O Pile

O Pile

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from O Pile, Writer, Yangon.

05/09/2025

မျက်နှာမမြင်ဖူးတဲ့ တနဂ်နွေနေ့တွေအကြောင်း

‎ချွန်စုတ်ဖွဖြဲလန်နေတဲ့ ဆံပင်တွေ ငါဖြတ်လိုက်တယ် နောက်ပြီး တစ်ပင်မကျန် လျှာနဲ့လျက်ပြီး အိမ်ပြန်သယ်သွားတယ် တန်အောင်

‎သူက လှည်မကြည့်ချင်လောက်အောင် မုန်းတီး ပြတ်သားလွန်းတယ်
‎မျက်လုံးတွေထဲက ဘယ်တော့လောက် မျက်ရည်စ ထွက်လာမလဲဆိုတာ Thai Coffee တစ်ခွက်သောက်ရင်း ငါစောင့်တယ်

‎ထဘီတွေ လှန်းထားတယ် ရေစင်အောင် ညှစ်တဲ့
‎အဖေအမြဲ ပြောတဲ့ စကားက နင်တို့ လူတွေအများကြီးနဲ့ တွေ့ရအုံးမှာတဲ့ အဲ့ကျ ငါပြောတဲ့စကားကို မမေ့နဲတဲ့ အဲ့နောက် သူဘာပြောလည်း မမှတ်မိတော့ဘူး

‎အိမ်ပြန်တိုင်း bus ကား စီးတိုင်း ဓာတ်တိုင်မှာ ရှုပ်ထွေးနေတဲ့ ကြိုးတွေ ငါအမြဲကြည့်တယ်
‎ကိုယ့်ကိုယ်ကို လူကောင်းပါလို့ အတင်းကာရော ဖုံးဖိပြီး ရယ်ပြနေရတာဟာ အဲ့ဓာတ်ကြိုးတွေထက် ပိုစိတ် ရှုပ်စရာကောင်း


11/05/2025

ကျွန်မ သူ့ကို လုံးဝ သဘောမကျတော့ဘူးဆိုတာ သေချာသိသွားတဲ့နေ့က အိမ်မက်ဆိုးတစ်ခုမက်တယ်
အိမ်မက်ထဲမှာ သူ ကျွန်မနားကပ်လာပြီး စကားတိုးတိုးပြောတယ်

" နင်ယုံကြည်ထားသမျှ အကုန်မှားနေတယ် "

တဲ့ ပြောပြီးတာနဲ့ သူကျွန်မ မျက်လုံးထဲ စူးစူးရဲရဲ ကြည့်တယ်
ကျွန်မ ဘဝမှ အသွက်လက်ဆုံး လှုပ်ရှားမှုတစ်ခု အိမ်မက်ထဲမှာ ဖြစ်သွားတယ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို အတိမ်းအစောင်းမရှိ ခပ်သွက်သွက် ချလိုက်ပါတယ် သူ ပုခုံးနှစ်ဖက်ကို ကျွန်မ လက်နှစ်ဖက်နဲ့ အသေအချာဆုတ်ကိုင်ပြီး ချောက်နက်ထဲ ပစ်တွန်းချလိုက်တယ်
ကျွန်မ လန့်နိုးလာတော့ နားထဲ ထပ်ခါတစ်လဲ ကြားယောင်နေတဲ့ စကား

" နင်က အသုံးချလို့ အကောင်းဆုံး နယ်ရုပ်တစ်ခုပဲ "

ဆိုတဲ့ သူရဲ့ စိတ်နဲ့ ပြောထွက်လာတဲ့စကား ကျွန်မချက်ချင်း စိတ်တိုတိုနဲ့ ဧည်ခန်းမှာ ထိုင်နေတဲ့ သူ့ဆီသွားပြီး သေချာ စိုက်ကြည့်လိုက်တယ် သူက အရင်လို သွက်လက်မနေဘူး ကျွန်မကိုလည်း ပြန်မကြည့်ဘူး သူ့နှုတ်ခမ်းကလည်း အရင်လို နွေးထွေးပုံ မပေါ်ဘူး ကျွန်မ သူ့ကို လက်ညိုးထိုးပြီး စကားတစ်ခွန်းပြောလိုက်တယ်

" ငါပိုင်ဆိုင်ဖူးသမျှထဲမှာ နင်က ရွံစရာအကောင်းဆုံး နယ်ရုပ်ပဲ "

လို့ ကျွန်မ ဒေါသဖြေတဲ့အနေနဲ့ အော်ပြောလိုက်တယ် သူက ဘာမှမတုန့်ပြန်ဘူး သူ့ကိုယ်ပေါ်က လောက် တွေကလည်း မတုန်လှုပ်ပြီး သူဘေးနား ဝဲနေတဲ့ ယင်ကောင်တွေပဲ ဟိုဒီပျံဝဲရင်း အလုပ်ရှုပ်နေတယ် ကျွန်မ အော်ပြောပြီး သူ့ကို မျက်စောင်း တစ်ချက်ထိုးလိုက်တယ် သူ့မွေးနေ့မှာ ကျွန်မပေးထားတဲ့ ရွေဆွဲကြိုးနားမှာ လောက်တွေ ယွတ ယွတဖြစ်နေတာကို မြင်ပြီး အန်ချင်လာတာနဲ့ ပြေးအန်လိုက်တယ် အန်နေရင်း ကျောကို လက်တစ်စုံက လာပုတ်နေတာကို ခံစားလိုက်ရတယ်

" ဘေဘီအဆင်ပြေလား ရလား ရေသောက်အုံးမလား "

ကျွန်မ ကြက်သီးတွေ ဖြန်းခနဲထသွားပြီး အနောက်ဘက်ကို ချင်ချင်း လှည့်ကြည့်လိုက်တယ်

" ဘေဘီ ဘေဘီ "

ကျွန်မ ရုတ်တရက် စားပွဲပေါ်မှာ မှောက်အိပ်လျှက်နိုးလာတယ်

" ဘေဘီ အိပ်ချင် အိပ်ယာ သွားအိပ်လေကွာ စားပွဲပေါ်မှာ အိပ်တော့ ဂုတ်နာမယ် "

" အင်း အင်း "

ကျွန်မ အိပ်မှုန့်စုတ်ဖွားနဲ့ ထပြီး သူ့ကို တစ်ချက်ကြည့်လိုက်တော့ သူက သန့်သန့်ပြန့်ပြန့် သေချာဝတ်စားထားတယ်
ကျွန်မ ကြည့်နေတာ သူသတိထားမိတော့

" ကိုယ် သူငယ်ချင်း သဘော်တက်ပွဲသွားမလို့ "

ကျွန်မ မျက်စိမှိတ်ပြီး ခေါင်းငြိတ်ပြလိုက်သည်
သူထွက်သွားပြီးနောက် ကျွန်မ အပေါ်ထပ် ပြတင်းပေါက်ကတစ်ဆင့် အိမ်ရှေ့ကို လှမ်းကြည့်လိုက်တယ် ကားတစ်စီးတံခါးပွင့်လာပြီး အထဲမှ High Heel ဝတ်ထားတဲ့ ခြေထောက်တစ်စုံက ခနထွက်ဟန်ပြုတယ် ပြီးမှ ချက်ချင်း အထဲ ပြန်ဝင်သွားတယ် သူက ရယ်မောလျှက် ကားထဲဝင်သွားတယ်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon