Tech4All

Tech4All

Share

This page aims especially for people who interest
in ICT sectors.

08/01/2024

Page က Active ဖြစ်မနေတော့ like လုပ်ထားတဲ့သူတွေမေ့နေလောက်ပြီထင်တယ်။

Scratch နဲ့ပတ်သက်တဲ့ video file တွေတော့တင်ထားတုန်းပါ။

သားသားမီးမီးတို့လေ့လာနိုင်ပါသေးတယ်။

03/09/2023

Hello
Long time no post...

09/12/2022

Hello
အားလုံးဘဲမင်္ဂလာပါ။
ဒီ page လေးကိုပြန် run ဖို့ရှိနေပါပြီ။

07/10/2022

Wishing You a Happy Thadingyut.....

03/08/2022

>> Web Developer _____ ကျား / မ (2) Post

* လစာ - (500000 Ks)above (ညှိနှိုင်း)
* ပညာအရည်အချင်း ကန့်သတ်ချက်မရှိ
* Web Developer (PHP, Java) ပိုင်းဖြင့်အတွေ့အကြုံ (2) နှစ်ဝန်းကျင်
* အသက် ကန့်သတ်ချက်မရှိ
* အလုပ်ချိန် (8:00 Am – 5:00 Pm)
* Sunday ပိတ်သည်
* ကျောက်တံတား မြို့နယ်ရှိ IT Company တွင် တာဝန်ထမ်းဆောင်ရမည်။
* (1.8.2022)မှစပြီး တစ်ပတ်အတွင်း အင်တာဗျူး တိုက်ရိုက် ဝင်ရမည်။
* 09-427564019 သို့ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်။
* Email – [email protected] (or)Vb
*09891263504(သို့)Cvပေးပို့လျှောက်ထားနိုင်ပါသည်
* အင်တာဗျုးအတွက်ရွေးချယ်ခြင်းခံရသူများကို အကြောင်းပြန်ပေးမည်။

26/07/2022

Embedding audio in a HTML5
=========================
ကိုယ့်ရဲ့ web page မှာ audio file ကိုထည့်ချင်တယ်ဆိုရင် browser တွေကဘယ် audio file အမျိုးအစားတွေကို support လုပ်လဲဆိုတာကိုသိဖို့လိုပါတယ်။

နောက်တစ်ခုက audio file ကို play, pause, volume လုပ်ဖို့အတွက် control attribute ကိုထည့်ပေးရမှာဖြစ်ပါတယ်။

နောက်တစ်ခုက autoplay ကို muted လုပ်ထားချင်ရင်တော့ autoplay muted attribute ကိုသုံးရမှာဖြစ်ပါတယ်။ တချို့ browser တွေကတော့ autoplay ကိုခွင့်မပြုပါဘူး။

HTML audio formats (3) မျိုးရှိပါတယ်။
- MP3 (audio/mpeg)
- WAV (audio/wav)
- OGG (audio/ogg)





Your browser does not support the HTML5 audio element.


Browser တွေနဲ့ သူတို့ support လုပ်တဲ့ audio type တွေကိုပုံမှာပြထားပါတယ်။

21/07/2022

Hiring Junior Web Developer (1post)

Location - Kabar Aye
Job Title - Junior web developer

Skill Requirements:
- Php, MySQL, Laravel Framework,
- HTML/CSS, JavaScript, jQuery, Bootstrap,
- Basic knowledge of Restful API

09978862774
[email protected]
[email protected]

19/07/2022

JavaScript မှာ code တွေကို tags ထဲမှာထည့်ရေးရပါတယ်။


JavaScript code


The script tag မှာအရေးကြီးတဲ့ attributes (2) ခုရှိပါတယ်။

- Language attribute: သူကတော့ ဘယ် scripting language ကိုသုံးမလဲဆိုတာကို သတ်မှတ်ဖို့ အတွက်ဖြစ်ပါတယ်။

- Type attribute: သူကတော့ recommended ပေးတဲ့သုံးမယ့် scripting language နဲ့ value setup အတွက်ပါ။ “text/javascript”.


JavaScript code


အောက်မှာပေးထားတဲ့ code ကို java script စစမ်းမယ့်သူတွေအတွက်သာရေးပေးလိုက်တာဖြစ်ပါတယ်။




document.write("Hello World!")

19/07/2022

သားသားမီးမီးတို့အတွက် အရည်အ​သွေးမြင့်စာအုပ်​တွေဝယ်ချင်ရင်​တော့ The Way ကိုသတိရလိုက်ပါ...
က​လေးငယ်တိုင်းအတွက် The Way...❤

🌸🌸မင်မင့်တို့ဆီမှာ
instock ရနိုင်တဲ့ စာအုပ်တစ်ချိူကိုစုပြီးတင်​ပေးထားပါတယ်ရှင်
🌸🌸Instock ဖြစ်လို့ မှာယူပြီး ၃ရက်အတွင်း ပို့​ပေးပါတယ်

Page Messenger မှဆက်သွယ်ဝယ်ယူနိုင်ပါသည်။

🌼🌼mobile banking လက်ခံပါတယ် (% ပိုမယူပါဘူး​နော်)
စာအုပ်​တွေအ​ကြောင်း ပုံ​အောက်မှာ အ​သေးစိတ်​ရေးထား​ပေးပါတယ်ရှင်….

09/07/2022

Responsive Web Design
=================
Web page တွေဖန်တီးတဲ့အခါ “Responsive Web Design” ဖြစ်ဖို့ကလည်း အရေးပါတဲ့ အချက်ဖြစ်ပါတယ်။

ဆိုလိုတာကတော့ ကိုယ်ရဲ့ web page ကို device တိုင်းမှာကြည့်လို့ အဆင်ပြေအောင် ဖန်တီးဖို့ဖြစ်ပါတယ်။

Web page တွေကို desktops, laptop, tablets, phones စတဲ့ screen size မတူတဲ့ အမျိုးမျိုးသော device တွေနဲ့ ကြည့်ကြ/ အသုံးပြုကြတဲ့အခါ ကိုယ့် website ဟာ ကြည့်လို့၊ သုံးလို့ အဆင်ပြေနေမှသာ website ကိုအသုံးပြုသူတွေ အဆင်ပြေမှာဖြစ်ပါတယ်။

Responsive web design ဖြစ်ဖို့ကို အခြား program တွေ၊ JavaScript တွေ မလိုဘဲ အခြေခံအကျဆုံး web development technology တွေဖြစ်တဲ့ HTML နဲ့ CSS အသုံးပြုရုံနဲ့ ဖန်တီးလို့ရပါတယ်။

Screen size မတူတဲ့ device တွေမှာ responsive web design သုံးပြီး web content တွေကို နေရာချထားတာကို အောက်ကပုံ(၃)ပုံ မှာယှဉ်ကြည့်နိုင်ပါတယ်။

Screen size ကြီးတဲ့ desktop computer မှာ ၂ ၃ ၄ (အနီရောင်စက်ဝိုင်းနဲ့ ဘယ်ဘက်အစွန်ဆုံးကပုံမှာပြထားပါတယ်။)ကို ဘေးချင်းယှဉ်ထားပြီး screen size အလတ်စားရှိတဲ့ tablet လို device မျိုးမှာ ၂ နဲ့ ၃ ကိုပဲယှဉ်ထားပြီး ၄ ကို အောက်ချပြီး screen အပြည့် နေရာချလိုက်ပါတယ်။

Screen size အသေးဆုံးဖြစ်တဲ့ phone လို device တွေမှာတော့ ၂ ၃ ၄ ကို အပေါ်အောက် နေရာချပါတယ်။

မတူညီတဲ့ device (၃) မျိုး အတွက် webpage (၃)ခု ရေးစရာမလိုပဲ webpage တခုထဲတွင် responsive web design ကိုသုံးပြီး ဖန်တီးသွားနိုင်ပါသည်။

Web developer တွေအတွက် အသုံးဝင်မှာဖြစ်လို့ Tech4All မှမျှဝေလိုက်ပါတယ်။

08/07/2022

HTML ကိုစပြီးရေးမယ့်သူတွေက html editor ကိုစရွေးရပါမယ်။

အလွယ်ဆုံးကတော့ notepad မှာရေးပြီး .html နဲ့ save ကာ save ထားတဲ့ file ကို double clike နဲ့ run လည်းရပါတယ်။

Visual Studio Code ကတော့ no.1 editor ဖြစ်နေပါတယ်။အဲ့ဒါနဲ့ရေးချင်တဲ့သူတွေကတော့ ဒီ link (https://code.visualstudio.com/download) မှာ ကိုယ့် OS အလိုက် download ချနိုင်ပါတယ်။

အကယ်၍ sublime text မှာရေးချင်တဲ့သူတွေကတော့ https://www.sublimetext.com ဒီ link ကနေ download ချပြီး install လုပ်ပါ။

Install လုပ်ပြီးရင် html code မရေးခင်မှာ Save လုပ်ပါမယ်။ ctrl+s ကိုနှိပ်ပြီး သိမ်းချင်တဲ့နေရာမှာ file_name.html နဲ့သိမ်းပါ။

ဥပမာ index.html

Html ရေးရင် ကြားမှာရေးရပါတယ်။ html ရဲ့ tab တွေမှာ အဖွင့် နဲ့အပိတ် အမြဲပါရပါတယ်။

အဖွင့်အပိတ် tab ကြားမှာ section နဲ့ ကိုထည့်ရေးရပါတယ်။




Web Page


This is my first web page //စာရဲ့ size ကို အကြီးဆုံး size လိုချင်လို့ h1 tab ထဲထည့်ထားတာပါ
How it looks?
It looks Nice!!!



ဒီ code ကို ကိုယ့်ရဲ့ editor မှာ ရေးပြီး .html နဲ့ save ပြီးပြီဆို file ပေါ်မှာ double click or R-clickကနေ open in browser ဆိုရင် ကိုယ့်ရဲ့ default browser မှာပေါ်လာမှာဖြစ်ပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon