CardVerse

CardVerse

Share

We create cards that are not only beautiful but also meaningful, with messages Our goal is to create cards that are not only beautiful but also meaningful.

CardVerse offers a diverse collection of cards, including inspirational cards, business cards, calendar cards, and more. We believe that a well-crafted card can inspire, connect, and empower people in their daily lives.

07/11/2023

ဓါတ်ပုံ​တွေက လူ​တွေရဲ့ဘဝမှာ အ​ရေးပါတယ်လို့ ထင်လား?

24/06/2023

သင့်ရဲ့ စာဖတ်ချင်စိတ်ကို နှိုးဆွပေးမယ့် 𝑩𝒐𝒐𝒌𝒎𝒂𝒓𝒌 လေးများ📖 📖 🔖

𝐎𝐫𝐝𝐞𝐫 𝐍𝐨𝐰 📩📩
𝐅𝐥𝐨𝐰𝐞𝐫 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 𝐈
𝐒𝐢𝐳𝐞 - 𝟐" 𝐱 𝟔"
𝟏𝟎 𝐏𝐜𝐬 𝐢𝐧 𝟏 𝐏𝐚𝐜𝐤

20/06/2023

မိုးအေးအေးနဲ့ စာဖတ်ရင်း ဒီက ဘော်ဒါတွေကို သတိရလာလို့ မေးခွန်းလေးတစ်ခုမေးချင်ပါတယ်။

မေးခွန်းလေးကတော့
"စာဖတ်ဝါသနာပါကြလားဗျ? ဘယ်လိုစာအုပ်မျိုးတွေကိုဖတ်လေ့ရှိလဲ?
ဘယ်ချိန်တွေမှာ ဖတ်လေ့ရှိလဲ?"

အပျင်းပြေ Comment လေးမှာ ဆွေးနွေးသွားကြပါဦးနော်...

07/06/2023

စိတ်ဓါတ်ကျပြီး လမ်း​ပျောက်သလို အ​ခြေအ​နေ​ကြုံဖူးကြလား😔? ကြုံဖူးရင် ဘယ်လို​ကျော်ဖြတ်ခဲ့ကြလဲ ​မျှ​ဝေ​ပေးခဲ့ပါဦး

14/05/2023

စိတ်ညစ်နေတယ်ဆို ဒါကို ဖတ်ပါ။
အခုလိုအချိန်ကြီးမှာ တစ်နေ့တစ်နေ့ ဖြတ်သန်းရတာ စိတ်ဖိစီးမှုတွေများလွန်းလှတယ် ဟုတ်
===========================================
⭕ကုန်စျေးနှုန်းတက်လာတာတွေ
⭕တစ်ရက်တစ်ရက် အလုပ်သွားလိုက်ပြန်လိုက်နဲ့ အချိန်ကုန်နေတာတွေ
⭕ဝင်ငွေနဲ့ ထွက်ငွေ မမျှတလာတာတွေ
⭕ဘာလုပ်ရမှန်းမသိ အိပ်မက်တွေပျောက်နေတာတွေ
ဒီအချက်တွေကို စဥ်းစားမိရင်း နေ့ရက်တွေဟာ ဖြတ်သန်းရတာအဓိပ္ပါယ်မရှိသလို စိတ်ဓာတ်ကျလာသလို ခံစားလာကြရပါတယ်။ ကျွန်တော်အပါအဝင်ပါ...
ဒီလိုခံစားချက်တွေဖြစ်နေပြီဆို သတိထားပြီး ကိုယ့်စိတ်ကို သက်သာရာရအောင် လုပ်သင့်ပါတယ်။ အောက်ကအချက်လေးတွေကတော့ ဒီကာလအတွင်း ကျွန်တော်လုပ်ဖြစ်တဲ့ အရာလေးတွေပါ။

1️⃣ ခနအနားပေးပါ
စိတ်ဖိစီးမှုတွေများနေပြီဆိုရင် ကိုယ်အခုလုပ်နေတာ၊ ကြိုးစားနေတာတွေကို
ခနရပ်ပြီး ကိုယ့်ကိုကိုယ်အနားပေးလိုက်ပါ။
အပြင် ခနထွက်တာမျိုး၊ ကိုယ်ဝါသနာပါတာလေးတစ်ခုခု လုပ်လိုက်တာမျိုး၊ တရေးအိပ်လိုက်တာမျိုးပေါ့။ ဘယ်လောက်နားရမလဲ ဆိုတာတော့ တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးနိုင်တာချင်းမတူတာမို တစ်ရက်ဆိုတစ်ရက်၊ တစ်နာရီဆို တစ်နာရီပေါ့

