Theological Pages

Theological Pages

Share

A Baptist,Cessationist,Dispensationalist, Pre-millenialist-Tribulationist,Young Earther,Anti-LGBTQ+

A Baptist, Cessationist, Dispensationalist, Pre-Mil-Tribulationists, Young Earther, Anti- LGBTQ+

23/05/2026

"နူတ်ကပတ်တော်ကို
သမိုင်းရာဇဝင်တစ်ခုသက်သက်အနေနဲ့ မဖတ်ရှူဘဲ၊
ဘုရားသခင်ကိုယ်တိုင် သင့်ဆီကိုပါးတဲ့
'အချစ်စာစောင်' (love-letter) တစ်ခုလို ဖတ်ရှူပါ။"

~ Thomas Watson (A Puritan Golden Treasury) မှ ကောက်နူတ်ပြန်ဆိုထားသည်။

16/05/2026

ခရစ်တော်မှအပ၊
ငါ့ကို ကျေနပ်မူအပေးဆုံးအရာတစ်ခုရှိသေးတယ်၊
"ငါ့ သခင်ခရစ်တော်အကြောင်း ဟောပြောသက်သေခံဖို့"
ဖြစ်တယ်။

"Next to Christ I have one joy, to preach Christ my Lord."

~ Samuel Rutherford

JohnBlanchard:
"a treasury of quotations for Christians -
Sifted Silver" မှ ကိုးကားပြန်ဆိုထားသည်။

14/05/2026

"ဓမ္မဟောင်းကျမ်းကို သေချာဖတ်ကြည့်ပြီး၊
လူတွေကို စိတ်အားရကျေနပ်အောင်ပရောဖက်ပြုတဲ့
ပရောဖက်တစ်ယောက်လောက် ရှာကြည့်!
တစ်ယောက်မှ မရှိဘူးးးး!!"



အကြောင်းမူကား၊ ယခုတွင် ငါသည် လူတို့၏ အလိုသို့လိုက်သလော။ ဘုရားသခင်၏ အလိုတော်ကို လိုက်သလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန်မဟုတ်ပြီ။

ဂလာတိ ၁း၁၀

12/05/2026

နောက်လာမယ့်နှစ်တစ်ချို့အတွင်း
ဘာတွေဖြစ်မယ်ဆိုတာ သိလား? လို့

Sherwood E. Wirt က C.S Lewis ကို မေးလိုက်သည်။

C.S Lewis က ဒီလိုပြန်ဖြေလိုက်သည်။
"ငါ ဘယ်လို သိမှာလဲ?
ကမ္ဘာကြီးက နောက် ၁၀ မိနစ်လောက်မှာ
ရပ်တန့်သွားတာလဲ ဖြစ်ရင်ဖြစ်လောက်တယ်၊
ဒီလိုဆိုရင်တောင် ငါတို့လုပ်ရမယ့်အလုပ်တာဝန်တွေကို
ငါတို့ထမ်းဆောင်မြဲထမ်းဆောင်ရပါမယ်။
နေ့ရက်တိုင်းဟာ ငါတို့ရဲ့နောက်ဆုံးနေ့ဖြစ်တယ်
ဆိုတဲ့အတွေးနဲ့အသက်ရှင်သလို၊
ငါတို့လောကကြီးက နောက်နှစ်ပေါင်း ၁၀၀ လောက်
တည်ရှိဦးမှာဆိုတဲ့အတွေးနဲ့ အစီစဥ်ဆွဲထားပါ။"

Derek Prime ရဲ့ The Ascension: The Shout of a King စာအုပ်မှ ကောက်နူတ်အနက်ဖွင့်ရေးသားထားသည်။

10/05/2026

ဘုရားကျောင်းပုံမှန်တက်ရောက်ခြင်းနှင့်ပတ်သက်ပြီး
၁၆ ရာစု Reformers တွေကို ဆက်ခံခဲ့တဲ့
၁၇ ရာစု Puritans တွေရဲ့ အမြင်

