Crazy Drive - Car Knowledge Sharing

Crazy Drive - Car Knowledge Sharing

Share

ကားမောင်းဝါသနာရှင်များအတွက် တန်ဖို

19/11/2022

" #ဈေးပဲမေးရင် ၂၃၀,၀၀၀ ပါ။
#တစ်ကယ်သင်တန်းအပ်ရင် ၃သောင်းလျော့‌ဈေးရယူပါ " #အစီအစဉ် စပါပြီ!!!!!!!

Online ပေါ်က Driving School တွေရဲ့ဈေးနှုန်းအတိုင်းပဲ ပြောင်းလဲသတ်မှတ်ထားပါတယ်ခင်ဗျာ။

______________________________________
#အိမ်အကြိုအပို့အပါ #တစ်ဦးချင်းသီးသန့်
⭐၁ရက် ၁၂၀မိနစ် ၇ရက် = ၂သိန်း၃သောင်းကျပ်။
⭐၁ရက် ၁၂၀မိနစ် ၈ရက် = ၂သိန်း၅သောင်းကျပ်။
_______________________________________
⭐ #သင်မောင်းလိုင်စင် သိီးသန့် ၂သောင်းကျပ်။
⭐သင်တန်းအပ်ရင် သင်မောင်း ၁သောင်းခွဲကျပ်။
_______________________________________

သင်တန်းဈေးစုံစမ်းသီးသန့်ဆိုရင် ပုံမှန်ဈေးအတိုင်း ၂သိန်း၃သောင်းကျပ်ပါ။
❤️🫶သင်တန်းအပ်သွားမယ်ဆိုရင် ၃သောင်းကျပ်လျှော့ဈေးကျပ် ရယူလိုက်ပါ။
အတွင်းသာ။
#သင်တန်းအပ်ရန် ဖုန်း * 09 9566 89279
#သင်တန်းအပ်ရန် ဖုန်း * 09 4014 26024

🫶❤️သင်တန်းအပ်လျှင် လိုအပ်ချက်များ။
(၁)နံမည်
(၂)ဖုန်းနံပတ်
(၃)အိမ်ကြိုပို့လုပ်ရမယ့် နေရပ်လိပ်စာ အကြမ်းမျဉ်း

စသည့် (၃)ချက်ပဲ ပေးရပါတယ်ခင်ဗျာ။

#သင်တန်းကြေးပေးသွင်းရန်။
✅Kpay acc ဖြင့် %ပေးစရာမလိုပဲ အလွယ်တစ်ကူငွေပေးချေနိုင်ခြင်း။
✅ငွေသားတစ်၀က်စီခွဲပြီး ပေးခြေနိုင်ခြင်း။
✅စတတ်သည့်ရက် တစ်ခါတည်းပေးချေမယ်ဆိုရင် #၅၀၀၀လျှော့ဈေး ရယူနိုင်ပါသည်ခင်ဗျာ။

✅🫶အခုတော့ မတတ်သေးဘူး
နောက်နှစ် 2023 မှ မှာတတ်မယ်လို့ စိတ်ကူးထားရင် ....
Viber Phone 09 9566 89279 သို့ စာပို့ပြီး တစ်သက်တာ 30,000ks လျော့ဈေးကဒ်ပြား ရယူထားလိုက်ပါနော် ❤️🙏

________________________________________
#သင်တန်းရုံးခန်းနေရာ။
၃၁/၃၄၄ ဘုရင့်နောင်လမ်း(ကျောင်းလမ်း)
မြောက်ဒဂုံ၊ရန်ကုန်မြို့။
_________________________________________

⭐🙏🫶အခုတော့ #ရန်ကုန်မြို့မှာပဲ service ပေးပါတယ်ခင်ဗျာ။
နောင်နှစ်များမကြာမီ မြန်မာနိုင်ငံအနှံမြို့ကြီးများမှာ service ပေးဖို့ ကြိုးစားနေပါတယ်ခင်ဗျာ။🫶🙏

27/09/2022

Electric Vehicle ကား ၏ ကောင်းကျိုးများ

2040 မှာ တစ်ကမ္ဘာလုံး Electric Vehicle များဖြင့် အစားထိုးနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယနေ့ခေတ်မှာတော့ ကားကုမ္ပဏီ တော်တော်များက လျှပ်စစ်ကားများ ကို အပြိုင်အဆိုင်ထုတ်လုပ်လာကြပါတယ်။

လျှပ်စစ်ကားများ အစားထိုးလာခြင်း ၏ ရည်ရွယ်ချက် နဲ့ ကောင်းကျိုးတွေကတော့
(1) လောင်စာဆီ (ဓာတ်ဆီ,ဒီဇယ်) ဝယ်ယူရန်မလိုအပ်တော့ခြင်းကြောင့် ငွေကုန်သက်သာခြင်း။
(2) အိတ်ဇော မှ ညစ်ညမ်းသော ဓာတ်ငွေ့များထုတ်လွှတ်ခြင်းမရှိတော့တာကြောင့် လေထုညစ်ညမ်းမူကို လျော့နည်းစေပြီး အိုဇုံးလွှာပျက်စီးမှုကြောင့် ကမ္ဘာကြီး ပူနွေးလာခြင်းကို ကာကွယ်နိုင်ခြင်း။
(3) လျှပ်စစ်ကားများကို သုံးစွဲခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ‌ရောက်တာကြောင့် အစိုးရထံမှ အခွန်သက်သာခွင့်ကဲ့သို့ အထူးခံစားခွင့်များ ရယူနိုင်ခြင်း။
(4) အန္တရာယ်ကင်းစွာမောင်းနှင်နိုင်ခြင်း။
မတော်တဆမှု တစ်ခုခုဖြစ်ပါက Battery မှ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ပေးနိုင် တာကြောင့် fuel car များကဲ့သို့ ပေါက်ကွဲလောင်ကျွမ်းခြင်းမှ ကာကွယ်ပေးနိုင်ခြင်း
(5) ကုန်ကျစရိတ်သက်သာခြင်း။
လျှပ်စစ်ကားတွင် လျှပ်စစ်စွမ်းအင်သုံးမော်တာကိုအသုံးပြုထားတာကြောင့် ဓာတ်ငွေ့ကို လောင်ကျွမ်းပြီးလည်ပတ်ရတဲ့ fuel car များ၏ အင်ဂျင်များကဲ့သို့ အင်ဂျင် oil ထည့်ရန် မလိုတော့ပဲ အင်ဂျင် ဂီယာနဲ့ ပတ်သတ်တဲ့ အခြားပြုပြင်ထိန်းသိမ်းမှုများစွာကို လုပ်ဆောင်ရန် မလိုတော့ပါ။ လျှပ်စစ်ကားတစ်စီးရဲ့ အသက်ကတော့ Battery ဖြစ်တာကြောင့် Battery ကောင်းမယ်ဆိုရင် Battery တစ်လုံးရဲ့ သက်တမ်းဟာ အနည်းဆုံး ဆယ်နှစ်ကျော် အသုံးပြုနိုင် မှာဖြစ်ပါတယ်၊၊
(6) Fuel Car များထက် အစိုးရမှ အခွန်ကောက်ခံမှုနည်းပါးခြင်း။
(7) လျှပ်စစ်ကားတွင် အင်ဂျင်မပါပဲ မော်တာကိုသာ အသုံးပြုထားတာကြောင့် ပတ်ဝန်းကျင်ကို ဆူညံသံဖြင့် အနှောက်အယှက်ဖြစ်စေခြင်းမှ ရှောင်ရှားနိုင်ခြင်း။
( နောက်ဆုံးပေါ်ခေတ်မှီတိုးတက်မှုကို ရရှိ ခံစားရခြင်း။

နေ့စဉ်တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ခေတ်နဲ့အညီ ဆီလျှော်စွာ ပြောင်းလဲနေထိုင်တက်ဖို့ကလဲ အရေးပါပါတယ်။

ကဲ EV တွေရဲ့ ကောင်းကျိုးတွေကို သိပြီးသွားပြီဆိုတော့ ကမ္ဘာကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ သင်ကိုယ်တိုင် ခေတ်မှီပြီးငွေကုန်သက်သာ ဖို့အတွက် EV တွေကိုရွေးချယ်ပြီး ကြိုးစားပြောင်းလဲစို့နော်။

တခြားနိုင်ငံတွေမှာတော့ အိမ်မှာ၊ အလုပ်မှာ၊ Public Area တွေမှာ၊ Car Park တွေမှာ အလွယ်တကူ အားသွင်းနိုင်အောင် နှင့် အရေးပေါ်အားသွင်းလို့ရနိုင်မယ့် Charging Stands တွေ ကို အစိုးရနဲ့ ကားကုမ္ပဏီတွေက စီစဉ်ပေးထားတာကြောင့် EV ပြောင်းလဲအသုံးပြုရတာ ပိုပြီးအဆင်ပြေစေပါတယ်၊၊


Knowledge

16/09/2022

မြင်းကောင်ရေ 850 နဲ့ Hemi Hellcat အင်ဂျင်သုံးထားတဲ့ Warlord 6×6 အသစ်
----------------------------
လွန်ခဲ့တဲ့နှစ်က ဖလော်ရီဒါအခြေစိုက် Apocalypse Manufacturing ကနေ 2021 Ram 1500 TRX ရဲ့ 6x6 ဗားရှင်းဖြစ်သော Warlord ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ စတင်မိတ်ဆက်ခဲ့တဲ့အချိန်တုန်းကတော့ RAM ရဲ့ မြင်းကောင်ရေ 702hp ထုတ်လုပ်တဲ့ 6.2-liter supercharged V-8 အင်ဂျင်ကိုပဲသုံးထားခဲ့ပါတယ်။ Stock Alert မှာ $220,999 နဲ့ ယခု Brand New Warlord 6×6 ဟာ အမှန်အကန် ခြောက်ဘီးယက်စနစ်နဲ့ 850-horsepower Hemi Hellcat အင်ဂျင်ပါရှိကာ အကြမ်းတမ်းဆုံးသောလမ်းများမှာ အကောင်းဆုံးစွမ်းဆောင်နိုင်အောင် ဖန်တီးထားတဲ့ machine ဖြစ်ပါတယ်။ သားရေထိုင်ခုံများ၊ tablet infotainment screen, drive mode (၅) မျိုး နဲ့ mega cab space တို့လိုမျိုး ၎င်းရဲ့ ပြိုင်ဘက်ကင်း အတွင်းခန်းဇိမ်ခံပစ္စည်းများက နေ့စဉ် driver ဘဝကို ပြီးပြည့်စုံစေထားပါတယ်။ အပြင်ပိုင်းမှာဆိုရင် green Kevlar shell, ၃၈ လက်မတာယာ, KC မီးဘား၊ powerstrips များနဲ့ ဆင်ထားပြီး ပြိုင်ဆိုင်မှုကိုလွှမ်းမိုးထားပါတယ်။

Credit photos.

Ga Mone Pwint (GMP) Motors

12/09/2022

Queen Elizabeth ll. 1926-2022. RIP

11/09/2022

Tesla Electric Car တက်ဆယ်လာ လျပ်စစ်ကားပါ။ သူငယ်ချင်းကားပါ။ လျပ်စစ်တမျိုးထဲကိုဘဲသုံးတဲ့ကားပါ။ ဓာတ်ဆီအင်ဂျင်တွဲဖက်သုံးတာမပါပါဘူး။ ပထမဆုံးစီးဖူးတာပါ။ မော်တာနဲ့ဆိုတော့ ဆွဲအားကောင်းပါ့မလားလို့ထင်ခဲ့မိတယ်။ အတော်ဆွဲအားပြင်းပါတယ်။ တမဟုတ်ခြင်းအရှိန်မြင့်တက်သွားနိုင်ပါတယ်။
နောက်တခုက Auto Pilot အလိုလျောက်မောင်းနှင်နိုင်ပါတယ်။ လူကမောင်းစရာမလိုပါဘူး။ မောင်းသူမဲ့ သို့မဟုတ် အလိုအလျောက်မောင်းတဲ့ကားကိုပထမဆုံးစီးဖူးတာပါ။ အလိုအလျောက်မောင်းနှင်တဲ့ခလုပ်ကိုနှိပ်လိုက်တဲ့အခါ၊ ကားက လမ်းရဲ့သတ်မှတ်ထားတဲ့မိုင်နှုန်းအတိုင်း၊ နောက်ပြီးရွေ့လျားနေတဲ့ ယဉ်ကြောရဲ့မိုင်နှုန်းအတိုင်း လမ်းတွေကိုကွေ့ကောက်ပြီး အလိုအလျောက်မောင်းနှင်ပါတယ်။ လူက ဘာမှလုပ်စရာမလိုပါဘူး။ စစီးကာစဆိုတော့နည်းနည်းတော့စိုးရိမ်မိပါတယ်။

မီးပွိုင့်တွေမှာလည်းသူ့အလိုလိုရပ်ပါတယ်။ မီးပွိုင့်စိမ်းရင်လည်း သူ့အလိုလိုထွက်ပါတယ်။ ၃၆၀ ဒီဂရီ တပတ်လည်လုံး ကားကမြင်နိုင်ပါတယ်။
သေခြာပြန်တွက်ကြည့်တော့ လျပ်စစ်ကားဟာ လုံခြုံမှုပိုရှိပါတယ်။
အရှိန်မြင့်လီဗာကို လွှတ်လိုက်တာနဲ့ ချက်ခြင်းသူ့အလိုလို အရှိန်လျော့ကျသွားပါတယ်။ ဘရိတ်နင်းစရာမလိုပါဘူး။ သိပ်အရှိန်များလို့ ချက်ခြင်းရပ်ချင်ရင်သာဘရိတ်နင်းဖို့လိုပါတယ်။ ရှေ့ကား၊ ဘေးကကားတွေနဲ့ နီးကပ်လာရင်အချက်ပေးပါတယ်။
ဇီဝလောင်စာမသုံးရဘဲမောင်းနှင်နိုင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်အတွက်အလွန်ကောင်းပါတယ်။
မကြာမီအခုလိုကားတွေတွင်တွင်ကျယ်ကျယ်ဖြစ်လာမယ်လို့ထင်ပါတယ်။ နောင်လာမယ့် လေးငါးဆယ်နှစ်မှာ ဓာတ်ဆီကားတွေပျောက်သွားနိုင်ပါတယ်။ အမှတ်တရသိမ်းထားချင်တယ်ဆိုရင်လည်း အိမ်က ဓာတ်ဆီကားတွေကိုသိမ်းထားနိုင်ပါတယ်။ ဥပဒေပြဌာန်းလို့ဖြစ်စေ၊ အထောက်ပံပစ္စည်းတွေမရနိုင်တော့လို့ဖြစ်စေ ဓာတ်ဆီကားတွေကို အသုံးမပြုတော့အောင်အနာဂတ်မှာလုပ်လာနိုင်ပါတယ်။
လျပ်စစ်ကားရဲ့လာလောဆယ်အားနည်းချက်ကတော့ ဘက်ထရီဟာ မိုင် ၂၀၀ အထိဘဲသွားနိုင်ပါတယ်။ မိုင် ၂၀၀ မှာထပ်ဖြည့်ဖိုလိုအပ်ပါတယ်။ နေရာတိုင်းမှာ ဘက်ထရီအားသွင်းတဲ့နေရာတွေမပေါများသေးပါဘူး။ ဒါကြောင့်အခု သမတ ဘိုင်ဒင်အစိုးရလက်ထက်မှာ ဒီအခြေခံအဆောက်အဦးတွေပြောင်းလဲဖို့လုပ်နေတာပါ။
အစီစဉ်ကတော့ ကားလမ်းတွေမှာ အလိုအလျောက် သံလိုက်ဓာတ်နဲ့ ဘက်ထရီတွေဖြည့်တဲ့စနစ် ကိုလုပ်သွားမယ်လို့သိထားရပါတယ်။ ကားမှာဘက်ထရီလိုရင် လမ်းမှာတပ်ဆင်တဲ့ အလိုအလျောက်ဘက်ထရီဖြည့် ကရိယာတွေကနေဖြည့်ပေးသွားတဲ့စနစ်အထိလုပ်မယ်လု့ိဆိုပါတယ်။
လောလောဆယ်တော့ လမ်းဘေးနဲ့ ဓာတ်ဆီဆိုင်လိုနေရာတွေမှာ ဓတ်ကြိုးနဲ့သွယ်ပြီး ဘက်ထရီအလွယ်တကူဖြည့်နိုင်ဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ လက်ရှိဓာတ်ဆီကားတွေလည်း မိုင် ၂၀၀ လောက်ဘဲဓာတ်ဆီမဖြည့်ဘဲအလွန်ဆုံးမောင်းနိုင်တာပါ။
ဓာတ်ဆီမသုံးတော့ရင် သဘာဝပတ်ဝန်းကျင်အတွက်တော်ကောင်းကျိုးရှိလာနိုင်မှာဖြစ်သလို၊ ရေနံနဲ့ဓာတ်ဆီတွေကြောင့် ချမ်းသာကြွယ်ဝပြီး ပြဿနာတက်နေရတဲ့ဒေသတွေမှာလည်းတော်လေးပြောင်းလဲမှုရှိလာနိုင်မယ်လို့မျှော်လင့်ရပါတယ်။

