NovA Bookshop

NovA Bookshop

Share

စာချစ်သူတို့အတွက် NoVA ရှိတယ်�

02/01/2024

🫴Admin ရဲ့ နောက်ထပ် page လေးတခုဖြစ်ပြီး knowledge sharing, motivational content တွေကို မျှဝေပေးနေတာဖြစ်ပြီး မိတ်ဆွေတို့ရဲ့ လုပ်ငန်းအတွက်လည်း content marketing လုပ်ဖို့လိုအပ်တယ်ဆိုရင် ဆက်သွယ်လို့ ရနိုင်ပါတယ်ဗျာ။

ကျွန်တော့်ရဲ့ pageလေးကို like & follow လေးလုပ်ပေးကြပါဦးနော် ❤️

ကိုယ့်လုပ်ငန်းရဲ့ Audience နဲ့ ရေရှည်ဆက်ဆံရေးတခုကို တည်ဆောက်ချင်ပေမယ့် ငွေကုန်ကြေးကျ များမှာလည်း စိတ်ပူနေပါသလား ⁉️

💸ငွေကုန်ကြေးကျ များမှာစိုးလို့ တွေဝေစဉ်းစားနေရင်တော့ မိတ်ဆွေတို့ရဲ့လုပ်ငန်းမှာ ထိခိုက်မှုတွေရှိလာနိုင်ပြီး အဆင်မပြေမှုတွေ ဖြစ်လာနိုင်ပါတယ်။

💬ဒီတော့ ငွေအကုန်အကျ သက်သာပြီး ရေရှည်အဆင်ပြေပြေနဲ့ လုပ်နိုင်မဲ့ နည်းလမ်းလေးတခု ရှိပါတယ်။ ဒီနည်းလမ်းလေးကတော့ အခုခေတ် လုပ်ငန်းရှင်တော်တော်များများ ပြုလုပ်နေကြပြီးတော့ အကျိုးအမြတ်များများရရှိနေကြတာပဲဖြစ်ပါတယ်။

🫴ဒါကြောင့် မိတ်ဆွေတို့ရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မဲ့ နည်းလမ်းကတော့ Content Marketing လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ Content marketing ကတော့ ရေတိုနည်းလမ်းတခုမဟုတ်ပေမဲ့ မိတ်ဆွေတို့ရဲ့ လုပ်ငန်းအတွက် အကုန်အကျသက်သက်သာသာနဲ့ တိုးတက်စေမဲ့နည်းလမ်းပဲဖြစ်ပါတယ်။

🫴ဒီတော့ မိတ်ဆွေတို့အနေနဲ့ ကျွန်တော့်ဆီမှာ
content marketing နဲ့ စတင်လိုတယ်ဆိုရင်တော့📞-09454700096ကို ဆက်သွယ်စုံစမ်းနိုင်သလို Chat box ကနေလည်း မေးမြန်းလို့ရနိုင်ပါတယ်ခင်ဗျာ။ ❤️

31/12/2023

🎊နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြ‌ပါစေ လို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။ ❤️

12/12/2023

"ဒီနေ့ဖြစ်နေတဲ့ မကောင်းတာတွေကို စဉ်း‌စားနေမယ့်အစား၊မနက်ဖြန်ဖြစ်လာမယ့် ကောင်းတာတွေကို စဉ်းစားလိုက်ရင် ကောင်းတာတွေဖြစ်လာနိုင်ပါတယ်။"

"မနက်ဖြန်ကျရင်နေထွက်လာလိမ့်မယ်။မယုံရင် ရှိတာလေးချလောင်း၊ မနက်ဖြန်ကျရင်တကယ်နေထွက်လာလိမ့်မယ်"

-အင်နီ

#ကန္တာရစမ်းရေအိုင်

06/12/2023

🥴

06/12/2023

" ဘဝဆိုတာ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတဲ့အတွက် ငိုယိုမြည်တမ်းနေလို့ ဘယ်သူကမှတော့ သနားနိုင်ကြလိမ့်မယ်မဟုတ်ဘူး။မိမိပြုမိတဲ့အမှုအတွက် ခံစရာရှိရင် ခံနိုင်ဖို့နဲ့ စံစရာရှိရင်လည်း စံဖို့လိုတယ်။ "

#ချစ်အဏ္ဏဝါဘွေ
#ဗန်းမော်တင်အောင်

29/11/2023

ကျွန်‌တော် စာအုပ်အရောင်းလေးတွေ လတ်တလောနားထားပါတယ်ဗျ။ ကျန်းမာရေးကြောင့်ကော တခြားအလုပ်ကလည်းမအား‌တာကြောင့်ကောပါဗျ။ဒါကြောင့် စာအ၀င်တွေမဖြေပေးနိုင်တာကို မေတ္တာရှေ့ထားပြီး နားလည်ပေးပါလို့တောင်းပန်ပါတယ်။ ဒါပေမယ့် books reviews တွေနဲ့ ဗဟုသုတ တွေကိုတော့အဆင်ပြေသလိုတင်ပေးပါ့မယ်ခင်ဗျ။

27/11/2023

🌕တန်ဆောင်မုန်းလပြည့်နေ့၊ သာမညဖလ အခါတော်နေ့ 🙏

တန်ဆောင်မုန်းလပြည့် အခါတော်နေ့မှာ မြန်မာပြည်သူ/ပြည်သားအားလုံး ကိုယ်၊ စိတ် ကျန်းမာချမ်းသာစွာဖြင့် ဘေးရန်ကင်းကွာပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း 🅽🅾🆅🅰 🅱🅾🅾🅺🆂🅷🅾🅿မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ။🙏



#တန်ဆောင်မုန်းလပြည့်နေ့
#သာမညဖလအခါတော်နေ့

07/10/2023

✍️ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာဖတ်ပရိတ်သတ်တွေအတွက် "တပြည်သူမရွှေထား"စာအုပ်ကလေး ကျွန်တော်တို့ 𝐍𝐨𝐕𝐀 𝐁𝐨𝐨𝐤𝐬𝐡𝐨𝐩 မှာ ၀ယ်ယူလို့ရနိုင်ပါပြီ ခင်ဗျာ။

စာမြည်း👇👇👇

"တစ်ခါက ကိန္နရီမောင်နှံဟာမုန်တိုင်းမိပြီး တစ်ညလောက်ဝေးသွားကြတယ် သူတို့ပြန်လဲဆုံရော နှစ်​ပေါင်းခုနှစ်ရာ ငိုကြတယ်တဲ့"

"အော် ယူရယ် ငိုကြတာအဲ့လောက်တောင်ကြာရသလား"

"ထားရယ် အကြာကြီးချစ်ခဲ့လို့ အကြာကြီးငိုရတာပေါ့"

"အကြာကြီးချစ်ရလို့ အကြာကြီးငိုရတယ်ဆိုရင် ထားတော့မချစ်ချင်ပေါင်"

"အဲ့တော့ခဏလေးချစ်ချင်တာပေါ့ ဟုတ်လား ထား"

"ထားက ခဏလေးလည်းမချစ်ချင်ပေါင်"

ထားရဲ့စကားကိုကြားလျှင်ဖြင့် ကျွန်တော်ရင်ထဲမှာ ဝမ်းနည်းခဲ့ရသည်။

#တပြည်သူမရွှေထား

#တက္ကသိုလ်ဘုန်းနိုင်

05/10/2023

"စံကားဖြူပွင့်က
ငါ့အတွက် စိတ်ထိခိုက်စရာ
ဖြစ်ပေမဲ့ နင့်အတွက် အိပ်မက်ဆန်တယ်ဆိုရင် ငါဝမ်းသာပါတယ်။ တစ်ခုပဲ
ရှိတယ်။ အိပ်မက်ကို နှစ်သက်တဲ့လူဟာ လက်တွေ့ရဲ့ အမှန်တရားကို
တုန်လှုပ်ရတတ်တယ်။"

#ဂျူး
#ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်။

05/10/2023

🌹ဒီကနေ့ 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟱 ရက် ကမ္ဘာ့ဆရာများနေ့✍မှာ အနာဂတ်မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနေတဲ့ ပန်းပျိုးလက်ပိုင်ရှင် ဥယျာဉ်မှူးများဖြစ်ကြတဲ့ ကျေးဇူးဂုဏ်ကြီးမားလှတဲ့ ဆရာတွေရဲ့
ကျေးဇူးကို အောက်မေ့သတိရတဲ့အနေနဲ့ ဆရာ၊ဆရာမ အားလုံးကို ဂါရ၀တရားရှေ့ထားပြီးကျေးဇူးတင် ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ🙏🤍



#ကမ္ဘာ့ဆရာများနေ့

30/09/2023

💥ရောဂါတစ်ခုခုကြောင့် လပိုင်းပဲ အသက်ဆက်ရှင်တော့မယ်ဆိုရင် ကျွန်တော်‌တို့ဘာလုပ်ကြမလဲ🤔❓

💥ဘဝအတွက်အရေးပါတာတွေ၊ အရေးမပါတာတွေကိုသိရှိပြီးတော့ ကိုယ့်အသက်အတွက် ဘယ်အရာတွေကိုစွန့်လွှတ်နိုင်သွားမလဲ🧐❓

✅နေထိုင်ခဲ့တဲ့ဘဝတစ်‌လျှောက် ဘဝမှာအဓိပ္ပာယ်။
ရှိခဲ့ရဲ့လား❓
✅ ပျော်ရွှင်ခဲ့ရဲ့လား❗
✅လုပ်သင့်လုပ်ထိုက်တာတွေကိုလုပ်ခဲ့လား❗
✅နောက်တတွေတစ်ပွေ့ကြီးနဲ့ကျန်ရှိခဲ့လား❗

👥လူဆိုတာ အသက်ရှင်ခွင့်ရရုံနဲ့ ပြီးပြည့်စုံတာမဟုတ်ပဲ ဘဝကို ဘယ်လိုပုံစံနဲ့ ရှင်သန်သင့်လဲဆိုတာ ပိုအရေးကြီးကြောင်းနဲ့

🌍ကမ္ဘာပေါ်က ပျောက်ကွယ်အောင်လုပ်ရမယ့်အရာရဲ့တန်ဖိုးကို သိစေချင်တာမဟုတ်ဘဲ ကျွန်တော့်တို့အသက်ရဲ့တန်ဖိုးကို သိစေချင်ကြောင်းကို စာအုပ်ထဲမှာ ရေးသားထားတာပဲဖြစ်ပါတယ်။

📕ဒီလိုအတွေးမျိုးစုံ ရသွားစေနိုင်မယ့် စာအုပ်ကောင်းလေးကို ကျွန်တော်တို့ စာချစ်သူတို့ ဖတ်ကြည့်စေချင်ပါတယ် ခင်ဗျာ။

တန်ဖိုး -၅၀၀၀ကျပ်
စာရေးသူ-မျိုး‌ဇော်၀င်း
အကြိမ်ရေ-အဠမအကြိမ်မြောက်

#ကြောင်တွေမရှိတဲ့ကမ္ဘာ

#မျိုးဇော်ဝင်း

29/09/2023

📕ဒီကနေ့ တော်သလင်းလပြည့်နေ့၊ ဂရုဓမ္မအခါတော်နေ့မှာ စာဖတ်သူအပေါင်းနဲ့ ၇ရက်သားသမီးအပေါင်း ကျန်းမာချမ်းသာပြီး ဘေးဘယာဝေးကွာကြပါစေ လို့ဘကျွန်တော်တို့ NoVA Bookshop မှ ဆု‌မွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ🙏🙏🙏


#တော်သလင်းလပြည့်
#ဂုရုဓမ္မအခါတော်နေ့

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon