Tha Bon
Our "ThaBon Game" is kind of simple, a match puzzle game that everyone has played before. So we encourage you all to play "ThaBon Game" every day.
We profoundly promise that all the profits from this app shall be used for revolution. Let's revolt with us
Tha Bon တို့ကို မေ့နေကြပြီလား?? မမေ့ပါနဲ့ဗျာ။ လက်ရှိမှာ အခြေအနေအရပ်ရပ်ကြောင့် Game အနေနဲ့ ဆက်လက် မရပ်တည်နိုင်သေးပေမယ့် ဖွင့်ပြောပြလိုက်ရင် ပြည်သူလူထုအားလုံးနီးပါး သိလောက်တဲ့ Fundraising Team ကြီးတစ်ခုဆီမှာ Tha Bonတို့ တစ်ဖွဲ့လုံးက အားတက်သရောပါဝင်ပြီး Revolution လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း အသိပေးပါရစေ။ အကြာကြီး ပစ်ထားမိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ။
#သူပုန်နဲ့အတူတော်လှန်ကြရအောင်
မင်္ဂလာပါခင်ဗျာ။
မင်္ဂလာပါဗျ။ သူပုန့်ကို သတိရသေးရဲ့လားခင်ဗျာ။ 🥺
#သူပုန်နဲ့အတူတော်လှန်ကြရအောင်
Tha Bon Game မှာ
ဘယ် Level တွေကိုဆော့ရင်
အချိန်လည်းမစောင့်ရဘဲနဲ့
မြန်မြန်ဝင်ငွေ ရမလဲ။
ဒါဆိုရင်တော့ မပူပါနဲ့။ Time Limitation ရှိတဲ့
Level တွေဖြစ်တဲ့ 5, 16, 25, 35 တို့ကိုသာ
မနားတမ်း ဆော့ပေးပေးပါ။
ကြော်ငြာမြန်မြန်တက်၊ မြန်မြန်ကြည့်ပြီးရင်
ဝင်ငွေ Amount တွေလည်း တိုးပြီး Revolution အတွက် အကျိုးဖြစ်ထွန်းစေမှာပါပဲ။
#သူပုန်နဲ့အတူတော်လှန်ကြရအောင်
16/11/2022
သူပုန်တို့အားလုံးလည်း အကောင်းဆုံးကြိုးစားနေကြပါတယ်။ ကိုယ့်လူတို့ဘက်က နေ့စဥ်မှန်မှန်လေးဝင်ဆော့ပြီး ကြော်ငြာလေးတွေကြည့်ပေးပါနော်။ 🥺🥺
#သူပုန်နဲ့အတူတော်လှန်ကြရအောင်
ညနေခင်းတဖြတ် ဆွဲပေးပါဦး။ 🙆♂️
#သူပုန်နဲ့အတူတော်လှန်ကြရအောင်
မနက်ပိုင်းတဖြတ် ဝင်ဆော့ပေးလို့
တိုက်တွန်းမိရင် စိတ်ဆိုးသွားမှာလားဗျ။ 🥺🥺
#သူပုန်နဲ့အတူတော်လှန်ကြရအောင်
ကဲကဲ အိမ်စာစစ်မယ်ဗျို့။
ဒီနေ့ရော ဆော့ဖြစ်ကြလားဗျ။
အများကြီးမဟုတ်ဘူးလေနော့။
သုံးလေးပွဲလောက်တည်း ဆော့ပေးရုံပါ။
#သူပုန်နဲ့အတူတော်လှန်ကြရအောင်
အရင်လိုပဲ နေ့တိုင်းမှန်မှန်လေး
ပြန်ဆော့ပေးကြပါလားခင်ဗျာ။
သူပုန်တို့လည်း အရင်အတိုင်း
နေ့တိုင်းမှန်မှန် Remind လုပ်မယ်လေဗျာ။
သဘောတူတယ်ဆို
အခုပဲ ဆော့လိုက်ကြစို့လားဗျာ။
08/11/2022
သူပုန်တို့အားလုံး လုံခြုံရေးအခြေအနေကြောင့်
ခဏရပ်ထားရတာပါ။ ဂိမ်းအသစ်လည်း မကြာခင်လာပါတော့မယ်။ အလုပ်တွေရှုပ်လွန်းအားကြီးလို့ အမြန်ဆုံးမလာနိုင်သေးတာကို ခွင့်လွှတ်ပါလို့။
ဒါကတော့ ဂိမ်းအသစ်ရဲ့ Teaser ပါ။ 🥰🥰
သူပုန်တို့ကို မေ့နေကြပြီလား။ 😭😭
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon