Good Life Myanmar
Healthy Taste
ဒီ product တွေကို ၂၀၁၀ လောက်ထဲကစပြီး အိမ်မှာအသုံးပြုရင်းနဲ့ ၂၀၁၈ မှာ မြန်မာနိုင်ငံမှာပါ အများအပြားစားသုံးနိုင်ဖို့အတွက်ရည်ရွယ်ပြီးလုပ်ဖြစ်သွားတဲ့ products တွေပါ.
24/04/2026
သင်္ကြန်မတိုင်ခင်လေး GoodLife ငံပြာရည်ရလာလို့ ဒီနေ့တော့ မုန့်ဟင်းခါး ရှယ်ချက်စားလိုက်တယ်။ 👍
အချိုမှုန့် ၊ ကြက်သားမှုန့် ၊ ဟင်းရွက်မှုန့်၊ ဘာအမှုန့် မှမသုံးဘဲ GoodLife တစ်မျိုးထဲသုံးထားတဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာအရမ်းကောင်းတဲ့ "ရှယ်မုန့်ဟင်းခါး" 😋 စားကြပါဦး!!
Market Place နဲ့ Makro မှာ GoodLife တွေရှိတယ်နော်!!!
သင်္ကြန် Mood က သိပ်အပြီးမပျောက်သေးတော့ ပုံရိုက်တာ ပိတောက်ပန်းပါ ပါသွားတယ်။ 😁
#ချစ်ခင်သူများနေကောင်းကျန်းမာ
18/04/2026
💛 မိသားစု တိုင်းချစ်ခြင်းမေတ္တာကို နည်းမျိုးစုံနဲ့ ဖော်ပြကြပါတယ်။ 💛
အစားအသောက်များမှတစ်ဆင့် "ချစ်ခြင်းမေတ္တာ" ကို ဖော်ပြခြင်းကတော့ အကောင်းဆုံးပါပဲ။
အစားအသောက်တိုင်းမှာ ပိုမိုကောင်းမွန်သော ပါဝင်ပစ္စည်းများကို ရွေးချယ်ခြင်းအားဖြင့် မိမိချစ်မြတ်နိုးရသူများ အကောင်းဆုံး အစားအစာများကို ဖန်တီးပေးရုံမကဘဲ သူတို့ရဲ့ ကျန်းမာရေးကိုပါ ဂရုစိုက်ရာရောက်ပါတယ်။ 👍
အရသာရှိသော အစားအစာတစ်ခုက... ဂရုတစိုက်ဖြင့် စတင်တာကြောင့်ပါ။ 🏡✨
ဒီနေ့ကတော့ မိသားစု တနင်္ဂနွေနေ့ မို့ အနားယူပြီး well-spent family time ဖြစ်ကြပါစေ။
Good Choice GoodLife
#ချစ်ခင်သူများနေကောင်းကျန်းမာ
16/04/2026
မြန်မာနှစ်သစ် ၁၃၈၈ ခုနှစ် မှစ၍ မြန်မာပြည်သူပြည်သားအပေါင်း ကျက်သရေ
မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ရန်သူမျိုး (၅) ပါး ရန်မှလဲ ကင်းဝေးကြပါစေ လို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ အားလုံးနေကောင်း ကျန်းမာကြပါစေ။
#ချစ်ခင်သူများနေကောင်းကျန်းမာ
14/04/2026
(၁၃၈၇) ခုနှစ်ကုန်လို့ (၁၃၈၈) သို့ကူးပြောင်းခါနီး မဟာသင်္ကြန်ရက်များမှစ၍ အန္တရာယ်အပေါင်းကင်းစင်ပပျောက်၍ ကျန်းမာပျော်ရွှင်ပြီး ရန်သူမျိုး (၅) ပါးရန်မှ ကင်းဝေးကြစေရန် ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်
Makro နဲ့ Market Place မှာ GoodLife product တွေပြန်ရနေပါပြီ
#ချစ်ခင်သူများနေကောင်းကျန်းမာ