မြန်မာပြည်သူတွေဟာ အိမ်မှာသုံးတဲ့ ကြိုးဖုန်းကိုတောင် အိမ်တိုင်းလူတိုင်းမသုံးဖူးပေမယ့် စွမ်းရည်မြင့်တယ်လီဖုန်းတွေဖြစ်တဲ့ စမတ်ဖုန်းတွေကိုခုန်ပျံကျော်လွှားပြီးသုံးခွင့်ရခဲ့ပါတယ်။ အခု မြန်မာပြည်မှာ ရေနံချက်စက်ရုံတောင်မဆောက်နိုင်ပေမယ့်၊ လျပ်စစ်ကားတွေစီးနိုင်တဲ့ အချိန်တော့ရောက်လာနိုင်ပါတယ်။

မှတ်ချက်။။ ။ကားဈေးကြီးမိထားသူများမငိုရ

ချစ်ခင်စွာဖြင့်

Crd

ဇော်မိုးကျော်။
၁၄၊ ၁၁၊ ၂၀၂၁

Photos from Crazy Drive - Car Knowledge Sharing's post 06/09/2022

ကားမှာပါတဲ့ အရေးကြီးတဲ့ Safety Lock (3) မျိုး

ကျနော်တို့လက်ရှိ အသုံးပြုနေတဲ့ ကားတွေဟာ ခေတ်မီနည်းပညာသုံး ကားတွေဖြစ်ပြီး ဟိုးအရင် ခေတ်ဟောင်း ကားတွေနဲ့မတူ မော်တော်ယာဉ်အတွက်ရော ကားမောင်းသူအတွက်ပါ အန္တရာယ် ကင်းရှင်းရေး နည်းပညာတွေကို တီထွင်အသုံးပြုနေကြပါပြီ ။ ဒီနေ့တင်ပြပေးချင်တဲ့ ကားမှာပါတဲ့ Safety Lock သုံးမျိုးကတော့ ကားမောင်းသူ တယောက်တည်း အတွက်မဟုတ်ဘဲ ကားမှာလိုက်ပါစီးနင်းနိုင်တဲ့ ကားမောင်းသူရဲ့ မိသားစု၀င် (အဓိက အားဖြင့် ကလေးတွေ) တွေအတွက် အထူးပြုလုပ် ထည့်သွင်း ထားတဲ့ Safety Lock လေး ၃ မျိုးပါ ။

1. Child Lock
Child Lock ဆိုတာကတော့ ကားတံခါးကို အတွင်းကနေ ဖွင့်မရဘဲ အပြင်ကနေပဲ ဖွင့်ရအောင် လုပ်ထားတဲ့ Lock လေးတခုပါ ။ ဒီ Lock လေးအကြောင်း မသိတဲ့ သူတော်တော်များများ ၊ ကားရေဆေးရင်း ဖြစ်ဖြစ် သန့်ရှင်းရေး လုပ်ရင်းဖြစ်ဖြစ် ဒီ Lock လေး မတော်တဆနှိပ်မိလို့ Lock ကျသွားတဲ့အခါမှာ ကားတံခါးကို အတွင်းကနေ ဖွင့်မရတော့ဘဲ အပြင်ကနေပဲ ဖွင့်ရတော့လို့ ကား၀ပ်ရှော့တွေ သွားပြတာမျိုးကြုံရ တတ်ပါတယ် ။
Child Lock ဆိုတဲ့ အရာကို ကားမှာ မှ မဟုတ်ဘဲ နေရာတော်တော်များများမှာ အသုံးပြုကြပါတယ် ။ အဓိက ကတော့ ကလေးသူငယ်တွေရဲ့ စူးစမ်းစိတ်ကြောင့် မတော်တဆ ထိခိုက်အန္တရာယ်တွေ မကြုံရလေ အောင် ကာကွယ်ဖို့အတွက် တီထွင်ဖန်တီးထားတဲ့ အရာတွေပါ ။ကားမောင်းနေတဲ့အချိန် ဖြစ်ဖြစ် ၊ ကားလမ်းဘေးမှာ ရပ်ထားတဲ့ အချိန်ဖြစ်ဖြစ် ကလေးသူငယ်တွေ ကားနောက်ခန်းထဲမှာရှိနေတဲ့အချိန် ကားတံခါးကို မတော်တဆ ဆွဲဖွင့်လိုက်မိရင် ၊ ကားတံခါးပွင့်သွားပြီး နောက်က ကားတွေနဲ့ တိုက်မိတာ ၊ ကလေးပြုတ်ကျတာ ၊ ယာဉ်မတော်တဆ မှုတွေဖြစ်တာ အစရှိတဲ့ အန္တရာယ် အမျိုးမျိုး ကြုံရနိုင်ပါတယ် ။ ဒါကြောင့် ဒီ Child Lock ဆိုတာလေးကို တီထွင်အသုံးပြုခဲ့ကြတာပါ ။
ဒီ Child Lock ဆိုတာလေးကို 1949 ခုနှစ်မှာ Joseph M. Schumann ဆိုတဲ့ လူက စတင်တီထွင်ခဲ့တာပါ ။ 1985 ခုနှစ်မှာတော့ အမေရိကန်နိုင်ငံမှာ ထုတ်လုပ်တဲ့ ကားတွေကို Child Lock မဖြစ်မနေ ထည့်သွင်းတပ်ဆင်ရမယ် ဆိုတဲ့ ဥပဒေထုတ်ပြန်ပြီး စတင်အသုံးပြုခဲ့ကြတာပါ ။
ဒီ Child Lock လေးအသုံးပြုပုံက ရိုးရှင်းပါတယ် ။ တချို့ Child Lock တွေက အပေါ်အောက် တွန်းတင် တွန်းချ လို့ရတဲ့ ခလုတ်လေးနဲ့ ပြုလုပ်ထားပြီး ၊ အောက်ကို တွန်းချထားရင် Child Lock လုပ်ထားတာ ( အတွင်းကနေ ဖွင့်မရ အပြင်ကဖွင့်ရသည် ) ၊ အပေါ်ပြန်တွန်းတင်ရင် Unlock ပါ ( အတွင်းရော အပြင်ကနေပါ ဖွင့်ရသည် ) ။ ပုံမှာ လေ့လာကြည့်လို့ရပါသည် ။