သူတို့အတွက်တော့ ဘုရားကျောင်းမတက်ခြင်းဟာ
တော်တော့်ကိုကြီးလေးတဲ့အပြစ်တစ်ခုအဖြစ်
သတ်မှတ်ကြပါတယ်။
သူတို့တွေအတွက်က သခင်ဘုရားနေ့ (The LORD's Day) မှာ ဘုရားကျောင်းတက်ဖို့တင် မဟုတ်ဘဲ၊
ထိုနေ့ကို သန့်ရှင်းစေဖို့၊ စီးပွားရေးအတွက်မဟုတ်ဘဲ
(တစ်ချို့ခရစ်ယာန်တွေဆို Sunday နေ့ဆို စျေးရောင်းကောင်းလဲ၊ ဆိုင်တွေ မဖွင့်ကြပါဘူး) ဝိညာဥ်အကျိုးအတွက်အသုံးပြုဖို့၊ တခြားအကြောင်းအရာတွေထက် ဘုရားတရားအတွက်သာ (ကျမ်းစာပိုဖတ်ရှူခြင်း၊ ဝိညာဥ်အတွက် Fellowships တွေပိုရှိခြင်း၊ နူတ်ကပတ်တော်နားဆင်ခြင်း၊ ဆုတောင်းခြင်း) စသည်တို့အတွက်
အသုံးပြုဖို့ဆိုပြီး ကျင့်သုံးတတ်ကြပါတယ်။ အဲ့နေ့မှာဆို နေမကောင်းသူမှအပ၊ ကလေး၊ လူကြီးမရွေး ဘုရားကျောင်းကို တက်ရောက်ရပါတယ်။ Puritan တစ်ယောက်ဖြစ်တဲ့ Jeremiah Burroughs ကတော့ သခင်ဘုရားနေ့ကို "The market day for the soul" (ဝိညာဥ်အဟာရအတွက်စျေးရောင်းပွဲတော်နေ့" ဖြစ်တယ်လို့ ဆိုထားပါတယ်)။

ဘုရားကျောင်းမတက်တာရယ်၊ ဘုရားသခင်နေ့ကို
သန့်ရှင်းစွာအသုံးမပြုတာရယ်ကို သူတို့တွေအတွက်တော့
"မယုံကြည်သူတစ်ယောက်ရဲ့အကျင့်လက္ခဏာ" လို့ မှတ်ယူတတ်ကြပါတယ်။

*** ဒီနေ့ကိစ္စ နည်းနည်းစိတ်ခုနေလို့၊
"Joshua Van" ရဲ့ ပွဲအတွက်
တစ်ချို့တွေ အိပ်ရေးပျက်ကြမယ်၊
ဘုရားကျောင်းတက်ဖို့ပျက်ကွက်ကြမယ်၊
ဘုရားကျောင်းထဲမှာတောင် ဖုန်းထိုင်ပွတ်ကြည့်နေမယ်၊
ငါတို့တွေ ဘုရားသခင်နေ့ကို အရေးမစိုက်ရာ မကျလွန်းဘူးလား? ဘုရားသခင်ကို စော်ကားရာမကျလွန်းဘူးလား? သူနိူင်တာ၊ ရှူံးတာ၊ ငါတို့ရဲ့ဝိညာဥ်ရေးရာအတွက် ဘာအကျိုးပြုပေးသလဲ? ထာဝရအတွက် ဘာအကျိုးပြုပေးလဲ?

ဒီလို ကိစ္စတွေ ပေါ်လာတိုင်း ဘုရားသခင်နေ့မှာ အိုလံပစ် ပြိုင်ပွဲဝင်ဖို့ ငြင်းပယ်ခဲ့တဲ့ အပြေးသမား "Eric Lidell" ကို သတိရမိတယ်၊ သူ့ကိုတော်တော် သဘောကျတယ်။

ယုံကြည်သူခရစ်ယာန်ရှူ့ထောင့်နှင့်သာကြည့်ပေးပါ ---

မေတ္တာဖြင့်၊

09/05/2026

#ပညာရှိမိဘ

ပညာသတိရှိမိဘက သားသမီးတွေကို
ခရစ်တော်ထံ ပို့ဆောင်ရုံမကဘဲ၊
#နေ့စဥ်နူတ်ကပတ်တရားလမ်းထဲ
ပျော်မွေ့တတ်အောင် သွန်သင်ဆုံးမတတ်တယ်။

