ဥပမာ တနေရာကနေ နောက် ၁နေရာကို delivery ပို့မယ် ဆိုပါစို့။ ပစ္စည်း ၁ခုချင်းစီကို ကာတစီးစီးနဲ့ ပို့မယ်အစား နေရာတူသွားမယ့် ပစ္စည်းတွေ ကား၁စီးနဲ့ တင်သွားတာ ပိုလဲမြန်တယ် စျေးလဲသက်သာတယ်။

Roll up မှာ Optimistic Roll up နဲ့ Zk roll up ( zero knowledge) ဆိုပြီး ၂မျိုးရှိတယ်။

Optimistic Roll up က နာမည်နဲ့ လိုက်အောင် အရမ်းသဘောကောင်းတဲ့ delivery company လိုမျိုး ပေါ့။ ဘာဘဲ ပို့ချင် ပို့ချင် မြန်အောင် စျေးပေါအောင်ပို့ပေးတယ်။ scam တွေ bot တွေ ပို့တဲ့ transaction လဲ မစစ်ပဲပို့တယ်။ တကယ်လို့ Transaction က တခုခုမှားနေတယ်ဆို Dispute လုပ်လို့ရပြီး အဲ့လို scam, bots trades တွေကို Ethereum network ပေါ်ပို့ပြီး ပြန်စစ်တယ်။

Zk roll up ကကျတော့ succinct non-interactive argument of knowledge လို့ခေါ်တဲ့ Cryptography SNARK နဲ့ စစ်ဆေးပြီးမှ Transaction ပို့ပေးတယ်။

Optimistic Roll up ကို Optimitic နဲ့ Arbitrum တို့လို project တွေနဲ့ သုံးလို့ရတယ်။ Optimistic coin OP က 1.2 $ ရှိတယ်။
ZK roll up ကိုတော့ Loopring က သုံးထားတယ်။ LRC coin က ၀.၃၃$ ရှိတယ်

အဲ့တော့ စျေးပေါတာ မြန်တာနဲ့ အတူတူ ဘာလို့ Matic ကိုမသုံးလဲဆိုတော့ Matic က Ethereum ရဲ့ side chain ပါ။
Optimistic တို့ Loopring တို့လို Roll up တွေက Ethereum network ထဲမှာပဲရှိပြီး Etherum ရဲ့ security system ကို အပြည့်အဝရထားတယ်။

11/09/2022

100x Gem for Next Bull market : Lido finance

Lido Finance က decentralized staking platform ပါ။
Etherum Merge ပြီးတဲ့ အချိန်မှာ Etherum ၃ပုံ ၂ပုံက Lido Finance မှာ Stake လုပ်ထားတယ်။
Etherumတင်မဟုတ်ဘဲ Dot, Kusama, Matic, Sol တို့ပါ Stake လုပ်လို့ရပြီး နောက်ထက် coin တွေ အများကြီး ထပ်ပါလာဖို့ရှိတယ်။

Ldo က October 2021 မှထွက်လာတဲ့ project ၁ခုပါ။ လက်ရှိ Ldo ကို Binance မှာ ၂$ နဲ့ဝယ်လို့ရပြီး ၂၀၂၃ Bull Market အတွက် Potential ရှိတယ်။

10/09/2022

Etherum Merge အကြောင်း

Etherum စထွက်တုန်းက Eth ကို Bitcoin လို proof of work လို့ခေါ်တဲ့ Mining Rig နဲ့ mine လုပ်ရတယ်။ ၂၀၂၀ မှာ Etherum ကို proof of stake ပြောင်းပြီး Electricity, Mininy Rig တွေ မလိုတော့ပဲ coin ကို Stake လုပ်ပြီး Blockchain၁ခုလုံး ကို Run ဖို့ Testnet ၁ခု ထုတ်လိုက်တယ်။ အဲ့ chain ကို Beacon Chain လို့ခေါ်တယ်။ Beacon chain မှာ Million နဲ့ Eth2.0 coin တွေ Stake လုပ်ထားတယ်။ 2022 မှာ Vitalik နဲ့ Eth founder တွေက Eth 2.0 ထုတ်မယ့်အစား Beacon chain နဲ့ လက်ရှိ Eth mainet နဲ့ ပေါင်းဖို့ ကြိုးစားကြတယ်။ ဒီလမှာ Eth Merge ကို မိတ်ဆက်လိုက်တယ်။ အရင်က Eth coin ကိုပဲ Stake လုပ်ပြီး Proof of work က Proof of stake ကို ပြောင်းနိုင်တော့မယ်။