တချို့ကားအမျိုးအစားတွေရဲ့ Child Lock တွေကတော့ ကားသော့နဲ့လှည့်ပြီး အဖွင့်အပိတ်လုပ်ရတဲ့ အမျိုးအစား Child Lock တွေဖြစ်ပြီး Driver ကနေ အဖွင့်အပိတ် ထိန်းချိုပ်နိုင်တဲ့ Electronic စနစ်သုံး Child Lock တွေလည်းရှိပါတယ် ။

ကိုယ်က ကားမောင်းသူ တယောက်ဖြစ်ပြီး ၊ ကိုယ့်ကားမှာ ကလေးတွေလိုက်ပါစီးနင်းတတ်တယ်ဆိုရင် ကားမှာရှိတဲ့ Child Lock လေးတွေ အလုပ်လုပ်မလုပ် စမ်းသပ်စစ်ဆေးထားသင့်ပါတယ် ။
ဘာပဲဖြစ်ဖြစ် ကားတံခါး အတွင်းကနေ ဖွင့်မရဘဲ အပြင်ကနေပဲ ဖွင့်ရတာမျိုးကြုံနေတယ်ဆိုရင် ဒါကားမှာပါတဲ့ Child Lock ဆိုတဲ့ Saftey feature လေး တခုဆိုတာ သတိရပေးစေလိုပါတယ် ။

2. Power Window Lock

အခုရှင်းပြချင်တဲ့ နောက်တဲ့ Safety Lock တမျိုးက Power Window Lock ပါ ၊ ဒီ Power Window Lock ဆိုတာကတော့ ကားမောင်းသူဖက်ခြမ်းက Power Window ကလွဲလို့ ကျန်တဲ့ တခါးတွေ မှန်အတင်အချ လုပ်မရအောင် ထိန်းချုပ်ထားတဲ့ Safety Lock လေးတခုပါ ။ ကားမောင်းသူဖက်ခြမ်းမှာ ရှိတဲ့ မှန်တင်မှန်ချ Main Switch မှာပါပြီး အဲ့ဒီ ခလုတ်လေး နှိပ်ထားလိုက်ရင် ကားမောင်းသူဖက်ခြမ်းက မှန်တချပ်ကလွဲလို့ ကျန်တဲ့တခါးပေါက်တွေက မှန်တွေအကုန် အတင်အချ လုပ်မရတော့ပါဘူး ။
သူရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အပေါ်က Child Lock လိုပါပဲ ကလေးတွေ ကားထဲမှာ စီးနေတဲ့အချိန် မှန်အတင်အချ ခလုတ်တွေကို ကစားတာ ၊ မှန်ပိတ်ထားတဲ့အချိန် မှန်တင်မှန်ချ ခလုတ်ပေါ်ကို ရပ်မိလို့ မှန်တခါးမတော်တဆ ပွင့်သွားတာ ၊ မှန်ကိုဖွင့်ပြီး ခေါင်းတို့ လက်တို့ အပြင်ကို ထုတ်တာ အစရှိတဲ့ အန္တရာယ်ရှိတဲ့ အပြုအမူတွေကို ကာကွယ်ဖို့တီထွင်ဖန်တီးထားတာပါ ။

အပေါ်မှာပြောခဲ့တဲ့ Child Lock လိုပါပဲ ၊ ကိုယ့်ကားရဲ့ နောက်ခန်းထဲမှာကလေးတွေ အမြဲလိုက်ပါ စီးနင်းတတ်တယ်ဆိုရင် အဲ့ဒီ Power Window Lock လေးတွေ ကောင်းမကောင်း အမြဲစစ်ဆေးပြီး ၊ ကလေးတွေ အန္တရာယ်ကင်း ဘေးရှင်းဖို့ ဒီ Safety Feature လေးကို သုံးစွဲသင့်ပါတယ် ။

ကားမှန်တင်မှန်ချတွေ Driver Side ကလွဲလို့ ကျန်တဲ့ တံခါးတွေ မှန်တင်မှန်ချ လုပ်မရဘူးဆိုရင် ဒီ Power Window Lock လေးကို သတိရပြီး အပိတ်အဖွင့်လုပ် စစ်ဆေးကြည့်သင့်ပါတယ် ။

3. Shift Lock
Shift Lock ဆိုတာကလည်း ကားအတွက် အရေးကြီးတဲ့ Safety Lock လေးတခုပါပဲ ၊ သေချာရှင်းပြရရင်တော့ ကားမောင်းသူတိုင်း နေ့စဉ်အသုံးပြုနေပြီး သတိမမူမိတဲ့ Lock လေးတခုပါပဲ ။ ကားကိုစက်စနှိုးလိုက်တယ် ၊ ကားစက်နိုးသွားတယ်ဆိုရင် ရှေ့သွားဖို့ Gear Position ( P ) ကနေ (D) ကို ထိုးတော့မယ်ဆို ဘရိတ်ကို နင်းမယ် ၊ ပြီးရင် Shift Lever ( ဂီယာတံက ) ဘု လေးကို နှိပ်ပြီး ထိုးမှ ဂီယာထိုးရပါတယ် ။ ကား Shift Lever က P ( Parking ) မှာရှိနေတဲ့အချိန် ဘရိတ်မနင်းဘဲ ဂီယာဘုပဲ နှိပ် ဂီယာထိုးကြည့်ရင် ဂီယာထိုးမရပါဘူး ။


ဘာကြောင့် အဲ့ဒီလို လုပ်ထားရတာလဲဆိုရင်တော့ အပေါ်မှာ ပြောခဲ့သလို Safety Feature ကြောင့်ပါပဲ ။ ကားပေါ်မှာ ကလေးတယောက်ယောက် ရှိနေမယ် ၊ ကားကလည်း စက်နှိုးထားမယ် ၊ ကားမောင်းသူ ကလည်း အပြင်ကိုထွက်နေတဲ့အချိန် ကလေးက ဆော့ကစားပြီး Shift Lever က ဘုကိုနှိပ်ပြီး Gear Position တွေ လိုက်ကစားလိုက်ရင် ကားက ဂီယာ၀င်ပြီး အကုန်၀င်တိုက်မိ အန္တရာယ် တွေ ဖြစ်နိုင်ပါတယ် ။
ဒါကြောင့် ကား Shift Lever (ဂီယာတံ) ကို P (Praking) နေရာကနေ အလွယ်တကူ ရွှေ့မရအောင် Shift Lock Solenoid လေးနဲ့ထိန်းပေးထားပါတယ် ။ Shift Lock Solenoid လေးက ဖွင့်ပေးမှ ဂီယာတံက P (Parking) နေရာကနေ အခြားဂီယာတွေကို ထိုးလို့ရပါတယ် ။
Shift Lock Solenoid လေးကိုတော့ သော့ဖွင့်လိုက်တာနဲ့ (IG) အပေါင်း (+) Voltage ရောက်အောင် လုပ်ထားပြီး နောက်ထပ် လိုအပ်တဲ့ အနှုတ်စ (-) ကိုတော့ ECU ကနေ ပေးပို့ပါတယ် ။
ECU ကနေလည်း ဒီအတိုင်းပို့မပေးဘဲ Gear Position က (P) မှာရှိရမယ် ၊ နောက်ထပ် Brake လည်း နင်းထားရမယ်ဆိုတဲ့ အချက် နှစ်ချက်ညီမှ ECU ကနေ အနှုတ် Signal ထုတ်ပေးပြီး Shift Lock Solenoid ကိုဆွဲစေကာ Shift Lever ( ဂီယာ ) ဘုကိုနှိပ် ဂီယာထိုးရစေပါတယ် ။
ဒါက Shift Lock ဆိုတဲ့ ဂီယာလက်တံ ရွှေ့ပြောင်းတဲ့ စနစ်ပါ ။ Shift Lock စနစ်က ဒီလို ထိန်းချုပ်ထား တာမို့ သူ့ပုံမှန်အတိုင်းဆို ဘရိတ်နင်းမှ ဂီယာလက်တံရွှေ့ရတာမို့ ဘာအန္တရာယ်မှ မရှိပါဘူး ။