ငယ်စဥ်ကတည်းက ကလေးတွေကို
နူတ်ကပတ်တော် ချစ်တတ်အောင် သွန်သင်ပေးပါ။
နူတ်ကပတ်တော်ကို ရေလည်သိသွားအောင် လမ်းညွန်ပေးပါ။
တခြားစာအုပ် (English နှင့် Maths•••) စသည်တို့က အရေးမကြီးတာမဟုတ်ဘဲ၊ ဒုတိယနေရာမှာပဲ နေရာယူပါစေ။ နူတ်ကပတ်တော်ကို အရင်ဖတ်ကိုဖတ်ရမယ် ဆိုတဲ့ စည်းကမ်းကို ထုတ်ပေးပါ။
- နူတ်ကပတ်တော်ကို ဖတ်ရှူတဲ့အခါ
လေးစားသမုရှိစွာ ဖတ်ရှူစေပါ။ ဒါက ဘုရားသခင်မူတ်သွင်းထားတဲ့သူ့ရဲ့နူတ်တော်ထွက်ဖြစ်ပြီး၊ ကယ်တင်ခြင်းပေးနိူင်တဲ့အသက်စာအုပ်ဖြစ်ကြောင်း သိရှိစေပါ။
- နူတ်ကပတ်တော်ကို နေ့တိုင်း ဖတ်ရှူစေပါ။ သူတို့ရဲ့ နေ့စဥ်ဝိညာဥ်အဟာရဓာတ်ဖြစ်ကြောင်း သိစေပါ၊ နေ့စဥ် ဝိညာဥ်ကျန်းမာရေးအတွက် အရေးကြီးကြောင်း သိစေပါ။
- တစ်ခုမကျန်၊ အစအဆုံး ဖတ်ရှူစေပါ။ ကျမ်းစာ ၆၆ အုပ်လုံးက ဘုရားမူတ်သွင်းထားတာမို့၊ အကုန်လုံးက အရေးကြီးတယ်၊ အသက်ရှိတယ် ဆိုတာကို နားလည်စေပါ။
တစ်ချို့အရာတွေက နားလည်ဖို့ ခက်တယ်ဆိုတော့ မဖတ်ခိုင်းဘူး လို့မပြောပါနှင့်၊ ကလေးတွေရဲ့နားလည်နိူင်စွမ်း၊ လုပ်နိူင်စွမ်းကို ဘုရားပဲ သိတာပါ။
သူတို့ ငယ်ပါသေးတယ်၊ နားမလည်နိူင်လောက်ဘူး မပြောပါနှင့်၊ 'မိဘများ' သူတို့ကို သင်ယူစေတဲ့ "English နှင့် Maths" လောက်၊ Piano Lessons တွေလောက်၊ 'ကလေးတွေ' စွဲတတ်တဲ့ 'games' တွေလောက် ကျန်တဲ့ သင်တန်းတွေလောက်တော့ မဟုတ်ပါဘူး၊ မခက်လောက်ပါဘူး၊ နည်းနည်းအားစိုက်ပြီး၊ အလေးပေးပြီး၊ အချိန်ပေးပြီး၊ ဖတ်ရင် အနည်းကျဥ်းတော့ နားလည်နိူင်ပါတယ်။ ဘုရားသခင်က နားလည်နိူင်စွမ်းပေးမှာပါ။

ကုန်ကုန်ပြောမယ်ဗျားးးး - "သူတို့ စိတ်ကို နူတ်ကပတ်တော်နှင့် လွှမ်းမိုးစေပါ၊ ပြည့်နက်စေပါ၊ သူတို့အထဲကို နူတ်ကပတ်တော် ကျိန်းဝပ်စေပါ။ သူတို့ အသက်ငယ်သေးရင်တောင် ကျမ်းစာအုပ်ကို ကိုယ်ပိုင်အဖြစ်ပေးရပါမယ်၊ နေ့စဥ်ဖတ်ဖို့ တွန်းအားပေးရပါမယ်။"

