Golden Days Car Rental
��Golden Days Car Rental Service ��
Our mission is your Safety, Pleasure & Target�
02/05/2023
😍 Ngwesaung 2N/3D Trip
🚖 Toyota Ractis 4seaters 🚕
☎ 09779779034
🏅Golden Days Car Rental
😘 Beach mood is on
ဘာကားလိုလို Golden Days ကို ဆက်သွယ်လိုက်ပါဗျ
01/05/2023
⌛ Hiace 2020 (27-30 04)
Taunggyi-Innlay-Kalaw 3N/4D
02-04 05 Bagan Popa 2N/4D
😍 Belta Taunggyi-Innlay 4N/5D
☎ 09779779034
💞 Golden Days Car Rental
29/12/2022
ပိုက်ဆံပေါလွန်းလို့ မဟုတ်ပဲ အချို့ သောသူတွေ ဘာကြောင့်ခရီးတွေသွားနေကြတာလဲ ??
အချို့သောသူတွေက ပိုက်ဆံလည်းချမ်းသာလွန်းတာမဟုတ်ပဲ ခရီးတွေ တချိန်လုံးထွက်နေတာ ကြုံဖူးကြမှာပါ။ ကိုယ်က ခရီးလည်းသွားချင်တယ် ၊ ဘာကြောင့်သူတို့ ခရီးတွေ အဲ့လိုသွားဖစ်နေတာလဲ ဆိုတာကို စိတ်ဝင်စားမိတယ်ဆိုတဲ့ မိတ်ဆွေတွေအတွက် ဒီပို့စ်လေးကို ရည်စူးပြီး ရေးလိုက်ရပါတယ်။
၁) မနက်ဖြန်ဆိုတာ မရေရာတဲ့အတွက်။
ပိုက်ဆံတွေ အများကြီးရှိရင် သွားမယ် ၊ အလုပ်အကိုင်တွေ အခြေကျရင် သွားမယ် ၊ ရာထူးတက်ရင် သွားမယ် ၊ အသက်ကြီးလာလို့ အနားယူတဲ့အခါ သွားမယ် ၊ ဘွဲ့ ရပြီးရင် သွားမယ် ၊ သူငယ်ချင်းတွေ အကုန်လုံးအားတဲ့အခါ သွားမယ် ဆိုပြီး အကြောင်းအမျိုးမျိုး တွေ ပြပြီး ခရီးသွားဖို့ အချိန်ကို ကျွန်တော်တို့ ဆွဲထားတတ်ကြပါတယ်။ အဲ့လိုမျိုး အချိန်တွေ ကျွန်တော်တို့ ဆွဲထားရအောင် နံနက်ဖြန်မှာ ကျွန်တော်တို့ အသက်ရှင်နေအုန်းမယ်၊ ကျန်းမာကြံ့ ခိုင်နေအုန်းမယ် လို့တွေးထားရင် ကျွန်တော်တို့ မိုက်ရူးရဲဆန်ရာ ကျသွားမှာပေါ့ဗျာ။
၂) နောင်တဆိုတာ လုပ်လိုက်လို့ရတာထက် မလုပ်လိုက်လိ ု့ရတာ ပိုများပါတယ်။
အခုချိန်မှာသာ ရုတ်တရက် ကျန်းမာရေးအခြေအနေကြောင့် ခုတင်ပေါ် ဗုံးဗုံးလဲနေခဲ့ရင် ကျောစိမ့်အောင် အေးတဲ့ ပုဂံဆောင်းရာသီ နေထွက်ချိန်မှာ ကောင်းကင်ပေါ် တက်လာတဲ့ မီးပျံပူဖောင်းကြီးတွေကို အဓိပ်ပါယျမရှိစှာ မငေးမောခဲ့ရတဲ့အတွက် နောင်တရမိမှာ ၊ နိုင်ငံခြားတိုင်းပြည်တခု၏ လမ်းထောင့်လေးက ကော်ဖီဆိုင်မှာ အူကြောင်ကြားထိုင်နေရင်း ဘေးက လူတစ်ယောက်နဲ့ ဟိုဟိုဒီဒီတွေ
လေ ြှာကျပွောရငျး စကားလက်ဆုံကြမိခဲ့ပြီး နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးခင်ရတဲ့ မိတ်ဆွေတစ်ယောက် မကြုံတွေ့ခဲ့ရတဲ့အတွက် နောင်တရမိမှာ၊ ကိုယ်ချစ်ရတဲ့သူနဲ့ တောင်ပေါ်က တိမ်တွေအပေါ်မှာ လည်နေတဲ့ ချားရဟတ်လေးကို ဘယ်နှခေါက်မှန်းမသိ စီးခွင့်မရခဲ့တဲ့အတွက် နောင်တရမိမှာ၊ တောတောင်တွေထဲမှာ တစ်ယောက်တည်းလမ်းလေ ြှာကျရငျး မိမိအနာဂါတ်အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ မချမိခဲ့တဲ့အတွက် နောင်တရမိမှာ
မသွားရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သွားကြည့်မှ လုပ်ကြည့်မှ စမ်းကြည့်မှ ဘယ်အရာနဲ့မတူတဲ့ အတွေ့အကြုံတွေကို ခံစားမိတဲ့အခါ ကိုယ်သာ ဒီလိုမလုပ်ခဲ့ရင် ဒါတွေနဲ့ ဝေးရချည်သေးရဲ့ ဆိုပြီး တစ်ယောက်တည်းကြိတ် သက်ပျင်းချပြီး တော်ပါသေးရဲ့ ငါလုပ်ခဲ့လို့ ဆိုတဲ့ အခိုက်အတန့်တွေ အများကြီးလည်း ရှိခဲ့ပါသေးရဲ့ ။
၃) ကိုယ်တိုင်ခံစားဖူးမှ တကယ်သိမှာပါ။
ပဲရစ် ရထားဘူတာကြီး အဝမှာ ခွဲခွာရမယ့် ချစ်သူ ၂ ဦး ဖက်ပြီးငိုဆွေးနေတာကိုကြည့်ပြီး သင် အချစ်ဆိုတဲ့ အရာကို နွေးနွေးလေးခံစားမိမှာပါ။
အခြားနိုင်ငံခြား ခရီးသည် ဘယ်သူမှမရှိတဲ့ နှစ်ပေါင်းထောင်ချီသော ရှေးဟောင်းဘုရားကျောင်းအဝင်လမ်းမှာ ရိုးရာတူရိယာလေးကို ငြိမ့်ညောင်းစွာ တီးခတ်နေတာကို ခံစားရင်း လောကကြီးကို သင်ခဏလေးတော့ မေ့သွားမှာပါ။
ခရီးသွားနေရင်း ပိုက်ဆံ အိပ်ကပ်ထဲမှာ ၅ ဒေါ်လာပဲကျန်တဲ့အခါ ဘယ်နည်းနဲ့ဖြစ် ပိုက်ဆံရောက်အောင်လွှဲပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ သင့်အပေါ်ထားတဲ့ စေတနာနဲ့ စိုးရိမ်မှုတွေကို သိရှိခံစားမိမှာပါ။
အဲ့ဒီလို လှပတဲ့ခံစားချက်တွေကို သင်ကိုယ်တိုင်မှလွဲပြီး အခြားဘယ်သူမှနားလည်အောင် ရှင်းပြလို့လည်း ရမှာမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်းပဲ ဖီးလ်လို့ရတဲ့ ခံစားမှုမျိုးတွေပေါ့ဗျာ။
၄) အားလုံးနဲ့ဝေးရာ ခဏတာ ထွက်သွားပါရစေ။
နေ့ခင်း ထမင်းဆိုင်မှာ ဟင်းမှာရင်တောင် ဝက်သား၊ အမဲသား မစားတဲ့သူတွေပါလာတဲ့အခါ အားလုံးစားလို့ရမယ့် ဟင်းမျိုးကိုမှာခဲ့ရတယ်။ ကိုယ်စားချင်နေတဲ့ ဟင်းလေတွေကို တခါတရံ အံ့ကြိတ်ပြီး ခဏမေ့ထားခဲ့ရတာပေါ့။
ကိုယ်မကြိုက်တဲ့သူတွေကို အလုပ်သဘောတရားအရ၊ လူမှုရေးသဘောတရားအရ မပြုံးချင်တောင် မဲ့လို့မရပဲ ပြောဆိုဆက်ဆံရတာ များလာတော့လည်း ရင်ထဲမှာ မောမောလာတယ်။
ကိုယ်ချစ်ရတဲ့သူတွေနဲ့ ကျတော့လည်း သူတို့ရဲ့ အကြိုက်လေးတွေကို လိုက်ရင်းလိုက်ရင်း ကိုယ်ဘာကြိုက်တတ်လဲတောင် မေ့တတ်လာခဲ့တာတောင် အတော်ကြာခဲ့ပါပြီ။
ကိုယ်ဆိုတာကို ခဏမေ့ထားပြီး သူတို့ ဆိုတာကြီးကို ဦးစားပေးရင်း ပျောက်ကွယ်သွားတဲ့ ကိုယ့် ကို ပြန်လည်ရှာဖွေတွေ့ ရှိနိုင်ဖို့ အားလုံကို ခဏပစ်ထားပြီး အဝေးသို့ ထွက်သွားခဲ့မိပါတယ်။
၅) ခရီးသွားခြင်းက ဆေးဝါးအချို့လိုပဲ လူကို စွဲလမ်းစေတတ်ပါတယ်။
တစ်ယောက်တည်း သွားချင်တဲ့နေရာသွား ၊ စားချင်တာတွေစား၊ လုပ်ချင်တာတွေလုပ်ပြီး ပျော်ရွှင်မှုတွေ အများကြီးခံစားရတဲ့အခါ နောင်ကိုမသွားပဲ မနေနိုင်လောက်အောင် စွဲလမ်းလာပါတယ်။