ဒါပေမယ့် တချို့ချို့သော ကားတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ECU ကနေ လာမယ့် အနှုတ် (-) Signal ကြိုးကို Ground Direct ချထားတာတွေ ရှိတတ်ပါတယ် (ဒါမျိုး Ground တိုက်ရိုက် ချထားတဲ့ ကားတွေ ကျနော်ကိုယ်တိုင် မကြာမကြာတွေ့ရပါတယ် ) ။ ဒီလို Ground တိုက်ရိုက်ချထားတဲ့အတွက် Shift Lock Solenoid က သော့ဖွင့်တာနဲ့ ဆွဲနေပြီး ဘရိတ်နင်းစရာမလိုဘဲ ဂီယာဘုနှိပ် ဂီယာထိုးရနေပါပြီ ။
အဲ့လို့လုပ်ထားတဲ့ဟာမျိုးနဲ့ ဆော့တတ်ကစားတတ်တဲ့ ကလေးနဲ့သွားတွေ့ရင် ကားစက်လေးနှိုး (Idle) လေးနဲ့ လုပ်ထားချိန် ၊ ကလေးက ဂီယာလက်ကိုင်ဘုနှိပ် ဂီယာထိုးလိုက်ရင် ဂီယာ၀င်သွားပြီး ပြဿနာ အကြီးကြီး တက်သွားနိုင်ပါတယ် ။

ဒါကြောင့် ကလေးတွေအမြဲစီးတတ်တဲ့ ကားမောင်းသူတွေ ကားပိုင်ရှင်တွေအနေနဲ့ ကိုယ့်ကားမှာရှိတဲ့ Shift Lock စနစ်ကောင်းလားဆိုတာ ကိုယ်တိုင်စစ်ဆေးကြည့်သင့်ပါတယ် ။
ကားကို Gear Position (P) မှာထားပြီး သော့ဖွင့် ၊ Brake မနင်းဘဲ ဂီယာလက်ကိုင်ဘုကို နှိပ်ပြီး ဂီယာထိုးကြည့်ပါ ၊ ဂီယာထိုးမရဘူးဆိုရင် Shift Lock စနစ်အသက်၀င်နေပြီး အန္တရာယ်ကင်းပါတယ် ။ အဲ့ဒီလိုမဟုတ်ဘဲ ဘရိတ်နင်းစရာမလိုဘဲ ဂီယာထိုးရနေတယ်ဆိုရင်တော့ တခုခုချို့ယွင်းနေပြီမို့ ကျွမ်းကျင်၀ပ်ရှော့တွေမှာ အမြန်သွားရောက်စစ်ဆေးရမှာဖြစ်ပါတယ် ။

Shift Lock Release Button
ဒါကတော့ ဂီယာလက်တံ ရွှေ့မရဖြစ်တတ်တဲ့အခါ Emergency အနေနဲ့ ဂီယာလက်တံရွှေ့ရအောင် လုပ်ထားတဲ့ ခလုတ်လေးပါ ။ ကားမောင်းဖို့ စက်နှိုးပြီး ဂီယာလည်းထိုးရော ဂီယာလက်တံက ရွှေ့မရတော့ဘူး P ( Parking ) နေရာမှာပဲ ရှိနေတယ်ဆိုရင် ဒီ Shift Lock Release Button လေးကို Emergency အနေနဲ့ အသုံးပြုပြီး Gear Position တွေပြောင်းလဲရနိုင်ပါတယ် ။
ဂီယာသင်္ကေတ P, R, N, D, 2 စတဲ့ဂဏန်းတွေရဲ့ အပေါ်မှာ ဘေးမှာရှိတတ်ပါတယ် ။ တချို့အမျိုးအစား ကားတွေမှာ ဘုလေးတွေအဖြစ်ရှိနေပြီး ၊ တချို.ကားတွေမှာတော့ သော့တို့ ၊ ၀က်အူလှည့်တို့နဲ့ ထိုးမှ ရတဲ့ အချိုင့်လေးတွေ ထဲမှာ တည်ရှိတတ်ပါတယ် ။ ပုံမှာကြည့်နိုင်ပါတယ် ။



ဂီယာလက်တံ ရွှေ့မရတာမျိုးတွေကတော့
1. Brake Switch တွေပျက်တာ ၊
2. ကြိုးလိုင်းတွေပျက်တာ
3. Shift Solenoid ပျက်တာ အစရှိသဖြင့် အမျိုးမျိုးရှိတတ်ပါတယ် ။
ကားမောင်းဖို့ စက်နှိုးပြီး စစထွက်ဖို့ ကားဂီယာထိုးမရတော့ဘူး ဆိုတဲ့အချိန် ဘရိတ်နင်း ဒီခလုတ်လေးကို ဖိထားပြီး ဂီယာကို D ရွှေ့ရသလို ( ဒါမှမဟုတ် ) ကားကို တနေရာရာမှာ ရပ်ထားပြီး သော့ဖွင့်မရ စက်နှိုး မရတော့တဲ့အချိန် ကားကိုနေရာရွှေ့ဖို့ လိုလာတယ်ဆိုရင် ဒီ Shift Lock Release Button လေးကို နှိပ်ပြီး ကားကို N ( Neutral ) မှာထားပြီး ကားကိုတွန်း ရွှေ့လို့ရပါတယ် ။

ဒါလေးတွေကလည်း ကားမှာပါတဲ့ Safety Lock လေးနဲ့ ဆက်စပ်ပြီး သိသင့်သိထိုက်တဲ့ အရေးကြီး အချက်လေးတွေပါ ။ ဒီအချက်လေးတွေကို သိထားခြင်းဖြင့် မတော်တဆ ကြုံတွေ့လာရရင် ကိုယ်တိုင် ဖြေရှင်းနိုင်ပြီး ဘေးအန္တရာယ်ကင်းရှင်းမှာဖြစ်ပါတယ်။

စာဖတ်သူ မိတ်ဆွေညီကိုမောင်နှမ များအားလုံးနည်းပညာ ဗဟုသုတ ကြွယ်ဝကြပါစေခမျာ ။

Credit Original upload

30/08/2022

🤍LBGN🤍

https://fb.watch/fdYx_t3vrv/

Photos from Crazy Drive - Car Knowledge Sharing's post 29/08/2022

Bentley ရဲ့ သမိုင်းမှာ အစွမ်းထက်ဆုံးကား Mulliner Batur
-------------------------
Mulliner Batur အသစ်ဟာ Bentley ဖန်တီးဖူးသမျှထဲမှာ အစွမ်းထက်ဆုံး ကားဖြစ်ပါတယ်။ all-electric future သို့မကူးပြောင်းမီ brand ရဲ့ နောက်ဆုံး internal combustion အင်ဂျင်ကားများထဲက တစ်ခုဖြစ်သလို Bentley အနေနဲ့ ပေါက်ကွဲသံကြီးကြီးနဲ့ အပြင်သို့ထုတ်ပြချင်တဲ့ ဆန္ဒတစ်ခုလည်းဖြစ်ပါတယ်။ Bentley Mulliner Batur မှာ 6-liter twin-turbo W12 အင်ဂျင်သုံးထားပြီး မြင်းကောင်ရေအား 730 hp ကျော် ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ အစီးရေ ၁၈ စီးသာ ထုတ်လုပ်သွားဖို့ကန့်သတ်ထားပြီး Bali မှာရှိတဲ့ မီးတောင်ပေါက်ဝ အမည်ကိုပေးထားပါတယ်။ Bentley ကနေ အလွန်တိကျတဲ့အကြောင်းပြချက်နဲ့ ၎င်းကိုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ကားရဲ့ အပြင်ပိုင်းဟာ မီးတောင်ဝန်းရံထားတဲ့ ရေကန်လိုမျိုး သေးငယ်ပြီး peaceful ဖြစ်တဲ့ ပုံစံရှိသော်လည်း အတွင်းပိုင်းမှာတော့ ၎င်းနဲ့ဆန့်ကျင်ဖက် မီးတောင်တစ်ခုရဲ့ မာန်ဖီနေသလိုမျိုးဟန်ပန်နဲ့အလိုက်ဖက်ဆုံး ဖြစ်အောင် ကျယ်လောင်တဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားပါတယ်။ မီးတောင်ပေါက်ဝလို့ အမည်ပေးထားတဲ့အတွက် အတွင်းပိုင်းကို အနီရောင်, လိမ္မော်ရောင်တောက်တောက် အများစုနဲ့ ဖန်တီးထားပါတယ်။ တကယ်တော့ ဒီဇိုင်နာများကနေ ကားတစ်စီးမှာ အသုံးပြုဖူးသမျှ အထူးခြားဆုံးပစ္စည်းများထဲမှ တစ်ခုကို အသုံးပြုခဲ့ကြပါတယ်။ အဲ့တာကတော့ တံခါးရဲ့အတွင်းပိုင်းမှာရှိတဲ့ ပစ္စည်းကို ကော်ဖီစေ့တွေနဲ့ ဖန်တီးထားတာပါ။ ၎င်းထက်ပိုထူးခြားတာကတော့ start-stop ခလုတ်ကို 3D ရိုက်နှိပ်ထားသော 18k ရွှေဖြင့် ဝန်းရံထားတာကိုတွေ့ရမှာပါ။ ဒါ့အပြင် ဒက်ရှ်ပေါ်မှာ ယာဉ်မောင်းအား သတိပေးဖို့အတွက် W12 အင်ဂျင်ရဲ့ အသံလှိုင်းတစ်ခုလည်းပါဝင်ပါတယ်။ Bentley ကနေ ကားပိုင်ရှင် ၁၈ ဦးအတွက် သီးသန့်အိပ်အိတ်များကို ဖန်တီးခဲ့ပြီးအဆိုပါအိတ်တွေကို ရှေ့ grille နဲ့ လိုက်ဖက်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ အဆိုပါဒီဇိုင်းအင်္ဂါရပ်များကို ၎င်းရဲ့ အနာဂါတ် EVs များမှာ အသုံးပြုသွားမှာဖြစ်ကြောင်း Bentley ကနေပြောကြားခဲ့ပါတယ်။ 1,650,000 (ဒေါ်လာ 1,800,000 USD) ဖြင့် ကားဝယ်ယူသူများသည် ၎င်းတို့ကြိုက်နှစ်သက်သည့်ပုံစံကို စိတ်ကြိုက်ပြင်ဆင်နိုင်မှာဖြစ်ပြီး Mulliner Batur နမူနာ 18 ခုသာထုတ်လုပ်သွားမှာဖြစ်ကာ ၎င်းတို့အားလုံးကို ရောင်းချခဲ့ပြီးဖြစ်ပါတယ်။

Ga Mone Pwint (GMP) Motors

27/08/2022

ရှော့ဘားသည် ကားတစ်စီးတွင် ရှိသော အစိတ်အပိုင်းများ ထဲမှ တာယာပြီးလျှင် ဒုတိယ အရေး အကြီးဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ် ။ .
ရှော့ဘား အမျိုးအစားများ အကြောင်းမပြောခင် ရှော့ဘားတစ်ခု ၏ အဓိက လုပ်ဆောင်ချက် များကို သိရှိထားဖို့နှင့် ရှော့ဘားတစ်ခုတွင် ပါဝင်သော အစိတ်အပိုင်း တစ်ခုစီ၏ လုပ်ဆောင်ချက်များကို သိရှိရန် လိုပါတယ် ။ ရှော့ဘားတစ်ခု၏ အဓိက လုပ်ဆောင်ချက် ( ၃ ) မျိုး ရှိပြီး၎င်းတို့မှာ –
စီးနင်းလိုက်ပါသူ များ သက်တောင့်သက်သာရှိစေရန် ။
မောင်းနှင်နေစဉ် ကားအလွန်အမင်း ခါရမ်းခြင်း မဖြစ်စေရန် ထိန်းညှိပေးခြင်း ။
ကားတာယာနှင့် မြေပြင် အမြဲ ထိစပ် ချိတ်မိနေစေရန် ချိန်ညှိပေးခြင်း ။
ရှော့ဘား တစ်ခုတွင် အခြေခံအား ဖြင့် အဓိက အစိတ်အပိုင်း နှစ်ခုဖြင့် ဖွဲ့စည်းထားပြီး မတူညီသော လုပ်ဆောင်မှုများ ပြုလုပ်ပါတယ် ။
Spring ( စပရိန် 🙁 ဖိအား နှင့် ကန်အား ။
Shock/strut ( ရှော့ဘား 🙁 စပရိန်၏ ဖိအား နှင့် ကန်အား အရှိန်အား ထိန်းညှိပေးခြင်း ။
ရှော့ဘား တစ်ခု တွင် အဆိုပါ အစိတ်အပိုင်းနှစ်ခု ပေါင်းစပ်ထားပြီး ရှော့ဘား၏ အဓိက အလုပ်ဖြစ်သော ဖိအား နှင့် ကန်အား ကို မျှအောင် ထိန်းညှိပေးရသည် ။ အခြေခံအားဖြင့် စပရိန် အတွင်းရှိ ( ရှော့ဘားတံ ) မပါပါက မိမိကားသည် ခုန်ပေါက်နေပြီး လိုသလို မောင်းနှင်လို့ရမည်မဟုတ်ပေ ။
ရှော့ဘား အမျိုးအစားများ
အကြမ်းအားဖြင့် အဓိက ကျသော ရှော့ဘား ( ၄ ) မျိုးအကြောင်းအား ဆွေးနွေးသွားပါမယ် ။ အဆိုပါ ရှော့ဘား တစ်ခုစီတိုင်းတွင် ၎င်းတို့၏ အားသာချက် အားနည်းချက်များ ပါရှိပြီး မတူညီသော ကားအမျိုးအစားများတွင် မှန်ကန်သော ရှော့ဘားများကို တပ်ဆင် အသုံးပြုဖို့ လွန်စွာ အရေးကြီးပါတယ်။
1) MacPherson Strut
MacPherson ရှော့ဘား အမျိုးအစားကတော့ တပ်ဆင်ရလွယ်ကူခြင်း ၊ သေးသွယ်ပြီး နေရာ မယူလွန်းခြင်း စသည်တို့ကြောင့် နောက်ပိုင်း ကားတော်တော် များများ တွင် တွင်တွင်ကျယ်ကျယ် တပ်ဆင်အသုံးပြုလာကြောင်း တွေ့ရှိရတယ်။
အားသာချက်များ
အရွယ်ပမာဏ သေးသွယ်ခြင်း ။
ဖိအားနှင့် ကန်အား မျှတခြင်း ။
ဖိအား ကန်အား ၏ အခြေအနေကို ယာဉ်မောင်းတစ်ယောက်အနေဖြင့် လွယ်ကူစွာ မှန်းဆ နိုင်ခြင်း။ ( ရှော့ဘားအား စမ်းသပ်ရန် ကားမောင်းစဉ် )ကားအမျိုးအစားပေါ်မူတည်၍ ဒီဇိုင်း အမျိုးအစား စုံလင်ခြင်း ( ဥပမာ – helper spring ,coilover, etc )
အားနည်းချက်များ –
အလွန်လေးလံသော ဝန်များ တင်ဆောင်ရန် မသင့်တော်ခြင်း ။
ပြုပြင်စရိတ် များပြားခြင်း ။
hydraulic ဆီ ထည့်သွင်း ပြုလုပ်ထားခြင်းကြောင့် ရေရှည် အသုံး မခံခြင်း ။
တပ်ဆင်လေ့ရှိသော ကားအမျိုး အစားများ
: Toyotas, BMW, Porsche, Chevrolet, Kia, Hyundai
2) Independent Suspension
Independent ရှော့ဘား အမျိုးအစားကတော့ ( Off road ) လမ်းကြမ်းများတွင် မောင်းနှင်ရသော ကားများတွင် တပ်ဆင်လေ့ရှိပြီး မညီညာသောလမ်းများ တွင် မောင်းနှင်သွားလာ နိုင်ရန် အထူးပြုလုပ်ထားသော ရှော့ဘား အမျိုးအစားဖြစ်ပါတယ် ။ ဤ ရှော့ဘား အမျိုးအစားသည် ကားဘီးအား ဝေးနိုင်သမျှ ဝေးအောင် ဆန့်ထုတ်နိုင်ရန် နှင့် နီးနိုင်သမျှ နီးအောင် ဆွဲ ကျုံ့နိုင်ရန် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ကားတွင်တပ်ဆင်ရာ၌ သာမန် ရှှော့ဘားများထက် နေရာပိုမို ယူရပါတယ်။ Independent ရှော့ဘားကို လေး နှင့် ဖြစ်စေ စပရိန် ဖြင့်ဖြစ်စေ အသုံးပြုနိုင်ပြီး အဆိုပါ လေး ( သို့) စပရိန်သည် အလယ် ရှော့ဘားတံ ( strut ) နှင့် သီးခြားစီတပ်ဆင်ရပါတယ် ။
အားသာချက်များ
လမ်းကြမ်းတွင် မောင်းနှင် သွားလာနိုင်ခြင်း
ချိုင့်များ ၊ ကျောက်တုံးများ နှင့် တိုက်မိ ၊ ဆောင့်မိ ဒဏ်ခံနိုင်ခြင်း
အားနည်းချက်များ
ပျော့သော စပရိန် အမျိုးအစား အသုံးပြုထားခြင်းကြောင့် သာမာန်လမ်းများတွင် လူးလွန့်ခြင်း ။
ပြင်ဆင်မှု ကုန်ကျစရိတ် ကြီးမားခြင်း
များသောအားဖြင့် ဤရှော့ဘားအား နောက်ဘီးအတွက်သာ တပ်ဆင်ကြလေ့ရှိပါတယ်။
တပ်ဆင်လေ့ရှိသော ကားအမျိုးအစားများ
Mercedes G Wagon, Land Rover Defender, Ford F150 Raptor
3)Leaf Springs
Leaf springs ရှော့ဘားအမျိုးအစားကတော့ လေး ဟုခေါ်သော ရှော့ဘားအမျိုးအစားဖြစ်ပြီး ရှေးအကျဆုံးနှင့် အကြမ်းအခံဆုံး ရှော့ဘား အမျိုးအစားတစ်ခုဖြစ်ပါတယ် ။ အဆိုပါ ရှော့ဘား များသည် ဝန်များများ အတင်ခံနိုင်ခြင်း ၊ ကြာရှည်အသုံးပြုနိုင်ခြင်း ၊ ငွေကုန်ကြေးကျ သက်သာခြင်း စသည် တို့ကြောင့် ထရပ်ကားများ ကုန်တင်ကားများတွင် အများဆုံးတပ်ဆင် အသုံးပြုလေ့ရှိပါတယ် ။ ဤရှော့ဘား အမျိုးအစားသည် ကုန်ပစ္စည်းတင်ဆောင် နိုင်ရန် အတွက် ရည်ရွယ်ထားခြင်းဖြစ်သောကြောင့် အကယ်၍ ကုန်ပစ္စည်းတင်ဆောင်ထားခြင်း မရှိပဲ မောင်းနှင်ပါက တည်ငြိမ်မှု မရှိပဲ ခုန်နေပြီး ကုန်ပစ္စည်း ( ဝန် ) တင်ဆောင်ထားမှသာလျှင် မောင်းနှင်ရတာ ပိုမိုတည်ငြိမ် အဆင်ပြေပါတယ် ။
အားသာချက်များ
အထူးကြံ့ခိုင်ခြင်း ။
ကြာရှည် အသုံးခံခြင်း ။
ပြင်ဆင်စရိတ် သက်သာခြင်း ။
အားနည်းချက်များ
Strut မပါခြင်း ။
ကုန်ပစ္စည်းများ မပါလျှင် တာယာတွင် ကုပ်အားနည်းပြီး အန္တရာယ်ရှိခြင်း ။
၀န်ဖြင့်မောင်းနှင်ရာတွင် အလေးချိန် အပြောင်းအလဲကြောင့် ထိန်းချုပ်မောင်းနှင်ရ ခက်ခဲခြင်း။
တပ်ဆင်လေ့ရှိသော ကားအမျိုးအစားများ
Toyota Hilux, box trucks, heavy equipment, passenger busses
4) Air Suspension
Air suspensions ( လေရှော့ဘား ) ကတော့ တပ်ဆင်ရာမှာ နေရာကျယ်ဝန်းစွာ မယူခြင်း ၊ ဖိအား ကန်အား ကို အကောင်းဆုံး ( ဆန့်ခြင်း ၊ ကျုံ့ခြင်း ) ပြုလုပ်ပေးနိုင်သောကြောင့် တန်ဖိုးမှာလဲ အကြီးဆုံး ရှော့ဘား အမျိုးအစားဖြစ်ပါတယ် ။ အဆိုပါ ရှော့ဘားသည် ရာသီဥတုအခြေအနေ ( ပူလွန်းခြင်း ၊ စိုထိုင်းဆ များလွန်းခြင်း ) ၊ လေအိတ်ရာဘာပြဲခြင်း နှင့် compressor motor ပြုပြင်ထိန်းသိမ်းခြင်းတို့ယိုယွင်းမှု ဖြစ်နိုင်သောကြောင့် အလွယ်တကူ ပျက်စီးနိုင်ပြီး ကုန်ကျစရိတ်မှာ လွန်စွာကြီးပါတယ် ။ နည်းပညာာတွေ တိုးတက် ပြောင်းလဲ လာတာနဲ့အမျှ ယခုဆိုရင် ကားလောကထဲမှာ ဤရှော့ဘား အမျိုးအစားသည် ရေပန်းစား လာသော ရှော့ဘားအမျိုးအစား ဖြစ်လာပါတယ် ။
အားသာချက်များ
ဖိအား ကန်အား အား အမြင့်ဆုံး စွမ်းဆောင်မှု ပေးနိုင်ခြင်း။
၀န်မပါသော်လည်း တည်ငြိမ်စွာမောင်းနိုင်ခြင်း ။
တပ်ဆင်ရာတွင် နေရာ အနည်းငယ်သာ ယူခြင်း။
လမ်းကောင်း ၊ လမ်းဆိုး နှစ်မျိုးလုံးတွင် အသုံး ပြုနိုင်ခြင်း ။
အားနည်းချက်များ
ပြင်ဆင်စရိတ် လွန်စွာကြီးခြင်း ။
ပျက်စီးလွယ်ခြင်း ။ ( လေထုစိုထိုင်းမှု ၊ အိတ်ပြဲခြင်း )
ယာဉ်စမ်းသပ်မောင်းနှင်ရုံမျှဖြင့် ရှော့ဘားကောင်းမကောင်း ခန့်မှန်းရ မလွယ်ကူခြင်း ။
တပ်ဆင်လေ့ရှိသော ကားအမျိုးအစားများ ။
Crd-BFBM- Car Knowledge