2️⃣ လေ့ကျင့်ခန်းလုပ်ပါ
ကျွန်တော်တို့ တော်တော်များများက လေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးကြဘူးဗျ။ တကယ်တော့ လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ဖိစီးမှုတွေလျော့ကျစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ လူကိုလည်း လန်းဆန်းစေပြီး အကောင်းမြင်စိတ်လည်း ပိုတိုးလာစေပါတယ်။

3️⃣ တစ်ယောက်ယောက်နဲ့ စကားပြောပါ
တစ်ယောက်တည်းနေတဲ့အခါ စိတ်ညစ်တာတွေ စိတ်ဖိစီးမှုတွေဟာ ပိုတိုးလာတတ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့ဟာ စကားပြောပေးဖို့လိုပါတယ်။
ကိုယ့်သူငယ်ချင်းဖြစ်ဖြစ် မိသားစုဝင်တွေနဲ့ဖြစ်ဖြစ် စကားပြော တိုင်ပင်ကြည့်ပါ။ စကားပြောတဲ့အခါ ကိုယ်ခံစားနေရတာတွေကို ရင်ဖွင့်လို့ရသလို။
အခြားကိုယ်စိတ်ဝင်စားရာအကြောင်းအရာတွေ ပြောလဲရပါတယ်။ အလ္လာပသလ္လာပပေါ့...

4️⃣ အိပ်ရေးဝဝ အိပ်ပါ
ဒီစာဖတ်နေတဲ့ သူတွေထဲမှာ ညဘက်နောက်ကျမှ အိပ်တဲ့သူ ဘယ်နှယောက်ရှိလဲဗျ။ ဖြေသွားပါဦး???
အဲ့လိုညဘက်တွေ အိပ်တာနောက်ကျပြီး အိပ်ရေးပျက်တာဟာလဲ စိတ်ဖိစီးမှုတွေများစေတဲ့အကြောင်းအရင်းတစ်ခုပါ။ ညဆိုစောစောအိပ်ပြီး မနက်ကျ စောစောထကြည့်ပါ။ ပိုပြီးနေလို့ကောင်းတာ ခံစားမိပါလိမ့်မယ်။

5️⃣ အစားကောင်းကောင်းစားပါ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုပြောချင်တာပါ။ တချို့ဆို ရုံးချိန်မမှီလို့ မနက်စာမစားတာတွေ၊ နေ့လည်စာတွေကိုနောက်ကျမှစားတာတွေ ရှိတတ်ကြပါတယ်။
အဲ့လိုမလုပ်ဘဲ သေချာ မနက်စာ၊နေ့လည်စာ၊ညစာ မျှတအောင် စားကြည့်ပါ။

6️⃣ အများကြီးမတွေးပါနဲ့
ကျွန်တော်တို့ဟာ တစ်ခုခုဆို အများကြီးတွေးကြပါတယ်။ ပြီးတော့ ဘာလုပ်ဖြစ်လဲဆိုတော့ ဘာမှဆက်မလုပ်ဖြစ်ပါဘူး။ အဲ့ခါကျ အားမလိုအားမရဖြစ်ပြီး စိတ်ဖိစီးမှုတွေ ပိုများလာကြပါတယ်။

အရာအားလုံးဟာ ပထမခြေလှမ်းကပဲ စလှမ်းကြရတာပါ။ အဲ့တော့ ကိုယ်ဘာဖြစ်ချင်တဲ့ဆိုတဲ့ ရည်မှန်းချက်ကို အရင်စဥ်းစားပါ။ ပြီးရင် အဲ့ရည်မှန်းချက်ရအောင်လုပ်ဖို့ ပထမဆုံးဘာလုပ်ဖို့လိုလဲဆိုတာပဲစဥ်းစားပြီး
တစ်ဆင့်ချင်းစီလုပ်သွားပါ။

ဒီအချက်တွေကတော့ ဒီကာလမှာ ကျွန်တော်လုပ်ဖြစ်နေတဲ့အချက်လေးတွေပါပဲ။ မိတ်ဆွေတို့လည်း စိတ်ဖိစီးမှုတွေ ခံစားနေရတယ်၊ စိတ်ဓာတ်ကျသလို ခံစားနေရတယ်ဆိုရင် အပေါ်က အချက်လေးတွေကို လိုက်လုပ်ကြည့်ပြီး ပြင်ကြည့်ပါနော်

ပြီးရင် ဘာတွေပြောင်းလဲသွားလဲဆိုတာ commentမှ ပြန်မျှဝေပေးသွားပါဦး။ အခြားကိုယ်လုပ်နေတဲ့အချက်လေးတွေရှိရင်လည်း မန့်သွားခဲ့နော်

Want your business to be the top-listed Interior Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon