maw yon studio

maw yon studio

Share

Restaurant

Photos from maw yon cafe's post 15/06/2024
Photos from maw yon studio's post 30/12/2023
19/07/2023
24/02/2023

လာမယ့် တနင်္ဂနွေနေ့ကျ ပုံဆွဲကြရအောင်

လာမယ့် ဖေဖေါ်ဝါရီလ ၂၆ ရက်၊ တနင်္ဂနွေနေ့၊
နေ့လည် ၁:၀၀ နာရီကနေ ၅:၀၀ နာရီအထိ
မော်ရုံစတူဒီယိုမှာ ပုံဆွဲကြရအောင်နော်၊

ဖုန်းနံပါတ် 09 5111450 ကို ဆက်သွယ်ပြီး
အသေးစိတ် စုံစမ်းမေးမြန်း
ကြိုတင် စာရင်းပေးသွင်းနိုင်ပါတယ်၊

Photos from maw yon studio's post 14/02/2023

Feb 14, 2023

Photos from maw yon studio's post 09/02/2023

တနင်္ဂနွေနေ့ကျ ပုံဆွဲကြရအောင်

လာမယ့် ဖေဖေါ်ဝါရီလ ၁၂ ရက်၊ တနင်္ဂနွေနေ့၊
နေ့လည် ၁:၀၀ နာရီကနေ ၅:၀၀ နာရီအထိ
မော်ရုံစတူဒီယိုမှာ ပုံဆွဲကြရအောင်နော်၊

ပုံဆွဲဖို့ canvas တွေ၊ ဆေးတွေ
အကုန် အဆင်သင့်ရှိပါတယ်၊
ကူညီပြောပြပေးဖို့
ဆရာမတယောက်လည်း ရှိပါတယ်၊

ဆွဲမယ့် canvas က 30x40cm ဆိုဒ်ပါ၊
acrylic ဆေးနဲ့ ဆွဲမှာပါ၊
ပုံဆွဲရင်း ကော်ဖီ၊ အအေး၊ ဝိုင်
နှစ်သက်ရာ တခုခု သောက်နိုင်ပါတယ်၊

ဖုန်းနံပါတ် 09 5111450 ကို ဆက်သွယ်ပြီး
အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်၊
လူဦးရေ ကန့်သတ်ထားလို့
ကြိုတင် စာရင်းပေးသွင်းဖို့ လိုပါတယ်၊

02/02/2023

မော်ရုံစတူဒီယိုမှာ ပုံဆွဲကြရအောင်

လာမယ့် ဖေဖေါ်ဝါရီလ ၄ ရက်၊ စနေနေ့
နေ့လည် ၁:၀၀ နာရီကနေ ၅:၀၀ နာရီအထိ
သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ပုံဆွဲကြရအောင်နော်

ပုံဆွဲဖို့ canvas တွေ၊ ဆေးတွေ၊ စုတ်တံတွေ
အကုန် အဆင်သင့်ရှိပါတယ်
ပုံဆွဲတဲ့အခါ ကူညီပြောပြပေးဖို့
ဆရာမတယောက်လည်း ရှိပါတယ်

canvas က 30x40cm ဆိုဒ်ပါ
acrylic ဆေးနဲ့ ဆွဲမှာပါ
ပုံဆွဲရင်း ကော်ဖီ၊ အအေး၊ ဝိုင်
နှစ်သက်ရာ တခုခု သောက်နိုင်ပါတယ်

လူဦးရေ ကန့်သတ်ထားလို့
ဖုန်းနံပါတ် 09 5111450 ကို ဆက်သွယ်ပြီး
ကြိုတင် စာရင်းပေးသွင်းနိုင်ပါတယ်

Photos from maw yon studio's post 29/01/2023

Jan 29, 2023

26/01/2023

ဒါက မော်ရုံစတူဒီယိုရဲ့ တည်နေရာပါ၊
ရန်ကုန်မြို့၊ ၃၉ လမ်း၊ အောက်ဆုံး ကမ်းနားဘ​လောက်မှာ ရှိပါတယ်၊