လူနေထိုင်မှုပုံစံအသစ်တွေ၊ ရာသီဥတုကောင်းကောင်းလေးတွေ၊ တပ်မက်ဖွယ်ကောင်းတဲ့ အစားအသောက်တွေ၊ မျက်လုံးထဲကမထွက်တော့တဲ့ ရှုခင်းလှလှလေးတွေ ကိုကြုံတွေ့ပီးတဲ့အခါ ပိုပြီးသွားချင်လာတယ်၊ ပိုပြီးနားလည်ချင်လာတယ်၊ ပိုပြီးစမ်းသပ်ချင်လာပါတယ်။
တစ်မြို့ ပြီး တစ်မြို့ ၊ တစ်နိုင်ငံပြီး တစ်နိုင်ငံ၊ တစ်နေရာပြီး တစ်နေရာကို သွားဖို့စီစဉ်မိနေတော့တာပါပဲ။ အဲ့လိုသွားနိုင်ဖို့လည်း အရင်ကထက် ၃ ဆလောက်အလုပ်ပိုလုပ်လာရပါတယ်။
အသုံးအဖြုန်းတွေလည်းတတ်နိုင်သလောက်လေ ြှာ့လာရပါတယျ။ တစ်ချိန်လုံး ခေါင်းထဲမှာ ဘယ်နေရာအသစ်တွေ ထပ်သွားရင် ကောင်းမလဲစဉ်းစားနေတဲ့အထိကို ဖြစ်လာတော့တာပဲဗျာ။
ခရီးသွားခြင်းလို့ပြောတဲ့အခါ အချို့တွေက အများသွားလေ့ရှိတဲ့ နာမည်ကြီး နေရာလေးတွေလောက်သာ ရွေးသွားပြီး ဓါတ်ပုံလေးတွေရိုက် အခြားသူများ အထင်ကြီးအားကျအောင် လုပ်ချင်တဲ့အချက်ကြောင့် ခရီးသွားတာကိုတော့ အပေါ်မှာ ထည့်မရေးထားတာကို သတိထားမိမှာပါ။ ထိုအချက်ကို မကောင်းဘူးလို့တော့ မပြောချင်ပါဘူး။ ဒါကတော့ လူတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်ပဲလေ။
ဒါပေမယ့် ခရီးသွားခြင်း အနုပညာက ထိုအကြောင်းအရာတစ်ခုထဲထက် များစွာပိုတာမို့ အားလုံးပဲ စစ်မှန်သောပျော်ရွှင်မှုနဲ့ ဘဝအတွက်အထောက်အကူပြုသော သင်ယူမှုများ ရရှိနိုင်တဲ့ ခရီးသွားခြင်းမျိုး ဘဝမှာ များများပြုလိုက်နိုင်ပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Credit > Original Uploader
22/12/2022
Happy Karen New Year😘
13/04/2022
အားလပ်ရက် အိမ်ထဲမှာပဲ နေတော့မှာလား❓
ပတ်ဝန်းကျင်အသစ်တွေဆီကို
အပန်းပြေ ခရီးထွက်ဖို့ဆိုရင်တော့ 🤔
ကြံခိုင်ပြီး သက်တောင့်သက်သာရှိတဲ့
#ကား
စိတ်ချပြီး အတွေ့အကြုံရှိတဲ့
#ကားဆရာ တို့ဖြင့်
ဝန်ဆောင်မှုပေးနေပါပြီ 😊
Yangon
Golden Days Car Rental
Ph 09-779 779 034
28/12/2021
သူလေးရောက်ရှိ
လာရောက် သတင်းပို့😊
09/12/2021
10.12.2021
30/09/2021
ဘယ်လိုတွေများ ရှေ့ဆက်သွားကြမလဲ😏
23/07/2021
ကိုဗစ်ကူးစက်မှုဟန့်တားထိန်းချုပ်နိုင်ရန်
အများပြည်သူအလုပ်ပိတ်ရက်
ဇူလိုင်(၂၆)ရက် မှဩဂုတ်(၁)ရက်အထိ ထပ်တိုး
++++++++++++++++++++++++++++++++++++++++
ကိုဗစ်-၁၉ရောဂါကူးစက်မှု ကွင်းဆက်ကိုဆက် လက်ဖြတ်တောက် ဟန့်တားထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိနိုင်ရေးအတွက် ၂၀၂၁ခုနှစ်၊ဖူလိုင်၂၆ရက်နေ့မှ ဩဂုတ်လ ၂ရက်နေ့အထိကို တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် နစက က ယနေ့ အမိန့်ကြေညာစာထုတ်ပြန်ပြီး တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
ထူးခြားတဲ့အခြေအနေအရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ယင်း၏လက်အောက်ခံ အစိုးရဘဏ်၊ပုဂ္ဂလိကဘဏ်များ အလုပ်ပိတ်ရက်သတ်မှတ်ချက်မှာ ပါဝင်ခြင်းမရှိဘူးလို့ အမိန့်ကြေညာစာမှာဖော်ပြထားပါတယ်။
14/07/2021
အိမ်မှာပဲ စည်းကမ်းရှိရှိနေကြမယ်နော်😊
05/07/2021
ကိုယ့်ကိုယ်ကိုယ်သာ အားထားရာ
ဂရုစိုက်ကြပါ အမျိုးတွေ😔
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း၊ (၅-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
(၄-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၅-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၁,၀၂၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂,၉၆၉) ဦး တွေ့ရှိရပါသည်။သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၇၈၃,၃၈၅)ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၆၈,၃၇၄) ဦး ရှိပြီ ဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၇၅၈) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၁၃၉,၄၇၃) ဦး ဆေးရုံမှ ဆင်းခွင့် ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၄၂) ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၃,၄၆၁) ဦး ရှိပါသည်။
FYI😍
ယာဉ်မောင်းလိုင်စင်
သက်တမ်းကုန်နေလည်း အရေးမယူပါ
*************************************
ကညနရုံးတွေက သက်တမ်းတိုးခြင်းလုပ်ငန်း
လုပ်မပေးနိုင်သေးလို့ အကိုတို့အမတို့ရဲ့
ယာဉ်မောင်းလိုင်စင်တွေ သက်တမ်းလွန်နေတာ
ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်သူမှာ
အပြစ်မရှိပါဘူး။
ဒါကြောင့်
ယာဉ်မောင်းလိုင်စင်သက်တမ်းကုန်နေတယ်ဆိုပြီး
အရေးယူလို့မရပါဘူး ယာဉ်မောင်းလိုင်စင်သက်တမ်းကုန်နေတာမျိုးတွေ့ခဲ့ရင်လည်း
တိုးလို့ရတဲ့အချိန် သက်တမ်းတိုးထားဖို့
ရှင်းလင်းပြောဆိုပေးရမှာဖြစ်ပါတယ်
အရေးယူခြင်း လုံဝ လုံးဝ မလုပ်ရပါဘူး။
ဒီတော့
ယာဉ်မောင်းသူညီအကိုမောင်နှမတွေက
သက်တမ်း ကုန်ကုန် မကုန်ကုန်
မိမိနဲ့အတူတော့ တပါတည်းပါပါစေ။
စစ်ဆေးတဲ့တာဝန်ရှိသူတွေအားလုံးကလည်း
သက်တမ်းကုန်တာ အရေးယူမရဘူးဆိုတာ
သိသိကြီးနဲ့ အရေးယူမယ်ဆိုတာမျိုး
မပြောမိ မလုပ်ပါစေနဲ့ဗျာ
နားမလည်သူကို နားလည်အောင်ရှင်းပြပြီး
ကူညီနိုင်တာကို ကူညီပေးခြင်းဖြင့် ချစ်ခင်ရင်းနှီစွာ
ခရီဆက်စေလိုက်ပါဗျာ။
Crd # ရဲအုပ်ဌေးလွင်(ခ)နေမျိူးသူရ
18.5.2121
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 24/B, 20th Street (East), 3rd Yanpyay Ward, Tharketa Township
Yangon
11131