10/10/2025
မိခင်ဝမ်းတွင်းရှိနေစဥ်အချိန်ကပင် ကလေးသူငယ်တွင်ဖြစ်လာနိုင်သော ကျောက်ကပ်ရောဂါကို ကာကွယ်နိုင်ပါတယ်။‼️
💢 “အရွယ်ရောက်ပြီးသောသူတို့တွင်ဖြစ်သော ကျောက်ကပ်ရောဂါ” သည် ဆီးချိုရောဂါနှင့် သွေးတိုးကဲ့သို့သော နာတာရှည် မကူးစက်နိုင်သော ရောဂါများကြောင့် ဖြစ်တတ်သည်။ သို့သော် "ကလေးတွင်ဖြစ်သော ကျောက်ကပ်ရောဂါ" ၏အကြောင်းရင်းများကွဲပြားသည်။ကလေးသူငယ်များတွင် ကျောက်ကပ်ရောဂါသည် ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်း၊ ဆီးပြန်တက်ခြင်းနှင့် မျိုးရိုးဆက်ခံသော မွေးရာပါ ကျောက်ကပ်ဆိုင်ရာ ကွဲလွဲမှုများကဲ့သို့သော မွေးရာပါ ကျောက်ကပ်ဆိုင်ရာ မူမမှန်မှုများကြောင့် ဖြစ်ပွားလေ့ရှိသည်။
သင့်ကလေး၏ ကျောက်ကပ်ရောဂါကို ကာကွယ်ရန် မိခင်များသည် အောက်ပါအဆင့်များကို လိုက်နာသင့်သည်-
💙 ၁။ ကိုယ်ဝန်ဆောင်စဉ်အတွင်း သင့်ကလေး၏ အခြေအနေကို အမြဲစောင့်ကြည့်ပြီး ကလေးအတွက် အန္တရာယ်ဖြစ်စေနိုင်သော ဆေးဝါးများကို ရှောင်ကြဉ်ပါ။
💙 ၂။ များအနေဖြင့် မိမိတို့၏ကျောက်ကပ်ရောဂါ လက္ခဏာများကို စောင့်ကြည့်စစ်ဆေးပြီး မူမမှန်မှုတစ်ခုခုကြုံလာပါက ဆရာဝန်နှင့် ချက်ချင်းပြသသင့်သည်။
💙 ၃။ မိမိကလေး ဆီးသွားတိုင်း ဆီးသွားပြီးနောက် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမဖြစ်စေရန် ကာကွယ်ပါ။ ဆီးအောင့်ခြင်း အတင်းညှစ်၍ဆီးသွားခြင်းကို ရှောင်ကြဉ်ပါ။ သဘာဝအတိုင်း ဆီးသွားပါ။
💙 ၄။ သရေစာများ၊ အချိုများ၊ အဆီများသောအစားအစာများနှင့် ငန်သောအစားအစာများကို ရှောင်ကြဉ်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် အဝလွန်ခြင်းမှ ကာကွယ်ပါ။
💁♀️ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် မိမိတို့၏ကျန်းမာရေးနှင့် ရင်သွေးငယ်များကျန်းမာစေရန်အတွက် မိမိကိုယ်ကို ဂရုစိုက်သင့်ပါသည်။ သို့မှသာ ကလေးငယ်များ မျက်လုံးဖွင့်သည့် အချိန်မှစပြီး ကျန်းမာသောကလေးများအဖြစ် ကမ္ဘာကြီးကို မြင်တွေ့ရနိုင်မည်ဖြစ်ပါသည်။💁♀️
#ချစ်ခင်သူများနေကောင်းကျန်းမာ
06/10/2025
ဝါတွင်းပြီးဆုံးလို့ သီတင်းကျွတ်ကာလကို မကြာခင်ရောက်ရှိတော့မှာပါ။ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာဓလေ့ထုံးတမ်းအတိုင်း မိဘ၊ ဘိုးဘွား၊ ဆရာသမား၊ သက်ကြီးရွယ်အိုတွေကို ဂါရဝပြုကြတဲ့ အချိန်အခါမှာ မိမိ ချစ်ခင် လေးစား တန်ဖိုးထားသူတွေ အတွက် အသုံးဝင်မဲ့ အကျိူးများစေမဲ့ ကန်တော့လက်ဆောင်တွေနဲ့ ကန်တော့တာဟာ အကောင်းဆုံးပါ။
