Zwal's Collection
ဂစ်တာတီးရင် ဘဝ အမောတွေပြေပျောက?
02/02/2026
အရောင်း သိပ်မတင်ဖြစ်ပေမဲ့ preorder တော်တော်လေး မှာပေးဖြစ်ပါတယ်
အချိန် အနည်းငယ်ကြာသွားပေမဲ့
အခု လို သဘော ကြတယ် ကြားရတာ
အတော် ဝမ်းသာပါတယ်
Japan က လိုအပ်ရှိရင်ဆက်သွယ်မှာယူလို့ပါတယ် ❤️
28/11/2025
Martin GPC 11E
မိတ်ဆွေ ၁ ယောက်ဂစ်တာလေးပါ
ဆေးပိုင်းနဲ လိုအပ်တာများကို ကိုသားငယ်ဆီမှာပြန်လည်ပြုပြင်ထားပါတယ်
Martin All solid လေးကို
စျေးစျေးသက်သက်သာသာ ရပါမယ်
၂၉ သိန်း နဲ ယူပါ
Martin GPC 11E
Top - Solid Spruce
Back and side - Solid Sapele
With fishman MXT pickup
24/11/2025
Martin လေး ကို
မြတ်နိုးတန်ဖိုးထားတဲ့ အကို ၁ ယောက် ဆီ ကို
ရောင်းလိုက်ပါဘီ Sold Out ပါ ❤️❤️❤️
22/11/2025
Martin ဆို တာ နဲ ပြေးမြင်မိတဲ့ Model
Martin D28
သာမန်ရုပ်ထွက်ပေမဲ့ ထူးခြားတဲ့ အသံပါ
စျေး တန်တန် လေး ရပါမယ်
သိန်း ၈၀ နဲ ယူပါ
Guild G75
Made in USA
အသံနားထောင်ကြည့်ပြီး
ဘယ်လိုလဲ ပြောပေးကြပါအုန်း
06/08/2025
Guild G75
Made in USA
1975 ကျော် လောက် က ထုတ် တဲ့ ဂစ်တာ ဆို တော့ သက်တမ်းကတော့ မနည်းတော့ဘူး
Top ကို Solid Spruce နဲ့ Back and Side ကို Solid Rosewood သုံးထားတယ်
ပိုက်ဆံ ရှိတယ် ဆိုရင်တောင် ခုဝယ်ချင်ရင် ရှာဝယ်ရခက်နေပါပြီ
Shape လေး က တော့ ထူးထူးခြားခြား ပဲ
ဒါမျိုး Guitar Shape အခု မှ တွေ့ဖူးတယ်
Body အရမ်းမကြီးပဲ အသံကြီးတဲ့ ဂီတာကြီးတစ်လုံးနဲ့ တူညီတဲ့ အသံထွက်ဖြစ်အောင် လိုအပ်တဲ့ သစ် Quality ကောင်းကောင်း သုံးထားပါတယ်
ကျွန်တော် အကြမ်းဖျင်း တီးကြည့် စမ်းကြည့်တာတော့ Dreadnaught လို Size မကြီးပဲ အသံထွက်မှီပါတယ်
YouTube က အသံစမ်း Video လေး လဲ နောက် ရက် တင်ပေးပါမယ်
နောက် ရက် မှာ တော့ D28 နဲ့ ယှဥ်စမ်းကြည့် ပြီးပြန် ပြောပြပါအုန်းမယ်
၃၆ သိန်းပါ ဂစ်တာလေး စိတ်ဝင်စားရင် msger or 09960393367 ဖုန်းဖြင့်ဆက်သွယ်ဝယ်ယူနိုင်ပါတယ်
29/07/2025
Martin ဆိုတာ နဲ့ ပြေးမြင်မိတဲ့ Model
Martin D28 Standard
Condition ကောင်းကောင်း နဲ့ တင်သွင်းထားတာမို့စျေးအရမ်းတော့မသက်သာပါဘူး
Condition ကောင်းကောင်းကို စျေးမှန်မှန် နဲ့ လိုချင်တဲ့ မိတ်ဆွေများအတွက် အဆင်ပြေပါတယ်
စိတ်ဝင်စားရင်ဆက်သွယ်ဝယ်ယူနိုင်ပါတယ်
ပုံမှန် 2017 မတိုင်ခင် D28 နဲ့ နောက်ပိုင်း Standard က အလွယ်အားဖြင့် က ကီးကွာသွားတယ် nut နည်းနည်း ပိုကျယ်တယ်
ပုံမှန် D28 က Martin or Grover Tuners နဲ့ပါ
Standard ကတော့ Grover Open Gears သုံးထားပါတယ်
Top Solid Sitka Spruce နဲ့ Back and Side ကို
Solid East Indian Rosewood သုံးထားတယ်
ကျွန်တော် မှာ Before 2017 D28 ရော
After 2017 D28 Standard ရော ရှိတော့ သေချာယှဥ်ကြည့်ကြည့်ပါအုန်းမယ်
27/07/2025
2023 ခုနှစ်ထုတ် Martin D28 နဲ
1970 ဝန်းကျင် လောက် က Guild G75
၂ ခု လုံး ကတော့ All solid wood တွေပါ
18/07/2025
Preorder မှာ ယူခြင်း ကိစ္စ
Preorder မှာ တဲ့ အခါ မှာ Japan ဖက်မှာ ငွေ ရှင်းရပါတယ် ငွေရှင်းဖို့ အတွက် Yen လဲ ရပါတယ်
Yen လဲ ပြီးမှ Japan ဖက် က နေ ငွေ ရှင်းရပါတယ်
Yen လဲ တဲ့ အချိန် ငွေ ရှင်းတဲ့ အချိန် ရှိပါတယ်
ကျွန်တော်တို့ သည် အမြဲအားနေချင်းမဟုတ်ပဲတခြားအလုပ် ကိစ္စ ရှိတက်ပါတယ် ငွေလဲဖို့ ငွေရှင်းဖို့ က အနည်းဆုံးအချိန် ၁ ရက် လောက် ကြာ ပါတယ် နာရီပိုင်းအတွင်း မဖြစ်နိုင်ပါ
တခါတလေ ငွေလဲပြီးမှ ငွေရှင်းခါနီး သူများဝယ်သွားရင် ပစ္စည်းဝယ်လို့မရပါ
ငွေရှင်းပြီးမှ ရောင်း သူဖက် က Cancel တာမျိုးလဲ ရှိတက်ပါတယ် ကျွန်တော် ကြုံဖူးတာဆို ငွေရှင်းပြီး ရောင်း သူ က ပစ္စည်းမပို့ ပဲ ဆက် သွယ် မရ ဖြစ်ကာ အဆက် အသွယ်ပြတ်ပြီး ပစ္စည်းမရပါ
Japan privacy အရ Myanmar မှာ လို့ရ ဖုန်းဆက် မရပါ အဲတာမျိုး ဆို ဥပမာ သူ့ဖက် က ၁၀ ရက် အတွင်းပို့ရမှာမပို့ရင် အခွန် က အစ 100% Refund ပြန်ရပါတယ်
တခါတလေ customer မှ သေချာ ဝယ်မည် ဆို လျှင် ကျွန်တော် သည် ငွေစိုက်ကာ ဝယ်ထားပေးရပါသည်
စစ်ဆေးဝယ်ယူသည့်အခါတွင် လည်း Damage ဖြစ်တာ Error ပါတာ အဓိကကြပါတယ်
Damage မပါ Error ကင်း used ၁ လုံး က အပွန်းအစင်းအနည်းငယ်ပါတက်ပါတယ် ထိခိုက်ကွဲပြဲခြင်း
ကျိုးပဲ့နေခြင်းမျိုးမဟုတ်ပဲ တခါတရံMinor scratches အနည်းငယ်ပါတက်ပါတယ် condition တော်တော် သန့်တာများပါတယ် 10 ယောက် မှာ 9 ယောက် လောက် က တော့ သဘော ကျ မြဲပါ page မှာ တင် ပေးထားပေးတဲ့ Preorder ဂစ်တာများလဲ ရှိပါတယ်
Condition နဲ Quality တော်တော် ကောင်းပါတယ် လေ့လာကြည့်နိုင်ပါတယ်
ပစ္စည်း နဲ ပါတ်သတ်လို့ တော့ 100% စစ်မှန်မှု ကို တာဝန်ယူပါတယ် Japan က ဝယ်ယူဖြစ်တာများပါတယ်
Singapore Thailand စသည့်နိုင်ငံများမှလည်း Customer လိုချင်သည်ရှိသော်ကြာချိန် နှင့် စျေးယှဥ်ပြဝယ်ယူပေးဖြစ်ပါတယ်
ကျွန်တော် တို့ သည် customer အဆင်ပြေစေချင်တာဖြစ်သောကြောင့် တခါတလေ Customer မကြိုက်လောက်ဘူးထင်သောအခါ တခြား အလုံးရှာပေးခြင်း သော်လည်ကောင်း refund ပြန်ယူမလားမေးဖြစ်ပါတယ် အဓိက က အဆင်မပြေမှာစိတ်ပူ၍ပါ
အကြောင်းအမျိုးမျိုးကြောင့် မယူဖြစ်တာ မကြိုက်တာ ဆို ရင် ကျွန်တော် ရှုံးပါသည်
မြန်မာပြည် ကို မသယ်ယူပဲ Japan တွင်ပြန် ရောင်းလိုက်တာမျိုးလုပ်တာ Reason ပြ Refund တာ မျိုး လုပ်ပါတယ်
အကြောင်းအမျိုးမျိုးကြောင့် အရောင်းအဝယ်မဖြစ်ခဲ့သည် ရှိသော် Preorder အတွက် Half prepaid သော်လည်ကောင်း full prepaid သော်လည်ကောင်း ၁ ကျပ် မလျော့ refund ပြန် ပေးပါတယ်
စရံသဘောမျိုး ၂ ဆ ပြန် အမ်းသည့် ကိစ္စ မှာ မရှိပါ
မြန်မာပြည်တွင်ပစ္စည်း လက်ထဲတွင် ရှိပြီးသား ကို ယူမယ်စရံပေးထားပြီး ရောင်းသူဖက်မှပျက်ကွက်တာ သော်လည်းကောင်း ဝယ်ယူသူဖက် မှ ပျက်ကွက် တာ သော်လည်းကောင်း စရံပြန် လျော် ခြင်း စရံဆုံးရှုံးခြင်း ကိစ္စများရှိတက်ပါတယ်
နိုင်ငံခြား မှ ပစ္စည်းဝယ်ခြင်းသည်
ထိုကိစ္စနှင့်မတူညီပါ မိတ်ဆွေတယောက် အားပစ္စည်းမှာယူသည့် သဘော နှင့် သာဆင်တူသည်
ကျွန်တော် တို့ သည် ပစ္စည်း ရှာဖွေပေးခြင်း စစ်ဆေးဝယ်ယူပေးခြင်း စစ်ဆေး သယ်ယူပေးခြင်း နှင့် တခြား ကိစ္စများစွာ ရင်ဆိုင် ရသည်ဖြစ်ခြင်းကြောင့်အမြတ်ယူပါသည်
မိတ်ဆွေအားလုံးအဆင်ပြေကြပါစေဗျာ ❤️
07/07/2025
Martin ❤️❤️❤️
24/06/2025
Taylor ❤️❤️❤️
ခေါင်းလေးပဲ ကြည့်ကြည့် အုန်း
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Zabuthiri 1st Street Tharkayta
Yangon