ကောင်းတဲ့အချက်က Environment activist တွေ ဝေဖန်တဲ့ Eth ကြောင့် Electricity စွမ်းအင်ကုန်တာ Mining Rig တွေအတွက် နေရာလိုတာတွေ မရှိတော့ဘူး။ Institutionတွေ ပိုစိတ်ဝင်စားလာလိမ့်မယ်။

မကောင်းတဲ့ အချက်က Proof of Stake က Hackers တွေ bots တွေ ဝင်ရလွယ်တယ်။ Eth သာ security ပိုင်း ကောင်းကောင်း လုပ်နိုင်ရင် ဒါက positive ဖြစ်တဲ့ update လို့ ပြောလို့ရတယ်။

24/06/2022

Solana က Solanamobile ဆိုတဲ့ ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။
Solanamobile မှာ Android based web3 framework ၁ခုဖြစ်တဲ့ Saga OS ကို သုံးထားပြီး privacy ကို အလေးပေးထားတဲ့ ဖုန်း၁ခုပါ။ 🙃

13/06/2022

Celsius က coin တွေ အလုံးအကျင်းနဲ့ ရောင်းလို့ withdraw လုပ်ခွင့် Banned လိုက်ပါတယ်။
လက်ရှိ user တွေ Celsius exchange ထဲက coin တွေ access မရှိတော့ပါဘူး။
Luna လက်စဉ် လိုက်မယ့် နောက်ထက် Alt coin ၁ခုပါ။

13/06/2022

Bitcoin Bear Market bottom 16400$ 🤔🤔

12/06/2022

Ethereum နဲ့အတူ Alt coin တွေ သွေးထွက်နေတယ်။ Portfolio ထဲမှာ Ethereum မရှိသေးရင် ၁၂၀၀-၁၃၀၀ $ စောင့်၀ယ်ထားသင့်တယ်

28/05/2022

တူရကီနိုင်ငံရဲ့ Budget airline တစ်ခုဖြစ်တဲ့ pegasus airline ကလဲ $MANA coin ရဲ့ platform တစ်ခုဖြစ်တဲ့ Decentraland ဆိုတဲ့ Metaverse ပေါ်မှာ pegasus port ကိုဖွင့်လိုက်ပြီဖြစ်ပါတယ်။ Cryptocurrency တွေဝယ်ဖို့ကိုအားလုံးကြောက်နေကြတဲ့အချိန်မှာ Company တွေကတော့အလုံးအရင်းနဲ့ရင်းနှိီးမြှုပ်နှံမှုတွေပြုလုပ်နေကြတာပါ။ , always .

25/05/2022

နောက်ထပ် Project 1ခု။ Bye

Defi.money (Yfii)က 2020 June မှာ ထွက်လာတဲ့ Yarn financeရဲ့ Fork ၁ခုပါ။

21/05/2022

Crypto bear market မှာ ဘယ် coin တွေ ၀ယ်သင့်လဲ။

Bitcoin ATH ကနေ ၅၀% ကျော်၊ Altcoin တွေ ၅၀-၈၀% ကျော်ကျထားတယ်။ ဒီနှစ်ကုန်မှာ Bitcoin 40K level ပြန် reclaim မလုပ်နိုင်ရင် Bear market confirm လို့ပြောလို့ရတယ်။ Bear market က ၂နှစ်ကနေ ၃နှစ်နီးပါး ကြာလေ့ရှိပြီး 2024 အထိ Bitcoin ATH ပြန်မြင်ရဖို့ မလွယ်ဘူး။ အဲ့တော့ ဒီ bear market မှာ ဘယ်လို strategy ထဲ invest လုပ်မလဲ။