ဒီနှစ်မှာတော့ ကန်တော့လက်ဆောင်တွေဝယ်ရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ Good Life Seasoning Product တွေကို လွယ်လွယ်ကူကူနဲ့ ဝယ်ယူလို့ရနေပြီဆိုတာကို သတိရပါ။ ငွေကြေးကုန်ရကျိုးနပ်၊ ကန်တော့ခံလူကြီး ဆရာသမားတွေအတွက်လဲအသုံးဝင်၊ မိမိလဲစိတ်ကျေနပ်ရစေမဲ့ Good Life Product တွေနဲ့ ကန်တော့လိုက်ကြရအောင်
သီတင်းကျွတ်အချိန်အခါမှာ အားလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေ။
#ချစ်ခင်သူများနေကောင်းကျန်းမာ
See less
19/08/2025
🌧️ မိုး၏ အန္တရယ်များ ကို သတိမထားမိတတ်ကြပါ 🌧️
မိုးရာသီ မိုးခဏခဏ ရွာတဲ့အတွက် ရာသီဥတုမပူပြင်းတာကြောင့် အခုနောက်ပိုင်းဆို ဆောင်းရာသီထက်တောင်အေးတယ်လို့ပြောလို့ရပါတယ်။ လူတော်တော် များများလဲ မိုးအေးအေးမှာကွေးရတာကြိုက်ကြပါတယ်။
ဒါပေမဲ့ မိုးတွင်းမှာ လျစ်လျူမရှုသင့်တဲ့ အန္တရယ်တွေရှိတယ်ဆိုတာကို လေ့လာကြည့်ရအောင်!
1️⃣ ရေကြီးခြင်း။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်တယ်။ အထူးသဖြင့် ရေစီးရေလာ မကောင်းသော မြို့များတွင် ရေလျှံမှုများ ဖြစ်ပေါ်နိုင် ရေကြီးမှုကြောင့် အိမ်၊ ဥယျာဉ်တွေပျက်စီးပြီး နေ့စဉ်လူနေမှုဘဝတွေကိုပါ အခက်အခဲတွေဖြစ်စေနိုင်ပါတယ်။
2️⃣ ပိတ်ဆို့မှုများ။ စည်းကမ်းမဲ့ အမှိုက်များပစ်ခြင်းကြောင့် ရေမြောင်းများပိတ်ဆို့ပြီး ရေကျဆင်းခြင်းမရှိဘဲ ရေလွှမ်းမိုးစေနိုင်ပြီး ထိုနေရာများကို လမ်းလျှောက်ဖြတ်သန်းရခြင်းသည်ရောဂါပိုးမွှားများကို ထိတွေ့နိုင်ခြေ ပိုများပါတယ်။ ဝမ်းလျှောခြင်း၊ ဝမ်းပျက်ခြင်းများဖြစ် နိုင်ပါတယ်။
3️⃣ မိုးကြိုးမုန်တိုင်းများ။ မိုးကြိုးပစ်ခြင်းများသည် အန္တရာယ်ရှိပြီး လျှပ်စီးကြောင့် မီးလောင်ခြင်း၊ လျှပ်စစ်ပစ္စည်းများကို ပျက်ဆီးစေစေင်း၊ ဒါမှမဟုတ် လူကိုထိခိုက်ဒဏ်ရာရ၊ သေဆုံးခြင်းအထိ ဖြစ်နိုင်သည်။ ဒါ့ကြောင့် မိုးကြိုးပစ်လျှပ်စီးလက်နေချိန်မှာ အပြင်ထွက်တာကို ရှောင်ကြဉ်ပါ။
4️⃣ မြေပြိုခြင်း။ တောင်ပေါ်၊ မြေပြန့်မတူသော ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုများဖြစ်ပွားကာ နေအိမ်များပျက်စီးကာ မတော်တဆမှုများ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီတော့ အန္တရာယ်များတဲ့ဒေသတွေမှာ သတိထားပြီး အခြေအနေကို စောင့်ကြည့်ကြပါ။