26/08/2022

💚

Photos from Crazy Drive - Car Knowledge Sharing's post 25/08/2022

ပါကင်နော် ပါကင်မျိုးစုံ ရမယ် 👍😘😁

22/08/2022

⛽⛽⛽⛽

ဆီစားသက်သာစေရန် လုပ်ဆောင်ရမယ့် နည်းလမ်းအသွယ်သွယ်

မြို့ထဲမောင်းနှင်သူတွေရော၊ Highway မောင်းနှင်ရသူတွေအတွက်ပါ အသုံးဝင်စေမယ့် ဆီစားသက်သာတဲ့ နည်းလမ်းများကို စုစည်းဖော်ပြပေးလိုက်ပါတယ်.။ Edmunds.com ဟာ ဆီစားသက်သာစေမယ့် နည်းလမ်းအမျိုးမျိုးကို လမ်းမတွေပေါ်မှာ စမ်းသပ်ခဲ့ပါတယ်.။ စမ်းသပ်မှုရဲ့ ရလဒ်တွေအရ အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ဆီသုံးစွဲမှုကို လျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်.။
(၁) အလွန်လျှင်မြန်စွာ မောင်းနှင်ခြင်းကို ရှောင်ပါ.။

ဒီအချက်ဟာ စမ်းသပ်မှုလုပ်ခဲ့သမျှထဲမှာ ဆီအချွေတာနိုင်ဆုံး အချက်ဖြစ်ပါတယ်.။ Highway မှာပဲဖြစ်ဖြစ် မြို့တွင်းလူရှင်းတဲ့လမ်းတွေမှာပဲဖြစ်ဖြစ်၊ ကားစထွက်ထွက်ချင်းမှာ ပုံမှန်မောင်းနှင်နိုင်တဲ့ အရှိန်ဖြစ်တဲ့ 0-60 mph ကို 15 စက္ကန့်အတွင်း ရောက်နိုင်လောက်တဲ့ အရှိန်နဲ့ မောင်းနှင်ခြင်းဖြင့် ဆီစားနှုန်းကို 31% အထိ လျှော့ချနိုင်တာ တွေ့ရပါတယ်.။

(၂) ဖြည်းဖြည်းမောင်းပါ.။

Edmunds.com ရဲ့ စမ်းသပ်မှုတွေအရ မိုင် ၅ဝ အကွာအဝေးကို 65mph နဲ့တစ်ကြိမ် 75mph နဲ့တစ်ကြိမ် မောင်းနှင်စေရာမှာ ဆီစားမှုကို 12% အထိ လျှော့ချနိုင်တာတွေ့ရှိရပါတယ်.။

(၃) ရပ်နားချိန် တစ်မိနစ်ထက်ကျော်မယ်ဆိုရင် စက်သပ်ထားပါ.။

ဒီအချက်ဟာလဲ စမ်းသပ်မှုထဲမှာ ဆီစားအတော်လေး သက်သာစေတဲ့အချက်ဖြစ်ကြောင်း တွေ့ရှိရပါတယ်.။ ဆီစားနှုန်း 19% ထိ လျှော့ချနိုင်ပါတယ်.။

(၄) ပုံမှန်မောင်းနှင်ပါ.။

လီဗာကို ပုံမှန်အတိုင်းနင်းထားပြီး မောင်းနှင်ခြင်းထက် လီဗာလျှော့ခြင်း၊ လီဗာတိုးနင်းခြင်း ခဏခဏပြုလုပ်ခြင်းဟာ ဆီပိုကုန်စေပါတယ်.။ အနောက်ကနေကပ်လိုက်တာမျိုးကိုလဲ ရှောင်ကြဉ်ပါ.။ အန္တရာယ် များတဲ့အပြင် ရှေ့ကားက ရုတ်တရက်အရှိန်လျှော့လိုက်တဲ့အခါ သင်လဲ လိုက်လျှော့ရမှာဖြစ်တဲ့အတွက် ဆီပိုကုန်စေပါတယ်.။

(၅) ကုန်းမြင့်တွေ့ပါက ဂီယာမပြောင်းဘဲ အရှိန်ကို မြှင့်တင်ပြီး တက်ပါ.။

ကုန်းမြင့်အတက်လမ်းရောက်မှ အရှိန်မြှင့်တင်ခြင်း၊ ဂီယာပြောင်းခြင်းဟာလဲ ဆီပိုကုန်စေပါတယ်.။ ကုန်းမြင့်ကို မြင်ရချိန်ကစပြီး အရှိန်ကို ဖြည်းဖြည်းချင်း မြှင့်တင်မောင်းနှင်ခြင်းဖြင့် ဆီချွေတာနိုင်ပါတယ်.။

(၆) လီဗာပုတ်ခြင်းနှင့် အရှိန်ဖြင့် စထွက်ခြင်းကို ရှောင်ရှားပါ.။

လီဗာပုတ်ခြင်းဟာ အကြောင်းမဲ့သက်သက် ဆီကုန်စေပြီး ကားစထွက်ထွက်ခြင်း အရှိန်မြှင့်ခြင်းဟာလဲ ဆီပိုကုန်စေပါတယ်.။ ဖြည်းဖြည်းချင်း စထွက်ပြီး တဖြည်းဖြည်း အရှိန်မြှင့်တင်ခြင်းဟာ ကားအင်ဂျင်အတွက်ရော ဆီစားနှုန်းကိုပါ သက်သာစေပါတယ်.။

(၇) ဂီယာအမြင့်ကို အမြန်ဆုံးပြောင်းနိုင်အောင် ကြိုးစားပါ.။

အော်တိုဂီယာဖြစ်စေ၊ Manual ဖြစ်စေ ဂီယာအမြင့်တွေဟာ ဆီစားနှုန်းသက်သာစေပါတယ်.။ ဂီယာအနိမ့်တွေမှာ အချိန်ကြာကြာမောင်းနှင်ခြင်းဖြင့် ဆီပိုကုန်စေပါတယ်.။

(၈) ရှေ့ကားကို ကျော်နိုင်ရင်ကျော်ပါ၊ မစောင့်ပါနဲ့.။

အန္တရာယ်ကင်းတဲ့အနေအထားမှာ အရှေ့ကားကို ကျော်နိုင်တယ်ဆိုရင် ကျော်လိုက်တာကောင်းပါတယ်.။ သူမောင်းတဲ့အတိုင်း ကိုယ်လိုက်မောင်းနေရင် ဆီပိုစားဖို့များပါတယ်.။

(၉) အတိုဆုံးလမ်းထက် ခဏခဏမရပ်ရမယ့် လမ်းကိုရွေးပါ.။

အတိုဆုံးလမ်းထက် ခဏခဏမရပ်ရမယ့်၊ မီးပွိုင့်နည်းတဲ့၊ လမ်းမပိတ်တဲ့လမ်းကို ရွေးခြင်းဟာ ဆီစားပိုသက်သာစေပါတယ်.။ အထက်မှာပြောခဲ့သလိုပဲ ခဏခဏရပ်ရခြင်းဟာ လီဗာခဏခဏနင်းရခြင်း၊ ဂီယာပြောင်းရခြင်း၊ အရှိန်မြှင့်ရခြင်း၊ စတဲ့အချက်တွေကြောင့် ဆီပိုကုန်ရတာဖြစ်ပါတယ်.။

(၁ဝ) အဲကွန်းအဖွင့်အပိတ်ခဏခဏလုပ်ပါ.။

အဲကွန်းဖွင့်မောင်းခြင်းဟာ ဆီပိုကုန်မယ်ဆိုတာ အားလုံးသိပါတယ်.။ မလိုအပ်ဘဲ အဲကွန်းဖွင့်မမောင်းနှင်ဘဲ လိုအပ်တဲ့အအေးဓာတ်ရရင် ခဏပြန်ပိတ်ထားခြင်းဖြင့် ဆီချွေတာနိုင်ပါတယ်.။ သွားလိုရာအရပ်သို့ မရောက်ခင် (၅) မိနစ်ခန့် ကြိုပြီး အဲကွန်းပိတ်ထားခြင်းဖြင့်လဲ ချွေတာနိုင်ပါတယ်.။

Credit: Edmunds.com

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Ba Yint Naung Road, North Dagon
Yangon