~ J.C Ryle ၏ "The Upper Room" မှ
ကောက်နူတ်ရေးသားမွမ်းမံထားသည်။

08/05/2026

#ပညာရှိမိဘ

သမ္မာသတိရှိ၊ ပညာရှိတဲ့မိဘတွေက သူတို့သားသမီးရဲ့
ဘဝ အောင်မြင်ရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမူရေး၊ စတဲ့ "ရေး" တွေအတွက် ဦးစွာစိတ်မပူပန်ဘဲ (စိတ်မပူပန်ဖို့တော့ မဆိုလိုပါ)၊ သူတို့ရဲ့ထာဝရဝိညာဥ်အတွက် ဦးစွာ ဦးစားပေးတတ်ပါတယ်။
ထို "ရေး" တွေက "ဝိညာဥ်ရေး" နှင့် နိူင်းယှဥ်လိုက်ရင်
ဘာမှမပြောပလောက်တဲ့အရာတွေမို့လို့ပါ။
"လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။- မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။- ရှင်မာကု ၈း၃၆-၃၇"
ထို "ရေး" တွေက ဒီလောကအတွက်သာအသုံးပြုရမယ့်တဒဂ်အရာတွေသာဖြစ်ပြီး၊ ဝိညာဥ်နှင့်သက်ဆိုင်တဲ့အရာတွေကသာ တစ်ခုတည်းသောထာဝရတည်တံ့တဲ့အရာဖြစ်တယ်။

ကလေးတစ်ယောက်လောကကိုအရောက်ပို့ပြီဆိုတာနှင့်
မိဘတွေအတွက် ပထမဦးစားပေးရမယ့်အရေးကြီးဆုံးသောတာဝန်က "သူ့ဝိညာဥ်ရေးရာ" ကို အလေးပေး ခရစ်တော်ထံ သေချာအရောက်လမ်းညွန်ပေးဖို့ဖြစ်တယ်။ (ကလေးတွေ ကယ်တင်ခြင်း ရမယ်၊ မရဘူးဆိုတာက မိဘတွေ လုပ်နိူင်တဲ့အရာမဟုတ်ပေမယ့်၊ ဘုရားသခင် မိဘတွေကို အမိန့်ပေးထားတာက သားသမီးတွေကို တရားလမ်းသို့ ပို့ဆောင်၊ လမ်းညွန်ဖို့အတွက်ဖြစ်တယ်။
"သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်။
သုတ္တံ ၂၂း၆)

ဒီ ဝိညာဥ်ရေးက သူ့ကလေးဘဝ ထာဝရ "အသာစံ" မလား? "အနာခံ" မလား? ဆိုတာကို ဆုံးဖြတ်ပေးတာမို့လို့ပါ။

သမ္မာကျမ်းစာက ဤသို့သော မိဘ မျိုးကို "ပညာရှိ" လို့ဆိုပါတယ်။ ကျန်တဲ့"ရေး" ကို ပေးနိူင်တဲ့ မိဘတွေကို ပညာရှိလို့ ဆိုတဲ့ ကျမ်းပိုဒ်ကိုတော့ ကျွန်တော်လေ့လာသလောက် မတွေ့ဖူးပါဘူး။

"သူတစ်ပါးတို့၏စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။ သုတ္တံ ၁၁း၃၀ခ"

"••• and he that winneth souls is wise. Prov. 11:30b"

မိဘများ ပညာရှိကြပါစေ။

ကျွန်တော်ကိုယ်တိုင်တော့ မိဘမဟုတ်ပေမယ့်၊
သမ္မာတရားမို့လို့ဝေမျှခြင်းပါ။

J.C Ryle ရဲ့ The Upper Room မှ
ကောက်နူတ်ရေးသားထားသည်။

06/05/2026

#အသင်းတော်ကြီးထွားဖို့နည်းဗျူဟာ

အသင်းတော်ကြီးထွားဖို့ဗျူဟာနှင့်ပတ်သက်ပြီး
ကျွန်တော်သဘောအကျဆုံးတရားဟောဆရာကြီး
John MacArthur ပြောတာလေး
တော်တော် သဘောကျတယ်၊
ပြီးတော့ ခုခေတ်အသင်းတော်တည်ထောင်သူတွေ၊
အသင်းတော်မှာသင်းအုပ်အဖြစ်အမူတော်ဆောင်သူတွေ လျစ်လျူရှူနေတဲ့အပိုင်းဆိုလဲ
မမှားလောက်မယ့် အချက်ဖြစ်တယ်
လို့ ယုံကြည်တယ်။

"ငါအရေးတကြီးအလေးထားပြုတဲ့အမူက 'အနက် -depth' ဖြစ်တယ်၊ 'အနံကျယ်ဝန်းမူ -breadth' မဟုတ်ပါ။ အနံအကျယ်ဝန်းဆိုတာက ဘုရားပြုတဲ့အမူဖြစ်တယ်။"

"အနက်" ဆိုလိုခြင်းက
"အသင်းတော်ရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့သမ္မာကျမ်းစာကို နက်နက်နဲနဲလေ့လာသင်ယူပြီး အနက်ဖွင့်ရှင်းပြဟောပြောတာက" ငါ အလေးပေးပြုတဲ့အမူဖြစ်တယ်။
"အနံအကျယ်ဝန်း" ဆိုလိုခြင်းက
"သင်းသူ/သား တိုးပွားခြင်း၊နေရာဒေသကျယ်ပြန့်ဖို့ဆိုတာက ငါ့အလုပ်မဟုတ်ဘဲ၊ ဘုရားသခင်ကသာ ပြုနိူင်တဲ့အမူဖြစ်တယ်။"

"What I am concerned is the depth, not the breadth, which is the work of God."

"စိုက်ပျိုးသောသူ မတတ်နိုင်။ ရေလောင်းသောသူလည်း မတတ်နိုင်။ ကြီးပွားစေတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။- ၁ ကော ၃း၇"

မှတ်ချက်//
Self-help ဆရာကြီးတွေဖြစ်တဲ့ Rick Warren နှင့်
John Maxwell စသည် တို့ရဲ့ နည်းဗျူဟာနဲ့တော့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေလိမ့်မယ်။

05/05/2026

ကျမ်းစာတော့ မဖတ်ချင်ဘဲ
ကျမ်းဗဟုသုတ ကြွယ်ချင်သူများ

တစ်နေ့ နာမည်ကြီးတရားဟောဆရာတစ်ယောက် သူ့တပည့်လူငယ်လေးနှင့် ရထားတူတူစီးပြီး၊ သင်တန်းပို့ချဖို့ သင်တန်းနေရာကို ဦးတည်ခရီးနှင်ကြလေသည်။ တရား​ဟောဆရာက လုပ်နေကျအတိုင်းကျမ်းစာကိုသာ ဖတ်ရှူနေပြီး၊ လူငယ်လေးက သတင်းစာကို ဖတ်နေလေသည်။
လူငယ်လေးက တရားဟောဆရာကိုကြည့်ပြီး လှမ်းပြောလိုက်သည်မှာ "ဆရာရယ့်၊ ဆရာသိသလို၊ ကျွန်တော်လည်း ကျမ်းစာ ဗဟုသုတကြွယ်ချင်လိုက်တာ။"
တရားဟောဆရာကလဲ ခနဲ့ပြီးပြန်ဖြေလိုက်သည်မှာ "သတင်းစာဖတ်ရုံနဲ့တော့ ကျမ်းစာဗဟုသုတကြွယ်မှာတော့ မဟုတ်ဘူး။"
လူငယ်လေးလည်း တရားဟောဆရာပြောချင်တာ နားလည်းပုံရပြီး၊ သတင်းစာကိုဘေးဖယ်ကာ ကျမ်းစာကို စတင်ဖတ်ရှူလေပါတော့သည်။

James Boice (The Gospel of John)

*ဘုရားအလိုတော် သိချင်တယ်၊
နေ့စဥ်အသက်တာမှာ ဘုရားသခင်ရဲ့လမ်းညွန်မူကို လိုချင်တယ်၊
ယုံကြည်ခြင်း ခိုင်ခံ့ချင်တယ်၊ ကြီးထွားချင်တယ်၊
ကျမ်းဗဟုသုတကြွယ်ဝချင်တယ်

ဒါပေမယ့်
ကျမ်းစာ ဖတ်ဖို့ကျ ပျင်းတယ်၊
ကျမ်းစာကိုတော့ မဖတ်ဖူးဘူး။

NOOOOOO!!!

03/05/2026

"တခါပဲမွေးဖွားခံရပြီး၊ (မိဘထံမှ)
နှစ်ခါသေရင် (ခန္ဓသေခြင်း နှင့် ဝိညာဥ်သေခြင်း) ၊
ထာဝရသေမှာဖြစ်တယ်။
နှစ်ခါမွေးဖွားခံရင်၊ (မိဘ နှင့် ဝိညာဥ်တော်ထံမှ)
ဘယ်တော့မှ မသေဘဲ၊ ထာဝရအသက်ရှင်မည်။"

"Once born, die twice, and die forever;
Twice born, never die and live forever."

~ J.C Ryle (The Upper Room) မှ
ကောက်နူတ်ထားသည်။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon