Elcetrical Power
အိမ်တွင်းလျှပ်စစ်ပြုပြင်ခြင်းဝန်ဆ?
ချိတ်ဆက်လိုပါ က ဆက်သွယ်နိုင်ပါသည် ။
09782777563
02/02/2022
ဆရာဆိုတာ အသက်ကြီး/ငယ်နဲ့မဆိုင်
ကိုယ့်ထက်တတ်ပြီး
သူပြတာလေးတခုသိသွားယင်သူဟာ
ကိုယ့်ရဲ့ဆရာပဲ။ဆရာနဲ့တပည့်ဆိုတာ
အတည်ပြောတဲ့အချိန်ရယ် အရွှမ်း
ဖေါက်တဲ့ဟာတွေ ရှိကြတဲ့အခါ
သူ့နေရာနဲ့သူ တန်ဖိုးထားတတ်မှ ပျော်စရာ
ကောင်းတယ်မေးတဲ့သူကလည်း
ကိုယ်မေးတဲ့မေးခွန်းကို လက်နဲ့ကိုင်ပြ
သလိုမြင်အောင် ကျိုးစားပြီးမေးကြပေါ့။
ဆရာပြပေးလို့တခုတတ်ယင်
ပညာဆီမီးတတိုင်ဆရာ့အတွက်
အကူအလင်းတန်းတခုဖြစ်တာပါပဲ။
တီထွင်ခြင်းကလိခြင်းဆိုတာ
ဆရာနဲ့တပည့်မကင်းသမို့
ဆရာနဲ့တပည့်အကြောင်း
ပြောလိုက်မိပါသည်။
''ဆရာစားချန်ကို ချန်ရတယ်ကွ..
အောင်မြင်မှုရဲ့ အချက်တစ်ခုထဲမှာ
ဆရာစားချန်ခြင်းဟာလည်း မဖြစ်မနေ
လုပ်ရမယ့်ကိစ္စ မောင်စိုးထိုက်ရ..''
''ဗျာ..''
ဒီနေ့တော့ ဦးဇော်နှင့်စကားများရပါတော့မည်..။
ဦးဇော် ဆိုဆုံးမသမျှ လက်ခံ လိုက်နာ
ကျင့်သုံးပါသော်လည်း ယခုပြောလိုက်သော
''ဆရာစားချန်ရမည်ဆိုသည့်''စကားကိုမူ
ကျွန်တော် လက်မခံနိုင်ပါ..။
ငြင်းရပါမည်..။
''ကျွန်တော်တို့မျိုးဆက်တွေ တဖြည်းဖြည်း
နိမ့်ကျလာတာ အဲဒီဆရာစားချန်လို့ပေါ့ ဦးဇော်ရ..
ဒီတစ်ခါတော့ ဦးဇော်ဆုံးမတဲ့စကားကို
ကျွန်တော် လုံးဝ လက်မခံဘူး..''
ဦးဇော်က သူ့စကားကို ကျိန်းသေ တာဝန်ယူသည့်
ဟန်ဖြင့် ကျွန်တော့်ကို သေသေချာချာကြည့်သည်။
''ကဲကွာ.. မောင်စိုးထိုက် ..
သားကို ဥပမာတစ်ခုပေးမယ်..
ဦးဇော်က ၁၀၀ ဖိုး တတ်တဲ့သူပေါ့..
ဆရာစားချန်ပြီး မင်းကို ၉၀ ဖိုး သင်ပေးမယ်ကွာ..
မင်းဘယ်လောက်ဖိုး တတ်မယ်ထင်တုန်း..''
''ဦးဇော်က ၉၀ ဖိုးသင်ပေးမှတော့
ကျွန်တော်က ၉၀ ဖိုးပဲ တတ်မှာပေါ့ဗျ..''
''နိုး နိုး မှားတယ်ကွ..
သားက ၇၀ ဖိုး ၈၀ ဖိုးလောက်ပဲ တတ်မှာ..
လူတစ်ယောက်က သူ့ကိုလာသင်သမျှကို
ဦးဏှောက်က အကုန်မမှတ်နိုင်ဘူး..
ဦးဇော်က မောင်စိုးထိုက်ကို ၉၀ ဖိုးသင်ပေးတယ်..
မင်းက ငါ့ဆီက ၈၀ ဖိုးတတ်တယ်ကွာ..
မင်း တပည့်ကို မင်းက ဆရာစားချန်ပြီး
၇၀ ဖိုးသင်ပေးမယ်ကွာ..
မင်းတပည့်က ၆၀ ဖိုးလောက်ပဲ မှတ်ယူနိုင်မယ်..
မင်းတပည့်က နောက်ထပ် တပည့်တစ်ယောက်ကို
ဆရာစားချန်ပြီး ၅၀ ဖိုးသင်ပေးမယ်ကွာ..
အဲဒီလိုနဲ့ ငါတို့မျိုးဆက်တွေဟာ
တဖြည်းဖြည်းနဲ့ နိမ့်လာလိုက်တာ
ခုဆို သူများတွေရဲ့အောက် အဝီဇိလောက်
နိမ့်ကျကုန်ပြီကွ..''
''ဟုတ်တယ်လေ ဦးဇော်ရ...
ဒါဟာ ဆရာစားချန်တယ်ဆိုတဲ့ ဓလေ့ကြောင့်ပဲ..
ဒါကိုသိနေတာကို ဦးဇော်က
ဘာလို့ ဆရာစားချန်ရမယ် ပြောရတာလဲ..''
ဦးဇော်က အေးချမ်းစွာ ပြုံးပါသည်။
''ဦးဇော်ပြောတဲ့ ဆရာစားချန်ရမယ်ဆိုတဲ့
အဓိပ္ပါယ်ကို မရှင်းပြခင် ဦးဇော်က
တပည့်တွေကို ဘယ်လိုသင်ပေးလေ့ ရှိလဲဆိုတာ
သားကို အရင် ရှင်းပြချင်တယ်..
ဆရာတစ်ယောက်က တပည့်တစ်ယောက်ကို
သူသိသမျှ အကုန်သင်ပေးယုံနဲ့
ဆရာကောင်းလို့မခေါ်နိုင်ဘူးကွ..
လူတစ်ယောက်နဲ့ တစ်ယောက်
တပည့်တစ်ယောက်နဲ့တစ်ယောက်ပေါ့ကွာ..
ထူးချွန်ကြတာချင်း ၊ ပင်ကို အရည်အချင်းချင်း
မတူကြဘူးကွ..
ဒီသဘောကို ဆရာလုပ်သူက သေသေချာချာ
သိနေရမယ်..
ကိုယ်တတ်ထား သိထား လေ့လာထားသမျှ
တပည့်လုပ်သူကို အကုန်သင်ပေးရမယ့်အပြင်
အဲဒီတပည့်ရဲ့ ထူးချွန်တဲ့ အရည်အချင်းတွေကိုပါ
ဖော်ထုတ်ပြီး မြေတောင်မြှောက်ပေးရမယ်..
#ပညာသင်ရာမှာစေတနာပါထပ်ပေါင်းပေးရတယ်။
ဒါမှသာ တပည့်က ဆရာထက် တော်သွားမှာကွ..
အဲဒီတပည့်က သူ့ထက်တော်တဲ့ တပည့်ထပ်မွေး..
အဲဒီလိုနဲ့ မျိုးဆက်ဟာ အနာဂတ်မှာ
ပိုပိုပြီး တော်လာ ထူးချွန်လာကြတာကွ..''
''ကောင်းလိုက်တဲ့စကားလေး ဦးဇော်ရာ..
ကျွန်တော်တို့ထင်တာ ဆရာက
ပညာကုန်သင်ပေးရင် လုံလောက်ပြီထင်နေတာ..
ခုတော့ ဆရာထက် ပိုတော်တဲ့ တပည့်ဖြစ်အောင်
တပည့်ရဲ့ တခြားအရည်အချင်းတွေကိုပါ
ဖော်ထုတ်ပြီး ပျိုးထောင်ပေးရမှာကို နားလည်ပါပြီ..
ဒါပေမဲ့ သားမရှင်းတာက ဦးဇော်ပြောတဲ့
ဆရာစားချန်ရမယ်ဆိုတဲ့ စကားကိုပဲ..
ခုချိန်ထိ ဘယ်လိုမှ ဆက်စပ်လို့ မရနိုင်သေးဘူး''
''ဒီလို တပည့်ကောင်းတွေ မွေးထုတ်ပြီးရင်
ဆရာစားချန်ရမယ်ဆိုတဲ့
စကားက အရေးပါလာပြီကွ..
ဒီစကားကို ဦးဇော်သုံးတာက
ဆရာနေရာက သုံးတာ မဟုတ်ဘူး ငါ့သား..
တပည့်နေရာက သုံးတာကွ..''
''ဗျာ...တပည့်နေရာက သုံးတာ
ဟုတ်လား ဦးဇော်..''
''အေး..
ဆရာစားချန်ရမယ်ဆိုတာ
ဆရာနေရာကပြောတာမဟုတ်ဘူး..
တပည့်နေရာက ပြောတာ သားရေ..
ပညာကုန်တတ်သွားတဲ့အပြင်
ဆရာ့ထက်ပါ ပိုထူးချွန်သွားတဲ့ အဲဒီ တပည့်ဟာ
ဆရာ့အတွက် ဆရာစားချန်ပေးရမယ် ငါ့သား..
ဦးဇော် အသင့်အတင့်လေး အောင်မြင်လာတဲ့
အချက်တွေထဲ ဦးဇော်ရဲ့ ဆရာတွေအတွက်
အမြဲတမ်း ထည့်သွင်းစဉ်းစားပေးတာလည်း
တစ်ချက်အပါအဝင်ပေါ့..
ဆရာသင်ပေးထားတဲ့ ပညာရပ်နယ်ပယ်ထဲ
အခွင့်အလမ်းလေးတွေ တွေ့ရင်
ဒါ ငါ့ဆရာအတွက် ဆိုပြီး ဂါရဝတရားနဲ့
ဦးဇော်က အမြဲဦးစားပေးတယ်..
တစ်ခုခုလေး ကောင်းနိုးရာရာ အလုပ်လေးတွေ့ရင်
ဆရာရေ..ဒါလေး ကျွန်တော် တွေ့ထားတယ်..
ဆရာလုပ်ပါလား..
ကျွန်တော်တို့ အတူတူ လုပ်ကြမလား..
စသည်ဖြင့်ပေါ့ကွာ..
ဆရာစားချန်တယ်ဆိုတာ
ဆရာ့အတွက် တပည့်က ဦးစားပေးတဲ့သဘောကို
ဦးဇော်က ဆိုလိုချင်တာ ငါ့သား..
ဒီသဘောကို မသိတဲ့အခါ..
တို့နိုင်ငံမှာ တပည့်တစ်ယောက်ဟာ
ပညာလေးနည်းနည်း တတ်သွားတာနဲ့
ဆရာ့ကို ပုန်ကန်ချင်လာတယ်..
ကျော်ချင်လာတယ်..ခွချင်လာတယ်..
သူ့ကို ပညာသင်ပေးထားတဲ့ ဆရာ့ကို
မထီမဲ့မြင် လုပ်လာတော့တယ်..
ဆရာစား ချန်တာ မချန်တာကို အသာထားလို့
ဆရာ့နေရာလေးကိုပါ လုချင်လာပြီး
ဆရာရဲ့ နောက်ကျောကိုပါ ဓားနဲ့ထိုးချင်လာတယ်..
အဲဒီလိုမျိုး သာဓကတွေကို တွေ့ရပါများတော့
ဆရာကလည်း တပည့်မွေးတဲ့အခါ
သူ့အတွက် ဆရာစား ပညာချန်ပြီး
အကုန်မသင်ပေးတော့ဘူး..
ဒီလိုနဲ့
ဂျာအေး သူ့အမေရိုက်သလို
လုံးလည်ချာလည်ရိုက်ပြီး တဖြည်းဖြည်း
နိမ့်ကျကုန်ရတာပဲ..ငါ့သားရေ...''
''အို...မှန်လိုက်တာ ဦးဇော်ရေ...''
''ဒါကြောင့် ဦးဇော်ဒီနေ့ပြောတဲ့
ဆရာစားချန်တယ်ဆိုတဲ့ စကားလေးဟာ
တကယ်တော့ တပည့်တွေက
ဆရာ့ကျေးဇူးကို မမေ့စေချင်လို့
သုံးလိုက်တဲ့ စကားပါသားရေ..
ဆရာ့နေရာကနေ တပည့်တွေကို
ပညာချန်ပြီးသင်ပေးဖို့ မရည်ရွယ်ပါဘူး..''
ဦးဇော်၏ စကားအဆုံးတွင် ကျွန်တော့် ရင်ထဲ
ရှင်းခနဲ ဖြစ်သွားပါတော့သည်။
တပည့်နေရာက သုံးစွဲရမည့်
''ဆရာစားချန်ရမယ်..''ဆိုသော စကားလုံးကို
ကျွန်တော်တို့တွေ ဆရာနေရာက
မှားယွင်းစွာ အသုံးချနေပုံကိုလည်း
လေးနက်စွာ နားလည်သဘောပေါက်သွား၏.။
ကျွန်တော်တို့ အောင်မြင်လာသောအခါ
နေရာတစ်ခုရလာသောအခါ
ကိုယ့်ကို ပခုံးထမ်းတင် မြေတောင်မြှောက်ပေးသော
ဆရာသမားများအတွက်
ဆရာစား ချန်ရပါအုံးမည်...
သို့မဟုတ်
ဆရာ့ကျေးဇူးများကို ဆပ်ရပါအုံးမည်။
ကိုစိုးထိုက်(ဖဒို)
{credit}
Join to Telegram
💎Pi Degital Money Channel⚡
https://t.me/PiDegitalMoney
💎Pi Degital Money Group👥
https://t.me/PiMoneyMyanmar
မသိသူေတွ ေကျာ် သိသူေတွ ေဖာ်စားကြမယ်😋🤳
24/01/2022
🤝မဂ်လာပါခဗျ🤝
_ လူကြီးမင်တို့ရဲ့ ဆိုင်ခန်း၊အိမ်ခန်း၊ကုမ္ပဏီရုံးခန်းများ။
_ ကွန်ဒိုတိုက်ခန်းများ၊လုံးခြင်းအိမ်ယာများ၊လိုင်းခန်းတွဲများကိုလူကြီးမင်းတို့စိတ်တိုင်းကျ၊အိမ်တွင်းလျှပ်စစ်မီးလိုင်းဆိုင်ရာများကိုဈေးနှုန်း သက်သာစွာဖြင့် အိမ်ရောက်ဝန်ဆောင်မူပေးနေပါသည်ခဗျာ။
Ph_09782777563
23/01/2022
Electrical power အိမ်တွင်းလျှပ်စစ်ပြုပြင်ရေး
_လူကြီးမင်းတို့ရဲ့အိမ်တွင်းလျှပ်စစ်ပိုင်ဆိုင်ရာ မီးသီး၊မီးချောင်းလဲခြင်း။
_ မီးလိုင်းအသစ်ပြေးဆွဲခြင်း၊မီးလိုင်းအဟောင်းပြုပြင်ခြင်း။
_ မီးခလုပ်၊socket ပလပ်ပေါက်ပြုပြင်တပ်ဆင်ခြင်း။
_ LED ကပ်မီးမြှပ်မီး၊အသစ်အဟောင်းပြုပြင်တပ်ဆင်ခြင်း။
_ မီးဆိုင်း၊အလှမီးပြုပြင်ဆင်ခြင်းတို့ကို ဈေးနှုန်းချိုသာစွာဖြင့် လူကြီးမင်းတို့စိတ်တိုင်းကျ ဝန်ဆောင်မူပေးပါသည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
ကွေ့မလမ်း
Yangon