၁၊ Limited/Unlimited supply
Bear market မှာ Unlimited supply ဖြစ်တဲ့ coin တွေကို ၀ယ်ဖို့အားမပေးဘူး။ ဥပမာ UST depeg ဖြစ်တုန်းက Luna Millionနဲ့ချီ mint ပြီး cover လုပ်ဖို့ကြိုးစားတာ Luna 0$ ဖြစ်သွားတယ်။ Limited Supply coin တွေထဲမှာလဲ 1billion အထက်ရှိရင် ‌မ၀ယ်တာပိုကောင်းတယ်။ XRP,XLM, Tron တို့လို ၁၀၀ billionsနီးပါး Supplyရှိတာက Unlimited supplyနဲ့ ဘာမှမကွာဘူး။
Bitcoin, Hbar, Zcash တို့က ၂၀-၃၀ million ၀န်ကျင်ပဲရှိတယ်။ Solana, Avax တို့က ၅၀၀ Million ၀န်ကျင်းနဲ့ မဆိုးဘူးပြောရမယ်။

၂၊ Tokenometric

Tokenometric က Token ကို ဘယ်လို distribute လုပ်လဲဆိုတာ crypto project တိုင်းရဲ့ White paper ရေးထားလေ့ရှိတယ်။ တကယ်လို့ project ၁ခု Marketing အပိုင်းမှာ Token တွေပိုသုံးထားရင် ဝေးဝေးရှောင်တာကောင်းတယ်။ meme coin တွေ တော်တော်များများ ၅၀% အထက် token တွေကို Marketing နဲ့ ads မှာသုံးကြတာများတယ်။ R&D ထက် Marketing မှာ ပိုက်ဆံပိုသုံးထာရင် Bear market မှာ Fail ဖို့များတယ်။ Marketing မလိုတာက Bitcoin ၁ခုပဲရှိတယ်။ TikTok, Twitter, Celebrityတွေ အပြောများတဲ့ coin တွေ bear market မှာ Survive မဖြစ်တာများတယ်။
Binance၊FTX တို့ လို Trading fees နဲ့ ပိုက်ဆံရတဲ့ exchange တွေအတွက် marketing လုပ်တာကောင်းပေမယ့် usecase မရှိတဲ့ coin တွေ ads တွေမှာ ပိုက်ဆုံးသုံးရင် bear market မှာ ၉၀% လောက်ပျောက်ကုန်တယ်။

၃၊ Bull market = Trend, Bear market= innovation

Bull market မှာ Trend လိုက်ရင် ဘယ် coin မဆို pump တာများတယ်. Defi, NFT,Gamefi, metaverse တို့ Trend ဖြစ်တုန်းက ဘယ်Coin မဆို Marketing, ကောင်းရင် pump တယ်။ Bear market မှာ Innovation နဲ့ Development ပိုင်းက ပိုအရေးကြီးတယ်။ GitHub activity မှာ အပတ်တိုင်း ဘယ် projectက code changes အလုပ်ဆုံးလဲ ကြည့်လို့ရတယ်။ Polkadot,Kusama, Cardano, Matic တို့က Development ပိုင်းမှာ အားသားတယ် ‌ပြောလို့ရတယ်။

Bear market မှာ 90% coin တွေ ပျောက်ကုန်လိမ့်မယ်။ ဘယ် coin တွေကျန်မလဲပြောရခက်တယ်။ Bitcoin ကလွဲ ဘယ် coin မှာ အာမခံချက်မရှိဘူး။ ကိုယ့် portfolioကို အနဲ့ ၃၀-၅၀% Bitcoin, 30% Bluechip coin (Bnb,Eth,Ada,Sol,Dot) ကျန်တာက projects ကောင်း coin တဲ့ Altcoins တွေ ၀ယ်ထားသင့်တယ်။

12/05/2022

Crypto ရဲ့ Fear & Greed Index က ၁၂ ဆိုတော့ လူတွေ crypto coin တွေဝယ်ဖို့ကိုတော်တော်လေးကြောက်နေကြပါတယ်။ ကြောက်ရတဲ့အကြောင်းအရင်းတွေထဲမှာ $LUNA ကတော့ Main reason ပေါ့နော်။
💻 Always do your own research❗️
🚫 Never trust anyone❗️

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


27 Street
Yangon