ပုံမှန်ဆို ကားတွေက ၃၉ လမ်းကို ကမ်းနားလမ်းဘက်ကနေ ဝင်ရပါတယ်၊ ခုလောလောဆယ် ဗြိသျှသံရုံးဘေးမှာ ကားအဝင်တွေ ပိတ်ထားလို့ ၃၉ လမ်းကို ကုန်သည်လမ်းဘက်ကနေ လမ်းပြောင်းပြန်ဝင်မှ ရပါတယ်၊ စတူဒီယိုရှေ့အထိ အရောက်လာချင်တယ်ဆိုရင်တော့ အခုပြောတဲ့ မြေပုံထဲက အနီရောင်လိုင်းအတိုင်း လာလို့ရပါတယ်၊

အနီးအနားအထိဆိုရင်တော့ မြေပုံထဲက လိမ္မော်ရောင်ပြထားတဲ့ ပန်းဆိုးတန်းနဲ့ ဗိုလ်အောင်ကျော်လမ်းအကြား ကမ်းနားလမ်းမှာ ကားရပ်ပြီး လိမ္မော်ရောင်မြားအတိုင်း သံရုံးဘေးက လမ်းလျှောက်ဝင်လို့ ရပါတယ်၊ ညနေဘက်ဆို အဲ့ဒီနေရာက ကားရပ်ဖို့ ပိုအဆင်ပြေပါတယ်၊

တကယ်လို့ လမ်း ၄၀ ဘက်က လာမယ်ဆိုလည်း
လမ်း ၄၀ ကို ကုန်သည်လမ်းကနေပဲ လမ်းပြောင်းပြန်ဝင်ပြီး
လာလို့ ရပါတယ်၊

Photos from maw yon studio's post 25/01/2023

ဒီတပါတ် မော်ရုံစတူဒီယိုမှာ ဘာဆွဲရင် ကောင်းမလဲ၊
ကလေးလေးတွေလိုပဲ ဆွဲရရင်ကောင်းမလား၊
အိပ်မက်ထဲက ပုံမျိုးလား၊
ပန်းပုံလား၊ မင်းသမီးလား၊
ဆေးတွေ လျှောက်သုတ်ရင် ကောင်းမလား၊

လာမယ့် ဇန်နဝါရီ ၂၉ ရက်၊ တနင်းဂနွေနေ့ကျရင်
မော်ရုံစတူဒီယိုမှာ သူငယ်ချင်းတွေနဲ့ အတူတူ
ကော်ဖီသောက်ရင်း နေ့လည်စာစားရင်း ပန်းချီဆွဲကြရအောင်နော်၊

ပန်းချီဆွဲဖို့ ကင်းဘတ်တွေ၊ စုတ်တံတွေ၊ ဆေးတွေ၊
ခဲတန်တွေ ဆော့ပင်တွေ အကုန်အကုန် အစုံ အဆင်သင့် ရှိပါတယ်၊
ကူညီပြပေးဖို့ ဆရာမတယောက်လည်း ရှိပါတယ်၊

အရင်တပါတ်ကလိုပဲ စိတ်ကူးလေးတခု၊
အတွေးလေးတခုပဲ ယူခဲ့ပြီး ဆွဲကြရအောင်ပါ၊
အချိန်က နေ့လည် ၁၂:၀၀ နာရီကနေ ညနေ ၄:၀၀ နာရီ အထိပါ၊

ဖုန်းနံပါတ် 09 5111450 ကို ဆက်သွယ်ပြီး
အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်၊

လူဦးရေ ကန့်သတ်ထားလို့ ကြိုတင်စာရင်းပေးသွင်းဖို့
လိုအပ်ပါတယ်နော်၊

Painting
30x40cm Canvas
acrylic paint

Lunch
okra salad ရုံးပတီဆလပ်
fried ebi with tartar sauce ပုဇွန်ကြော်
chicken kung pao ကြက်ကုန်းဘောင်
bacon and asparagus ကညွတ်ဘေကွန်
or pepper squid (သို့) ငရုတ်ကောင်းကင်းမွန်
smoked small catfish ငါးကျည်းကြပ်တိုက်
fried rice with egg ကြက်ဥထမင်းကြော်

Your choice of
coffee-tea
soft drink
wine

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


22, 39th Street, Kanna Block, Kyauktada
Yangon