5️⃣ လမ်းချော်မှု။ မိုးများခြင်းကြောင့် မြင်ကွင်းမသဲကွဲခြင်း၊ လမ်းချော်ခြင်း၊ မတော်တဆမှုများဖြစ်ခြင်းတို့ ဖြစ်တတ်သဖြင့် ကားမောင်းရင် အထူးဂရုစိုက်ရပါမယ်။
အားလုံးဘေးကင်းကြပါစေ
#ချစ်ခင်သူများနေကောင်းကျန်းမာ
25/07/2025
သတိမထားမိဘဲ အဆီပို၊ ဝိတ်တက်စေတဲ့ အကြောင်းရင်း (၁၀) ချက် ⁉️
🍞 တာရှည်ခံအောင်လုပ်ထားသော ဝက်အူချောင်းနှင့်အသားလုံးများ၊ trans fats (bad cholesterol)၊ ဆိုဒီယမ်နှင့် သကြားပါဝင်မှုများသော ပြုပြင်ထားသောအစားအစာများကို မကြာခဏစားသုံးခြင်း။
🧃 အချိုရည်/ အားဖြည့်အချိုရည်များ/ နို့လက်ဖက်ရည် မကြာခဏသောက်ခြင်းသည် ဆာလောင်မှုကိုမဖြေရှင်းနိုင်ဘဲ ကိုယ်ခန္ဓာအတွင်း၌ကယ်လိုရီများသာတိုးလာစေနိုင်ပါသည်။
🍚 ထမင်း၊ ကာဗိုဟိုက်ဒရိတ် အလွန်အကျွံစားခြင်း (ဆန်ချော၊ ဂျုံမှုန့်ဖြူများ)သည် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး အဆီအဖြစ် အလွယ်တကူ စုပုံလာစေသည်။
🛋️ အထိုင်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းတို့သည် ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေပြီး ကိုယ်အလေးချိန်တက်ရန် လွယ်ကူစေသည်။
🌙 အိပ်ယာဝင်ချိန်နောက်ကျခြင်း၊ အိပ်ရေးမဝခြင်းက ဆာလောင်မှုကို ထိန်းပေးတဲ့ ဟော်မုန်းတွေ ပုံမှန်မထုတ်လုပ်နိုင်တဲ့အတွက် အချိုနဲ့ ကစီဓာတ်တွေ ပိုစားချင်လာစေပါတယ်။
🤯 စိတ်ဖိစီးမှု stress များခြင်းကြောင့် ခန္ဓာကိုယ်မှ cortisol များထုတ်လွှတ်ရန် လှုံ့ဆော်ပေးသည်။ Cortisol ဓါတ်သည် အချိုနှင့် ဆီကြော်များ စားချင်စိတ်ကို ဖြစ်ပေါ်စေသည်။
🍽️ ခန္ဓာကိုယ်က ဗိုက်ပြည့်ပြီဆိုတာကို ဦးနှောက်ကသိဖို့ 15-20 မိနစ်လောက်ကြာတဲ့အတွက် အစာမြန်မြန်စားခြင်း၊ ကြေညက်အောင် မဝါးခြင်းကြောင့် သတိမထားမိဘဲအလွန်အကျွံစားမိတတ်ပါတယ်။
🧀 သွားရေစာတွေမှာ ကယ်လိုရီအများအပြားပါဝင်တာကြောင့် 😁မကြာခဏ😁 အဆာပြေစားခြင်းကလဲ ဝိတ်တက်စေပါတယ်။
🍻 အရက်၊ ဘီယာ တွေက ကယ်လိုရီများရုံသာမက အဆီလောင်ကျွမ်းမှုကိုလည်း နှေးကွေးစေပြီး ညဥ့်နက်မှ ဗိုက်ဆာစေပါတယ်။
📏 မည်သည့်အခါမှ ကိုယ်အလေးချိန် မတိုင်းတာခြင်းက အလွန်အကျွံဝလာမှ သတိထားမိတတ်ပါတယ်။
တစ်ခါတစ်ရံတွင် ကျွန်တော်တို့ဟာ အချိန်နှောင်းသွားသည်အထိတောင် ဝိတ်တက်လာတာ၊ ကျန်းမာရေးယိုယွင်းလာတာကို သတိမထားမိကြပါဘူး။
💙💙💙 ကျန်းမာရေးကောင်းခြင်းဆိုတာ ကိုယ်တိုင် စတင်မှရမှာပါ။ နေ့တိုင်း ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မမေ့ပါနဲ့။ ပိုမိုကောင်းမွန်သောဘဝအတွက် သင်၏ နေထိုင် စားသောက်မှုကို ဖြည်းဖြည်းခြင်းပြုပြင်ပြောင်းလဲပါ။ 💙💙💙
#ချစ်ခင်သူများနေကောင်းကျန်းမာ
18/07/2025
နိုင်ငံတော် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သော ခေါင်းဆောင်များနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းအား အလေးပြုဂုဏ်ပြုအပ်ပါသည်။
(၁၉) ဂျူလိုင် မမေ့နိုင်ပါ
#ချစ်ခင်သူများနေကောင်းကျန်းမာ
08/07/2025
ယနေ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ မှာ ရဟန်း ရှင် လူ မြန်မာပြည်သူ ပြည်သား အပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံနိုင်ကြပါစေ။
ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားသည် တရားဓမ္မကိုသာဟောပြောခဲ့တဲ့အတွက် ဓမ္မ နှင် အဓမ္မ ကို ခွဲခြားပြီး နားလည်သိရှိနိုင်ကြပါစေ။ ကိုယ်ရော စိတ်ပါကျန်းမာစွာနဲ့ တရားဓမ္မများကို ကောင်းစွာပွားများအားထုတ်နိုင်ကြပါစေ။ ရန်သူမျိုး (၅) ပါးအပေါင်းမှ ကင်းဝေးနိုင်ကြပါစေ။
#ချစ်ခင်သူများနေကောင်းကျန်းမာ
04/07/2025
ဝါတွင်း (၃) လလုံးပဲဖြစ်ဖြစ် တစ်ပတ်မှာ (၁) ရက် ဖြစ်ဖြစ် သက်သတ်လွတ်စားမယ်လို့ စဥ်းစားလိုက်တိုင်းမှာ Good Life ရဲ့ Soy နဲ့ Seasoning sauce တွေကို သတိရနော်!
GoodLife ရဲ့ သက်သတ်လွတ် ဟင်းခတ်အမွှေးအကြိုင် (၂) မျိုးဖြစ်တဲ့ ပဲငံပြာရည်နဲ့ အရသာဆော့စ် ကို ဆိုဒီယမ် 40% လျှော့ထားတာဖြစ်လို့ ကျန်းမာရေးနဲ့လဲ ညီညွတ်ပါတယ်။ Good Life seasoning တွေနဲ့ဆို သက်သတ်လွတ်ကို အရသာရှိရှိ စားနိုင်ပြီလေ။ ဒါကြောင့် မီးဖိုချောင်တိုင်း ဆောင်ထားဖို့ မမေ့နဲ့နော်။
#ချစ်ခင်သူများနေကောင်းကျန်းမာ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Malikha Road, Mayangone
Yangon
11061
Opening Hours
| Monday | 08:00 - 22:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 08:00 - 22:00 |
| Friday | 08:00 - 22:00 |
| Saturday | 08:00 - 22:00 |
| Sunday | 08:00 - 22:00 |